Monday, December 7, 2009

ယုံကြည်မှု ဒဿန


“ဘဝမှာ မင်းဘာကို ယုံကြည်လဲ ....”

အောင်ဇော့် အမေးကြောင့်ကျွန်တော်ကြောင်စီစီဖြစ်သွားမိသည်။ ပြူးကြောင်ကြောင်ကြည့်နေသော ကျွန်တော့် ကို အော်ဇော်က စူးစမ်းသလိုကြည့်သည်။ ကျွန်တော် သူ မေးတာကို နားမလည်ကြောင်း အောင်ဇော်သဘော ပေါက် သွားဟန်တူသည်။

“မင်းက ဘာကို မေးတာလဲ အောင်ဇော်ရ ... အစမရှိအဆုံးမရှိနဲ့  ....”

“မင်းဘဝမှာ ဘာကို ယုံကြည်လည်း မင်းယုံကြည်တဲ့ ဒဿန တစ်ခု ကိုပြောတာ ....”

ကျွန်တော် ခေါင်းကို နည်းနည်း အလုပ်ပေးလိုက်ရသည်။ ဘဝမှာ ကိုယ်ယုံကြည်တဲ့ ဒဿန တစ်ခု ....။ စဉ်းစား သည် ဘာကို ယုံကြည်ပါလိမ့် ....။ ရုတ်တရက်ကျွန်တော် စဉ်းစားလို့ မရ ...။ အောင်ဇော်က ကျွန်တော့်အဖြေကို ငြိမ် သက်စွာထိုင်ပြီးစောင့်နေသည်။ ကျွန်တော် ဘာယုံကြည်သလဲ .... ။

“ အမှန်တရားကို ငါယုံတယ် ”

“မင်း အဖြေကတော်တော် ယေဘုယျကျလွန်းတယ် .... ”

“မင်း မေးတာကြီးကလည်း အဲလိုကြီးကိုကွ ငါက ဘယ်လို ဖြေရမှာလဲ ....”

“အိုကေ ဒါဆို မင်းကို တစ်ခုချင်းမေးမယ် ...”

အောင်ဇော်က ပညာရှိအသွင်နဲ့  မေးစေ့ပွတ် မျက်လုံးလေးစင်းပြီး သူ့ မေးခွန်းကို စသည်။ တစ်ခါတစ်ရံ ကျွန် တော် တို့ သူငယ်ချင်းတွေကြား အောင်ဇော့်ကို ပိဋကတ်အိုးကွဲဟု ခေါ်လေ့ရှိသည်။ သို့ သော် အောင်ဇော့်အတွေး ခေါ်လေးတွေကတော့ မဆိုးဟုပြောရမည်။

“ဘာသာရေးနဲ့ ပတ်သက်လို့ မေးမယ်ကွာ မင်းအယုံကြည်ဆုံး စကား ဒါမှမဟုတ် အယူအဆတစ်ခုပေါ့ အဲဒီအ ချက် ကြောင့်မင်းဟာ ဗုဒ္ဓဘာသာ ဖြစ်ရပါတယ်ဆိုတဲ့အကြောင်းအရင်စပြော ......”ဒီမေးခွန်းကတော့ သိပ်မဆိုး။ ကျွန်တော်ဖြေနိုင်လောက်သည်။

“အင်း .... ငါ မြတ်စွာဘုရားပြောတဲ့စကား တစ်ခု မှတ်သားဖူးတယ် .... “ငါဘုရားကို သိချင်ရင် ငါ ဘုရားဟောတဲ့ တရား ကို အရင်သိအောင်လုပ်ပါ ” တဲ့။ ဒီစကားကြောင့် ငါ ဗုဒ္ဓဝါဒကို ယုံကြည်တာ ....”

“ဆိုလိုတာက .....”

“ဒီလိုကွာ ...... မင်းကို တစ်ခု မေးမယ်။ ဥပမာ စပျစ်သီးချိုသလား ချဉ်သလား။ ဘယ်လိုအရသာ ရှိလဲ သိ ချင် ရင် မင်းဘာလုပ်မလဲ ....။” အောင်ဇော့်ကို ကျွန်တော်ပြန်မေးကြည့်လိုက်သည်။

“စားကြည့်မှာပေါ့ ....”

“အေးပေါ့ စားကြည့်မှာပေါ့ ...။ ဒီလိုပဲ ဗုဒ္ဓဝါဒ မှန်သလား မှားသလား သိချင်ရင် ဗုဒ္ဓပြောတဲ့အတိုင်း လုပ်ကြည့်ပေါ့ ....။ တကယ်အကျိုးရှိတယ်ဆိုတာ သိရင် ဆက်လုပ်။ အကျိုးမရှိဘူး ဆိုရင် မလုပ်နဲ့ မယုံနဲ့ ပေါ့ ....။ ငါဆိုလိုတာက ဒိပြင် အချက်တွေ တော့ရှိသေးတာပေါ့ကွာ။ နည်းလမ်းပြပေးမယ့်ဆရာတို့ ၊ အချိန်ကာလတို့ ....။ ဒါပေမယ့် ဒီ စကားဟာ သဘာဝကျတယ်။ လက်တွေ့ ကျတယ်။ ဘယ်သူ့ အပေါ်မှ အားမကိုးဘူး။ ကိုယ့်ဖာသာကိုယ် သိ အောင် လုပ်မယ် ကိုယ့်အားကိုယ် ကိုးမယ် ....။ ကိုယ်တိုင်သိမှ ယုံမယ် .....။ မြတ်စွာဘုရား ပြောတာ ဒီသဘောပဲ လို့ ငါယူဆတယ်။ ဒီစကားကြောင့် မြတ်စွာဘုရားကို ငါကြည်ညိုတယ်။ သူ့ ရဲ့  ကမ္မဝါဒကို ငါ လက်ခံတယ် ....”

အောင်ဇော် က ပြုံးသည်။ “မင်းက ဘာပြုံးတာလဲ ... ငါပြောတာ ကို လက်မခံလို့ လား ....”

“မဟုတ်ပါဘူး ငါသဘောကျပါတယ် ...။ အိုကေ ဒီတစ်ချက်ရပြီ နောက်တစ်ခု ငါဆက်မေးမယ် ....။ မင်းဘဝရဲ့ တိုး တက်ရာ တိုးတက်ကြောင်းနဲ့ ပတ်သက်ပြီးတော့ မင်းဘယ်လို ယုံကြည်လဲ ....ဘာကို ယုံကြည်လဲ မင်းရဲ့ ဘဝ ဒဿန လေးတစ်ခုခုပေါ့ကွာ ......”

ဘဝမှာ တိုးတက်ဖို့  အောင်မြင်ဖို့  ဘာကိုယုံကြည်လဲ .....။ ကျွန်တော် ယုံကြည်တာ ...။ လူတွေ က ကိုယ်ယုံကြည် ရာ ကိုယ်လုပ်နေကြသည် ဆိုသော်လည်း ဘာကို ယုံကြည်တာလဲ လို့ မေးလိုက်တဲ့အခါ ကျွန်တော့်လိုပဲ ဆွံ့ အ သွားမလား ဆိုတာ ကျွန်တော်သိချင်နေမိသည်။ ကျွန်တော် ရုတ်တရက်မဖြေနိုင်ပါ ....။ ဒီလို မေးခွန်းမျိုးကလည်း နေ့ တိုင်း မတွေးမိတာလဲ ပါမည်။ ကျွန်တော် အမှန်အတိုင်းဝန်ခံရလျှင် သင်ကြားခဲ့တဲ့ပညာ၊ လုပ်နေတဲ့အလုပ် ၊ ကျင်လည်နေတဲ့ ဘဝမှာ မူဝါဒ တစ်ခုကို ဆုပ်ကိုင်ပြီးလုပ်ဖို့ ဆိုသည်မှာ လက်တွေ့ ဘဝနဲ့ များနည်းနည်း ဝေးနေ မလား ဆိုတာကျွန်တော် သံသယဖြစ်မိသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်အပါအဝင် လူငယ်အများ သည် ယုံကြည်တာကို တစ်မျိုး လက်တွေ့ ဘဝတွင် ရှင်သန်နေထိုင်ဖို့ လုပ်ကိုင်နေရသည်က တစ်မျိုး ဖြစ်နေ လိမ့် မည်ဟု ထင်မိပါသည်။ ခုတော့ အောင်ဇော့်မေးခွန်းကို ဖြေရပေဦးမည်။

“လောကမှာ စင်းလုံးချောကောင်းတဲ့သူရယ်လို့ တော့မရှိဘူးလို့ ငါထင်တယ် .... လူတွေက ကိုယ်ယုံကြည်ရာ ကို လုပ်နေကြတာပဲမဟုတ်လား မင်းမေးသလို ကျစ်ကျစ်လစ်လစ်ကြီးတော့ဖြေဖို့ ခက်တာအမှန်ပဲ .... ဒီတော့ ကိုယ် ယုံကြည်တာ မှန်ကန်တယ်ဆိုတာကို ဘာနဲ့ တိုင်းတာမလဲ ... ရလာဒ်နဲ့ တိုင်းတာမလား ... လူကြိုက်များတာ လူ တွေ လက်ခံတာနဲ့ တိုင်းတာမလား .... အချိန်နဲ့ တိုင်းတာမလား .... ဒါတွေလည်းပါမှ ဖြစ်မယ်လေ ....”

“အင်း လုပ်ပါဦး ငါ့မေးခွန်းက တော်တော်တာသွားပါလား .... ”

“ဆိုပါတော့ကွာ ..... မင်းမေးခွန်းကို စကားတစ်ခွန်း စာတစ်ကြောင်းလေးနဲ့ တော့ ဖြေဖို့ ငါလည်း အဲဒီလောက် ပညာမရှိ ပါဘူး။ ငါ တွေးတတ်သလောက်ပေါ့ကွာ .....။ ဒီတော့ ငါလက်တွေ့ လုပ်နေတာနဲ့ လည်း အပ်ကျ မပ်ကျ တူမယ်လို့ လည်း မဆိုလိုဘူးနော် .... ”

“ဟုတ်ပါပြီ မင်းကလည်း ပြောစမ်းပါ ဘာပဲဖြစ်ဖြစ်ပေါ့ ..... တွေးစရာရတာပေါ့.....။ ” အောင်ဇော်ကို စိတ်မရှည် ဟန်ဖြင့် စကားဆိုသည်။

“အင်း ကြိုပြောထားတာ တော်ကြာ စောဒက တက်စရာဖြစ်မှာစိုးလို့ ပါ ..... ငါ မှန်တယ် လို့ ယုံကြည်လက်ခံတဲ့ အကြောင်းက မျှတခြင်းပဲ .... ငါ မျှတခြင်းမှာ ယုံကြည်တယ် .... ဘာကိုမျှတတာလဲ ဆိုရင် ဥပမာ .. အတ္တနဲ့ ပရ မျှတရမယ် ..... လောဘနဲ့ ရောင့်ရဲခြင်းမှာ လောဘလည်းမကြီးလွန်းရဘူး၊ ရောင့်ရဲ လွန်းလို့ မကြိုးစားဘဲနဲ့ ပျင်း၊ ဖျင်းနေတာမျိုးလည်း မဖြစ်ရဘူး ....။ နောက် မျှမျှ တတ တွေးတတ်ဖို့ လုပ်တတ်ဖို့ ပြောတတ်ဖို့  စသဖြင့်ပေါ့ကွာ ငါဒီ လောက်ပြောရင် မင်းသဘောပေါက်မှာပါ .....”

အောင်ဇော့်မျက်နှာက အသေအချာတွေးနေပုံရသည်။ ကျွန်တော့် ဒဿနရဲ့  အားနည်းချက်ကို အပြေးအလွှား လိုက်ရှာ နေသလားဟုမဆိုနိုင်။

“ထားပါလေ ငါ့မှာ မေးစရာတွေ တော့ရှိတယ် .... ဒါပေမယ့် မင်းအဖြေက ကျေနပ်စရာတော့ရှိပါတယ် .... ဒါပေ မယ့် မင်းက အလည်အလတ်သမားပဲ ....”

“အင်း ဟုတ်တယ် လူတိုင်းအောင်မြင်ချင်ကြတာ ပဲ ဒါပေမယ့် လူတိုင်းမရှုံးချင်ကြဘူးမလား ...။ ငါက သရဲဘော ကြောင်တယ် ပျော့ညံ့တယ် လို့ မင်းပြောချင်ပြောမယ်။ ဒါပေမယ့် ငါ့ဘဝကို ငါကျေနပ်တယ်။ အောင်မြင်မှုအ တွက် ပေးဆပ်ရတာတွေရှိတယ် ဆုံးရှုံးလိုက်ရတာတွေ ရှိတယ် ....။ ဒီတော့ ငါက အောင်မြင်တဲ့သူတစ်ယောက် တော့ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် ငါ မကျရှုံးဘူးလို့ ယုံကြည်တယ် .....။ လူချင်းတူပေမယ့် အသက် ရှုကွဲတယ် မလား ကွာ။ ဒီတော့ ယုံကြည်မှု တွေလည်း အမျိုးမျိုးဖြစ်နေတာပဲမဟုတ်လား ...။ ဒါပေမယ့် ငါဆိုလိုတဲ့အထဲမှာ အခွင့်ရလို့ ကြိုးစားပြီးရုန်းကန်ဖို့ ငြင်းဆန်တာမျိုးကို ပြောတာမဟုတ်ဘူးနော် ...။”

“အင်း မင်းရဲ့ အတွေးအခေါ်က ဘာသာတရားဘက်များ နည်းနည်းနွယ်သလားလို့  .... ငါထင်တာပြောပါတယ် ”

“အေးကွ ငါတို့ ဘဝထဲကို ပထမဆုံး ရောက်လာတဲ့ အတွေးအခေါ်ဟာ ဘာသာတရားနဲ့ ပတ်သက်တဲ့ အတွေး အခေါ်တွေပဲမဟုတ်လား ..... ဘယ်ဘာသာဝင်မဆိုဒီလိုပဲဖြစ်လိမ့်မယ်လို့ ငါထင်တယ် .... ဒီတော့ လူတစ် ယောက် ရဲ့  အတွေး အခေါ်ကို ဘာသာရေးဆိုင်ရာ အတွေးအခေါ်တွေက လွှမ်းမိုးမှုအများဆုံးပဲမဟုတ်လား ....”

“အင်းနောက်မေးခွန်းတစ်ခုက ကွာ မင်းအနေနဲ့ မိတ်ဆွေ သူငယ်ချင်းအပေါင်းအသင်းတွေ နဲ့ ပတ်သက်ပြီး တော့ ကော ဘယ်လို အမြင်ရှိလဲ။ “မင်းသူငယ်ချင်းတွေ ဘယ်သူလဲပြောပါ၊ မင်းဘယ်လိုလူလဲ ဆိုတာ ပြောပြ မယ်”ဆိုတဲ့စကားရှိတယ်လေ ... အဲတော့မင်းရဲ့  မိတ်ဆွေ ဒဿနလေးကော ဘယ်လို ရှိလဲ။ မိတ်ဆွေ သူငယ်ချင်းဆိုတာကလည်း ဘဝမှာ တစ်ဒေါင့်တစ်နေရာမှာပါဝင်တယ်လေ။ တချို့ ဆို ဘဝတစ်ခုလုံးကိုတောင် အဆိုးအကောင်းပြောင်းလဲ သွားစေနိုင်တယ်မဟုတ်လား ....”

မိတ်ဆွေ ... ကျွန်တော့် မိတ်ဆွေတွေက ဘယ်သူတွေလည်း။ ဘယ်လို လူမျိုးတွေလည်း။ ကျွန်တော် မိတ်ဆွေ တွေ ကို ရွေးမပေါင်းခဲ့ဖူးပေ။ ကျွန်တော်သူတို့ အပေါ် ဘယ်လို ဆက်ဆံလဲ သူတို့ ကျွန်တော့်ကို ဘယ်လို ပေါင်း သင်း လဲ ဆိုတာတွေကသာ ထိုထိုသော သူတွေကို ကျွန်တော့်မိတ်ဆွေ အရင်းအခြာ တွေ ဖြစ်လာစေခဲ့ခြင်း ဖြစ် သည်။ ကျွန်တော့်တွင် သူငယ်ချင်းများစွာမရှိပါ။ သို့ သော် ကျွန်တော့်သူငယ်ချင်း လက်တစ်ဆုပ်စာသည် ကျွန် တော့်ကိုယ်ကို ထက်ပင်ယုံကြည်ရသော သူများဖြစ်သည်။ ထိုသည်မှာ ကျွန်တော် ကံကောင်း၍လည်း ဖြစ်ပါလိမ့် မည်။

“ လူကဲ ခတ်ရတာ အင်မတန်ခက်တယ်လေ ...ဒီတော့ သူတို့ ကောင်းမကောင်းဆိုတာသိဖို့ အချိန်လိုတယ် အခါ လိုတယ်မဟုတ်လား ....။ ဒါပေမယ့် ငါ့အနေနဲ့ တော့ ကိုယ်က အကောင်းဆုံးဖြစ်အောင် ဆက်ဆံဖို့ ပဲ လိုမယ်ထင် တယ်။ တကယ်တော့ ကိုယ့်စရိုက် နဲ့ မကိုက်တဲ့သူတွေနဲ့ က မင်းတို့ ငါတို့ မသိလိုက်ခင်မှာပဲ ဝေးသွားပြီလေ ...။ ငါကတော့ ငါ့သူငယ်ချင်းတွေကို မောင်နှမလိုပဲ သဘောထားတယ် .....။ ငါ့ဘက်က ခံစားမှုပဲဖြစ်ဖြစ် ယုံကြည်မှုပဲ ဖြစ်ဖြစ် အတတ်နိုင်ဆုံး ရိုးရိုးသားသား ဖြူဖြူစင်စင်ရှိအောင်နေသင့်တယ်လို့ ယုံကြည်တယ် ....။ သူတို့ ဆီက အ များကြီးမမျှော်လင့်နဲ့ ( လူဆိုတာကတော့ ကိုယ်ပေးရရင် အနည်းနဲ့ အများတော့ ပြန်ရဖို့ မျှော်လင့်ကြတာ သ ဘာဝပဲမဟုတ်လား ....။) ကိုယ်လုပ်ပေးနိုင်တာ ကူညီနိုင်တာရှိရင် လက်မတွန့် နဲ့  ...။”

“နောက်ဆုံးတစ်ခုက လူတစ်ယောက်ကို တခဏအမြင်နဲ့  မဆုံးဖြတ်နဲ့ ...။ ငါကတော့ မိတ်ဆွေသူငယ်ချင်းဆို ပေါင်းကြည့်တယ် .... အဆင်မပြေတဲ့အခါ သူ့ အလိုလို ဝေးသွားတာပဲ ...။ ဒီလို တဖြည်းဖြည်းဝေးသွားတာဟာ ငါ့ ကြောင့်မဖြစ်အောင်တော့ ငါအမြဲ ကြိုစားတယ် ...။ ဒါ ငါ့ဒဿနပဲ ....ငါ့ယုံကြည်မှုပဲ .....ဒီတော့ မင်းပြောတဲ့ စကား လို ငါ့သူငယ်ချင်းတွေ ကို ပဲကြည့်ပြီး ငါဘယ်သူလဲလို့ ပြောပြော၊ ငါဘယ်သူလဲလို့ ကြည့်ပြီး ငါ့သူငယ်ချင်းတွေ ဘာတွေလဲ လို့ ပြောပြော၊ ငါ့အတွက်တော့ ဘာမှ မထူးဘူး အတူတူပဲ ...။ ငါဆိုလိုတာ ချမ်းသာတာ ဆင်းရဲတာ အမျိုး နိမ့်တာ မြင့်တာ မပါဘူးနော် အောင်ဇော် ....”

“ငါမင်းကို မေးချင်သေးတယ် ဒါပေမယ့် ငါ့မှာ နောက်ဆုံး မေးခွန်းတစ်ခု ကျန်သေးလို့ ။ ဒါက တို့ လူငယ်တွေ အ တွက် အရေးကြီးတယ် .....ဒီတော့ ငါမေးချင်တာကို နောင် ကြုံ တော့မှ မင်းကို မေးဦးမယ် ....”

“ဟဟဟ ဟေ့ကောင် မင်းဘာမေးချင်လဲ ဆိုတာငါရိပ်မိပါတယ် .... တစ်ခါတစ်ရံမှာ သူငယ်ချင်းတွေ ကြားက ခံ စား မှုကို စကားလုံးတွေနဲ့  ဖော်ပြတာထက် ပိုပြီး အဓိပ္ပါယ် ပြည်စုံတဲ့ အရာတွေ အများကြီးရှိတယ် ...။ မင်းမေး စရာ မလိုပါဘူး သူငယ်ချင်းရာ။ အချိန်ကျတဲ့အခါ ဘယ်သူက ဘာလဲဆိုတာ သိလာမှာပဲ ....။ ဒါကြောင့် ငါက င့ါ ကိုယ်ငါ ယုံကြည်အောင် အမြဲကြိုစားတယ် ...။ ဒါပဲ ကိုယ် လုပ်လို့ ရတာလေ ....။ ကိုယ်သာ စိတ်ကောင်းကောင်း ထား ဖို့ ပဲ .... ။ ”

“ကဲ ဟုတ်ပါပြီကွာ .... ဒီတော့မင်းကို နောက်ဆုံးမေးချင်တာက အချစ်နဲ့ ပတ်သက်တာ အိမ်ထောင်ရေးနဲ့ ပတ် သက်တာပဲ .....။ မင်းအဲဒီအပေါ်မှာ ဘယ်လို သဘောထားလဲ ဘာကို ယုံကြည်လဲ မင်းဒဿန ကဘာလဲ ....။ ”
အချစ် ...။ အိမ်ထောင်ရေး ....။ ကျွန်တော့် ချစ်သူ ဘဝလက်တွဲဖော်အတွက် ကျွန်တော်ဘယ်လို လူမျိုးဖြစ်သလဲ။

“ ငါသဘောကျတဲ့ စကားတစ်ခွန်းရှိတယ် “မင်းက မင်းနဲ့ အတူနေနိုင်တဲ့ သူနဲ့ လက်ထပ်တာ မဟုတ်ဘူး။ သူ မရှိရင် မင်း မနေ နိုင်ပါဘူး ဆိုတဲ့ သူနဲ့ သာ လက်ထပ်တာဖြစ်တယ်။” ဒီစကားပဲ အချစ်ဆိုတဲ့စကားလုံးမပါဘူး။ ဒါပေမယ့် အချစ်ရဲ့  အဓိပ္ပါယ်တွေ အပြည့်ပါတယ်။ ဒါငါ့ဒဿနပဲ ကိုယ်ပိုင်တော့မဟုတ်ဘူးပေါ့ကွာ။ ဒါပေမယ့် ငါယုံကြည်မှု ကတော့ ငါချစ်တဲ့သူနဲ့  ငါလက်ထပ်ချင်တယ်။ သူ မရှိရင် ငါ့ဘဝကြီး ပက်ကြားတွေအက် ခြောက် သွေ့ နေရပါ့မယ်၊မုန်တိုင်းတွေ ထန်ပြီး အရာ ခပ်သိမ်းပြိုလဲ ပျက်စီးကုန်ရပါ့မယ် ပေါ့ကွာ ....။ ဒါက အချစ်နဲ့ ပတ် သက်တာ အိမ်ထောင်မှု ဘဝရဲ့ အစပေါ့ကွာ ။ အဲ အိမ်ထောင်ရေးမှာကတော့ ငါ့အထင်အရေးအကြီးဆုံးက ဟာမို နီဖြစ်ဖို့ ပဲ ။ အင်း အပေးအယူမျှဖို့ ပဲဆိုပါတော့ ....။ ငါတို့ ကယောက်ျားတွေ ဆိုပေမယ့် ငါယောက်ျားပဲ ဆိုပြီး သူ တလူ ငါတမင်း လုပ်ချင်တိုင်းလုပ်တာမျိုး ငါမကြိုက်ဘူးကွ။ အဆင်မပြေတာရှိ ညှိနှိုင်းယူမယ် နားလည်ပေးမယ်။”

“တစ်ခုတော့ ရှိတယ် ဒီလောက် ပြည့်စုံတဲ့အိမ်ထောင်ရေးတော့ ရှိကောင်းမှ ရှိမှာပေါ့။ ဒါပေမယ့် လိုအပ်ချက်တွေ ကို အချစ်နဲ့  မွမ်းမံမယ်ကွာ ....။ ငါ ချစ်တဲ့လူနဲ့ ယူမှ အဆင်မပြေမှု အနည်းနည်း အကျဉ်းရှိရင် ငါကိုယ်တိုင်လည်း နားလည်ခွင့်လွှတ်ပေးနိုင် မယ်မဟုတ်လား ....။ ဒီတော့ ငါ့မိန်းမမှာလည်း ဒီလို အမြင်မျိုးရှိလာအောင် လုပ်ဖို့ က တော့ ငါ့အစွမ်းအစ ဘယ်လောက်ရှိတယ်ဆ။ိုတာပေါ် မူတည်မှာပေါ့ ... နောက် ကံတရားကလည်း ရှိသေးတယ် လေ။”

“အင်း အိုကေ မင်းရဲ့ ယုံကြည်မှုတွေ ကို နားထောင်ရတာ ငါသဘောလည်းကျတယ်။ ကျေးဇူးလည်း တင် ပါ တယ်။ သူငယ်ချင်းချင်း ဒီစကားပြောလို့ မင်းမရယ်နဲ့ ကွ......။ ငါက နည်းနည်း အတွေးခေါင်တယ်။ ဒါကြောင့် ငါ နဲ့  ရင်းနှီး ဆုံးသူငယ်ချင်းက ဘယ်လို တွေးသလဲ။ ဘာတွေ ယုံကြည်သလဲ ဆိုတာ ငါသိချင်လာလို့ ပါ .....။ ဘဝ အကြောင်းတစေ့တစောင်းပေါ့ ...” အောင်ဇော်က ပြုံးပြုံးကြီးပြော၏။

“အေးပါ ငါလည်း ငါယုံကြည်တာတွေ ပြောရလို့ အားရပါတယ် .... ကဲ လစ်မယ်ကွာ .... ညီလေးရေ ရှင်းမယ်ဟေ့ ....!!!!”လက်ကျန် လက်ဖက်ရည်လေး မော့ပြီး သူငယ်ချင်းနှစ်ယောက် ဆိုင်မှ ထထွက်လာခဲ့သည်။

ဘဝ ထဲက တချို့ အကြောင်းအရာများသည် မျှော်လင့်ထားသလို ယုံကြည်ထားသလို ဖြစ်လာခဲသည်ကိုတော့ ကျွန်တော်တို့ နားလည်ပြီး ဖြစ်ပါသည်။ ရရှိလာသော အခြေအနေမည်သို့ ဖြစ်စေကာမူ လူတိုင်းသည် ကိုယ်ယုံ ကြည်ရာကို စွဲမြဲလုပ်ကိုင်နေကြသည်မဟုတ်ပါလား။ သို့ သော် ကိုယ့် အထင်ကိုယ့်အမြင်မှားယွင်းနေသည်ကို သိ သောအခါ လမ်းမှန်ပေါ်ရောက်အောင် တွေး ခေါ်ဖို့ ဘဝ ခရီးကို အမြင်တစ်မျိုး မူဝါဒ တစ်မျိုးဖြင့် လျှောက်လှမ်းရဲ ဖို့ သတ္တိရှိဖို့ တော့လိုပေလိမ့်မည်။ ဘဝနဲ့ ပတ်သက်သော ယုံကြည်မှုသည် ဘဝအပေါ်ထားသော လူသားတစ်ဦး ၏ အမြင်ဖြစ်သည်။ ထို့ အတူ ထိုလူသား ကောင်း၏ ဆိုး၏ ဟူသည်မှာလည်း သူ၏ ယုံကြည်မှုပေါ်တွင်များစွာ မူ တည်မည်ဖြစ်ပေတော့သည်။

စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား

*****************

“အိပ်မက်များနဲ့ ရှင်သန်ခြင်း” ဘလော့ပိုင်ရှင် သူငယ်ချင်း နေ့ အိပ်မက် ရေ ... နောက်ကျလွန်းနေပြီဖြစ်တဲ့ တက်ဂ် ပို့ စ်လေးကို ကြိုးစားပြီး အဆင်ပြေအောင် ရေး ပြီးပါပြီ။ နောက်ကျသွားတဲ့ အတွက် စိတ်မရှိပါနဲ့ လို့ အနူးညွတ် တောင်းပန်ပါတယ်။ အဆင်မပြေတာ များ ရှိ ခဲ့ ရင်လည်းခွင့်လွှတ်ပါဦးဗျာ ...။ ခင်မင်ရင်းနှီးစွာနဲ့  တက်ဂ်တဲ့ အတွက် ကျေးဇူးတင်ပါတယ် ......။
(ခင်မင်လျှက် ရန်ကုန်သား)

Thursday, December 3, 2009

နေရာဟောင်းသို့ အပြန်

အိမ်ဘေးကို ငဲ့ကြည့်လိုက်တော့ ပြောင်သလင်းခါနေသည်။ အိမ်ဘေးက ဗာဒံပင်ကြီးသုံးပင်မရှိတော့......။ ငေး ကြည့်နေသော ကျွန်တော့်ကို အိမ်ပေါ်ကို တက်မည်ပြင်နေသော အဖေက တွေ့ သည်။ တစ်သက်လုံး ရှိနေသော အဲဒီဗာဒံပင်ကြီးသုံးပင် .....။ ငယ်စဉ်က သူတို့ ဆီက ကြွေတဲ့ အသီးတွေ ကိုအုတ်နီခဲနဲ့ ထုပြီးစားတာ ....သူတို့ တွေ ရဲ့ အရိပ်အောက်မှာ ဆော့ကစားခဲ့တာတွေ တရေးရေးမြင်လာမိသည်။ အဖေက ပြုံးသည်။

“နာဂစ်စာ မိသွားတာလေကွာ .... ” ဒီလိုမြင်ကွင်း ပြောင်ပြောင် ရှင်းရှင်းကြီးက ကျွန်တော့စိတ်ကို ညစ်ညူးသွား စေသည်။ တစ်ခုခု ဟာသွားသလို။ မိတ်ဆွေဟောင်းတွေ ပျောက်ဆုံးသွားသလို ခံစားချက်မျိုးဖြစ်မည်။ ဒီအချိန် ဆို သူတို ဆီက အရွက်ဝါဝါတွေ ကြွေလို့ အဘိုးလုပ်သူက တဖျစ်တောက်တောက်ပြောပြီး အုန်းတံမြက်စည်း အ ရှည်ကြီးနဲ့ လှည်းမည်။ ဗာဒံရွက် ဝါဝါ ရော်ရော်ကြီးတွေကို အပင်ခြေရင်းမှာ သင့်သလို ပုံ ခြောက်သွားတဲ့အခါ မီး ခိုးတအူအူနဲ့  မီး ပုံရှို့ .....။ ဒီအလုပ်တွေကို ပြောပြောဆိုဆိုလုပ်နေတတ်သူ အဘိုးကလည်း မရှိတော့ .....။ ဗာဒံပင် သုံးပင်ကလည်း ထင်းဖြစ်လောက်ပြီ။ ပိန်ညှောင်ညှောင် အပင်လေးတွေ ပြန်စိုက်ထားသည်ကို တွေ့ ရသည်။ အ ဖေ့ အသံက အိမ်ပေါ်ကနေ လွင့် ပျံလာသည်။

“ခရေပင်ပေါက်လေးတွေကွာ။ ကိုတင်မောင်အေး တို့ ပေးတာနဲ့  ငါလည်းစိုက်ထားတာ ..... အဖေသာ ရှိရင် စိတ် မကောင်းဖြစ်နေဦးမှာ .... ပြောင်ပြောင်ကြီးထက်စာရင် ဒီအပင်လေးတွေ နဲ့ ဆိုတော့ တော်သေးတာပေါ့ ....။ ”

အဲဒီအပင်ကြီးသုံးပင်က ကျွန်တော့်ထက်တောင် အသက်ကြီးဦးမည်ထင်သည်။ ငယ်ငယ်ကတော့ ကျွန်တော် ဖက်လိုက်ရင် ဖက်လိုက်တဲ့ လက်နှစ်ဖက်က ကောင်းကောင်း မထိချင် ....။ ကျွန်တော်တို့ အိမ်က လမ်းဒေါင့်ဆုံး အိမ်ဖြစ်၍ လေ ပြင်းပြင်းကျ မိုးသည်းသည်းရွာချ လျှင် အိမ်ကို အဲဒီအပင်ကြီးတွေက လေမိုးဒဏ်က နေ ကာကွယ် ပေးတတ်သည်။ ဒါပေမယ့် ကျွန်တော်ကတော့ လေမိုးကျချိန်မှာ အိမ်မှာမရှိ .....။ သူတို့ က အိမ်ကို အကာအ ကွယ် ပေးပြီး တုံးလုံးပက်လက် လဲခဲ့ပြီ။

အိမ်ခေါင်းရင်းခန်းမှာလည်း ရှင်းရှင်းကြီးဖြစ်လို့ နေသည်။ ကျွဲကော်ကိုင်း မျက်မှန်ကြီးတပ် ကုလားထိုင်မှာ ခပ်ပြေ ပြေထိုင်ကာ သတင်းစာကို မျက်နှာနှင့်ထိလုမတတ် ကပ် ပြီးဖတ်နေတတ်သည်မှာ ကျွန်တော်ချစ်သော အဘိုး ဖြစ်သည်။ သူလည်း မရှိတော့ပြီ။ ကုလားထိုင်တွင်ထိုင်ပြီး အိမ်အမှုကိစ္စတွေ ကို ကောင်းသည် ဆိုးသည် သြဇာ ပေးတဲ့သူက အဲဒီအိမ်ရှေ့ ဘုရားစင်အောက်နားမှာပဲ ဟုတ်ကနဲ ဆိုသလိုပျောက်သွားခဲ့ပြီ။ ကျဲတောက်တောက် နေက အိမ်ခေါင်းရင်း ပြတင်းကို ဖြတ်ပြီး အဘိုးထိုင်နေကျ နေရာသို့ အသာထိုးကျနေသည်။ လျှာထိုး ပျဉ်းကတိုး သားတွေက အမေ့ အုံးခွံခြောက်တန်ခိုးဖြင့် ဖိတ်ဖိတ်တောက်စဲ။ အဘိုးကုလားထိုင်ကတော့ ဘုရားစင်အောက် တွင် ခပ်ယိုင်ယိုင် ထောင်လျှက်သားရှိနေသည်။

အဘိုးသောက်နေကျ ကြွေရည်သုပ် ရေနွေးခရားကြီးဘယ်ရောက်နေ သည်မသိ။ အမေက ဈေးက အုန်းတံမြက် စည်းများဝယ်လာလျှင် အိမ်ရှေ့ ခန်းက အဘိုးက အမြဲ ဆူလေ့ရှိသည်။ အရပ်ထဲက အုန်းပင် ခုတ်လျှင် အုန်းလက် တွေ ကို သွားတောင်းသည်။ အိမ်ဘေးတွင် အသာပုံထားပြီး ခြောက်တဲ့အခါ ဓါးပါးပါးနဲ့ သင်ပြီး ကိုယ်တိုင် တံမြက် စည်း လုပ်သည်။ ခုတော့ အဲဒီဓါးပါးပါးကို ဘုရားစင်အောက် နံရံတွင် အသာထိုးထားသည်။ သူ သခင်က နှုတ် ဆက် သွား ပြီဖြစ်သည်။ “ဟေ့ကောင်လေး ဟိုသွားစမ်း ဒီလာစမ်း ဒါမစမ်း ဟိုဟာကိုတော့ ဒီကိုယူလာစမ်း ” စသဖြင့် လေသံမာမာနဲ့ ခိုင်းတတ်သော အဘိုး၏အသံက နားထဲတွင် မြည်နေသည်။ အိမ်ရှေ့ ဝရံတာ အထွက် တွင် ကာထားသော အမေ့လက်ရာ လိုက်ကာ ဝါဝါတွေက လေထဲတွင် လူးလွန့် ကာ ယိမ်းနွဲ့ နေသည်။ ဒီအ ပြောင်း အလဲမှာ နေသားကျဖို့ အချိန်ယူရဦးမည်ဖြစ်သည်။

နေခင်းထမင်းစားပြီး ဂျာနယ်တစ်စောင်ကောက်ဖတ်နေတုန်း စိတ်ထဲ တစ်ခုခု လိုသလိုဖြစ်တာနဲ့ စဉ်းစားမိသည်။ City FM ရေဒီယို ....။ ခေါင်းရင်းအိမ်က ဦးလေး မောင်သောင်းလည်းဆုံးပြီ။ မြန်မာ့အသံ ရေဒီယို ခေတ်က မ နက် မိုးလင်း ရေခင်းသံကနေ ညကိုးနာရီ ထိုးတဲ့အထိ မနားမနေ ဖွင့်ထားတတ်သည်။ City FM ပေါ်လာတော့ လည်းသည်အတိုင်းမိုးလင်း မိုးချုပ် မရပ်တမ်းမနားတမ်းဖွင့်သည်။ အဲဒီရေဒီယိုသံ ပျောက်ဆုံးနေသည်။ ဦးလေး မောင်သောင်း က အိမ်က အဘိုးနှင့်ရှေ့ ဆင့်နောက်ဆင့်ဆုံးသည်။ နေ့ ခင်းဖက်များတွင် ရေဒီယိုသံ တိတ် ကျွန် တော်တို့ အိမ်ကြီးလည်း ဆိတ်နေသည်။ ငယ်ငယ်က ကျွန်တော်တို့ မောင်နှမတွေ မနက်ခင်းစောစော ဆိုလျှင် “ဂျိုးသိန်းဆိုတဲ့ ဆေးပေါ့ လိပ်ဟာ မြန်မာပြည်မှာ အကောင်းဆုံးပါ ဗျာ .... ” ဆိုတဲ့ ရေဒီယိုက ခေတ်ဦးကြော်ငြာ သီချင်းလေးနားထောင် အမေကြော်ပေးတဲ့ စားတော်ပဲ နိုင်းချင်း ပဲငံပြာရည်နံ့ သင်းသင်းနဲ့ ထမင်းကြော်ကို မြိန်မြိန်စားနေကျဖြစ်သည်။

အိမ့်မျက်စောင်းထိုးက ဓနိမိုးနဲ့  အကြော်တဲလေးလည်း မရှိတော့ပြီ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ဒေါ်ညို့ ဆိုင်တွင်သာ အကြော် ဝယ်စားမြဲဖြစ်သည်။ ဒေါ်ညိုက နံမည်နဲ့ လိုက်အောင် ပိန်ပိန်ညိုညို ... ဆံပင်နီညိုညိုမှာ မုန့် နှစ်စတွေ ပေ နေတတ်သေးသည်။ သို့ သော် ဒေါ်ညို့ အကြော်က မနက်ကိုးနာရီဆို ကုန်လုပြီ။ အချဉ်ကောင်း ကောင်း သန့် သန့် နှင့် ဒေါ်ညို့ အကြော် ပူပူ မွှေးမွှေးသည် မနက်ခင်း ထမင်းကြမ်းနဲ့ လိုက်ဖက်သည်။ ခု ဒေါ်ညို က ဝဝဖိုင့်ဖိုင့် ... အိမ်ဘေး မှာ အဖီလေးထိုးလျက် ကုန်စုံဆိုင်လေးဖြစ်နေသည်။ ဆန်ဆီဆား ငရုတ်ကြက်သွန်တို့ ဖြင့် ဒေါ်ညို တစ်ယောက် မိုးလင်းမိုးချုပ် ငုတ်တုတ်ထိုင်ကာ ဈေးရောင်းနေတတ်သည်။ သားလုပ်သူတွေ သူ့ ပိုက် ဆံအိပ် နှိုက်တဲ့အခါ အသံစာစာအော်ပြီး တောင်းသမျှ ပေးနေမြဲတော့ဖြစ်သည်။ ဒေါ်ညို့ အကြော်မစားရတာ ဘယ်မျှကြာပြီနည်း။

အိမ်ပတ်ဝန်းကျင်မှ ပျဉ်ထောင်အိမ်ကြီးအိမ်ငယ်တို့ တွင် အချို့ တိုက်ခံအိမ်ဖြစ်ကုန်ကြသည် အချို့ က ကန်ထရိုက် တိုက် မြင့်မြင့်ကြီးတွေဖြစ်ကုန်ကြသည်။ မျက်နှာစိမ်းများ ရပ်ကွက်ထဲတွင် တိုးပွားလာသည်။ လမ်းမပေါ်တွင် ည နေခင်း နေကျတိုင်း ဘောလုံးကန်တဲ့ လူငယ်တွေ မတွေ့ ရ။ ရိုးရာ ကစားနည်းလေးတွေကို စုစု ရုံးရုံး ကစားနေ သော ကလေးတွေ မတွေ့ ရ .... တီဗီဂိမ်းဆိုင်ရောက်နေကြရော့ထင်သည်။ ကျွန်တော်တို့ တုန်းကတော့ လမ်းမီး တိုင်အားကိုးပြီး အတော်အရွယ်ရောက်သည်အထိ ညဦးပိုင်းတွင်ပင် ချွေးတလုံးလုံးဖြင့် ကစားနေကြတုန်းဖြစ် သည်။ ခုတော့ လမ်းမီးတိုင်ကလည်း မှိတ် ကလေးသံတွေ ကစားသံတွေကလည်း ဆိတ်လို့ နေပြန်သည်။ ကိုးရီး ယားကားတွေပဲကြည့်နေကြ လား ကျောင်းစာတွေပဲ ပိနေကြသလား ကျူရှင်မှာပဲ နေကြရသလားတော့ ကျွန် တော် လည်း တပ်အပ်မပြောနိုင်ပေ။

အိမ်ရှေ့ အိမ်က ခင်လေးငယ် တစ်ယောက်လည်း အရိပ်အရောင်မတွေ့ ။ ကျွန်တော်တို့ လူပျိုပေါက်အရွယ် ခင် လေးက လည်း သက်တူရွယ်တူ။ သူက အသက်ကြီးဟန်ပြုကာ အပျိုကြီးလို နေ .... စာကို အော်အော်ကျက် ... ရေဒီယို ကမာရွတ်ဟုပင် ကျွန်တော်တို့ နာမည်ပေးထားကြသည်။ ခင်လေးက လှလည်းလှသည်။ ပဲလည်း များ သည်။ စာလည်းတော်သည်။ သေချာပါသည် မာနကလည်း ခပ်ကြီးကြီးဖြစ်သည်။ ခင်လေးတို့ လမ်းသွားလျှင် တစ်ရပ်ကွက်လုံး သူ့ လုပ်စာစားနေသည့် မျက်နှာပေါက်မျိုးဖြစ်သည်။ သို့ သော် ခင်လေးက အပြောတော့ ချို သည်။ ခင်မင်ရင်းရှိသူတို့ က သဘောကောင်းရှာပါတယ် ဟု မှတ်ချက်ချတတ်၏။ သို့ သော် လူပျိုတွေကတော့ ရေဒီယိုကမာရွတ်ဟုစမြဲဖြစ်သည်။ မာနခဲဟု နောက်မြဲသာဖြစ်သည်။ ခင်လေးကလည်း လမ်းထွက်လျှင် မာန တစ်ခွဲသားဖြင့် လျှောက်မြဲသာဖြစ်သည်။ သူ့ မျက်နှာလှလှ နှင့်သူ အသံ သေးသေးလေးက မလိုက်ဖက်လှ။ ခင်လေး၏ စာကျက်သံလေးကို ကြားယောင်မိသည်။ ခုကော ခင်လေးတစ်ယောက် ဘယ်ရောက်နေပြီလဲ။

ဒေါက်တာမကြီးဖြစ်လောက်ရောပေါ့။ အိမ်ထောင်များကော ကျနေပြီလား။ ကျွန်တော် သ ဘော အကျဆုံး မှာ ခင်လေး၏ နက်မှောင်မှောင် ဆံနွယ်စတို့ ဖြစ်သည်။ သနပ်ခါးရောင်တောက်နေသော သူ့ အသား ဝါဝင်းဝင်း နှင့် ဆို .... ခင်လေးသည် ကျွန်တော့် အိပ်မက်နတ်သမီးဖြစ်ခဲ့ဖူးပါသည်။ ခင်လေး အကြောင်းအမေ့ကို မေးတော့ အမေက ပြုံးသည်။ မြစ်ကြီးနားတွင် တာဝန်ကျနေသည်ဟုဆိုသည်။ စစ်ဗိုလ်တစ်ယောက်နှင့် လက်ထပ်တော့ မည်ဟုလည်း အရပ်စကားနဲ့  သတင်းသိုးသိုး သန့် သန့် ကြားသည်ဟု ပြောသည်။ ဒေါက်တာမကြီးခင်လေး တစ် ယောက် ဘာပုံပေါက်နေပြီမသိ ... ကျွန်တော့်မျက်လုံးထဲမတော့ ခင်လေးရဲ့ ဝင်းဝင်း ဝါသော မာန မျက်နှားလေး ကိုသာ ပြေးမြင်မိသည်။

အရပ်ထဲလမ်းသွားတော့ ကျွန်တော့ကို သိသူတွေက အကြည့်တစ်မျိုးနဲ့ ကြည့်သည်။ တချို့ က ဒီမောင် ပုံစံပြောင်း သွားတယ် ဆိုတဲ့အကြည့်မျိုးနဲ့  တချို့ က ပြုံးချိုတဲ့ မျက်နှာတွေနဲ့  တချို့ က ခင်မင်ရင်းရှိလင့်ကစား အပြုံးတစ်ဝက် တစ် ပျက်နဲ့  .... မေးထူးခေါ်ပြောသာရှိခဲ့ဖူးသူတွေက ဖက်လှဲတကင်းနဲ့  ... မနှစ်မျို့ သူတွေက မျက်စောင်းတခဲခဲနဲ့  ... ရပ်ကွက်ထဲနောက်မှ ရောက်လာတဲ့သူတွေက ဘွားကနဲပေါ်လာတဲ့ ကျွန်တော့်ကို စူးစမ်းတဲ့အကြည့်နဲ့  ကြည့်ကြ သည်။ ဒီမောင် ဘယ်ကလဲ ဘယ်လိုလဲ ဆိုတာမျိုးဖြစ်ဟန်တူသည်။ နေဝင်လို့  မိုးချုပ်တော့ အိမ်ရှေ့ လမ်းမက တိတ်တိတ် ကျဲကျဲ .... ။ အိမ်များဆီမှ မီးရောင် ဖြူဖျောဖျော တို့ က နိုင်လွန်ကတ္တရာလမ်းပေါ်မှာ ပျင်းခြောက် ခြောက် နဲ့ ဖျာကျလို့ နေသည်။

ခေါင်းရင်းတစ်အိမ်ကျော် က ငယ်သူငယ်ချင်းကို ခေါ်ပြီး လက်ဖက်ရည်ဆိုင်သွားမည်ဟု ရည်ရွယ်ပြီး သူ့ အိမ်နား ရောက်သွားမိသည်။ သူငယ်ချင်း ထွန်းအောင်မော် က မဟေသီကို လက်ချိတ်ပြီး အိမ်ထဲမှ အကြော့သားထွက် လာ သည်။ သြော် ... ဂေါ်လီရိုက်ဖက် ကစားဖော်ကစားဖက် သူငယ်ချင်းတောင် အိမ်ထောင်ရက်သား ကျနေပြီ ကိုး။ အောင်မော် မိန်းမ ရတာသိသော်လည်း ဒီအချိန်မျိုး အားမည်ထင်၍ အခေါ်သွားခဲ့သော်လည်း ဘေးက သူ့ မိန်းမကို အားနာတာနဲ့ ပြုံးပြနှုတ်ဆက် ပြီး ခပ်ကြောင်ကြောင် တစ်ယောက်တည်း ဆက်လျှောက်လာခဲ့သည်။

ကျောင်းတုန်းက သူငယ်ချင်းဆီသွားဦးမှပဲဟု အတွေးပေါက်ကာ သီဟတို့ အိမ် ဘက် ထွက်ခဲ့သည်။ မတွေ့ တာ နှစ်တွေကြာပြီ။ ပပလှိုင်ကို ပိုးတုန်းက သီဟသာ မကူညီရင် ကျွန်တော်နဲ့ ပပ သမီးရည်းစားဖြစ်မည်မဟုတ်။ သီဟ တော့ အိမ်ထောင်မကျသေးဘူးဟု သိထားသည်။ သီဟတို့ အိမ်ရှေ့ ရောက်တော့ သူ့ အမေ အိမ်ထဲက ထွက် လာတာနဲ့ အရံသင့်တွေ့ သည်။ သီဟက အိမ်ထဲက မှုန်ကုတ်ကုတ်နဲ့ ထွက်လာသည်။ သူငယ်ချင်းနှစ် ယောက် အရင်ကလို ဟက်ဟက် ပက်ပက် မရှိကြတော့။ စကားတစ်ခွန်းနှင့် တစ်ခွန်းကြား ခြားလွန်းပြီး တိတ် ဆိတ် နေသည်က များသည်။ အတော်ကြာစကားပြောဖြစ်တော့ အခြေအနေကို ကျွန်တော် ခန့် မှန်းမိ၏။ သူ့ အတွေးကိုယ့်အတွေးတွေက ချော်နေသည်။ အမြင်တွေက လွဲနေသည်။ စကား လုံးတွေက တစိမ်းဆန် နေ သည်။နောက်ရက်တွေ ဆို သီဟကို လက်ဖက်ရည်သောက်ဖို့ ခေါ်ဖြစ်မည်မထင်။

သီဟ က ပပ အကြောင်းတော့ ပြောပြ ဖော် ရသည်။ ပပအိမ်ထောင်ကျခဲ့ပြီ။ ကလေးတစ်ယောက်ပင် ရနေပြီဟု ဆိုသည်။ လက်ဖက်ရည်ဆိုင်က ထ ကျွန်တော်ပူဆာလို့  ပပတို့ အိမ်ဖက် သီဟ ပေစောင်းစောင်းနဲ့ ပါလာသည်။ လမ်းတလျှောက်လုံး သူငယ်ချင်း အရင်းခေါက်ခေါက်တွေ နှုတ်တွေဆိတ်နေမိကြသည်။ ပပ တို့ အိမ်ရှေ့ ကို ကျွန် တော် နဲ့  သီ ဟ လျှောက်ပြန် သံပေးတိုင်း သွားဖြဲဖြဲရယ်ပြတတ်သော ပပ ဖေဖေ့ လေးဘီးကားလေးကို မတွေ့ ရ။ အနည်းငယ် မွမ်းမံထားပုံရသော ပပတို့ အိမ်ရှေ့ တွင် အရပ်မြင့်မြင့်ကားတစ်စီး က ကျွန်တော့်တို့ ကို နှုတ်ဆက် နေကျ လေးဘီးပြာပြာ လေး နေရာတွင် အစားရပ်နေသည်။ မီးရောင်အောက်တွင် ငုတ်တုတ်ထိုင်၍ စကား ပြော နေသော ပပ ဟု ထင်ရသော မိန်းမငယ်ကို တွေ့ ရသည်။ ထောင်ထောင် မောင်းမောင်းနဲ့ ပပ အဖေ ကြီးတော့ အရိပ်အရောင်မတွေ့ ရ ။

သူ့ ရဲ့ တစ်ဦးတည်းသော ချစ်သမီးကို အိပ်ဖန်စောင့်ရတဲ့ ကျွန်တော့် မတော်လိုက်ရတဲ့ ယောက္ခမကြီး ပေါ့။ ခါးကြီးထောက်ပြီး မျက်ထောင့်နီကြီးနဲ့ များကြည့်ရင် သီဟနဲ့ ကျွန်တော် ရောင်ပေပေ လုပ်ရာက တချိုးထဲ လစ်ပြေးကြရသည်။ ပပ ကို ကျွန်တော် ချစ်ပါသည်။ ပပ သည် ခင်လေးလောက်မလှပါ။ သို့ သော် ပပက ဖော်ရွေ သည် ချစ်စရာကောင်း သည်။ ခေတ်စကားနဲ့ ဆိုရလျှင် လန်းဆန်းသည်။ ပေါ့ပါးသည်။ ပပ ရယ်လျှင် ကြယ်တွေ တောင် ကြွေလောက် တယ် လို့  ကျွန်တော် ပြောခဲ့ဖူးသည်။ သီဟက ခွီးကနဲဆဲရေးခဲ့ဘူးသည်။ ပပက လှိုက် လှိုက်ကလေး ရယ်ခဲ့ဖူး သည်။ မှတ်မှတ်ရရ ပပ ခေါင်းလေး ကျွန်တော့ ပုခုံးပေါ်တင်ပြီး စကားတွေ ပြောခဲ့သည့် နေ့ ကဖြစ်သည်။ သမီးကို စိတ်မချလို့ ပပ အဖေကြီး နောက်ကလိုက်လာတဲ့အခါ အမေတကော ပြေးခဲ့ရ သေး သည်။ အဲဒီ အချိန် တုန်းကတော့ ပေါ့ပေါ့ပါး ပါး မောရင်း ရယ်ရင်း ပျော်ရင်းမြူးရင်း ကြည်နူးခဲ့မိပါ သည်။

ပပ မျက်နှာလေး အိုသွားတော့ ကျွန်တော့်မှာ သနားလိုက်သည့်ဖြစ်ချင်း။ သီဟကလည်း အဖြစ်သည်း သလေးဟု ဆဲလိုက်သည့်ဖြစ်ချင်း။ ခုတော့ ဒီအရာတွေအားလုံး တစ်ခမ်းရပ်ဇာတ်လို ပြီးဆုံးခဲ့လေပြီ။ ပပ ကျွန်တော့ကိုတွေ
့ဟန်မတူပါ သီဟကလည်း ဘေးမှ ခေါင်းငိုက်စိုက်နဲ့ လျှောက်လိုက်လာသည်။ ပပ အိမ်ထောင်ဖက်နဲ့ မှ ပျော်ရဲ့  လား ..... ကျွန်တော်သိချင်မိသည်။ ကျွန်တော့် ရင်ခွင်မှာတော့ မှေးစက်မည့်သူ ကင်းဝေးလို့ နေသည်။ ပပ နောက်တွင် တစ်ယောက် နှစ်ယောက် ရှိခဲ့သေးသော်လည်း ပပကို အရူးအမိုက် ကြိုက်ခဲ့မိသည် ဟု ကျွန်တော် ဝန်ခံပါသည်။

ပပသည် ကျွန်တော့် ဘဝဖြစ်ခဲ့သည်။ လက်တွေ့ ဘဝတွင် ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို သာ လုပ် ခွင့် ရှိသော ကျွန်တော့် လိုလူမျိုးအတွက် အချစ်နဲ့ အတူ ရူးခဲ့ရသော နေ့ ရက်တွေသည် ကြယ်တွေ ကြွေသလို တ ဖြုတ်ဖြုတ်ပျောက်ဆုံးခဲ့ရသည်။ ဒါပေမယ့် ကြယ်တွေ ကြွေတိုင်း ပပရဲ့ ရယ်သံလွင်လွင်ရယ် အပြုံးချိုချိုတွေ ရယ် ကို မြင်ယောင် နေမိစဲသာဖြစ်သည်။

သီဟနဲ့ လမ်းခွဲပြီး အိမ်ပြန်ခဲ့တဲ့နောက် မရင်းနှီးလှသော သူငယ်ချင်းတစ်ယောက် နှင့်တွေ့ သည်။ သီဟထက်စာ လျှင် ထိုသူ ငယ် ချင်းက စကားပြောရ ပိုအဆင်ပြေသည်။ ထိုသူငယ်ချင်းကို ကျွန်တော်အမှတ်တရ မရှိခဲ့ ပေ။ သို့ သော် သူက ကျွန်တော့်ကို ခင်မင်ရင်းရှိသည်။ ငယ်ငယ်က ဖြစ်ပျက်ခဲ့ဘူးသော အဖြစ်အပျက်တွေကို အမှတ် တရရှိ သည်။ သူသည်လည်း ကျွန်တော့ နောက်မှ ပပ ကို ပိုးခဲ့ဖူးကြောင်း ပေါ့ပေါ့ပါးပါး ရယ်ရင်းမောရင်း ပြော ဖြစ်ခဲ့ကြ သည်။ ပပ အကြောင်းကို သီဟထက် ထိုသူငယ်ချင်းထံမှ ပိုသိရ သည်။ တစ်ယောက်၏ အတွေး အခေါ်အယူအဆ ကို တစ်ယောက်က အပြည့်အဝ လက်မခံသော်ငြားလည်း ထိုသူငယ်ချင်း၏ လေသံ ထဲတွင် ရင့်ကျက်မှု ဆက်ဆံ ရေးပြေပြစ်မှု တို့ ကို တွေ့ ရသည်။ အမြင်ချင်းမတူသော်လည်း ဖလှယ်လို့ ရသည်။ သီဟနဲ့ လို တော့ ဖြောင့် ဖြောင့် ကြီးမဆန့် ကျင်။

လူနှစ်ယောက် စကားပြောကြည့်သည့်အခါတွင် တစ်ဦးအခြေအနေကို တစ်ဦး စူးစမ်းပုံလေ့လာပုံလေးတွေ ထို သူငယ်ချင်း ဆီမှ အတုယူရသည်။ ညက်ညောသော အပြောအဆို လေးနက်သောအတွေးအခေါ်တွေကို ကျွန် တော် လေးစား အားကျမိ သည်။ ကျွန်တော် မှတ်မိသလောက် ကျောင်းသားဘဝတွင် ကျွန်တော် အထင်ကြီးမိ သော ကျောင်း သား တွေထဲတွင် ထိုသူ ငယ်ချင်းမပါခဲ့။ သို့ သော်အချိန်က အရာရာကို ပြောင်းလဲသွားစေခဲ့ပြီ။ ဘဝသည် လူသား များကို သင့်တင့်လျောက်ပတ်အောင် တွေးခေါ်တတ်ဖို့  နေ့ စဉ်အမျှ သင်ကြားပေးနေသည်။ စာသင်ခန်းတစ်ခု တွင် ဆရာ က တပည့်များစွာကို တပြေးညီသင်ပေးခဲ့သော်လည်း သင်သမျှ ရပုံချင်း ကွဲတတ် သလို ဘဝက သင် ပေး သော သင်ခန်းစာတွေကိုလည်း ကျေညက်ပုံချင်း ကွာခြားလှသည်။

ဆင်ခြင်မျှော်တွေးမှုဆိုတာကို လေးလေးနက်နက် မတွေးခေါ်တဲ့သူဆီက နေ ကျွန်တော်တို့ မျှော်လင့်လို့ မရနိုင် ပေ။ ရုပ်ဝတ္တုပိုင်းဆိုင်ရာတွေ ပြောင်းလဲလာသည်။လူသားတွေလည်းပြောင်းလဲလာသည်။ အတွေးအမြင်တွေ လည်း ပြောင်းလဲလာသည်။ အသက်နည်းနည်းကြီးလာတာနဲ့ အမျှ ဘဝအပေါ် အမြင်ကလည်း ပြောင်းလဲလာ သည်။ အတွေးအခေါ်အကြောင်းတွေ ဘဝအကြောင်းတွေ ပြောချင်လာသည်။ ဘဝသင်ခန်းစာတွေကို ဆွေးနွေး ချင် လာသည်။ ကျွန်တော်တို့ နံဘေးမှာ ရှိနေသော သူများမှာလည်း ဆုတ်ယုတ်၍သော်လည်းကောင်း တိုး တက်၍သော် လည်းကောင်း ပြောင်းလဲ နေကြပေသည်။ ကျွန်တော်ကိုယ်တိုင်လည်း ဘယ်ပုံစံမျိုးဖြင့် ပြောင်း လဲ ခဲ့ပြီလဲ။

ကျွန် တော့် နေ့ စဉ်အမျှ ရင်းနှီးခဲ့ရသော ပတ်ဝန်းကျင်သည် ကျွန်တော်နေထိုင်ခဲ့သော ပတ်ဝန်းကျင်လောက် အံ ဝင်ဂွင်ကျမဖြစ်ချင်တော့။ ကျွန်တော်မွေးသော အရပ်ဒေသတွင်ပင် အံဝင်ဂွက်ကျမဖြစ်ခြင်းသည် ရယ်စရာ တော့ ကောင်း သည်။ သို့ သော် အများကလည်း ဒီမောင်ပြောင်းလဲသွားပြီဟု ပြောကောင်းပြောကြမည်။ မှတ်ချက်က အကောင်းအဆိုးမျိုးစုံဖြစ်နိုင်ပေသည်။ သို့ သော် မပြောင်းလဲ သော ပြောင်းလဲမှုများတွင် အံဝင်ဂွင်ကျ မဖြစ် သည်များ လည်း ရှိသည်၊ ဖြစ်သည်များလည်းရှိသည်။ အတတ်နိုင်ဆုံး အဆင်ပြေအောင်နေဖို့ သာရှိသည်။

အရာတိုင်းဟာ ပြောင်းလဲနေကြသည်ဟု နားလည်ခြင်းသည် အသားမကျသော ပတ်ဝန်းကျင်တစ်ခုတွင် ဆက် လက် အသက်ရှင်ရန် အကောင်းဆုံးအားပေးစကားဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော့် အလုပ် အ ဟောင်းသို့ မနက်ဖြန် ပြန်သွားရပေဦးမည်။ နေသားကျနေသော ပတ်ဝန်းကျင်မှလာသော ကျွန်တော့အတွက် အလုပ်ဟောင်းနေရာသည်ပင် အသစ်လုံးလုံးဖြစ်ကောင်းဖြစ်နေမည်။ ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ လက်ရှိနေသားကျ နေသော နေရာမှ အခြားနေရာတစ်ခုသို့ မည်သူမှ မသွားချင်လှပါ။ သို့ သော် မျှော်လင့်ချက် တွေ ဘဝရဲ့ လိုအပ်ချက်တွေကြောင့် အဲဒီနေ ရာသစ်ဆီကို သို့ ဝေးကွာနေခဲ့သော နေရာဟောင်းဆီသို့ လေးလေး အီအီနဲ့  သွားရပေဦးမည်။ ထိုနေရာတစ်ခု၌ မကြာခင် နေသားတကျဖြစ်ဖို့ သည် ကျွန်တော် ဘယ်လို လူဖြစ် သ လဲ ဆိုတာပေါ်သာ မူတည် မည်ဖြစ်ပေသည်။

စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား

***************

ဘလော့ကို ပစ်ထား .... မိတ်ဆွေတွေဆီလည်း သာကြောင်းမာကြောင်းလေးတောင် အမေး မရောက်နိုင်ခဲ့ တဲ့ အတွက် ချစ်သော မောင်နှမများကို အနူးညွတ်တောင်းပန်ပါတယ်ဗျာ .....။ ခုတော့ စာလေး ပုံမှန်ရေးဖို့ ကြိုးစား နေပါတယ်။ C-box ထဲမှာ လာရောက်နှုတ်ဆက် ကြတဲ့ ချစ်သော မောင်နှမအားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန် တော် ချစ်တဲ့ ဒီရွာလေးနဲ့  မောင်နှမတွေကို နေ့ တိုင်းသတိတရ ရှိနေပါတယ် အားလုံး ကျန်းမာချမ်းသာကြပါစေ။ အစ်ကို အောင် သာငယ်နဲ့  နေ့ အိပ်မက်တို့ ကတော့ စိတ်များ ခုနေရော့သလားမသိဘူးဗျာ။ အကြွေးကို ကြိုးစား ပြီးဆပ်ပါ့ မယ် စိတ်မရှိကြပါနဲ့  .... ကျေးဇူးတင် လေးစားလျက် :) ရန်ကုန်သား

Thursday, October 29, 2009

ရကောက်ရေ ရ ...........

What's your name--------------------- ရန်ကုန်သား

A four letter word--------------------- ရသာတဏှာ :)

A boy's name-------------------------- ရန်ရှင်း

A girl's name-------------------------- ရီနွယ်

An occupation------------------------- ရေသည် :)

A color-------------------------------- ရွှေရောင်

something you'll wear------------------ရှပ်အကျီ င်္

A food----------------------------------ရေမုန့် 

Something found in the bath room------ ရေ

A place--------------------------------- ရန်ကုန်

A reason for being late------------------ရေချိန်ကိုက်သွားလို့ ဗျ :D

Something you should shout------------ရေမလာဘူးဗျိုးးးးးးးးးးး

A movie title--------------------------- ရင်ခုန်မိတာအချစ်လား

Something you drink-------------------ရွှေရင်အေး

A music group-------------------------- ရှာတာနှံ့ နေပေမယ့် သိတဲ့ အထဲကော ဂူဂဲမှာကော မတွေ့ လို့ ဒီတစ်ခုတော့ Forgive me please! ပါဗျာ

An animal------------------------------ရေနဂါး

A type of car--------------------------- ရိန်းဂျား(ကား)

A street name-------------------------- ရွှေလဝင်းလမ်း

The title of sound----------------------- ရန်ကုန်မိုး ရန်ကုန်သား

A verb --------------------------------- ရူး

တက်ဂ်တဲ့ မိတ်ဆွေတွေ စိတ်ဆိုးနေပြီးလားတောင်မသိဘူး။ မေ့မျောနေလို့ လေ ..... နောက်ကျတဲ့အတွက် တက်ဂ်ပိုင်ရှင်များဖြစ်တဲ့ ကိုတလနွန်အစ်မချိုကိုသဇင် တို့ ကို အနူးညွတ်တောင်းပန်ပါတယ်။ ခင်မင်မှု နဲ့  သတိတရ တက်ဂ်တဲ့ အတွက် ကျေးဇူးတင်ပါတယ် ...... တဆက်တည်း နေ့ အိမ်မက် နဲ့  အစ်ကို အောင်သာငယ် တို့ ကိုလည်း ဆက်တိုက် အကြွေးတွေ ဆပ်ပါ့မယ်လို့ ပြောပါရစေ ..... သူငယ်ချင်း နေ့ အိပ်မက်က ဒီကနေ့  အကြွေး စတောင်းနေပြီမို့ ပါ ..... :D

***********************


စာဖတ်လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား

Monday, October 26, 2009

ဘွန္တော

ဖျတ်ကနဲ လန့် နိုးလာသဖြင့် ကိုယ်အိပ်စက်နေ သောနေရာကို ရုတ်တရက် မမှတ်မိဘဲ အနည်းငယ် ကြောင် စီစီ ဖြစ်နေမိသည်။ ပထမဆုံး သတိထားလိုက်မိသည်က သူ့ ခြေ စုံနှင့် ထိတွေ့ နေသော အနည်းငယ် အေး မြ နေ သည့် သင်ဖြူးဖျာ ဖြစ်သည်။ သူ့ ပေါ်တွင် ညဦးက ခြုံထားဟန် တူသောစောင်က ဘေး ၌ ပုံရက် သား ကျနေ သည်။ ပါးနှင့်ထိတွေ့ နေသော နူးညံ့သော ခေါင်းအုံးမှ ပရုတ်လုံးနံ့ သင်းသင်းက မမေ့နိုင်သော ရနံ့ တစ် ခုအ ဖြစ် သူ့ အသိကို နှိုှးဆွလိုက်သည်။ အမေက ပရုတ်လုံးနံ့ သိပ်ကြိုက်သည်။ သူ အမေ့အိမ်တွင် အိပ် စက် နေ ခြင်း ဖြစ် သည်ကို သတိရလိုက်မိသည်။ သူ အုံးနေကျ ခေါင်းအုံးသည် ပရုတ်လုံးနံ့ သင်းပျံ့ ခြင်း မရှိပါ။

မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ဘုရားပူဇော်ထားသော မီးသီးဝါဝါ ၏ အရိပ်အောက်တွင် နွေးနွေးလေး ရှိနေ သော အမေ့အိမ်ကို ဇာခြင်ထောင် ပါးပါးအပြင်၌ လှမ်းမြင်နေရသည်။ အိပ်ရာပြောင်း အိပ်လျှင် သူ ချက်ချင်း အိပ် မပျော်တတ်သလို ပင်ပန်းလွန်း၍ အိပ်ပျော်သွားသည့်တိုင် ခုလို ချိန်မျိုးဆို နိုးနိုးနေတတ်သည်။ တိုင်ကပ် နာရီကို လှမ်းကြည့်လိုက်တော့ နာရီပြန် နှစ်ချက်။ တစ်အိမ်လုံး တိတ်ဆိပ်ငြိမ်သက်နေသည်။

“သဗ္ဗေ ……………… သုံးဆယ့်တစ်ဖြာ အဝိဇ္ဇာထဲ ဤမှောင်ထဲမှာ ကျွတ်ခဲလှစွာ လူတို့ မှာမူ…… ဘယာဖိစီး မောဟ ကြီး၍……… မှတ် ဖွယ် သတိအစဉ်ရှိလော ….. (…….. လမ်း)ခေါ် နိဗ္ဗာန်ဆော်တို့ က….. အော်ကာ ထုတ်လျှောက် ရောက် ရ တော့ သည် …….. ”

အဝေးမှ ကြားလိုက်ရသော အသံတစ်ခုကြောင့် သူ စိတ်ထဲမှပင် လိုက်ရွတ်နေမိသည်။ အသံက အဝေးမှ ပြန့်  လွင့်လာသော်လည်း ညလူခြေ တိတ်ချိန်ဖြစ်၍ ကြည်လင်ပြတ်သားနေ၏။ ဒီ စာသားတွေ ကို သူ အလွတ် ရ နေ ခဲ့သည်။ တဖြတ်နားတိုင်း နောက်လာမည့် စာသားကို သူသိနေသည်။ ဒါ နိဗ္ဗာန်ဆော်တွေပဲ ။ ဒါဆို မနက်ဖြန် ဥပုသ် နေ့ ပေါ့။ သူ ဥပုသ်နေ့ တွေကို မေ့လျော့ နေခဲ့သည်မှာ ဘယ်မျှကြာနေခဲ့ပြီလဲ။ ဥပုသ်နေ့ ဆို တာသိသော် လည်း ၁၅ ရက်ဥပုသ်နေ့ လား လကွယ်နေ့ လား လပြည့်နေ့ လားဆိုတာ သူ မသိပါ။

သူ ငယ်ငယ်က ဘွန္တော သိပ်အော်ချင်ခဲ့သည်။ ကုသိုလ်ထက် ညီအစ်ကို အရွယ်လူငယ်တွေ အများကြီး ညလုံး ပေါက်မအိပ်ကြပဲ ရုံးရုံး ရုံးရုံး နဲ့ စုဝေးကာ ဘွန္တော အော်ဖို့ ပြင်ဆင်နေတတ်ကြသည်။ အလှူရှင်တွေကလည်း နိဗ္ဗာန် ဆော် အဖွဲ့ အတွက် အမြဲရှိသည်။ ကြာဇံ ကြော်လား ခေါက်ဆွဲကြော်လား ထမင်းကြော်လား ကြာဇံ ချက် လား ကြက်သားကာလသားချက် နဲ့ ပဲဟင်း လား တစ်ခုခုတော့ စားရသည်။ ကလေး ပီပီ အဖော်ကောင်း ကောင်း နှင့် ဘွန္တော မအော်ခင် ည သန်းခေါရံတွင် စားကြသောက်ကြ တရုန်းရုန်းဖြင့် အလွန်မှပျော်ရွှင်ဖွယ် ကောင်းပါ သည်။

အရပ်ထဲမှာတော့ လွယ်လွယ်ကူကူ ဘွန္တော အော်သည်ဟု ခေါ်ကြသည်။ ဘွန္တော အော်ချင်လွန်း၍ ထိုလင်္ကာကို အရူးအမူး ကျက်ရသည်။ အမေ့ကို ကျောင်းပိတ်ရက်နှင့်တိုက်ဆိုင်က သို့ မဟုတ် ဥပုသ် ကျောင်း ပိတ် ရက် နှင့် တိုက်ဆိုင်က ဘွန္တော လိုက်အော်ခွင့်ပြုဖို့ အမြဲခွင့်တောင်းရသည်။ အမေက ငယ်သေး၍ ခွင့်မပြု ချင်။ ဆယ့် နှစ် နှစ်သား သူ ကလည်း လူဖလံ သေးသေးလေး။ အိပ်နားက ရပ်ဆွေရပ်မျိုး အစ်ကိုကြီး တစ် ယောက်က အာမခံ ပြီးခေါ်မှ သူ လိုက်ခွင့်ရသည်။ အသက်နည်းနည်း ကြီးလာတော့မှ အမေက ကောင်း ကောင်းခွင့်ပြုသည်။ တစ် ခါ တစ်လေ တော့လည်း ကုသိုလ်ရေး ဗန်းပြပြီး သောက်တာ စားတာလေးတွေ ပါတတ် သည်ကြောင့်လည်း အမေ က စိတ်ပူခြင်းဖြစ်သည်။ လူငယ်တွေ ချည်းမို့  လူ လည်း စုံ အကျင့်ကလည်း စုံဆိုတော့  အမေ စိတ်မချတာ လည်း အပြစ်တင်ဖွယ်မရှိခဲ့ပေ။ အဝေးမှ နိဗ္ဗာန်ဆော်တို့  ၏ အသံ ပြန့် လွင့်လာပြန်သည်။

“ဘွန္တော အို နာ သေဘေး ဆင်းရဲဘေးမှ ကင်းဝေးလိုကြောင်း အိုသူတော်ကောင်းအပေါင်းတို့  ဣတလောကေ ဤ ခေတ်ဤခါ ဤ လူ့ ရွာ၌ ကုသလံ ဒါန သီလ အစဖြာသည် ဘာဝနာပွားများ ကုသိုလ် တရားကို ဥဒ္ဒိတွာ အများ သူ ငါ ဆွမ်းချက်ကပ်ရန် အဓိဋ္ဌာန်ထား၍ လို့ မို့ နိဗ္ဗာန်လမ်း တရားပြုကျင့်ရန် ထတော်မူကြပါ ဘန္တော . …. သပ္ပုရိ သ အပေါင်း သူတော်ကောင်းတို့ …………”

ငယ်စဉ်ဘဝမှာ ပျော်စရာ ကောင်းလို့ ပဲဖြစ်ဖြစ်၊ အမှန်တကယ်စေတနာ ပါ၍ ပဲဖြစ်ဖြစ် ဒီလိုကုသိုလ်ကောင်းမှု တွေ လုပ်ဖြစ်ခဲ့သည်။ မှတ်မှတ်ရရ ဆယ်တန်းအောင်စာရင်းထွက်သောအချိန်ကဖြစ်သည်။ နောက်တစ်နေ့  မ နက်မှာ ဥပုသ်နေ့ ဖြစ်၍ အိမ်ပတ်ဝန်းကျင်တွင် ဘွန္တောအော်မည့် လူငယ်များကလည်း ရုတ်ရုတ် ရုတ်ရုတ် အောင်စာရင်း သွား ကြည့်ဖို့ တာဆူနေသော ဆယ်တန်းဖြေဆိုထားသည့် ကျောင်းသားများကလည်း ရုတ်ရုတ် ရုတ်ရုတ်ဖြင့် တစ်ညလုံးလိုလို ရပ်ကွက်ထဲ စည်စည်ကားကား ရှိနေခဲ့သည်။ စိန်ဂျွမ်းကျောင်းတွင် အမေနဲ့  အတူ အောင်စာရင်းသွားကြည့်ပြီး ပြန်အလာတွင် အပျော်တွေ ဗရပွနဲ့  ဘန္တောလိုက်အော်ဖြစ်ခဲ့သေးသည်။

ဆယ်တန်းအောင်ပြီးနောက်ပိုင်း ကိုယ်နေထိုင်တဲ့ ရပ်ကွက် အသိုင်းအဝိုင်းကနေ တစတစ ဝေးကွာသွားခဲ့သည်။ ရပ်ကွက်အတွင်း အခါအားလျော်စွာ ပြုလုပ်တတ်သော လူမှုရေးအလုပ်တွေနဲ့  ဝေးကွာသွားခဲ့သည်။ ကုသိုလ် အ ရေးတွေနဲ့  လက်ပွန်းတတီးမရှိတော့ပြီ။ အသက်မွေးဝမ်းကျောင်းပညာသင်တုန်းကလည်း ထို့ အတူ၊ ကျောင်း ပြီး ၍ လုပ်ငန်းခွင်ရောက်တော့လည်း ထို့ အတူ။ သူ ကုသိုလ်ရေးတွေကို မေ့လျော့နေခဲ့မိသည်။ သေ လို့  ကိုယ့် နောက်ပါမည့် အလုပ်တွေထက် စားဖို့ သောက်ဖို့ နေထိုင်ဖို့ တွေနဲ့ သာ အားသွန်ခွန်စိုက် နိစ္စဓူဝ လုံး ပန်း နေခဲ့ သည်။ ပညာတတ်သွားလို့ လား၊ သူရောက်သွားတဲ့ ဘဝကပဲ ကုသိုလ်ရေးတွေနဲ့ ဝေးနေလို့  လား။ တကယ်တော့ လည်း သူ တစ်ဦးတည်းနဲ့ သာ သက်ဆိုင်သည်သာဖြစ်သည်။ မိဘတွေနဲ့ လည်း မဆိုင် မိတ် ဆွေအပေါင်းအသင်း တွေ နဲ့ လည်း တိုက်ရိုက်မပတ်သက်။ သေချာသည် တစ်ခုကတော့ သူ ဘာသာရေးနဲ့  ကုသိုလ်ရေးနဲ့  ဝေးနေ သည် မှာ အတော်ကြာပြီဖြစ်သည်။

“ဘွန္တော…………. ကာမ ရူပ အရူပဟု… သုံးပါး ဝတ်ဘုံ မလွတ်တုံဘဲ…. ဆန် စုန် အောက်ထက် သူ နှောက် ယှက် ၍ ……ယောက်ယက်ခတ်သူ….. အိုများဗိုလ်လူ ရန်သူဝတ်ကြီးဆယ့်တစ်မီးအား …… ဖျက်ဆီးဘို့ ရန် မြတ် ဒါနဖြင့် …….. သီလဖြူစင် ယူငင် ဘဝ သမထ ဝိပဿနာ …..ကျင့်သုံးဖြာဖြင့် မြန်စွာထရန် ……….”

အလုပ်ထဲ အဆင်မပြေဖြစ်မှာ ပုတီးကိုင်ကာ ဘုရားကို ဖင်ထောင်အောင်ရှိုခိုးတာတွေ၊ ဗေဒင် ဆရာပေါင်းစုံထံ သွား ကာ ယတြာ မျိုးစုံချေရတာတွေသာ ရှိသည်။ အိမ်ထောင်ကျပြန်တော့လည်း သားမှုမယားမှု တွေ နေမှု ထိုင် မှု တွေ နဲ့ လုံးဟယ်ပန်းဟယ် မေ့လျော့နေခဲ့တာတွေကို ပြန်သတိရလာမိသည်။ သူ မွေးခဲ့သော ဤဒေသ သူ ကြီး ပြင်း လာခဲ့သော ဤ အရပ်တွင် ထိုထိုသော ဓလေ့များဖြင့် ကြည်နူးသာယာဖွယ် အလွန်ကောင်းသည်။ ခု သူ သည် ထိုအရပ်ဒေသတွင် ဧည့်သည်ဖြစ်လို့ နေပြီဖြစ်သည်။ ဤ နိဗ္ဗာန်ဆော်တို့ ၏ ကျူးရင့်သံ ဆော်သြသံတွေ သည် သူလို့ လူမျိုးတွေအတွက် အင်မတန် တရားကျဖွယ် ကောင်းသည်။ ကုသိုလ်ပြုဖို့ အရေး နှိုးဆော်ပေး သည် သို့  ဖြစ် သည်။

မေ့လျော့နေသည်များကို သတိရလာစေဖို့ မကြောက်မရွံ့ ရှိနေသည်များကို ကြောက် ရွံ့ တတ်လာစေဖို့ သတိပေး နေ သည့်နှယ်ဖြစ်သည်။ ကုသိုလ်ပြုဖို့ မေ့ လျော့နေသော သူတို့ လိုလူမျိုး တွေအတွက် နိဗ္ဗာန်ဆော်များ၏ အသံ သာသာ တို့ သည် အင်မတန် အကျိုးကြီး မားပေလိမ့်မည်။ သူတို့ ပြု သော ကုသိုလ်အမှုသည် အဘယ်မျှ မြင့်မြတ် လေမည်နည်း။ ဥပုသ်နေ့ တိုင်း သူတို့  တိုက်တွန်းနှိုး ဆော် ခဲ့၍ အိပ်ရာမှ နိုးထကာ ကုသိုလ်ကောင်းမှု ပြုခဲ့သူတွေ မည်မျှရှိခဲ့လေပြီနည်း။ သူတို့ ၏ ဆော်သြသံ တွေ ကြားလို့  ကုသိုလ်ပြုဖို့ သတိတရားရသွားသူတွေ မည်မျှရှိခဲ့ လေပြီနည်း။

မြတ်စွာဘုရားရှင်လက် ထက် တော်က သန္တတိအမတ်ကြီး၏ ဖြစ်စဉ်က သက်သေထူသည်။ နိဗ္ဗာန်ဆော်လုပ်ရင်း ရဟန္တာဖြစ်ကာ လူဝတ်ကြောင်နဲ့ ပင် ပရိနိဗ္ဗာန်ပြုသွားခဲ့သည်။ နိဗ္ဗာန်ဆော်အလုပ်သည် ပေါ့သေးသေး မဟုတ် သူတစ်ပါ၏ စိတ်အတွင်းသဏ္ဍန်၌ ကုသိုလ်တရားပြုလုပ်ဖို့ အသိတရားကိုပေါ်လာစေပုံ၊ သံဃာတော် များ အား ဆွမ်းချက်ကပ်ဖို့ အတွက် အိပ်ရာမှ နိုးစေပုံတို့ သည် လွန်စွာမှ အကြိုးကြီးမားလှပေသည်။

“မယားကိုခင် သားမြေးကို ကြင်သော် အစဉ် မပြတ် နေထိုင်ကြ၍ ဘဝ နောင်ခါ သံသယာမှ ဖယ်ခွာ ထွက်ဆုတ် နယ်ခလုတ်ကို ပယ်ဖြုတ်ကာ ကျွတ်ဆု ကိုပန်ရအောင် ဘုရား တရား သံဃာတော် အရှင် သူမြတ်တို့ အား ဆွမ်း ချက် ကပ်ရန် အဓိဋ္ဌာန် ထား၍ လိုမို့ နိဗ္ဗာန်လမ်း တရားပြုကျင့်ရန် ထတော် မူကြပါ ….. ဘွန်………….. တော (ဘန္တော) သပ္ပုရိသအပေါင်း ……… သူတော်ကောင်းတို့ ……… ………..”

မျက်လုံးက အတွေးတွေကြောင့်ကျယ်သည်ထက် ကျယ်လာသည်။ နိဗ္ဗာန်ဆော်လူငယ် တို့ ၏ အသံက နီးလာ လိုက်ဝေးသွားလိုက် ပျေက်သွားတစ်ချက် ပေါ်လာတစ်ချက်ဖြင့် ရှိသည်။ ခဏကြာတော့ အိမ်နောက်ဖေးမှ ချိုးချိုး ချွတ်ချွတ်ကြားရသည် မီးဖွင့်သံ မီးမွှေးဖို့ မီးဖိုရှင်းနေသံ တွေ …..။ အော် အမေ …. အမေ ဆွမ်းချက်ဖို့  ပြင် နေ သည်ပဲ။ သူ ငယ်ငယ်က ဘန္တောအော်အပြီးပြန်လာသောအခါ အမေကအိမ်တံခါးဆင်းဖွင့်ပေးသည်။ အမေ ဆွမ်း လောင်းပြီးမှ သူလည်း အိပ်ရာဝင်နေကျဖြစ်သည်။ မနက်ဆယ်နာရီ ဆယ့်တစ်နာရီအိပ်ယာနိုးလျှင် သူ စား ဖို့ မ နက်စာကို အသင့်ပြင်ထားပေးသည်။

ခုတော့ ဒါတွေနဲ့  သူဝေးသွားသည်မှာ ဆယ်စုနှစ် တစ်ခု ရှိခဲ့လေပြီ။ ဘဝမှာ လုပ်နေတာတွေဟာ တ ကယ် တော့ ဘာအဓိပ္ပါယ်ရှိလို့ လဲ ဟု သူတွေးမိသည။် သို့ သော် အဲဒီ ဘဝ ကြမ်းကြမ်းကြီးကိုပဲ ခုံမင်နှစ်သက် ပြီး လက်ရှိလုပ် နေသော အလုပ်တွေနှင့် လုပ်ကိုလုပ်ရမည့်အလုပ်တွေအကြား ခပ်ဝါးဝါးသာတွေးရင်း ရှိနေခဲ့ သည်။ အဲဒီ ဘဝ ထဲကို အမေ့အိမ်ကပြန်တဲ့အခါ သူ တစ်ခေါက် ပြန်ရောက်သွားဦးမည်ဖြစ်သည်။ မေ့လျော့ ခြင်းတွေ အဆုံး သတ် ပါ့မလား ရယ် သူ မသိပါချေ။

ခေါင်းထဲ ဝင်လာသော အတွေးတွေကြောင့် အိပ်မရသည့်အဆုံး အိပ်ရာမှ ထကာ အမေ့ရှိရာမီးဖိုထဲသို့  ထွက် လာ ခဲ့သည်။ မီးခိုးတွေ အူနေသော မီးဖိုထဲတွင် အမေတစ်ယောက် မီးမွှေးလျက် အလုပ်များနေသည်။ သူ ထလာ တာကိုတွေ့ တော့ အမေက နဖူးပေါ်လက် ကလေးကာပြီးကြည့်သည်။

“ဟဲ ကောင်လေး … အစောကြီးရှိသေးတယ် ရှူးထပေါက်တာလား …..”

“မဟုတ်ဘူး အမေ သားနိုးနေတာ ဘန္တောအော်သံကြားတာနဲ့ တောင်တွေးမြောက်တွေး တွေး ပြီး အိပ်မ ပျော် တော့လို့  ….. ” အမေ့ကို ဖြေရင်း ဆန် ထည့်ထားသော ထမင်းအိုးကိုမကာ ဆေးဖို့ ပြင်လိုက်သည်။ အမေက လှမ်းတားသည်။

“အင်း မင်းငယ်ငယ်က အမေ့ကို ဘွန္တော အော်ချင်လို့  အမြဲ ဂျီကျတာလေ …..ကဲ့ပါ ထားထား အမေလုပ်မယ် ရှူးလေးဘာလေး ပေါက်ပြီး ပြန်အိပ်တော့လေ မနက် စောစော ထရဦးမယ်မလား …. သွားသွား သား …..”

“ရတယ် အမေ သားအိပ်ပျော်မှာမဟုတ်ဘူး မျက်လုံးလည်း နည်းနည်းကြောင်နေလို့  …သားဆေးလိုက်မယ် …. ကုသိုလ်ရအောင် ….”

အမေ က လက်ဆေးရင်းက ခပ်ညှင်းညှင်းရယ်သည်။ သူ့ မိန်းမ မနက်စောစော ထပြီး ဆွမ်းမလောင်းတတ် ဘူး ဆိုတာ အမေသိချင်သိမည်။ အလုပ်တွေ သိပ်များတော့ လည်း မနက် စောစောဘယ်ထနိုင်မလဲ ဟုအမေ တစ်ခါ ပြောဖူးသည်ကို သတိရသည်။ မီးဖိုပေါ်တွင် မီးသွေးတွေက အရှိန်ကောင်းကောင်းနှင့် တောက်လောင် နေပြီဖြစ် သည်။ အမေက ညနေခင်းက ချက်ထားသော ဆွမ်းဟင်းအိုးကို လှန်လှောကြည့်နေသည်။ အမေ့ အိမ်လေးက
အေးချမ်းစွာငြိမ်သက်နေ၏။ သူ တို့ သားအမိနှစ်ယောက် ထွေရာလေးပါ စကားပြောရင် ထမင်းအိုး အဆူစောင့် နေကြသည်။

“သားလည်း ကုသိုလ်ကောင်းမှုတွေနဲ့ ဝေးနေတယ် အမေရယ် ….. တစ်နေ့ တစ်နေ့  အသည်းအသန် စား သောက် အလုပ်ကိုပြေး ဘုရားတောင် ဦးသုံးကြိမ်မနည်းချရတယ် …. ညပြန်လာတော့လည်း ပင်ပင် ပန်းပန်းနဲ့  အိပ်ပျော်သွား ဒါနဲ့ ပဲ တစ်နေ့ တစ်နေ့  လုံးလည်ချာလည်လိုက်နေတာ ….. သားစဉ်းစားမိတယ် အသက်အ ရွယ် ရလာပြီး ဘဝထဲ ရောက်တော့ ငယ်ငယ် တုန်းက ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုလေးတွေ တောင်မှ မလုပ်ဖြစ် တော့ဘူး …… သားတို့ ကိုက မေ့လျော့နေတာထင်ပါရဲ့ အမေရာ ….” အမေက မီးဖိုရှေ့ ငုတ်တုတ်လေးထိုင်ပြီး သူပြောကို နားထောင်နေသည်။ လက်ထဲမှ ယပ်တောင်ဖြင့်လည်း မီးခပ်နေလေ၏။

“အင်း …. ဒီလိုပေါ့သားရယ် …. တတ်နိုင်သမျှ လုပ်ဖို့ ကြိုးစားရမှာပေါ့ ပိုက်ဆံရှာတာလည်း ရှာ ကုသိုလ် ကောင်း မှုလုပ်တာလည်း လုပ်ပေါ့ ဘုရားတရား လုပ်ဖို့ အချိန်ဆိုတာ ယူချင်စိတ်ရှိရင် ရနိုင်တာပဲမဟုတ်လား။ မင့်အဖေ ငယ်ငယ် ကလည်း ဒီလိုပြောဖူးတာပဲ ….. ဒီနေ့ အမေနဲ့ အတူ ဆွမ်းလောင်းလေ …. ခုတောင် မင်း ကုသိုလ်တွေ ရနေပြီ ကုသိုလ်မလုပ်နိုင်တာမှမဟုတ်ဘဲကွယ် နောက်တော့ အချိန်လေး ရသမျှ ဘုရားတရားလုပ် လှူတာ တန်း တာ လေးတွေ လုပ်ပေါ့ ….. မင်း ရှာထားဖွေထားတာလေး တွေ ထဲက ဖယ်ပြီးစုထား လုံးလုံးခဲခဲ လေးဖြစ် လာ တော့ လှူပေါ့ …… ဘုရားတရား တော့ မမေ့နဲ့ သားရေ …….”

“ဟုတ်ပါတယ် ... အသိခေါက်ခက် အဝင်နက်နေတာပါ အမေရာ .... လုပ်လို့ ရနိုင်ရဲ့ သားနဲ့  ကိုယ်ဟာကိုယ် ဆင်ခြေတွေပေးနေတာက များတာ .... တကယ်တော့ ဘာမှ အပန်းကြီးတာ မဟုတ်ပါဘူး လေ ....”

“အေးပေါ့သားရယ် လူဆိုတာက မကောင်းမှုမှာပဲ တာရှည်ပျော်မွေ့ ကြတာမလား .... ငါ့သားမှာ ဒီလို အတွေး လေး ရှိတာပဲ အမေကျေနပ်ပါတယ် နောက် ကောင်းမှုကုသိုလ်လုပ်ဖို့ ဆင်ခြေတွေပေးမနေ နဲ့ ဟုတ်လား သား ”

အမေ့အပြုံးက သူ့ ရင်ကို နွေးထွေးစေသည်။ အမေက သူ့ ကို အားပေးသည်။ သူ သက်ပြင်းကို အသာချလိုက် သည်။ ဒီလို ခံစားချက်မျိုး ဟာ နောင်တမဟုတ်သော်လည်း စိုးရိမ်ကြောင့်ကြမှု တစ်မျိုး ဖြစ်ကောင်းဖြစ်မည်။ နိဗ္ဗာန်ဆော် တွေရဲ့  ဆော်သြသံတွေသည် လူတိုင်း၏ရင်တွင် အသိတရားလေးတွေ ငုတ်ရာက ပေါ်လာပြီး မေ့ လျော့နေရာက သတိတရားတွေ ရစေသည်ဟု သူ မြင်သည်။ သူတို့ တွေအတွက် အကျိုးအလွန်ဖြစ်မည်ဟုလည်း သူ ယုံကြည်မိသည်။

“ပေပေ ရကုန် ကြုံ တွေ ဆုံကွဲ ရှင်သေ တည်ပျက် မြင်မှက် တွေးယှက်မရှိတောင်းတ ရှိကြောင့်ကြ ဤကဲ့ သို့ ပြဆို သောကြောင့် သုံးပြည်ဘဝ သုံးလောက၍ သားလင်မယား မိဘများကြောင့် ငိုကျွေးမြည်တမ်း ပင်ပန်းဆင်းရဲ ရ တာလဲ အကြိမ်ကြိမ် …… အိုနာသေရေ ဆင်းရဲဘေးကြောင့် သချို င်္င်းသို့ ရောက်ရ တာလည်း အခါခါ ……သို့ ဖြစ် ပါသောကြောင့် ဘဂါဝ ပရမေ တစ်ဆူ ဘုရားအား သတ္တဝါတွေ လူအများတို့ က ဆွမ်းချက်ကပ်ရန် အဓိဋ္ဌာန် ထား ၍ လို့ မို့ နိဗ္ဗာန်လမ်း တရား ပြုကျင့်ရန် ထတော် မူကြပါ ………..ဘွန္တော...... သပ္ပုရိသ အပေါင်း သူတော် ကောင်း တို့  …. ”

ကြေးစည်သံနှင့်အတူ နိဗ္ဗာန်ဆော်အများ၏အသံလည်း တိုးသက် ရာမှ ပျောက်ကွယ်သွားသည်။ မီးဖိုထဲတွင် ဆွမ်းဟင်းနံ့ ဖြင့် မွှေးကြိုင်နေသည်။ အာရုံဆွမ်းခံကြွလာသော သံဃာတော်များ၏ ရှေ့ ပြေး ဘုန်းကြီး ကျောင်း သား လေးများ၏ ကြေးစည်သံစာစာ ကတဖြည်းဖြည်းနီးလာသည်။ သားအမိနှစ်ယောက် ဆွမ်း၊ ဆွမ်း ဟင်းကိုယ် စီ ဖြင့် အိမ်အောက်သို့ ဆင်းကာ ဆွမ်းခံလာ သံဃာများကို စောင့်ဆိုင်းနေသည်။ အိမ်နီးနားခြင်း တချို့ လည်း ဆွမ်းလောင်း ရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။ အရှေ့ အရပ်မှ ရောင်နီစတို ပျို့ အန်ကျလာသည်။ အာရုံဦးနံနက် ခင်း သည် မင်္ဂလာအပေါင်းနှင့်ပြည်စုံစွာ ကျက်သရေ ရှိလို့ နေလေ၏ ….။

******************

ဒီဝတ္တုတိုလေးကို ရေးဖို့ စိတ်ကူးရတော့ ချစ်ခင်လေးစားရတဲ့ မကြီးဝါကို ပြေးသတိရမိပါတယ် မကြီးက တရားနာ ဖို့ လှူဖို့ တန်းဖို့ အမြဲလိုလို သတိပေး အသိပေးနေကျဖြစ်လို့ ပါ။ မကြီးက သူ ကိုယ်တိုင်လည်း အလှူအတန်း သိပ် ဝါသနာပါသလို တစ်ပါးသူတွေကိုလည်း လှူဖြစ်အောင် တိုက်တွန်းပြီး လှူဖြစ်ဖို့ လည်း အမြဲ ကူညီတတ်ပါတယ်။ ၂၇.၁၀.၀၉ ရက် နေ့ ဟာ မကြီးရဲ့ မွေးနေ့ ဖြစ်ပါတယ်။ အဲတာကြောင့် ဒီဝတ္တုတိုလေးကို မကြီးဝါကို လက်ဆောင် ပေး လိုပါတယ်။ အမှတ်တရ လည်းဖြစ် မကြီး မမြဲ ပြုလုပ်နေတဲ့ ကုသိုလ်ကောင်းမှုတွေ အတွက် လည်း သာဓု ခေါ်ဂုဏ်ပြု ရင်းပါ မကြီးရေ။ ကျွန်တော့်ရဲ့ ဒီဝတ္တုလေးကို မွေးနေ့ လက်ဆောင်ပေးပါတယ် ........။



ကျွန်တော့် အစ်မကြီး ဝါဝါခိုင်မင်း (အမှတ်တရလေးများ) ရဲ့  အောက်တိုဘာလ ၂၇ ရက်နေ့ မှာ ကျရောက်မယ့် မွေးနေ့ မှာ ပျော်ရွှင်ခြင်း များစွာနဲ့ ပြည့်စုံပါစေ။ ချစ်သော ခင်ပွန်းသည်၊ ချစ်သမီးလေး တို့ နဲ့ အတူ မွေးနေ့ ပေါင်း များစွာပျော်ရွှင်စွာကျင်းပနိုင်ပါစေ...။ မကြီး ပြုနေကျဖြစ်တဲ့ ကောင်းမှုကုသိုလ်တွေကိုလည်း ဆထက် ထမ်းပိုး ပြု လုပ်နိုင်ပြီး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့ နဲ့ သာ ပြည့်စုံပါစေ ....... (ကျွန်တော့်လက်ဆောင်လေး က သေးမွှားနေလို့ မကြီးကို အားနာပါတယ်။ ခွင့်လွှတ်ပါဦး မကြီးရေ .... :D )

***************
စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား

Monday, October 19, 2009

ချစ်ခြင်းဖွဲ့ သံစဉ်


သူ့ ကိုယ်သူ ကျွန်မ ကျွန်မနဲ့ ပြောတတ်တဲ့ ကျွန်တော့ ချစ်သူကိုလေ သိပ်ချစ်တာပဲဗျာ။ ဘယ်လောက်တောင် ချစ်သလဲလို့ မေးလာရင် အသက်ထက်လည်း ချစ်တယ် ဘဝထက်လည်း ချစ်တယ် အရာအားလုံး ထက်ပိုပြီးချစ် တယ်။ ကျွန်တော့် ကို သူမ ခေါ်တဲ့ “မောင်” ဆိုတာကိုတော့ အချစ်ဆုံးပပေါ့။ ကျွန်တော်လေ သူမရဲ့ မောင်လို့  ခေါ် သံလေးကြားရရင် ရင်ထဲမှာ နွေးလှိုက်သွားပုံများ တွေးမိတိုင်း ရှိန်းရှိန်းမြမြနဲ့ ။ ကျွန်တော့်ချစ်သူကို သိပ်ကို ချစ်ပါတယ်။ သူမရဲ့ အရိပ်ကလေးတွေ အပြုံးစကလေးတွေ စကားသံလေးတွေ အကြည့်လေးတွေ အိုဗျာ ... ဒီလို ချစ်နေမိပါလားဆိုတာ ကိုယ့်ကိုကိုယ် အံ့သြရတဲ့အထိချစ်ရပါတယ်။ ကျွန်တော့်ချစ်သူကလည်းလေ ကျွန်တော့ကို သိပ်ချစ်တာပဲ။ ကျွန်တော့် ဟောဒီရင်ထဲက သိနေတာပါ။ ချစ်သူနားများရောက်သွားရင် အဲဒီနှလုံးသား ဟာလေ ... ဘယ်လို နွေးရှအေးမြမှန်းကို မသိပါဘူး။

ကျွန်တော့် ချစ်သူက သိပ်စကားနဲ့ တာပဲ။ သူ့ အကြည့်လေးတွေကို ဖတ်ဖတ်ပြီး ကျွန်တော် ရင်ခုန်ရတာလေးတွေ ဟာ ချစ်သူတွေဖြစ်ကြတဲ့ အချိန်အထိ ပြောပြောပြလို့  မကုန်နိုင်ပါဘူး။ အဲဒီ ခံစားချက်လေးတွေဟာ ကျွန်တော့ အသည်းနှလုံး ခုတ်မောင်းဖို့ အားတွေပါ။ ကျွန်တော်သူမကို ချစ်ခွင့်တောင်းဖို့ ကြိုးစားတုန်းကပေါ့။ သူ အနား ရောက်ရင်လေ ဘယ်လိုကြောက်မှန်းဘာကို ကြောက်မှန်းမသိဘူး။ သူငယ်ချင်းဘဝကနေ ဝေးသွားရမှာ ချစ်ခွင့် မရ လိုက်ရမှာ အဲဒီကြောက်ရွံ့ မှုတွေကို ပြန်တောင်မတွေးရဲဘူးဗျာ။ ဒါနဲ့ ကျွန်တော် အကြံထုတ်ရတာပေါ့။ သူ ကျွန်တော့်ကိုချစ်သလား မချစ်ဘူးလားဆိုတာ ဘယ်လိုမှ ကျွန်တော်ခန့် မှန်းလို့ မရခဲ့ဘူး။ သူ့ မျက်နှာလေးက လေ အင်း ယားကန်ရေပြင်လိုပဲ တည်ငြိမ်နေခဲ့တာ။ ကျွန်တော်မကြောက်ပဲရှိပါ့မလား။ သူ့ ကို ကျွန်တော် သီချင်း လေးတစ်ပုဒ် ပေးနားထောင်လိုက်ပါတယ်။ သူ သီချင်းနားထောင်နေတဲ့အချိန်မှာ ကျွန်တော် ပြင်ဆင်ချိန်ရ အောင် လို့ ပေါ့။ အဲဒီနေ့ က သူ ပြုံးတာလေးက ကောင်းကင်ကြီးတောင် ညို့ ကျလာမလိုပဲ။ ကျွန်တော်ဖြင့်ချစ် လိုက်တာဗျာ ....။

It's amazing how you can speak right to my heart Without saying a word you can light up the dark.............Try as I may I could never explain What I hear when you don't say a thing.......... The smile on your face lets me know that you need me There's a truth in your eyes saying you'll never leave me.The touch of your hand says you'll catch me if ever I fall You say it best when you say nothing at all............ (Ronan Keating)

Ronan Keating ပြောတာမဟုတ်ပါဘူး တကယ်ချစ်နေတာပါလို့ ပြောတော့ ကျွန်တော့ကို လူလည်ကျသတဲ့လေ ....။ ဒါပေမယ့် သူ့ မျက်လုံးတွေက ရယ်လို့  သူ့ စကားသံလေးတွေက ကျွန်တော့ နှလုံးခုန်သံတွေနဲ့ အတူလွင်လွင် လေးမြည်လို့ ။ နောက်တစ်ပတ်တွေ့ တဲ့အခါကျမှ အဖြေပေးမတဲ့လေ။ သက်ပြင်းအသာချ ပြီးမောမော ကြီးဖြစ်ရ တဲ့ ခံစားချက်ကို ပြန်တွေးတိုင်း အသက်ရှုမဝဘူးဗျာ။ ဒါပေမယ့် သူ့ အပြုံးတွေရယ်၊ ရယ်သွေးနေတဲ့ သူ့ မျက်ဝန်း တစ် စုံ ရယ်နဲ့  ကျွန်တော် တစ်ပတ်တာ အသက်ဆက်ဖို့ အားတွေမွေးဖွားခဲ့ရတာပေါ့။ “ကျွန်မလည်း သီချင်း တစ် ပုဒ် ပေးနားထောင်မယ်လေ ... သီချင်းပြီးရင် အဖြေပေးမယ် .....” စိတ်ထဲက နေဆုတောင်းနေရတာ ဟို အဖြူ ရောင်သူငယ်ချင်း စီးရီးထဲက သီချင်း တွေမဖြစ်ပါစေနဲ့  အဲဒီ သီချင်းတွေထဲက တစ်ပုဒ်ပုဒ်ကိုသာ နားထောင် လိုက်ရရင် တီးလုံးသံကြားရတာနဲ့ တင် ကျွန်တော့အသက်ပါသွားမလားပဲ။ ဒါပေမယ့် သူ ပေးနားထောင်တဲ့ သီ ချင်းကို နားထောင်လိုက်ရချိန်မှာ ကျွန်တော် အသက်ရှုဖို့ မေ့နေရတယ် သူ့ မျက်နှာလေးကိုကြည့်ပြီး သီချင်း လေး ထဲမှာ စီးရင်းမျောရင်းနဲ့  လေထဲမှာ လွင့်မျောရင်းပေါ ... နှလုံးသားက လှိုက်လှိုက်လေးတုန်နေခဲ့တယ်လေ။

(............) ......From this moment life has begun......... From this moment you are the one Right beside you is where I belong.............. From this moment on................ From this moment I have been blessed............... I live only for your happiness And for your love I'd give my last breath.................From this moment on I give my hand to you with all my heart.............Can't wait to live my life with you, can't wait to start You and I will never be apart................My dreams came true because of you .........(Shania Twain)

သူက ကျွန်တော့်လို့  မသွယ်ဝိုက်တတ်ဘူး။ ပြတ်ပြတ်သားသားပဲ ပွင့်ပွင့်လင်းလင်းပဲဗျ။ “Shania Twain ပြော တာမဟုတ်ဘူးနော် .... ကျွန်မပြောတာ ... ကျွန်မ မောင့်ကို သိပ်ချစ်တယ်။” အဲတုန်းက ပန်းတွေတောင် ပွင့်မယ် ထင်တယ်။ လေပြေလေးကလည်း အေးအေးငြိမ့်ငြိမ့်လေး နေခြည်လေးကလည်း နွေးမြမြကလေး။ ကျွန်တော့် ချစ်သူရဲ့ ပါးလေးကလည်းလေ နွေးနွေးဥဥလေးဗျာ။ ငှက်ငယ်တွေတောင် ဝုန်းကနဲ့ ထပြန်သွားသလိုပဲ။ ကျွန် တော် တို့ နှစ်လုံးသားတွေ အတူလက်တွဲပြီး ရင်ခုန်သံတစ်ချက်တည်းမြည်အောင် ခုန်တဲ့နေပေါ့။ အဲဒီ ပျော်ရွှင်မှု လေးကို ဘာနဲ့ လဲနိုင်ပါ့မလဲ ....။ “ချစ်သူရေ အဲဒီနေ့ ရက်တွေကို လွမ်းတမြေ့မြေ့ရှိလှတယ်ကွာ ... ”လို့ ဒီ သီချင်း လေးနားထောင်လို့ အဲဒီခံစားချက်မျိုးလေး ရင်ထဲကို ဝင်လာတိုင်း ... “မင်းကို ချစ်တယ် ချစ်တယ် တအား ချစ် တယ်ကွာ ”......လို့ အော်နေမိတော့တာပါပဲဗျာ။ အဲဒီ အချိန်က စပြီး ကျွန်တော်တို့  ချစ်ခဲ့ကြပါတယ် ...။

သူ နဲ့ ကျွန်တော် ခုနေ ခဏ ဝေးနေကြရတယ်။ ဒါလည်း ဘဝအတွက် လိုအပ်ချက်တွေကြောင့်သာပါ။ ဒါပေမယ့် လေ သူနဲ့ ကျွန်တော်အမြဲနီးနေတယ်။ သူ့ အသံလေးတွေ ပုံရိပ်ကလေးတွေ နောက် သူ ပို့ ပေးတဲ့ သီချင်းဟောင်း လေး တွေ။ ဘယ်လောက်ဟောင်းတဲ့သီချင်းလေးပဲဖြစ်ဖြစ် ဘယ်နှစ်ကြိမ်နားထောင်ပြီးတဲ့ သီချင်းပဲဖြစ်ဖြစ် သူက ပဲဖြစ်ဖြစ် ကျွန်တော်ကပဲဖြစ်ဖြစ် နားထောင်စေချင်လို့ ပို့ ပေးတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် မြတ်မြတ်နိုးနိုးကို နား ထောင်ဖြစ်ခဲ့ ကြတယ်။ တစ်ခါတစ်လေ သီချင်းလေး နားထောင်ရင်း နှစ်ယောက်သားငြိမ်သက်နေခဲ့ကြတဲ့ အချိန် တွေလည်းရှိတာပေါ့။ အချစ်ကို အလှတန်ဆာဆင်သူတို့ ရဲ့ သံစဉ်လှလှ စကားလှလှလေးတွေနဲ့ ခံစားကြည့်တဲ့ အ ခါ ရရှိတဲ့ ခံစားမှုဟာ ပြောပြနိုင်လောက်အောင်မစွမ်းပါဘူး။ သေချာတာတစ်ခုတော့ရှိပါတယ် သူလေ ကျွန်တော့် နား မှာ ကနေ့ အထိ ထပ်ချပ်မကွာပါ။ သိပ်ချစ်တာပဲချစ်သူရေ။ “မောင် နားထောင်ဖို့ ”တဲ့ ..... ဒီသီချင်းလေးက ....

“ဒီကမ္ဘာကြီးအဆုံးကို ကိုယ်သွားမယ် အကြင်နာ အိပ်မက်တွေ ကုန်သွားမှာကို စိုးတယ် ယဉ်ယဉ်လေး ရူးလို့ နေ သူ့ ရဲ့ အပြုံးတွေ ကိုယ်တမ်းတ ကိုယ်သတိရ .......... ပြာရီမိုးသားအောက်က သူ့ အပြုံးတွေ မှုန်ရီဝေဝါးသွားမယ့် အချိန် အချိန်ခဏလေး မျှော်လင့်ခြင်းနေ့ သစ်အောက်မှာ ကိုယ်မနိုးထချင်တော့ပါ ကိုယ်သိပ်ချစ်တယ် တကယ် သိပ်ချစ်တယ် ............ ပင်လယ်ကြီး ကိုယ် ဖြတ်သန်း အကြင်နာခွန်အားတွေ တောင်စွယ်များဝိုင်းရံ ကာရံထား အတွေးနဲ့  ဝင်ရောက်ခဲ့မယ် မမုန်းဘူး အချစ်ကလေးရယ် တစ်ယောက်တည်း မနေ ချင်ဘူး ကိုယ်တို့ ဝေးနေ မိုင်ပေါင်း ကုဋေ ........... အကြင်နာ လရိပ်အောက်မှာ ခိုနားစဉ် ကိုယ်တို့ နှစ်ဦးဝေးကြတဲ့ မိုင်ပေါင်းကုဋေခဏလေးလို ကာရံနဲ့ သီချင်း လေးများစွာ သူ့ အတွက်ဆိုညည်းခါ လာခဲ့မယ်.............” (ဇော်ဝင်းထွဋ်+ထွန်းအိန္ဒြာဗို)

ချစ်သူတွေအတွက် အကြောင်းကြောင်း ကြောင့်ဝေးကွာနေပေမယ့် နီးနေတယ်ဆိုတာ အပြောမဟုတ်ပါဘူး ... သတိရတမ်းတခြင်းတွေ ရှိနေပေမယ့် ချစ်သူ့ ကိုယ့်အနားမှာရှိနေတယ်လို့  ခံစားနေရတာ အချစ်ကို သစ်လွင်နေ စေတယ် ဘဝကို ပြည်စုံနေစေတယ်လေ .... ဘဝခရီးတွေကြမ်းပေမယ့် ချစ်သူနဲ့ သာဆိုရင် ဘယ်အရပ်ကိုသွား သွား သွားလိုက်ချင်ပါတယ် .... ဒါပေမယ့် လက်တွေ့ ဘဝဟာ လိုအပ်ချက်တွေရှိနေသေးတာမို့  နီးနေချင်ပေမယ့် ဝေးနေရတဲ့အခါ သတိရတမ်းတနေကြရတာသဘာဝပါ ကျွန်တော် သူ့ ဆီကို သီချင်းလေးတစ်ပုဒ်ပို့ ပေးပြီး နှစ် ယောက်သား အွန်လိုင်းက စကားပြောဖြစ်တဲ့အခါ ငြိမ်ငြိမ်ကလေး တူတူ နားထောင်ဖြစ်ခဲ့ကြတယ်။ ဒီသီချင်း လေးပေါ့ .....

“သူနဲ့ သာဆိုရင် ဘယ်လိုပင်ဝေးပစေ လိုက်မှာပဲ အမြဲမခွဲတွဲ အယှဉ် ................သူနဲ့ သာဆိုရင် ပန်းရနံ့ လည်း မမွှေးတဲ့လမ်းအဝင်............ကြယ်တွေမစုံလမိုက်သော ညတွင် စမ်းရေပင် ပူလောင်မီးလျှံအသွင် ............... အလှ ဆိုတာ အရှင်းမတွေ့ တောင် ခဲခက်လှပါစေ လျှောက်ချင် .......... တစ်ယောက်ကို တစ်ယောက်တွဲ လို့  တစ်သက် မကွာ မခွဲအစဉ် လက်ကိုခိုင်ခိုင် ယှက်မယ် သူနဲ့  သာဆိုရင် ......... အသည်းအသက်မကချစ်ကြင် မြတ်နိုးယုယနှောင်ဖွဲ့ အစဉ်တစ်ယောက်မရှိတဲ့ တစ်ယောက်တွင် မနေ နိုင်အောင် စိတ်မှာပင်” (R ဇာနည်+ ရှင်ဖုန်း) ...........

ချစ်သူ ကို စိတ်ပူစရာဆိုလို့ ကျန်းမာရေးမကောင်းမှာ ကျွန်တော့်ကို သတိရပြီး စိတ်အားတွေငယ်နေ မှာကိုသာ စိုးရတာပါ။ သူ သိပ်ချစ်တယ်ဆိုတာ ကျွန်တော်သိတာပေါ့။ ရင်ထဲကစကားသံတွေနဲ့ အတူ ကြီးပြင်းလာတဲ့ ကျွန် တော်တို့  နှစ်ယောက်ရဲ့ အချစ်ဟာ ကြီးမားခိုင်မာနေပြီပဲ။ ချစ်သူယိုင်နဲ့ ချိန်မှာဖေးမချင်တယ်။ ဝမ်းနည်းချိန် မှာ ပခုံးမှာမှီစေပြီး ခံစားချက်တွေ လျော့ပါးအောင် အားပေးနေချင်တယ်။ ဒါပေမယ့် ခုလို ဝေးနေတုန်းအခိုက်မှာ ချစ် သူ နားထောင်ဖို့ သီချင်းလေးတွေ ပို့ ပေး .... စကားတွေ ရတတ်သမျှ အချိန်မှာ အလုအယက် ပြောပြီးသာ နေရ တယ် ချစ်သူကိုလေ ပုံပြင်ထဲက ဟိုတာနောလို ရွှေကြုတ်ထဲထည့်ပြီးသာ မြိုထားလိုက်ချင်တယ်ဗျာ ......

“အတူသွားအတူစားကာ ပျော်ပါးခဲ့ဖူးတာ ပြန်တွေးလိုက်တိုင်း မင်းအနားနားရောက်လာ တစိမ်းတွေကြားမှာ လှုပ်ရှားရင်းနဲ့ သာ တို့ နှစ်ဦးရည်မှန်းတာ ကိုယ်မျှော်လင့်စဲပါ ရေမြေခြားသွားရတော့ မင်းလေးကို ထားခဲ့ရပြီပဲ မျက်ကွယ်ရာ မှာ မင်းလေးကို ကိုယ်စိတ်ချပါရစေ ဒါပေမယ့် ကိုယ့်အတွက်တော့ ယုံကြည်ပြီးစောင့်နေပါနော် လွမ်းရက်တွေကို တဖြည်းဖြည်းဖြတ်ကျော်မှာ ကိုယ် ဟိုးအဝေးမှာ နေတဲ့အခါ မျက်ဝန်းတွေထဲ မင်းပဲမြင် ပြန်ဆုံနိုင်မယ့် နေ့ ရက် လေးတွေ မရောက်သေးခင် ဤမှန်ကန်သော ကိုယ့်ရဲ့ သစ္စာတွေကြောင့် ဆုတောင်း ပြည့်ခဲ့ရင် အချစ်ဆုံးသာ ကိုယ့်အနားရှိစေချင် ....... ”
(R ဇာနည်)

ချစ်သူက ကျွန်တော် စိတ်မချဘူးကွယ်လို့  ပြောတိုင်းစိတ်မဆိုးပဲ ရယ်တတ်တယ် ....။ ကျွန်တော်ပြောချင်တဲ့ စ ကား ကို သူသိပါတယ်လေ ....။ နားလည်မှုလွဲစရာလည်း မလိုသလို စိတ်ကောက်စရာလည်းအကြောင်းမှ မရှိ တာပဲကို ....။ ကျွန်တော် သူ့ ကို ချစ်တာ အဲတာလည်းပါတာပေါ့။ ကျွန်တော်ပြုံးရင် သူမ နှုတ်ခမ်းလေးတွေကို ရွှင်လို့ ၊ ကျွန်တော်ရင်ထဲက စကားအစအနတွေကို သပ်ရပ်အောင်မစုစည်းတတ် မပြောတတ်တဲ့အခါ နားလည် ပေးတတ်တဲ့ ကျွန်တော် ချစ်သူကို ဒီလောက်ချစ်တာ မလွန်ဘူးထင်ပါတယ်။ ချစ်လို့ လည်း မဝဘူးရယ် ..... ချစ်သူ က ဟိုတလောက ဒီသီချင်းလေးတစ်ပုဒ်ပို့ ပေးတယ် ... ကျွန်တော့်ချစ်သူ ပို့ ပေးတဲ့ အဲဒီသီချင်းဟောင်းလေးတွေ ဟာလေ ဘယ်လောက် ဟောင်းဟောင်း ကျွန်တော့်အတွက် ကောင်းကောင်းကြီးသာနေတော့တာပါ ... အချစ် ဟာ အရာရာကိုသစ်လွင်စေတယ်ထင်ပါရဲ့ ....

မောင့်မူပိုင်ရှင် မောင့်မူပိုင်ရှင် မေတ္တာအသည်းဆက်သက်နှင်းပေးအပ်ချင် ပျက်မယွင်းတဲ့ ဘဝ တစ်ခွင် မောင့်မူပိုင်ရှင် ချစ်ကမ္ဘာမှာပင် မေတ္တာသာလျှင် ချစ်မြတ်နိုး ဆတစ်ပိုးတိုးလို့ ပင် နှောင်ဖွဲ့  သမုဒယ ငင် သစ္စာပန်ဆင် ချစ်သူနှစ်ဦး ကြည်နူးပြုံးပြုံး ရွှင် ..........ရည်စူးဆုံးဘဝတိုင်ပဲရှင်........... မောင့်မူပိုင်ရှင် မေ့ဘဝ ပိုင်သူသခင် မေ့ကမ္ဘာလည်းမောင့်အတွက်ထင် အသည်းအသက်လို ပမာတင် မောင့်အကြိုက်သဘော လိုက် လျောမတဲ့ရှင် မောင့်မူပိုင်ရှင် မောင့်မူပိုင်ရှင် ......... (ချိုပြုံး)

“မောင်ရေ .... ကျွန်မက မောင့်မူပိုင်ရှင်ပါ .... မောင်စိတ်မပူနဲ့ နော် သိပ်ချစ်တယ်မောင်ရယ် ......” ကျွန်တော့် ချစ် သူကို ချစ်ရတာ အဲတာတွေကြောင့်ပေါ့ဗျာ။“ ကျေးဇူးတင်ပါတယ် ချစ်တဲ့သူရယ် မောင့်ကို သိပ်ချစ်တဲ့အ တွက် ပါ ...” ချစ်ရတာနဲ့ အချစ်ခံရတာကို သိရှိခံစားခြင်းနွေးထွေးမှုတွေဟာ ကျွန်တော့်ရဲ့  ခြောက်သွေ့ အေးခဲနေ တဲ့ဘဝလေးကို နွေးထွေးစိုပြေလာစေတာပါပဲ .... ချစ်သူလေး လည်း ကျွန်တော့်လို နွေးထွေးပါစေ ....။

********************

ကျွန်တော် မအားလို့ စာမရေးနိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ကြပါဦးနော .... အားတဲ့အချိန်တွေကြိုးစားပြီးရေပါဦးမယ် ရင်ထဲမှာတော့ နေတိုင်းရေးဖြစ်နေပါတယ်ဗျာ။ ညည်းဖြစ်ဆိုဖြစ်တဲ့သီချင်းလေးတွေထက် အမှတ်တရ မေ့မရတဲ့ သီချင်းလေးတွေကို တက်ဂ်ပိုစ့်လေးအဖြစ် ရေးပြီးပါပြီ မနှင်းဟေမာရေ .... ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်။ Fiction လား ဘာလားဆိုတာတော့ မမေးကြေး နော ..... :P ကျေးဇူး မနှင်းဟေမာ ....။


ပုံလေးကို ဒီက ယူပါတယ်

စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား


Friday, October 9, 2009

ယဉ်ယဉ်လှတဲ့ တင်တင်လှ


ကြည့်စမ်းပါဦး ဒီမိန်းမ အသက်သုံးဆယ့်ငါးနှစ်ဆိုတာ ဘယ်သူ ယုံမလဲ။ မျက်လုံးလေးကို ကြည့်ပါဦး နုပျိုစို လက် နေတာပဲ။ မျက်တောင်ကြီးများကလဲ နက်မှောင်ကော့စင်းလို့ ။ မျက်ခုံးကြီးများကလည်း စာသံပေသံ နဲ့ ပြောရရင် ဇင် ယော်တောင်တွေလို မထူမပါးကော့ကော့ကြွားကြွားနဲ့ ။ နှာတံပေါ်ပေါ်လေးကလည်း ဖြောင့်လို့  စင်းလို့ ။ ပါး လေးက မို့ နေလိုက်တာများ မွေးကင်းစ ခပ်ဖွံ့ ဖွံ့ ကလေးလေးပါးလိုပဲ အိအိကလေး။ သေချာအနား များကပ် ကြည့် လိုက်ရင် မွေးညှင်းနုနုလေးတွေရယ် အကြောစိမ်းစိမ်လေးတွေရယ်နဲ့  ထိရက်ကိုင်ရက်စရာ မရှိ ဘူး။ဟော နှုတ်ခမ်းလေးကိုကြည့်ဦး မလား ပါးပါးလျလျ သွယ်သွယ်ရောင်းရောင်းနဲ့ ။ ဟောလို ဆေးနီနီလေး များ တင်ထား လိုက်ရင် မပြုံးလိုက်နဲ့ ပြုံးလိုက်တာနဲ့ ရှိသမျှ ဖိုသတ္တဝါတွေ တုံး ကနဲ လဲသေသွားလောက်တယ် ဟင်း ...ဟင်း ...။

ဘယ် ..... ဟို မခင်စန်းဆိုတဲ့ မိန်းမ ကိုကြည့်ပါ ဦး ကိုယ့်ထက်တောင် သုံးနှစ်လောက်ငယ်သေးတာ။ ရှုံ့ တွနေ ပြီ။ နဖူးရည်တွေတောင် တွန့် တက်နေပြီ။ ဆံထုံးလေးများမထုံးလိုက်နဲ့ အဖွားကြီးအို ပေါက်စလေး ကျနေတာ ပဲ။ မ ပြင်မဆင် နဲ့ မခင်စန်းတို့ မ ယဉ်လိုက်ပုံများ။ နဂိုကမှ တင်မရှိ ရင်မ ရှိ ပြားချပ်ချပ်ကို ဝတ်လိုက်ရင် အဖွား ကြီး ဆင်တွေချည်းပဲ။ မိန်းမလုပ်ပြီးလူကလည်း ထိုးထိုးထောင်ထောင်နဲ့ လက်ပြင်ကလည်း ကိုင်းပြန်သေးတော့ ...... လေးကိုင်းကြီးလိုပဲ။ အိုး .... တင်တင်လှတို့ နဲ့ များကွာပါ့။ ဟောဒီမှာနဖူးလေး များ အရည်တွန့် ဖို့ မပြောနဲ့  နုလွန်း ညက်လွန်း တင်းလွန်းရင်းလွန်းလို့ ခြင်တွေ ယင်တွေများ နားရင်တောင် မှောက်ရက်လဲသွားနိုင်တယ်။

လည်တိုင်လေးမှာ အရစ်ကလေးတွေကလည်းရေးရေးလေး ပေါ်နေသေးတယ်။ မင်းကတော် စိုးကတော် တွေမှ ဒီလို အရစ်ကလေးတွေ ပါသတဲ့ လေ။ ဘယ်လို လည်စွဲမျိုး စွဲချင်သလဲ လာစမ်းပါ စမ်းကြည့်လိုက်စမ်းပါ။ ဘာတဲ့ ဟို မင်းသမီး ....... ။ အဲသည်လောက်ကတော့ တင်တင်လှတို့ က ပြင်းတောင် ပြင်းသေး လို့ အော်လိုက်ချင်တယ်။ ဟော ကိုယ်လုံးကိုယ်ထည်ကိုကြည့်ဦးမလား။ မြန်မာလူမျိုးတွေများ ပြောကြ တယ် လုံးကြီးပေါက်လှတဲ့ ဘယ့်နှယ့် အဲသည်လို လုံးကြီးပေါက်လှသာဆို ဂစ်တာကြီးလို ရင်သေးသေး တင်ကြီး ကြီးနဲ့ အချိုးမကျ နဲ့ ပုကွကွ ကြီးဖြစ်နေ မှာပေါ့။ သူတို့ က မမြင်တတ်တာ။

ဒီမယ် တင်တင်လှ ပေါင်တံလေးတွေ ကြည့်စမ်း။ သွယ်သွယ်စင်းစင်းလေး။ ရင်လေးကလည်း သူ့ အရွယ်နဲ့ သူ တင်ကလေးကလည်း ပေါင်တံလေး ခါးကလေးနဲ့ အလိုက်အထိုက်တော်ရုံကလေး။ ဒါမှ ဘိုဆန်တဲ့ အလှ လို့  ခေါ် တာ။ ဝတ်လိုက်စားလိုက်ရင် ဘာဝတ်ချင်သလဲ ဘိုစတိုင်ဖမ်းချင်သလား။ မြန်မာလို ဝတ်ချင်သလား ချပ်ချပ် ရပ် ရပ်နဲ့ သူ့ နေရာသူတင်းတင်းရင်းရင်းနဲ့ ။ ဒါမျိုးမှ ကိုယ်လုံးလှတယ် ခေါ်တာ။ ဂစ်တာကြီးလိုသာဆို ဘယ့်နှယ့်လုပ် ကြည့်ကောင်း မလဲလေ။ အသားအရေ ကိုကြည့် ဟို နွယ်နွယ်အေး ဆိုတဲ့ မိန်းမလို သွေးရောင် မရှိတဲ့  ဖြူစုပ်စုပ် လည်းမဟုတ်။ မခင်စန်းလို မည်းမည်းနဲ့ မွဲမွဲခြောက်ခြောက်လည်းမဟုတ်။ အတော်ကလေး ရယ် ညိုရောင်ပြေး တဲ့ ဖြူလွင်လွင်ကလေး။ ဒါမျိုးကိုမှ မြန်မာမ လှတယ် ခေါ်သပေါ့ ဟင်းဟင်း ...။ ဟော ဆံပင်လေးကျလည်း ခေတ် အလိုက် ကိုးရီးယားစတိုင်ပေါ့။

အမေက ငယ်ငယ် ကတည်းကပြောတယ် ငါ့သမီးက မင်းကတော်ရုပ်ကလေးတဲ့။ အရပ်ထဲမှာ ပွဲလမ်းသဘင်များ သွားလို့ ကတော့ ရှိသမျှကာလသားတွေ ငုတ်တုတ်မေ့အောင်ကြည့်ရတာ ဒီက တင်တင်လှပေါ့။ ဟင်းဟင်း အ သံကလေး ကလည်း ချိုသတဲ့ သာသတဲ့ နားထဲကို အဝင်အေးသတဲ့ ။ မျက်စောင်းလေး ချိတ်လိုက်ရင် အဲဒီ သ ကောင့်သားတွေ အသက်ရှူတွေ မှားမှားကုန်တာက တစ်မျိုး၊ ဗွက်အိုက်ထဲ ဟပ်ထိုးလဲတာက တစ်ဖုံ၊ သူတို့  ကောင် မတွေနဲ့ ပြဿ နာတက်လို့ ကွဲကြတာကတစ်မျိုးနဲ့ ။ တင်တင်လှတို့ လှချက်ကယ် ပြောရမှာ ရှက်တောင် ရှက်ပါတယ်လေ။ ဘယ်နေရာရောက်ရောက် အလှသွေးတွေ စိုစိုလက်ကယ်နဲ့ မို့ ဗိုလ်ပုံလည်မှာ ဖျတ်ကနဲ ကြည့် တာနဲ့ ထင်းကနဲ လင်းကနဲ မြင်ရလောက် အောင် ဝင်းဝင်းဝါဝါနဲ့ ကို လှခဲ့တာပါလေ။ တင်တင်လှတို့ က လှရုံ တင် မကပါဘူး။ ခေတ်ပညာလေး ကလည်း အထိုက်အလျောက် တတ်ပါတယ်လေ။

တက္ကသိုလ်တုန်းကလည်း ဘော်တနီကွင်းဖြစ်ရုံတင် ဘယ်ကမလဲ။ ဟောဟို က တော်ကြတတ်ကြပါတယ် ဆို တဲ့ ဆရာဝန်လောင်းတွေ အင်ဂျင်နီယာလောင်းတွေကတောင် ကျော်ကျော်ကျူးကျူးနဲ့ ကိုလာလာပြီး ပိုးရပန်းရ တာ ကိုးလေ။ ဝဇ္ဇာသိပ္ပံ မှာတော့ ပြောမနေပါနဲ့ ။ ကျွန်မ တင်တင်လှကလေ ကိုယ်တိုင်လှရုံဘယ်ကမလဲ အလှ က လည်း ကြိုက်တယ်တော်ရေ။ အမေတို့ ပြောတဲ့မင်းကြိုက် စိုးကြိုက်ကြီးတော့မဖြစ်ချင်ပေါင်။ မတော် နွားထော် ကားယား ကျွဲကားယားကြီးနဲ့ ညားမှ။ အလိုတော် ရွ့ံစရာကြီးပါ။ ဒါပေမယ့် တင်တင်လှ ကံကောင်းပါ တယ်။ လင် လှလှလေး ရတယ် တော်ရေ့ ။ လင်လေးက အချောအလှ၊ ပညာလေးကလည်း တတ်လို့  စီးပွားရေး လုပ်ငန်းလေး က လည်း စည်လို့ ပင်လို့ တောင်ဖြစ်နေပြီ။ လူလေးကလည်း ဖြူဖြူ သန့် သန့်  ခန့် ခန့်  ချောချော လေးဆိုတော့ အဲဒီတုန်းက မြင်လိုက်ရရ ချင်း တင်တင်လှတို့ ရင်ထဲ ဘယ့်နှယ်ကြီးမှန်းမသိပါဘူး .... ချိုအီအီကြီးကိုဖြစ် လို့  ... ဟင်းဟင်း ....။

တင်တင်လှရဲ့ ကိုကိုကလေ အမောင်းလေးကလည်း ကောင်း၊ ပညာလေးနဲ့ ဟိတ်ဟန်ကလေးကလည်း ပြောင် ပြောင်ရောင်ရောင်နဲ့ ။ မမူခဲ့ပါဘူး တင်တင်လှတို့ ။ ချက်ချင်းပဲ အင်းကနဲ လုပ်ပစ်လိုက်တာပေါ့။ မတော် သူစိတ် ညိုသွားမှဖြင့် ရင်ကျိုးရချီရဲ့ ။ ဥစ္စာပေါရုပ်ချော ကိုကို့ ကို တင်တင်လှက ဘယ်အလွတ် ခံပါ့မလဲ။ ဟုတ်တယ် မ လားတော်ရယ်။ တင်တင်လှလို မိန်းမလှနဲ့ ယူတဲ့ ယောက်ျားက မည်းမည်းသဲသဲနဲ့ ဆို ကျီး ကန်းကြီး ဘဲဥချီလာ သလို ကြည့်လို့ မှမတော် မြင်လို့ များရှိ ထော်လော် ကန့် လန့် ကြီး ဖြစ် နေတော့မပေါ့။ ဟော ခုတော့ ကျွန်မ တင် တင်လှ က ယဉ်ယဉ်နဲ့ လှသလို လင်လှလှလေးနဲ့ ပေါ့တော်။ ဒီထက် တင်တင်လှ တို့ အ လှကြိုက်တာပေါ်အောင် ပြောရရင် အိမ်မှာကူလုပ်ဖို့ အကူ ကလေးမလေး ခေါ်ထား တာတောင်မှ သနရုပ်ပလေး ခေါ်ထားတယ်ရှင်။ အ သန့် အပြန့် ကလည်း ကြိုက်တော့ အဲသည် ကလေးမတောင် တင်တင်လှ အဝတ်ကလေးတွေ ပေးပေးဝတ်ရင်း က သူကလေးတောင် အတော်လှ နေတယ် ..... တကယ်ပါပဲ။

သူ ကလား ကိုကိုက တင်တင်လှကို ချစ်သမှ ငုံထားမတတ်ပဲ။ တင်တင်လှဘာလို ချင်သလဲ။ မိတင်လှ တို့ များ ကံ လေး က လိုက်တော့ လက်ညှိုးညွှန်ရာ ရွှေဖြစ်တယ်ပြောရမယ်။ ဟော ..... အိမ်ဆိုအိမ် ကားဆိုကား လက်ဝတ်
ရတနာ တွေက တော့ ပြောမဆုံးမှာမို့  မဆိုတော့ပါဘူးလေ။ “လှရယ် အချစ်ရယ် မင်းတသမျှ ရစေရမယ်” တဲ့ လေ။ ဒါပေမယ့် တင်တင်လှတို့ က လင်အလိုလိုက်လို့ မိုက်လိမ့်မယ် မထင်နဲ့ နော်။ မယားအလှ အလိမ္မာကလေး ပါ။ ကိုကို က ပင်ပန်း မှာစိုးလို့  အိမ်အကူလေး ခေါ်ပါဆိုလို့ သာ လင့်စကားအရာရောက်အောင် ကျေနပ်အောင် အခေါ်ထားရတာ။ ကိုကို က တင်တင်လှ ချက်တာမှ ခံတွင်းတွေ့ တယ်လေ။ အလုပ်က ပြန်လာလို့  မောမော ပန်းပန်းနဲ့ ဆို လှရဲ့ အပြုံးနဲ့ မှပြေသလို ဝမ်း လေးများဟာလာရင် လှ ချက်တာကမှ အာသာ ပြေသတဲ့လေ။ ကိုကို ကသိပ်ချစ် လို့ များလားမသိပါဘူး ကိုကို့ အတွက်ဆို မိတင်လှတို့ သွက်လက် ဖျတ်လတ်နေတာ။ အမေကတော့ ပြောတယ် “အောင်မယ်လေး ငါ့သမီးများ မယားဝတ်တွေ ကျေနေလိုက် တာ မြင်ပြင်းတောင် ကတ်တယ်”တဲ့ လေ။

အလုပ်တော့ လုပ်ချင်ပါတယ်။ ကိုကို့ ကို ခွင့်တောင်းတော့ ကိုကို က မျက်ထောင့်နီကြီး နဲ့  ကြည့်တယ်။ လှကို ခိုင်းဖို ယူထားတာမဟုတ်ဘူးတဲ့ ချစ်လွန်းလို့ ယူထားတာတဲ့လေ။ လှ အိမ်မှာ အလုပ်တွေ လုပ်နေ တာတောင် ပြောမရလို ထားရသတဲ့။ ဒီတော့လည်း ကျွန်မ မယားအလှ အလိမ္မာကလေးကလည်း ခေါင်းလေး ငြိမ့်ပြီး “ဟုတ် ကဲ့  ပါရှင်ရယ် ဟုတ်ကဲ့ပါ ကိုကိုရယ်နဲ့ ”သူ့ ရင်ခွင်ထဲ ခေါင်းကလေးထားလို့  လိုက်နာရ ပြန်တာပေါ့ လေ။ အင်း ပေါ့လေ သားကလေး ကတစ်ယောက် သမီးကလေးက တစ်ယောက် လူလားမြောက်တဲ့ အထိ စင်းစင်းကြီး လှနေ တဲ့ မယားဆိုတော့လဲ ချစ်တာပေါ့လေ။ ဟိုမခင်စန်းလို မီးယပ်ပိန်နဲ့ ခြောက်ကပ်နေရင်တော့ ဒီအချိန် တင်တင်လှ တို့  မျက်ရည်နဲ့ မျက်ခွက် လင်ပစ်လို့ ဟစ်ဟစ်ပြီးအော်ငိုနေရမှာပေါ့။

တင်တင်လှကို လူအများက အားကျ ကြတယ်လေ။ တင်တင်လှ ဘာတွေလုပ်ရသလဲဆိုတာမှ သင်းတို့ က မသိ ဘဲကိုး။ အလှတွေလျော့လို့ လင့်အချစ်တွေ ပေါ့သွားမှာစိုးလို့ အိမ်ထောင်သက်တွေ ရှည်ကြာ လာ တိုင်း ဒီအလှ တွေကို မပျက်ရအောင် ထိန်းရသိမ်းရတာပေါ့။ ကလေးတွေကလည်း လက်လွတ်နေပြီ ဆိုတော့ တင်တင်လှတို့  ကိုယ့်ကိုကိုယ် ပိုပြီးပြုပြုပြင်ပြင်လုပ်နိုင်တာပေါ့။ ကလေးတွေ ကြီးမှ မဟုတ်ပါဘူး ကလေး တွေ ငယ်တုန်းက လည်း ဒီလိုပဲ ဘယ်လောက် မအားမအား သနပ်ခါးကလေးတော့ ပါးလေးပေါ် တင်ထားလိုက် တာပဲ။ ကိုကို အ လုပ်သွားခါနီးလေး နမ်းလိုက်ရင် ကြိုင်ကြိုင်လေးမွှေးနေမှ ဖြစ်မယ်လေ ဟင်းဟင်း .....။ ကလေးသေးစော် နံနေ ရင် ကျွန်မယောက်ျားအချော ကလေး ရွှေစိတ်တော် တွေ ညိုးမသွားရအောင်ပေါ့။ ဒါမျိုးဖြစ် ဖန်များတော့ တစ တစ အပြစ်မြင်သွားရင် မခက်ပလား။

ခုတော့ တင်တင်လှ အရွယ်လေးကလည်း ရလာပြီလေ။ ဇရာကိုတော့ တင်တင်လှ လည်း အံ မတုနိုင်ပါဘူး။ ဒီ တော့ အစားလေးက စ အသွားလေးက အဆုံး ထိန်းရသိမ်းရ နေရထိုင်ရတော့တာပေါ့။ ဟော မနက် ကိုကို လမ်း လျှောက်တဲ့ အခါ တင်တင်လှကလည်း ခါးကလေးလိမ်လိမ်ပြီး လျှောက်တာပေါ့။ ကိုကို ပြေးတဲ့ အခါ ကျပြန်တော့ လည်း ရင်ကလေး တချီချီနဲ့ ပြေးတာပေါ့။ ကိုကို ကိုယ်လက် လှုပ်ရှား သွေးပူကလေး လုပ်ပြန်တော့ တင်တင်လှ လည်း ခြေကလေးဆတ် ကိုယ်ကလေးခါနဲ့ အဆီဆို ပါးပါးလျလျလေးတောင် မတက်ရလေအောင် လုပ်ရ ကစား ရတာပေါ့။ ဟော တစ်ခါတစ်ရံ နေ့ ခင်းနေ့ လည်အားတဲ့ အခါ အိပ်မိရင် အဆီစုမှာ စိုးလို့  စာဖတ် တဲ့ အခါဖတ် မြူးမြူးကြွကြွ သီချင်းလေးဖွင့်ပြီး အေရိုးဗစ်ကလေးကလည်း စိတ်ပျော်ကိုယ်နုတယ်ဆိုပြီး ကစားတဲ့ အခါ ကစား လိုက် သေးတယ်လေ။

အစားကျပြန်တော့ကော အဆီဆို တင်တင်လှတို့ အဆိပ်လိုရှောင်တယ်။ အသားလှအောင် ဗီတာမင်အေပါတဲ့ အ သီးအနှံတွေစားတယ် အရွက်စိမ်းစိမ်းတွေကို မိန်မိန်ဝါးတယ်။ အသားဟင်းဆို ဆီစိုရုံ ပါလေရံ လေး ဝက်သား
သုံးထပ်သားများဆိုဝေလာဝေးပေါ့။ မြင်ကြည့် လှည့်ပါ တင်တင်လှ ဘယ်လောက် အဆင်တွေပြေပြီး လူတွေ ငေးအောင် လှနေလိုက်မလဲလို့ လေ။ သူ့ အချိန် ဇယားနဲ့  သူ မာမီတွေဆီသွားပြီး ပေါင်းတင်ရတာက တစ်မျိုး၊ ဆံပင်လေး ပုံစံပြောင်းရတာ တစ်မျိုးနဲ့  ပိုက်ဆံ တွေကတော့ ကုန်သပေါ့လေ။ ဒါပေမယ့် လင်ကချစ်တယ် လင် မပစ်ဘူးပေါ့။ မခင်စန်းတို့  နွယ်နွယ် အေးတို့  များ ကျွန်မကို မတွေ့  လိုက်နဲ့ တွေ့ လိုက်တာနဲ့ ဟယ် မမတင်ရယ်
ဆယ်ကျော်သက်လေးကျ လှလိုက်တာ နော်....တဲ့  ။ ဒီမိန်းမတွေကလည်း အဲလို .... အဲလို ....သုံးဆယ်ဖြတ်ပြီး လေးဆယ်ကပ်နေတဲ့ မိန်းမက ဆယ်ကျော် သက်လို တော့ လှမတဲ့လား ... ဟင်းဟင်း ....။

ဒါပေမယ့် တင်တင်လှ လှလှလေး ပြုံးလိုက်မိတာပေါ့လေ။ ကလေးနှစ် ယောက်ကို မွေးစားထားတာများ လားလို့ မေးတဲ့ သူကမေးသေးတယ်။ ဒီအခါကျတော့ မိခင်မာန်လေးတက်ပြီး ခါးလေးထောက် မေးလေးငေါ့ပြီး ခပ်ဆတ် ဆတ် ကလေး ပြန်ငေါက်ရတယ်လေ ...“ ဟဲ့ ငါ့သားသမီး ငါမမွေး လို့ ဘယ်သူမွေးမလဲ .. ကလေးတွေ ကြားလို့ ယုန်ထင်ကြောင်ထင် ထင်ပါ့မယ် ”လို့ ပြောရတယ်။ ကွယ်ရာကျမှ ကိုယ့်ဟာကိုယ် မျက်နှာကြီး စပ်ဖြီးဖြီး နဲ့ ကြိတ် ပြီး ပြုံးတာလည်း ပြုံးတာပေါ့။ လူတွေကအဲလို ခက်တယ်။ အင်းပေါ့လေ ဒါမှကိုကို က နှစ်ယောက် တည်းရှိရင် “အောင်မယ်လေး ကိုကို့ ရဲ့  ယဉ်ယဉ်ပြီးလှတဲ့  တင်တင်လှလေး ရယ် ချစ်လှချီရဲ့ ကွယ် ”ဆိုပြီး ပြောမှာ ကိုးလေ။ လင်မပစ်အောင် တင်တင်လှ ပေးဆပ်ရတာတွေ ပေါ့။ လွယ်တယ် များ မှတ်လို့  ...။

အော် မိန်းမတွေများလည်း လှပြန်တော့လည်း တစ်ဒုက္ခ မလှပြန်တော့လည်း တစ်ဒုက္ခ ..... ခုထိတော့ တင်တင် လှ တို့  အဲဒီဒုက္ခတွေကို ဆင်းရဲခြင်းလို့ မမြင်မိသေးဘူးလေ ....။ ဒီတော့ ဆက်ပြီး ပြုရပြင်ရဦးမှာပေါ့ .... တစ်ခုပဲ လိုပါတယ်လေ ချစ်လင်ကြီးက ချစ်နေဖို့ မဟုတ်လား။ သူ့ အတွက် ချည်းပါပဲလေ..... ဟင်းဟင်း ...။ လှတယ်လို့ အပြောခံရဖို့ ကလည်း တယ်မလွယ်လှပါဘူး....။ တင်တင်လှ သာကြည့်လှည့် .....။

တင်တင်လှ သက်ပြင်းလေး အသာချပြီး ကက်ဆက်ခလုပ်လေးကို အသာနှိပ်လိုက်သည်။ ကိုယ်ကြပ်အကျီ င်္ထဲ အ ကျရှိနေတဲ့ ခန္ဓာကိုယ်လေးကို အသာလေးလှုပ်ပြီး ကက်ဆက်က ထွက်လာတဲ့ ဂီတသံလေးနဲ့  အဆီချ သင်ခန်း စာ နံပါတ်တစ်ကို စလိုက်ပါသည်။ “လှလိုက်တာ တင်တင်လှရယ် ” ဆိုတဲ့စကားကလည်း တင်တင်လှရင်ထဲ ဘိန်းစွဲသလို စွဲနေတော့ ..... လှုပ်ဟဲ့ ကဟဲ့ အဆီကို မတက်စေနဲ့ တင်တင်လှရဲ့ ဆိုပြီး ကိုယ့်ကိုကိုယ် ကြိမ်းဟယ် မောင်းဟယ် နဲ့  နေရလေသည်။ အော် .... လင်တစ်ယောက် တန်ဖိုးကလည်း တယ်ကြီးသကိုးလေ ...ဟု တင်တင် လှ တစ်ယောက် တစ်ကိုယ်တည်း ရေရွတ်ရင်း ...။


**********************


စာဖတ်လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ

ရန်ကုန်သား :D

Saturday, October 3, 2009

အချစ်သာပေးပါ ......


“ချစ်သူရဲ့ တောင်းဆိုမှုတွေနဲ့  ပင်ပန်းနွမ်းနေနေပြီလား ........
ချစ်သူရဲ့ တားမြစ်မှုတွေနဲ့ မွန်းကြပ်နေပြီလား........
ချစ်သူရဲ့ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ကျွန်တော့်မှာ အားအင်တွေရှိပါသေးရဲ့ လား .......”


ချစ်ခင်မြတ်နိုးလွန်း၍ ချစ်ပါရစေဟု ခွင့်ပန်ခဲ့သည်မှာ ကျွန်တော် ကိုယ်တိုင်ပင်ဖြစ်သည်။ သူမကို ချစ်ခွင့်ရလျှင် ကျွန်တော့် ဘဝ အရာရာပြည့်ပြည့်စုံ လုံငသွားလိမ့်မည်ဟုလည်း ယုံကြည်ခဲ့သည်။ ကျွန်တော့် ရင်၌ အချစ် ဟု အ များခေါ်ဆိုအပ်သော အရာသည် ထုံးဖွဲ့ ရစ်နှောင်စွာ ပေါက်ပွားဖြစ်တည်ခဲ့သည်ဟုလည်း သိရှိခဲ့သည်။ သူမ သာ ကျွန်တော့် ဘဝတွင် မရှိခဲ့ရင် ကျွန်တော် အသက်ရှုလျှက် သေဆုံးနေသောသူ တစ်ယောက် .... ပြုံးနေသော် လည်း ကောင်းစွာမပျော်ရွှင်ရသူတစ်ယောက် .... ဖြစ်ကောင်းဖြစ်သွားပေလိမ့်မည်။ ကျွန်တော်သေ သွားနိုင် တယ် လို့ ပြောရင်တော့ အနည်းငယ် ယုတ္တိမတန်ဖြစ်ပေမည်။ ဒီအချက်သည် ကျွန်တော့် အခက်အခဲများ အား လုံး ၏ အရင်းအမြစ်ဟုကလည်း ဆိုနိုင်ပါသည်။

အချစ်သည် စတင် ထိတွေ့ ဖို့ ကြိုးစားခဲ့ချိန်တွင် အလွန်တရာ ရေ ငတ်နေသူတစ်ယောက် ရေကို တွေ့ ရသည့် ခံ စားချက်မျိုးကို ပေးသည် ... ဒီရေ ကိုသာ သောက်လိုက်ရရင် ရင်တစ်ခုလုံး အေးအေးမြမြ ဖြစ်သွား လိုက်မည့်ဖြစ် ခြင်း ..... ဒီရေ ကိုသာ သောက်လိုက်ရရင် .... အားတွေ မာန်တွေ တဟုန်းဟုန်းပေါ်ပေါက်လာလိုက်မည့်ဖြစ်ခြင်း။ အဲဒီရေ ကို သောက်သုံးနေချိန် တွင်လည်း မျှော်လင့်ထားသလို အေးလည်း အေးမြပါ၏ ခွန်အားတွေလည်း ပေါက် ပွားလာပါ၏။ ချစ်လည်း ချစ်လိုက်ရ ပါ၏။ ကျေနပ်မှု ပီတိကိုလည်း လှိုက်ဖို အေးမြခံစားရပါ၏။ .....

အဲဒီအချစ်ကလေးသည် ကဗျာတွေ စာတွေထဲကလို တောင့်တမှုကင်းမဲ့နေလျှင်ကောင်းမည် .... အေးမြနေလျှင် ကောင်းမည်.... ခွန်အားတွေ ပေးလျှင်ကောင်းမည် ..... ကျွန်တော့် စိတ်ကူးထဲက အချစ်သည် ထိုသို့ ဖြစ်၏။ ချစ် ခြင်းသည် ဤမျှ မရိုးစဉ်းပါ။ တွက်ရခက်သော ပုစ္ဆာတစ်ခုလိုလည်း ရှုတ်ထွေးမှု မရှိပါ။ သို့ သော် အဖြေကား သိ နေလျှက်နှင့် သက်သေပြရခက်လွန်း၏။ သူမ ကို ကျွန်တော် ချစ်သားလားဟု မေးလျှင် ချစ်ပါသည် အရမ်းချစ် ပါ သည်။ သူမ ကကော ကျွန်တော့်ကို ချစ်ပါသလား။ ချစ်သည်ဟု ထင်ပါသည် ချစ်ကောင်းချစ်နိုင်ပါသည်ဟု ဖြေ ရ ပေမည်။

မိန်းမတစ်ယောက်၏ ချစ်ခြင်းကို ရယူပိုင်ဆိုင်ခြင်းအတွက် ထိုထိုသော ယောက်ျားသည် အဘယ်ကယ့်သို့ သော အရည်အချင်းများဖြင့်ပြည်စုံရမည်နည်း။ ဥစ္စာပစ္စည်းပြည်စုံရန်လို၏ ပညာတတ်က ပိုကောင်း၏။ ကြင်နာတတ်က ပို၍ ကောင်း၏။ ကိုယ့်ကို ရင်နှင့်ရင်း၍ချစ်သော ယောက်ျား ဖြစ်ဖို့ ကား အရေးအကြီးဆုံးဖြစ်သည်။ အချို့ သော အမျိုးသမီးများက “သူချစ်ကို သာလိုသည် ” ဟုပြောကြသည်ကို ကြားဖူး၏။ အချစ်သည် ထိုကဲ့သို့ သော စုံတွဲများ ကြားတွင် မျက်စိသူငယ် နားသူငယ်ဖြစ်နေရတတ်သည်။ ကျွန်တော်သည် အချစ်ကို လည်း ကောင်း မိမိကိုယ်ကို လည်းကောင်း တန်ဖိုးထားသော အမျိုးသမီးကို ချစ်လို ပါသည်။ လက်ထပ်ထိမ်းမြားလို ပါသည်။ သို့ သော် ထိုသို
သော ရွေးချယ်ပိုင်ခွင့်သည် လက်တွေ့ တွင်အလွန်နည်းပါးလှသည်။ အချစ်ကို အရင်းတည်လျှက် ဘဝကို တည် ဆောက်လိုသော ယောက်ျားတစ်ယောက် အတွက်ဟူက ပို၍ မှန်ကန် ပြည့်စုံပေလိမ့်မည်။

သူမ သိပ် သဝန်တိုတတ်ပါသည်။ ကျွန်တော့်ကို ချစ်လွန်း၍ ဟု ယူဆခဲ့သည်။ သို့ သော် အချိန်ကြာလာသောအခါ ကျွန်တော့်အား ယုံကြည်မှု မရှိဘူးဟု မြင်လာပါသည်။ ကျွန်တော့်၏ စောင့်ထိန်းနိုင်မှုကို သံသယဖြစ်လွန်းသည်၊
နာ နာ ကျင်ကျင်ဆိုပါက စော်ကားလွန်းသည်ဟု မြင်လာ၏။ ထိုအခါ ကျွန်တော့ မာနက ဟက်ကနဲ အမောက် တ ဝင့်ဝင့်ဖြစ်လာရသည်။ ထိုမာနသည် အချစ်၏ ဖျောင်းဖျမှုအောက်တွင် အသာတကြည် ပျော့ပျောင်း ငြိမ်သက် နေပါ့မလား။ ကျွန်တော်လည်း သေချာစွာမသိပါချေ။ မြင့်မြတ်သော ယောက်ျားဟု မဆိုချင်ပါ သို့ သော် အချစ်ကို မြတ်နိုးသည့် ချစ်သူကို တန်ဖိုးထားသည် ယောက်ျားတစ်ယောက်ဟု သာဆိုချင်ပါသည်။ သို့ သော် သဝန်တို တတ် လွန်းသော မိန်းမကို ချစ်သော ယောက်ျားသည် အလွန်တရာ စောင့်ထိန်းနိုင်သူဖြစ်ခြင်းမှာ သဘာဝ၏ အတော်တဆမှု တစ်ခု ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ချစ်သူကို ချစ်ခြင်းနှင့် ချုပ်ချယ် ဘောင်ခတ်ခြင်းသည် ပြဒါးတစ်လမ်း သံတစ်လမ်းဟု ကျွန်တော်ယုံကြည်ပါသည်။ သို့ သော် လက်တွေ့ တွင် ကျွန်တော်ကိုယ်တိုင် ထုံးနှောင်ခဲ့သော ထိုနှောင်ကြိုးတဖြစ်လဲ အချစ်၏ ဘောင်ခတ်မှု
များ တွင် အသားကျယောင် ဖြင့် ဖရိုဖရဲဖြစ်လိုနေခဲ့ပါသည်။ ဒီ မိန်းမကို ကျွန်တော် ချစ်ခဲ့မိပါသည်။ ချစ်သူက မ လုပ် နဲ့ လို့ ပြောသည်ကို ၏သည် မလွဲလိုက်နာလျှက် ဂုဏ်ယူတတ်ကြသည်မှာ လူငယ်တိုင်း၏ သဘာဝဖြစ် သည်။ ချစ်သူ ကပြောထားတယ် ဆေးလိပ်မသောက်နဲ့ ... အရက်မသောက်နဲ့  ... ချက်တင် မထိုင်နဲ့ ......စသည် စသည်ဖြင့် .....။ ကြည်နူးစရာ ပျော်ရွှင်စရာ ကောင်းလွန်းလှပေသည်။ ချစ်သူ၏ တောင်းဆိုမှုများကို ကြိုးစားဖြည့် ဆည်း ပေးရခြင်းသည်လည်း သာ၍ပင်ပျော်စရာကောင်းသောအရာများဖြစ်သည်။ ချစ်သူသည် ထိုယောက်ျား ငယ် အား အမှန်တကယ်ချစ်ခင်မြတ်နိုးခဲ့လျှင် ပိုကောင်းပေမည်။

သူမ သည် ကျွန်တော့်အတွက် တစ်ဦးတည်းသော အချစ်ရဆုံးသော သတိုးသမီးလောင်းဖြစ်ပါသည်။ ထိုအချိန် တွင် ကျွန်တော်ရောက်နေသော သူမ နံဘေးက နေရာသည် အလွန်တရာ ကျဉ်းမြောင်းလွန်းနေခဲ့သည်။ ကျွန် တော့် အချိန်တွေ၊ ကြိုးစားအားထုတ်မှုတွေ၊ လိုက်လျောမှုတွေ၊ ပေးဆပ်မှုတွေ၊ စွန့် လွှတ်ခဲ့တာတွေ အတွက် ရရှိ လိုက်သော အရာသည်မွန်းကြပ်မှု တစ်ခုသာဖြစ်သည်။ သူမ၏ တောင်းဆိုမှု မှန်သမျှကို လိုက်လျောဖို့ ကြိုးစား လျှက်က ကျွန်တော် ကျဆုံးနေခဲ့ခြင်းဖြစ်မည်။ ကျွန်တော်ချစ်သော မိန်းမသည် အလိုကြီးသော မိန်းမတစ် ယောက်ဖြစ်နေခဲ့ပါသည်။ သူမ၏ လိုအင်များကို ဖြည့်ဆည်းပေးနိုင်ဖို့ ရာ အင်အား ရှိမှ ရှိပါစေလေစ ဟု ပထမ ဆုံး အကြိမ်သံသယ ဖြစ်ခဲ့မိပါသည်။ သို့ သော် ဒီမိန်းမကို ကျွန်တော်ချစ်ပါသည်။

“အချစ်သည် ရွေးချယ်မှု မဟုတ်ပါ။
အချစ်သည် ကံစမ်းမဲနှိုက်ခြင်းဟု ဆိုက မှန်ကန်နိုင်သည်။
သို့ သော် သူမက ကျွန်တော့် အချစ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။”

“အိမ်မှုကိစ္စတော့ ဘာမှ မတတ်ဘူး ဒါကြောင့်လည်း ကျွန်မတို့ က အိမ်အကူ ခေါ်ပေးနိုင်တဲ့ ယောက်ျားကို ရွေးကြိုက်တာလေ .....”

“လိုတိုင်းတ ရလို့ ပဲ ဒီယောက်ျားကို ကျွန်မယူဖို့ ဆုံးဖြတ်လိုက်တာပေါ့ ....”

“သူချစ်ကို ရတာ ကျွန်မ ကံကောင်းလို့ ပဲဖြစ်မှာ .....”

ကျွန်တော် သူမ ဆီက လိုချင်သည်မှာ အချစ်ဖြစ်ပါသည်။ အတောမသတ်နိုင်သော ဖြည့်၍ မပြည့် နိုင်သော အ လိုဆန္ဒများဟုတ်ပါပေ။ သို့ သော် ဒီစကားတွေသည် ကျွန်တော့်အား နွားလို့ ခေါ်လိုက်သလို ခံစားရစေပါသည်။
ကျွန် တော်သည် သူမ အတွက် ငွေထုတ်လုပ်စက်တစ်လုံးသာဖြစ်နေသည်ကို ဝမ်းနည်းစွာသိခဲ့ရပါသည်။ ကျွန် တော် ငွေမရှာ နိုင်သော တစ်နေ့ တွင် ထိုမိန်းမသည် ကျွန်တော့်အား ထားသွားမည့် မိန်းမဖြစ်ပါသည်။ မိန်းမတစ် ယောက်ကို အိပ်ချင်ယုံသက်သက်နဲ့  လက်ထပ်ခဲ့သော ယောကျာ်းဖြစ်ပါက ဒီစကားသည် ရယ်မောစရာ ဖြစ် ကောင်းဖြစ်ပေ လိမ့်မည်။ သို့ သော် ကျွန်တော်ချစ်သော မိန်းမ၏ ပါးစပ်မှ ပြောသောစကားဖြစ်သည်ကို မယုံချင် သော်မှ ယုံခဲ့ရပါသည်။ ကျွန်တော် ဝမ်းနည်းမိပါသည်။ ချစ်ခဲ့ရသော နှလုံးသားကို အားနာပါသည်။

အချစ်တွင် ပါဝင်သော အရာသည် နှလုံးသားတစ်စုံသာဖြစ်သည်။ အချစ်သည် ပိုင်ဆိုင်မှုကို တောင့်တတတ် သည်။ ထို့ အတွက် ဓမ္မတာအရ ယောက်ျားတို့ သည် ကနဦး ပေးဆပ်သူများဖြစ်ကြရသည်။ နားလည်မှု ဆိုသည် ကို ကျွန်တော်မရခဲ့ပါ .... ယုံကြည်မှုကို မရခဲ့ပါ ...... အချစ်ကို ရသယောင်နှင့်မရခဲ့ပါ။ နာကျင်မှုကို လျော့ပါး စေ သော စကားတွေ မကြားခဲ့ရဖူးပါ .... ဝမ်းနည်းမှုကို ပြေပျောက်စေသော နှစ်သိမ့်စကားတွေ မကြားခဲ့ရဖူးပါ ..... ကြိုးစားအား သစ် ဖို့  အားပေးစကားတွေ မကြားခဲ့ရဖူးပါ။ ကျွန်တော်လဲပြိုချိန်တွင် သူမ ဖေးကူလာမလား ဆို တာ လည်း မသေချာပါ .... ဝမ်းနည်းကြေကွဲရချိန်တွင် ကျွန်တော်နှင့်အတူ ငိုကြွေးနိုင်ပါ့မလား ..... ကျွန်တော် နိမ့်ပါး ချိန် တွင် အတူ ရုန်းကန်နိုင်ပါ့မလား။ သံသယ နှင့် အချစ်သည် အတူ မရှိစကောင်းသော အရာဖြစ်သည်။ အိမ် ထောင် ရေး တစ်ခုတွင် သံသယသည် အဖျက်သမားဖြစ်၏။

ကျွန်တော် သံသတွေ ပွားနေရသည့် မိန်းမတစ်ယောက်ကို ဘယ်လို လက်ထပ်ယူရပါ့မလဲ။ ကျွန်တော် သူမကို လက်ထပ်လိုခြင်းဖြစ်ပါသည်။ တည်ဆောက်လို သည်က “အိမ်” ဖြစ်ပါသည်။ မိန်းမကို ဝယ်ယူခြင်းမဟုတ်ပါ။ ငွေ
လုပ် စက်ရုံတစ်ခု တည်ဆောက်လိုခြင်းမဟုတ်ပါ။ အချစ်ဖြင့် တည်ဆောက် ထားသော အိမ်ကလေးထဲတွင် ချစ် သူ နှင့်အတူ လောကဓံကို အတူတကွ ရင်ဆိုင်လို ခြင်းသာဖြစ်ပါသည်။ ထိုချစ်သူကို လိုသမျှ ပေးနိုင်ပါသည်။ နှ လုံး သားချင်း ထပ်တူ မကျ ဘဲနှင့် ကျွန်တော့်ကို မချစ်ဘဲနှင့် တော့ ဒီလောကဓံ မနိုင်ဝန်ကြီးကို မထမ်းချင်ပါ။ ချစ် ရည်ရွှန်းသော မျက်ဝန်းတစ်စုံသာ လိုပါသည်။ အချစ်နှင့်ပြည့်သော နှလုံးသား တစ်ခုကိုသာ လိုပါသည်။ ကျန် သော အပိုင်းသည် ယောက်ျား တစ်ယောက်ဖြစ်သော ကျွန်တော့် တာဝန်သာဖြစ်သည် ဟုလည်း ခံယူထားသည်။

အချစ်နှင့် လက်ထပ်ခြင်း အနုပညာသည် ဦးနှောက်တွေ ဝင်မမွှေသမျှ အလွန်ကြည်နူးစရာကောင်းသော ဇာတ် လမ်းတစ်ပုဒ်သာဖြစ်သည်။ အချစ် သည် လက်တွေ့ ကျလွန်းသော အရာများ၏ ထိုးနှက်မှုကို ကောင်းစွာ မခံနိုင် ပုံထောက်လျှင် ကဗျာတွေစာတွေ ထဲကလိုတော့ ကျွန်တော် မချစ်နိုင်သေးဘူးဟု ဆိုရမည်။ အချစ်မှာ အတ္တကင်း တယ်လို့ ဒီကနေ့  ကျွန်တော် မယုံတော့ပြီ။ ကျွန်တော့်အတ္တသည် လယ်ပြင်မှာ ဆင်သွားသလို ဘွားဘွားကြီး မြင် လာရပြီ။ သူမ၏ အတ္တသည်လည်း ကျွန်တော့ အချစ်ကို တက်နင်းသွားပြီဖြစ်ပါသည်။

မှားယွင်းသော တွေ့ ဆုံမှုကို ဖျက်သိမ်းကြောင်းကြေညာရသောအခါ နစ်နာသူသည် သူမဖြစ်၍ နာကျင်ရသူသည် ကျွန်တော်ဖြစ်ပါသည်။ သူမအတွက် နာမည် နစ်နာသွားပါသည်။ သူမထံမှာ ချစ်ခြင်းကိုသာ မျှော်လင့်ခဲ့သူ ဖြစ်၍ သူမ ဘဝကို စွန်းထေးအောင် မပြုခဲ့သည့်အတွက် ကျွန်တော့် ဆုတ်ခွာမှုသည် လိပ်ပြာသန့် ပါသည်။ ကျွန်တော့် အတွက် နှလုံးသားတစ်ခု ပွန်းပဲ့သွားပါသည်။ ကျွန်တော်ကို မချစ်သော မိန်းမတစ်ယောက်ကို လက်မထပ်လို ပါ။

လက်ထပ်သော မိန်းမသည် ကျွန်တော့်ချစ်သူ သာ မလွဲဧကန်ဖြစ်ရမည်။ ကျွန်တော် အစွန်းရောက်စွာ ဆိုလိုခြင်း မဟုတ်ပါ။ လူတိုင်း လိုချင်မှု တောင့် တမှု တွေ ရှိနေမြဲသာဖြစ်ပါသည်။ သို့ မှလည်း လူသားဟူသော အဓိပ္ပါယ်ဖွင့် ဆိုချက်သည် သဘာဝကျ ပြည့်စုံမည်ဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်ပင် လိုချင်တောင့်တမှုများနှင့် လူသား တစ် ယောက်ဖြစ်ပါသည်။ သို့ သော်လိုသည်ထက် ပိုလာလျှင်တော့ လောဘ အတောမသတ်ခြင်းဟုဆိုရပါမည်။

ယခု အချိန်တွင် ကျွန်တော်ချစ်သော ထိုမိန်းမသည် ကျွန်တော် ချစ်၍မရဲသော မိန်းမဖြစ်လို့ သွားခဲ့ရသည်။ ကျွန် တော် တကယ်မချစ်၍ ဒီ စကားမျိုးပြောတာဖြစ်တယ်လို့ ယိုးစွပ်မည်ဆိုလျှင်တော့ ဝမ်းနည်းစွာ ငြင်းဆိုရ မည်။ လက်တွေ့  ဘဝတွင် ချစ်ခြင်းသည် ထိုမျှ မ၇ိုးစင်းလှသောကြောင့်ဖြစ်ပါသည်။ ရမယ်ရှာခြင်းမဟုတ်ပါ။ ရင် ထဲ တွင်တကယ်မသာခြင်းသာဖြစ်ပါသည်။ ကျွန်တော်တို့ ဝမ်းနည်းစွာလမ်းခွဲခဲ့ကြပါသည်။

“ချစ်သူ၏ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ 
ကျွန်တော့်မှာ အင်အားတွေ မရှိတော့ပါ....
ထိုအတွက် လိုအပ်သော “အချစ် ”ပျောက်ဆုံးသွား၍ ဖြစ်ပါသည်။”

ပုံလေးကို ဒီက ယူပါတယ် :D

**************

စာဖတ်လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား


Monday, September 28, 2009

ကျွန်တော်နှင့် ကဗျာဆန်သော


ကျွန်တော့်မှာ အသက်လို ချစ်ရတဲ့ မိန်းကလေးတစ်ယောက် ရှိပါတယ် ....။ သူ့ နာမည်က ဝေ တဲ့ ....။ ကျွန်တော် က ချစ်တဲ့ဝေရေ လို့ ခေါ်တာပေါ့။ တကယ်တော့ ဝေက နတ်သမီးရှုံးအောင် လည်း မလှပါဘူး။ ဒါပေမယ့် ကျွန် တော် ဝေ့ကို “ချစ်တဲ့ဝေရေ” လို့ ခေါ်လိုက်လို့  ဝေ မော့ကြည့်လိုက်တာနဲ့  ဝေက နတ်သမီးလေး ဖြစ်သွားတယ် လေ။

ဝေက တော့ ကျွန်တော် သူ့ ကို သူ ချစ်သလောက် မချစ်ဘူးလို့  အမြဲထင်နေတာ။ ကျွန်တော်က ဝေ့ကို ဘယ် လောက် ချစ်ပါတယ် ဆိုတာကို ဖွဲ့ နွဲ့ ပြီးပြောမှ မပြောတတ်တာ။ ဒါပေမယ့် ကျွန်တော် ဝေ့ကို ချစ်တာပဲလေ။ ဘယ် လောက် ချစ်လဲ ဆိုတော့ ..... ဘယ်လောက်ချစ်လဲ ကျွန်တော်မှ မသိတာကို။ ဝေက အဲလို ပြောရင် မျက် နှာလေး အိုအို သွားတယ်.... ။ ပြောတတ်မှ အချစ်လား ဝေရယ်လို့ ပဲ ကျွန်တော် အမြဲ ပြန်ပြန်ပြောခဲ့တာပေါ့။ ဝေ က အဲလိုပြောတော့ ပြုံးတယ်ဗျ။ ဘာလို့ ပြုံးတာလဲလို့ တော့ မေးလို့ လည်း မရဘူး ပြောလည်း မပြောဘူး။ တစ်ခါ တစ်ခါ ဝေ့ အပြုံးတွေကို ကျွန်တော် အဓိပ္ပါယ်ဖော်ရင်း မောနေခဲ့ရတယ်ဗျာ။

ဝေက စကားသိပ်တတ်တယ် ။ စကားတွေ အများကြီးတော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ဝေပြောတဲ့စကားတွေ က ကဗျာဆန်တယ်။ တစ်ခါတစ်ခါ ဝေပြောတဲ့စကားတွေ ကျွန်တော် နားမလည်ဘူးလေ။ နားလည်တဲ့အခါကျ ပြန်တာ့ ကျွန်တော် ရယ်နေရတော့တာ။ အဲဒီအခါ ဝေ က သိပ်စိတ်ဆိုးတာ။ မောင်က ဝေပြောတဲ့ စကားတွေကို ရယ်ပစ်ရက်တယ် ဆိုပြီးလေ။ ဝေ စိတ်မဆိုးအောင် ရင်ထဲမှာပဲ ပြုံးရယ်လိုက်ရတယ်ပဲ ဆိုကြပါစို့ ။

ကျွန်တော့်မှာ စကားတွေ သိပ်ဆင်းရဲတာပဲ။ ရင်ထဲရှိတဲ့ ပြောချင်တဲ့ စကားတွေကို တန်ဆာမဆင်တတ်တာလဲ ကျွန်တော်ညံ့တာပဲဖြစ်မှာပါ။ ဝေက စကားလှလှတွေ ပြောတတ်တယ် ... ကျွန်တော် တွေးတွေးပြီး ရယ်ရတဲ့ စကားတွေ လည်း ပြောတတ်တယ် ... ခက်တာက ကျွန်တော် တွေးတွေးပြီးရယ်ရင် ဝေက စိတ်ကောက်သွားတာ အတော်ဂွကျတယ် .... ။

************

“ မောင်က ဝေ့ကို အသက်လောက်ချစ်တယ်လို့ ပြောတယ်နော် .... ဝေကတော့ မောင့်အသက်ကို ဝေ့ အသက် ထက် ပိုချစ်တာ ....သိလား မောင်”

ကျွန်တော်က သိပ်တုံးတယ်။ ဝေအဲလို ပြောတော့ “အင်း” လို့  တစ်လုံးပဲ ပြန် ဖြေခဲ့တာလေ။ ဝေက ကျွန်တော် တစ်ခုခုများပြောမလားရယ်လို့  စောင့်နေသေးတယ်။ ကျွန်တော်ဘာမှ မပြော ဖြစ်လိုက်ပါဘူး။ ဝေ သိပ်ချစ်တာ ကျွန်တော်သိနေတာပဲကို။ အရင့်အရင်က မကျေနပ်ချက်တွေရော အဲဒီနေ့ အတွက်ပါ ပေါင်းပြီး ရေခဲတုံးကြီးလို့  ဝေက ကျွန်တော့်ကို ခေါ်လိုက်ပါတယ်။ ကျွန်တော်က ဝေ့ရဲ့ ရေခဲတုံးကြီးပါ ...။

“မောင် ဟိုမှာ ကြည့်စမ်း ပန်းလေးတွေ လှလားဟင် .... ဝေကလေ ပန်းကလေးဖြစ်မယ်ဆိုရင်တောင် မောင် ရဲ့ ဥယျာဉ်ကြီးထဲက တစ်ပွင့်တည်းသော ပန်းလေးပဲဖြစ်ချင်တယ် .....”

“မောင့်မှာသာဥယျာဉ်ရှိရင် ပန်းတစ်ပွင့်ဘယ်ကမလဲ ... အများကြီးကို စိုက်ပစ်မှာ .....”

ကျွန်တော့်စိတ်ထဲ ရှိတာကို ပြောလိုက်ပေမယ့် ဝေက ဘာမှ မှတ်ချက်ပြန်မပေးဘူးလေ။ ကျွန်တော့်ကို မူကြိုကျောင်းသားလေး တစ်ယောက်ကို ကြည့်သလို ပြန်ကြည့်တယ်။ ကျွန်တော်က ဝေ ဘာဆက်ပြောမလဲလို့ စောင့်နေခဲ့တာ ....။

***********

“မောင် ငိုတဲ့အခါ ဝေ လည်းလိုက်ငိုချင်တယ် မောင်ရယ်တဲ့အခါ မောင့်အပြုံးလေးတွေ ဖြစ်ချင်တယ် သိလား ....” ဝေက စာရွက်ပိုင်းသေးသေးလေး တစ်ခုပေါ်မှာရေးပြတာ။ ကျွန်တော် မငိုတတ်ဘူးဆိုတာ ဝေမသိများ မသိလို့ လား။

“မောင် မှ မငိုတတ်တာ ယောက်ျားကြီးငိုတာ ကြည့်မကောင်းပါဘူးဝေရာ ...” ကျွန်တော် အဲလို ပြောတော့ ဝေ က ကျွတ်ဆိုပြီး ကျွန် တော့်ပခုံးပေါ်တင်ထားတဲ့ သူ့ ခေါင်းလေးကို ပြန်ဆွဲသွားတယ်။ နောက်ကျွန်တော့်ကို ကြည့် ပြီးရယ်တယ် ...

“မောင်ကလေ .... တင်စားပြီးပြောလို့ ပြောမှန်းလည်း မသိ ဟဟ ..ဟ.... တကယ်တကယ် တုံးချက်က ရင်နင့် စရာပဲ ....”

“ဟောဗျာ .... တင်စားပြီးပြောတာလား ....မောင်က မသိပါဘူး .... ဟဟ စောရီး ..... ဟုတ်တယ်နော် မောင်က တုံးလိုက်တာ ....”

အဲဒီ နေ့  က ကျွန်တော့်ကို ...ဦးကိုကိုဝေး ... လို့ ခေါ်ပြန်တယ်လေ .... ရေခဲတုံးကြီးဦးကိုကိုဝေး ဖြစ်သွားတာပေါ့။ ဟုတ်ပါတယ် ကျွန်တော်ကလည်း တကယ် ဝေးလွန်းပါတယ်လေ။

***********

“ကဲ တော်ပါတော့ မောင်ရယ် မောင့် နမ်းရ တာ ဒူးရင်းသီးကြီး နမ်းရသလိုပဲ ... ”

ဘယ့်နှယ် ဒူးရင်းသီး ဖြစ်သွားရတာလဲဆိုတော့ နှုတ်ခမ်းမွှေးစူးလို့ တဲ့။ ဝေ ပြောလိုက်ရင် စကားတွေက အဆန်း ချည်းပဲ။ ရယ်လည်းရယ်ရတယ်။ ဝေ့ကို ကျွန်တော်သိပ်ချစ်တာပဲ ....။ ကျွန်တော် အမြဲ နှုတ်ခမ်းမွှေးရိတ်ဖို့  မပျင်း တော့ ဘူးလေ။

ခရီးနှစ်ရက်လောက်သွားပြီး ပြန်လာတော့ ဝေက ကျွန်တော့ကို ပြောတယ် ... “မောင် ရယ် လွမ်းလိုက်တာ မျှော်ရလွန်းလို့ မောလှပြီ ....” တဲ့ ..။

“အော်ဝေရယ် မောင်ပြန်လာမှာပဲကို ဘာလို့ အမောခံပြီး မျှော်နေရတာလဲ .... ”

“ဟာ... မောင်နော် ... ဝေက အကောင်းပြောနေတာကို ....” ဝေ့ နှုတ်ခမ်းလေး စူးသွားပုံကို ကျွန်တော်ချစ် လိုက် တာ။

“ဟော ဘာဖြစ်ပြန်တာလဲ ဝေ မောမှာ စိုးလို့ ပါ မောင်က ပြန်လာမှာပဲလေ ... ”

“မောင်ဟာလေ ... ဝေ့ကို ဒီနှစ်ရက်မှာ ဘယ်လောက်လွမ်းတယ် သတိရတယ် ဆိုတာပြောဖို့ နေနေသာသာ ဝေ က ပြောတာတောင် အရူးလုပ်နေတယ် ကြည့် သိပ်အသည်းယားတာပဲ .... ” ဝေက သူ လွမ်းတဲ့ အကြောင်း ပြော ချင်တာကိုး။ ကျွန်တော်က ဝေမျှော်လို့ မောနေမှာစိုးတာပါ။

“တော်ပြီကွာ.... ပြောရတဲ့သူက ရှက်တောင် ရှက်တယ် သွား လူအကြီး ....” ဟော အ သွားပြန်ပြီ။ ချစ်လို့ အ သွားတာလို့ ပြောဖို့ ပဲ။ တော်ကြာ ရှင်းမရမှာစိုးလို့  ဝေ့ ပါးကိုပဲ ဖွဖွ နမ်း လိုက်မိတယ်။ ဝေ့ပါးက သိပ်နွေးတာပဲ။

“ဒါမျိုးကျတတ်တယ် မောင်ကလေ အိပ်ချင်ယောင် ဆောင်နေတာလည်းမဟုတ်။ အိပ်နေတာလည်းမဟုတ်။ နိုး နေရက်နဲ့  ဂယောင် ကတမ်းပြောနေတာသိလား .....”

“မသိဘူးကွာ။ ဝေ စိတ်ကောက်ရင် မောင်မှ မချော့တတ်တာ။ အဲဒီတော့ ဝေ့ပါးကို နမ်းလိုက်တာပေါ့ ရွှတ်ကနဲ ဆို။ ဝေစိတ်ပြေမလားလို့ လေ ....။ ဒါပေမယ့် နိုးနေတဲ့သူက ဘယ်လို ယောင်မှာလဲ ဝေရဲ့ ..... မောင် နားမလည် ဘူး အဲ ဒါဘာပြောတာလဲ ....”

ဝေ့ အပြုံးက အတော်လှတယ် ...။ ဝေက ကျွန်တော့်ပါးနှစ်ဖက်ကို အတင်းဆွဲတယ်။ ပြီးတော့ရှင်းလည်း မပြဘူး လေ။ “ဦးလူအကြီး .... ချစ်တယ် ...” ဝေ့ အနမ်းက ချိုသလိုပဲ အဲဒီနေ့ က။

***********

“မောင် ... ဝေ့ အပြင်တခြားကောင်မလေးတွေ မြင်ရင် မောင့်စိတ်ထဲ ဘယ်လို နေလဲ ဟင် ....” ကျွန်တော် ဝေ့ မျက်နှာအသေအချာကြည့်ရတယ်။ ဝေ စိတ်ဆိုးမှာကြောက်လို့ ပါ။ ဒါပေမယ့် ဝေက အမှန်အတိုင်း ဖြေစေချင် တယ်လေ။

“ အင်း .... လှတဲ့ကောင်မလေးတွေ ဆိုရင်တော့ ကြည့်တယ်လေ .... သူတို့ ကကြည့်ရင်လည်း ပြန်ကြည့်လိုက် တာ ပေါ့ .... မလှတဲ့ကောင်မလေးတွေ ကျတော့သတိမထားမိဘူးပေါ့ ... ”

“ဟာ .... မောင်က ဝေ့ အပြင် မိန်းမကလေးတွေကို လိုက်ကြည့်တယ် .... ဟာ” ဝေက မျက်မှောင်ကြီးကို တွန့် ပြီး ချိုးထားလိုက်တာ။ ကျွန်တော် မှားပြန်ပြီထင်တယ်။ အမှန်အတိုင်းပြောတာပါပဲလေ။

“အင်းလေ လိုက်ကြည့်တာတော့ ဘယ်ဟုတ်မလဲ .... ရှေ့ ရောက်လာလို့ ကြည့်တာပါ .... ဒါပေမယ့် မောင်ချစ်တာ က ဝေလေ ...” ဒါလဲ ဝေက စိတ်မပြေပါဘူး။ အကြာကြီး ငြိမ်နေတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့  ငြိမ်
နေလိုက်တာပေါ့။ နောက်တော့ဝေငို ပါလေရော .....။

“ချော့ မလားလို့ ။ မူ နေတဲ့သူ ကိုမှ အားမနာ ဒီအတိုင်းထိုင်နေတယ် .... အီးဟီး .....” သေပြီဆရာ လို့ ပဲ ကြိတ်ပြီး အော်လိုက်ရတယ်။ သူ စိတ်ဆိုးသွားတာကိုး။ ကျွန်တော်က ဘာများပြောမလို့ စဉ်းစားနေတာအောက်မေ့တာ။ ကျွန် တော် ဝေ့ ပခုံးကို အသာထွေးပြီး ဝေ့ခေါင်းလေးကို ရင်ခွင်ထည့်ပြီး ဖက်ထားလိုက်တယ်။

“ ဟုတ်ပါဘူး မောင်က အမှန်အတိုင်းပြောတာ .... ဘယ်လောက်ကြည့်ကြည့်ပါ။ ဝေ့ ကိုပဲ မောင်ချစ်တာပဲလေ။ သူတို့ ဘေးက ကျော်သွားရင် မောင်မေ့သွားတာပဲ ....။” ဝေက ပိုပြီးတောင် ငိုသေးတယ်။ ဘယ်လို ချော့ရပါ့မလဲ။
ဝေက ကျွန်တော့်ရင်ဘတ်ကို တဘုန်းဘုန်း ထုတယ် ....။

“ကျတဲ့ မျက်ရည်တောင် အားနာ တယ် သိလား .... မောင် ရှင် ဟာလေ အလိုက်ကို မသိဘူး .... တကယ်ပဲ .... မောင့် အတွက် ဝေက အလှဆုံးပါလို့ ပြောရတယ် ဦးကိုကိုဝေးရဲ့  သိပြီလား သိပြီလား ....ဘယ်လို လူမှန်းကို မသိ ဘူး ဟင့်ဟင့် ဝေ့ ချစ်သူလုပ်ပြီး ဝေ ဘာကြိုက်တတ်တယ် ဆိုတာမသိဘူး ... လှတယ် အပြောခံရဖို့ မျက်ရည် ကျ ပြတာတောင် မကြားရဘူး ....” အဲတော့မှ ကျွန်တော်လည်း ရယ်နိုင်တော့တယ်။ ဝေ ငိုပြီးရင် မျက်လုံးတွေက စိုစို လက်လက်နဲ့ သိပ်လှတာပဲ။ ဒါပေမယ့် အဲဒီစကားပြောကောင်းလား ကျွန်တော်မှမသိပါပဲကို။ ဝေက မျက်ရည် တွေ ကြားမှာ ရယ်လို့ ။

***********

“မောင့်ကို လိုက်ချစ်ရတာ ဝေတော့မောပါတယ် တကယ်ပဲ ....။ မောင်ကလေ တစ်ခါတစ်လေ သိပ်အတာပဲ ....။ မောင်သိလား ဝေ တစ်ယောက်ထဲ လဲပြိုရတဲ့ညတွေ မနည်းတော့ဘူး အဲဒါမောင့်ကြောင့် ....။ ” ကျွန်တော် ရယ် တာ ပေါ့။

“ဟဟ .... မောင်လည်းချစ်တာပဲကို ဝေလေးကလည်း။ လဲပြိုရတဲ့ညတွေ ဟဟ ကဗျာထဲက အတိုင်းပဲ ...ဟဟ .....ဟ ” ကျွန်တော် မျက်လုံးပျောက်အောင်ရယ်မိတယ်။ ဝေက မျက်လုံး လေးပြူးပြီး ရန်တွေ့ ပြန်တာပေါ့ .... ။

“ဝေက သိပ်ကဗျာဆန်တယ်လို့ ပြောမလို့ ပါ ..... စိတ်မဆိုးနဲ့ နော် ..... မောင်က စတာ စတာ .....” ဝေ ရှက်သွား ရင် ချစ်စရာသိပ်ကောင်းတယ်။ ဝေ လဲပြိုစရာမလိုပါဘူးဝေရယ်။ မောင်က ဝေ့ အနားမှာ ဖေးမနေမှာပေါ့။

“မောင် ..... ကဗျာတွေ စာတွေ မဖတ်ဘူးလား ဟင် ... ”

“ အင်း ဖတ်တော့ ဖတ်တယ် ဖတ်ပြီးရင် မေ့သွားရော တချို့ ဟာတွေကျ မောင်သိပ်နားမလည်ဘူး ဝေရဲ့  .... ”

“ ဟုတ်မှာပါ .... အချစ် နဲ့ တွေ့ တဲ့အခါ ကဗျာဆရာတွေ ဖြစ်သွားကြတယ်တဲ့ .... မောင့်ကျတော့ ကဗျာဆရာဖြစ် ဖို့ နေနေသာသာ တင်စားပြီးပြောတာတောင် ပြောရတဲ့သူက လိုက်ရှင်းပြနေရတာနဲ့ တင် ဖီးငုပ်တယ် .....”

“ဟဟဟ အဲတာ မောင်လေ ဝေ့ရဲ့ ဦးလူအကြီးလေ .....”

“ သိပါတယ် သိပါတယ် မဏ္ဍပ်တိုင် တက်ပြမနေပါနဲ့  ....ဟွန်း ” ဝေ မျက်စောင်းထိုးတဲ့ အခါ ကျွန်တော့ရင်ထဲ လှုပ်သွားတယ်။ ဒီလို ခံစားချက်မျိုးကို ပါးစပ်ကပြောပြတာ ကို ကဗျာဆန်တယ်ခေါ်တာဖြစ်မယ်။

“ဝေ့ မျက်စောင်းလေးကို မောင်သိပ်ချစ်တာပဲ ....” ဒီတစ်ခါတော့ ဝေက ကျွန်တော့်ကို မျက်လုံးလေးပြူးပြီး ကြည့် တယ်။

“ဟဟဟ ကြည့်စမ်း ကြည့်စမ်း .... မောင်စကားတွေ တတ်လာပြီ .... ဟဟဟ ” .....

ဝေရယ်ရင် ကျွန်တော် ပြုံးတာ သဘာဝ ဖြစ်နေပါပြီလေ။ ကဗျာဆန် တတ်လာတယ်ပေါ့။ ဝေက ကျွန်တော့်ကို သင် ပေးလိုက်တယ်ပြောရမယ်။ ခံစားချက်တွေကို စာလုံးလေးတွေ စီစီပြီး လှလှလေးပြောတတ်အောင်လို့ လေ။ ချစ်သူ နှစ်ယောက်ရဲ့ ခံစားချက်တွေ အသည်းနှလုံးတံတားကနေ စီးကူးသွားတယ်ပဲပြောရမယ်။ ဝေ့စကားလှလှ တွေ ကျွန်တော့်စကားဖြစ်လာတယ်လေ။ ဒီစာကို ဖတ်နေကြတဲ့ အချိန်မှာ ကျွန်တော် စကားအတော်တတ်နေပြီ လို့  ထင်ကောင်း ထင်ကြမှာပါ။

ဝေ့ ရေခဲတုံးကြီး အရည်ပျော်ပြီး အချစ်ရည်ရွှန်းတဲ့ စကားလုံးလှလှတွေ အဖြစ် စီးဆင်းသွားတာ ဖြစ်ကောင်းဖြစ် မှာပေါ့။ တစ်ချိန်က တုံးအ ဖူး တယ်ဆိုတဲ့ အကြောင်း ပြောချင်တာရယ်ကြောင့်ပါ။ အချစ်ဟာ တုံးအခြင်းတွေကို အဆုံး သတ်စေတယ် .... အ ချစ်ဟာ ကဗျာတစ်ပုဒ်ကို အသက်သွင်းစေတယ် ဆိုရမလားပဲ.... ။ကျွန်တော့်ကို ဝေက သားလေး တစ်ယောက် လက်ဆောင် ပေးတယ်လေ .... ။ သား ဟာ ဝေနဲ့ ကျွန်တော့်အတွက် ကဗျာ တစ် ပုဒ် ဖြစ်နေပါပြီ ......။

ပုံလေးကို ဒီက ယူပါတယ် :D


စာဖတ်လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား


Friday, September 25, 2009

နိုးလျှက်မက်သော အိပ်မက်ဆိုးများ (ဇာတ်သိမ်းပိုင်း)


“ညီညီ ..... ညီညီ..... ဟေ့ရောင် .... ”
ညီညီ့အခန်းတံခါးခေါက်ရင်း ခေါ်လိုက်သည်။ အိပ်ရာခပ်စောစော နိုးသဖြင့် ညီညီနှင့် အတူ အပြင်ထွက်ခါ မနက် စာသွားစားဖို့ စိတ်ကူးထားသည်။ အခန်းထဲမှာ ညီညီထွက်လာသည်။ သူ့ အခန်းထဲသို့ ဝင်စေ့ချင်ပုံမရပေ။ ညီညီ မျက်နှာက ညိုးမြဲညိုးနေ၏။ သာမန် အိပ်ရေးပျက်လို့  ပင်ပန်းလို့ ညိုးရော်သည့်ပုံမျိုးမဟုတ်။ နောက်သူ ရောက် နေ သော သုံးရက်အတွင်း ညီညီ အပြင်မထွက်။ အိမ်တွင် လည်း ဘာမှ မယ်မယ် ရရ လုပ်စရာရှိသည်မဟုတ်။ ညီညီ ဘာလို့ အပြင်မထွက်ရသလဲဟု ကိုကိုသိချင်နေသည်။

“ပြော ကိုကို ဘာလဲ ......”

“ဒေါ်အေးဝယ်ဝယ် ပို့ တဲ့ မနက်စာတွေ စားရတာ မမိုက်ပါဘူးကွာ လာ အဝတ်အစားလဲ ငါတို့ တစ်ခုခု သွားစားရအောင် ....” ညီညီက မဆိုင်းမတွဘဲ ခေါင်းခါပြီးငြင်းသည်။

“ဟင့်အင်း ငါဒေါ်အေးလာပို့ တာပဲ စားတော့မယ် ... မင်းပဲသွားပါ .... ညီ မလိုက်တော့ဘူး .....”

ကိုကို ညီညီ့ကို မျက်မှောင်ကုတ်ပြီး ကြည့်လိုက်သည်။ ညီအစ်ကို နှစ်ယောက် လက်ဖက်ရည်ဆိုင်သွား တစ်ခုခု စားသောက်ဖို့ ညီညီ ဘာလို့ ငြင်းရသနည်း။ ညီညီ့ကို အပါခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။ မပါပါအောင် ခေါ်သွားမည်။

“လာပါကွာ မင်းကလည်း တို့ ညီကို နှစ်ယောက် လက်ဖက်ရည်ဆိုင်ထိုင်ပြီး စကားလေးဘာလေး ပြောရအောင်။ လာပါ.... မင်းကလည်း။ လုပ်လုပ်..... ပြောနေကြာတယ်။ အဝတ်အစားလဲ ..... မလဲဘူးလား မလဲရင် ငါလဲပေး
မှာနော် ညီညီ ....ဟဟဟ..... ဟေ့ကောင် လုပ် ....”

ကိုကို ကစနောက်နေသည့်တိုင် ညီညီ့ မျက်နှာပေါ်က မချိပြုံးကြီးက ပျောက်မသွား။ မသက်မသာဖြစ်သွားသော ညီညီမျက်နှာကို မသိကျိုးကျွံပြုလျှက် ကိုကို ညီညီ့လက်ကို အတင်းဆွဲကာ အခန်းထဲ ဝင်ဖို့ ပြင်သည်။ ညီညီက ကိုကို့  လက်ထဲမှ သူ့ လက်ကို အတင်းရုန်းသည်။ ပါးစပ်ကလဲ

“ လွှတ်လွှတ် .... ငါဖာသာ လဲမယ် လွှတ်လွှတ် .... လက်ကို ....”

ကိုကို ညီညီ့ကို ကြည့်ပြီး အံ့သြသွားပြန်သည်။ လက်ကို အတင်းဆွဲနေပုံမှာ တစ်ခုခုကို အကြောက်ကြီး ကြောက် နေပုံမျိုး ...။ ရုန်းလို့ လွတ်သွားတော့ လက်နှစ်ဖက်ကို ရင်ဘတ်နားတွင်ကပ်ထားသည်။ ကိုကို့ စိတ်ထဲ ဒေါသပင် ဖြစ်ချင်သွားသည်။

“မင်းက ဘာဖြစ်တာလဲ ... အထိကို မခံတော့ပါလား ..... ”

“ဘာမှ မဖြစ်ဘူး။ ကိုကို ငါ မလိုက်တော့ဘူးကွာ မင်းကလည်း ကိုယ့်ဖာသာသွားလို့ ရသားနဲ့ ကွာ .... နော် ညီညီ မလိုက်တော့ဘူး ....”

“အာ .. မရဘူး မင်းမလိုက်ရင် ငါအတင်းဆွဲ ခေါ်မှာနော် ... မင်းအိပ်ရာက ထလာတဲ့ပုံကို ကောင်မလေးတွေ မတွေ့ စေချင်ရင်လုပ် ... လုပ်လုပ် မြန်မြန် လုပ်ကွာ....ကြာတယ် လစ်မယ် ....လာ”

ကိုကို က ပြောလျှင် တကယ်လုပ်တတ်မှန်း ညီညီသိသည်။ ညီညီ စိတ်မသက်မသာနှင့် အခန်းထဲပြန်ဝင်သွား သည်။ ခဏနေတော့ သဘက်လေးကိုင်ပြီး ရေချိုးခန်းထဲ ဝင်သွားသည်။ ကိုကိုကတော့ ညီညီ့ကို ဧည့်ခန်းတွင် ထိုင်ကာ စောင့်နေရသည်။ ညီညီသည် ကိုကို့ အတွက် ပဟေဠိ တစ်ပုဒ် ဖြစ်လို့ နေပေပြီ။

************

ညီညီ မျက်နှာသစ်သည်ကို လေးဆယ့်ငါးမိနစ်တိတိ ကိုကို ထိုင်စောင့်ရသည်။ သူ့ နှင့်အတူ လိုက်မည်ဆို၍သာ ထိုမျှ စိတ်ရှည်စွာစောင့်နေခဲ့ခြင်းဖြစ်သည်။ နောက် .... ညီညီဘာလို့ အပြင်မထွက်ချင်ရသလဲ ဆိုသည်ကို သိချင် တာ လည်းပါသည်။ အိမ်ထဲကနေ ညီညီ တော်တော်နှင့်ထွက်မလာသေး အခန်းထဲကို ဝင်သွားလိုက် မီးဖိုဖက် ပြန် သွားလိုက်။ ထမင်းစားခန်းထဲ ပြန်ရောက်သွားလိုက် လုပ်နေသည်။ အတော်ကြာမှ ညီညီ အဝတ်အစားလဲ ပြီး ကိုကို့ နားသို့  ရောက်လာသည်။

“အင်း အဲလို လုပ်ပါ ညီညီရ လန်းတယ် လာလစ်မယ် ..... ”

“မင်းဖာသာ တံခါးပိတ် မင်းမှာ ငါပေးထားတဲ့ အိမ်သော့ ရှိတယ်မလား ....” ညီညီ့စကားကြောင့် အိမ်ထဲမှ ထွက်မည်ပြင်နေသော ကိုကိုနောက်ပြန်လှည့်ကြည့်သည်။ “ပိတ်လိုက်ပါကွာ ငါကားထုတ်လိုက်ဦးမယ်လေ .....”

“အာ.... မင်းပိတ်ပါဆိုကွာ ကိုကို ကလည်း ..... ” ဟုပြောကာ ကိုကို့ ကို ကျော်ပြီး အိမ်ပေါ်ကဆင်းသွားသည်။ ကိုကို ဟထသောတံခါးကို ခြေထောက်နှင့် အသာ တွန်းဖွင့်သွားသည်ကို ကိုကို သတိထားလိုက်မိသည်။ ညီညီ
ခြံထဲရောက် သွားသည်။ ကိုကို ကားထုတ်ပြီးတော့ ကားပေါ်မှ တစ်ခါ ပြန်ဆင်းကာ ညီညီ ပြောသည့်အတိုင်း တံခါးဆင်းပိတ်ရသည်။ ညီညီက အိမ်တံခါး နားတွင်ရစ်သီရစ်သီ လုပ်နေသည်။

“ကိုကို ငါမလိုက်တော့ဘူးကွာ မင်းဟာမင်းသွားတော့ ....” ညီညီ့စကားကြောင့် ကိုကိုဒေါသထွက်သွားသည်။

“ဟေ့ကောင် ခွီးထဲမှပဲ သွားကားပေါ်တက် ဘာလုပ်နေတာလဲ အဲဒီမှာ ..... အိမ်အပြင်ရောက်ပြီးမှ .... ”

ကိုကိုဟောက်လိုက်သဖြင့် ညီညီ ရှုံ့ မဲ့မဲ့ဖြင့် ခြံထဲမှ ထွက်လာသည်။ ညီညီက သူ့ လက်နှစ်ဖက်ကို အတင်းဆုပ် ထားသည်။ စိတ် လှုပ်ရှားနေချိန်တွင်ပြုလုပ်တတ်သော ပုံစံမျိုး။ ကိုကို ခြံတံခါးပိတ်သည်ကို အနားမှ သေချာ ကြည့် နေသည်။

“ကားပေါ်တက်လေ ... ဟာ ညီညီ မင်းဘာဖြစ်နေတာလဲ .... ဒီကောင် အူကြောင်ကြောင်နဲ့ .....”

ကားပေါ်ရောက်တော့ ညီညီ ထိုင်နေသည့်ပုံမှာ ကားပေါ်တွင် လူကြပ်၍ နေရာနည်းနေသလို သက်တောင့်သက် သာ မရှိ။ ညီညီ့ ပုံက ကျုံ့ ကျုံ့ လေးဖြစ်နေသည်။ ကား door lock ကို တင်လိုက်ချလိုက်လုပ်ပြီး ကိုကို့ ကို စောင့် သည်။ ညီညီ မျက်နှာက နေရောင်အောက်တွင် အုံ့ ဆိုင်းနေသည်ဟု ကိုကို ထင်သည်။ ဘယ်ဆိုင်ထိုင်ချင်သလဲ ဟု မေးသော်လည်း မေးမရ။ သိပ်အဝေးကြီး မသွားနှင့်ဆို၍ သုံးလမ်းကျော်လောက်က ထိုင်နေကျ လက်ဖက် ရည် ဆိုင်ကိုသာ မောင်းသွားလိုက်သည်။ ထိုဆိုင်ရောက်တော့လည်း လူတွေများလိုက်တာဟု ဆိုပြန်သည်။ သူတို့ ညီအစ်ကို လမ်းမနှင့်နီးသောထိုင်ခုံတွင် ထိုင်လိုက်ကြသည်။

“ကဲ ညီ မင်းဘာစားမလဲ ဘာသောက်မလဲ .... ”

“ဟင့်အင်း မင်းပဲစား ငါမစားချင်ဘူး ..... ”

“ဟာ ညီ မင်းငါ့ကို စိတ်ကောက်နေတာလား ..... စားပါကွာ တစ်ခုခု မုန့် ဟင်းခါးစားမလား ဒီဆိုင်မှာ ကောင်းတာပဲ .... ဆိတ်စွတ်သောက်မလား နံပြားနဲ့  .... ပဲအီကြာကော ...”

“မင်းကြိုက်တာမှာ......... ငါမစားချင်ဘူးကိုကိုရာ....” ကိုကို စိတ်ညစ်သွားသည်။ ညီညီက ထိုင်ခုံတွင် ကိုယ်လေးကို ခပ်ကျုံကျုံလုပ်ပြီးထိုင်နေသည်။

“တစ်ခုခု တော့သောက်ကွာ လိမ္မာပါတယ်ကွာ မင်းကလည်း ကျော့် ထက်ဆိုးနေပြီ ... ခက်တာပဲ .... ပေါ့ဆိမ့်ပဲမှာမယ်နော် ....” ကိုကို ညီညီ့သဘောတူညီချက် ယူမနေပဲ စားပွဲထိုးလေးကို ညီညီကြိုက်သော ပေါ့ဆိမ့်အပါအဝင် သူ စားချင်တာတွေမှာလိုက်တော့သည်။

“ပေါ့ဆိမ့်မသောက် ရရင် သေမလို ဖြစ်နေတဲ့ကောင် ခုကျတော့ လက်ဖက်ရည်မသောက်ချင်ဘူးတဲ့။ ငါတော့ အံ့တာပဲ ...။ ညီညီ မင်းနေမကောင်းဘူးလား ကိုကို့ ကို ပြောလေ .... ဟင် ...”

“ကဲ .... ကိုကို မင်းစားမှာသာစားပါကွာ မေးခွန်းတွေ မေးမနေပါနဲ့  ...စားစား ပြီးရင်ပြန်ရအောင် .....”

“ဟာ မင်းကလည်း ထိုင်တောင် မထိုင်ရသေးဘူး အေးဆေးပေါ့ ဘာတွေလောနေတာလဲ ....”

“ငါ အကြာကြီး မထိုင်ချင်လို့ ပေါ့ကွ။ ဒါတောင် မင်းကို အားနာလွန်းလို့ လိုက်လာတာ .....”

“ဟားဟား ခွေးကောင် ငါ့ကို အားနာစရာလား ..... အစ်ကိုနဲ့ ညီလက်ဖက်ရည်ဆိုင်ထိုင်တာ ဆန်းလားကွာ .... တကတည်းမှ .... ရော့ရော့သောက်သောက် .... ငါတော့ဆာပြီ ကြိတ်လိုက်ဦးမယ် ....”

“မင်းက သောက်စားကြီးကို ကြီးပါတယ် .... ” ညီညီက ရှုံ့ မဲ့မဲ့လုပ်ကာ ပြောနေပေမယ့် ထိုစကားကြောင့် ကိုကို နည်းနည်းပျော်သွားသည်။ ထိုစကားသည် ညီညီ သူ့ ကို အမြဲပြောနေကျစကားဖြစ်သောကြောင့်ပင်။ ကိုကိုက တော့ အာလူးပူရီ တစ်ပွဲ ပဲအီကြာတစ်ပွဲ အပြင် ပေါက်ဆီတစ်လုံးပင် ကုန်သွားသည်။ ညီညီကတော့ လက်ဖက် ရည်ခွက်ကို လုံးဝမထိပေ။ ညီညီ ဘယ်အချိန်လက်ဖက်ရည်သောက်မလဲ ဟုသာ ကိုကို အသာစောင့်ကြည့်နေ သည်။ ကိုကိုက စကားကို ဖောင် ဖွဲ့ အောင်ပြောနေသော်လည်း ညီညီက အင်း အဲသာလုပ်နေသည်။ ထိုင်ခုံတွင် ထိုင်နေရသည်မှာ လည်း အေးအေးသက်သာ ရှိပုံမရ ....။ လက်ဖက်ရည်ဆိုင်ထဲတွင်လည်း လူတွေ တစစ များ များလာသည်။ ညီညီ ကျောကို ကော့ လက် နှစ်ဖက်ကို ပေါင်ပေါ်တွင်တင်ကာ ဆုပ်လျှက် မသက်မသာ ဖြစ်နေ သည်။ လူတွေကလည်း ပိုတောင်များလာသေးတယ်ဟု ခပ်တိုးတိုးရေရွတ်နေသေးသည်။

“ညီ သောက်လေကွာ အေးကုန်ပြီ ... ” ကိုက်လက်စ ပေါက်ဆီလက်ကျန်ကို ပါးစပ်ထဲထည့်ရင်းကိုကိုက ညီညီ့ ကိုပြောသည်။ ညီညီ လက်ဖက်ရည်ခွက်ကို သူ၏ ဖွေးစွတ်နေသော လက်များဖြင့် ကိုင်လိုက်သည်။ ညီညီ လက် ဖက်ရည် ခွက်ကိုင်ဖို့ အဘယ့်ကြောင့် တွန့် ဆုတ်နေရသနည်း။ လက်ဖက်ရည်ကို သောက်တယ်ဆိုရုံကလေး သောက်ပြီး ချက်ချင်း ခွက်ကိုပြန်ချလိုက်သည်။ ကိုကို ကတော့ ဖန်စိမ့်ကို အရသာခံမသောက်နိုင်ပဲ ညီညီ့ကို အကဲခတ်နေသည်။ လက်ဖက်ရည် အနည်းငယ် သောက်အပြီးတွင် ညီညီ ငြိမ်ကျသွားသည်။ လက်ဖက်ရည်ခွက် ကို စိုက်ကြည့်နေ သော ညီညီ့ကို ကိုကို ရင်တထိတ်ထိတ်နှင့်ကြည့်နေမိသည်။ ညီညီ၏ ငြိမ်သက်မှုကို ကိုကို ထိတ်လန့် လာ သည်။

“ညီညီ ... ဟေ့ ...ညီ ဘာဖြစ်တာလဲ .....” ညီညီ အသက်ကို ပြင်းပြင်းရှုနေသည်။ ငြိမ်သက်နေရာက ဂနာ မငြိမ် ဖြစ်လာသည်။ တစ်ခုခုကို ချုပ်တီးထားရဟန်တူသည်။

“ကိုကို ငါပြန်တော့မယ် ....” ဗြုန်းဆို ထိုင်ရာမှ ထထွက်သွားသည်။

“ဟာ .... ဟေ့ ညီညီ ....ဟေး ....နေဦးခဏ.... ဟာ ဒီကောင် ....” ပိုက်ဆံပြန်အမ်းသည်ပင် မယူနိုင်တော့ဘဲ ကားပေါ်အတင်းတက်ပြီး ထွက်သွားသောညီညီ့ နောက်လိုက်ရသည်။ ညီညီ့ရှေ့ နားတွင်လွန်၍ ကားကို ရပ်ပြီးစောင့် နေလိုက်ရသည်။

“ကဲလာ တက်တက် မင်းနဲ့ တော့ ခက်တော့တာပဲ ....” တရှူးရှူး ဖြစ်နေသော ညီညီ ကားပေါ်တက်ထိုင်၍ တော် သေးသည်။ ဘာဖြစ်တာလဲ ဟုလည်း မေးလို့ မရ ....။

“ညီညီ အိုကေလား မင်းဘာဖြစ်တာလဲ .... ” ကိုကို ညီညီ့ကို ကြည့်ပြီး လန့် လာသည်။ ညီညီက သူ့ ကိုအားငယ် စွာ ကြည့်သည်။ တစ်ကိုယ်လုံးလည်း တုန်ရီနေသည်။

“ငါ .... ငါ .... အိမ်ပြန်မယ် ... ဘာမှ မဖြစ်ဘူး ..... အိမ်ပြန်ရအောင် ကိုကို ......”

“အေးအေး ပြန်မယ် ပြန်မယ် .... ” ကိုကို့ စိတ်တွေ မချမ်းမသာဖြစ်သွားရသည်။ ဘာဖြစ်နေမှန်းလည်း နားမ လည်။ မဖြစ်ပေ ညီညီ့ကို အိမ်ပြန်ပို့ ပြီးသည်နှင့် အန်ကယ်ဇော်ဝင်း ဆီသွားမှဖြစ်တော့မည်။ အန်ကယ် ဦးဇော် ဝင်း သည် မေမေ့ မောင်ဝမ်းကွဲ ဆရာဝန်ကြီးတစ်ယောက်ဖြစ်သည်။ ရောဂါဖြစ်နေတယ်ဆိုရင်လည်း စောစော စီးစီး ကုသမှဖြစ်တော့မည်။ ညီညီ့ကို အဆုံးရှုံးမခံနိုင်ပေ။ ခြောက်လနီးပါး ရန်ကုန်မရောက်ခင် အချိန်အတွင်း ညီညီ ဘာတွေဖြစ်ခဲ့သည်မသိ။ အိမ်ရှေ့ ရောက်သည်နှင့် ညီညီ ကားပေါ်မှ ကဆုန်ပေါက်ပြေး ဆင်းသွား သည်။ ခြံတံခါးကို သူ့ တွင်ပါလာသော သော့ ဖြင့်ဖွင့်ကာ အိမ်ထဲသို့ အတင်းပြေးဝင်သွားသည်။ ကိုကို ခြံတံခါးကို ဆင်း စေ့ပြီး အန်ကယ်ဦးဇော်ဝင်းထံသို့  မောင်း ထွက် ခဲ့လေတော့သည်။

************

ကိုကို အိမ်သို့ လေးလံသော စိတ်များဖြင့် ပြန်ရောက်လာသည်။ ညီညီ့အကြောင်းကိုသာ တွေးရင်းက ရင်တွေပူ နေ မိသည်။ အိမ်တံခါးကို သော့ဖွင့်လိုက်သည်။ ညီညီ့ အရိပ်အရောင်မတွေ့ ရ။ စိတ်ထဲ ဒိတ်ကနဲဖြစ်ပြီး ညီညီ့ အခန်းတံခါးကို ကဗျာကယာ ဖွင့်လိုက်သည်။ တံခါးက အလိုက်သင့်ပွင့်သွားပါသည်။ သို့ သော် ညီညီ အခန်းထဲ တွင်မရှိ။ ညီညီ ဘယ်ရောက်သွားလဲ။ ညီညီ .... ကိုကို ရင်တထိတ်ထိတ်နှင့် ရေချိုးခန်းဖက် အသော့ထွက်ခဲ့သည်။
ရေချိုးခန်းတံခါးပွင့်ဟ လို့ နေသည်။ ရေသံတွေလည်း ကြားနေရသည်။

“ဒီရောဂါ ရနေတဲ့သူတွေမှာ Suicide လုပ်တာမျိုးတွေ တွေ့ ရတတ်တယ်။ အဓိကအကြောင်းအရင်းကတော့ စိတ်ကျရောဂါ Depression ဝင်လာတာကြောင့်ပဲ။ Depression သိပ်ဆိုးဝါးလာရင် Suicidal tendency ကိုယ့် ကိုကိုယ် သတ်သေဖို့ အခြေအနေတွေ ပိုလာနိုင်တယ် .... မင်းပြောတဲ့ ပုံအရဆိုရင် ညီညီ့ ဆီမှာ Depression ကအတိုင်းအတာ တစ်ခုအထိ ဝင်ကောင်းဝင်နေပုံရတယ်.....”

အန်ကယ် ဦးဇော်ဝင်းစကားသံတွေကို ကိုကို ကြားယောင်လာမိသည်။ ညီညီ ... ဘုရားဘုရား .... ရေချိုးခန်းထဲသို့ ကိုကို အလောသုံးဆယ်ဝင်ရောက်လိုသည်။ ရေသံတွေ ရယ် ..... နောက်တော့ ညီညီရဲ့ တိုးဖွဖွ ရေရွတ်သံတွေ ရယ် ........ ညီညီ ......။ ရေချိုးကန်ဘေးတွင် ဆပ်ပြာဆီဘူးများ ဖရိုဖရဲပြိုလဲ ကျနေသည်ကို တွေ့ ရ၏။ ရေပန်းမှ ရေ တွေက ညီညီ ကျောပေါ်သို့ တဖွားဖွားကျနေသည်။ တစ်ကိုယ်လုံးကို တုန်လှုပ်ခြောက်ခြားစွာနှင့် ပွတ်တိုက် လျှက် ဆေးကြောနေသည်။ သူ့ လက်ထဲ၌ ပန်းကန်ဆေးရာတွင် အသုံးပြုသော ဖော့တုံးလေးကို ကိုင်လျှက် တစ် ကိုယ်လုံးကို ပွတ်သတ်ပြီး ဆေးကြောနေသည်။ လက်ဖက်ရည်ဆိုင်မှ အပြန် အန်ကယ်ဇော်ဝင်းရှိရာ ဆေးရုံ သို့  သွားသည်။ ခု ဆယ့်တစ်နာရီ ထိုး ပြီ ညီညီ ဘယ်အချိန်ကတည်းက ဒီရေချိုးခန်းထဲရောက်နေသနည်း။ နှစ်နာရီခန့် ရှိပြီ။ ဒုက္ခတွေတော့ရောက်ကုန်တော့မှာပဲ။

“ညီညီ ... ညီညီ ... ညီလေး တော်ပြီလေ တော်ပြီ အအေးတွေ ပတ်ကုန်မယ် ....တော်ပြီနော် ညီ ... ဟာ ......တစ်ကိုယ်လုံးပြာနေပြီ .... ”

“လူတွေ .... ကိုကို ငါ့တစ်ကိုယ်လုံး ပိုးမွှားတွေနဲ့  ဟီးဟီးအား .... ငါမဆေးလို့ မရဘူး ပိုးမွှားတွေ နဲ့  ..... ဟီးဟီးအီး ....ငါ.... ငါ ....” ညီညီ တစ်ကိုယ်လုံးတုန်ခါလျှက် ငိုသံတစ်ဝက်နဲ့  ပြောသည်။ ကိုကို့ ရင်တွေ အလွန်တရာနာကျင် သွားရလေသည်။

“အေး သန့် ပါပြီ ခုသန့် သွားပြီ ..... ကိုကို မှားတာပါ ညီ့ကို ကိုခေါ်သွားတာ ကိုကိုမှားတာ။ တော်တော့နော်.... လာပါညီညီရယ် လာပါကွာ အေးနေပြီ လာ .....”

ညီညီ ကိုကို့ ကို ကြည့်သည်။ ရေစက်တွေနဲ့ ညီညီ မျက်ရည်တွေ ရောထွေးနေသည်။ တအီးအီးနှင့် ကလေးငယ် လေး တစ်ယောက်လို ငိုကြွေးနေလေသည်။ ကိုကို မျက်နှာသုတ်ပဝါနှင့် ပုဆိုးပြေးယူရသည်။ ညီညီက ရေချိုးကန် ထဲတွင် တစ်ကိုယ်လုံးတုန်ရီစွာဖြင့် အော်ငို၍သာနေလေသည်။ အေးလွန်း၍ မေးတွေလည်း ရိုက်နေပြီ...။ ခြေ တွေ လက်တွေ လည်း ပဲကြီးရေလိုက်နေသည်။ လက်ပေါ်မှ အရေပြားတချို့ လည်းရိပြီး အသားနီတွေ လန်နေပြီ။

“ကိုကို ... ဟီးဟီး ....ငါ့ကို ကယ်ပါဦး ....အီး ဟီး .....ညီညီ့ကို ကယ်ပါဦး ကိုကို ရယ် အား ...............ဟီး..ဟီး....”

“အေးပါညီ ကိုကို ရှိတယ်လေ လာလာ အားမငယ်နဲ့ ညီ .... နော် အေးလာလာ .....”ညီညီ့ကို မျက်နှာသုတ်ပုဝါဖြင့် ထွေးကာ ကိုကို ဆွဲထူလိုက်သည်။ ညီညီ့တစ်ကိုယ်လုံး အေးစက်ပျော့ခွေလျှက်ရှိ၏။

“ပိုးတွေ ပိုးတွေ ငါ့တစ်ကိုယ်လုံးမှာ....ငါသေတော့မှာ ငါသေတော့မှာ ကိုကိုရ ...ဟီး ”

“မသေပါဘူး မသေရပါဘူး .... ဘာလို့ သေရမှာလဲ .... ခုမရှိတော့ဘူးလေ ကုန်သွားပြီလေ နော် သန့် သွားပြီ သန့် သွားပြီ ...လာလာ ညီလေး အေးအေးပါကွာ မငိုနဲ့ နော် ....”

ညီညီကို ကိုကို ပွေ့ ချီလိုက်ရသည်။ ညီညီ့၏ ရှိုက်ငင် တုန်ခါမှုသည် ကိုကို့ ရင်ကို ပင်ကူးစက်လာသည်။ အန် ကယ် ဦးဇော်ဝင်းပြောပြသော စကားသံကိုပြန်လည်ကြောင်းယောင်လာပြန်သည်။

“သူ တို့ စိတ်ထဲမှာ ပစ္စည်းတစ်ခုခုကို လက်နဲ့ ကိုင်လိုက်ရင် ပိုးမွှားတွေ နဲ့ ထိတွေ့ မယ်။ ဒါတွေကို ဆေးကြောမ ပြစ်ရင် ဒုက္ခရောက်မယ် တစ်ခုခု ဆိုးဆိုးရွားဖြစ်လာလိမ့်မယ် ဆိုတဲ့အတွေးက ထပ်ပြန်တလဲလဲဖြစ်နေတယ် .... ဒါကြောင့် သူတို့ ဟာ လက်ကို တစ်နေ့ မှာ အကြိမ်ပေါင်းများစွာဆေးနေကြရတာ ....။ သာမန်လူတစ်ယောက် အသန့် ကြိုက်လို့ လက်ဆေးသလို မျိုးမဟုတ်ဘူးကွ ကိုကို ရ ....။ သူ တို့ ခေါင်းထဲမှာ တစ်ယောက်ယောက်က လာပြောနေတာ တွန်းအားပေးနေသလို ခံစားနေရတာ။ မဆေးပဲ မနေ နိုင်အောင် လုပ်နေတာ ...။ အဲဒါကို Obsession လို့ ခေါ်တယ်ကွ ....။ သနားစရာ အံ့သြစရာ ကောင်းတာက ဒီအတွေးတွေဟာ မမှန်ဘူး သဘာဝ မ ကျဘူးဆိုတာ သူတို့ သိနေတယ်။ ဒါပေမယ့် သူတို့ ဘယ်လိုမှ အဲဒီဆေးကြောတာတွေကို ရပ်တန့် လို့ မရဘူး .... ဒါ့ကြောင့် တစ်နေ့ ကို အကြိမ်ပေါင်း ရာနဲ့ ချီပြီး သူတို့ လက်ကို ဆေးနေကြရတာပေါ့ ....”

ညီညီ့ကို အိပ်ယာပေါ်သို့ လှဲလျောင်းစေလိုက်သည်။ ညီညီက တအီအီ ငိုကြွေးနေလေသည်။ “ကိုကို ငါ ဒီလို ဖြစ် တာ ဘယ်သူ မှမပြောပါနဲ့ ကွာ နော် ... ငါ ...ငါ ကြောက်တယ် ရှက်လို့ ပါကွာ ..... ငါ အားဟား ......ငါ ရူးနေ ပြီထင် ပါတယ် ....ဟီးဟီး”

“ ငါက ဘယ်သူ့ ကိုပြောရမှာလဲ ....ပေါက်ပေါက်ရှာရှာကွာ မင်းမရူးပါဘူး ညီညီရာ .... နော် ညီညီ မငိုနဲ့ မငိုနဲ့ .... ကိုကိုလည်းဘေးနားမှာရှိတယ် မကြောက်နဲ့ နော် ..”

ညီညီတစ်ကိုယ်လုံးကို စောင်ခြုံပေးပြီး ခေါင်းကို ရေခြောက် အောင် သုတ် ပေးနေရင်းက ညီညီ့ကို အားပေးနေ ရသည်။ ညီညီ ကုတင်ခြေရင်းတွင် များစွာသော ဆပ်ပြာဆီ ဘူးများကို ကိုကို တွေ့ လိုက်ရသည်။ ထိုဘူးများ၏ နှုတ်သီးသဏ္ဌာန် ခေါင်းလေးများက ကုတင်ဘက်သို့ လှည့်ကာ တညီတညာတည်း စီထားသည်။ အခန်းနံရံကို ကပ်၍စီထားသော ဆပ်ပြာဆီဘူးများမှာ တစ်ရာလား နှစ်ရာလား ကိုကို မရေတွက်လိုက်နိုင်ပါ။ ဒီဆပ်ပြာဘူးတွေ ကြည့်ပြီး တစ်နေ့ တစ်နေ့ ညီညီ ဘယ်နှစ်ကြိမ်မျှ လက်ဆေး နေ သည်ကို ကိုကိုတွေးကြည့်မိသည်။ အန်ကယ်ဦး ဇော်ဝင်းပြောသလို အကြိမ်ပေါင်းများစွာရှိနေမည်သာဖြစ်သည်။ ညီညီ အခန်းထဲမှ စာကြည့်စားပွဲပေါ်တွင် စာ အုပ်များကို သပ်ရပ်စွာစီထားသည်။

မီးအုပ်ဆောင်း ကွန်ပျူတာ အရာအားလုံးသပ်ရပ်သန့် ရှင်းနေသည်။ ပွင့်ဟနေသော ဘီဒိုထဲတွင်အကျီ င်္များချိတ် ထားသော အကျီ င်္ချိတ်များမှာလည်း တစ်ခုနှင့် တစ်ခု အကွာဝေးတူညီစွာစနစ်တကျရှိနေသည်။ ညီညီ့ အခန်းထဲ မှ ရှိသမျှ ပစ္စည်းများအားလုံး သည် နေသားတကျရှိနေသော်လည်း ပုံမှန်မဟုတ်ပေ။ အားလုံးက တိကျသော အ ကွာအဝေး ဖြင့်စနစ်ကျလွန်းစွာ ညှိထားသလိုဖြစ်နေသည်။ ဒါကို ယခုတော့ ကိုကို နားလည်နေပြီဖြစ်သည်။

“သူ တို့ စိတ်ထဲမှာ အရာဝတ္တုတွေ နည်းနည်းကလေး မညီမညာဖြစ်နေတယ်ဆိုရင် အတင်းကို မညီ ညီအောင် လိုက်ညှိ တော့တာကွ ...။ ခုနပြောသလိုပေါ့ဒါတွေကို မညှိရင် တစ်ခုခု ဆိုးဆိုးဝါးဝါးဖြစ်တော့မယ်လို့ သူတို့ ထင် နေတာ။ တစ်ချို့ ကျတော့လည်း တစ်ယောက်ယောက်က ဓားနဲ့ ထောက်ပြီး သေနတ်နဲ့ ချိန်ပြီး လုပ်ခိုင်းနေတယ် လို့ ထင်နေတာ။ သူ တို့ ဟာ မညီညာတဲ့အရာတွေကို ညှိနေရင်းနဲ့ ထိတ်လန့် ကြောက်ရွံ့ နေကြရတယ်....။ ဒါကို လည်း အဓိပ္ပါယ်မရှိ ဘူး ဆိုတာ သိပေမယ့် သူတို့ ဘယ်လို မှ ရပ်တန့် လိုမရဘူး .....။ အဲလို ရပ်တန့် လို့ မရတဲ့ အပြုအမူတွေကို Compulsion လို့ ခေါ်တယ် ....။”

ညီညီ အနည်းငယ် ငြိမ်သွားသည်။
“ကိုကို ငါ ဆေးမသုံးပါဘူးကွာ ငါ .... ရှက်လည်းရှက်တယ် ကြောက်လည်းကြောက်တယ် ... မင်းငါ့ကို ရူးနေပြီလို့ ထင်နေပြီလား ....ဟင် ကိုကို .... ဒီအဓိပ္ပါယ်မရှိတဲ့ အတွေးတွေကို မတွေးဖို့  ငါဘယ်လောက် ကြိုးစားပြီး မေ့ပစ် မေ့ပစ် ဘယ်လိုမှ မေ့ဖြောက်ပစ်လို့ မရလို့ ပါကွာ .... ငါ.... လူတွေနဲ့ နေလို့ မရတော့ ဘူး ....အင့် ..ငါ ဘဝတော့ ဆုံးပြီထင်ပါတယ် .....ကိုကိုရယ် ဟီးဟီး .... ”

“မရူးပါဘူး ညီညီရယ် မင်းဘာတွေ ခံစားနေရလဲ ... ကိုကို ကိုပြောလေ မင်းနားမှာ ကိုကို ရှိတယ် ပြောလိုက် မင်းရင်ထဲ ပေါ့သွားအောင် ပြောလိုက်နော်....”

“မေမေ ရှိရင် သိပ်ကောင်းမှာပဲ ... မေမေ့ကို သတိရလိုက်တာကွာ .....”

“အော် ..... ညီညီ ရယ်...........”

“တစ်ချို့ ပညာရှင်တွေက ဒီရောဂါဟာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာကြောင့် ဖြစ်တယ်လို့ စာတွေထဲတော့ပြောတယ် .... ငါ့အထင် မမဆုံး သွားတာ ကောင်လေး အတော် ထိခိုက်သွားတယ်ထင်တယ်ကွ .... ဒါဟာ အဖြစ်နိုင်ဆုံးပဲ က လေးက အမေကို တအားတွယ်တာတယ် မလား..... ဒီအသက် ဒီအရွယ်တွေမှာ မိသားစုကွဲကြပြဲကြတဲ့ ပြဿနာ တွေ၊ မိဘတွေ သေဆုံးသွားတာတွေ၊ သူတို့ နဲ့ သိပ်ရင်းနှီးချစ်ခင်တဲ့ သူတွေနဲ့  ဝေးကွာသွားရလို့ နာကျင် ကြေ ကွဲကြရတာတွေကြောင့် ဖြစ်တယ်လို့ ဆိုကြတယ်ကွ။ တစ်ချို့ ကလည်း ဒီလို အကြောင်းအရင်းတွေ မရှိပဲ ဖြစ်ကြ တယ်လို့ လည်း ပြောကြပြန်တယ် ....သူတို့ ကတော့ ဦးနှောက်ထဲမှာ ရှိတဲ့ Serotonin ဆိုတဲ့ ဓါတ်တစ်မျိုး က မောက်ကမ ဖြစ်တာကြောင့်လို့ လည်းဆိုကြတယ် ... တိတိ ကျကျတော့ မသိကြသေး ဘူးပေါ့ကွာ ”

ညီညီက တစ်ကိုယ်တည်း ပြောနေသလို တိုးတိုးကလေး ပြောနေသည်။ ညီညီ့နဖူးမှ ဆံပင်များကို ဖယ်ရှားပေး ရင်း ကိုကို ညီညီ့ စကားများကို နာကျင်စွာနားထောင်နေမိသည်။

“ငါ ညဘက်အိပ်လို့ မရဘူးကိုကို .... ငါအိမ်တံခါးတွေ ပိတ်ထားရဲ့ လား မီးဖိုတွေပိတ်ထားရဲ့ လားလို့ ငါပူပင် နေရ တာ၊ ငါမြဲထစစ်နေရတယ် ....။ ငါကိုယ်တိုင် တံခါးကို သေချာပိတ်ထားတယ်ဆိုတာ ငါသိပါတယ်ကွာ ။ ဒါပေမယ့် ငါမစစ် လို့ ရဘူး။ မစစ်ဘဲ မနေ နိုင်ဘူး ကိုကိုရာ .....။ တစ်ယောက်ယောက် ဝင်လာပြီး ငါ့ကို ဒုက္ခပေးမှာကို ကြောက်နေရတယ်။ ငါအိမ်က ထွက်သွားရင် အိမ်မှာတစ်ခုခု ဖြစ်လိမ့်မယ်လို့ ငါထင်နေတာ ... ပြီးတော့ လူတွေ နဲ့ တွေ့ ရင် သူတို့ ဆီကရောဂါပိုးတွေငါ့ဆီကို ကူးလာမှာလေ .... ငါ .... ငါ ကျောင်းတောင် မသွား နိုင်တော့ဘူး ..... ငါသိပ်စိတ်ဆင်းရဲတာပဲ ... ငါသေသွားရင်ကောင်းမယ် ကိုကိုရာနော် ....ငါသေသွားရင်ကောင်းမယ် ....”

“ဟာ ညီညီ ကလည်း နမိတ်မရှိ နမာမရှိတွေ မပြောစမ်းနဲ့  ...... ငါ အန်ကယ်ဇော်ဝင်းဆီသွားခဲ့ပြီ စိတ်မပူနဲ့  ...ဒါကုသလို့ ရတယ်တဲ့ကွ ...နော် .... ညီလေး မင်းဘာမှမဖြစ်ဘူး ကိုကို တစ်ယောက်လုံး မင်းနားမှာရှိပါတယ် ..... အဲလို မတွေးကောင်းတာတွေ မတွေး ရဘူး နော် .... မင်းမသေရဘူးဟုတ်လား ....ညီညီ”

ညီညီက မျက်နှာကြက်ကို အဓိပ္ပါယ်မဲ့စွာမော့ကြည့်ရင်း ငြိမ်သက်နေသည်။ သူ ခံစားနေရတာတွေကို ကိုကို့ ကို ပြောပြဖို့ ဆုံးဖြတ်လိုက်ဟန်တူလေသည်။ ဒီ့မတိုင်ခင်က ညီညီ ဘယ်လောက်ထိ ပင်းပန်းဆင်းရဲနေလိုက်မလဲ။ သူ သာ ရန်ကုန် ဆင်းမလာဖြစ်ခဲ့ရင် ညီညီသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ....ကိုကို ဆက်မတွေးရဲတော့.....။ ညီညီကို ပစ်ထားခဲ့မိတဲ့ သူ သာလျှင်အပြစ်ရှိသည်ဟု ခံစားလာရသည်။ မေမေ ဆုံးကတည်းက ညီညီ ဘယ်လောက် အ ထီးကျန် နေခဲ့ မလဲ။ သူ အိမ်ထောင်ကျပြီးနောက်ပိုင်း ညီညီ့ကို ဂရုမစိုက်နိုင်ခဲ့တဲ့အတွက် လွန်စွာ စိတ်မကောင်း ဖြစ်ရလေသည်။

“ဒီရောဂါရဲ့  အစွယ်အပွားတွေ က အတော်များတယ်ကွ .... ညဘက် အိမ်တံခါးတွေ မီးခလုပ်တွေ အကြိမ် ပေါင်း များစွာ ထထ စစ်ဆေးတာ၊ ခြေသံတွေ လိုက်ရေတွက်တာ၊ စကားလုံးတွေ လိုက်ရေတွက်တာ၊ နံပါတ်တွေနဲ့ ပတ် သက် ပြီး အကြိမ်တွေနဲ့ ပတ်သက်ပြီး အစွဲအလန်းဖြစ်တာ ... ဥပမာကွာ လေးဂဏန်းက မကောင်းဘူးလို့ သူ ထင် တယ် သူ တံခါးကို လေးခါစစ်ပြီးရင် လေးဂဏန်းကမကောင်းဘူးလို့ သူယူဆတော့ ငါးခါပြည့်အောင် ထစစ်တယ် အဲဒါမျိုးပေါ့ တို့ အတွက်ကတော့ ဒါဟာ အဓိပ္ပါယ်မရှိဘူးပေါ့ကွာ ဒါပေမယ့် .... သူတို့ အတွက်က ဒါဟာ လေးနက် နေမယ်။ ဒီလိုမှမလုပ်ရင် မကောင်းတာတစ်ခုခု ဖြစ်လိမ့်မယ်လို့ သူတို့ ထင်နေတယ်။ တစ်ခါတစ်ရံ ကိုးဂဏန်း ရောက်မှ ကိုးကြိမ်ရောက်မှ စိတ်ထဲ နေသာသွားတာမျိုးပေါ့ ... မင်းစဉ်းစားကြည့်လေကွာ သူ့ ကို ပြောသမျှ စ ကားလုံးတွေကို စိတ်ထဲက လိုက်ရေတွက်နေရတဲ့လူတစ်ယောက်ရဲ့ ဒုက္ခဘယ်လောက်ကြီးလိမ့်မလဲ .... သူတို့ စာသင်ဖို့ လည်း အခက်အခဲဖြစ်လာတယ် လူတွေကိုလည်း ရှောင်ရှားလာတယ်ပေါ့ကွာ ....”

ညီညီပြောသမျှ အကြောင်းအရာတွေကို နားထောင်လိုက် အန်ကယ်ဇော်ဝင်းက သူ့ အားရှင်းပြလိုက်သော ညီညီ့ ရောဂါနှင့်ပတ်သက်သော အချက်အလက်များကို ကြားယောင်လိုက်ဖြင့် ကိုကို အတော်ကြီးတုန်လှုပ်နေမိသည်။ အချိန်မှီသာ သူ မသိခဲ့လျှင် မကုသနိုင်ခဲ့ရင် ......ညီညီ ဘဝရေတိမ်နစ်ရမည်သာဖြစ်သည်။ ညီညီသည် အလွန် သနားစရာကောင်းသော ရောဂါဝေဒနာ သည်တစ်ယောက်ဖြစ်လို့ နေသည်။ ညီညီ့ကို ဆေးသမားဟု ထင်ခဲ့မိ သည့် အတွက် ကိုကို အလွန်စိတ်မကောင်းဖြစ်နေမိသည်။ ကြောက်ရွံ့ ထိတ်လန့် နေသော ညီညီ့ကို လက်ဖက် ရေဆိုင် သို့ အတင်းခေါ်သွားခဲ့မိသည်။ ငါ မသိလို့ ပါ ညီလေးရယ် ဟု ကိုကို စိတ်ထဲမှ တောင်းပန်နေမိသည်။

“ငါဒီ အိပ်မက်ဆိုးတွေက နိုးချင်လှပါပြီ ကိုကိုရာ ...။ ငါ ပင်ပန်းလှပြီ .... ငါကျောင်းပြန်တက်ချင်လိုက်တာ .....။ သူ ငယ်ချင်းတွေနဲ့ အတူ သာမန်လူတစ်တွေလို နေချင်လိုက်တာ....။ ဒီမှာကြည့်စမ်း ငါ့လက်တွေ .... ရေတွေဆပ်ပြာ
တွေစားထားတာလေ။ ခဏခဏ မင်းမေးနေတာလေ ....။ ငါခြေထောက်နဲ့  တံခါးတွေကို ဖွင့်ဖို့ ပိတ်ဖို့ ကြိုးစား တာအဲဒါကြောင့် ပါကွာ။ ဒါပေမယ့် ကိုကိုရယ် မထူးပါဘူးကွာ။ ငါရပ်လို့ မရဘူး .... တစ်နေ့ လုံး လက်ဆေးလိုက် ဒီပြန့် ကျဲနေတာ တွေလိုက်စီလိုက် ညညဆို လည်း တံခါးတွေ မီးခလုပ်တွေထစစ်လိုက် နဲ့  ....မင်း သိလား ... ငါ တစ်နေ့ ကို အခါ တစ်ရာကျော်တယ် .... လက်ဆေးတာ အခါတစ်ရာကျော်တယ် ကိုကိုရဲ့  ...... ဒါပေ မယ့်ကွာ ငါ့လက်တွေ က သန့် မလာပါဘူး ....။ ငါ မကြောက်ဘဲ မတွေးဘဲ သူတို့ အသံတွေ မကြားရဘဲ နေရတဲ့ အချိန်လေးက တစ်နေ့ မှာ နည်းနည်းလေးပဲရှိတယ် ..... ဟင်း ...စိတ်ညစ်လိုက်တာကွာ .....စိတ်ဆင်းရဲဖို့ ကောင်း လိုက်တာ......”

ညီညီ့၏ စကားတွေကြောင့် ကိုကို ညီညီ့ကို သနားခြင်းကြီးစွာဖြစ်မိသည်။ လူမှန်းသူမှန်း မသိအောင်ဖြစ် နေတာ လည်း မဟုတ်။ သူ ကိုယ်တိုင်သိနေရဲ့ သားနဲ့  ထိတ်လန့် ကြောက်ရွံ့ စွာ မက်နေရသော အိပ်မက်ဆိုးတွေသည် အဘယ်မျှ သူ့ ကိုပန်းဆင်းရဲ စေလိုက်မလဲ။

“ဒီရောဂါကို Obsessive Compulsive Disorder လို့ ခေါ်တယ် သူတို့ တွေးနေတဲ့ သူတို့ ကြားနေတဲ့ အရာ တွေ ဟာ Obsession ပေါ့။ မလုပ်ဘဲ မနေနိုင်လောက်အောင် သူ့ ကိုတိုက်တွန်းနေတဲ့ တွေးတွေပေါ့ ... အဲတာ တွေ ရဲ့ တိုက် တွန်းမှုကို ထလုပ်တာကို Compulsion လို့ ခေါ်တယ် ... စိတ်ရောဂါတစ်မျိုးပေါ့ကွာ အမေရိကား မှာ လူ ငယ်လေး ယောက်မှာ တစ်ယောက် ဖြစ်နေတယ်လို့  ပြောကြတယ်။ ဆိုလိုတာကကွာ ပြင်းထန်မှု ဆိုးရွားမှု ခြင်း တော့ မတူဘူးပေါ့ ...။ နည်းနည်းပေါ့တဲ့သူ နည်းနည်းဆိုးတဲ့သူရယ်တော့ကွာတာပေါ့။ သူ တို့ နိုင်ငံမှာ လူ ငယ် တော်တော်များမျးဟာ ဒီရောဂါကို ခံစားနေကြရတယ်။.... လူပျို အပျိုဖော်ဝင်စအချိန်တွေမှာ အဖြစ်များ တယ်ကွ အသက်ကြီးတဲ့လူတွေမှာလည်း ဖြစ်တာပေါ့ကွာ။ တစ်ချို့ ကမ္ဘာကျော် နာမည်ကြီးပုဂ္ဂိုလ်တွေတောင် ဒီလို ရောဂါမျိုးရှိ တယ်လို့ ပြောသံတွေကြားရတယ်..... ကုသလို့ ရပါတယ် ....မင်းတအားကြီးတော့ စိတ်မပူနဲ့ ။ င့ါ မိတ်ဆွေ (Psychiatrist) စိတ်ကျန်းမာရေး အထူးကုဆရာဝန်တစ်ယောက်ရှိတယ်။ သူ့ ကို ငါအကျိုး အ ကြောင်း ပြောပြ ထားမယ်လေ ဟုတ်လား။ မင်းက ညီညီ့ကို သေချာစောင့်ကြည့်ပြီး ဆရာဝန်ပြဖို့  စည်းရုံးထား။ နားဝင် အောင် ချော့ပြီးပြောထား ။ မင်းကလည်း စိတ်ရှည်မှဖြစ်မယ်။ အခြေအနေထူးခြားတာရှိရင် ငါ့ဆီချက်ချင်းဖုန်း ဆက် ....။ Depression သိပ်ဆိုးလာရင်တော့ Suicide လုပ်တာ ဘာညာဖြစ်မှာတော့ စိုးရတယ်။ မင်းရှိနေလို့  တော်သေးတယ်။ သူ့ ကို တစ်ယောက်တည်း မထားနဲ့  .... သတိထားပေါ့ ။ ငါ ညနေ အပြန် အိမ်ဝင်ခဲ့မယ် ဟုတ်ပြီ လား .... အေးကွာ င့ါတူလေး ကံဆိုးပါတယ်ကွာ ..... ”

ညီညီ စကားပြောရင်းက အိပ်ပျော်သွားသည်။ ပြာလဲ့လဲ့ဖြစ်နေသော ညီညီမျက်နှာလေး ပြန်သွေးရောင်သန်း လာသည်။ မျက်တွင်းလေးတွေ ချိုင့်နေသော ညီညီ့ကို ကြည့်ပြီး ကိုကို မျက်ရည်ကျရပါသည်။ ကုလို့ ရလို့ တော် သေးတာ ပေါ့ညီညီရယ်ဟု စိတ်ထဲရေရွတ်လိုက်မိသည်။ ညီညီ့ရဲ့ စိတ်ကျရောဂါဟာ Suicide လုပ်ရလောက် အောင် ပြင်းထန်ဆိုးဝါးနေမနေ တော့ ကိုကို မသိပေ။ သို့ သော် ညီညီ့ ခံစားမှုတွေသည် အလွန်တရာ ပြင်းထန် နာကျင်နေပြီဆိုတာကိုတော့ ကိုကို ခံစားသိရှိ နေမိသည်။ ချစ်လှစွာသော ညီငယ်လေး နားမှ သူ ထွက်သွား၍ မဖြစ်တော့ .... ။

ညီညာသော ပြန့် ကျဲ မှုတွေကြားက ညီညီ .... သန့် ရှင်းနေတဲ့ ညစ်ထေးမှုများကြားက ညီညီ ... လုံခြုံပေမယ့် စိတ် မချမှုများနဲ့ ညီညီ .... ညီညီ ရယ်။ ..... နိုးနေရက် နဲ့  မက်နေရတဲ့ အိပ်မက်ဆိုးတွေကနေ တပည့်တော်ရဲ့ ညီ လေး လွန်မြောက်ပါစေဘုရား ...... ညီလေးရဲ့ နာကျင်မှုတွေလျော့ပါးပါစေတော့ ..... ဝဋ်ကြွေးတွေ ရှိခဲ့ရင် လည်း ကြေ ပါစေတော့ ..... ညီညီ ..... ကံဆိုး လိုက်တဲ့ ညီလေးရယ် .....။ ကိုကို အိပ်ပျော်နေသော ညီညီ့ မျက်နှာကို ကြည့် ရင်း မျက်ရည်တွေကြားက တိုးတိုးရေ ရွတ်နေမိသည်။ အခု အိပ်ပျော်နေတဲ့ အချိန်မှာတော့ ဘာအိပ်မက်ဆိုးမှ မမက်ဘဲ အေးအေးချမ်းချမ်း အိပ်ပျော် နိုင်ပါစေ .... ညီညီရာ....။

**************

ဒီဇာတ်သိမ်းပိုင်းလေးကို ပြင်ဆင်ရတာတွေ နည်းနည်းများနေလို့  စောင့်မျှော်ခဲ့ရတဲ့ စာဖတ်သူမောင်နှမများ ကို အနူးညွတ် တောင်းပန်ပါတယ်ခင်ဗျာ ..... သုံးပိုင်းပိုင်းဖို့ ရည်ရွယ်ထားပေမယ့် စာဖတ်သူတွေ ကို အားနာလို့  တစ်ခါတည်း ဇာတ်သိမ်းလိုက်ပါတယ် .....။ စာရှည်သွားလို့ ထပ်ပြီးအားနာမိပါတယ်။ ကျေးဇူးတင်ပါတယ် ..... :D

စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ ....
ရန်ကုန်သား