Friday, July 31, 2009

အတွေ့ နှင့်အားပြိုင်ခြင်း



“မောင်ဟာ မိန်းမရှိတဲ့ ယောက်ျားတစ်ယောက် ဆိုတာ ဇင် သိတာ ပေါ့……ဒါပေမယ့်မောင်…..မေဇင်အောင် ဆိုတဲ့  မိန်းမ ဟာ တစ်ဘဝ လုံးမှာ တစ်ယောက်ပဲချစ်ခဲ့ ဖူးတယ် အဲလူဟာ မောင်တစ် ယောက် တည်းပဲ….. မောင် ဘာ ဖြစ်ဖြစ် ဘယ် ဘဝရောက်ရောက် ……မောင်က ဇင့်ချစ်သူ။ ဇင်က တော့ ချစ်နေမှာပဲ …….မောင် ကော …… ဇင့်ကို ချစ်နေတုန်းမဟုတ် လား ဟင်…….. ”







ဓါတ်လှေကားမှ ထွက်လိုက်သည် နှင့် 6-B ဟူသော ရွှေရောင် ဖောင်းကြွ စာလုံးဖြင့် ရေးထား သည့် တိုက်ခန်း နံပါတ်ကို သံပန်းတံခါး၏ နောက်ရှိ ကျွန်းသားတံခါးပေါ်တွင် တွေ့ လိုက်ရသည်။ တိုက်ခန်းဘေး မှန်ချပ်များ ကို စောင်း ငဲ့ ကြည့်လိုက်တော့ ညက အစပျိုးနေပြီ ဖြစ်သည်။ ကောင်းကင်သည် ပြာလဲ့လဲ့ဖြင့်မှိုင်းနေ၏။ သူ သက် ပြင်းကို အသာချလိုက်မိသည်။ တံခါးခေါက် ရန်ပြင်ထားပြီးမှ တံခါးနှင့် လက်ထိခါနီးတွင် သူ နောက်ကို ပြန်ဆွဲလိုက်မိ သည်။

သူ အသက်ကိုမှန်မှန် ရှူလိုက်ပြီးတံခါးကို မှန်မှန် ခေါက်ဖို့ ကြိုး စား လိုက်သည်။ သူ ချီတုံချတုံ ဖြစ်နေသည်ကို သူမ တွေ့ သွား ၍မ ဖြစ်ပေ။ တံခါးခေါက် လိုက်သော သူ့ လက်က အတော်ပင်အေး စက်နေသည်။ သူ ခေါက် လိုက် သော တံခါးခေါက်သံ သုံးချက်သည် သူ့ နားထဲတွင် အတော် ကျယ်လောင်သွားသလို ရှိသည်။ သူ ရပ်နေ သော ခြောက်လွှာသည် အလွန်တိတ်ဆိတ်နေသည်။ သူ့ ကျော ဘက် ခပ်စောင်းစောင်းတွင် တိုက်ခန်း အမှတ် 6-A ရှိနေသည်။

သူ 6-B တံခါးကို ဘက်ပြန်လှည့်လိုက်တော့မှ သံပန်းတံခါး အတွင်းဘက် ကျွန်းတံခါးကြေးဘောင် တွင် လျှပ်စစ် ဘဲလ်ကို တွေ့ လိုက်ရသဖြင့် သူ့ နမော်နမဲ့နိုင်မှုအတွက် အနည်းငယ် မကျေမနပ် ဖြစ်သွားမိသည်။ ကျွန်းသား တံခါးက အသာပွင့်သွားသည်။ ရင်းနှီးပြီးသာ ရနံ့ တစ်ခုနှင့်အတူ မြမြကလေး အေးနေသော လေက သူ့ ကို အသာ အယာ တွန်းတိုက်သွားသည်။ သူ့ ရင် တဒိန်းဒိန်းခုန်သွားသည်။ နောက်သို့ လည်းခြေလှမ်းတစ်ဝက် လောက် ဆုတ်လိုက်မိသည်။

အပြုံးတစ်ခု၊ ဖြူသွယ်သော လက်တစ်စုံ။ သူမရဲ့ လှုပ်ရှားမှုတွေကို သူ လိုက်ကြည့် နေမိသည်။ တိုက်ခန်းထဲ တွင် မီးဖွင့် ထားဟန် မတူ။ အနည်းငယ် မှောင်ရိပ်ကျနေသည်။ သံတံခါးကို ချပ်ကနဲ မြည်အောင် သူမ ဘေး သို့ တွန်းထုတ်လိုက်သည်။ သူ ကတော့ မလှုပ်ရှားဘဲ ငြိမ်နေမိသည်။ သူ ဝင်ဖို့ လမ်း လေးဖွင့်ပေးကာ သူမက ကျွန်းတံခါးကို မှီနွဲ့ ကာခပ်ရို့ ရို့ လေးရပ်နေသည်။

“မောင်…..ဝင်လေ …”

သူမအသံကတိုးသဲ့သော်လည်း သူကောင်းစွာကြားရသည်။ “မောင်….” တဲ့ ။ သူ့ မျက်လုံးထဲတွင် သူမအစား ကိုယ်ဝန် အရင့်အမာနှင့် ဇနီးသည်“ စိုး” ကိုသာ ဖျတ်ကနဲ မြင်လိုက်မိသည်။ သူမကို ရုတ်တရက်မော့ကြည့် မိ လိုက်သော်လည်း သူ မ၏ “မောင်” ဟူသော အခေါ်အဝေါ်ကို ပြောင်းလဲပစ်ဖို့  သူ မပြောလိုက်မိပေ။သူ မ၏ ပေါ့ပါးတဲ့ အပြုံးတွေက သူ့ ရင်ကို အရင်တုန်းလိုပဲ လေးလံသွားစေလေသည်။

သူမ မျက်နှာကို အသေအ အချာ မကြည့်ဖြစ်ခင် တိုက်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။ အေးသည်ဆိုရုံလေး ဖွင့်ထားသော လေအေးပေးစက် ကြောင့် တိုက်ခန်းထဲသို့ ဝင်ဝင် ချင်းပင် ချွေးစို့ နေသော သူ့ ကျောပြင်မှာ စိမ့် က နဲဖြစ်သွားသည်။ သူ အိမ် ထဲ သို့  ဆက်မဝင်ပဲ သူမတံခါး ပိတ်ပြီးသည် အထိ ရပ်စောင့်နေလိုက်သည်။


Oh, my love,.........my darling,...... I've hungered.....for your... touch............a long, lonely time. And time........ goes by...... so slowly ....... and time....... can do so much, much, ........ are you........still mine?.......I need your love,..........I........ need your love,........ God speed your love ............. to....me.....


“Righteous Brothers” ၏ “Unchanged Melody” သည် သူမ တိုက်ခန်းထဲတွင် တိုးသက်စွာပျံ့ လွင့်နေသည်။ သူမ ဧည့်ခန်းထဲတွင် အလင်းရောင်က ဖျော့တော့နေသည်။ ဤသီချင်းကို ရွေးဖွင့်ထားသည့် သူမ ၏ ရည်ရွယ် ချက် ကဘာလဲ။ ပြတင်းပေါက် တရုတ်ကပ်မှန်များကို ပန်းပွင့် အကြီး ကြီးများ ပါသော အဝါရင့်ရောင် လိုက်ကာ များဖြင့် ကာထားသည်။ သူမ ၏ဧည့်ခန်းသည် ဝါကျန့် သော နံရံကပ် မီးသီး၏ အလင်းရောင် အောက်တွင် အ နည်းငယ် မှုန်ဝါးလို့ နေသည်။ ပရိဘောဂ များကစနစ်တကျ သူ့ နေရာနှင့်သူ ရှိနေသဖြင့် သူမ၏ တိုက်ခန်းလေး သည် သပ်ရပ်လို့ နေလေသည်။

“မောင်…..ဆေးခန်းကို မလာဘဲ ဖုန်းဆက်လိုက်တာ ဇင် နည်းနည်းများ ရိုင်းသွားသလားဟင်……”

သူ့ ကျောပြင် အောက်နားကို နွေးထွေးသော လက်ဖဝါးတစ်ခု ထိကပ်လာသည်ကို ခံစားလိုက်ရသည်။ သူ ကျောကို နည်းနည်း ကော့လိုက်မိသည်။ သူ့ ကို ချုပ်ကိုင်မထားသော်လည်း ကျောကို ချာကနဲ လှည့်ကာ သူမ ၏ လက်မှ အသာရုန်းထွက် လိုက်ရသည်။ သူမ နှင့်သူ မျက်နှာချင်းဆိုင်ရလေပြီ။ သူမ ၏ ပြုပြင်ထားမှု မရှိပဲ လှိုင်းထ ညိုမှောင်နေသော ဆံပင်တို့ က သူမ ၏ ရှင်းလင်းနေသော နဖူးပြင်ထက်တွင် ကဗျာဆန်စွာ လှပနေ သည်။

သူမ မျက်လုံးများကတော့ အနည်းငယ်ဖျော့တော့နေသည်။ သို့ သော် ထိုအားပျော့နေသော မျက်ဝန်းများထဲ တွင် မြင်နေရသော ဆွဲအားတစ်ခုကို တွေ့ လိုက်ရပြန်တော့ သူအနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားမိ သည်။ သူမ နှုတ်ခမ်းများက အပြုံးစတစ်ခုနှင့်အတူ အသက်ဝင်နေသည်။ သူနဲ့ အကျွမ်းတဝင် ရှိဘူးသည့် သူမ ၏ ခန္ဓာ ကိုယ် သည် သွယ်လျစွာ ဖြင့် စွဲဆောင်မှု ရှိစဲပင်ဖြစ်သည်။

အရောင် ပြယ်နေသော အဖြူရောင် တီရှပ်ပွပွ တစ်ထည်ကို ပိုသီပတ်သီဖြင့် သူမဝတ်ထားသည်။ သူမခန္ဓာ ကိုယ်သည် ထိုတီရှက် အောက်တွင်ပင် သူ ဆက်မကြည့်ရဲဖွယ် ဖြစ်နေသည်။ အနက်ရောင် ပေါ်တွင် ပန်း ပြောက် များလား အဖြူရောင်အစက်များလား မသဲကွဲသည့် လုံချည်ကို ထုံးစံအတိုင်း သူမ ၏ခြေဖမိုးဖုံး သည့် တိုင် အောင် ဝတ်ထားသည်။ သူမ သည် သုံးလေးနှစ်တာကလ အတွင်း များစွာ ပြောင်းလဲမှုမရှိပါချေ။

“မေဇင်အောင်” ဟူသော သူမသည် လွန်ခဲ့ သော ဆယ်စုနှစ် တစ်ခုလုံး သူနှင့်အတူ ရှိနေခဲ့ သော မိန်းမတစ် ယောက်ဖြစ်ခဲ့ လေသည်။ သူ တို့ နှစ်ယောက်ကို မိတ်ဆွေတွေက ပတ်ဝန်းကျင်က ချစ်သူတွေဟု သတ်မှတ်ခဲ့  ကြသည်။ မှန်ပါသည် သူတို့ ချစ်သူတွေ ဖြစ်ခဲ့ ကြသည်။ သူမသည် သူ့ အား မွမ်းကြပ်မှုတွေနှင့် ကြည်နူးစေခဲ့  သော သူ့ ချစ်သူဖြစ်ခဲ့လေသည်။

“အင်းရပါတယ် မေ….မေဇင်…..တခြားလူတွေမှမဟုတ်ဘဲလေ……”

သူ့ အသံက အနည်းငယ် တုန်ရီနေသည် ဟု သူထင်သည်။ လွန်ခဲ့ သော နှစ်များဆီက သူမ၏ “မောင်” ဟူ သော လူမှာ သူ့ ကိုယ်ခန္ဓာထဲသို့ ဘယ်အချိန်က ပြန်လည် ဝင်ရောက်လာခဲ့ သည်ကို မသိလိုက်ပါ။ ဟိုတစ်ချိန် တုန်းက လိုပင်သူသည် သူမရှေ့ တွင် ဆယ်ကျော်သက်ကောင်လေး တစ်ယောက်လို ရင်တွေ ခုန် နေ ရစဲ ပါလား ဆိုတာ သူ အံ့အားသင့်စွာသိလိုက်ရသည်။

“မောင်……ကလဲ တခြားလူတွေ မဟုတ်ဘူးဆိုရင် မောင်က ဘာဖြစ်လို့ အဲလိုကြီးဖြစ်နေတာလဲကွာ…..”

“အော် မေ… မောင်က အိမ်ထောင်ကျနေပြီဆိုတော့ အရင်တုန်းကလို…..”

သူမ ၏သေးသွယ်ပျော့ပျောင်းသော လက်ချောင်းလေးတွေက သူ့ နှုတ်ခမ်းတွေကို အုပ်ထားလိုက်သည်။ သူ စကားဆက် မပြောနိုင်တော့။ သူမ လက်ချောင်းလေးများ၏ အထိအတွေ့ ကြောင့်သူ့ နှုတ်ခမ်းသည် အနည်း ငယ် ပွင့်ဟသွားသည်ထင်၏။ ထိုအထိအတွေ့ သည် သူ့ ကိုပို၍ပျော့ပျောင်းသွားစေသည်။ သူမက သူနှင့် ပို၍ ပင် နီးအောင် ကပ်လျှက်…..

“မောင်……အိမ်ထောင်ကျတာ ဇင်သိတယ်……ဒီမှာမောင်…ဒါ ဇင့်အိမ်……ဇင့်အိမ်မှာ….မောင့်မိန်းမ စိုးစိုး မရှိဘူး……မောင့်မိန်းမ စိုးစိုးရဲ့  အိမ်မှာ ဇင် မရှိသလို ပေါ့….. လာထိုင်ပါမောင်ရယ်…. ဇင်လေ…. မောင့် ကို ဘယ်လောက် တမ်းတနေရတယ်ဆိုတာ မောင်သိရဲ့ လား……”

သူမ သည်သူ့ လက်မောင်းကို အသာဆွဲကာ ဧည့်ခန်း စက်တီပေါ်သို့ အထိုင်ခိုင်းသည်။ ဤအိမ်ထဲသို့  ဝင် လိုက် ကတည်းက သူ့ ကိုယ်သူ ထိမ်းချုပ်မှုကင်း၍ သွားသလို ရှိသည်။ မဟုတ်ဘူး သူဟာ စိုးရဲ့  ချစ်လှ စွာ သော ယောက်ျား၊ စိုး လွယ်ထားတဲ့ ကိုယ်ဝန်ထဲက လပိုင်းအတွင်း လူ့ ဘဝထဲကို ဝင်ရောက် လာမယ့် သား ရဲ့  အဖေ၊ စိုးကို သူ ချစ်တယ်။ ဟုတ်တယ်….စိုးနဲ့ သားကို သူချစ်တယ်…….

နှစ်ယောက်ထိုင်စက်တီခုံ တွင်သူ ဝင်မထိုင်ပဲ သူမ လက်မှ ရုန်းထွက်ကာ မျက်နှာချင်းဆိုင်က တစ်ယောက်ထိုင် ခုံ တွင်ဝင်ထိုင်လိုက်သည်။ စက်တီစားပွဲတစ်ခု သည် သူမနဲ့ သူ့ ကို ခြားမထားနိုင်သော်လည်း သူ တတ်နိုင်သမျှ သူမ နှင့် ခွာပြီးနေချင်သည်။ သူမ ၏ “မောင်” သူ့ ဆီပြန်ရောက်လာမှကို သူကြိုသိနေသည်ဟု ဆိုကပိုမှန်ပေ လိမ့်မည်။ သူမ မျက်နှာ ညိုသွားသည်။ သူ့ နဖူးတွင် ချွေးတွေပင် သီးလာသည်။

“နေမကောင်း ဘူးဆိုလို့  မေ….မောင်လာခဲ့တာလေ…..ဖျားတာလား…….ဘာဆေးသောက်ထားလဲ…….”

“တော်စမ်းပါမောင်ရာ……ဇင့်ကို မောင့်လူနာတွေလို မမေးစမ်းပါနဲ့ ….ဇင် ဘာမှမဖြစ်ဘူး….. ခရီးပန်းရင် …… ဖျားတတ်တယ်ဆိုတာ မောင်သိသားနဲ့ ……”

သူမ အနည်းငယ် ဒေါသဖြစ်သွားဟန်ဖြင့် သူ့ ကိုလေသံမာမာဖြင့် ပြောလိုက်သည်။ သူမ သူ့ မျက်နှာချင်းဆိုင် နှစ်ယောက်ထိုင် စက်တီခုံပေါ်တွင် အားပျော့နွမ်းနယ်စွာ ထိုင်ချလိုက်သည်။ ခုံနောက်မှီကို ပခုံးစွန်းလေးနှင့် အသာမှေးပြီး ခပ်ပြေပြေလျှောကာ သူမထိုင်နေသည်။ သူမ မျက်လုံးတွေက သူ့ ကို စိုက်ကြည့်နေသည်။

“အင်းလေ….ဖျားတယ်ဆိုရင် ဘာလို့ ဆေးမသောက်တာလဲ…….ခေါင်းကိုက်သလား……ဘာစားထားလဲ….”

“မောင်……တော်စမ်းပါကွာ…..မောင်ကုပေးရမှာက အဲဒီ အဖျားမဟုတ်ဘူး….ဒီမှာ ဒီမှာ ……ဟောဒီ ရင်ဘတ်ထဲက…. ရောဂါသိလား မောင်ရဲ့ …… သိရဲ့ လား ….. မောင်ပဲကုနိုင်တာလေ ……ဇင့်ကို မသနားတော့ဘူးလား မောင်ရယ်…..ဇင် လေ ဇင်မောင့်ကို …..”

သူမ၏နှလုံးသား နေရာကို လက်နှင့်ညွှန်ပြလျက် သူ့ ကို ပြောနေသောသူမသည် သူ့ ကို အတိတ်ဆီသို့ ပြန် လည်ခေါ် ဆောင်သွားနေသကဲ့ သို့ ရှိသည်။ သူ သူမနားကို ထမသွားဘူးဟု ဆုံးဖြတ်လျှက် ထိုင်ခုံတွေ ပေ ထိုင်နေ လိုက်မိသည်။ သူမ ကိုသူ့ တွင်ပြောစရာ စကားမရှိပါ…….။ သို့ သော် သူ့ ကိုယ်သူ ပြန်သတိပေးနေ ရင်းက သူ့ ရင်တွေ မွန်းကြပ် လို့ လာသည်။

သူ လာခဲ့ မိတာမှားပြီလား။ သူ ကျောခိုင်းခဲ့ တဲ့ မိန်းမတစ်ယောက်က ဖုန်းတစ်ချက်လေးဆက်ရုံမျှ ဖြင့် သူ သူမ ဆီ ကို ရောက်လာခဲ့ မိသည်။ သူမ ဆီလာဖို့ ချီတုံချတုံဖြင့် သွားမည်၊ မသွားတော့ဘူးဟု ဆုံးဖြတ်ချက်တွေ မပြတ် သား ခဲ့ ပေမယ့် မိတ်ဆွေတစ်ယောက် အနေဖြင့် သွားသင့်သည်ဟု သူ့ စိတ် ကျေနပ်အောင် အမည်တပ် လျှက် သူမ ထံသူ ရောက်လာခဲ့ သည်။ သူ့ တွင် မွေးခါနီးဖွားခါနီးကိုယ်ဝန် အရင့်အမာနှင့် ဇနီး ရှိသည်။ သူ အိမ်အပြန်လာကို သူ့ ဇနီးစိုး ကမျှော်နေလိမ့် မည်။ စိုး၏ကွယ်ရာ ၌ပင်ဖြစ်လင့်ကစား စိုးနှင့်သူ့ ကြားထားရှိသော “သစ္စာ”ကို သူ အရောင်မ ထင်းစေလို ပါ။

သူ သည် စိုးအတွက် ခင်ပွန်းကောင်းတစ်ယောက် ဖြစ်ရမည်။ အကြာခင် လူ့ လောက ထဲရောက်လာမည့် သား အတွက် ဖခင်ကောင်း တစ်ယောက် ဖြစ်ရမည်။ စာတစ်စောင် မရေးခဲ့ ၊ ဖုန်းတစ်ကောမျှ မခေါ်ဖြစ်ခဲ့ ပဲ သုံးလေး နှစ်မျှ ဝေးကွာနေသော သူ မူးရစ်မက်မောခဲ့ ရသောရင်ခွင်နှင့် သူ့ ရည်းစားဟောင်း၊ သူကိုယ်တိုင် ဆုံးဖြတ်ချက် ချပြီး လမ်းခွဲခဲ့ သော ချစ်သူဟောင်းသည် ယခုတော့ သူ့ အကူအညီ လိုအပ်နေသော မိတ်ဆွေဟောင်းတစ် ယောက်သာဖြစ်ရမည်။ ဒီထက် မပိုစေရ။ သူ သည် သူမ နာမကျန်းချိန်တွင် လိုအပ်နေသော ဆရာဝန် တစ် ယောက်သာဖြစ်သည်။

“ မေဇင် မောင်တို့ ……ပြီးခဲ့တာတွေကို….ထပ်မပြောကြပါစို့ လား…..ခု မေဇင်နေမကောင်းဘူးမို့ လား……. ဘာစားချင်လဲ…… မေဇင့်မှာဘာရှိလဲ…. ဒါမှမဟုတ် ကြေးအိုးသောက်ချင်လား….. ဟင်…..ပြော မောင်သွား ဝယ်ပေးမယ်……”

“မေဇင် တဲ့ လားမောင်ရယ်…..ဇင်ကတောင် မောင့်ကို မောင်လို့ ခေါ်ရဲသေးတာ…..မောင်က ဇင့်ကို ဘာလို့  ခေါ်နေကျ အတိုင်း ဇင် လို့ မခေါ်ရဲတာလဲ…….ဟင်……ပြောစမ်းပါ……ဇင်ပြော ပြီးပြီနော် ဒါ ဇင့်အိမ် ……မောင့် စိုးစိုးကို ဇင့်အိမ်ထဲ ခေါ်မလာနဲ့ ……ဘာမှလည်း မစားချင်ဘူး ဘာမှလည်း မသောက်ချင်ဘူး မောင့်နားမှာ နေချင်တာ……မောင်……. ဇင့်ကို မောင့်ရင်ခွင်မှာ ခဏတော့ နေခွင့်ပြုပါနော်…..ဇင်လေ မောင်နဲ့  ဝေးသွား က တည်းက နေလို့ ကို မပျော်တာ ပါကွယ်……”

သူမသည် ပြောရင်းက ထိုင်ရာကထလျှက် သူ့ အနားသို့ တိုးကပ်လာသည်။ သူမ မျက်ဝန်းထဲက မျက်ရည်စ တ ချို့  ကိုသူ တွေ့ လိုက်ရသည်။ သူ သူမဝမ်းနည်းနေတာကို သနားမိပြီလား။ မဟုတ်ဘူး ဒါက သဘာဝပဲ လူတစ် ယောက် အထူးသဖြင့် မိန်းကလေးတစ်ယောက် ငိုတဲ့ အခါ ဘေးကဘာမှ မဆိုင်တဲ့ သူတွေကတောင် သနား တတ်သေး တာပဲ။ ပြီးတော့ သူက ဆရာဝန်လေ လူမမာတွေကို တွေ့ ရင် သူ အမြဲ သနားစိတ်ဝင်မိ သည်ပဲ။

သူမသည် မှိန်ဖျော့သော မီးရောင်အောက်တွင်ပင် လှပလို့ နေသည်။ စိုးနဲ့  မေဇင်အောင် က ဘယ်သူပို လှလဲ လို့ များတစ်ယောက် ယောက် က မေးခဲ့ ရင် မေဇင်အောင်က ပိုလှတာပေါ့ လို့ အမှန်အတိုင်းဖြေမိမည်သာ။ သူမ ၏လှိုင်းတွန့် နေသော ဆံစတွေကြားတွင် သူမ၏သွယ်ပျောင်းသော မျက်နှာသည် ပကတိ ဝင်းပလို့ နေ သည်။ သူမ ၏မျက်ဝန်းတွေက သာ ရယ်မောနေခဲ့ ရင်၊ သူမသည် လိုတိုင်းတ ရနိုင်သော နတ်သမီးတစ်ပါ ဖြစ်ုလို့ သွားမည်။

“ဇင့်ကို ….. မောင်ထားခဲ့တုန်းကလေ ဇင်တော့ အရူးတစ်ပိုင်းပဲမောင်ရယ်…..ဇင့်မှာ မောင့်ရယ်သံတွေကို လွမ်းရ၊ နေမကောင်းတဲ့ အခါ ဇင့်နဖူးကို ပါးလေးကပ်ပြီးစမ်းတတ်တဲ့ မောင့်ကို လွမ်းရ နဲ့ မောင်ရယ်….. မောင် လား….. ဇင် မောင့်ကို တစ်ရက်ကလေးတောင် မေ့မရပါဘူး မောင်…….ဇင်လေ မောင့်ကို….. ချစ်တယ် မောင် ရယ်….. ချစ်တယ်…..”

“မောင်ဟာ မိန်းမရှိတဲ့ ယောက်ျားတစ်ယောက် ဆိုတာ ဇင်သိတာပေါ့……ဒါပေမယ့်မောင်…..မေဇင်အောင် ဆိုတဲ့  မိန်းမ ဟာ တစ်ဘဝလုံးမှာ တစ်ယောက်ပဲချစ်ခဲ့ ဖူးတယ် အဲလူဟာ မောင်တစ်ယောက်တည်းပဲ….. မောင် ဘာ ဖြစ်ဖြစ် ဘယ် ဘဝရောက်ရောက် ……မောင်က ဇင့်ချစ်သူ။ ဇင်က တော့ ချစ်နေမှာပဲ …….မောင် ကော…… ဇင့်ကို ချစ်နေတုန်းမဟုတ် လား ဟင်…….. ”

သူမ သူ့ အနားသို့ စကားတွေပြော နေရင်းက နီးကပ်လာသည်။ သူ ထိုင်နေသော စက်တီခုံလက်ရမ်းကို ကိုင် လျှက် သူမ ကိုယ်ကို သူ့ ဆီသို့ ညွှတ်ကိုင်း လိုက်သည်။ သူမ၏ ဝင်လေထွက်လေတို့ သည် သူ့ မျက်နှာကို ညံ့ ညံ့သဲ့သဲ့ တိုးခတ်လို့ နေသည်။ သူမ ၏ဖူးစွသော နှုတ်ခမ်းတို့ သည် သခင်ဟောင်းကို ပြန်တွေ့ သည်အားလား မြူးကြွ လှုပ်ခတ်လို့ နေသည်။ သူမကိုယ်မှ ပျံ့ လွင့်လာသော သင်းပျံ့ သည့်ရနံ့ တို့ သည် သူ့ ရင်ကို ကြီးစွာခုန် အောင် နှိုးဆွနေသည်။

သူမ ဖန်တီးထားသော ဥယျာဉ်ထဲသို့ သူရောက်သွားသည်။ သစ်ပင်ပန်းမန်များဖြင့် ဝေဝေဆာဆာ လှပနေ သော ရေကန်ကြီးတစ်ခု၊ ပုဇဉ်းလိပ်ပြာငယ်တို့ ဖြင့် တင့်တယ်နေသော ပန်းဥယျာဉ်ကြီး။ သူ့ ရင်ထဲ ငြိမ့်ကနဲ အေးသွားသည်။ သူမ နှုတ်ခမ်းများ သည် သူ့ ကိုထို ပန်းဥယျာဉ်ထဲသို့ ခေါ်ဆောင်သွားသည်။ သူ့ နားထဲတွင် Righteous brothers ၏ “Unchanged Melody” ကိုဆက်ပြီး ကြားနေရသည်။ သူမ ထိုသီချင်းကို တိုးသက်စွာ ဖွင့် လျက် repeat mode ပေးထားပုံရသည်။ သူမ ဟာတကယ်ပဲ သူ့ ကို အဲဒီပန်းဥယျာဉ်ကြီးထဲ ခေါ်ဆောင် သွားဖို့ များစွာ ပြင်ဆင်ထားခဲ့ ဟန်တူလေသည်။

Oh, my love,…. my darling,…… I’ve hungered….. for your….. touch……………. a long, lonely time. And time…….. goes by……. so slowly……… and time……. can do so much,….. are you……. still mine? ………….I need your love,……….. I……… need your love,……. God speed your love…. To……… me!

သူမ ပြောချင်သော စကားများကို ထိုသီချင်းစာသား များမှတဆင့် သူကြားနေသကဲ့သို့ ရှိသည်။ အဖျားသွေး ရှိနေ၍ လားမသိ သူမ၏နှုတ်ခမ်းတွေက ပိုမိုနွေးထွေးနေသလို ရှိသည်။ သူမ သာလျှင် ဤအနမ်းများကို တမ်း တနေခဲ့ သည် မဟုတ်။ သူလည်း တောင့်တ လွမ်းဆွတ်နေခဲ့ သည်ဆိုတာ သူယခုမှ ပင်ရှင်းလင်းစွာသိလိုက် ရသည်။ သူမ ၏နွေးထွေးနေသော လက်နှစ်ဖက်တွင်းက သူ့ မျက်နှာသည် တရှိန်းရှိန်းပူနွေးလာသည်။ သူမ ၏ ခန္ဓာကိုယ်မှ ကူးစက်ပျံ့ နှံလာသော အနွေးဓါတ်တွေသည် သူ့ ခန္ဓာကိုယ်သို့ တစစ စီးကူးလာသည်။ သူ မျက်စိ ကို မှေးထားလျှက်က ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သည်။

သူ နားထင်သို့ တိုးလာသော သွေးဖိအားမှာ ရုတ်တရက် လွန်စွာတိုးမြင့်သွားသလို ခံစားလိုက်ရသည်။ ခေါင်းထဲ တွင် ဒုတ်ကနဲ ဒုတ်ကနဲ ပင်မြည်သွားသည်။ သူမြင်လိုက်ရသော မျက်နှာသည် မေဇင်အောင့် မျက်နှာမဟုတ် ပေ။ အနည်းငယ်မို့ အစ်နေသော မျက်ဝန်းတွေနှင့် မျက်နှာတစ်ပြင်လုံးတွင် သနပ်ခါးဖို့ ၍ သွားပွတ်တံလေးနဲ့  ခြစ် ထားသဖြင့် ညီညီ ညာညာအစင်းလေး ဖြစ်နေသော ပါးပြင်တွေ…….ဘုရား…ဘုရား….စိုး…..စိုး…

သူ…..သူမကို နောက်သို့  တွန်းပစ်လိုက်မိသည်။ ထိုင်နေရကလဲ ဝုန်းကနဲ ထလိုက်မိသည်။ သူမ နောက်သို့  ယိုင်ကျသွားသည်။ စက်တီခုံ နှစ်ခုကြားက စားပွဲပေါ်သို့ သူမ ထိုင်လျှက် ကျသွား၍ သာတော်တော့သည်။ သူမ မျက်ဝန်းမှာ မျက်ရည်တွေနဲ့  ကြေကွဲဆို့ နင့်နေသော သူမရဲ့ မျက်နှာ…. သူ့ ရင်ထဲတွင် စစ်ကနဲ နာကျင်သွား မိ သည်။ သူ…. သူမကို တွန်းလိုက်မိပြီ။ သူမကို ဘယ်တုန်းက မှ ဒီလို ကြမ်းကြမ်း တမ်းတမ်း မဆက်ဆံခဲ့ ဖူး ပါ လား။ သူမ နာကျင်သွားမှာ သူစိုးရိမ်သွားမိသည်။

မဟုတ်ဘူး……. သူမကို သူ တက်မက်တာ မက်မောတာ…… သူမချစ်ခဲ့ ပါဘူး။ မချစ်ခဲ့ လို့ လဲ သူမကို ထားခဲ့  ပြီး စိုးကို လက်ထပ်ခဲ့ သည်ပဲ။ ဒီလောကမှာ စိုးကလွဲရင် သူ ဘယ်သူကို မှ မမက်မောချင်ဘူး။ သို့ ပေမယ့် သူ့  ခန္ဓာကိုယ်က သူ့ မသိစိတ်က ဖြစ်ပေါ်နေသော တောင့်တမှုများကို ပြန်အသက်သွင်း နေတာပါလား။ မေဇင် အောင်ရဲ့ မောင်ဆိုတဲ့ လူဟာ လွန်ခဲ့ သော လေးနှစ် ကတည်းက သေဆုံးသွားခဲ့ ပြီ။ အဲဒီမောင် ဟာ စိုးရဲ့ ကိုကို အဖြစ် အသစ်တဖန် ပြန်လည် ရှင်သန်လာခဲ့ ပြီ။ မေဇင်အောင် ဆိုတာ သူ့ ဘဝမှာမရှိတော့………..။

သူ သူမကို ထူပေးသင့်လား…..မထူနဲ့ ။ သူမ နာကြည်းသွားပါစေ။ သူမ သူ့ ကို မုန်းသွားပါစေ။ သူမကို ထူဖို့ သူ ကြိုးစားခဲ့ လျှင် သူမ၏ အတွေ့ တွေကို သူ မလွန်ဆန် နိုင်မည်ကို စိုးသည်။ သူ့ စိတ်က ပျော့သည်။ သူသည် ပျော့ညံ့သော ယောက်ျားတစ်ယောက် ဖြစ်သည်။ သစ္စာတရားကို အထိအတွေ့ ကြောင့် သူဖျက်စီးမိမည်ကို သူ စိုးရိမ်သည်။ စိုး ရဲ့ အပြစ်ကင်းစင် ပြီးကျက်သရေ ရှိနေတဲ့  မျက်နှာ၊ ရင်သွေး ကိုလွယ်ထားရသော မိခင် လောင်းတစ်ယောက်၏ အားအင်များဖြင့် တင့်တယ်နေတဲ့ မျက်နှာကို သူ တွေးကြည့်ရုံမျှဖြင့် မကြည့်ဝံ့တော။

စိုး……ဟုတ်တယ်။ စိုး…ကို ကိုကို ချစ်တယ်…..သားကိုလည်း ချစ်တယ်……သူ့ မျက်လုံးထဲသို့ မေဇင်အောင် ၏ ညိုးနွမ်း ဖျော့တော့သော မျက်နှာ လှလှလေးဝင်ရောက်လာပြန်သည်။ သူမရဲ့ အနမ်းတွေ နှစ်ပေါင်းအတော်ကြာ သည့်တိုင် မပြောင်းလဲသေး။ သူ့ ကို ရစ်ပတ်နှောင်ဖွဲ့ နေတုန်းပင်ဖြစ်သည်။ သူမ မျက်နှာက အင်မတန် အားငယ်လျှက် မျှော်လင့်ချက်တွေ ကုန်ဆုံးနေသော အသွင်ဖြင့်။ သူ သူမကို သနားသွားမိသည်။ သူမ လိုချင် သော သူ့ ရင်ခွင်သည် ထိုမျှ အဖိုးတန်လေသလော….။ သူ ဘာလို့ သူမကို လက်မထပ်ခဲ့ သနည်း။

“ရက်စက်လိုက်တာ မောင်ရယ်……. ဇင့်ကို ….. ဒီလောက်တောင် ခါးခါးသီးသီးဖြစ်သွားပြီလား….ဟင်…”

သူမ ငိုရှိုက်နေသည်။ သူက မွန်းကြပ် တွေဝေလျှက် ငူငူကြီးရပ်နေမိသည်။ ခုအချိန် သူမကို သူသာ မထူ၍ နှစ် သိမ့်လိုက်ပါလျှင် သူ သူမကို လက်မလွှတ်နိုင်ဖြစ်သွားလိမ့်မည်။ သို့ သော် သူမကို ကြည့်ရသည်မှာ သူ့ ရင်ထဲ နာကျင်လာသည်။ သူမ တော့သူ့ ကို နာကြည်းမုန်းတီး သွားလေပြီလားမသိ။ သူကတော့ ရင်တွေနာနေသည်။ ထို့ နောက်သူ စိုးရွံ့နေသည်။ သူ သက်ပြင်းကို အသာရှိုက်လိုက်သည်။

သူ့ စိတ်၏ဆန္ဒသည် သူ့ ကိုမကျော် လွှားနိုင်စေရ။ သူ ပြန်မှဖြစ်မယ်……. သူအမှား မခံနိုင်ဘူး…… စိုးကို စိတ်မဆင်းရဲစေရဘူး။ သူ သည် စိုးဟူ သော သူ့ ဇနီးအတွက်သာ ဖြစ်ရမည်။ စိုးရင်ခွင် တွင်သာ သူပျော်သည်။ အိမ်ထောင်သက် လေးနှစ်ရလာပြီ ဖြစ်သော်လည်း မိမိ မယားမှ တပါးသော မိန်းမတွင် သူ၏ပျော့ညံ့မှု ကြောင့် တဒင်္ဂ သာယာခဲ့မိ သည့် အ တွက် သူ့ ကိုယ် သူလည်း ရှက်မိသည်။

မေဇင်အောင့်အတွက် လိုအပ်သော ဆေးများကို သူ့ ဆေးအိပ်ထဲမှာ ခပ်မြန်မြန်ထုတ်ယူလိုက်သည်။ ထို့ နောက် သူမ ထိုင်နေသော စားပွဲပေါ်တွင် အိတ်ကလေးများ နှင့်ထည့်ကာ ထားခဲ့ သည်။ သူ ဆေးအိပ်ကို ဆွဲလျှက်က သူမကို ငဲ့ ကြည့်လိုက်သည်။ သူမသည် အသက်မဲ့သော မိန်းမတစ်ယောက်လို ငြိမ်သက်နေသည်။ သူမ မျက်နှာ သည် ခံစားချက် ကင်းမဲ့ လို့ နေသည်။ သူ့ ကိုကျော်လွန်၍ ဧည့်ခန်းနံရံကိုသာ အဓိပ္ပါယ်မဲ့ စွာငေးကြည့် နေသည်။

“မေဇင်…. မောင်သွားတော့မယ်….. ဆေးသောက်လိုက်နော်…….အနားယူလိုက်ရင် ကောင်းသွားမှာပါ……. မောင် သွားမယ်………”

သူမ တုံ့ ပြန်မှုမရှိပါ။ Unchanged melody သည် သူမ၏ ဧည့်ခန်းထဲတွင် ဆက်လက်ပျံ့ လွင့်နေသည်။ သူ သူမ ကိုပိုက်ထွေးလျှက် သူမဆံစတွေကို မနမ်းမိအောင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိ သည်။ သူ သူမကို ဒုတိယအကြိမ် ကျောခိုင်း လိုက်ရပြန်လေပြီ။


......I've hungered .... for your.... touch................................. I need your love,....... I...... need your love,.... God speed your love......to..... me!


ကျွန်းတံခါးကို ဖွင့်လိုက်သည်နှင့် လတ်ဆတ်သော လေက သုတ်ကနဲ တိုးလာသဖြင့် သူအနည်းငယ် လန်းဆန်း သွားသည်။ သောမခတ်ဘဲ ချိတ်ရုံချိတ်ထားသော သံပန်းတံခါးကို သူအသာ တွန်းဖွင့်လိုက်သည်။

“မောင်….. မောင်…. ဇင့်ကို ထားမသွားပါနဲ့ မောင်ရယ်…..ဇင်လေ မောင်မရှိရင်……. မောင်မရှိရင်……ဟင့်”

သူမသည် သူ့ ကို နောက်ကျောဖက်ဆီက သိုင်းကာဖက်လျက် ရှိုက်ငင်ငိုကြွေးလေသည်။ သူ တံခါးဝမှ ရှေ့  ဆက် ထွက်မသွားနိုင်ပဲ ရပ်နေလိုက်ရသည်။ သို့ သော် ယခု သူ တည်ငြိမ်နေပါသည်။ သူမလက်တွေကို အသာ ဖြည်ချ လိုက်သည်။ သူမ ခန္ဓာကိုယ်က တလှိုက်လှိုက် တုန်နေသည်။ သို့ သော် ပထမဆုံး အကြိမ်သူမကို ကျော ခိုင်းခဲ့ စဉ်ကလောက် မခက်ခဲတော့ပဲ သူမကို သူထားခဲ့ နိုင်နေပြီဖြစ်သည်။ သူမ ငိုရှိုက်သံသည် သူနှင့် ဝေး၍ သွားသည်။ ဓါတ်လှေကား မစောင့်တော့ပဲ လှေကားအတိုင်း သူ အပြေးဆင်းလာခဲ့ မိသည်။

သူ ကားဆီသို့ ချဉ်းကပ်သွားရင်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ တဝက်သာရှိသော ငွေလ ၏ အ လင်း ရောင် ဖြင့် ပတ်ဝန်းကျင်သည် အေးမြ လျှက် ရှိသည်။ မိတ်တုတ် မိတ်တုတ်လင်းနေသော ကြယ်တွေက လခြမ်း ၏အလင်းရောင်ကို အားဖြည့်ပေးနေသလို ရှိသည်။ သူ အိမ်ပြန်ရောက်တဲ့ အခါ ဗိုက်ကလေးကို မလျှက် အိမ် ရှေ့ ဝရန်တာတွင် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေ မည်ဖြစ်သော ဇနီး ဖြစ်သူ စိုးကို မြင်ယောင်မိ သည်။ စိုးရေ….. ကိုကိုပြန်လာပြီ။ စိုးကို ကိုကို ချစ်တယ်………

နောက်ဆုံးမေးခွန်းရဲ့ အဖြေလေးက

မြင်းက အညိုရောင်ဖြစ်တယ်ဆိုရင် Allan တို့ သုံးယောက်ဖြေတဲ့ အဖြေတွေ အားလုံးမှန်နေလိမ့်မယ်။ ဒီတော့ အညိုတော့ မဟုတ်ဘူး။

အနက်ရောင်ဖြစ်တယ်ဆိုရင် အကုန်မှားကုန်မှာ ဆိုတော့ ဒါလဲ အဖြေမဟုတ်ပြန်ဘူး။

ဒါကြောင့် မြင်းဟာ မီးခိုးရောင်ဖြစ်ပါတယ်။ ဘယ်သူ့ အဖြေမှန်လဲဆိုရင် Allan မှန်ပါတယ်။ Brian မှန်ပါတယ်။ Charlie မှားပါတယ်။


**************** *************** ************ *********** ********
ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူး တင်ပါတယ်....ကျွန်တော့်ရဲ့ မတတ် တတတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင် တော့.... အတိုင်း ထက်လွန် ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....

(ရန်ကုန်သား)

Thursday, July 30, 2009

ဥာဉ် (၂)


ကိုသန်းမောင် ဖြင့် ခင်သက်ဝေကို မျက်စိထဲ ကြည့်ကောင်း သော် လည်း ဆံပင်မွှေးစူး ဆိုသလို ဖြစ်ဖြစ်လာ သည်။ ထွန်းလွင်ကလည်း မမသက်ဝေ မမသက်ဝေနဲ့ ပါးစပ်ဖျားက မချ။ ထမင်းဖိတ်ကြွေးလို့ သွားစားလိုက်၊ အဖျော်လေး လုပ်လို့ သွားသောက်လိုက်နှင့် ခင်သက် ဝေ တို့ အိမ်ကို ချောင်းပင်ပေါက်တော့မည်။

အရင်က လမ်းတွင်တွေ့ လို့ မှ မမြင်ဟန်ပြုလျှက် မျက်နှာ လွှဲလွှဲ သွားတတ်သော ခင်သက်ဝေပင် သူ့ ကိုလော ကွတ်တွေ လုပ်လုပ်လို့ လာပြီ။ ထွန်းလွင်နှင့် ခင်သက်ဝေ ခရီးအတော်ရောက်နေပြီဟု ကို သန်းမောင် ထင်လိုက် မိသည်။ သူ့ တူလေး ဒီအပျိုကြီးနဲ့  ဖြစ်မှဖြစ်ပါ့မလား လို့ လည်း ပူနေမိသည်။ ခက်ပါရဲ့ ငါနဲ့ သာ ဖြစ်လိုက် ချင် တယ် လို့  လည်း ခဏခဏ တွေးနေမိသည်။

အရပ်ထဲကပင် ခင်သက်ဝေနှင့် ထွန်းလွင်ကို သမုတ်စပြုလာပြီ။ အပျိုကြီး ခင်သက်ဝေတစ်ယောက် ထွန်းလွင် လေးကို ချိုင်နေပြီဟု ကြားလိုက်ရရင် ကိုသန်းမောင် ရင်ထဲ ပူပူကြီး ဖြစ်ဖြစ်သွားသည်။ အစ်မလုပ်သူကလည်း တစ်ခုခုဖြစ်လို့ က နင်ပဲဟု ပြောနေပြန်သေးသည်။ တကယ်တော့ ကိုသန်းမောင် ကအနေသာကြီးပင်။ အဲဒီ မနူးမနပ်နဲ့ ကောင်သာ ခင်သက်ဝေမှိုင်းမိ နေခြင်းဖြစ်သည်ဟု မချိတင်ကဲ ဖြစ်နေမိသည်။

ထွန်းလွင်ကြည့်တော့လည်း ခါတိုင်းလိုပင် အနေမပျက် အစားမပျက်ပင်ဖြစ်သည်။ ကျန်ခဲ့ သောလက သူ့ သူ ငယ်ချင်း ကုမ္ပဏီ တွင်ထွန်းလွင် အလုပ်ရသွားသဖြင့် သူအနည်းငယ်စိတ်အေးသွားသည်။ ကြားရက် သူ အလုပ် ဆင်းချိန်၊ မမကြီးကလည်း ဈေးသွားချိန်ဆို ထွန်းလွင်တစ်ယောက်သာ အိပ်ကျန်ကျန် နေခဲ့ သည်ကို သူ့ စိတ်ထဲ ပူနေမိသည်။ ထွန်းလွင်က မိန်းကလေး မှမဟုတ်တာ ပူစရာမှမလိုပဲ ဟုတွေးသော်လည်း သူ ပူမြဲသာပူနေမိ သည်။

သို့ နှင့် ထွန်းလွင် အလုပ်ရသွားသည်မှာ သုံးလေးလရှိခဲ့ ပြီဖြစ်သည်။ ထို့ အတူ သူ့ စိတ်ထဲပူနေသော အရာကြီး ကလည်း သုံးလထဲပင် ရောက်လာခဲ့ ပြီတည်း။ ကိုသန်းမောင်သည် ညကအိမ်ပြန်မအိပ်သော တူအတွက် အစ်မ နှင့်အတူ စိတ်ပူနေရသည်။ ထွန်းလွင် သည် တက္ကသိုလ်ကျောင်းသား ဘဝကတည်းက သူငယ်ချင်းအပေါင်းအ သင်းနှင့်ပင် ညအိပ်ညနေ အလည်မလွန်တတ်ပေ။ ဘာရယ်ကြောင့်များ ထွန်းလွင်တစ်ယောက် ညက အိမ်ပြန်မ အိပ်လေသနည်း။

အလုပ်မှာများ အချိန်ပိုဆင်းနေသလား မပြောတတ်။ သို့ ဆိုလည်း ဖုန်းလေးတော့ ဆက်မည်သာဖြစ်သည်။ ခုမိုး လင်း၍ နေတောင် အတော်မြင့်နေပြီ။ အစ်မကို သူ ကပဲဈေးသွားကြိုရသည်။ စနေနေ့ ကြီးဖြစ်နေလို့ သာတော် ရော့သည်။ အစ်မဈေးသိမ်းပြီး အပြန်ကျမှ ထွန်းလွင် အိမ်ရှေ့ တွင် မတ်တပ်ရပ်နေသည်ကို တွေ့ ရသည်။ စီးပြီး ငေါက်လိုက်မည်ဟု ပြင်လိုက်သော်လည်း ထွန်းလွင်လက်ထဲ အိတ်ကတစ်လုံး၊ မိန်းကလေးကတစ်ယောက် ဘယ်ညာလက်နှစ်ဖက် မအား အောင် ဆွဲထားလေတော့ ကိုသန်းမောင် ဘာမျှပင်မမေးအားပဲ ခြံတံခါးသော့ဖွင့် ပေးပြီး နှစ်ယောက်သားကို အိမ်ထဲ အဆွဲကလေး ခေါ်လာရသည်။

မမကြီးပြန်လာလျှင်တော့ ယမ်းပုံပဲမီးကျမလား အော်ဟစ်ပြီးပဲငိုမလား မပြောတတ်။ ကိုတော်ချောကတော့ မိန်း မ ခိုးလာပြီးကိုး ဟုစိတ်ရှုပ်ရှုပ်နှင့် ဧည့်ခန်းတွင် အသာဝင်ထိုင်လိုက်ရသည်။ ထွန်းလွင်ကတော့ ခပ်တည်တည် ပင် ကျွန်တော်တော့ ခိုးလာပြီ။ လေးသန်း ကြည့်သာလုပ်တော့ ဆိုသည့်ပုံစံမျိုးဖြင့် ကောင်မလေးကို ဘေးထား ကာ ထိုင်နေသည်။ ကိုသန်းမောင်တော့ သူ့ ကို အရိပ်အမြွက်ကလေးတောင် မပြောရကောင်းလားဖြင့် ဒေါထ လျက် မျက်နှာကြီးသုန်မှုန် ထားလိုက်သည်။

ကောင်မလေးက အလှကလေး။ နောက် ထွန်းလွင်လို ပင်ငယ်ငယ်လေးဖြစ်သည်။ ကောင်မလေးက ရှက်လို့  ရယ်ထင်သည် မျက်နှာကလေး အောက်ချကာ ထွန်းလွင်လက်ကို သာ အတင်းဆုပ်ထားသည်။ ကိုသန်းမောင် ပါးစပ်ပြင်နေပေမယ့် ဘာပြောရမှန်းမသိဖြစ်နေသည်။ ငယ်ငယ် ကသူငယ်ချင်းတွေ မိန်းမခိုးတုန်းက ပါရမီတွေ ဖြည့်ခဲ့ ပေမယ့် ခုလို ကိုယ့်သွေးကိုယ်သားက လုပ်လာတော့ နည်းနည်း ခေါင်းနားပန်း ကြီးနေမိသည်။

“ကဲ ဘယ်လိုဖြစ်လာကြတာလဲကွာ၊ မင်းအမေက တစ်ညလုံး အိပ်တောင်မအိပ်နိုင်ဘူး။ ပြောစမ်းပါဦး ဒီက ကလေးမ က…..”

“ဒါ ကျွန်တော့ ရည်းစား။ ကျောင်းထဲက ကြိုက်လာတာ သူ့ အိမ်က ယောက်ျားပေးစားတော့မှာ ဆိုလို့  ကျွန် တော်လည်း ခိုးလာတာ တစ်ခါတည်း။ လေးသန်း အမေ့ကို ကြည့်ပြောပေးနော်….ဒီမနက်ပဲ ရုံးမှာ လက်မှတ်ထိုး ခဲ့  ပြီ ကျွန်တော်တို့ နှစ်ယောက်….”

ကိုသန်းမောင်က ကောင်မလေးကို မျက်လုံးအသာစွေကြည့်ရင်း ထွန်းလွင်ကို ပြူးပြသည်။ ထွန်းလွင်ကတော့ ပြုံးစ စနှင့် ဦးလေးလုပ်သူကို အပူကပ်နေသည်။

“ အေးငါက ပြောပေးလို့ ဘာမှမဖြစ်ဘူး….မင်း မမကြီးအကြောင်းလည်း သိရဲ့ သားနဲ့ ….ငါလည်း ကြောက်တယ် ကွ မင်းဖာသာ မင်းအမေကိုပြောချေ….ကဲကဲ ငါ့တူမ အထွန်းမိန်းမဆိုတော့…..ငါတို့ တူမပဲပေါ့…..မရှက် နဲ့ အား မနာနဲ့ …….”

ကိုသန်းမောင်သည် ယောက်ျားလေးရှင်ဘက်က ပြောကောင်းလား ပြောမကောင်းလား လည်းမသိ ရင်တွေက လည်း တုန်လျှက် အနေရခက်နေသည်။ ကောင်မလေး ခမျာ သနားစရာလေး။ မျက်နှာလေးကို အိုနေရှာသည်။ ထွန်းလွင်တို့ ရည်းစားထားတာ သူဖြင့် ရိပ်တောင် မရိပ်မိ။ အင်း ဒီအရွယ် မှ အမြီးမပေါက် ဘာမျောက်လဲ လို့  သာ ကိုသန်းမောင်တွေးရင်း သက်ပြင်းသာ အသာခိုးချလိုက်မိသည်။ သူသာ ခုထိ ဘာမျောက်မှန်းမသိ ဖြစ်နေ ခြင်းဖြစ်မည်။

ထွန်းလွင် အမေ ဒေါ်တင်တင်လှ ပြန်လာတော့ ကိုသန်းမောင် ထင်ထားသလို ယမ်းပုံ မီးမကျ မဖြစ်တဲ့ အပြင် ဒေါသပင် မထွက် ပဲ သက်ပြင်းလေးချပြီး ကောင်းစွာကိုင်တွယ်လိုက်သည်။ မမကြီး က ပြင်တောင် ပြင်ဆင်ထား ပြီကိုး ဟုလည်း ကိုသန်းမောင် တွေးရင်း စိတ်အေးကာ အနည်းငယ် နေသာသွားသည်။ အမေတွေများ ပြော တော့ သာ မိုးလားကဲလားနဲ့  သားမိန်းမ ခိုး လာပြန်တော့လည်း သူ့ သမီးအခိုးခံရတာကျနေပါပဲ။ မိန်းမချင်း ကိုယ်ချင်း စာတာလည်း ဖြစ်ပေမပေါ့ဟုသာ ကိုသန်းမောင်တွေးနေမိသည်။

ဒေါ်တင်တင်လှက ချွေးမလောင်းကို အကဲခတ်ရင်း ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ ထွန်းလွင် အလှကြိုက် တာ သူသိသည်ပေါ့။ မွေးထားတဲ့ သားပေကိုး။ ကောင်မလေးက နုနုညက်ညက်နှင့် သူ့ ကို မော့မကြည့်ရဲရှာ။ သားမျက်နှာ လှမ်းကြည့်တော့လည်း ခေါင်းငုံ့ ထားသည်။ ထွန်းလွင်က အပြစ်လုပ်ထားရင် ဒီပုံစံပဲဖြစ်သည်ကို ဒေါ်တင်တင်လှ အမေပီပီ သိပြီးဖြစ်လေသည်။ သူ ထအော်ရင်တောင် ထွန်းလွင်ခေါင်း မော့လာမည်မဟုတ်ပေ။

“ကဲ သမီးလေး နာမည်ဘယ်လို ခေါ်လဲ။ ဘာမှ မကြောက်နဲ့ သမီး။ အမေ့ကို ညည်းအမေလို မှတ်ဟုတ်လား….”

ကလေးမလေးက မျက်ရည်စစနဲ့  ဒေါ်တင်တင်လှကို ခေါင်းလေးနောက်သို့ အသာရို့ ပြီးကြည့်သည်။ မျက်လုံး မျက်ဖန် ကောင်းကောင်းလေးနဲ့ ချစ်စရာအသွင် ကောင်မလေးကို ကြည့်ရင်း ဒေါ်တင်တင်လှ ကရုဏာသက် သွားသည်။ မိန်းကလေး၏ အသံက တိုးတိုးညှင်းညှင်းကလေးထွက်ပေါ်လာသည်။

“ဇင်မာအေးပါ အ.....အမေ”

“အေးအေး သမီးဇင်မာ အမေ့သား မယား ဖြစ်တော့လည်း အမေ့ သမီးပေါ့အေ……စိတ်မပူနဲ့ …သမီး မိဘတွေ ဆီ အမေပြန်အပ်ပေးမယ်….နေ့ ကောင်းရက်သာလေး ရွေးပြီး ညည်းမျက်နှာ မငယ်ရအောင် အမေလုပ်ပေး မယ်။ ဟဲ့ သန်းမောင် သွား…ဦးလှဘော်ကို အကျိုးလေး အကြောင်းလေးပြော ပြထား ညနေခင်းမှ ငါကိုယ် တိုင် လာပြောပါ့မယ်လို့ ….”

ကိုသန်းမောင် ကအစ်မလုပ်သူကို ဘာမှမပြောပဲ အသာ ထိုင်ရာက ထလိုက်သည်။ ထွန်းလွင်က အရင်လို မဟုတ်ဘဲ နှုတ်ဆိတ်နေသည်။ ကိုသန်းမောင်ကို ပင် စကားကောင်းကောင်းမပြောနိုင်၊ အပြစ်လုပ်ထားသူဖြစ် လို့ သူ့ ကိုစကားမပြော ရဲတာပဲလို့ ကိုသန်းမောင် အောက်မေ့လိုက်သည်။

“ ကဲ အထွန်း မင်းမိန်းမရေချိုးဖို့ လုပ်ပေးလိုက်ဦး….သွားသမီး ရေလေးမိုးလေးချိုး….အမေ့အခန်းထဲ သနပ်ခါး တော့ရှိတယ်။ သမီးလိမ်းတတ်ရင် လိမ်းလို့ ရတယ်.. အထွန်း အမေဟင်းချက်ဖို့ ပါရေတစ်ခါတည်း ကဲ့ပေး လှဲ့ ..”

ဒေါ်တင်တင်လှက ရေခပ်ရန်ဆင်းသွားသော သားလုပ်သူကျောကို ကြည့်ရင်း သက်ပြင်းအသာချလိုက်သည်။ သားဖြစ်သူ အချိန်တန် အရွယ်ရောက်လာ သောတစ်နေ့ ဒါမျိုးကြုံရဆုံရမည်ကို သူကြိုတွေးထားပြီးသားဖြစ် သည်။ ဒေါသလည်း ဖြစ်မိသည်။ သို့ သော် မိန်းကလေး မျက်နှာကို ကြည့်လိုက်မိတော့ သူ့ ရင်ထဲတွင် ဒေါသ ထက် ကိုယ်ချင်းစာစိတ်၊ ကရုဏာ စိတ်တို့ သာဖြစ်ပေါ်လာသည်။ မိန်းကလေး ခမျာ သူကသာ ထကြမ်းလိုက် ရင် လင့်တစ်မျက်နှာနဲ့  လိုက်လာပြီးကာမှ အခက်တွေ့ မည်ကို ဒေါ်တင်တင်လှသနားသွားမိသည်။ ချက်ဖို့ ပြုတ် ဖို့ ရှိသေးတာကြောင့် မီးဖိုထဲသို့ ဝင်လာခဲ့ ပေမယ့် သူ့ ခေါင်းထဲတွင်တော့ သားနဲ့ သူ့ မိန်းကလေး အတွက် စီ ကာစဉ်ကာ တွေးတောနေမိသည်။

*********************** ********** *********** ***********************

ထွန်းလွင် မိန်းမခိုးလာသည်ကို မမကြီးကိုင်တွယ်ဖြေရှင်းလိုက် ပုံလေးက လှသည်။ ရပ်ကွက်လူကြီး ဦးလှ ဘော်ကိုလည်း စာချုပ်စာတမ်းတွေ ပြပြီးအကြိုး အကြောင်းတွေပြော၊ ဦးလှဘော်ကလည်း ကောင်မလေး အိမ် လိုက်အပ်ပေးပါမည်ဟု ဆိုတော့ ထွန်းလွင် ကလာတဲ့ ဇာတ်က ပြောရပါလျှင် အိုကေလို့ နေသည်။

မအိုကေ သည်က ထိုညနေခင်း ထွန်းလွင်တို့ လင်မယား လမ်းအလျှောက်ထွက်ချိန်တွင် ကိုသန်း မောင်တို့  အိမ်သို့  နာဂစ်မုန်တိုင်း ဝင်မွှေ့ ခြင်းဖြစ်လေသည်။ ခင်သက်ဝေ အဒေါ် ဒေါ်စိန်မြ က ထဘီကိုစွန် တောင်စွဲ လျက် အိမ်ပေါ်သို့ ခြေစောင့်ကာ တက်လာသည်။ ထမင်းစားပြီး၍ ထမ်းလျက်လေး ကိုက်ကာ ထွန်းလွင် အ ကြောင်း တိုင်ပင်နေကြသော ကိုသန်းမောင်တို့ မောင်နှမပင် မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားသည်။

“ကဲ တင်တင်လှ ညည်းသား ဘယ်လိုလုပ်သွားတာလဲဟင်….ကောင်းကြသေးရဲ့ လား…..ငါနဲ့ တော့ရှက် လည်း ရှက်ပါ့တော်……ခု...သားရေပေါ်အိပ် သားရေနားစား တဲ့ အကောင် ဘယ်မလဲ….ဟင် …”

“ အလိုတော် မစိန်မြ ရှင်က အိမ်ပေါ်တက်ပြီး ကျုပ်သားကို စော်စော်ကားကား….ရှင် ကောင်းကောင်း မွန်မွန်ပြောစမ်းပါ ကျုပ်သား….ကဘာဖြစ်နေလို့ လဲ……”

“ ဘာဖြစ်ရမလဲ….ညည်းသားပေါ့…..ကျုပ်တူမကတော့ ထွန်းလွင်…ထွန်းလွင်နဲ့ ….ပါးစပ်ဖျားကမချ ဖူးဖူး မှုတ် ထားတာ…..ခုတော့ဒင်းက ကျုပ်တူမကို ထားပြီး မိန်းမတောင်ခိုးသွားလိုက်သေး…..ဘယ်လို လုပ်ကြမလဲ ဟိုမှာ ကျုပ်တူမခင်သက်ဝေ တငိုငိုတရီရီနဲ့ ……အဲတာ ညည်းသား ထွန်းလွင်ကြောင့်ပေါ့….”

“အလိုတော်…..ရှင့်တူမ ခင်သက်ဝေက ကျုပ်သားကို…..ဟင်း ကျုပ်သား နုနုထွတ်ထွတ်ကလေးက ရှင့်တူမလို ခုနှစ်အို ရှစ်အို ကိုကြိုက်မတဲ့ လားတော် စဉ်းစဉ်းစားစားလေးလည်း ပြောပါဦး မစိန်မြရယ်…..ဒီမှာ လူကြားမ ကောင်းတာတွေ လာမပြောစမ်းပါနဲ့ တော်….ကျုပ်သားကခု မိန်းမရနေပြီ….ရှင်ဘာတွေလာပြောနေတာလဲ…”

“အေး အဲတာငါမသိဘူး…သန်းမောင်နင့်တော့ ငါအားနာပါတယ်….ဒီမယ် တင်တင်လှ….နင့်သားက ငါ့တူမကို ဒီအတိုင်းထား သွားတာမဟုတ်ဘူးဟေ့….ဟိုမှာဗိုက်က သုံးလရှိနေပြီ…..အဲတာကြောင့် ဒင်းကို ငါလာရှာတာ ပေါ့….ဟဲ့ တင်တင်လှရဲ့ …..”

မမကြီး ငြိမ်သွားသည်။ ကိုသန်းမောင် ကတော့ အကြမ်းပန်းကန်လုံးလေး ကိုကိုင်ပြီး ရေနွေးသောက်နေရာက နားထင်ကို သွေးပင်တက် ဆောင့်လို့ သွားသည်။ ခင်သက်ဝေ အဒေါ်က အရှက်ကွဲခံပြီးတောင် လာပြောမှ တော့ ဟုတ်များဟုတ်နေပြီ လား။ ဟုတ်ပေလို့ ပဲ ဒေါ်စိန်မြကြီး ဒေါသတွေထွက် တစ်ရှက်ကနှစ်ရှက် အ ကွဲခံကာလာပြောလေသည်ပေါ့။ ကိုသန်းမောင် အတော်ပင်ချွေးပြန်နေပြီ ဖြစ်သည။ မျက်လုံးထဲမလဲ ခင်သက် ဝေ ကို မြင်နေမိသည်။ တူလုပ်သူ ထွန်းလွင်ကတော့ ဘယ်သို့ သောဘွဲ့ မျိုးထပ်ပေးရမည်ပင် သူမသိတော့……

အံ့သြလို့ ခဏငြိမ်သွားသော ဒေါ်တင်တင်လှ ကချက်ချင်းပင် သတိဝင်လာပြီး ဒေါ်စိန်မြကို ပြန်ပက်လိုက်သည်။

“ အလိုတော် ရှင်တူမဖာ သာ ဘယ်ကလူနဲ့ ရမှန်းမသိတဲ့ ဟာကို ကျုပ်သားကို စွပ်စွပ်စွဲစွဲတော် ဒီမယ်မစိန်မြ…. ကျေနပ်တုန်း ကတော့ ဘာသံမှမကြားရဘဲ….ခုမှ ဘာမှပြောမနေနဲ့ တော့ ….ကျုပ်သားက ခု တရားဝင် မိန်းမ နဲ့ ဖြစ်နေပြီ…..ရှင်တို့ အထုပ် ရှင်တို့ ဟာရှင်းတော်…..ကျုပ်အိမ်ပေါ် တက်ပြီး စော်ကားမော်ကား လာမလုပ်နဲ့  ရှင်ပြန်တာကောင်းမယ် မစိန်မြ……ကျုပ် ရုံးရောက် ဂတ်ရောက် မဖြစ်ချင်ဘူး……ကျုပ် တို့ သားမင်္ဂလာယူ နေ တာ ရှင်တို့ အရှုပ်ထုပ်တွေ အိမ်ပေါ်ဆွဲမတင်လာပါနဲ့ ….”

ဒေါ်တင်တင်လှ ကချွေးမလုပ်သူကို ပြောတုန်းကတော့ ကြင်နာတတ်တဲ့ ယောက္ခဖြစ်ခဲ့ ပေမယ့် ဒေါ်စိန်မြ အ ပြောမ တတ်လို့ ရယ်ပဲလား မသိ သူရန်တွေ့ နေပုံက ကိုသန်းမောင်ပင် အံ့သြမိသည်။ မိန်းမတွေ သည် မျက်နှာဖုံး အမျိုးမျိုးကို ပြောင်းတတ်နိုင်ကြသည် ဟုလည်း တွေးနေမိသည်။ ထွန်းလွင် ကတော့ ကိုသန်းမောင် ဆလံလဲ ပေးသည် လက်လည်းမြောက်သည်။ ဒီကောင် လူကြည့် တော့ ခပ်အေးအေးနဲ့ ။

“ တင်တင်လှ ညည်း တရားလက်လွတ်မပြောနဲ့ ……ငါတို့ မိန်းကလေးရှင်ဘက်လည်း နည်းနည်း ငဲ့ဦးမှပေါ့ ငါ့ တူမ နင့်သားနဲ့ မဖြစ်ဘယ်သူနဲ့ ဖြစ်ရမလဲ။ ထွန်းလွင် ငါတို့ အိမ်ဝင်ထွက်နေတာ တစ်ရပ်ကွက်လုံးသိတယ်။ နင်မသိဘူးလား တင်တင်လှရဲ့ …နင့်မောင် ကို မေးကြည့်ပလား…..”

ဒေါ်စိန်မြ လေနည်းနည်းပျော့သွားသည်။ မတ်ရပ်နေရာက ဒေါ်တင်တင်လှရှေ့ ကုလားထိုင်တွင် ဒေါ်စိန်မြထိုင် ချလိုက်သည်။ ဒေါ်စိန်မြ မျက်နှာက အပူရုပ်ကို ကိုသန်းမောင် တွေ့ လိုက်ပါပြီ။ ဒါလုပ်ဇာတ်မဟုတ်တန်ရာဘူး ဟုလည်း ယုံလိုက်မိသည်။ ထွန်းလွင်တို့ ရိုက်ချက်က အပြင်းသား။ ခင်သက်ဝေ တစ်ယောက်တော့ တော်တော် လေး အရှက်ရ နေတော့မှာ ပါလားဟုလည်း တွေးနေမိသည်။

“ ကျုပ်သားကို ခေါ်ခေါ်ခိုင်းနေတာ မသိဘဲရှိမလား…ကျုပ်အပေါက်ဆိုးတယ် ဖြစ်မှာစိုးလို့ မပြောဘဲနေတာ…. ရှင်က ကိုယ်တူမ ကိုယ်ထိန်းပေါ့….ခုတော့ ကျုပ်က ဘာလုပ်ပေးရမှာလဲ မစိန်မြရဲ့ …..ဟိုမှာ ကျုပ်အိမ်ပေါ်မှာ ကောင်မလေးရောက်နေပြီ…..သူတို့ ကို မယူနဲ့ သွားဆိုပြီး… နှင်ချလို့ ရမလား…..ခက်တော့တာပဲ….”

“ဟဲ့….နင့်သားကို လူကောင်းလေး မှတ်လို ၊့ယုံကြည်မိလို့ ခုလိုဖြစ်ရတာ….ဘယ်နှယ်တော် ယောက်ျား ပဲကိုယ် ရှုပ်တဲ့ အထုတ်ကို ကိုယ်တာဝန်ယူရမှာပေါ့……ဝင်ထွက်စားသောက်နေတဲ့ အိမ်က မိန်းကလေးကို ဒီလို လုပ် တာ…. သားရေပေါ်အိပ် သားရေနားစားတာပေါ့ဟဲ့…..”

“အလိုတော် မစိန်မြ ရှင် ပြန်ရင်ကောင်းမယ်နော်…….ရှင်တို့ ကကျုပ်သားကို ခိုင်းခိုင်းပြီးစားနေတာလေ…ဘာခု မှ ဘာမျက်ကလဲဆန်ပြာ ဖြစ်နေရတာလဲ …..ဒီမှာ ကျုပ် ပြတ်ပြတ်ပဲ ပြောမယ်….ရှင်တို့  ဖသာရှင်တို့  ကြိုက်သ လိုလုပ် ကျုပ်ကတော့ မနက်ဖြန် ကောင်မလေး အိမ်ပြန်အပ်ပြီး ပေးစားတော့မယ်….ဒီမှာ ထွန်းလွင်က ရုံးမှာ တောင် တက်လက်မှတ်ထိုးပြီးပြီ…..ကျုပ်တော့ ဘာမှ မတတ်နိုင် ဘူးတော်ရေ …..ထွန်းလွင် ….ထွန်းလွင် … နင်တော် တော် မွှေပါ့လား…တကယ့်စနေ ဂြိုလ်ကောင်………..”

“ အလိုတော်….ကောင်းကြသေးရဲ့ လား ….အေးလုပ်ပေါ့ဟယ် နင်တို့ ပြုသမျှခံရတော့မှာ ဆိုတော့ …..အေးဒီ အ တိုင်း တော့ ငါတို့ က ခေါင်းငုံ့ မခံနိုင်ဘူး…..ဒီမှာ တင်တင်လှ ညည်းသားကို ရုံးကနေ စကားပြောမယ် ….. ကျုပ်တူမ အတွက် စဉ်းစားရင် စဉ်းစား မစဉ်းစားရင်တော့ သည်း… ရုံး လိုက်ရမယ်သာမှတ် …..သွားမယ်….”

“တိုင်တော် တိုင်တိုင် ရုံးမကလို့ ကြိုက်တဲ့ နေရာတိုင်။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါတော် …..အော် ဟော် ….မင်္ဂလာဆွမ်းကျွေးလေး လာစားလှည့် ဦးနော်….ခုကတည်းက…တစ်ခါတည်းကြိုဖိတ်ထားတာ…..”

ဒေါ်တင်တင်လှ ၏အငေါ့ စကားကို လှည့်နားမထောင်တော့ပဲ ဒေါ်စိန်မြတစ်ယောက် အိမ်ပေါ်မှ ကဆုန်ပေါက် ဆင်းသွား သည်။ ကိုသန်းမောင်ကတော့ ဘာမှလည်း ဝင်မပြောရဲ၊ ဝင်လဲမပြောဘဲနဲ့  ရင်ထဲ တွင် လေးပင်လို့  လာသည်။ သူတို့ စကားတွေများ ကြားလို့ မှ နားမချမ်းသာပါ့လား ဟုလည်း တွေးကာ ရှက်မိ သည်။ ဒီအဖွား ကြီး နှစ်ယောက် ပြောနေလိုက်ပုံက ရစရာကို မရှိတော့ပေ။ သူ့ အစ်မကိုလည်း သူပိုလို့ အံ့သြမိသည်။

ချွေးမလေးကျတော့ အပြောကချိုသာသလောက် ခင်သက်ဝေကိုကျတော့ ဒေါ်တင်တင်လှ ပြောနေပုံမှာ ဖြစ်ချင် ရာဖြစ် ဂရုမစိုက်သည့်သဘော ဖြစ်နေသည်။ သူ့ အစ်မပြောတာလွန်များ သွားသလားဟု ထင်မိသည်။ သို့ မ ဟုတ် အသည်းစား ဘုရင်မကြီးခင်သက်ဝေပင် ဝဋ်ကြမ္မာတစ်ပတ် ပြန်လည်လေ သလားတော့ မပြောတတ်။ ဝဋ်လည် စေဦးတော့ ဒီလို မျိုးကြီးကျတော့ ခင်သက်ဝေ အတော် သနားစရာကောင်းတာပဲလေ။ မိန်းမဆိုတာ ဘယ်လောက်ချောချော၊ ဘယ်လောက်လှလှ၊ ဘယ်လောက်ပင် မာနတွေ ကြီးကြီး၊ ဖြစ်တဲ့ အခါ နာစရာရှိ သူ တို့ ပဲ နာ ကြရတာ ပါလား ဟုလည်း တွေးနေမိသည်။

ခင်သက်ဝေကို ထွန်းလွင်နှင့်တွဲမြင်လို့ မရသော်လည်း ခုလို ကြားရတော့ ကိုသန်းမောင်စိတ်မကောင်းပေ။ သို့  သော် သူ့ ၌ကိုယ်လေးလက်ဝန် ရှိသည့်တိုင် အောင် ခင်သက်ဝေတို့ များ မိုက်ချက်လို့ လူကြီးတစ်ယောက် လို ကိုသန်းမောင် စိတ်ထဲက ပြောလိုက်မိသည်။ မိန်းမယောက်ျားဆိုတာ သွေးမတော်သားမစပ် ရင် တစ်မိနစ် တောင် အတူမထားကောင်း ပါလားဟုလည်း တွေးမိပြန်သည်။ ထွန်းလွင်က ကိုယ့်တူမို့ သာပေါ့ ဒီနေ ရာမှ ကိုယ့် တူမသာ အဲလိုဖြစ်နေရင် သူ တော့ရှက်လို့ သေမှာပဲဟုလည်း စာစာနာနာလေး တွေးလိုက်မိသည်။

ထွန်းလွင်က လူငယ်ဆိုတော့လည်း ရှည်ရှည်ဝေးဝေးတွေ တွေးနေမည်မဟုတ်ဆိုတာ ကိုသန်းမောင်နားလည် သည်။ သူတို့ လို အရွယ်လွန်ခဲ့ တဲ့  သူတွေသာ တွေဝေမှုတွေနှင့် အချိန်တွေကို ကုန်လွန်ခဲ့ လေခြင်းဖြစ်သည်။ ကိုသန်းမောင် ဘယ်သူ့ ကို အပြစ်တင်ရမည် မသိ။ ထွန်းလွင်လား၊ ခင်သက်ဝေလား၊ ရင့်ရင့်သီးသီးပြောလွှတ် သည့် အစ်မဖြစ်သူ ဒေါ်တင်တင်လှလား၊ ကိုယ်ကနာနေသည်ပင် အထက်စီးက ကြမ်းချင်သေးသည့် ခင်သက် ဝေ အဒေါ်ကြီး ဒေါ်စိန်မြလား၊ ကိုသန်းမောင်မသိ။ ဒီအထဲ သနားစရာကောင်းတာက ခင်သက်ဝေနှင့် ထွန်းလွင် မယားလေး ဇင်မာအေး။

ဇင်မာအေးများ ဒါကိုသိရင် ဘယ်လောက်ဝမ်းနည်း လေမလဲ။ မြန်မာမိန်းကလေးများ သူတို့ ရည်းစားဒါမျိုး လား ဆိုလျှင် အလွန် အခံရခက်တတ်သလို ဒေါသလည်းကြီးတတ်ကြသည်။ ခွင့်လွှတ်တတ်တဲ့ မိန်းကလေး ဆိုလို့  က တော့ အတိုင်းထက်လွန် တံခွန်နဲ့ ကုက္ကားဖြစ်မည်။ သို့ သော်ရုံးရောက် ကန္နားရောက်ဆိုလျှင် သူမ ပါ ရော အရှက်ကွဲဦး မည်။ ခွင့်လွှတ်ရန်တော့ လမ်းမမြင်။ ခိုးရာလိုက်လို့ အရှက်က တစ်ခါကွဲ၊ လင်လုပ် သူ ရဲ့ အရှုပ်ကြောင့်ပါ နောက်တစ်ခါ ထပ်အရှက်ကွဲရရင်တော့။ ကိုသန်းမောင်သည် နဂိုကတည်းက ဒေါင့် စေ့ အောင်တွေးကာ ပူတတ် သူမို့ ရယ်မသိ တွေးရင်းက ခေါင်းတွေပင် ရှုပ်လာတော့သည်။

ကိုသန်းမောင် အတွေးတွေ အကုန်မမှန်သည့်တိုင် တစ်ဝက်တော့ မှန်သည်။ ထွန်းလွင်ကိုလည်း ခင်သက်ဝေက တရားမစွဲပါ။ သို့ သော် ထွန်းလွင် မင်္ဂလာဆောင်မတိုင်မီပင် ခင်သက်ဝေတို့ တူဝရီး ပျောက်သွားသည်။ ငယ် စဉ်တုန်းက အလှမာန်တွေတက်ကာ နေခဲ့ သော ခင်သက်ဝေသည် တစ်ရှက်ကနေ နှစ်ရှက် အကွဲမခံတော့ ပဲ မွေးရပ်ကိုပင် စွန့် သွားခဲ့ ရသည်။

ထွန်းလွင် မိန်းမ ကိုယ်ဝန်ရ၍ များမကြာမီ ခင်သက်ဝေ ဆုံးသောသတင်းကို ကြားရသည်။ ကလေး အသေက လေး မွေးလို့ မီးတွင်းထဲတွင်ပင် သွေးတက်၍ ဆုံးရှာသည် ဟူ၍ဖြစ်သည်။ ကိုသန်းမောင်ကတော့ မမြင်လိုက်ရ သော ထိုကလေးသည် ယောင်္ကျားလေးလော မိန်းကလေးလော ဟုသိချင်နေခဲ့ သည်။ ထိုကလေး သည် သူ့  အတွက် တူကမွေးသော မြေးဦးကလေး ဖြစ်သည်။ ထွန်းလွင်ကတော့ ခင်သက်ဝေကို သတိပင်ရဟန်မတူ။ သားသမီးကိုတော့ ဝေးရော။ တူဝရီးချင်း မို့ တစ်ခါက မေးဖြစ်ခဲ့ သေးသည်။

“အထွန်း မင်း ခင်သက်ဝေကို သတိရသေးလား…”

“ အင်….မမသက်ဝေလား……ကျန်ခဲ့ ပါပြီဗျာ….သတိရတော့ကော ဘာထူးမလဲ လေးသန်းရဲ့ ။ မိန်းမ ကိုတောင် မနည်း ချော့ ပြီး တောင်းပန်ထားရတာ…..လေးသန်းရာ…ဟားဟား…..”

ထွန်းလွင် ရယ်လိုက်တော့ ကိုသန်းမောင်ရင်ထဲ တစ်မျိုးကြီးဖြစ်သွားမိသည်။ ထိုအချိန်က ခင်သက်ဝေတစ် ယောက် ကိုယ်လေးလက်ဝန်ဖြင့် မည်မျှဒုက္ခရောက် နေခဲ့ သည်မသိ။ ကိုယ့်သွေးကိုယ့်သားရယ်ဟူသော အသိ ထွန်းလွင်မှာ ရှိမှရှိပါလေစ။ ခုတော့ ခင်သက်ဝေလည်း ဆုံးပြီ။ ထွန်းလွင်သား၊ သူ့ မမြင်လိုက်ရသော မြေးဦး လေးလည်း ဆုံးပြီ။ ဒီကလေး လူမဖြစ်လာတာ ခပ်ကောင်းကောင်းရယ် ဟုလည်း ကိုသန်းမောင် မတွေး ကောင်း တွေးကောင်း တွေးမိပြန်သည်။ ထွန်းလွင်ဆိုတဲ့ သူ့ တူဘာလို့ များ ဒီလောက် အသည်းမာရသနည်း။ ဒါမှမဟုတ် သူ့ မှာ နှမမရှိ လို့ များ မစာနာလေရော့သလား ကိုသန်းမောင်မသိ။

ဒီလိုနဲ့ ထွန်းလွင် မယားဇင်မာအေး ဒုတိယမြောက်ကလေး မွေးပြီးသိပ်မကြာခင် ထွန်းလွင်ဇာတိက ပြပြန်လေ သည်။ အိမ်ထောင်သက် လေးငါးခြောက်နှစ်ပဲရှိသေးသည် အငယ်တစ်ယောက်နှင့် စခန်းသွားနေသည်မို့ ဇင်မာ အေးခမျာ မျက်ရည်နဲ့ မျက်ခွက် ဖြစ်ရပြန်သည်။ အရှာလေးကကောင်းတော့ ငွေကလေးက လည်းရွှင်သည်မို့  ထွန်းလွင်တစ်ယောက် မင်းတုန်းမင်းဇာတ် ခင်းပြန်လေသည်။

အိမ်ပေါ်သို့ ခေါ်တင်မလာသည်ကို ပင် မောင်မင်းကြီးသာ ကို ကျေးဇူးတင်ရမလို ရှိသည်။ သိပ်မကြာလိုက်ဘဲ အစ်မဖြစ်သူ ဒေါ်တင်တင်လှ ဆုံးရှာသည်။ ဒီတစ်ခေါက်တော့ အစ်မ ဟိုကောင်မလေး မိဘတွေဆီလိုက် မအပ် နိုင်ရှာတော့။ လင်ဆိုးမယား တဖားဖား ဆိုသကဲ့ သို ဇင်မာအေးမလဲ ကလေး နှစ်ယောက်နှင့် သူ့ မိဘအိမ်ပြန် သွားတော့ ဤအိမ်ကြီးတွင် ကိုသန်းမောင်ကြီးတစ်ယောက်သာ ငုတ်တုတ်ကျန်ခဲ့လေသည်။ တရားတွေလည်း ကျလှပြီ။ သေတဲ့ လူတွေကလည်း သေကုန်ကြပြီ။ ကွဲတဲ့ သူတွေကလည်း ကွဲကုန်ကြပြီ။

ဇင်မာအေး အိမ်ပေါ်ကဆင်းပြီး ခြောက်လလောက် ကြာတော့ ထွန်းလွင် အိမ်ပေါ်ကိုပြန်ရောက်လာသည်။ ဇင် မာအေးရုပ်နဲ့ ကောင်မလေး နောက်တစ်ယောက်က ထွန်းလွင်နောက် ဖဝါးခြေထပ်လိုက်လို့ လာသည်။ ထွန်း လွင် မျက်နှာကို ကိုသန်းမောင်ကြည့်ရသည်မှာ တူအရင်းမို့ ရင့်ရင့်သီးသီး မပြောချင်သော်လည်း တိရစ္ဆာန် ရုပ် တော့ထွက်နေတာ အသေအချာပင်ဖြစ်သည်။ နဂိုအသားဖြူဖြူတွင် နီစပ်စပ်ဖြစ်နေသော ထွန်းလွင်မျက်နှာ နှင့် သူ့ မျက်လုံးက တောက်နေသော အရောင်တွေကို ကိုသန်းမောင်မကြိုက်။

ကိုယ့်မျက်စိရှေ့  လူဖြစ်လာသော ထွန်းလွင်တွင် ဒီလိုဥာဉ်ဆိုးတွေ ဘယ်အရပ်ဘယ်ဒေသက ရောက်လာ လေ သလဲ ကိုသန်းမောင်မသိ။ ဇင်မာအေးနှင့် မြေးငယ်နှစ်ယောက် မျက်နှာလည်း မြင်ယောင်မိသည်။ သွားလေ သူ အစ်မကြီး ဒေါ်တင်တင်လှ မျက်နှာကိုလည်း ကိုသန်းမောင် မြင်ယောင်မိသည်။ ဒင်း ထောက်စရာ မအေ့မျက်နှာ လည်းမရှိတော့ပြီ။ မယားကြီးကလည်း ကလေးနှစ်ယောက် ပိုက်ကာ အိမ်ပေါ် က ဆင်းသွားပြီ။ ကိုသန်းမောင် ထွန်းလွင်ကို ဘာပြောနိုင်မည်နည်း။ ထွန်းလွင်ကို သူ့ တူလို့ ပြောရမှာပင် ရှက်လာမိသည်။

သို့ သော် ဒီတစ်ခါတော့ထူးဆန်းသည်။ ထွန်းလွင် ယူလာသော မိန်းမလေးက သူကို “ဦး” ဟုခေါ်လိုက်လျှင် ဇင်မာအေးခေါ်သလို နားထောင် လို့ မ တော်ပေ။ ဒီအသံကို ကိုသန်းမောင် မကြိုက်။ အီတာလား အူတာ လား တော့ ကိုသန်းမောင် မပြောတတ်။ ကောင်မ လေး ရယ်သံက အဖျားခါလျှက် တုန်တုန်၍ပင် သွားတတ် သေး သည်။ မယားငုတ်တုတ်နှင့် သားသမီးတွေရှိသော ယောက်ျားကို မျက်နှာပြောင်ပြောင်နှင့် ယူရဲသော မိန်းက လေး သည် မည်သို့ သော မိန်းကလေးမျိုး ဖြစ်သည်ကို ကိုသန်းမောင် ဆန်းစစ်စရာ တွေးကြည့်စရာပင်မလိုပေ။ သူသာ ထွန်းလွင်လို ကောင် ဖြစ်ရင် တော့ ဤအိမ်ပေါ်တွင် ကြားမကောင်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာ ပေ လိမ့်ဦးမည် ဟု ကိုသန်းမောင် တွေးလိုက်မိလေသည်။

*********** ********** ********** ********** *********** ********** ******



ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူး တင်ပါတယ်....ကျွန်တော့်ရဲ့ မတတ်တတတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင် တော့.... အတိုင်း ထက်လွန် ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....

(ရန်ကုန်သား)

ဥာဉ်(၁)


“နှစ်ဆယ်ကျော် အပျိုဖျန်းကလေး တွေလို ဖူးစပွင့်စ အ လှမျိုး မဟုတ်သည့် တိုင်ခင်သက်ဝေမှာ သုံးဆယ် လောက်သာ ထင်ရ လောက် အောင်နုတုန်း ပျိုစဲပင်ရှိသည်။ ကို သန်းမောင်တို့ လို ကံမကောင်း အကြောင်း မလှ၍ မိန်းမလိုချင်ပါလျှက် မရကြ ရှာ သော လူပျိုသိုးကြီး များ သည် လည်းကောင်း၊ ငယ်ပင် ငယ် သော် ငြားလည်း မမကြီးများကိုမှ ကြိုက်တတ် ကြပါသော လူ ငယ် လူရွယ်များ သည် လည်းကောင်း ခင်သက်ဝေကို မျက်စိ ကျတုန်းပင် ရှိသေး သည်။”




“ ကို သန်းမောင် မောင်လေး ထွန်းလွင်ရှိလား”

အိမ်ရှေ့ ခြံဝက လှမ်းမေးသံကြောင့် ကိုသန်းမောင် ဖတ်လက်စ သတင်းစာကို အသာချကာ လှမ်းကြည့်လိုက် သည်။ ခြံဝ နှင့် အိမ်က ပေနှစ်ဆယ်မရှိ တရှိသာ ဝေးသည်မို့ မျက်မှန်တပ်ထားသော်လည်း ကိုသန်းမောင် ကောင်း ကောင်းမြင်ရသည်။ အိမ်ရှေ့ ခြံတံခါးနားတွင် ခင်သက်ဝေတစ်ယောက် နဖူးထက်မှာ လက်ကလေးကာ လျက် အိမ်ထဲသို့ ကြည့်နေသည်ကို တွေ့ ရသည်။

“အော် မခင်သက်ဝေပါလား အထွန်း သူ့ အမေဈေးသွားကြိုတယ် ဗျ ခုတင်ပဲထွက်သွားတာ။ မခင်သက်ဝေ ဘာ များ မှာချင်လို့ လဲ။”

ခင်သက်ဝေက အနည်းငယ် တွေသွားသည်။ ထို့ နောက် အိမ်ပေါ်မှ ဆင်းလာသောကိုသန်းမောင်ကို ကြည့်ရင်း

“ အော် ဘာမှ မှာစရာမရှိပါဘူး ကိုသန်းမောင် ကျွန်မ မောင်လေးထွန်းလွင်ကို ထမင်းစားလာဖိတ်တာပါ ဟိုတစ် ရက်က သူ အိမ်မှာ ကျွန်မ ကွန်ပျူတာလေး လာပြင်ပေးသွားတာ ကျေးဇူးတင်လို့ ….”

“ ဝင်ထိုင်ဦးလေ မခင်သက်ဝေ အထွန်း ပြန်လာတော့မှာပါ။ ”

ကိုသန်းမောင်က လောကဝတ်လုပ်ရင်း ခြံတံခါးကို အသာဖွင့်ပေးလိုက်သည်။ ခင်သက်ဝေက ခေါင်းအသာ ခါ လျက်

“နေပါစေ ကိုသန်းမောင် မဝင်တော့ဘူး။ ကျွန်မ ချက်ပြုတ်ထားတယ်လို့ သာသူ့ ကိုပြောလိုက်ပါ။ အိမ်… ထမင်း လာစားလှဲ့ လို့ နော်….ကဲသွားမယ် ကိုသန်းမောင်…..ပြောလိုက်နော်ဆက်ဆက်……”

“ဟုတ်ကဲ့ ဟုတ်ကဲ့ …..ကျွန်တော်ကော မပါဘူးလား ဗျ…..”

လှည့်ထွက်သွားမည်ပြုနေရာက ခင်သက်ဝေက ကိုသန်းမောင်ကို လှည့်ကြည့်သည်။ ကိုသန်းမောင်က ပြုံးရယ် နေသဖြင့် ခင်သက်ဝေက အနည်းငယ် အိုးတို့ အမ်းတမ်း ဖြစ်သွားရာက အရှက်ပြေ ရယ်လိုက်ရင်း….

“ အဟင်း ..လာစားလှည့်ပါ ကိုသန်းမောင် အထွန်းလာတော့….”

သူ့ ကို မြန်မြန်ပြန်ဖြေရင်း ခင်သက်ဝေ ခက်သွက်သွက်ထွက်သွားသည်။ ကိုသန်းမောင်က တော့ ခင်သက်ဝေ ကို အသာငေးကြည့်ရင်း ကိုယ့်အတွေးနှင့်ကိုယ် ပြုံးလို့ သာနေမိသည်။ ခင်သက်ဝေက အရွယ်သာဟိုင်းလာပေ မယ့် လှချက်ကတော့ ရေဆေးငါးကြီးလိုပင် ချောချောကြီးရှိသေးသည်။

ခုတော့ အပျိုကြီးခင်သက်ဝေ ဖြစ်လို့ နေပေပြီ။ ကိုသန်းမောင်သည် ခြံတံခါး ကို အသာ ပြန်စေ့ရင်း ခင်သက်ဝေ အကြောင်းကို တွေးမိနေသည်။ ကိုသန်းမောင်တို့ ငယ်ငယ်က ခင်သက်ဝေဆိုတာ လူပျိုတိုင်းက မြင်တိုင်းကြည့် ကြည့်တိုင်းလှ တဲ့ မိန်းကလေးဖြစ်သည်။ ခင်သက်ဝေ လာပြီဟေ့ ဟုဆို လျှင် လက်ဖက်ရည်ဆိုင်ကပဲဖြစ်ဖြစ်

လမ်းထိပ်က အုပ်ခုံမှာထိုင်ရာကပဲဖြစ်ဖြစ် လူပျိုအများ ခေါင်းကြီးများ ပင်လည်အောင်ကြည့်ကြရသည်။

ထိုအခါက ခင်သက်ဝေကလည်း ခုလို စကားကောင်းကောင်း မွန်မွန် ပြောတတ်သူမဟုတ်သေးပေ။ လှသ လောက် မာနက ငယ်ထိပ် ရောက်နေလေတော့ ရပ်ကွက်ထဲက လူပျိုမှန်သမျှကို သူ့ နဲ့ တူတယ် တန်တယ် ဟု ထင်သည် မဟုတ်။ အမှန်အတိုင်း ဝင်ခံရပါလျှင် ခင်သက်ဝေကို ကြိုက်တဲ့ အထဲ ကိုသန်းမောင်တို့ လည်း ပါ ခဲ့ သည်။

ခင်သက်ဝေရဲ့ နင့်နင့်သီးသီး ပြောဆိုခဲ့ သော စကားတွေကိုလည်း ရင်ကွဲပက်လက်ဖြင့်ကြားခဲ့ ဖူးပြီဖြစ်သည်။ ကိုသန်းမောင်တို့ အရပ်ထဲတွင် ခင်သက်ဝေ သည် သတင်းကြီးသော ရွှေမင်းသမီးဖြစ်ခဲ့ သည်ဆိုလည်း မှားလိမ့် မည်မဟုတ်။ ခင်သက်ဝေတို့ မိဘများသည် အတန်သင့်ပြည့်စုံကြသည်။ ဖခင်လုပ်သူ ဦးဘဟန်မှာ တရားရုံးချုပ် ရှေ့ နေကြီးဖြစ်သည်။ ခင်သက်ဝေ ကထိုအချိန်တုန်းကတော့ အင်မတန် မောက်မာသော မိန်းမလှတစ်ယောက် ဖြစ်ခဲ့ သည်။

ရှင်ပြုရဟန်းခံပွဲတွေ ဆိုရင်ဖြင့် ခင်သက်ဝေမပါလျှင် ပွဲကမစည်ကားဘူးဟုပင် ပြောကြဆိုကြသည်။ ကွမ်း တောင်ကိုင် ပန်းတောင်ကိုင် တို့ တွင် ခင်သက်ဝေက အဝင်းဆုံးအဝါဆုံး အချောဆုံး အလှဆုံး၊ လူပျိုတွေက လည်း ရှင်ထမ်းသည်က နည်းနည်း ခင်သက်ဝေကို ငမ်းသည်က များများဖြင့် ခင်သက်ဝေတို့ အလှသတင်းကြီး ခဲ့ လေသည်။

ကြိုက်တဲ့ သူချစ်တဲ့ သူများကလဲ ခင်သက်ဝေ နားတွင်အင်မတန်မှ ပေါများသလောက် ခင်သက်ဝေကတော့ တစ်ခါဆို ဆိုသလောက် မှတ်သွားအောင် ပညာပြပြလွှတ် သည်။ ခင်သက်ဝေ စနက်မိလို့ အရှက်ကွဲရသူ အသည်းတွေ ကွဲရသူများ ရိုက်သတ်လို့ ပင်ကုန်မည်မထင်။ ခင်သက်ဝေကိုယ်တိုင်လည်း ခေါင်းခေါက်ရွေးလို့  ရတယ် ဆိုပြီး ရွေးလာလိုက်တာ ယခုဆိုလျှင် သုံးဆယ်ကျော်ရာက လေးဆယ်နားပင်နီးလို့ လာခဲ့ ပြီဖြစ်သည်။

သို့ တိုင်ခင်သက်ဝေတို့ ကလှတုန်းလှဆဲပင် ဖြစ်သည်။ နှစ်ဆယ်ကျော် အပျိုဖျန်းကလေး တွေလို ဖူးစပွင့်စ အ လှမျိုး မဟုတ်သည့် တိုင်ခင်သက်ဝေမှာ သုံးဆယ်လောက်သာ ထင်ရလောက်အောင်နုတုန်း ပျိုစဲပင်ရှိသည်။ ကို သန်းမောင်တို့ လို ကံမကောင်းအကြောင်းမလှ၍ မိန်းမလိုချင်ပါပဲလျက် မရကြရှာသော လူပျိုသိုးကြီး များ သည် လည်းကောင်း၊ ငယ်ပင်ငယ်သော်ငြားလည်း မမကြီးများကိုမှ ကြိုက်တတ်ကြပါသော လူငယ်လူရွယ်များ သည် လည်းကောင်း ခင်သက်ဝေကို မျက်စိကျတုန်းပင်ရှိသေးသည်။

ခင်သက်ဝေကလည်း အပျိုလေးက အပျိုကြီးဖြစ်လာတော့ မျက်နှာကြော အနည်းငယ်လျော့သွားသည်မှ လွဲ၍ အရပ်ထဲလမ်းသွားလျှင် မျက်နှာကိုချီလျှက် သွားတုန်း လာတုန်းပင်ဖြစ်သည်။ ငါ့ကြိုက်နေတဲ့ သူတွေ ရှိပါသေး လားဟူသော အသိကလေးဖြင့် သူလည်း အားတင်းထားဟန်တူပါသည်။ သို့ တိုင်သူမကတော့ အပျိုကြီးဟူ သောဘွဲ့ ကို လက်ကိုင်ထားရစဲ ဖြစ်လေသည်။

“အဲ…လေးသန်း ..ပြုံးစစ နဲ့ ဘာဖြစ်နေတာလဲ သတင်းစာကြီးကိုင်ပြီး..ဟမ်…”

ခင်သက်ဝေအကြောင်းတွေးလျက် ပြုံးဖြီးဖြီးဖြစ်နေသော ကိုသန်းမောင်တစ်ယောက် ထွန်းလွင်အသံကြောင့် သတိပြန်လည်လာသည်။ တူလုပ်သူကို လှည့်ကြည့်ရင်း လူကြီးရှက်တော့ရယ်ဆိုသလို ရယ်သံလေးစွက်၍

“အဟင်း…ဟုတ်ပါဘူးကွာ သဘောကျလို့ ပါ…မင်းကလဲ…”

“အလို ဗျာ…ကျွန်တော်က မလဲပါဘူး…လေးသန်း ကဘာတွေတစ်ယောက်တည်း သဘောတွေခွေ့ နေတာလဲ.. လုပ်စမ်းပါဦး…ကျွန်တော့်ဦးလေး လူပျိုသိုးကြီး….တွေ့ ထားပြီလား….”

ထွန်းလွင်က ကိုသန်းမောင်ကို ရယ်သွေးလျက် စသည်။ ကိုသန်းမောင်က စက်တီကုလားထိုင်ပေါ် တင်ပျဉ်ခွေ ပြင်ထိုင်လျက်

“အင်း…ခုဏက ခင်သက်ဝေလာသွားတယ်ကွ….မင့်ထမင်းစားလာဖိတ်တာတဲ့ …ဟိုနေ့ က သူ့ ကွန်ပျူတာ ပြင် ပေး လို့ တဲ့  ထမင်းကျွေးချင်သတဲ့ …အဲတာ မင့်လာဖိတ်တာ…မတွေ့ တော့ အပျိုကြီး ရှက်ရှက်နဲ့ ပြန်သွား လေရဲ့ …”

“အင်းလေ မမသက်ဝေက ထမင်းစားလာဖိတ်တာ နဲ့ လေးသန်းပြုံးတာနဲ့ ဘာဆိုင်လဲ…ပြီးတော့ရှက်ပြီးပြန်သွား ရအောင် လေးသန်းက ဘာလုပ်လိုက်လို့ လဲ….”

ထွန်းလွင်က ကိုသန်းမောင် ရှေ့ ကုလားထိုင်တွင် ဝင်ထိုင်ရင်း နားမလည်ဟန်ဖြင့်မေးသည်။ ကိုသန်းမောင်က ထွန်းလွင်ကို မျက်လုံးကြီးပြူးလျှက်….

“အင်…အောင်မယ် မင်းက မမသက်ဝေတွေ ဘာတွေတောင်ဖြစ်နေပါ့လား…အဟား..အထွန်းခွေးကောင် မင်း ဦးလေးကို မပြောဘဲ ဘာတွေ ရှုပ်ထားလဲပြောစမ်း …….”

“အာ…..ဗျာ သူက မမသက်ဝေလို့ ခေါ်ဆိုလို့ ခေါ်တာပါဗျာ…သူ့ ဆိုက်က လေးသန်းတို့ ဆိုက် ကျွန်တော်တို့ ဆိုက် ဟုတ်ဘူး….ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး…ကဲပါ ….သူ ရှက်သွားအောင် လေးသန်းက ဘာပြောလိုက်လို့ လဲ”

အထွန်းက မျက်နှာတည်နဲ့ ပြောသည်။ ကိုသန်းမောင်က တူဖြစ်သူကို အသေချာအကဲခတ်နေသည်။ ထွန်းလွင် ရုပ်ကြည့်ရတာ ခင်သက်ဝေမှိုင်းမိပုံတော့မရပေ။ ကိုသန်းမောင်သည် ခင်သက်ဝေမှိုင်းမိသော မျက်နှာမျိုးကို အလွတ်ပင်ရနေပြီ ဖြစ်သည်။

“ပြောပါဘူးဘူးဗျာ သူကမင်းကို ကွက်ဖိတ်တော့ ငါကလည်းမေးလိုက်တာပေါ့ ကျွန်တော်ကော မပါဘူးလားလို့  လေ…အဟီး ခင်သက်ဝေ ရှက်သွားတာ မျက်နှာကြီးကို နီလို့ ….”

“ဟာ ဗျာ လေးသန်းကတော့ လုပ်တော့မယ်…..ကျွန်တော်က ရိုးရိုးကူညီတာပါ…ဘာလဲ…လေးသန်းက ဆင်ဖြူ တော်မှီပြီး ကြံစုပ်ဦးမလို့ လား….ဟားဟား…..”

ထွန်းလွင်က တူရယ်သာပြောတယ် ကိုသန်းမောင် အစ်မအကြီးဆုံးက မွေးသည်ကြောင့် အသက်ချင်း ဆယ်နှစ် ဆယ့်ငါးနှစ် လောက်သာ ကွာသည်။ ထွန်းလွင်က ကွန်ပျူတာတက္ကသိုလ်မှ ဘွဲ့ ရပြီးစဆိုတော့ နှစ်ဆယ်ကျော် ရှိသေးသည်။ ကိုသန်းမောင်က သုံးဆယ်ကျော် လေးငါးခြောက်နှစ်။ တူဝရီးထက် အစ်ကိုကြီး နှင့်ညီလို ပင်ဖြစ် နေသည်။

“အောင်မာ….မင်းကများ ဟေ့ကောင် သန်းမောင်တို့ က ခုထိမိန်းမ မရသေးပေမယ့် အစွမ်းအစ မရှိတဲ့ ကောင် မဟုတ်ပါဘူးကွ…ခေတ်မကောင်းလို့ …ရူးချင်ယောင်ဆောင်နေတာ….”

“ဘာလဲ…မမသက်ဝေကြီးကို စောင့်နေတာလား…လုပ်လေ လေးသန်းရဲ့ အသက်တွေက မစောင့်တော့ဘူးနော်။ မမသက်ဝေကြီးတောင် ဟိုင်းနေပြီ လူကလှပြီးနုနေလို့ သာ….”

ထွန်းလွင် ဦးလေးလုပ်သူကို စကားနာထိုးနေသည်။ တူဝရီးနှစ်ယောက် စကားကောင်းနေတုန်း ဈေးကပြန်လာ သော ထွန်းလွင်၏ မိခင်ဒေါ်တင်တင်လှကြောင့် စကားစပြတ်သွားသည်။

“ဟဲ့ သန်းမောင် နင်ငါ့သားကို ဘာတွေ သင်ပေးနေတာလဲ…ဟွန်းနော် ငါ့သားလေး ငယ်ငယ်လေးရှိသေးတာ… ပေါက်တတ်ကရတွေ သင်မပေးနဲ့ ….အထွန်း……အမေဟင်းချက်မယ်…ရေလေး ကဲ့ ပေးဦး….”

“အလို ဗျာ မမကြီးနှယ်…………ကျွန်တော်က သင်ပေးတာမဟုတ်ပါဘူး…မမကြီးသားကသာ……”

“လေးသန်း…..တော်…… မဟုတ် တရုတ်တွေမပြောနဲ့ ….လာပြီအမေ..လာပြီ။ အလားကား လေးသန်းကြီးက ….မိန်းမလိုချင်နေတာ……ဟားဟား”

ထွန်းလွင်က အမေလုပ်သူ သူ့ ဘက်လှည့်လာမည်စိုး၍ ကိုသန်းမောင်ကို အတင်းစကားပိတ်ပြောပြီး ရေခပ်ရန် အိမ်ပေါ်မှ ပြေးဆင်းသွားသည်။ ထွန်းဝေမျက်လုံးထဲ တွင်တော့ ခင်သက်ဝေ၏ နေ့ လည်စာ ထမင်းဝိုင်းကိုသာ မြင်ယောင် နေသည်။ ခင်သက်ဝေ အပြုံးချိုချိုတွေနဲ့ ဆို အိမ်မှာထက်တော့ ထမင်းစားကောင်းသည်ပဲလေ။

******************* ********* ********* ***********************

“စားစား မောင်လေး ကောင်းရဲ့ လား ငါးမြင်းဗိုက်သား ဆူကလည်းဆူ နဲ့ ခရမ်းချဉ်သီးပေါပေါလေးနဲ့  မမကိုယ် တိုင်ချက်ထားတာ ….ထည့်စား….. ဟော ဒါလေး က ဘူးရွက်ဟင်းခါးလေး …”

ထွန်းလွင်ကတော့ ခင်သက်ဝေ ကိုကြည့်ုလိုက် ငါးမြင်းဗိုက်သားတွေကို စားလိုက်၊ ဘူးသီးဟင်းခါး ကို တရွှတ် ရွှတ်သောက်လိုက် ဖြင့်ထမင်းများစားလို့ မိန်လှသည်။ ခင်သက်ဝေက ထမင်းပွဲဘေး ကြုံ့ ကြုံလေးထိုင်ရင်း ယပ် တောင်လေးခပ်ခါ ခပ်ခါဖြင့် ထွန်းလွင်စားတာကို သူ စားနေရသလို နှင့်ဝနေသည်။

“ကောင်းလိုက်တာ မမသက်ဝေရာ လက်ရာကတော့ ရှယ်ပဲ….နောက်ကျရင်….မမသက်ဝေ ကွန်ပျူတာကြီး ခဏ ခဏ ပျက်ပါစေတောင် ဆုတောင်းရမလို ဖြစ်နေပြီ။ ”

နောက်ဆုံးထမင်းလုပ်ကို အရသာခံဝါးရာက မမျို ချင့် မျိုချင် မျိုချက်လျက် ထွန်းလွင်က ပြောသည်။ ခင်သက် ဝေက လေသံလေးမျှင်းကာ ရယ်ရင်း…………

“အမယ်လေးတော် ကွန်ပျူတာတော့ မပျက်ပါရစေနဲ့  မင်းစားချင် လာစားလှည့်ပေါ့ကွယ်…..တို့ အိမ်မှာက အ ဒေါ်နဲ့ မှ နှစ်ယောက်ရှိတာ….ဟင်းဟင်း…..”

ခင်သက်ဝေ မိဘတွေဆုံးတော့ မိခင်ဖြစ်သူ၏ညီမ အဒေါ်ဒေါ်စိန်မြ နှင့်သာ နေလာရသည်။ အဒေါ်လုပ်သူက ခပ်လှမ်းလှမ်းကထိုင်ရင်း ခင်သက်ဝေ စကားကြောင့်ချောင်းဟန့် သည်။ ခင်သက်ဝေက အဒေါ်လုပ်သူကို မျက်စိလေး စွေကြည့်ရင် ထွန်းလွင်ကို သွားလေးဖြဲကာပြုံးပြသည်။

ထွန်းလွင်ကလည်း ခင်သက်ဝေ စကားကြောင့် သူ့ ဦးလေး သန်းမောင့်မျက်နှာကြီး မြင်မိပြီး အူထဲက လှိုက် လှိုက်ပြီး ရယ်ချင်လာသည်။ စကားရော ဖောရောနှင့် ခင်သက်ဝေ ရယ်တုန်း ရော၍သာ ရယ်လိုက်ရ သည်။ ခင် သက် ဝေကလဲ လှသည်။ ဟင်းချက်ကလည်း ကောင်းသည်။ အမေ ကတစ်နှစ် တစ်ခါတောင် ဖြစ်ဖြစ်မည် ချက် တတ်သော ခင်သက်ဝေ၏ ငါးမြင်းဗိုက်သားကလဲ ဆူသည်။

“စားကောင်းရဲ့ လားမောင်လေး….ကဲစား ဒီမယ် ကောင်းမှကောင်း မြကျောက်တွေ ချိုတာကွယ်….မင်းကြိုက်ရဲ့  လား တောင်မသိဘူး။ ဟိုနေ့ ကဈေးထဲ တွေ့ လို့ ဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားတာ….ဟင်းဟင်း…”

ထွန်းလွင်သည် ခင်သက်ဝေ၏ ဟင်းဟင်း..ဟင်းဟင်း ဆိုသော ချိုအီအီရယ်သံနှင့်ရောကာ မြကျောက်သရက် သီးစိတ်ကြီးတွေကို အတင်းမျိုမျိုချနေမိသည်။ ဦးလေးသန်းမောင်တို့ သတ္တိနဲ လို့ သာ ဒီလို ချိုချိုအီအီကြီးတွေ မ စားရတာဟု တွေးလျှက်က ရယ်ချင်လာပြန်သည်။

“တော်တော် ချိုတာပဲ မမသက်ဝေ မမ မျက်နှာလိုပဲ ..ဟဲဟဲ…မမကွန်ပျူတာက ဟောင်းနေပြီ။ လက်ပ်တော့ပ် လေးဘာလေးဝယ်ပါတော့လား… ပိုလည်းသုံးလို့ ကောင်းတာပေါ့…ရုံးလည်း ယူသွားလို့ ရတာပဲကို…”

ခင်သက်ဝေက ထွန်းလွင်၏ ပြည်တီတီ စကားကြောင့် ရင်ဖိုရင်းက တဝက်တပျက်ကြာလိုက်ရသော လက်ပ် တော့ပ် ဟူသောစကားကို လေသံဖမ်းလျှက် ရမ်းတုတ်လိုက်ရသည်။ ထွန်းလွင်လေးက စကားတတ်သည်ဟု လည်း စိတ်ထဲက မှတ်လိုက်မိသည်။ ခင်သက်ဝေမျက်နှာကလည်း ချိုသလို သူမ အသံက ပိုလို့ ပင်ချိုကာ အီ ၍ပင်နေလေသည်။

“အင်း ဝယ်နိုင်သေးပါဘူ ငါ့မောင်ရယ် မင်းသိတဲ့ အတိုင်း လက်ပ်တော့ပ်တွေက ဈေးကခပ်ကောင်းကောင်း ရယ် လေးငါးဆယ်သိန်းကြီးတောင် မတတ်နိုင်ပါဘူး….”

ခင်သက်ဝေက ရင်ကလေးချီ၍ ခေါင်းတခါခါ လည်တခါခါဖြင့် ခပ်ညည်းသည်းလေး ပြောသည်။ ထွန်းလွင်က တော့ မြကျောက်သရက်သီးတွေကို ပဲစားကောင်းကောင်းနဲ့ စားနေမိသည်။ ခင်သက်ဝေကလည်း ထွန်းလွင်၏ အကြည့်စူးစူးတွေ အောက်တွင် လှိုက်ရင်းဖိုရင်း ပြုံးရင်းရယ်ရင်းနှင့် ကြည့်နူးမဆုံးဖြစ်နေသည်။ ဒီခေတ်လူငယ် တွေများ ရင်ခုန်အောင် သက်သက်လုပ်ကြည့် တတ်လေသလားဟု ခင်သက်ဝေတွေနေမိသည်။

ထွန်းလွင်က ကွန်ပျူတာပျက်ဖို့ ဆုတောင်းရမည်မဟုတ်။ သူ ဆုတောင်းရမှာဟုလည်းစိတ်က တွေးတွေးပြီး ထွန်းလွင်ကို စကားတွေ ဖောင်ဖွဲ့ အောင်ပြောနေသည်။ ထွန်းလွင်က သူ့ မျက်စိအောက်တွင်ပင် အရွယ်ရောက် လာသော ကောင်လေးဖြစ်သည် ကတစ်ကြောင်း၊ အဖေမတူ အမေမတူ ဖြူဖြူ ပြည့်ပြည့် ချောချော မွေ့ မွေ့  လေး ကရှိသည်ကတစ်ဖုံ၊ ပညာလေးကလည်း တတ်လိုက်ပြန်တော့ ခင်သက်ဝေမျက်လုံးထဲ ထွန်းလွင် သည် ဖြောင့်ဖြောင့် ရောင့်ရောင့်ဖြင့်  ကြည့်လို့ အင်မတန်ပင်ကောင်းနေသည်။

“မင်း အလုပ်ဝင်တော့မှာလား။ ကျောင်းပြီးတာ မကြာသေးဘူး မို့ လား….”

“ဟုတ်ကဲ့ အလုပ်က ထင်သလောက်မလွယ်ဘူး မမသက်ဝေရ ဒါပေမယ့် လေးသန်း သူငယ်ချင်း ကုမ္ပဏီတစ် ခုမှာတော့ပြောထားတယ် ကျွန်တော်ယူထားတဲ့ ဘွဲ့ လေးနဲ့ လဲကိုက်တော့ အဲဒါလေးတော့ရမယ်ထင်တယ်..”

“ဟုတ်လားကောင်းတာပေါ့ ကိုသန်းမောင်တို့ က အပေါင်းအသင်း ကောင်းတာပဲနော်…လစာကော ဘယ်လိုလဲ … ကောင်းရဲ့ လား….”

ထွန်းလွင်နဲ့ စကားပြောရပြီးရော ဆိုပြီးခင်သက်ဝေ စကားပြောနေလိုက်သည်မှာ သူကိုယ်တိုင်ထမင်း မစားရ သေးတာပင် မေ့လို့ နေသည်။ အဒေါ်လုပ်သူက ဆာလှပေါ့ထင်သည် ခဏခဏ ချောင်းဟန့် နေသည်။ ခင်သက် ဝေက မသိဟန်ပြုကာ ထွန်းလွင်ဘက်ကိုပင် စောင်းထိုင်းလျှက် စကားတွေကောင်းနေတော့သည်။ ထွန်းလွင် ကလည်း ငါးမြင်းဆီပြန်မျက်နှာကြီးကိုရော ခင်သက်ဝေ၏ ချောချောလှလှ မျက်နှာကြီးကိုရောထောက်ကာ စ ကား မရှိစကားတွေ ရှာပြောနေသည်။

နောက်ဆုံးတော့ အဒေါ်လုပ်သူ ဒေါ်စိန်မြက ထမင်းဝိုင်း ထသိမ်းကာမှပင် စကားစပြတ်ကာ ထွန်းလွင် ပြန်သွား သည်။ ခင်သက်ဝေက တော့ ဗိုက်ထဲ ပြည့်နေသည်ဟုဆိုကာ သူ့ အခန်းထဲဝင်သွားသည်။ အဒေါ်ကတော့ ဆာ ဆာ နှင့် ပင် ခင်သက်ဝေ စသွားသော ထမင်းဝိုင်းကို လက်စသတ်ရလေတော့သည်။

ဥာဉ်(၂) တွင်ဆက်လက်ဖတ်ရှုပါရန်.....


အကြော်




ကျွန်တော်တို့ ငယ်ငယ် ကသိပ်ဆင်းရဲတာပဲ။ သိတတ်ကတည်းက အဖေဆိုတာကို မမြင်ဖူးဘူး။ အမေရယ် အစ်ကို ကြီးရယ် ကျွန်တော်ရယ် သုံးယောက် အိမ် သေး သေးလေးထဲမှာနေကြတယ်။
ကျွန်တော် ရေးတေးတေး မှတ်မိ သလောက် သုံးလေးနှစ်သား လောက်ကပေါ့။ ကျွန်တော်တို့ မနက်စာက အမြဲ အ ကြော် ပဲ။ တစ်ခါတစ်လေ နေ့  လည်စာတောင် အကြော်နဲ့ ပဲစားကြတာ။ မနက်ခင်းဆို အမေက ကျွန်တော့်ကို ကြွေရည်သုတ်ဇလုံလေးထဲ ထမင်းကြမ်းလေးထည့် ငါးပိရည်အကျန်လေး ရှိတဲ့ အခါ ငါးပိရည်နဲ့ ၊ မရှိတဲ့ အခါလည်း ဆားလေးဖြူးလို့ ပေါ့။


အမေ ကျွန်တော့်ကို ကျွေးတဲ့ အကြော်က ပဲကပ်ကြော် သေးသေးလေး။ အမေပြောသလောက်သိရတာကတော့ ဆိုင်ကအဆစ်ပေးလိုက်တာတဲ့ ။ အမေ့ အတွက် ရယ် အစ်ကိုကြီးအတွက်ရယ် ကတော့ ဘယ်နှစ်ခုလဲကျွန်တော် မသိဘူး။ ကျွန်တော်က တော့ အဲဒီအကြော်သေးသေးလေးပဲ။ အမေက ပြောတယ် “ သားလေး စားနော် အင်း ကောင်းမှကောင်း အကြော်လေးက…..ဒါမှသားကပညာတတ်ကြီးဖြစ်မှာတဲ့ ….”


အမေအဲလိုပြောရင်ကျွန်တော်က ပညာတတ်ကြီးဆိုတာကို နားမလည်ပေမယ့် အကြော်နဲ့ အမေထည့် ပေးတဲ့  ထမင်းလေးကိုတော့ အကုန်စားပစ် လိုက် တာပဲ။ ကျွန်တော် အသက်နည်းနည်းလေးကြီးလာတယ်။ လေးငါး ခြောက်နှစ်လောက်ရောက်လာတော့ လည်း ကျွန်တော့်ပန်းကန်ထဲရောက်ရောက်လာတဲ့ အကြော်ကသေးသေး လေးပဲ။ အစ်ကိုကြီး ကိုအမေပေးတဲ့ အကြော်ကအကြီးကြီး။ အစ်မေက တစ်ခါတစ်လေ သူစားတဲ့ အကြော် ကြီး ကို တစ်ဝက်ဖဲ့ဖဲ့ ပြီး တော့ တောင် အစ်ကိုကြီးပန်းကန်ထဲကို ထည့်ထည့်ပေးသေးတာ။


ကျွန်တော်က နောက်တော့ အမေ့ကို မေးကြည့်တယ်။
“အမေ… သားအကြော်ကသေးသေးလေး အစ်ကိုကြီးအကြော်က အကြီးကြီးပဲ။ သားကျတော့ ဘာလို့ အကြီး ကြီးမစားရတာလဲဟင်…”


အဲဒီလိုမေးရင် အမေက ရယ်သွေးပြီး…..“ အော်..ဒါလား သားအစ်ကိုကြီးက စာတွေအများကြီးကျက်ရတာလေ အဲဒီတော့ အကြော်အကြီးကြီးစားရတာပေါ့။ သားလဲ စာတွေအများကြီး ကျက်ရတဲ့ အခါ အကြော်အကြီးကြီးစား ရမှာပေါ့…နောက်အစ်ကိုကြီးက ပညာတတ်ကြီးဖြစ်သွားရင် သားနဲ့ အမေ့အတွက် အ ကြော်အကြီးကြီးတွေအ များကြီး ဝယ်လာမှပေါ့….” လို့ အမြဲပြောတတ်တယ်။


အဲဒီတုန်းက ကျွန်တော် စာတွေအများကြီးကျက်ချင်လိုက်တာ။ ဒါဆို အကြော်အကြီးကြီး စားရမှာပေါ့လေဆိုပြီး။ ကျွန်တော်ကျောင်းတက်တော့ အစ်ကိုကြီးက တက္ကသိုလ်တောင်တက်နေပြီ။ ကျွန်တော်နဲ့ အမေ့ရဲ့ မနက်စာက အကြော်ပဲပေါ့။ အစ်ကိုကြီး ကတော့ အိမ်မှာ ကျွန်တော်တို့ နဲ့ အတူတူ အကြော်စားတဲ့ အခါ ရှိသလို အမေက ပိုက်ဆံပေးလိုက်တဲ့ အခါလည်းရှိတယ်။ အစ်ကိုကြီးကလည်းပညာတတ်ကြီးမဖြစ်သေးဘူးလားမသိပါဘူး။


ကျွန်တော်နဲ့ အမေက အကြော်တွေအများကြီးနဲ့ ထမင်းစားချင်လှပြီ။ အမေကျွန်တော့်ကို ကျောင်းမှာစားဖို့ ထမင်း ဘူးထည့်ပေးတော့လည်း အကြော်က တစ် ခုတည်းလေ။ ကျွန်တော် အကြော်ကိုကြိုက်ပါတယ်။ ဒါပေမယ့် အများကြီးစားချင်တာ။ အဲဒီနောက်ပိုင်းတော့ အစ်ကိုကြီးအိမ်ပြန်လာတာမတွေ့ တော့ဘူး။ အ မေနဲ့ ကျွန်တော် ပဲထမင်းအတူတူ စားရတော့တယ်။ အမေ ကတော့ ပြုံးပြုံးပဲ။ အမေလည်း အစ်ကိုကြီးဝယ်လာတဲ့ အကြော်တွေကို ကျွန်တော့်လိုပဲ စားချင် မှာပဲနော်။


ကျွန်တော်ဆယ်တန်းအောင်တော့ အမေဆုံးတယ်။ ကျွန်တော် အမေ့ကိုအကြော်တွေအများကြီးမကျွေးနိုင်ခဲ့ ပါ ဘူး။ အမေသာ ကျွန်တော့်ကို သူစားတဲ့ အထဲ က အကြော်တွေဖဲ့ ဖဲ့ ပြီးကျွေးတာ။ ခုတော့အမေလည်းဆုံးပါပြီ။ အစ်ကိုကြီးကတော့ အဲဒီအထိ အိမ်ကိုအကြော်တွေ ဝယ်မလာသေးဘူး။ အမေဆုံးတာ တောင် မအားလို့ ဆိုပြီး အသုဘလိုက်မပို့ ဘူး။ ကျွန်တော် အစ်ကိုကြီးကိုနားမလည်ခဲ့ ဘူး။


ကျွန်တော် ပညာသင်ထောက်ပံ့ကြေးနဲ့ ကျောင်းဆက်တက်တယ်။ အဲဒီအချိန်တွေလည်း ကျွန်တော်စားရတာ ဒီပဲကပ်ကြော်ပဲ။ ဒီလိုနဲ့ ကျွန်တော် ဘွဲ့ ရ အမေ ပြောသလို ပညာတတ်ကြီး ဖြစ်လာတယ်ပေါ့။ မူလတန်းကျောင်း လေး တစ်ကျောင်းမှာ ကျွန်တော်ကျောင်းဆရာလုပ်တယ်။ ကျွန်တော် အကြော်တွေ အများကြီးစားရပုံကို ပြော ပြရဦးမယ်။ အမေပြောတာမှန်လိုက်တာ။


ကျွန်တော် ပညာတတ်ကြီး ဖြစ်ပြီပဲဆိုပါတော့။ ကျောင်းဆရာ ဖြစ်နေပြီလေ။ တပည့်လေးတွေကပဲဖြစ်ဖြစ်၊ ဈေး ထဲက တပည့်လေးတွေရဲ့ အမေတွေကပဲ ဖြစ်ဖြစ် ကျွန်တော်စားဖို့ အကြော်တွေယူယူလာပေး၊ ဆရာစားဖို့ ဆိုပြီး ထည့်ထည့် ပေးလိုက်တတ်ကြ တယ်။ တခြား အစားသောက်တွေလည်းပါတာပေါ့။ ဒီမှာတော့ ကျွန်တော် အ ကြော်အကြောင်းပဲ ပြောချင်တာပါ။ ကျွန်တော့ မှာ အကြော်တွေဖြင့် စားတောင်မနိုင်ဘူး။


ကျောင်းမှာက ယောက်ျားဆိုလို့ ကျွန်တော်တစ်ယောက်ပဲရှိတာ။ ကျောင်းအုပ်ဆရာမကြီးကအစ သန့် ရှင်းရေး အလုပ်သမားအဆုံး မိန်းမချည်းပဲ။ အမြင့် တက် ရတာတွေ တစ်ခါတစ်လေ ယောက်ျားလေးလုပ်မှ အဆင်ပြေ မယ့် ကိစ္စတွေဆို ကျွန်တော်ကပဲအမြဲလုပ်ပေးရတာပေါ့။ ကျွန်တော့်ကို ဆရာမတွေက သူတို့ အကြော်စားတဲ့ အ ခါ ကောင်းပေ့ဆိုတဲ့ အကြော်တွေ ကျွေးကြတယ်။ ဆရာသာ မရှိရင် ဒုက္ခဆိုပြီးလေ။


အမေပြောသလိုတော့ ပညာတတ်ကြီးဖြစ်၊ ပညာတတ်ကြီးကလည်း တစ်ယောက်တည်းဆိုတော့ ပညာတတ် မလေးတစ်ယောက်နဲ့ ညားပေါ့။ မူလတန်းကနေ အလယ်တန်း အလယ်တန်းကနေ အထက်တန်းပြတဲ့  ကျောင်း ဆရာကြီးဖြစ်လာတာပေါ့။ ကျွန်တော့ မိန်းမကလည်းကျွန်တော့်ကို မနက်ခင်း ထမင်းကြမ်း စားတဲ့အခါ အကြော် တွေအများကြီးနဲ့ ကျွေးတယ်။ ကျွန်တော်ကလည်း ဒီပဲကပ်ကြော်ကိုပဲ ခုံ..ခုံမင်းလွန်းပါတယ်။ ပြီးတော့ အကြော် စားတိုင်း အမေ့ကို သတိရတယ်။ ခုများသာ အမေရှိရင် ကျွန်တော့် အကြော်တွေ အကုန်ကျွေးလို့ ရပြီ။


ဟော နောက် ကျွန်တော့် မှာ သားတွေ သမီးတွေနဲ့ ဖြစ်လာပြီ။ မနက်ခင်း ထမင်းကြမ်း စားတဲ့ အခါသားသမီး တွေ ကော ကျွန်တော့်မိန်းမကပါ ကျွန်တော့်ကို ကောင်းပေ့ဆိုတဲ့ အကြော်တွေ ကျွေးကြတယ်။ ကျွန်တော်ပညာ တတ်ကြီး ဖြစ်တာနဲ့ များ ဆိုင်သလားမသိဘူး နော် အမေ။ ဒါပေမယ့် ကျွန်တော့ သားသမီး တွေ စားတဲ့ အကြော်က ကျွန်တော် ငယ်ငယ်တုန်းက စားတဲ့ အဆစ်ရတဲ့ အကြော်မဟုတ်ဘူးအမေရဲ့ ။ ကျွန်တော်စားချင်ခဲ့ တဲ့ အ ကြော်အကြီး ကြီးတွေ မျိုး ပေါ့။ ဒါလဲကျွန်တော် ပညာတတ်ကြီးဖြစ်လို့ ထင်ပါတယ်။


ကျွန်တော် အထက်တန်းကျောင်းအုပ်ဆရာကြီးဖြစ်တဲ့နေ့ အစ်ကိုကြီးဆုံးတယ်။ အမေဆုံးတုန်းကတောင် အစ်ကိုကြီး အသုဘ လိုက်မပို့ ဘူးနော်။ ကျွန်တော့် အတွက် မဟုတ်ပါဘူးလေ။ အမေ မျှော်နေခဲ့ တယ်ဆိုတာ အစ်ကိုကြီး မသိတာလား မသိ ယောင်ဆောင်ခဲ့ တာလား။ အဲဒီ အတွက် ကျွန် တော် အစ်ကို ကြီး ကို စိတ်မဆိုးပါဘူး။ စိတ်လည်းမနာဘူး။ ကျွန်တော် အစ်ကိုကြီးကိုနား မလည် တာ။ အစ်ကို ကြီးလည်း ကျွန်တော့်လို (အမေ့ပြောသလိုပေါ့) ပညာတတ်ကြီး ပဲလေ။


ကျွန်တော် အစ်ကိုကြီးဆုံးတာ ကြားကြားချင်း သွားတယ်။ ပညာတတ်အစ်ကိုကြီးရဲ့ အသုဘက အမေ့အသုဘ လောက်တောင် လူမရှိဘူးဖြစ်နေတယ်။ အိမ် ကို သတင်းလာမေးတဲ့ သူ ကလဲ ကျီးနဲ့ ဖုတ်ဖုတ်။ ဘာတွေဖြစ် သလဲတော့ကျွန်တော် မစပ်စုတော့ပါဘူး။ အစ်ကိုကြီးမိန်းမက ကျွန်တော်ဘယ်သူဘယ်ဝါ မှန်း တောင်မသိဘူး။ လည် ပင်း မှာရွှေဆွဲ ကြိုးကြီး လက်သန်းလုံးလောက်နဲ့ ငိုနေလိုက်တာများ ကျွန်တော်ဖြင့် စိတ်အတော် မချမ်း သာ ဖြစ်မိတယ်။


အစ်ကိုကြီး သားသမီးတွေတော့ တစ်ယောက်မှမတွေ့ ဘူး။ တဆင့်စကား တဆင့်နားနဲ့ အစ်ကိုကြီး အိမ်ထောင် ကျတာ သားသမီးတွေရတာ တွေကို ကျွန် တော် သိတာပေါ့။ သူတို့ လည်း အစ်ကိုကြီးလို မအားကြဘူးထင်ပါတယ်။ အော် အစ်ကိုကြီးတစ်ယောက် အကြော်အကြီးကြီးတွေမှ စားသွားရရှာရဲ့ လားလို့ တွေးနေမိတယ်။ ဒီလို နဲ့ ပဲအစ်ကို ကြီး အသုဘက တိတ်တိတ်ဆိတ်ပဲ ပြီးသွားတယ်။


ကျွန်တော် အမေပြောတာကို ငယ်ငယ်က နားမလည်ခဲ့ ဘူး။ အကြော်စားချင်တာပဲ သိခဲ့တယ်။ အစ်ကိုကြီး အ ကြော်တွေဝယ်ပြီး အိမ်ပြန်လာတာကို ကျွန် တော့်လိုပဲ အမေလည်းမျှော်နေခဲ့မှာပဲ။ ဒါပေမယ့် အစ်ကိုကြီး ဝယ် ကျွေးတဲ့အကြော်တွေကို အမေစားမသွားလိုက်ရရှာဘူး။ ခုတော့ ကျွန်တော် နားလည်ပါပြီ။ အမေက အစ်ကို ကြီး ကျွေးတဲ့ အကြော်တွေစားချင်လို့ အစ်ကိုကြီး ကို အကြော်အကြီးကြီးတွေ ကျွေးခဲ့တာမှမဟုတ်ပဲ။ အစ်ကို ကြီး ပညာတတ်ကြီးဖြစ်တဲ့ အ ခါ အကြော်တွေအများကြီးစားရအောင် ကျွေးခဲ့တာကိုးလေ။


အမေက တော့သားနှစ်ယောက်ကို အကြော်တွေကြွေးပြီး ပညာတတ်ကြီးတွေ ဖြစ်စေခဲ့ ပြီ။ ကျွန်တော် အမေ့  အိမ်ကို အကြော်တွေဝယ်ပြီး ပြန်လာချင်လိုက် တာ။ အမေနဲ့ အတူ အကြော်တွေစားပြီး “ အမေ ရေ သားတော့  အကြော် တွေစား ပြီး ပညာတတ်ကြီး ဖြစ်….ပညာတတ်ကြီးဖြစ်လို့ အကြော်တွေစားနေရပြီလို့  ပြောလိုက်ချင် တယ်။”

ဒီပိုစ့်လေးကို ဒီမှာလည်း တင်ထားပါတယ် :D
http://www.planet.com.mm/bookplanet/index.cfm/linkpage/read_story/id/694

********** ********** ********** ********** ********** ********** *********** *****
ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူး တင်ပါတယ်..... ကျွန်တာ့်ရဲ့ မတတ် တတတ် နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့ အတိုင်းထက် လွန်ပါပဲဗျာ ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်........
(ရန်ကုန်သား)



ဆေးရုံ



ခွဲစိတ်ခန်းအဝတွင်ထိုင်ပြီး
ဆရာဝန်ကြီး ထွက်အလာကို မျှော်ရသည်မှာ မည်မျှပင်ပန်း ဆင်းရဲလှသည် ကို ကိုယ် တိုင် လက်တွေ့ ခံစားရသောအခါမှပင် သိ တော့သည်။ ခွဲစိတ် ခန်း နှင့် မျက်နှာချင်းဆိုင် ကန့်  လန့် ဖြတ်စင်္ကြံ တွင် ဆရာ ဝန်များ၊သူနာပြုဆရာမများ လူနာများ၊ ဥဒဟို ဖြတ်သန်း သွားလာ နေတာကို ခပ် လှမ်းလှမ်း မှမြင်နေ ရသည်။


အစိမ်း ရောင်ဖျောဖျောသုတ်ထားသော ဆေးရုံ နံရံများ တွင် အရေးပေါ် မီး သတိပေး ပိုစတာများ၊ ကျန်းမာရေး အသိပညာပေး ပိုစတာများ၊ ဆေးရုံစည်းကမ်း ချက်များ၊ လူနာနှင့် လူ နာရှင်များ လိုက်နာရန်သတိပေးချက်များ ကို စနစ် တကျချိတ်ဆွဲထားသည်။


သုံးလေးမိနစ်တစ်ခါ ခွဲစိတ် ခန်းတံခါးသို့ မျှော်ရသည်မှာလည်း ဘယ်နှစ်ကြိမ်မျှရှိနေပြီမသိ။ ဘေးဘီကို ကြည့်တော့ လည်းသူ့  လိုပင် စောင့်ဆိုင်းနေကြသော သောကမျက်နှာများကို လေးငါးခုတွေ့ ရသည်။ ဟုတ်တာ ပေါ့လေ သူတို့  လည်းသူတို့ ၏မိသားစု ညီအစ်ကိုမောင်နှမများအတွက် ပူပင်သောကတွေ ရောက် နေကြမည်ပေါ့။


တစ်ချို့ ကတော့ ပါးစပ်လှုပ်ရုံ ဖြင့် ဘုရားစာများ ရွတ်ဖတ်ခြင်း သို့ မဟုတ် ဆုတောင်းမှုများပြုလုပ်ခြင်း တွေပြုလုပ် နေကြသည်။ ကိုယ်ဘာမှ ပြုပြင်ပြောင်း လဲ နိုင်စွမ်းမရှိသော အခြေအနေတွင် ဘုရားတရား မှတစ်ပါး အားကိုးစရာမရှိလေပြီ။


သို့ သော် ခုချိန်တွင် ဘုရားစာရွတ်ရင်တောင် ကပေါက်တိကပေါက်ချာ ဖြစ်နေ မည်။ သူ ကြိုးစားကြည့်ပါသည်။ လွန်ခဲ့ သော မိနစ်နှစ်ဆယ်မျှအချိန်က ရွတ် နေသော ဘုရားစာသည် အစ မှပြန်ပြန်ရွတ်ရလွန်းသဖြင့် တစ်ခေါက် ပင်အစအဆုံးမရွတ်နိုင်ခဲ့ ။


သူ့ရှေ့ မှဖြတ်ဖြတ်လျှောက်ကာခွဲစိတ်ခန်းထဲဝင်သွားသော သူနာပြုဆရာမများကို လေးငါးမိနစ်တစ် ခါတွေ့ နေရ သည်။ လူနာအခြေအနေကို သူတို့ ကိုမေး လို့ ရမလား။ နာမည်လေးပြောပြီး အဲဒီလူနာ ဘယ်လို နေလဲဟင် လို့ မေး လိုက်ရမလား။


မေးလိုက်ရင်သူတို့ အလုပ်အနှောက်အယှက်ဖြစ်သွား၍ ကိုယ့်ကိုပြန်မအော်ဘူးလို့ လည်းမပြောနိုင်။ သူနာပြုဆရာမ များသည် ဤကဲ့သို့ သောပိုက်ဆံပေးပြီး ဆေးကုသမှုခံယူနိုင်သော ပြင်ပဆေးရုံဆေးခန်းများ တွင် လည်း ပြည်သူပိုင် ဆေးရုံတွေမှာလိုပင် အော် ငေါက်တတ်မည်လားလည်းမသိနိုင်။ ကျွန်မမသိပါ ဘူးလို့ ပဲ ပြန်ပြောဖို့ များသည်။ သူတို့ ကို မေးဖို့ ကို တော့စောစောစီးစီးပင်လက်လျှော့လိုက်သည်။


သူ့ လိုပင်စောင့်ဆိုင်းနေသော သူလေးငါးယောက်ရှိ သည်ပဲ။ သူတို့ ကဘာလို့ သူ့ ထက်များစွာ တည်ငြိမ်နေရတာ ပါလိမ့်။ သူတို့ မိသားစုထဲမှာ မကြာခဏ နေမကောင်းဖြစ်တတ်တဲ့ သူရှိလို့ လား။ ဒါမှမဟုတ် ဒီလို ခွဲစိတ်ကုသ မှုတွေ ကို မကြာခဏ ကြုံတွေ့  နေရလို့ များ သူတို့ ကကိုယ့်ထက်များစွာတည်ငြိမ်နေတာလား။ ဒါမှမဟုတ်သူကပဲ အလွန် အမင်း ပူပင်သောကတွေရောက်နေရတာလား။


ခဏကြာတော့ ခွဲစိတ်ခန်းတံခါးပွင့်လာသည်။ သူရင်တဒိန်းဒိန်းခုန်လျက် ခေါင်းထဲတွင်ပင် တ ဒုတ်ဒုတ်ဖြစ် သွားသော အသံကို ကိုယ့်ဖာသာ ပြန်ကြားနေ ရသည်။ သို့ သော် လူနာတင်ကုတင်ကို တွန်းလာသော သူနာပြုကသူမသိသော နာ မည် တစ်ခုကိုခေါ်လိုက်တော့မှ ထိုင်ရလိုထရမလို ဖြစ် နေရာက အသာ ပြန်ထိုင်ချလိုက်ရသည်။ ဟူး--- မလွယ်ပါ့ လား။ မငြိမ်သက်သေးသော ရင်ကိုအသာ ငြိမ်သက်အောင် ကြိုးစားလျက် နံရံကိုပြန်မှီထားလိုက်ရသည်


သူ့ မျက်နှာချင်းဆိုင် ထိုင်ခုံ တွင် ထိုင်နေသောအသက် နည်း နည်းကြီးကြီး လူတစ်ယောက်က ဘီးတတ် လူနာ ကု တင် ဘေး သို့ အပြေးတစ်ပိုင်း ထသွား သည်။ လူနာ မှာသူ့ အမျိုးသမီးဖြစ်ပုံရသည်။ သူ့ မျက်နှာထက်တွင် ကြင်န သော အရိပ်တွေ၊ ပူပင်သောက တွေ၊ မျှော်လင့်ချက်ရောင်ခြည်တွေ တခဏ အတွင်း ဖြတ် သန်းသွားသည်ကို ဖျတ်ကနဲ့ မြင်လိုက်ရသည်။


လူနာအမျိုးသမီးကတော့သတိရသေးပုံမပေါ်။ ထိုလူကြီးကတော့ သူ့ အမျိုးသမီး၏လက်ကို အသာ ဆုတ်ကိုင် ပြီး ဘေးမှ ခပ်သွက်သွက်ကလေး လျှောက်ကာ လိုက်သွားသည်။ ဘီးတပ်ကုတင်ကို တွန်းလာ သော သူနာပြုမျက်နှာက တော့ ဘာမှခံစားရသည့်ပုံမပေါ်။ အင်းလေ နေ့ တိုင်းတွေ့ သမျှ မြင်ကွင်းတွေ ကို လိုက်သာခံစားနေရမည်ဆိုရင်တော့ လည်း သူ့ အတွက် တော်တော်ဝန်လေးမည်သာ ဖြစ်သည်။


အစပထမတော့ သူသည် လည်းလူသားတစ်ယောက်ပင် ဖြစ်သည့်အတွက် ခံစားရ ကောင်း ခံစားရမည်သာ ဖြစ်သည်။ သို့  သော် နေ့ တိုင်းတွေ့ ရဖန်များတော့ လည်း သူ့ အတွက် ရိုးကောင်းရိုးသွားမည်သာ။ ထို ဘီး တပ် လူနာ ကုတင် ပေါ်က လူနာသည် သူ့ ဆွေမျိုးသားချင်းမဟုတ်သေးသရွေ့ ပေါ့လေ။


သို့ နှင့်ခွဲစိတ်ခန်းပတ်ဝန်းကျင်သည် ခေတ္တမျှပြန်လည်ငြိမ်သက်သွားပြန်သည်။ သူ့ ရင်ထဲသို့ လည်း ရှေး မစွကဖြစ်ပေါ်နေသော ပူပင်သောကများ ပြန်လည် ဝင်ရောက်လို့ လာပြန်သည်။ အူအတက်ရောင် သောရောဂါသည် လူတိုင်းဖြစ်တတ်သောရောဂါဖြစ်သည် ကိုတော့သူသိသည်။


တစ်ချို့ သော နိုင်ငံများ တွင် တစ်ချိန်က စစ်တပ်သို့ ဝင်ရောက်မည့် တပ်သားသစ်များကို ကြိုတင်ကာကွယ် သည့်အ နေဖြင့် ခွဲစိတ်ဖြတ်တောက် ခဲ့ ဖူး ကြောင်း စာထဲတွင်ဖတ်ဖူးသည်။ သို့ သော် အူအတက် ပေါက်ကာ အသက် ဆုံးရှုံး ရသော လူနာများရှိ သည်ဟုလည်း ကြားဖုးသည်။ ဆေးရုံသို့ အရောက် နောက်ကျ ၍သော်လည်းကောင်း၊ နောက် ဆက်တွဲ ပြဿနာများကြောင့် သော်လည်းကောင်း အူအတက်ရောင်ရောဂါ သည်လည်း လူ့ အသက်ကို အန္တရာယ် ပြုနိုင် သည်ဟုသူသိထားသည်။


သို့ အပြင် မည်သည့်ခွဲစိတ်မှုမျိုးမဆို ဆရာဝန်များက အာမခံရဲကြ။ တစ်ချို့ ဆို မေ့ ဆေးပေးရင်းကပင် အသက်ဆုံး ရှုံးရသည်များလည်းရှိကြောင်း ကြားဖူး သည်။ ထိုမတော်တဆမှုမျိုးများဖြစ် ခဲ့ ရင် ဘယ်လို လုပ်မလဲ။ ခွဲစိတ်နေရင်း က လူနာ့အခြေအနေဖောက်လာရင်ကောဘယ်လို လုပ်မလဲ။ သူ တွေးရင်းက ရင်မောလာသည်။


တခဏအကြာတွင် သူ့ ရှေ့ မှလူနာတင်ဘီးတတ်ကုတင်တစ်ခုကို တွန်းလျက် သူနာပြုတစ်ယောက်နှင့် သူနာပြု ဆရာ မ နှစ်ယောက်သုတ်သီးသုတ်ပြာနှင့် ခွဲ စိတ်ခန်းတွင်း သို့ ဝင်သွားကြသည်။ လူနာက အသဲအသန်လူနာဖြစ်ပုံရသည်။ သူ မြင်လိုက်ရသလောက်တော့ လူနာ မှာ အသက်ကြီးကြီး အမျိုးသားတစ် ယောက်ဖြစ်ဟန်တူသည်။ သတိ လည်း လစ် နေပုံရသည်။ အဲဒီလူ ဒီခွဲ စိတ်ခန်းထဲက အသက်ရှင် လျက်ပြန် ထွက်လာနိုင်ပါ့မလား။


ဆေးရုံတွင်အလုပ်လုပ်နေကြသော ဆရာဝန်များ၊သူနာပြများ၊ဆေးရုံလုပ်သားများတော့မသိ သူ ကဖြင့် အတော့်ကို စိတ်ညစ်နွမ်းနေပြီဖြစ်သည်။ ဆရာဝန် အလုပ်ကို ဝါသနာမပါတာကိုပဲ သူ့ ကိုယ်သူ တော်တော် ကျေး ဇူး တင်ရ မည် ဖြစ် သည်။ သူ့ စိတ်နှင့်တော့ဖြစ်မည်မထင်။


ယောင်္ကျားရင့်မကြီးပင်ဖြစ် သော် လည်း သူသွေးမြင်ရင်မူးတတ်သည်။ ချွေးစီးတွေပြန်လာပြီး ခေါင်းထဲတရိပ်ရိပ် ဖြစ်ကာ ပျို့ ချင်အန်ချင် ဖြစ်လာတတ်သည်။ မိန်းကလေးဆရာဝန်များ၊ သူနာပြုဆရာမများကို တော့သူ ချီးကျူး မိသည်။ နိစ္စဓူ ဝသွေးသံရဲရဲဖြင့်သူတို့ ဘယ်လိုများရင်ဆိုင်နေကြသနည်း။


သူ သက်ပြင်းကိုအခါခါချနေမိသည်။ ခွဲစိတ်ခန်းတံခါးကို လှမ်းလှမ်းကြည့်ရသည်မှာလည်း ပင်ပန်းလှပြီ၊ လေးဆယ့်ငါး မိနစ်ဟူသောအချိန်သည် ဒီနေ ရာတွင် အလွန်ကြာမြင့်လွန်းသည်ဟု သူ ထင်သည်။ အသည်း အသန်လူနာတွန်းလှည်း ဖြတ်ကျော်သွားအပြီးခဏအကြာတွင် ခွဲစိတ်ခန်း ရှိရာစင်္ကြန် သို့ သက်လတ် ပိုင်း အမျိုးသမီး တစ်ယောက် ချိုးကွေ့ ဝင် လာသည်။


နောက်ဆုံးခွဲခန်းထဲဝင်သွားသော လူနာ၏ အမျိုးသမီးသို့ မဟုတ် ဆွေမျိုးသားချင်းဖြစ်ပုံရသည်။ သူမအသွင်က ငွေ ကြေးပြည့်စုံပုံတော့ ရသည်။ သို့ သော လက်ဝတ်ရတနာများတော့ဝတ်ဆင်ထားခြင်းမရှိ။ ရင်စိအကျီ င်္နီညိုရောင် နှင့် ခါးတွင် ပါ တိတ်လုံချည် အနက်ရောင်ဝတ်ဆင်ထားသည်ကို သူ ဖျတ်ကနဲ့ တွေ့ လိုက်ရသည်။


သူမ က သူ့ ဆီသို့ တန်းတန်းမတ်မတ်လျှောက်လှမ်းလာသည်။ သူ့ မျက်နှာချင်းဆိုင် ထိုင်ခုံများတွင် လူပြည့်နေသည် ဖြစ်၍ ထိုအမျိုးသမီးသည် သူ့ နံဘေး တွင်လာထိုင်သည်။ သူမက ဖော်ရွေစွာပြုံးပြ သည်။ အနားရောက်သောအခါမှ အမျိုးသမီးမှာ အသက်မငယ်လှတော့ကြောင်းတွေ့ လိုက်ရသည်။ သူ မမျက် နှာထက် တွင် အခြားသူများကဲ့သို့ ပင် ပူပင်သောကတွေကို သူတွေ့ လိုက်ရသည်။


သူ အမျိုးသမီးကြီးကို ပြန်ပြုံးပြ လိုက်ပါသည်။ သူ့ အပြုံးသည်လည်း သူမ အပြုံးကဲ့ သို့ ပင် အသက်ပါမည်မဟုတ်ပေ။ သူမ ထိုင်ရန် နေရာပို ကျယ်သွားစေ ရန် သူ့ ကိုယ်ကိုနည်းနည်းကျုံ့ ပေးလိုက်သည်။ အမျိုးသမီးကြီးက အားနာ ဟန်ဖြင့်


“ အို ရပါတယ်ကွယ် ထိုင်ပါထိုင်ပါ။ ဘယ်သူ နေမကောင်းဖြစ်လို့ လဲ။”


အမျိုးသမီးကြီး၏ အသံက တော့အ တော့်ကို အားယုတ်နေသည်။ သူမ မျက်ဝန်းများ သည်လည်း အရောင်အဆင်းမရှိ တော့လောက်အောင် မှိန်ဖျော့နေသည်။ သူမဆံပင်များ သည်လည်း နီကျင်ကာ အနည်း ငယ် ဖွာကျနေသည်။ သူ က အမျိုးသမီးကြီးကို အသာပြုံးပြရင်း


“ကျွန်တော့ အမျိုးသမီးပါ ဗျာ။ သူအူအတက်ပေါက်လို့ ။”


“အော် ဝင်သွားတာကြာပြီလား။ အရမ်းစိတ်ပူနေသလားကွယ်”


သူမ က အသက်ကြီးသူပီပီကျွန်တော့်ကို ကိုယ်ချင်းစာစွာပြောသည်။ ကျွန်တော် ခေါင်းအသာအငြိမ့်ပြ တော့ သူမက


“ အင်း ကျန်းမာရေးမကောင်းရင်ဒီလိုပါပဲကွယ် ငါ့တူရယ် စိတ်မပူပါနဲ့ ။ မင်းအမျိုးသမီး ရောဂါက အရေးပေါ် ဆိုပေမယ့် အသက်အန္တရယ် မစိုးရိမ်ရပါဘူးကွယ့်။”


အော်အန်တီရယ် အသက်အန္တရာယ်မစိုးရိမ်ရဘူးဆိုတာ တော့ကျွန်တော်လည်းသိတာပေါ့။ ဒါပေမယ့် ကျွန်တော့် စိတ် ကတော့ ပူတာပေါ့ဗျာ။ သူပြန်မပြော ဖြစ် သော်လည်း သူမ နှစ်သိမ့်စကားကို အသိ အမှတ်ပြု သည့် အနေ ဖြင့် ခေါင်းငြိမ့် ပြလိုက်သည်။


“မင်းထမင်းစားပြီးပြီလား။”


သူမအမေးကြောင့် ကျွန်တော်တောင်ရုတ်တရက် ဘာပြန်ပြောရမှန်း မသိဖြစ် သွားသည်။ ဟုတ် သားပဲ နွယ် ကမနက် လင်း အားကြီးတော့မှ ဗိုက်တအား ထအောင့်တာဆိုတော့ သူ တို့ ဆေးရုံရောက်တော့ မနက် ခြောက် နာရီတောင် မခွဲ ချင် သေးပေ။ နွယ်ခွဲခန်းထဲဝင်သွားတဲ့ အချိန်အ ထိ ဆေးရုံတွင် ဟိုပြေး သည် ပြေး ဖြင့်သူ အလုပ်ရှုတ်သွားခဲ့ သည်။ ခုမှ ပင်သူ မနက်စာမစားရသေးပါ လားဆိုတာသတိရတော့သည်။ ခု နေ့ လည်စား စားချိန် ပင်ရောက်နေခဲ့ ပြီပဲ။


“ ထမင်းစားဖို့ တောင်မေ့နေပါတယ် အန်တီရယ်။ စိတ်ပူနေလို့ လားမသိဘူး။”


သူမကသူ့ ကိုအသာပြုံးပြသည်။ “ ဒီလိုပါပဲကွယ် စိတ်အရမ်းမပူပါနဲ့ ။ မင်းကြည့်ရတာ ဆေးရုံဆေး ခန်းအတွေ့ အကြုံရှိပုံမရဘူး။ အားလုံးကောင်း သွားမှာ ပါကွယ်။ အန်တီ့ဆီမှာ မုန့် ပါတယ် မင်းဆာရင် ယူစားလေ” အမျိုးသမီးကြီးက သူ မဆွဲလာသော အိတ်တွင်းမှ မုန့် ထုပ်ကိုထုပ်ပေးသည်။ သူ အားတုံ့  အားနာဖြစ်သွားသည်။


“အာ ရပါတယ်အန်တီ။ ကျွန်တော်မစာပါဘူး။ ကျေးဇူးတင်ပါတယ်ဗျာ”


“ အင်း အန်တီက ဆီးချိုရောဂါရှိတော့ ဆီးချိုကျဆေးတွေသောက်ရတယ်လေ။ တစ်ခါတစ်လေ ဗိုက် သိပ်ဆာရင် ခြေတုန်လက်တုန် ဖြစ်လာတတ်လို့ ဒီလို ဆောင်ထားရတာ။ မင်းဆာရင်ယူစားနော်။”


သူကျေးဇူးတင်စကားထပ်ပြောလိုက်ရသည်။ အမျိုးသမီးကြီးက သူ နဲ့ ဆက်ပြီးစကားပြောချင်သေးပုံရ သည်။ သူ ကပင်စကားဆက်လာသည်။


“ အိမ်ထောင်သက်ကြာပြီလားကွယ့်။ မင်းကြည့်ရတာ ငယ်သေးတယ်နော်။”


“ ဟုတ်ကဲ့ ကျွန်တော်တို့ လက်ထပ်တာ တစ်လပဲရှိပါသေးတယ် ခင်ဗျ”


သူ မ၏ မျက်နှာပေါ်တွင် ပူပင်သောကမှလွဲ၍ သူဘာမှမတွေ့ ရ။ သူမ ဘာလို့ သူ့ ကိုစကားလာပြော နေသည် တော့မသိ။ စပ်စုတတ်သော မိန်းမတစ် ယောက် နှင့် လည်းမတူ။


“အန်တီ့သားလည်းမင်းအသက်လောက်ပဲကွယ့်။ အချိန်တန်တော့လည်းကွယ် ကလေးတွေ က သူ့ အိုးသူ့  အိမ်နဲ့ ဆို တော့ ဒီအဖိုးကြီးအဖွားကြီးပဲကျန်တာပေါ့ ဟင်းဟင်း။ အမျိုးသားကချူချာတော့ တစ်ခါတစ် ခါတော့ တော်တော် ခက် ခဲတယ်” သူမ သည် သူမကိုယ်သူမအဖွားကြီးဟု ပြောနေသော်လည်း အသက်အားဖြင့် သူ့ မေမေနှင့် မတိမ်းမ ရိမ်းသာရှိမည်။ အများဆုံးရှိ လှ ငါးဆယ့်လေးငါးဆယ့်ငါးပေါ့။


သူမက အပြုံးလေးနှင့်ပြောနိုင်သော်လည်း သူ မမျက်လုံးတွေကတော့နွမ်းနယ်မှုတွေနှင့်။ သူမစကား အရ ခွဲခန်းထဲ ဝင်သွားသော လူကြီးသည် သူ့ အမျိုး သားဖြစ်ပုံရသည်။ သားသမီးတွေ အချိန်တန်အ ရွယ်ရောက်လို့ အိမ်ထောင်ပြုတဲ့ အခါမိဘတွေ ဟာဒီလိုပဲကျန်ခဲ့ ရတာပါပဲလား။ ခု သူမပြောသော သား သမီး တွေ ကဘာလို့ အဖေလုပ်သူ နာမကျန်း ၍ ခွဲရစိတ်ရသည့်တိုင် မိခင်အနားတွင် ရှိမနေကြတာ ပါလိမ့်။ ဤအမျိုးသမီး ကြီး မည်မျှအားငယ်နေရှာမည် ကို သူ ကိုယ်ချင်း စာမိသည်။ အသက်ကလည်း ရလာ ပြီ၊သူကိုယ်၌ ကလည်းဆီးချိုရောဂါနဲ့ ဆိုတော့။


“ အသက်ကြီးလာတော့လည်းမကောင်းပါဘူးကွယ်။ ထိလွယ်ခိုက်လွယ်တယ်။ ရောဂါတွေကလည်း ဒီခေတ်အဆန်း သားလား။ ရောဂါဖြစ်တော့ ငွေကလည်း ကုန် လူကလည်းပင်ပန်း သောကတွေလည်း များတာပေါ့ကွယ်”


သူ လက်ထပ်တာတစ်လပဲရှိသေးသော်လည်း သူလက်ထပ်ပြီးနောက်မှာ အမေနဲ့ အဖေ အိမ်မှာ ဘယ်လိုခံစား ရမ လည်းဆိုတာသူမတွေးဖူးခဲ့ ။ သူဘာလို့ မတွေးခဲ့ မိပါလိမ့်။ ဒီအမျိုးသမီး ၏ခင်ပွန်းလို အဖေနေ မကောင်းခဲ့  ရင်အမေ့ နားမှာ သူကလွဲလို့ အားပေးမယ့်သူမရှိပါလားဆိုတာသူဘာလို့ မစဉ်းစားခဲ့ မိတာပါလိမ့်။ ဘာလို့ အဖေ့  အိမ်မှာမနေပဲ သူ့ အိုးသူ့ အိမ်နဲ့ နေဖို့ ရွေးချယ်ခဲ့ မိပါလိမ့်။ အိမ်ခွဲနေဖို့ နွယ်က တိုက်တွန်းခဲ့ သည်မဟုတ်။ သူ ကိုယ်တိုင် ဆုံးဖြတ် ခဲ့ ခြင်းသာ။ သူမှားများမှားသွားပြီလား။


“ တစ်ခါတစ်လေတော့လည်း သားသမီးတွေကို သတိရမိတာပေါ့ကွာ။ မမာတဲ့ အခါ အဖိုးကြီးအဖွားကြီး ပဲဆို တော့ တော်တော်လေးကသီတယ်။ သူတို့ က လည်း အလုပ်တွေကပြစ်ထားလို့ မရဘူးလေ။ ”


မိဘ နေမကောင်းတာကိုလာကြည့်ဖို့ သားသမီးက အလုပ်မအားလို့ ဆိုတာ တော်တော် နားထောင်ရခက်တဲ့  ဆင်ခြေ တစ်ခုပါအန်တီရယ်။ သူ ကောသားတစ်ယောက်ရဲ့ တာဝန်ကျေမှကျေရဲ့ လား။ အဖေ နဲ့ အမေ ကတော့ ထိမ်းများခြင်း အထိပင် သူ့ အပေါ်တာဝန်ကျေခဲ့ ပြီ။ သားသမီးတွေ ထောက်ပံ့တဲ့ ငွေ ထက် သူတို့ ရဲ့ သိတတ် မှုလေးတွေကို မိဘတွေက ပိုပြီးလိုချင်တောင့်တကြမှာပေါ့။


အမျိုးသမီးကြီးက သက်ပြင်းကို ခပ်လေးလေးချလိုက်သည်။ သူမလက် တွေကိုဆုပ်နယ်ရင်း သူ မကိုယ်သူမအား ပေးနေပုံလည်းရသည်။ ဒီအချိန်မှာ သူမလက်တွေကိုကိုင်ထားသော လက်များမှာ သူမ၏သားသို့ မဟုတ် သမီး ဖြစ်သူ၏ လက်များသာဖြစ်သင့်ပေသည်။


“ဒါနဲ့ မောင်ရင့် အမျိုးသမီးက ဘယ်ဆရာဝန်ကြီးနဲ့ ခွဲတာလဲ။ တာဝန်ကျဆရာဝန်နဲ့ ပဲလား”


“ဟုတ်ကဲ့ အန်တီ တာဝန်ကျခွဲစိတ်ဆရာဝန်ကြီးနဲ့ ပါ။ မနက်စောစောဆိုတော့ ဆရာဝန်တောင် ရွေးချိန်မရ ပါဘူး။”


“အေးပေါ့ကွယ်။ ဒီလိုပေါ့ သိပ်မကြာတတ်ပါဘူး။ အူအတက်က မြန်ပါတယ်။ အန်တီလည်း လွန်ခဲ့ တဲ့ ဆယ်နှစ်လောက် ကခွဲခံရဘူးတယ်။ အဲတုန်းကတော့ ကြောက်တာပေါ့။ ဒါပေမယ့် ဆရာဝန်ကြီးကတော်လို့ လားမသိ ဘူး ခွဲတာ မြန်လည်းမြန်တယ် အနာကျက်တော့လည်း ချုပ်ရိုးလေးက လှလှလေးပဲ။”


သူ ဖြင့် ချုပ်ရိုးလှတာထက် နွယ့်အသက်ကိုပဲစိုးရိမ်မိတယ်။ မိန်းမတွေဟာ အသက်အန္တရာယ်ဖြစ်တာတောင် လှချင် သေးတာလားမဆိုနိုင်ဘူး။ သူ စိတ်ပူနေ ချိန်မှာ အမျိုးအမီးကြီးက သူမ အကြောင်းစိတ်မကောင်းစရာတွေ မပြော သင့်ဘူးဆို တာသိသွားလို့ လားမသိစကားလမ်းကြောင်းပြောင်းသွားသည်။


“ခွဲစိတ်ပြီးတော့ဆေးရုံတော့တစ်ပတ်လောက်တက်ရတယ်။ ဆရာဝန်ကြီးကတော့ပေးဆင်းပါတယ် အဲတုန်း ကအန်တီ ကိုက ကြောက်တာ။ ခွဲပြီးတော့လည်း အလေးအပင်တွေပါတွေ မ မစေနဲ့ ပေါ့။လေးငါခြောက်လ။”


“ဟုတ်ကဲ့” သူမ အူအတက်ပေါက်၍ ခွဲစိတ်တုန်းက ဆောင်ရန်ရှောင်ရန်များကို စိတ်ပါလက်ပါပြောပြနေသည်။ နွယ့်ကို စိတ်ပူနေတာ သူမစကားပြောတာ နားထောင်နေရ၍ အနည်းငယ်သက်သာသွားသသည်ဟု ထင်ရသည်။ တခဏ ကြာ တော့သူမငြိမ်သက်သွားသည်။ လင်သားအတွက် ပူပင်သောကတွေက သူမရင်ထဲသို့ ပြန်လည်ဝင် ရောက်လာ ဟန် တူသည်။


သူ့ မျက်လုံးထဲတွင် အမေ့ကိုသာမြင်ယောင်နေသည်။ အမေ ကစိတ်ကနုနုကလေး။ ဒီလို စိတ်ပင်ပန်းမှုမျိုးတွေ ကိုခံနိုင်ပါ့မလားမသိဘူး။ အဲလိုအချိန်ကျ အမေ အားငယ်နေတော့မှာပဲ။ သားအမေနဲ့ အတူနေသင့်တာပါ။ အမေနဲ့ အ ဖေ့ ကို နှစ်ယောက်တည်း သားစိတ်မချတော့ဘူး အမေ။ အမေတို့ အသက် ကြီးလာပြီ။ သားတို့ ကို ပိုလိုအပ်လာပြီ။ သူ အတွေးက အဖေနဲ့ အမေ့ ဆီသို့ ပြန်ရောက်သွားသည်။ နွယ်ဆေးရုံကဆင်းရင်တော့ အမေ့ ဆီပြန်ဦးမှပါပဲ။


လူကြီးတွေစိတ်ပူမှစိုးလို့ နှစ်ဖက်မိဘတွေကိုပင် နွယ့်အကြောင်းဖုန်းဆက်ပြီးမပြောရသေး။ သူ့ ကိုများအပြစ် တင်နေ တော့ မလားမသိ။ နွယ့်မေမေ ကသူ့ သမီးအတွက် သူ့ ကိုဆူပူကောင်းဆူပူလိမ့်မည်။ သို့ သော်နွယ်က လည်းမှာထား သည် သူမခွဲခန်းထဲမှပြန်ထွက်လာမှ အိမ်ကိုအကြောင်းကြားရန်သူ့ ကိုသေချာမှာထားသည်။


“မနွယ်နွယ်ရဲ အမျိုးသား”


“ ဟုတ်ကဲ့ ရှိပါတယ်ခင်ဗျာ”


ခွဲစိတ်ဆရာဝန်ကြီး က ခွဲခန်းထဲမှာ ထွက်လာပြီး လှမ်းမေးလိုက်သည်။ သူထိုင်ရာမှ ဗြုန်းကနဲ့ ထလိုက်မိသည်။ ဆရာဝန်ကြီး မျက်နှာထက်တွင်တော့ ထူးထူး ခြားခြား အမူအရာမရှိပေ။ သူ ဆရာဝန်ကြီးနားသို့ အပြေးတစ်ပိုင်း သွားသည်။ ရင်ကခုန်လွန်းသဖြင့် အပြင်ကိုပင်ထွက်လာမှာပင်စိုးရသည်။ နားထဲမှာလဲ ဝူး ဝူးဝါးဝါးဖြစ်နေသည်။ ဆရာဝန်ကြီးမျက်နှာကို သူ အားကိုးတစ်ကြီးကြည့်မိသည်။ သူ့ မျက်နှာက ပူပင်သောကတွေစိုးရိမ်စိတ်တွေက ကအတော် ပေါ်လွင်နေ ၍ လားမသိ ဆရာဝန်ကြီးက


“စိတ်မပူပါနဲ့ အားလုံးချောချောမွေ့ မွေ့ ပါပဲ ။ လူနာလည်းအားလုံးကောင်းတယ်။ Complication လည်းမရှိပါ ဘူး။ ခဏနေထွက်လာလိမ်မယ် ဟုတ်လား။”


“ကျေးဇူးတင်ပါတယ်ဒေါက်တာရယ်။ ကျေးဇူးတင်ပါတယ် ။ သူ အားလုံးကောင်းပါတယ်နော်”


ဆရာဝန်ကြီးက သူ ထပ်မေးသည်ကို နားလည်စာနာစွာပင်ပြုံးပြီး ထပ်ဖြေသည်။

“ကောင်းပါတယ်ဗျာ။ စိတ်မပူနဲ့ တော့ ။ ကဲကျွန်တော့်ကိုခွင်ြ့ပုပါဦး”


“ဟုတ်ကဲ့ ဒေါက်တာ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ”


သူ ကျေးဇူးတင်စကား အကြိမ်ကြိမ်ပြောရင်း ခွဲစိတ်ခန်းအဝတွင် ကျန်ရစ်ခဲ့ သည်။ သူ့ ရင်ထဲက အပူလုံးကြီးခုမှ ပင် ကျ သွားတော့သည်။ ဆရာဝန်တွေဟာ လူတွေရဲ့ ပူပင်သောကတွေကို ဖယ်ရှားပေးသူတွေပါပဲလား။ ဒီလောက်ခက်ခဲ တဲ့ အလုပ်မှာ ဒီလောက်ကျေနပ်စရာကောင်းတဲ့ ပီတိတွေ ရှိနေလို့ လဲ ဆရာ ဝန်အလုပ် ကို သူတို့ မြတ်မြတ်နိုးနိုး လုပ်နေ ကြသည်ပဲကိုး။


အမျိုးသမီးကြီးကတော့သူ့ ကို အပြုံးဖြင့်စကားဆိုသည်။

“ကဲမောင်ရင် မင်းစိတ်မပူနဲ့ တော့လေ။ ခဏနေ သူထွက်လာတော့မှာပါ”


“ ဟုတ်ကဲ့ ဟုတ်ကဲ့ အန်တီ။ ကျေးဇူးတင်ပါတယ်။”


နွယ် ခွဲခန်းထဲကထွက်လာတော့ အမျိုးသမီးကို နှုတ်ဆက်ကာ နွယ်နောက်သို့ လိုက်သွားသည်။ နွယ်ကတော့ မေ့ဆေး အရှိန်နဲ့ မှိန်းနေသေးသည်။ နွယ်မျက် နှာက ယခုတော့ နာကျင်မှုတွေ ကင်းစင်လို့ နေသည်။ သူမမျက်လုံး လေးဖွင့်ပြီး သူ့ ကို ပြုံးပြတော့ သူ့ အသက်ပြန်ရလိုက်သလို ခံစားလိုက်ရသည်။ နွယ့် န ဖူးကို သူနာပြုများရှေ့  တွင် ပင်မရှက်နိုင်ပဲ သူ နမ်းလိုက်မိသည်။ ဆရာမလေးများကတော့လူနာရှင်တွေရဲ့ သောကကို နားလည်စွာ အပြစ်မတင်ကြပါ ချေ။


နွယ်လူနာခန်းထဲသို့ ရောက်သောအခါမှပင် နှစ်ဖက်မိဘများကို အကြောင်းကြားရသည်။ နွယ့်မေမေက သူ့ ကို ဆူနေ သေးသည်။ သို့ သော်သူချေပမနေ တော့ပါ။ မကြာခင် သူ့ ဖေဖေကောမေမေ ပါရောက်လာကြသည်။ နွယ့် မိဘတွေ ထက်ပင်ခပ်မြန်မြန်ရောက်လာသေးသဖြင့် အဖေနဲ့ အမေ့ကို သူတော် တော်ကျေးဇူးတင်မိသည်။


မိဘ တွေအားလုံး စုံတော့မှ သူ ဗိုက်သိပ်ဆာနေသည်ကိုသိသော နွယ့်ဖေဖေက သူ့ ကို တစ်ခုခုသွားအစားခိုင်းလိုက် သည်။ နွယ့်ကို သူ့ ကိုယ်စား ပြုစုပေး မည့် မိဘတွေ ရောက်နေပြီဖြစ်၍ သူ နွယ့်ကိုစိတ်ချသွားနိုင်သည်။ နွယ့် လူနာအ ခန်းမှထွက်ကာဆေးရုံ အပြင်ဖက်သို့ တစ်ခုခုစားရန်ထွက်လာခဲ့ သည်။


ခွဲစိတ်ခန်းဖက်ဆီမှာ သူ နှင့်အတော်ကြာကြာစကားပြောဖြစ်ခဲ့ သော အမျိုးသမီးကြီးကိုဖြတ်ကနဲ့ လှမ်းတွေ့  လိုက်ရသ ဖြင့်သူ ရပ်ပြီးကြည့်နေလိုက်မိသည်။ သူမ ငိုလို့ပါလား။ ဘုရားဘုရား။ သူ့ ရင်ထဲနင့်နေအောင်ခံစား လိုက်ရသည်။ အ သက် ကြီးပြီးဖြစ်သော ထိုအမျိုးသမီးကြီးသည် သူမ၏ တစ်ဦးတည်းသော အားကိုးအားထား ရာ ခင်ပွန်းကို ဆုံးရှုံး လိုက်ရပြီ။ အမျိုးသမီးက သူ့ ကိုတွေ့ သွားပြီ မျက်ရည်လည်ရွှဲနှင့် ခေါင်းခါပြသည်။


သူမ ဘေးတွင်အားပေးမည့်သူပင်မရှိ။ ရှိခဲ့ သော ခင်ပွန်းကလည်း သူမအား နှုတ်ပင်မဆက်ပဲ ထာဝရခွဲခွာသွားရစ်ပြီ။ သူမရင်ထဲက စိုးရိမ်ပူပန်မှုတွေ သည် အပူမီးအဖြစ်ပြောင်းလဲ၍သွားပေပြီ။ သူမ မှီတွယ်စရာ အားကိုးစရာ မရှိ တော့ ပေ။ ပြီးတော့သူမဘေးတွင်လည်း နှစ်သိမ့်မည့်သားမရှိ ။ သူမ အား အဖော်ပြု ငိုပေးမည့်သမီးလုပ်သူ က လည်းမရှိပြီ။




သူ နွယ့်အတွက်ပူပင်သောကတွေရောက်နေတုန်းက သူ့ အားနှစ်သိမ့်ပေးခဲ့ သော ထိုအမျိုးသမီးကြီး သည် ရုတ်ချည်း ပင်ဆယ်နှစ်ခန့် ပို၍အိုစာသွားသလို။ သူမ မျက်ဝန်းထဲတွင် မျှော်လင့်ချက် ရောင်ခြည်တွေအစား ဝမ်းနည်း ကြေကွဲ မှု တွေနှင့်။ သူ သူမဆီသို့ အသာလျှောက်လှမ်းသွားလိုက်သည်။ သူမ အတွက် ငိုစရာ ရင်ခွင်တစ်ခု လိုကောင်းလို အပ် နေပေလိမ့်မည်။


သူမ က သူ့ ကိုမျက်ရည်များဖြင့်ပြည့်လျှံနေသော မျက်ဝန်းတွေ ဖြင့် ကြည့် ရှာသည်။ သူမ တစ်ခုခုပြောဖို့ ကြိုးစား သော်လည်း သူမပါးစပ်က မည်သည့်အသံမှထွက်မလာ။ သူဘာပြောရ မှန်းမသိ။ လူတွေ သေဆုံးတဲ့ အခါ ပြောသင့် သောစကားကို သူ မတတ်မြောက်သေးပါလား။


အမျိုးသမီးကြီးသည် အနားရောက်လာသော သူ့ ကိုသားအမှတ်နှင့် တအားဖက်တွယ်လျက် ရှိုက်ကြီးတငင်ငို ကြွေးရှာ သည်။ သူမ ပခုံးကို အသာ ဖေးမ လျက် သူ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေမိသည်။ သူမ တစ်ကိုယ်လုံး သိမ့်သိမ့် တုန် နေသလို သူမ အားကိုးရသော ရွှေတောင်ကြီးလည်းပြိုခဲ့ လေပြီ။ သူမ ရင်မှပူပင်သောက များသည် သူ့ ရင်သို့ ပင်ကူး စက်လာခဲ့ လေတော့သည်။


သူ့ ရှေ့ မှ ဘီးတပ်လူနာကုတင်တစ်ခု ဖြတ်သွား ပြန်လေပြီ။ ခေတ္တမျှ ဘီးလှိမ့်သံဖြင့်ဆူညံသွားသည်။ ဘီးတပ်ကုတင် ပေါ်တွင် ခပ်ငယ်ငယ် ကလေး တစ် ယောက် ပါသွားသည်ကို သူတွေ့ လိုက်ရသည်။


ဒုတိယမေးခွန်းရဲ့ အဖြေလေးက

ဘေးကဖြတ်သွားတဲ့ လူဟာ အနောက်မှာ နေခဲ့ရင် သူက အမှန်ဖြေတာဖြစ်ပါ လိမ့်မယ် … ကျွန်တော်က အနောက်ဘက်က ကျွန်းသားပါ …ဆိုပြီး

ဒါပေမယ့် အရှေ့ ဘက်မှာနေတယ်ဆိုရင် သူက လိမ်ပြောမှာ ……. ကျွန်တော် အနောက်ကျွန်းသားပါ ဆိုပြီး

ကျွန်တော်တို့ သိပြီးသားပါ ဧည့်လမ်းညွှန်က အမှန်ကို ပြောတယ်ဆိုတာလေး ဟဲဟဲ အဲဒီလူ သူ့ ကို ဖြေလိုက်တာက ကျွန်တော် အနောက်ကျွန်းသားပါတဲ့ ….. ဟူး ရှင်းလိုက်ရတာ မောသွားပြီ ဘာမှလဲ ဟုတ်ဘူးနော် …


********** *********** ********** ********** ********** ********** ********** ***

ကျွန်တော့်ရဲ့  “ ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူး တင်ပါတယ်.....ကျွန်တော့်ရဲ့ မတတ် တတတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့. ...အတိုင်းထက် လွန်ပါပဲဗျာ...ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်........
(ရန်ကုန်သား)