Showing posts with label တက်ဂ် ပို့ စ်လေးများ. Show all posts
Showing posts with label တက်ဂ် ပို့ စ်လေးများ. Show all posts

Monday, December 7, 2009

ယုံကြည်မှု ဒဿန


“ဘဝမှာ မင်းဘာကို ယုံကြည်လဲ ....”

အောင်ဇော့် အမေးကြောင့်ကျွန်တော်ကြောင်စီစီဖြစ်သွားမိသည်။ ပြူးကြောင်ကြောင်ကြည့်နေသော ကျွန်တော့် ကို အော်ဇော်က စူးစမ်းသလိုကြည့်သည်။ ကျွန်တော် သူ မေးတာကို နားမလည်ကြောင်း အောင်ဇော်သဘော ပေါက် သွားဟန်တူသည်။

“မင်းက ဘာကို မေးတာလဲ အောင်ဇော်ရ ... အစမရှိအဆုံးမရှိနဲ့  ....”

“မင်းဘဝမှာ ဘာကို ယုံကြည်လည်း မင်းယုံကြည်တဲ့ ဒဿန တစ်ခု ကိုပြောတာ ....”

ကျွန်တော် ခေါင်းကို နည်းနည်း အလုပ်ပေးလိုက်ရသည်။ ဘဝမှာ ကိုယ်ယုံကြည်တဲ့ ဒဿန တစ်ခု ....။ စဉ်းစား သည် ဘာကို ယုံကြည်ပါလိမ့် ....။ ရုတ်တရက်ကျွန်တော် စဉ်းစားလို့ မရ ...။ အောင်ဇော်က ကျွန်တော့်အဖြေကို ငြိမ် သက်စွာထိုင်ပြီးစောင့်နေသည်။ ကျွန်တော် ဘာယုံကြည်သလဲ .... ။

“ အမှန်တရားကို ငါယုံတယ် ”

“မင်း အဖြေကတော်တော် ယေဘုယျကျလွန်းတယ် .... ”

“မင်း မေးတာကြီးကလည်း အဲလိုကြီးကိုကွ ငါက ဘယ်လို ဖြေရမှာလဲ ....”

“အိုကေ ဒါဆို မင်းကို တစ်ခုချင်းမေးမယ် ...”

အောင်ဇော်က ပညာရှိအသွင်နဲ့  မေးစေ့ပွတ် မျက်လုံးလေးစင်းပြီး သူ့ မေးခွန်းကို စသည်။ တစ်ခါတစ်ရံ ကျွန် တော် တို့ သူငယ်ချင်းတွေကြား အောင်ဇော့်ကို ပိဋကတ်အိုးကွဲဟု ခေါ်လေ့ရှိသည်။ သို့ သော် အောင်ဇော့်အတွေး ခေါ်လေးတွေကတော့ မဆိုးဟုပြောရမည်။

“ဘာသာရေးနဲ့ ပတ်သက်လို့ မေးမယ်ကွာ မင်းအယုံကြည်ဆုံး စကား ဒါမှမဟုတ် အယူအဆတစ်ခုပေါ့ အဲဒီအ ချက် ကြောင့်မင်းဟာ ဗုဒ္ဓဘာသာ ဖြစ်ရပါတယ်ဆိုတဲ့အကြောင်းအရင်စပြော ......”ဒီမေးခွန်းကတော့ သိပ်မဆိုး။ ကျွန်တော်ဖြေနိုင်လောက်သည်။

“အင်း .... ငါ မြတ်စွာဘုရားပြောတဲ့စကား တစ်ခု မှတ်သားဖူးတယ် .... “ငါဘုရားကို သိချင်ရင် ငါ ဘုရားဟောတဲ့ တရား ကို အရင်သိအောင်လုပ်ပါ ” တဲ့။ ဒီစကားကြောင့် ငါ ဗုဒ္ဓဝါဒကို ယုံကြည်တာ ....”

“ဆိုလိုတာက .....”

“ဒီလိုကွာ ...... မင်းကို တစ်ခု မေးမယ်။ ဥပမာ စပျစ်သီးချိုသလား ချဉ်သလား။ ဘယ်လိုအရသာ ရှိလဲ သိ ချင် ရင် မင်းဘာလုပ်မလဲ ....။” အောင်ဇော့်ကို ကျွန်တော်ပြန်မေးကြည့်လိုက်သည်။

“စားကြည့်မှာပေါ့ ....”

“အေးပေါ့ စားကြည့်မှာပေါ့ ...။ ဒီလိုပဲ ဗုဒ္ဓဝါဒ မှန်သလား မှားသလား သိချင်ရင် ဗုဒ္ဓပြောတဲ့အတိုင်း လုပ်ကြည့်ပေါ့ ....။ တကယ်အကျိုးရှိတယ်ဆိုတာ သိရင် ဆက်လုပ်။ အကျိုးမရှိဘူး ဆိုရင် မလုပ်နဲ့ မယုံနဲ့ ပေါ့ ....။ ငါဆိုလိုတာက ဒိပြင် အချက်တွေ တော့ရှိသေးတာပေါ့ကွာ။ နည်းလမ်းပြပေးမယ့်ဆရာတို့ ၊ အချိန်ကာလတို့ ....။ ဒါပေမယ့် ဒီ စကားဟာ သဘာဝကျတယ်။ လက်တွေ့ ကျတယ်။ ဘယ်သူ့ အပေါ်မှ အားမကိုးဘူး။ ကိုယ့်ဖာသာကိုယ် သိ အောင် လုပ်မယ် ကိုယ့်အားကိုယ် ကိုးမယ် ....။ ကိုယ်တိုင်သိမှ ယုံမယ် .....။ မြတ်စွာဘုရား ပြောတာ ဒီသဘောပဲ လို့ ငါယူဆတယ်။ ဒီစကားကြောင့် မြတ်စွာဘုရားကို ငါကြည်ညိုတယ်။ သူ့ ရဲ့  ကမ္မဝါဒကို ငါ လက်ခံတယ် ....”

အောင်ဇော် က ပြုံးသည်။ “မင်းက ဘာပြုံးတာလဲ ... ငါပြောတာ ကို လက်မခံလို့ လား ....”

“မဟုတ်ပါဘူး ငါသဘောကျပါတယ် ...။ အိုကေ ဒီတစ်ချက်ရပြီ နောက်တစ်ခု ငါဆက်မေးမယ် ....။ မင်းဘဝရဲ့ တိုး တက်ရာ တိုးတက်ကြောင်းနဲ့ ပတ်သက်ပြီးတော့ မင်းဘယ်လို ယုံကြည်လဲ ....ဘာကို ယုံကြည်လဲ မင်းရဲ့ ဘဝ ဒဿန လေးတစ်ခုခုပေါ့ကွာ ......”

ဘဝမှာ တိုးတက်ဖို့  အောင်မြင်ဖို့  ဘာကိုယုံကြည်လဲ .....။ ကျွန်တော် ယုံကြည်တာ ...။ လူတွေ က ကိုယ်ယုံကြည် ရာ ကိုယ်လုပ်နေကြသည် ဆိုသော်လည်း ဘာကို ယုံကြည်တာလဲ လို့ မေးလိုက်တဲ့အခါ ကျွန်တော့်လိုပဲ ဆွံ့ အ သွားမလား ဆိုတာ ကျွန်တော်သိချင်နေမိသည်။ ကျွန်တော် ရုတ်တရက်မဖြေနိုင်ပါ ....။ ဒီလို မေးခွန်းမျိုးကလည်း နေ့ တိုင်း မတွေးမိတာလဲ ပါမည်။ ကျွန်တော် အမှန်အတိုင်းဝန်ခံရလျှင် သင်ကြားခဲ့တဲ့ပညာ၊ လုပ်နေတဲ့အလုပ် ၊ ကျင်လည်နေတဲ့ ဘဝမှာ မူဝါဒ တစ်ခုကို ဆုပ်ကိုင်ပြီးလုပ်ဖို့ ဆိုသည်မှာ လက်တွေ့ ဘဝနဲ့ များနည်းနည်း ဝေးနေ မလား ဆိုတာကျွန်တော် သံသယဖြစ်မိသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်အပါအဝင် လူငယ်အများ သည် ယုံကြည်တာကို တစ်မျိုး လက်တွေ့ ဘဝတွင် ရှင်သန်နေထိုင်ဖို့ လုပ်ကိုင်နေရသည်က တစ်မျိုး ဖြစ်နေ လိမ့် မည်ဟု ထင်မိပါသည်။ ခုတော့ အောင်ဇော့်မေးခွန်းကို ဖြေရပေဦးမည်။

“လောကမှာ စင်းလုံးချောကောင်းတဲ့သူရယ်လို့ တော့မရှိဘူးလို့ ငါထင်တယ် .... လူတွေက ကိုယ်ယုံကြည်ရာ ကို လုပ်နေကြတာပဲမဟုတ်လား မင်းမေးသလို ကျစ်ကျစ်လစ်လစ်ကြီးတော့ဖြေဖို့ ခက်တာအမှန်ပဲ .... ဒီတော့ ကိုယ် ယုံကြည်တာ မှန်ကန်တယ်ဆိုတာကို ဘာနဲ့ တိုင်းတာမလဲ ... ရလာဒ်နဲ့ တိုင်းတာမလား ... လူကြိုက်များတာ လူ တွေ လက်ခံတာနဲ့ တိုင်းတာမလား .... အချိန်နဲ့ တိုင်းတာမလား .... ဒါတွေလည်းပါမှ ဖြစ်မယ်လေ ....”

“အင်း လုပ်ပါဦး ငါ့မေးခွန်းက တော်တော်တာသွားပါလား .... ”

“ဆိုပါတော့ကွာ ..... မင်းမေးခွန်းကို စကားတစ်ခွန်း စာတစ်ကြောင်းလေးနဲ့ တော့ ဖြေဖို့ ငါလည်း အဲဒီလောက် ပညာမရှိ ပါဘူး။ ငါ တွေးတတ်သလောက်ပေါ့ကွာ .....။ ဒီတော့ ငါလက်တွေ့ လုပ်နေတာနဲ့ လည်း အပ်ကျ မပ်ကျ တူမယ်လို့ လည်း မဆိုလိုဘူးနော် .... ”

“ဟုတ်ပါပြီ မင်းကလည်း ပြောစမ်းပါ ဘာပဲဖြစ်ဖြစ်ပေါ့ ..... တွေးစရာရတာပေါ့.....။ ” အောင်ဇော်ကို စိတ်မရှည် ဟန်ဖြင့် စကားဆိုသည်။

“အင်း ကြိုပြောထားတာ တော်ကြာ စောဒက တက်စရာဖြစ်မှာစိုးလို့ ပါ ..... ငါ မှန်တယ် လို့ ယုံကြည်လက်ခံတဲ့ အကြောင်းက မျှတခြင်းပဲ .... ငါ မျှတခြင်းမှာ ယုံကြည်တယ် .... ဘာကိုမျှတတာလဲ ဆိုရင် ဥပမာ .. အတ္တနဲ့ ပရ မျှတရမယ် ..... လောဘနဲ့ ရောင့်ရဲခြင်းမှာ လောဘလည်းမကြီးလွန်းရဘူး၊ ရောင့်ရဲ လွန်းလို့ မကြိုးစားဘဲနဲ့ ပျင်း၊ ဖျင်းနေတာမျိုးလည်း မဖြစ်ရဘူး ....။ နောက် မျှမျှ တတ တွေးတတ်ဖို့ လုပ်တတ်ဖို့ ပြောတတ်ဖို့  စသဖြင့်ပေါ့ကွာ ငါဒီ လောက်ပြောရင် မင်းသဘောပေါက်မှာပါ .....”

အောင်ဇော့်မျက်နှာက အသေအချာတွေးနေပုံရသည်။ ကျွန်တော့် ဒဿနရဲ့  အားနည်းချက်ကို အပြေးအလွှား လိုက်ရှာ နေသလားဟုမဆိုနိုင်။

“ထားပါလေ ငါ့မှာ မေးစရာတွေ တော့ရှိတယ် .... ဒါပေမယ့် မင်းအဖြေက ကျေနပ်စရာတော့ရှိပါတယ် .... ဒါပေ မယ့် မင်းက အလည်အလတ်သမားပဲ ....”

“အင်း ဟုတ်တယ် လူတိုင်းအောင်မြင်ချင်ကြတာ ပဲ ဒါပေမယ့် လူတိုင်းမရှုံးချင်ကြဘူးမလား ...။ ငါက သရဲဘော ကြောင်တယ် ပျော့ညံ့တယ် လို့ မင်းပြောချင်ပြောမယ်။ ဒါပေမယ့် ငါ့ဘဝကို ငါကျေနပ်တယ်။ အောင်မြင်မှုအ တွက် ပေးဆပ်ရတာတွေရှိတယ် ဆုံးရှုံးလိုက်ရတာတွေ ရှိတယ် ....။ ဒီတော့ ငါက အောင်မြင်တဲ့သူတစ်ယောက် တော့ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် ငါ မကျရှုံးဘူးလို့ ယုံကြည်တယ် .....။ လူချင်းတူပေမယ့် အသက် ရှုကွဲတယ် မလား ကွာ။ ဒီတော့ ယုံကြည်မှု တွေလည်း အမျိုးမျိုးဖြစ်နေတာပဲမဟုတ်လား ...။ ဒါပေမယ့် ငါဆိုလိုတဲ့အထဲမှာ အခွင့်ရလို့ ကြိုးစားပြီးရုန်းကန်ဖို့ ငြင်းဆန်တာမျိုးကို ပြောတာမဟုတ်ဘူးနော် ...။”

“အင်း မင်းရဲ့ အတွေးအခေါ်က ဘာသာတရားဘက်များ နည်းနည်းနွယ်သလားလို့  .... ငါထင်တာပြောပါတယ် ”

“အေးကွ ငါတို့ ဘဝထဲကို ပထမဆုံး ရောက်လာတဲ့ အတွေးအခေါ်ဟာ ဘာသာတရားနဲ့ ပတ်သက်တဲ့ အတွေး အခေါ်တွေပဲမဟုတ်လား ..... ဘယ်ဘာသာဝင်မဆိုဒီလိုပဲဖြစ်လိမ့်မယ်လို့ ငါထင်တယ် .... ဒီတော့ လူတစ် ယောက် ရဲ့  အတွေး အခေါ်ကို ဘာသာရေးဆိုင်ရာ အတွေးအခေါ်တွေက လွှမ်းမိုးမှုအများဆုံးပဲမဟုတ်လား ....”

“အင်းနောက်မေးခွန်းတစ်ခုက ကွာ မင်းအနေနဲ့ မိတ်ဆွေ သူငယ်ချင်းအပေါင်းအသင်းတွေ နဲ့ ပတ်သက်ပြီး တော့ ကော ဘယ်လို အမြင်ရှိလဲ။ “မင်းသူငယ်ချင်းတွေ ဘယ်သူလဲပြောပါ၊ မင်းဘယ်လိုလူလဲ ဆိုတာ ပြောပြ မယ်”ဆိုတဲ့စကားရှိတယ်လေ ... အဲတော့မင်းရဲ့  မိတ်ဆွေ ဒဿနလေးကော ဘယ်လို ရှိလဲ။ မိတ်ဆွေ သူငယ်ချင်းဆိုတာကလည်း ဘဝမှာ တစ်ဒေါင့်တစ်နေရာမှာပါဝင်တယ်လေ။ တချို့ ဆို ဘဝတစ်ခုလုံးကိုတောင် အဆိုးအကောင်းပြောင်းလဲ သွားစေနိုင်တယ်မဟုတ်လား ....”

မိတ်ဆွေ ... ကျွန်တော့် မိတ်ဆွေတွေက ဘယ်သူတွေလည်း။ ဘယ်လို လူမျိုးတွေလည်း။ ကျွန်တော် မိတ်ဆွေ တွေ ကို ရွေးမပေါင်းခဲ့ဖူးပေ။ ကျွန်တော်သူတို့ အပေါ် ဘယ်လို ဆက်ဆံလဲ သူတို့ ကျွန်တော့်ကို ဘယ်လို ပေါင်း သင်း လဲ ဆိုတာတွေကသာ ထိုထိုသော သူတွေကို ကျွန်တော့်မိတ်ဆွေ အရင်းအခြာ တွေ ဖြစ်လာစေခဲ့ခြင်း ဖြစ် သည်။ ကျွန်တော့်တွင် သူငယ်ချင်းများစွာမရှိပါ။ သို့ သော် ကျွန်တော့်သူငယ်ချင်း လက်တစ်ဆုပ်စာသည် ကျွန် တော့်ကိုယ်ကို ထက်ပင်ယုံကြည်ရသော သူများဖြစ်သည်။ ထိုသည်မှာ ကျွန်တော် ကံကောင်း၍လည်း ဖြစ်ပါလိမ့် မည်။

“ လူကဲ ခတ်ရတာ အင်မတန်ခက်တယ်လေ ...ဒီတော့ သူတို့ ကောင်းမကောင်းဆိုတာသိဖို့ အချိန်လိုတယ် အခါ လိုတယ်မဟုတ်လား ....။ ဒါပေမယ့် ငါ့အနေနဲ့ တော့ ကိုယ်က အကောင်းဆုံးဖြစ်အောင် ဆက်ဆံဖို့ ပဲ လိုမယ်ထင် တယ်။ တကယ်တော့ ကိုယ့်စရိုက် နဲ့ မကိုက်တဲ့သူတွေနဲ့ က မင်းတို့ ငါတို့ မသိလိုက်ခင်မှာပဲ ဝေးသွားပြီလေ ...။ ငါကတော့ ငါ့သူငယ်ချင်းတွေကို မောင်နှမလိုပဲ သဘောထားတယ် .....။ ငါ့ဘက်က ခံစားမှုပဲဖြစ်ဖြစ် ယုံကြည်မှုပဲ ဖြစ်ဖြစ် အတတ်နိုင်ဆုံး ရိုးရိုးသားသား ဖြူဖြူစင်စင်ရှိအောင်နေသင့်တယ်လို့ ယုံကြည်တယ် ....။ သူတို့ ဆီက အ များကြီးမမျှော်လင့်နဲ့ ( လူဆိုတာကတော့ ကိုယ်ပေးရရင် အနည်းနဲ့ အများတော့ ပြန်ရဖို့ မျှော်လင့်ကြတာ သ ဘာဝပဲမဟုတ်လား ....။) ကိုယ်လုပ်ပေးနိုင်တာ ကူညီနိုင်တာရှိရင် လက်မတွန့် နဲ့  ...။”

“နောက်ဆုံးတစ်ခုက လူတစ်ယောက်ကို တခဏအမြင်နဲ့  မဆုံးဖြတ်နဲ့ ...။ ငါကတော့ မိတ်ဆွေသူငယ်ချင်းဆို ပေါင်းကြည့်တယ် .... အဆင်မပြေတဲ့အခါ သူ့ အလိုလို ဝေးသွားတာပဲ ...။ ဒီလို တဖြည်းဖြည်းဝေးသွားတာဟာ ငါ့ ကြောင့်မဖြစ်အောင်တော့ ငါအမြဲ ကြိုစားတယ် ...။ ဒါ ငါ့ဒဿနပဲ ....ငါ့ယုံကြည်မှုပဲ .....ဒီတော့ မင်းပြောတဲ့ စကား လို ငါ့သူငယ်ချင်းတွေ ကို ပဲကြည့်ပြီး ငါဘယ်သူလဲလို့ ပြောပြော၊ ငါဘယ်သူလဲလို့ ကြည့်ပြီး ငါ့သူငယ်ချင်းတွေ ဘာတွေလဲ လို့ ပြောပြော၊ ငါ့အတွက်တော့ ဘာမှ မထူးဘူး အတူတူပဲ ...။ ငါဆိုလိုတာ ချမ်းသာတာ ဆင်းရဲတာ အမျိုး နိမ့်တာ မြင့်တာ မပါဘူးနော် အောင်ဇော် ....”

“ငါမင်းကို မေးချင်သေးတယ် ဒါပေမယ့် ငါ့မှာ နောက်ဆုံး မေးခွန်းတစ်ခု ကျန်သေးလို့ ။ ဒါက တို့ လူငယ်တွေ အ တွက် အရေးကြီးတယ် .....ဒီတော့ ငါမေးချင်တာကို နောင် ကြုံ တော့မှ မင်းကို မေးဦးမယ် ....”

“ဟဟဟ ဟေ့ကောင် မင်းဘာမေးချင်လဲ ဆိုတာငါရိပ်မိပါတယ် .... တစ်ခါတစ်ရံမှာ သူငယ်ချင်းတွေ ကြားက ခံ စား မှုကို စကားလုံးတွေနဲ့  ဖော်ပြတာထက် ပိုပြီး အဓိပ္ပါယ် ပြည်စုံတဲ့ အရာတွေ အများကြီးရှိတယ် ...။ မင်းမေး စရာ မလိုပါဘူး သူငယ်ချင်းရာ။ အချိန်ကျတဲ့အခါ ဘယ်သူက ဘာလဲဆိုတာ သိလာမှာပဲ ....။ ဒါကြောင့် ငါက င့ါ ကိုယ်ငါ ယုံကြည်အောင် အမြဲကြိုစားတယ် ...။ ဒါပဲ ကိုယ် လုပ်လို့ ရတာလေ ....။ ကိုယ်သာ စိတ်ကောင်းကောင်း ထား ဖို့ ပဲ .... ။ ”

“ကဲ ဟုတ်ပါပြီကွာ .... ဒီတော့မင်းကို နောက်ဆုံးမေးချင်တာက အချစ်နဲ့ ပတ်သက်တာ အိမ်ထောင်ရေးနဲ့ ပတ် သက်တာပဲ .....။ မင်းအဲဒီအပေါ်မှာ ဘယ်လို သဘောထားလဲ ဘာကို ယုံကြည်လဲ မင်းဒဿန ကဘာလဲ ....။ ”
အချစ် ...။ အိမ်ထောင်ရေး ....။ ကျွန်တော့် ချစ်သူ ဘဝလက်တွဲဖော်အတွက် ကျွန်တော်ဘယ်လို လူမျိုးဖြစ်သလဲ။

“ ငါသဘောကျတဲ့ စကားတစ်ခွန်းရှိတယ် “မင်းက မင်းနဲ့ အတူနေနိုင်တဲ့ သူနဲ့ လက်ထပ်တာ မဟုတ်ဘူး။ သူ မရှိရင် မင်း မနေ နိုင်ပါဘူး ဆိုတဲ့ သူနဲ့ သာ လက်ထပ်တာဖြစ်တယ်။” ဒီစကားပဲ အချစ်ဆိုတဲ့စကားလုံးမပါဘူး။ ဒါပေမယ့် အချစ်ရဲ့  အဓိပ္ပါယ်တွေ အပြည့်ပါတယ်။ ဒါငါ့ဒဿနပဲ ကိုယ်ပိုင်တော့မဟုတ်ဘူးပေါ့ကွာ။ ဒါပေမယ့် ငါယုံကြည်မှု ကတော့ ငါချစ်တဲ့သူနဲ့  ငါလက်ထပ်ချင်တယ်။ သူ မရှိရင် ငါ့ဘဝကြီး ပက်ကြားတွေအက် ခြောက် သွေ့ နေရပါ့မယ်၊မုန်တိုင်းတွေ ထန်ပြီး အရာ ခပ်သိမ်းပြိုလဲ ပျက်စီးကုန်ရပါ့မယ် ပေါ့ကွာ ....။ ဒါက အချစ်နဲ့ ပတ် သက်တာ အိမ်ထောင်မှု ဘဝရဲ့ အစပေါ့ကွာ ။ အဲ အိမ်ထောင်ရေးမှာကတော့ ငါ့အထင်အရေးအကြီးဆုံးက ဟာမို နီဖြစ်ဖို့ ပဲ ။ အင်း အပေးအယူမျှဖို့ ပဲဆိုပါတော့ ....။ ငါတို့ ကယောက်ျားတွေ ဆိုပေမယ့် ငါယောက်ျားပဲ ဆိုပြီး သူ တလူ ငါတမင်း လုပ်ချင်တိုင်းလုပ်တာမျိုး ငါမကြိုက်ဘူးကွ။ အဆင်မပြေတာရှိ ညှိနှိုင်းယူမယ် နားလည်ပေးမယ်။”

“တစ်ခုတော့ ရှိတယ် ဒီလောက် ပြည့်စုံတဲ့အိမ်ထောင်ရေးတော့ ရှိကောင်းမှ ရှိမှာပေါ့။ ဒါပေမယ့် လိုအပ်ချက်တွေ ကို အချစ်နဲ့  မွမ်းမံမယ်ကွာ ....။ ငါ ချစ်တဲ့လူနဲ့ ယူမှ အဆင်မပြေမှု အနည်းနည်း အကျဉ်းရှိရင် ငါကိုယ်တိုင်လည်း နားလည်ခွင့်လွှတ်ပေးနိုင် မယ်မဟုတ်လား ....။ ဒီတော့ ငါ့မိန်းမမှာလည်း ဒီလို အမြင်မျိုးရှိလာအောင် လုပ်ဖို့ က တော့ ငါ့အစွမ်းအစ ဘယ်လောက်ရှိတယ်ဆ။ိုတာပေါ် မူတည်မှာပေါ့ ... နောက် ကံတရားကလည်း ရှိသေးတယ် လေ။”

“အင်း အိုကေ မင်းရဲ့ ယုံကြည်မှုတွေ ကို နားထောင်ရတာ ငါသဘောလည်းကျတယ်။ ကျေးဇူးလည်း တင် ပါ တယ်။ သူငယ်ချင်းချင်း ဒီစကားပြောလို့ မင်းမရယ်နဲ့ ကွ......။ ငါက နည်းနည်း အတွေးခေါင်တယ်။ ဒါကြောင့် ငါ နဲ့  ရင်းနှီး ဆုံးသူငယ်ချင်းက ဘယ်လို တွေးသလဲ။ ဘာတွေ ယုံကြည်သလဲ ဆိုတာ ငါသိချင်လာလို့ ပါ .....။ ဘဝ အကြောင်းတစေ့တစောင်းပေါ့ ...” အောင်ဇော်က ပြုံးပြုံးကြီးပြော၏။

“အေးပါ ငါလည်း ငါယုံကြည်တာတွေ ပြောရလို့ အားရပါတယ် .... ကဲ လစ်မယ်ကွာ .... ညီလေးရေ ရှင်းမယ်ဟေ့ ....!!!!”လက်ကျန် လက်ဖက်ရည်လေး မော့ပြီး သူငယ်ချင်းနှစ်ယောက် ဆိုင်မှ ထထွက်လာခဲ့သည်။

ဘဝ ထဲက တချို့ အကြောင်းအရာများသည် မျှော်လင့်ထားသလို ယုံကြည်ထားသလို ဖြစ်လာခဲသည်ကိုတော့ ကျွန်တော်တို့ နားလည်ပြီး ဖြစ်ပါသည်။ ရရှိလာသော အခြေအနေမည်သို့ ဖြစ်စေကာမူ လူတိုင်းသည် ကိုယ်ယုံ ကြည်ရာကို စွဲမြဲလုပ်ကိုင်နေကြသည်မဟုတ်ပါလား။ သို့ သော် ကိုယ့် အထင်ကိုယ့်အမြင်မှားယွင်းနေသည်ကို သိ သောအခါ လမ်းမှန်ပေါ်ရောက်အောင် တွေး ခေါ်ဖို့ ဘဝ ခရီးကို အမြင်တစ်မျိုး မူဝါဒ တစ်မျိုးဖြင့် လျှောက်လှမ်းရဲ ဖို့ သတ္တိရှိဖို့ တော့လိုပေလိမ့်မည်။ ဘဝနဲ့ ပတ်သက်သော ယုံကြည်မှုသည် ဘဝအပေါ်ထားသော လူသားတစ်ဦး ၏ အမြင်ဖြစ်သည်။ ထို့ အတူ ထိုလူသား ကောင်း၏ ဆိုး၏ ဟူသည်မှာလည်း သူ၏ ယုံကြည်မှုပေါ်တွင်များစွာ မူ တည်မည်ဖြစ်ပေတော့သည်။

စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား

*****************

“အိပ်မက်များနဲ့ ရှင်သန်ခြင်း” ဘလော့ပိုင်ရှင် သူငယ်ချင်း နေ့ အိပ်မက် ရေ ... နောက်ကျလွန်းနေပြီဖြစ်တဲ့ တက်ဂ် ပို့ စ်လေးကို ကြိုးစားပြီး အဆင်ပြေအောင် ရေး ပြီးပါပြီ။ နောက်ကျသွားတဲ့ အတွက် စိတ်မရှိပါနဲ့ လို့ အနူးညွတ် တောင်းပန်ပါတယ်။ အဆင်မပြေတာ များ ရှိ ခဲ့ ရင်လည်းခွင့်လွှတ်ပါဦးဗျာ ...။ ခင်မင်ရင်းနှီးစွာနဲ့  တက်ဂ်တဲ့ အတွက် ကျေးဇူးတင်ပါတယ် ......။
(ခင်မင်လျှက် ရန်ကုန်သား)

Thursday, October 29, 2009

ရကောက်ရေ ရ ...........

What's your name--------------------- ရန်ကုန်သား

A four letter word--------------------- ရသာတဏှာ :)

A boy's name-------------------------- ရန်ရှင်း

A girl's name-------------------------- ရီနွယ်

An occupation------------------------- ရေသည် :)

A color-------------------------------- ရွှေရောင်

something you'll wear------------------ရှပ်အကျီ င်္

A food----------------------------------ရေမုန့် 

Something found in the bath room------ ရေ

A place--------------------------------- ရန်ကုန်

A reason for being late------------------ရေချိန်ကိုက်သွားလို့ ဗျ :D

Something you should shout------------ရေမလာဘူးဗျိုးးးးးးးးးးး

A movie title--------------------------- ရင်ခုန်မိတာအချစ်လား

Something you drink-------------------ရွှေရင်အေး

A music group-------------------------- ရှာတာနှံ့ နေပေမယ့် သိတဲ့ အထဲကော ဂူဂဲမှာကော မတွေ့ လို့ ဒီတစ်ခုတော့ Forgive me please! ပါဗျာ

An animal------------------------------ရေနဂါး

A type of car--------------------------- ရိန်းဂျား(ကား)

A street name-------------------------- ရွှေလဝင်းလမ်း

The title of sound----------------------- ရန်ကုန်မိုး ရန်ကုန်သား

A verb --------------------------------- ရူး

တက်ဂ်တဲ့ မိတ်ဆွေတွေ စိတ်ဆိုးနေပြီးလားတောင်မသိဘူး။ မေ့မျောနေလို့ လေ ..... နောက်ကျတဲ့အတွက် တက်ဂ်ပိုင်ရှင်များဖြစ်တဲ့ ကိုတလနွန်အစ်မချိုကိုသဇင် တို့ ကို အနူးညွတ်တောင်းပန်ပါတယ်။ ခင်မင်မှု နဲ့  သတိတရ တက်ဂ်တဲ့ အတွက် ကျေးဇူးတင်ပါတယ် ...... တဆက်တည်း နေ့ အိမ်မက် နဲ့  အစ်ကို အောင်သာငယ် တို့ ကိုလည်း ဆက်တိုက် အကြွေးတွေ ဆပ်ပါ့မယ်လို့ ပြောပါရစေ ..... သူငယ်ချင်း နေ့ အိပ်မက်က ဒီကနေ့  အကြွေး စတောင်းနေပြီမို့ ပါ ..... :D

***********************


စာဖတ်လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား

Monday, October 19, 2009

ချစ်ခြင်းဖွဲ့ သံစဉ်


သူ့ ကိုယ်သူ ကျွန်မ ကျွန်မနဲ့ ပြောတတ်တဲ့ ကျွန်တော့ ချစ်သူကိုလေ သိပ်ချစ်တာပဲဗျာ။ ဘယ်လောက်တောင် ချစ်သလဲလို့ မေးလာရင် အသက်ထက်လည်း ချစ်တယ် ဘဝထက်လည်း ချစ်တယ် အရာအားလုံး ထက်ပိုပြီးချစ် တယ်။ ကျွန်တော့် ကို သူမ ခေါ်တဲ့ “မောင်” ဆိုတာကိုတော့ အချစ်ဆုံးပပေါ့။ ကျွန်တော်လေ သူမရဲ့ မောင်လို့  ခေါ် သံလေးကြားရရင် ရင်ထဲမှာ နွေးလှိုက်သွားပုံများ တွေးမိတိုင်း ရှိန်းရှိန်းမြမြနဲ့ ။ ကျွန်တော့်ချစ်သူကို သိပ်ကို ချစ်ပါတယ်။ သူမရဲ့ အရိပ်ကလေးတွေ အပြုံးစကလေးတွေ စကားသံလေးတွေ အကြည့်လေးတွေ အိုဗျာ ... ဒီလို ချစ်နေမိပါလားဆိုတာ ကိုယ့်ကိုကိုယ် အံ့သြရတဲ့အထိချစ်ရပါတယ်။ ကျွန်တော့်ချစ်သူကလည်းလေ ကျွန်တော့ကို သိပ်ချစ်တာပဲ။ ကျွန်တော့် ဟောဒီရင်ထဲက သိနေတာပါ။ ချစ်သူနားများရောက်သွားရင် အဲဒီနှလုံးသား ဟာလေ ... ဘယ်လို နွေးရှအေးမြမှန်းကို မသိပါဘူး။

ကျွန်တော့် ချစ်သူက သိပ်စကားနဲ့ တာပဲ။ သူ့ အကြည့်လေးတွေကို ဖတ်ဖတ်ပြီး ကျွန်တော် ရင်ခုန်ရတာလေးတွေ ဟာ ချစ်သူတွေဖြစ်ကြတဲ့ အချိန်အထိ ပြောပြောပြလို့  မကုန်နိုင်ပါဘူး။ အဲဒီ ခံစားချက်လေးတွေဟာ ကျွန်တော့ အသည်းနှလုံး ခုတ်မောင်းဖို့ အားတွေပါ။ ကျွန်တော်သူမကို ချစ်ခွင့်တောင်းဖို့ ကြိုးစားတုန်းကပေါ့။ သူ အနား ရောက်ရင်လေ ဘယ်လိုကြောက်မှန်းဘာကို ကြောက်မှန်းမသိဘူး။ သူငယ်ချင်းဘဝကနေ ဝေးသွားရမှာ ချစ်ခွင့် မရ လိုက်ရမှာ အဲဒီကြောက်ရွံ့ မှုတွေကို ပြန်တောင်မတွေးရဲဘူးဗျာ။ ဒါနဲ့ ကျွန်တော် အကြံထုတ်ရတာပေါ့။ သူ ကျွန်တော့်ကိုချစ်သလား မချစ်ဘူးလားဆိုတာ ဘယ်လိုမှ ကျွန်တော်ခန့် မှန်းလို့ မရခဲ့ဘူး။ သူ့ မျက်နှာလေးက လေ အင်း ယားကန်ရေပြင်လိုပဲ တည်ငြိမ်နေခဲ့တာ။ ကျွန်တော်မကြောက်ပဲရှိပါ့မလား။ သူ့ ကို ကျွန်တော် သီချင်း လေးတစ်ပုဒ် ပေးနားထောင်လိုက်ပါတယ်။ သူ သီချင်းနားထောင်နေတဲ့အချိန်မှာ ကျွန်တော် ပြင်ဆင်ချိန်ရ အောင် လို့ ပေါ့။ အဲဒီနေ့ က သူ ပြုံးတာလေးက ကောင်းကင်ကြီးတောင် ညို့ ကျလာမလိုပဲ။ ကျွန်တော်ဖြင့်ချစ် လိုက်တာဗျာ ....။

It's amazing how you can speak right to my heart Without saying a word you can light up the dark.............Try as I may I could never explain What I hear when you don't say a thing.......... The smile on your face lets me know that you need me There's a truth in your eyes saying you'll never leave me.The touch of your hand says you'll catch me if ever I fall You say it best when you say nothing at all............ (Ronan Keating)

Ronan Keating ပြောတာမဟုတ်ပါဘူး တကယ်ချစ်နေတာပါလို့ ပြောတော့ ကျွန်တော့ကို လူလည်ကျသတဲ့လေ ....။ ဒါပေမယ့် သူ့ မျက်လုံးတွေက ရယ်လို့  သူ့ စကားသံလေးတွေက ကျွန်တော့ နှလုံးခုန်သံတွေနဲ့ အတူလွင်လွင် လေးမြည်လို့ ။ နောက်တစ်ပတ်တွေ့ တဲ့အခါကျမှ အဖြေပေးမတဲ့လေ။ သက်ပြင်းအသာချ ပြီးမောမော ကြီးဖြစ်ရ တဲ့ ခံစားချက်ကို ပြန်တွေးတိုင်း အသက်ရှုမဝဘူးဗျာ။ ဒါပေမယ့် သူ့ အပြုံးတွေရယ်၊ ရယ်သွေးနေတဲ့ သူ့ မျက်ဝန်း တစ် စုံ ရယ်နဲ့  ကျွန်တော် တစ်ပတ်တာ အသက်ဆက်ဖို့ အားတွေမွေးဖွားခဲ့ရတာပေါ့။ “ကျွန်မလည်း သီချင်း တစ် ပုဒ် ပေးနားထောင်မယ်လေ ... သီချင်းပြီးရင် အဖြေပေးမယ် .....” စိတ်ထဲက နေဆုတောင်းနေရတာ ဟို အဖြူ ရောင်သူငယ်ချင်း စီးရီးထဲက သီချင်း တွေမဖြစ်ပါစေနဲ့  အဲဒီ သီချင်းတွေထဲက တစ်ပုဒ်ပုဒ်ကိုသာ နားထောင် လိုက်ရရင် တီးလုံးသံကြားရတာနဲ့ တင် ကျွန်တော့အသက်ပါသွားမလားပဲ။ ဒါပေမယ့် သူ ပေးနားထောင်တဲ့ သီ ချင်းကို နားထောင်လိုက်ရချိန်မှာ ကျွန်တော် အသက်ရှုဖို့ မေ့နေရတယ် သူ့ မျက်နှာလေးကိုကြည့်ပြီး သီချင်း လေး ထဲမှာ စီးရင်းမျောရင်းနဲ့  လေထဲမှာ လွင့်မျောရင်းပေါ ... နှလုံးသားက လှိုက်လှိုက်လေးတုန်နေခဲ့တယ်လေ။

(............) ......From this moment life has begun......... From this moment you are the one Right beside you is where I belong.............. From this moment on................ From this moment I have been blessed............... I live only for your happiness And for your love I'd give my last breath.................From this moment on I give my hand to you with all my heart.............Can't wait to live my life with you, can't wait to start You and I will never be apart................My dreams came true because of you .........(Shania Twain)

သူက ကျွန်တော့်လို့  မသွယ်ဝိုက်တတ်ဘူး။ ပြတ်ပြတ်သားသားပဲ ပွင့်ပွင့်လင်းလင်းပဲဗျ။ “Shania Twain ပြော တာမဟုတ်ဘူးနော် .... ကျွန်မပြောတာ ... ကျွန်မ မောင့်ကို သိပ်ချစ်တယ်။” အဲတုန်းက ပန်းတွေတောင် ပွင့်မယ် ထင်တယ်။ လေပြေလေးကလည်း အေးအေးငြိမ့်ငြိမ့်လေး နေခြည်လေးကလည်း နွေးမြမြကလေး။ ကျွန်တော့် ချစ်သူရဲ့ ပါးလေးကလည်းလေ နွေးနွေးဥဥလေးဗျာ။ ငှက်ငယ်တွေတောင် ဝုန်းကနဲ့ ထပြန်သွားသလိုပဲ။ ကျွန် တော် တို့ နှစ်လုံးသားတွေ အတူလက်တွဲပြီး ရင်ခုန်သံတစ်ချက်တည်းမြည်အောင် ခုန်တဲ့နေပေါ့။ အဲဒီ ပျော်ရွှင်မှု လေးကို ဘာနဲ့ လဲနိုင်ပါ့မလဲ ....။ “ချစ်သူရေ အဲဒီနေ့ ရက်တွေကို လွမ်းတမြေ့မြေ့ရှိလှတယ်ကွာ ... ”လို့ ဒီ သီချင်း လေးနားထောင်လို့ အဲဒီခံစားချက်မျိုးလေး ရင်ထဲကို ဝင်လာတိုင်း ... “မင်းကို ချစ်တယ် ချစ်တယ် တအား ချစ် တယ်ကွာ ”......လို့ အော်နေမိတော့တာပါပဲဗျာ။ အဲဒီ အချိန်က စပြီး ကျွန်တော်တို့  ချစ်ခဲ့ကြပါတယ် ...။

သူ နဲ့ ကျွန်တော် ခုနေ ခဏ ဝေးနေကြရတယ်။ ဒါလည်း ဘဝအတွက် လိုအပ်ချက်တွေကြောင့်သာပါ။ ဒါပေမယ့် လေ သူနဲ့ ကျွန်တော်အမြဲနီးနေတယ်။ သူ့ အသံလေးတွေ ပုံရိပ်ကလေးတွေ နောက် သူ ပို့ ပေးတဲ့ သီချင်းဟောင်း လေး တွေ။ ဘယ်လောက်ဟောင်းတဲ့သီချင်းလေးပဲဖြစ်ဖြစ် ဘယ်နှစ်ကြိမ်နားထောင်ပြီးတဲ့ သီချင်းပဲဖြစ်ဖြစ် သူက ပဲဖြစ်ဖြစ် ကျွန်တော်ကပဲဖြစ်ဖြစ် နားထောင်စေချင်လို့ ပို့ ပေးတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် မြတ်မြတ်နိုးနိုးကို နား ထောင်ဖြစ်ခဲ့ ကြတယ်။ တစ်ခါတစ်လေ သီချင်းလေး နားထောင်ရင်း နှစ်ယောက်သားငြိမ်သက်နေခဲ့ကြတဲ့ အချိန် တွေလည်းရှိတာပေါ့။ အချစ်ကို အလှတန်ဆာဆင်သူတို့ ရဲ့ သံစဉ်လှလှ စကားလှလှလေးတွေနဲ့ ခံစားကြည့်တဲ့ အ ခါ ရရှိတဲ့ ခံစားမှုဟာ ပြောပြနိုင်လောက်အောင်မစွမ်းပါဘူး။ သေချာတာတစ်ခုတော့ရှိပါတယ် သူလေ ကျွန်တော့် နား မှာ ကနေ့ အထိ ထပ်ချပ်မကွာပါ။ သိပ်ချစ်တာပဲချစ်သူရေ။ “မောင် နားထောင်ဖို့ ”တဲ့ ..... ဒီသီချင်းလေးက ....

“ဒီကမ္ဘာကြီးအဆုံးကို ကိုယ်သွားမယ် အကြင်နာ အိပ်မက်တွေ ကုန်သွားမှာကို စိုးတယ် ယဉ်ယဉ်လေး ရူးလို့ နေ သူ့ ရဲ့ အပြုံးတွေ ကိုယ်တမ်းတ ကိုယ်သတိရ .......... ပြာရီမိုးသားအောက်က သူ့ အပြုံးတွေ မှုန်ရီဝေဝါးသွားမယ့် အချိန် အချိန်ခဏလေး မျှော်လင့်ခြင်းနေ့ သစ်အောက်မှာ ကိုယ်မနိုးထချင်တော့ပါ ကိုယ်သိပ်ချစ်တယ် တကယ် သိပ်ချစ်တယ် ............ ပင်လယ်ကြီး ကိုယ် ဖြတ်သန်း အကြင်နာခွန်အားတွေ တောင်စွယ်များဝိုင်းရံ ကာရံထား အတွေးနဲ့  ဝင်ရောက်ခဲ့မယ် မမုန်းဘူး အချစ်ကလေးရယ် တစ်ယောက်တည်း မနေ ချင်ဘူး ကိုယ်တို့ ဝေးနေ မိုင်ပေါင်း ကုဋေ ........... အကြင်နာ လရိပ်အောက်မှာ ခိုနားစဉ် ကိုယ်တို့ နှစ်ဦးဝေးကြတဲ့ မိုင်ပေါင်းကုဋေခဏလေးလို ကာရံနဲ့ သီချင်း လေးများစွာ သူ့ အတွက်ဆိုညည်းခါ လာခဲ့မယ်.............” (ဇော်ဝင်းထွဋ်+ထွန်းအိန္ဒြာဗို)

ချစ်သူတွေအတွက် အကြောင်းကြောင်း ကြောင့်ဝေးကွာနေပေမယ့် နီးနေတယ်ဆိုတာ အပြောမဟုတ်ပါဘူး ... သတိရတမ်းတခြင်းတွေ ရှိနေပေမယ့် ချစ်သူ့ ကိုယ့်အနားမှာရှိနေတယ်လို့  ခံစားနေရတာ အချစ်ကို သစ်လွင်နေ စေတယ် ဘဝကို ပြည်စုံနေစေတယ်လေ .... ဘဝခရီးတွေကြမ်းပေမယ့် ချစ်သူနဲ့ သာဆိုရင် ဘယ်အရပ်ကိုသွား သွား သွားလိုက်ချင်ပါတယ် .... ဒါပေမယ့် လက်တွေ့ ဘဝဟာ လိုအပ်ချက်တွေရှိနေသေးတာမို့  နီးနေချင်ပေမယ့် ဝေးနေရတဲ့အခါ သတိရတမ်းတနေကြရတာသဘာဝပါ ကျွန်တော် သူ့ ဆီကို သီချင်းလေးတစ်ပုဒ်ပို့ ပေးပြီး နှစ် ယောက်သား အွန်လိုင်းက စကားပြောဖြစ်တဲ့အခါ ငြိမ်ငြိမ်ကလေး တူတူ နားထောင်ဖြစ်ခဲ့ကြတယ်။ ဒီသီချင်း လေးပေါ့ .....

“သူနဲ့ သာဆိုရင် ဘယ်လိုပင်ဝေးပစေ လိုက်မှာပဲ အမြဲမခွဲတွဲ အယှဉ် ................သူနဲ့ သာဆိုရင် ပန်းရနံ့ လည်း မမွှေးတဲ့လမ်းအဝင်............ကြယ်တွေမစုံလမိုက်သော ညတွင် စမ်းရေပင် ပူလောင်မီးလျှံအသွင် ............... အလှ ဆိုတာ အရှင်းမတွေ့ တောင် ခဲခက်လှပါစေ လျှောက်ချင် .......... တစ်ယောက်ကို တစ်ယောက်တွဲ လို့  တစ်သက် မကွာ မခွဲအစဉ် လက်ကိုခိုင်ခိုင် ယှက်မယ် သူနဲ့  သာဆိုရင် ......... အသည်းအသက်မကချစ်ကြင် မြတ်နိုးယုယနှောင်ဖွဲ့ အစဉ်တစ်ယောက်မရှိတဲ့ တစ်ယောက်တွင် မနေ နိုင်အောင် စိတ်မှာပင်” (R ဇာနည်+ ရှင်ဖုန်း) ...........

ချစ်သူ ကို စိတ်ပူစရာဆိုလို့ ကျန်းမာရေးမကောင်းမှာ ကျွန်တော့်ကို သတိရပြီး စိတ်အားတွေငယ်နေ မှာကိုသာ စိုးရတာပါ။ သူ သိပ်ချစ်တယ်ဆိုတာ ကျွန်တော်သိတာပေါ့။ ရင်ထဲကစကားသံတွေနဲ့ အတူ ကြီးပြင်းလာတဲ့ ကျွန် တော်တို့  နှစ်ယောက်ရဲ့ အချစ်ဟာ ကြီးမားခိုင်မာနေပြီပဲ။ ချစ်သူယိုင်နဲ့ ချိန်မှာဖေးမချင်တယ်။ ဝမ်းနည်းချိန် မှာ ပခုံးမှာမှီစေပြီး ခံစားချက်တွေ လျော့ပါးအောင် အားပေးနေချင်တယ်။ ဒါပေမယ့် ခုလို ဝေးနေတုန်းအခိုက်မှာ ချစ် သူ နားထောင်ဖို့ သီချင်းလေးတွေ ပို့ ပေး .... စကားတွေ ရတတ်သမျှ အချိန်မှာ အလုအယက် ပြောပြီးသာ နေရ တယ် ချစ်သူကိုလေ ပုံပြင်ထဲက ဟိုတာနောလို ရွှေကြုတ်ထဲထည့်ပြီးသာ မြိုထားလိုက်ချင်တယ်ဗျာ ......

“အတူသွားအတူစားကာ ပျော်ပါးခဲ့ဖူးတာ ပြန်တွေးလိုက်တိုင်း မင်းအနားနားရောက်လာ တစိမ်းတွေကြားမှာ လှုပ်ရှားရင်းနဲ့ သာ တို့ နှစ်ဦးရည်မှန်းတာ ကိုယ်မျှော်လင့်စဲပါ ရေမြေခြားသွားရတော့ မင်းလေးကို ထားခဲ့ရပြီပဲ မျက်ကွယ်ရာ မှာ မင်းလေးကို ကိုယ်စိတ်ချပါရစေ ဒါပေမယ့် ကိုယ့်အတွက်တော့ ယုံကြည်ပြီးစောင့်နေပါနော် လွမ်းရက်တွေကို တဖြည်းဖြည်းဖြတ်ကျော်မှာ ကိုယ် ဟိုးအဝေးမှာ နေတဲ့အခါ မျက်ဝန်းတွေထဲ မင်းပဲမြင် ပြန်ဆုံနိုင်မယ့် နေ့ ရက် လေးတွေ မရောက်သေးခင် ဤမှန်ကန်သော ကိုယ့်ရဲ့ သစ္စာတွေကြောင့် ဆုတောင်း ပြည့်ခဲ့ရင် အချစ်ဆုံးသာ ကိုယ့်အနားရှိစေချင် ....... ”
(R ဇာနည်)

ချစ်သူက ကျွန်တော် စိတ်မချဘူးကွယ်လို့  ပြောတိုင်းစိတ်မဆိုးပဲ ရယ်တတ်တယ် ....။ ကျွန်တော်ပြောချင်တဲ့ စ ကား ကို သူသိပါတယ်လေ ....။ နားလည်မှုလွဲစရာလည်း မလိုသလို စိတ်ကောက်စရာလည်းအကြောင်းမှ မရှိ တာပဲကို ....။ ကျွန်တော် သူ့ ကို ချစ်တာ အဲတာလည်းပါတာပေါ့။ ကျွန်တော်ပြုံးရင် သူမ နှုတ်ခမ်းလေးတွေကို ရွှင်လို့ ၊ ကျွန်တော်ရင်ထဲက စကားအစအနတွေကို သပ်ရပ်အောင်မစုစည်းတတ် မပြောတတ်တဲ့အခါ နားလည် ပေးတတ်တဲ့ ကျွန်တော် ချစ်သူကို ဒီလောက်ချစ်တာ မလွန်ဘူးထင်ပါတယ်။ ချစ်လို့ လည်း မဝဘူးရယ် ..... ချစ်သူ က ဟိုတလောက ဒီသီချင်းလေးတစ်ပုဒ်ပို့ ပေးတယ် ... ကျွန်တော့်ချစ်သူ ပို့ ပေးတဲ့ အဲဒီသီချင်းဟောင်းလေးတွေ ဟာလေ ဘယ်လောက် ဟောင်းဟောင်း ကျွန်တော့်အတွက် ကောင်းကောင်းကြီးသာနေတော့တာပါ ... အချစ် ဟာ အရာရာကိုသစ်လွင်စေတယ်ထင်ပါရဲ့ ....

မောင့်မူပိုင်ရှင် မောင့်မူပိုင်ရှင် မေတ္တာအသည်းဆက်သက်နှင်းပေးအပ်ချင် ပျက်မယွင်းတဲ့ ဘဝ တစ်ခွင် မောင့်မူပိုင်ရှင် ချစ်ကမ္ဘာမှာပင် မေတ္တာသာလျှင် ချစ်မြတ်နိုး ဆတစ်ပိုးတိုးလို့ ပင် နှောင်ဖွဲ့  သမုဒယ ငင် သစ္စာပန်ဆင် ချစ်သူနှစ်ဦး ကြည်နူးပြုံးပြုံး ရွှင် ..........ရည်စူးဆုံးဘဝတိုင်ပဲရှင်........... မောင့်မူပိုင်ရှင် မေ့ဘဝ ပိုင်သူသခင် မေ့ကမ္ဘာလည်းမောင့်အတွက်ထင် အသည်းအသက်လို ပမာတင် မောင့်အကြိုက်သဘော လိုက် လျောမတဲ့ရှင် မောင့်မူပိုင်ရှင် မောင့်မူပိုင်ရှင် ......... (ချိုပြုံး)

“မောင်ရေ .... ကျွန်မက မောင့်မူပိုင်ရှင်ပါ .... မောင်စိတ်မပူနဲ့ နော် သိပ်ချစ်တယ်မောင်ရယ် ......” ကျွန်တော့် ချစ် သူကို ချစ်ရတာ အဲတာတွေကြောင့်ပေါ့ဗျာ။“ ကျေးဇူးတင်ပါတယ် ချစ်တဲ့သူရယ် မောင့်ကို သိပ်ချစ်တဲ့အ တွက် ပါ ...” ချစ်ရတာနဲ့ အချစ်ခံရတာကို သိရှိခံစားခြင်းနွေးထွေးမှုတွေဟာ ကျွန်တော့်ရဲ့  ခြောက်သွေ့ အေးခဲနေ တဲ့ဘဝလေးကို နွေးထွေးစိုပြေလာစေတာပါပဲ .... ချစ်သူလေး လည်း ကျွန်တော့်လို နွေးထွေးပါစေ ....။

********************

ကျွန်တော် မအားလို့ စာမရေးနိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ကြပါဦးနော .... အားတဲ့အချိန်တွေကြိုးစားပြီးရေပါဦးမယ် ရင်ထဲမှာတော့ နေတိုင်းရေးဖြစ်နေပါတယ်ဗျာ။ ညည်းဖြစ်ဆိုဖြစ်တဲ့သီချင်းလေးတွေထက် အမှတ်တရ မေ့မရတဲ့ သီချင်းလေးတွေကို တက်ဂ်ပိုစ့်လေးအဖြစ် ရေးပြီးပါပြီ မနှင်းဟေမာရေ .... ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်။ Fiction လား ဘာလားဆိုတာတော့ မမေးကြေး နော ..... :P ကျေးဇူး မနှင်းဟေမာ ....။


ပုံလေးကို ဒီက ယူပါတယ်

စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား


Wednesday, September 16, 2009

အမြင်ကတ်သူများအား ကျေးဇူးတင်ပါသည် .....

ဒီပိုစ့်လေးကတော့ သူငယ်ချင်း ဝက်ဝံလေး (စက်တင်ဘာရဲ့ ကောင်းကင်) က “ကျွန်တော့်ကို အမြင်ကတ်ရတဲ့ အကြောင်းရင်းများ” ကိုရေးဖို့ တက်ဂ်ထားတဲ့ ပိုစ့်လေးပါ။ လူ မှန် ရင်တော့ အမြင်ကတ်တတ်ကြသလို အမြင် အကတ်ခံရ မှာလည်း မလွဲဧကန် ပါပဲလို့ ထင်မိပါတယ် ..... ဒါ့ ကြောင့်မို့  ကျွန်တော့်ကိုလည်း အမြင်ကတ်ကြသူ တွေ ဒုနဲ့ ဒေး ရှိပါတယ် .... တစ်ခါ တစ်ခါ ကိုယ်မထင်ထားတဲ့သူ တွေက တောင် အမြင်တွေ အကပ်ကြီးကပ် အမုန်းကြီးမုန်းနေတာတွေ ကိုပါ သိရ မြင်ရ ကြားခဲ့ရပါတယ်။ ကျွန်တော့်ကိုမုန်းနေ တယ်လို့ ကျွန်တော် ထင်တဲ့ သူတွေက တကယ်တော့ ကျွန်တော့် အပေါ်စိတ်ထားမှန်ကြသူတွေ ဖြစ်နေသလို မျိုးပေါ့ ... လူကဲခတ်ရတာ အင်မတန်ခက်ပါတယ် ..... ကျွန်တော့်ကို ဘာလို့ လူတွေ အမြင်ကတ်ကြပါသလဲ .....

ကျွန်တော် စဉ်းစားကြည့်မိတယ် ကျွန်တော်တကယ်မကောင်းလို့ အမြင်ကတ်ခံရတဲ့အခါမျိုးလည်း ရှိပါတယ်။ အဲဒီ အခါ မျိုးကျတော့ ကျွန်တော် ပြင်ရတာပေါ့ .... တစ်ခါတစ်ရံ ကိုယ်က ကောင်းနေပါလျှက်နဲ့ အမြင်ကတ်ခံရတဲ့ အခါလည်း ရှိပါတယ် ... အဲဒါတော့ကျွန်တော်လည်း မတတ်နိုင်တော့ပါဘူး လွတ်လွတ်လပ်လပ်ကြီးသာ အမြင် ကတ်ကြပါတော့လို့ ပဲ ပြောရတော့မှာပါ ..... သူတို့ အမြင်ကတ်တာကြီးက ကိုယ့်အတွက် သိပ် အဓိပ္ပါယ် မရှိတဲ့ အခါမျိုးမှာပေါ့ ....

တစ်ကိုယ်ကောင်းဆန်တယ် လို့ အပြောခံရဖူးပါတယ်......
ဆရာလုပ်တယ်လို့ အပြောခံရဖူးပါတယ်......
ကြီးကျယ်တယ်လို့ အပြောခံရဖူးပါတယ် .....
စကားအလွန်များတယ်လို့  အပြောခံရဖူးပါတယ်.....
အချိုးမပြေဘူးလို့ လည်း အပြောခံရဖူးပါတယ် (ဘာအချိုးမပြေလဲတော့ ကျွန်တော်ခုထိ မသိသေးပါဘူး :))

အမြင်ကတ်ခံရတာကို သိလို့ ကျွန်တော့်မှာ ကောင်းကျိုးတွေ အတော်များများရပါတယ် ... အဲဒါကြောင့် အမြင် ကတ်ကြတဲ့ လူတွေကို ကျေးဇူးတောင် တင်မိတယ်။ သူတို့ သာ အမြင်မကတ်ရင် ကျွန်တော်တော့ မသိသား ဆိုး ရွားတဲ့သူ တစ်ယောက် ဖြစ်နေတော့မှာပါ .....။ ကျွန်တော် အမြင်ကတ်ခံရမှာကြောက်လား ဆိုတော့ ကြောက်ပါ တယ် ......ပညာရှိသူတော် ကောင်းတွေ အမြင်ကတ်မှာတော့ ကျွန်တော် သေမလောက် ကြောက်ပါ တယ် .....။ လောကဓံ နဲ့ တွေလာကြုံလာတဲ့အခါ ကိုယ့်စိတ်ကို ကိုယ်ထိန်းပြီး ရင်ဆိုင်အံတုဖို့ ဆိုတာ အပြောလွယ်သ လောက် အလုပ် အင်မတန်ကို ခက်လှပါတယ်။

ကျွန်တော့် မျက်စိထဲတွင် အမြင်မတော်သမျှ ပြောချင်နေသောစကားတွေ ထွက်မလာအောင် မျိုချရပါတယ်။ စေတနာ ဟာ တစ်ခါတစ်ရံ ဝေဒနာဖြစ်ခဲ့ရတဲ့ အတွေ့ အကြုံမျိုး ရှိခဲ့ဖူးလို့ ပါ။ ဒီလိုနဲ့  ကြာလာတော့ လျစ်လျူရှု တတ်လာပါတယ် ...... စောင့်ကြည့်တတ်လာပါတယ် .... အပြစ်တင်စကား မဆိုပဲ လိုအပ်တဲ့အခါ ကူညီတတ် လာ ပါတယ် .... စကားနည်းနည်းပဲပြောဖို့ အောင့်အီးတတ်လာပါတယ် .... ကျွန်တော်လည်း အေးအေး ချမ်းချမ်း ဖြစ်သွားတယ်လို့  ပြောရမယ်ထင်ပါတယ် ....။

အကြောင်းအရာတစ်ခုကို ပြောဆို ဆွေးနွေး ငြင်းခုံကြတဲ့အခါမှာ တစ်ချိန်က ဦးဆောင် ငြင်းခုံခဲ့တဲ့ ကျွန်တော် နားထောင် သူ သက်သက်ဖြစ်လာသလို ..... သူတို့ အမြင်တွေကို နားထောင်ပေးတတ် လာပါတယ် ... သူတို့  မှားနေတယ်ဆိုတာ သိလာတဲ့အခါ ရေလိုက်ငါးလိုက်နေတတ်လာပါတယ် မှားနေတယ်လို့ မပြောတော့ပါဘူး ကျွန်တော်နဲ့ အင်မတန်ရင်းနှီးတဲ့သူတွေက လွဲရင်ပေါ့ ... သူငယ်ချင်းအရင်းခေါက်ခေါက်ဆိုရင်တော့ မုန်းချင် လည်း မုန်းပါစေ သူမှားနေရင် မှားတယ်လို့ ပြောဖို့ ကျွန်တော်ဘယ်တော့မှ မတွန့် ဆုတ်ပါဘူး ။ကျွန်တော့်ကို မုန်း လို့ ကျွန်တော်သေမသွားပေမယ့် သူတို့ မှားနေတာကို သတိမပေး လိုက်ရဘဲ သူတို့ ဒုက္ခရောက်သွားမှာ လူအ များ အကဲ့ရဲ့ ခံရမှာ မလိုလားလို့ ပါ ..... ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်ပဲ မကောင်းပြောချင်ပါတယ် ။သူများ မကောင်းပြောတာမျိုးကြားရရင် ကျွန်တော့်ကို ဆဲသလို ပဲ နာပါတယ် အခံရခက်ပါတယ် ....။

နောက်ဆုံးတော့ ဆက်လက် အမြင်ကတ်သူများလည်း ရှိနေစဲဖြစ်သလို ကျွန်တော့်ကိုယ်ကျွန်တော် ဝေဖန်သုံး သပ်လို့ မှားမှန်းသိတဲ့အခါ ပြင်ဆင်တာကလွဲရင် ထိုထို သော အမြင်ကတ်သူအပေါင်းကို ကျေးဇူးလည်းတင်သလို အဓိပ္ပါယ်မရှိတဲ့ ဝေဖန်မှု အမြင်ကတ်မှုတွေကိုတော့ ခေါင်းထဲ သိပ်မထည့်တော့ပါဘူး ... ကျွန်တော် သူတို့  ပါးစပ် ဖျားမှာ ကားယားကြီး အဖြစ်မခံနိုင်ပါဘူးခင်ဗျာ ....... လူတစ်ယောက် ရဲ့ ဘဝမှာ သူ့ ဘဝ သူ့ အကြောင်းနဲ့  ကောင်း အောင် လုပ်နေကြတာပါပဲ ... မှားတဲ့အခါ ရှိသလို မှန်တဲ့အခါလည်း ရှိမှာပါ ... ။

ဒီလောက်နဲ့ ပဲ ကျေနပ်ပါတော့ သူငယ်ချင်း ဝက်ဝံလေး (စက်တင်ဘာရဲ့ ကောင်းကင်)ရေ ... ငယ်ကျိုး ငယ်နာ တွေလည်း ကုန်ပါပြီ ..... :)))) ကျေးဇူး ခင်ခင်မင်မင် တက်ဂ်တဲ့အတွက် .... :)))))

အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ .....
ဆင်းရဲလို ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ....
လေးစားခင်မင်လျှက်
ရန်ကုန်သား


Friday, September 11, 2009

ကျွန်တော့်ရင်ထဲက စာကြည့်တိုက်များ


သူငယ်ချင်း ကိုသက်တန့် ချို၊ ဝက်ဝံလေး တို့ တက်ဂ်ထားတဲ့ ပိုစ့်ကလေးပါ.............
ကျွန်တော် ကတော့ ဘလော့တွေကို လက်လှမ်းမှီသမျှ အချိန်ပေးနိုင်သမျှ သွားရောက်လည်ပတ် ဖတ်ရှုပါ တယ်။ ဘယ်ဘလော့ ဘယ်အိမ်လေးပဲဖြစ်ဖြစ် တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ် ဆန်း ဆိုသလို အား ကျ အတု ယူ ဖွယ်ကောင်းလှပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ အားလုံးကို သဘော လည်း ကျပါတယ် ကြိုက်လည်း ကြိုက် ပါတယ်။ ဘယ်အိမ်လေးက ပဲပြန်လာ ပြန်လာ တစ်ခုခု တော့ ရလာတာ ပါပဲ။ ကျွန်တော် မသိတာ တွေ၊ အတုယူ စရာတွေ၊ မှတ်သားစရာတွေ၊ အတွေးအခေါ် တွေ၊ အရေးအသားတွေ၊ အကြောင်းအ ရာတွေ၊ သ တင်းအချက် အလက်တွေ ဖတ်လို့ မကုန် ယူလို့ မကုန်နိုင် ပါဘူး။ ကျွန်တော့် blog list မှာရှိသမျှ ကျွန်တော်ပုံမှန် သွားရောက် လည် ပတ် သမျှသော ဘလော့လေးတွေ အကုန်လုံးကို ကျွန်တော် အရမ်း ကြိုက်ပါတယ်….. ဒီဘ လော့လေး တွေအကြောင်း တစ်ခုချင်းစီပြောရင် ပြောလို့ မကုန်နိုင်အောင်ပါပဲ။ ခုသူငယ်ချင်းနှစ်ယောက်က ခင်ခင်မင်မင် တက်ဂ်လာတဲ့ အတွက် ကျွန်တော်အကြိုက်ဆုံးဘလော့လေးတွေကို ထုတ်နုတ်ပြပါရစေ အဓိက ကတော့ ကျွန် တော် သင်ယူစရာတွေ မှတ်သားစရာတွေ မနိုင်မနင်းနဲ့ ပြန်လာရခဲ့တဲ့  ရစဲဖြစ်တဲ့၊ ရဦးမှာဖြစ်တဲ့ ဘလော့တွေပါ ….. (ဘလော့တိုင်း ဘလော့တိုင်းမှာ ဖတ်စရာ မှတ်စရာ တွေ အများ ကြီး ရှိပါတယ်။ ကျွန်တော်စရိုက်နဲ့  ကိုက် မယ် ထင်တာတွေကို မှတ်သားပါတယ် အတုယူပါတယ်။ တနင့်တပိုး ပေး လိုက်တဲ့ ဘလော့လေးတွေကို ပြော ပြပါရစေ ….)

အစ်မကြီး မနော်ဟရီရဲ့ ဘလော့ပါ …. အစ်မဆီက အရေးအသား အတွေးအခေါ်တွေကို အလည်ရောက်တိုင်း အစ်မ စာတွေ ကိုဖတ်တိုင်း မှတ်သားခဲ့ရပါတယ်။ အားကျခဲ့ရပါတယ်။ လေးစားခဲ့ရပါတယ်။ လေ့လာမှတ် သား ဖို့  မကုန်နိုင်တဲ့ နူးညံ့လှပတဲ့ အစ်မရဲ့ အနုပညာတွေဖြစ်ပါတယ် …..။

မမနိုင်းနိုင်းစနေရဲ့ ဘလော့ပါ …… မမနိုင်းဆီက ရလာတဲ့ စိတ်အာဟာရတွေ၊ ရသစာပေတွေ ဗဟုသုတတွေ အင်မတန် များ ပြားလှပါတယ်။ အရေးအသားကောင်းတွေ အတွေးအခေါ်ကောင်းတွေ ပြည့်နေတဲ့ဘလော့ ဖြစ်ပါတယ် ….

မကြီးဝါရဲ့ အမှတ်တရလေးများ ဘလော့ပါ မကြီးဝါက ကျွန်တော့်ရဲ့ အစ်မကြီးပါ …။ ကျွန်တော်က အိမ်မှာ အကြီး ဆုံးဆိုတော့ အစ်ကို အစ်မ အင်မတန် ငတ်ပါတယ်။ မကြီးရဲ့ နွေးထွေးတဲ့ ခင်မင်တဲ့ ကူညီတတ်တဲ့ မကြီးရဲ့  အိမ် ဟာ မိခင်နဲ့ ဝေးနေ တဲ့ ကျွန်တော့အတွက် အင်မတန် နွေးထွေးလှပါတယ်။ မိခင်နေရာ အစ်မကြီးနေရာက နေ လေးစားချစ်ခင်ရတဲ့ ဘလော့ပိုင်ရှင်ဖြစ်ပါတယ်။ မကြီးဆီကနေ ဘဝထဲဝင်ဖို့ အတွေး တွေ ဘဝမှာနေနည်း ထိုင် နည်းတွေ၊ အတွေ့ အကြုံတွေ၊လက်တွေ့ ကျတဲ့ ချစ်ခြင်းတွေကို မကြီးဝါဆီမှာ ဖတ်နိုင်မှတ်နိုင်ပါတယ်။

နောက် အစ်ကိုမြစ်ကျိုးအင်းရဲ့ ဘလော့ပါ …. အစ်ကိုရဲ့ အတွေးတွေ၊ အရေးအသားတွေဟာ ထူးခြားသလို မှတ်သားစရာ တွေ အပြည့်ပါ … စာတစ်ပုဒ်တိုင်းဟာ စာဖတ်သူရင်ထဲ စွဲသွားအောင် တွေးခေါ်ဖန်တီးမှုတွေ၊ ထိမိတဲ့ အရေး အသားတွေနဲ့ ဆွဲဆောင်နိုင်မြဲပါ …. အင်မတန်လေးစားရပါတယ်။

နောက် အစ်မ မေဓါဝီရဲ့  ရေးမိရေးရာတွေးမိတွေးရာ ဆိုတဲ့ ဘလော့လေးပါ။ အစ်မပန်ဒိုရာရဲ့ ကျေးဇူးနဲ့  ဒီ ဘ လော့ လေးကို ကျွန်တော် ရောက်သွားပါတယ်။ ကျွန်တော့်စရိုက် ကျွန်တော့် အကြိုက်တွေသာမက အတွေး တွေ၊
အရေးတွေ၊ ကဗျာတွေ ကျွန်တော် ခုဖတ်နေစဲပါ အင်မတန်ကြိုက်ပါတယ်။ ကျွန်တော် အစ်မအိမ်က ပြန် လာရင် ရလာတာတွေ အများကြီးပါ …..။ လေးစားမိပါတယ် ….. ကြိုက်နှစ်သက်ရပါတယ်။

အစ်မပန်ရဲ့ (ပန်ဒိုရာ) ဘလော့ဖြစ်ပါတယ် ကဗျာလှလှ စာလှလှ အရေးကောင်း အတွေးကောင်းတွေကို အစ်မဆီရောက်တိုင်း တရကြမ်းကို တုရ ယူရပါတယ်။

အစ်မရွှေပြည်ရဲ့ (ရွှေပြည်သူ) စကားပြေအရေးမှာ ငေးမောနေရတဲ့ ဘလော့ပါ စကားလုံးကို အလှဆင်သော အစ်မရွှေပြည်ရဲ့ စာလေးတွေဟာ ရသ အမျိုးမျိုးပေးစွမ်းနိုင်ပါတယ်။

နောက် အစ်မ မယ်ရဲ့  မယ်ကိုးရဲ့  စာစုများ ဘလော့ပါ အစ်မဟာ အင်မတန် စကားလုံးတွေ ကြွယ်ဝပါတယ် ဥမာ ပြု တာပဲဖြစ်ဖြစ် ထပ်တူပြုတာပဲဖြစ်ဖြစ် အဖွဲ့ အနွဲ့ မှာ အင်မတန် ကောင်းမွန်လှပါတယ်စကား လုံးတွေအင်မတန် အားကောင်းပါတယ်။ အစ်မရဲ့ “ချစ်ခြင်း” ဝတ္တုရှည်ကို ကြိုက်နှစ်သက်ရတာ ဒီအကြောင်းတွေကြောင့်ပါ …. “ချစ်ခြင်း” ကို ဆက်ပြီး ရေးပါလို့ တိုက်တွန်းပါရစေ အစ်မ မယ်ရေ .........။

မတတ်နိုင်ဘူး သူငယ်ချင်းတို့ ရေ ငါးခု မကဘူး တကယ်ရေးရင် ခုနှစ်ဆယ်ကျော်သွားလိမ့်မယ် ……နောက် အစ်ကို အောင်သာငယ်ရဲ့ ကဗျာတွေအစ်ကိုကိုရင်နော်နဲ့ အစ်မခင်လေးငယ်အစ်မဂျူနီယာလွင်ဦးအစ်မရီတာကိုတလနွန်ကြီး(ပျောက်နေတာ ကြာပြီး ခုမှ ပိုစ့်တစ်ခုတင်တယ် ခံစားချက်ကို စာလုံးတွေနဲ့  ရော ထည့်ပေးတတ် တာ သူ့ အရေးအသားတွေပါ)အစ်ကို သီဟသစ်ကိုယုယကြီးအစ်ကို နေဒေးသစ်အစ်ကို ဖိုးစိန်ကိုသားကြီး ရဲ့ ဇာတ်လမ်း ကို ဆက်စေချင်ပါတယ် အရေး အသား ကောင်းသလို လူကို ရယ်မောပျော်ရွှင် သွားအောင် သူ စာတွေက အစွမ်း ထက်ပါတယ် …. ကိုလူထွေးကြီးကိုရွာသားလေး (YTU) ရဲ့ အရေးအသားတွေကို မှတ်သားဖူးပါတယ် စာတွေ ရေးပါဦး ကိုရွာ သားရေ၊လက်ဆိပ်ရှိတဲ့ ညီဇော် ရေးလိုက်ရင် ပြင်းရှတဲ့ ခံစားမှုတွေနဲ့  မောမောကြီးဖြစ် အောင် စွမ်းသူလေးပါ …. အလှတရားရဲ့  အရေး ကောင်း အတွေး ကောင်းတွေ၊ တစ်ရေးနိုးထထအော်တဲ့ ချစ် ခြင်းခြေရာ (အရေးကောင်း ရက်နဲ့  အိပ်ချည်းနေတာ) နဲ့  ဧရာသား ကုန်တော့ဘူး အကုန်လုံးကြိုက်နှစ်သက်တာ ၊ ကို သက်တန့် ချိုရဲ့  ဘလော့လေး(စွယ်စုံကျမ်းတစ်အုပ် လို တန်ဖိုးရှိပါတယ်)၊ အနော်ရဲ့  စိတ်ကူးယဉ် အိပ်မက် ကိုသက်ပိုင်သူ ....... ကဲ ကျေနပ်ပါ တော့ တက်ဂ်ပိုင်ရှင်များဖြစ်တဲ့ ကိုသက် တန့် ချိုနဲ့ ဝက်ဝံလေးရေ ကျွန်တော် ကြိုက်တဲ့ ဘလော့ခုနှစ် ဆယ် ကျော်ရှိပါတယ် …..

ပြောရင်တော့ မိုးပဲလင်းမလား ပဲ ဒီတော့ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် တက်ဂ်တဲ့အတွက် ကျေးဇူးပါ ဒီ တက်ဂ်ရေးရတာ ခေါင်းအခဲဆုံးပဲခင်ဗျ ….ဝက်ဝံလေးရေ ( အမြင်ကတ်ရတဲ့အ ကြောင်း) အကြွေးကို ပိုစ့်တစ်ခု
ခြား ပြီးဆပ်ပါ့မယ် သူငယ်ချင်းရဲ့ ဘလော့လေးကတော့ အမြဲရောက်လို ကြိုက် နှစ်သက်ပြီး သားဆိုတာ ပြောဖို့ မ လိုပါဘူး နော် …………..

ခင်မင်လေးစားလျှက်
ရန်ကုန်သား

Sunday, September 6, 2009

“မာန သင့်တဲ့ ပန်း ”


“နင်က ငါ့သူငယ်ချင်းမဟုတ်ဘူး ….. နင်ကငါ့ရဲ့ သေဖော်သေဖက် ….”

အဖြူရောင်သူငယ်ချင်းတွေ ဘယ်လောက်ထိ ရိုးသားနိုင်ကြမလဲ။ တစ်ယောက်အတွက် တခြားတစ်ယောက် ဟာ မရှိမဖြစ် လိုအပ်နေခဲ့တယ် ဆိုရင် သူငယ်ချင်းအဖြစ်နဲ့ တစ်ဘဝလုံးလက်တွဲသွားလို့ ဖြစ်နိုင်ပါ့မလား။ ချစ် သူမကျ
သူငယ်ချင်းမကျတဲ့ ဘဝမှာ ဘယ်လောက်ထိ သူ ရိုးသားနိုင်ပါ့မလဲ ….။ သူဘယ်တုန်းက မှမရိုးသား ခဲ့ ဘူးလို့ ပြောရင် သူမက သူ့ ကို မုန်းသွားမလားပဲ။ သူမ နားမှာရှိနေတဲ့ သူမရဲ့ ဖြူဖြူစုတ်စုတ် သူငယ်ချင်း တစ် ယောက် က ဟန်ဆောင်ကောင်းခဲ့တယ် ဆိုတာကိုလေ။

တိတ်ဆိတ်တဲ့ ည သူမအိပ်မပျော်တဲ့အခါ အတူစကား ပြော ဖော်ဖြစ်ခဲ့ရတယ်။ သူမ ရင်ထဲက ပူသောစကား ချို သောစကား တွေကို သူ ကျောက်ရုပ်တစ်ရုပ်လို နား ထောင် နေခဲ့တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲလေ …. သူ့ ရင်ထဲမှာ ခပ်လေးလေး ခုန် နေတဲ့ အ သည်းနှလုံး ရှိတာပဲ ….. ။ သူမရဲ့ ဂရုစိုက်မှုတွေ ကရော၊ သူ့ အနားမှာ အမြဲတစေ ရှိနေ၍ သူ့ ဘဝ ပြည့်စုံနေ တယ်လို့ ခံစားနေရတဲ့ ယောကျာ်းတစ်ယောက် ရဲ့  ခံ စားချက်တွေကကော၊ သူတော် စင်မှ မဟုတ်ပဲ။ ချစ်တတ် တဲ့ နှောင်ဖွဲ့ တတ်တဲ့ အသည်းနှလုံး ကြီးနဲ့  လူ လေ။ အကြင်နာကို မခံစားတတ်တဲ့ သူတောင် သာယာတယ် ဆိုတာလေးတော့ ပြောချင် ပြောမိမှာပေါ့။ ဘာပဲ ဖြစ်ဖြစ် သူက သူမရဲ့ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်းပဲလေ။

သူငယ်ချင်းတစ်ယောက် အဖြစ်နဲ့  သူမအတွက် သိပ် အရေးပါတဲ့ ဘဝကို သူ နှစ်ခြိုက်တယ် မြတ်နိုးတယ်။ သူ့  စကားတွေဟာ သူမအတွက် အားတွေဖြစ်စေတာကို ကျေနပ်ပီတိဖြစ်ရတယ်။ သူတို့ နှစ်ယောက်ရဲ့ ဘဝဟာ မေခ နဲ့ မလိခလို ပေါင်းစုံပြီး ဧရာဝတီအဖြစ်စီးဆင်းနိုင်ပါလိမ့်မယ်လို့  မျှော်လင့်မိခဲ့တယ် …..သူမ က သေဖော် သေ ဖက် ပါလို့  ပြောလာတဲ့ အခါ သူ သူမကို ငေးကြည့်ရင်းက ပြုံးလိုက်မိတယ်။ ဘာလို့  သူ့  ရင်ထဲမှာ အဲဒီ အ ချိန် က သိပ်လေးလံနေခဲ့တာလဲ။ သူငယ်ချင်းဆိုတာ အနှောင်အဖွဲ့ ကင်းမဲ့တဲ့ ဆက်ဆံရေး တစ် ခုပါ။ ဖြူစင်တယ် …. ကြံ့ခိုင်တယ် ပေါ့ပါးတယ်…. လွတ်လပ်တယ် …… မာနတွေက ဘေးကနေ ဒေါသတကြီး အော်ဟစ်နေပေမယ့် …… ချစ်တဲ့  သူငယ်ချင်းနှစ် ယောက် ရဲ့ အပြုံးတွေကို သူ မကျော်လွှားနိုင်ဘူးလေ။

“သူငယ်ချင်း တစ်ယောက် ဆီက ချစ်တယ်ဆိုတဲ့ စကား ကိုကြားရမှာ ငါသေမလောက်ကြောက်တယ် ဟာ”

သူမပြောခဲ့တဲ့ ဒီစကားဟာ သူ့ ရင်ထဲမှာ သံမိုစွဲသလို စွဲသွားတယ်။ ဒီစကားဟာ သူတို့ နှစ်ယောက်ရဲ့  ဇာတ် လမ်း မှာ အဓိကအကျဆုံး ဖြစ်ခဲ့တယ်။ ဒီစကားကြောင့် သူမရဲ့  သူငယ်ချင်း အဖြစ်က လူသိရှင်ကြား အနားယူဖို ကြံ စည်နေတဲ့ သူ ….. ပလန်တွေ ဆွဲ နေခဲ့တဲ့ သူ ….. အိပ်မက်တွေ မက်နေခဲ့တဲ့ သူ ……. ကြည်နူးနေခဲ့တဲ့သူ ……. သူငယ်ချင်းအဖြစ်က တိတ် တ ဆိတ်နဲ့  အနားယူလိုက်ရတယ် ….. ။ သူမ မသိဘူးလို့ လည်း ထင်ခဲ့တယ်။ မသိ အောင် လည်းနေခဲ့တယ် …… ။ ရယ်စရာတော့ ကောင်းတယ်။ အချစ်နဲ့  ပတ်သက်လို့  စပ်စပ် ထိမခံ တဲ့ အလိမ်မ ခံနိုင်တဲ့ သူ့ ရင်ထဲက အသည်းနှလုံးကို သူက မေ့လျော့နေခဲ့တာ …..။

ဒါပေမယ့် မိန်းကလေးတစ်ယောက် နားမှာ အချိန်နှင့်အမျှ လူကိုယ်တိုင်မဟုတ်သော်မှ အသံကလေးအဖြစ် နဲ့  ရှိနေခဲ့တဲ့ ယောကျာ်းတစ်ယောက်ဟာ သူငယ်ချင်း မြူဖုံးလွှမ်းနေတဲ့ လက်တွေ့ ဘဝထဲမှာ ငိုချင်ရက်နဲ့  ရယ်နေ ခဲ့ရတယ်။ သူငယ်ချင်း ဆိုတဲ့ ကြိုးနဲ့  ခိုင်မာနေပြီဖြစ်တဲ့ သူတို့ နှစ်ယောက်တွင် သူကမှ စပြီး နောက်ထပ် သံ ယောဇဉ် ကြိုးတစ်ခုကို ချည်နှောင် ဖို့ မကြိုးစားခဲ့ရင် ….. ဒီလိုပဲ သူတို့ နှစ်ယောက်ဇတ်လမ်းက ဘယ်တော့ပြီး မယ်မှန်း မသိနိုင်တဲ့၊ သတိရမှ ထထ ရေး တဲ့ ပန်းချီကားတစ်ချပ်ဖြစ်နေမှာပေါ့။ သူမက သူငယ်ချင်းကို ချစ်သူ မလုပ်ချင်ပေမယ့် စက္ကန့်  မလပ် အကြင်နာတွေ ဂရုစိုက်မှုတွေနဲ့  တွေ့ နေရတဲ့ နှလုံးသားက သံမဏိနဲ့  လုပ် ထားတာမှ မဟုတ် တာ။ သာယာတာပေါ့ ….. ရင်ခုန်တာပေါ့ …. တမ်းတာတာပေါ့ ….. အဲဒီအကြင်နာတွေ ပျောက် ဆုံးသွားရင် ငိုကြွေးမှာ ပေါ့ …. အဲဒီအကြင် နာတွေ နဲ့ နီးနေရင် သူပျော်နေမှာပေါ့။

ဒါပေမယ့် မာန ဟာ မာန်နတ်တစ်ကောင်လို သူ့ ရင် ကို ဝင်မွှေသွားတယ်လေ။ ပါးစပ်ကြီးကို ပိတ်ထားတယ်။ ရင်ခုန်သံတွေကို အသံလုံပုံးတစ်ခုထဲ ထည့်သိမ်းထား ပစ်လိုက်တယ်။ သူ့ ကိုချစ်သူ တစ်ယောက်အဖြစ် မထိုက် တန်ဘူး သူမရဲ့ ချစ်သူ ဖြစ်မလာနိုင်ဘူးလို့ ပြောလိုက် သလို ခံစားလိုက်ရတယ်။ သူမဘဝမှာ အဲဒီ သေ ဖော်သေ ဖက် သူငယ်ချင်းနဲ့  သူမရဲ့ ချစ်သူဆိုတာနဲ့  ဘယ်လို အဆင့်အတန်း ခွဲခြားထားလဲဆိုတာ သူ မှ မသိ နိုင် ပဲလေ။ သူမရဲ့ ယုံကြည်ချက်တွေနဲ့ ပတ်သက်တဲ့အခါ သူမရဲ့ ဘဝကို ရင်ဆိုင်တဲ့ အားမာန်တွေကို အရောင် တောက်စေ တဲ့ အခါ သူမ ဝမ်းနည်းကြေကွဲနေတဲ့အခါ သူမရဲ့ ဘဝအပေါ်မြင်တဲ့ အမြင်တွေကို ဝေဖန် ကြ တဲ့အခါ သူမ ကို သူ ကောင်းကောင်း ကြီးနားလည်ခဲ့တာပေါ့။ ဒါပေ မယ့် သူ့ အပေါ်ထားတဲ့ သူမရဲ့  ချစ်ခြင်း ကို သာ သူ နားမလည် ခဲ့တာ …… ဟုတ်တယ်လေ သူငယ်ချင်းမှ မလုပ် ချင်တာပဲကို ….။

ဒီလိုပဲ သူ့ စိတ်တွေလည်း ပျော့တစ်ခါ မာတစ်လှည့်နဲ့  မျောမျောကြီးကို ဖြစ်လို့ ၊ သူမ၏ ချစ်သူဖြစ်ဖို့ ကြိုးစား ချင်စိတ်တွေဟာလည်း ယောင်ဝါးဝါးဖြစ်၊ အတ္တတွေကလည်း ကစဥ့်ကလျားဖြစ်နေတဲ့ တွယ်တာမှုတွေကြား မှာ ထောင်ထောင်လွှားနဲ့ …. သူငယ်ချင်းလိုပဲ မိန်းမောနေလိုက်တာကမှ အနားမှာရှိခွင့်ရဦးမယ် ချစ်တယ် လို့ ပြော လိုက်ရင် ရရှိလာမယ့် လှပတဲ့အဖြေတစ်ခုဟာ ရာခိုင်နှုန်းတွေသိပ်နည်းနေမယ်ထင်လျှက် သတ္တိတွေနည်း နည်း လာတယ်။ နောက် သူ ဆက်မခံစားနိုင်တော့ဘူး။ သူမရဲ့ စကားနဲ့ အတူ ချောလဲရင်းက ရောထိုင်ချလိုက် တော့ တယ်။

ပိုင်ဆိုင်လိုမှု …. ရယူလိုမှု …. အသိအမှတ်ပြုခံလိုမှု …. အချစ်ခံလိုမှု …. ။ လူတိုင်းဟာ လွတ်လပ်စွာချစ်ခွင့် ရှိ တယ် …..။ ဘယ်သူမှ တားဆီးလို့ လည်း မရသလို …. နှောက်ယှက်လို့ လည်း မရဘူးလေ …..။ ဒါပေမယ့် အချစ်ခံရဖို့ ဆိုတာကျတော့ ကိုယ့်အပိုင်းမဟုတ်ဘူး …… လွတ်လပ်စွာ အချစ်ခံပိုင်ခွင့်မရှိလို့ လေ။ လွတ်လပ် စွာအချစ်ခံ ရဖို့ ကြိုးစားပိုင်ခွင့်ပဲရှိတယ်။ ဒါပေမယ့် သူ့ အတွက် အဲဒီအခွင့်အရေးဟာ စကားတစ်ခွန်းတည်းနဲ့  ပျောက်ဆုံး သွား တယ်။

သူမ ချစ်သူဆိုတာကို တွေ့ သွားခဲ့တာလား အရွဲ့ တိုက်ခဲ့တာ လားတော့ မသိ ….. သူမ နှလုံးသားမှာ သူ့ အတွက် နေရာနည်းသွားတယ်။ သူလည်း သူ့ အိပ်မက်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် ဆက်ပြီး အိပ် နေနိုင်ခဲ့တယ် …. သူ ဘာ သာ အပြန်မှားခဲ့တာဖြစ်မယ် အကြင်နာဆိုတာ အချစ်မှမဟုတ်တာ တွယ်တာ မှုဆို တာ အချစ်ရဲ့ အဖျား အနးသားတွေပဲလေ …. သူမရဲ့ အကြင်နာတွေက ဆင်းရဲမသွားပါဘူး … အဲဒါကို သူ နားမလည်တာ ….. ဘာဖြစ် လို့  ဝေးနေကြပေမယ့် သူမဟာ သူနဲ့ အတူ ရှိနေခဲ့ရတာလဲ …. ဝေး သွားပြီလေ …. ဝေးသွားကြပြီ ….. သူငယ် ချင်း အဖြစ်နဲ့ မဖြူစင်နိုင်တော့မယ့် အတူတူ ဝေးလိုက်ကြပါစို့ ရယ် …။

သူ သူမကို ပေးခဲ့တဲ့ နားလည်မှုတွေ၊ ကြင်နာမှုတွေ၊ နွေးထွေးမှုတွေကို သူမ ကိုယ်တိုင်ရွေးချယ်ထားတဲ့ ချစ်သူ က မပေးနိုင် ဘူးတဲ့လား မဖြစ်နိုင်တာ ….. ကိုယ့်အသက်ထက် ချစ်လို့  ချစ် သူတွေ ဖြစ်တာမဟုတ်လား …. No one else above you ” ဆိုတဲ့စကားက ကလေးကစားစရာ မှမဟုတ်တာ ….. အပိုပြောတဲ့ စကားတစ်ခု မဟုတ် ဘဲလေ ….။ ဟိုး အသည်းနှလုံးထဲက နေ အနှစ်နှစ်အလလ မွေးမြူထားပြီးမှ အထပ်ထပ်စစ်ဆေး မေး မြန်းထား ပြီးမှ ထွက်ပေါ်လာတာလေ။ ချစ်သူဆိုတာ ဟာ အဲဒီ မိန်းမ သို့ မဟုတ် ယောက်ျားတစ်ယောက် အ တွက် အားလုံး ထဲမှာ နံပါတ်တစ်ဖြစ်နေရမှာပဲ မဟုတ်လား …..။

မမေ့လျော့ပေမယ့် မေ့လျော့ချင်ယောင် ဆောင်နေခဲ့တဲ့ သူ ဟာ….. ဘယ်လောက်ပဲ ဝေးကွာနေပါစေ သူမ နဲ့ တွေ့ တဲ့အခါ အစိမ်းရောင်သမ်းတဲ့ မျက်နှာနဲ့ မကြည့်နိုင်ခဲ့ဘူး …. သူ့ နှလုံးသာက သူမ နဲ့ အတူ နေသားကျ နေခဲ့ တယ်။ ဒါပေမယ့် သူ ချစ်တယ်ဆိုတဲ့စကား သူမကို ဘယ်လို ပြောနိုင်မှာလဲ …. အဓိပ္ပါယ်မှ မရှိတော့တာ သူမ ရယ်မောပစ်လိုက်ရင် …… သူ့ နှလုံးသားက ခံစားနိုင်မှာ မဟုတ်ဘူး ….. ။ မပြောလဲ မပြောသင့်တော့ ဘူး လို့ မာနက အမိန် ပေးထားတယ် ….. ရင်ထဲမှာ ရှိနေတာကတော့ ဝန်ခံပါတယ် …. မေ့လို့ မှ မရတာ။ ကြိုက် သလို အမည်တတ်နိုင်တယ် …. ခိုးပြီးချစ်နေရတဲ့ သူငယ်ချင်းတစ်ယောက် လို့ ပဲဖြစ်ဖြစ် … မာန ကြီးတဲ့  ယောက်ျား တစ် ယောက်လို ပဲဖြစ်ဖြစ် အတ္တကြီးတဲ့လူတစ်ယောက် လို့ ပဲဖြစ်ဖြစ် ……။ ဒါပေမယ့် အချစ်မရှိတဲ့ လူလို့ တော အပြောမခံ နိုင်ဘူး …။ ချစ်နေတာ သူ ကိုယ်တိုင်ပဲသိတယ် ….. ။

နှစ်တွေသာကြာ ညောင်းလာတယ် ဇာတ်လမ်းကြီးက အီလာတာပဲရှိတယ် အခြေအနေက ဒီအတိုင်းပဲ …. သူ သူမ ကို ခဏခဏ စိတ်ဆိုးအောင်လုပ်တယ် စိတ်နာအောင်လုပ်တယ် ထားပစ်ခဲ့တယ် ဒါပေမယ့် သူ နဲ့  သူမ တစ် နေရာရာမှာ အကြောင်းတစ်ခုခုနဲ့  ပြန်ဆုံကြရတဲ့အခါ သူက ပဲဖြစ်စေ သူမကပဲဖြစ်စေ အပြုံးတွေနဲ့ ဖြစ်နေ ကြပြန်တယ် ပျော်နေကြပြန်တယ် နှစ်ပေါင်းများစွာက အမည်တပ် လို့ မရတဲ့ ဆက်ဆံရေးမှာ ပြန်ပြီး နေသား ကျ သွားကြပြန်တယ် ….. ။ သူ တစ်ခုပဲသေသေချာချာ သိတယ် …. သေအောင်ချစ်နေပါစေ ဘယ်တော့မှ မပြော ဘူး …ချစ်တယ်လို့  ….။ ဒါပေမယ့် သူ ယိုင်နဲ့ ခဲ့ရပါတယ် … တွေဝေခဲ့ရပြန်ပါတယ်…. နှလုံးသားကို ချည်ထားတဲ့ မာနကြိုး နည်းနည်းလေး လျော့သွားတာနဲ့  အချစ်တွေက နှလုံးသွေးနဲ့ အတူ တရဟော ပြန်လည် စီးဆင်းလည် ပတ် နေခဲ့ရတယ် … သူမရဲ့ ဟောဒီ ကဗျာဆန်တဲ့ စကားလေး တစ်ခွန်းကြောင့်ပေါ့ .......

“ငါသေ သွားမယ်ဆိုရင်တောင် နင့်ကို အသက်ရှူတိုင်း လွမ်းတယ်လို့ တော့ နင်သိအောင် ပြောခဲ့ချင်တယ် ……”

မိန်းမတွေ လွမ်းပြရင် သူတို့ ချစ်သူ ယောက်ျားတွေ ဗိုင်းကနဲလဲပြီး အသက်ပါသွားလောက်တယ်လေ …။ ဒါပေ မယ့် သူက သူမ ချစ်သူမှ မဟုတ်ဘဲ။ တိတ်တဆိတ်ပဲ လဲပြိုလိုက်တော့မယ်။ သူ ဒီစကား တွေကို ရင်ထဲမှာ သိမ်း ထားလိုက်တယ် …. ဇာတ်မျောကြီးလည်း ဆုံးပါစေတော့ … သမုဒယ သံယောဇဉ်တွေ လည်း ပြေပါစေ တော့၊ မုန်းလိုကလည်း မုန်းပါစေတော့၊ ထားလိုကလည်း ထားသွားပါစေတော့ ….။ အိပ်ချင် ယောင်ဆောင် သူ ဟာအ နိုးရ ခက်တယ်။ ဟုတ်တယ် သူ အိပ်ပျော်နေတာမဟုတ်ဘူး ….။ အိပ်တစ်ဝက်နိုး တစ် ဝက်ကမက်နေ တဲ့  အိပ်မက် ကလေး ကွယ်ပျောက်သွားမှာစိုးရိမ်နေတာ …..။ အသိစိတ်နဲ့  ဆုံးဖြတ်လိုက်ရင် …. ရက်စက်တဲ့  အပြုံး တွေနဲ့ ပြုံးမိမှာစိုးရိမ်နေတာ ……။ သူမ သူ့ ကို အတ္တကြီးသူ တစ်ယောက် အဖြစ်ပဲ မြင်ပါ စေတော့ …… အချစ်ကို ရင်ထဲမှာ မျိုသိပ်ထားရတာဟာ ဖွင့်ပြောလိုက်လို့ ရရှိလာမယ့် ငြင်းဆိုမှုထက် ပိုပြီး နာကျင်ခံစား ရမယ်ဆိုတာ သိ ပေမယ့် အဲဒီလမ်းကိုပဲရွေးလိုက်တော့တယ် …… သူမ ပြောလာနိုင်တဲ့ စကား တွေကို ကြား ယောင်နေမိတယ် …

မာနကြီးတဲ့သူ....
သရဲဘောကြောင်တဲ့သူ......
မချစ်ရဲတဲ့ သူ (….. ဒီစကားဟာ သူ အနာကျင်ရဆုံးစကား ဖြစ်ပါလိမ့်မယ် …..)

*****************

မကြီးဝါရေ ..... ဒီမျှနဲ့ ပဲကျေနပ်ပါတော့နော် ...... ငယ်ကျိုးငယ်နာတွေလည်း ကုန်ပါတော့မယ် .... :D ဇာတ်လမ်း အရင်းကိုက ရှုပ်ရှုပ် ရှုပ်ရှုပ်မို့  မရှင်းမရှင်းနဲ့  ဖတ်လိုက်ရရင်တော့ (မကြီးနဲ့  စာဖတ်သူ မောင်နှမတွေအားလုံး) ခွင့်လွှတ်ပေးပါ။ တင်ပြပုံ ညံ့ဖျင်းတာလဲ ပါ ပါလိမ့်မယ် ...... တက်ဂ်တဲ့ အတွက် ကျေးဇူး မကြီး ....။ မကြီး ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့  ကိုက်ညီပါတယ် ဆိုတဲ့အကြောင်း ဝန်ခံ ပါတယ် :D

ပုံလေးကို ဒီက ယူပါတယ် ......
ရန်ကုန်သား




Monday, August 24, 2009

ငှက်ငယ်လေးရဲ့ ပဟေဠိ

ငှက်ငယ်လေး (ငှက်ငယ်လေးရဲ့ ဒိုင်ယာရီ) က ပဟေဠိမေးခွန်းလေးတွေ မေးပေးဖို့ တက်ဂ်တဲ့ အတွက် ဒီပိုစ့်လေး
ကိုတင်ဖြစ်သွားတာပါ ... ငှက်ငယ်လေးကို လည်း ကျေးဇူးတင်ပါတယ် မေးခွန်းလေးတွေက သိပ်မခက်ပါဘူး ... ကျွန်တော်ကိုယ်တိုင်ကလည်း ဒီလိုမျိုးဥာဏ်သုံးရတာမျိုးလေးတွေဆို အရမ်းတော်လို့  အလွယ်ဆုံးလေးတွေကို ရွေးပြီး မေးလိုက်ပါတယ် ငှက်ငယ်လေးလည်း ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်ဗျာ...... :D

မေးခွန်းနံပါတ်(၁)



လူသုံးယောက် ရှိပါတယ် ဦးဝါ ရယ် ဦးစိမ်းရယ် ဦးညိုရယ်

သူတို့ သုံးယောက်က အဝါရယ် အစိမ်းရယ် အညိုရယ် necktie တွေကို စည်းထားပါတယ်

ဦးဝါကပြောပါတယ် …. “ကျွန်တော်တို့ ဝတ်ထားတဲ့  necktie အရောင်တွေက ကျွန်တော်တို့ နာမည်တွေနဲ့ လွဲနေတာ ခင်ဗျား တို့ သတိထားမကြလား …. ”

အဲဒီအခါ အစိမ်းရောင် necktie စည်းထားတဲ့  လူက ဒီလိုပြောပါတယ်
“ ဟုတ်တယ် ခင်ဗျားပြောတာ မှန်ပါတယ် ”

သည်လိုဆိုရင် ဘယ်သူက ဘယ်အရောင် necktie စည်းထား ပါသလဲ ….

အဖြေလေးကို ဒီနေရာမှာ “ ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ကြည့်နိုင်ပါတယ် ဝတ္တုလေးကို ယောင်ပြီး ဖတ်ပေးသွား လဲ စိတ်မဆိုးဘူးဗျ ...

မေးခွန်းနံပါတ် (၂)



Jimmie နဲ့  Dean တို့ ကျွန်းတစ်ကျွန်းကို အလည်သွားခဲ့ပါတယ်။ အဲဒီကျွန်းပေါ်မှာ လူမျိုးစု နှစ်ခုနေထိုင်ပါတယ်။ ကျွန်းအရှေ့ ခြမ်းက ကျွန်းသားတွေက အမြဲလိမ်ပြောတတ်ပါတယ်။ အနောက်ဘက်က ကျွန်းသားတွေကတော့ အမြဲ အမှန်တွေပဲပြောတတ်ပါတယ်။

Jimmie Dean က သူတို့ နားက ဖြတ်သွားတဲ့ လူတစ်ယောကိုတွေ့ ပါတယ်။ သူတို့ က ပါလာတဲ့  ဧည့်လမ်းညွှန်ကို ဒီလူ(သူတို့ နားကဖြတ်သွားတဲ့ ) ဘယ်မှာနေသလဲလို့  မေးပါတယ်။ အဲဒီအခါ ဧည့်လမ်းညွှန်လည်း အဲဒီလူကို သွားမေးပြီးပြန်ဖြေလိုက်ပါတယ် ….. အဲဒီလူက အနောက်ဘက်မှာ နေပါတယ်တဲ့ 

ဒီတော့ မေးခွန်းလေးက ……. အဲဒီ ဧည့်လမ်းညွှန်ဟာ Jimmie နဲ့  Dean ကို အမှန်အတိုင်းပြောလိုက် တာလား လိမ်ပြောလိုက်တာလား ဆိုတာပါ ……

အဖြေလေးကို ဒီနေရာမှာ“ဆေးရုံ” ကြည့်နိုင်ပါတယ် ဝတ္တုလေးကို ယောင်ပြီးဖတ်ပေးသွားလဲ စိတ်မဆိုးဘူးဗျ ...


နောက်ဆုံးမေးခွန်းလေးကတော့



ကျွန်တော်မှာ မြင်းတစ်ကောင်ရှိပါတယ်။ သူဘာအရောင်လည်း ခင်ဗျားတို့ သိကြရဲ့ လား

Allan က “အနက်လို့ ထင်တယ်ဗျာ….” လို့ ဖြေပါတယ်။

Brian က “ အညိုဖြစ်ချင်ဖြစ် မဟုတ်ရင်တော့ မီးခိုးရောင်ပဲ ဖြစ်ရမယ် ” လို ပြောပါတယ်။

Charlie ကတော့ “ အညိုပါဗျာ ကျုပ်သိပါတယ် ….” လို့ ပြောပါတယ်။

အဲတော့ ကျွန်တော်က “ အနည်းဆုံးတော့ ခင်ဗျားတို့ ထဲက တစ်ယောက်တော့ မှန်မယ် တစ်ယောက်တော့မှား မယ် …….. ခင်ဗျားတို့ ပြောခဲ့တဲ့  အရောင်တွေ ထဲကတစ်ခုဟာ အဖြေမှန်ဖြစ်မယ် ဆိုရင် တကယ့် ကျုပ်မြင်း ရဲ့ အရောင် အမှန်က ဘာလဲ …..” လို့ မေးလိုက်ပါတယ်။
အဖြေလေးကို ဒီနေရာမှာ “အတွေ့ နှင့်အားပြိုင်ခြင်း” ကြည့်နိုင်ပါတယ် ဝတ္တုလေးကို ယောင်ပြီးဖတ်ပေးသွားလဲ စိတ်မဆိုးဘူးဗျ ...

ပဟေဠိလေးတွေကို ဒီက ယူပါတယ်။

*******************

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ်တ တတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

Saturday, August 22, 2009

ချစ်ပန်းတစ်ပွင့် ပွင့်ခဲ့သည်


လွန်ခဲ့ သော နှစ်များစွာက အောက်တိုဘာလ ၏ မိုးတဖြောက်ဖြောက် ရွာသော နေ့ တစ်နေ့ တွင်ဖြစ်ပါသည်။ သူ မမေ့နိုင်သော မျက် ဝန်းတစ်စုံသည် အလင်းရောင် အနည်းငယ်ဖျော့တော့နေသော ဟောခန်းကျယ်တစ်ခု အတွင်းတွင် လက်လက် ကလေး တောက်ပနေခဲ့၏။ သူမ မျက်နှာသည် မြင်လိုက်သည်နှင့် နောက်တစ် ခါပြန် ကြည့်ဖြစ်သော မျက်နှာမျိုးဖြစ်သည်။ နုယဉ်စွာ ထူးခြားသော မျက်နှာလေးဖြစ်သည်။ ချယ်သ ထားသော အ ရောင်များကင်းမဲ့ လျှက်က ကျက်သရေတွေ ဖြိုးဝေနေ၏။ အနည်းငယ်တင်းစေ့ ထားသယောင် ရှိသော နှုတ်ခမ်း ပါးတစ်စုံသည် သူ မ၏ တောက်ပသော မျက်ဝန်း အစုံနှင့် လိုက်ဖက်သည်ဟု သူ ထင်သည်။ သူ့ ပတ်ဝန်းကျင် တွင် အခြား သော သင်တန်းသားများ၏ စကားပြောသံများဖြင့် အနည်းငယ် ဆူညံနေခဲ့သည်။ ဘိုစကားပြော သင်သော သင်တန်းဖြစ်၍ ထစ်အ တုံ့ ဆိုင်းစွာပြောနေသော ဘိုစကားသံတွေ နှင့် အတူ စိတ်မ ရှည်စွာ ပြောချ လိုက် သော မြန်မာ စကားသံတွေကိုပါ ရောထွေးကာ ကြားနေရသည်။

သူ ဘေးသို့ ကျလာသော ပန်းတစ်ပွင့်သည် အပြုံးချိုချိုတွေနှင့်အတူ ရနံ့ သင်းလျှက်ရှိလေသည်။ ဟန်ဆောင် မှုကင်းသော အပြစ်ကင်းသည့် အပြုံးလှလှတွေသည် သူ့ ရင်ကို တခဏအတွင်း နွေးသက်ချိုမြသွားစေသည်။ အမေ့ ရင်ခွင်မှ တိုးထွက်လာစ ယောက်ျားပျိုတစ်ယောက်ဖြစ်သော သူ့ အသည်နှလုံး ငယ်နုနုသည် တဆတ် ဆတ် တုန်ကာ ခုန်သွားခဲ့ ပါသည်။ ရင်ခုန်ခြင်း၏ အရသာသည် လှိုက်မောကာ ချိုမြိန်နေလေ၏။ ဒါ သူ့ ရဲ့  မြူးကြွ နေခဲ့တဲ့ ရင်ခုန်သံ အသစ် စက်စက်တွေ ဖြစ်ပေလိမ့်မည်။

သူမ နှင့်စကားစပြောသော အချိန်တွင်တော့ ဆူဆူညံညံ စကားသံများသည် နံရံ တစ်ခုခြားသွားသည်နှယ် တိတ်ဆိတ် ပျောက် ကွယ်လို့ သွားသည်။ တင်းသယောင်ထင်ခဲ့ မိသော သူမ နှုတ်ခမ်းပါးက အပြုံးတွေ တွဲခို လာ သောအခါ သူမ မျက်နှာက နူးညံ့လို့ သွားသည်။ သူမ ပုခုံးပေါ်၌ ညိုပြယ်ပြယ် ဆံနွယ်စတို့ ဝေ့ ဝဲကျနေ သည်။ သူမသည် လှသည်ထက် ပြည်စုံသည်ဟု ပြောရမည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။

သူ နှင့်သူမ စကားတွေ လက်ဆုံကျနေချိန်တွင် သူ့ ရင်တွေကလည်း နွေးလို့ သူ့ လက်တွေက အေးလို့ နေခဲ့ သည်။ သူမ သည် သူ ရင်ခုံစွာနှင့် စကားပြောဖြစ်ခဲ့သော ပထမဆုံး မိန်းကလေးတစ်ယောက် ဖြစ်ခဲ့လေသည်။ သို့ မဟုတ် သူမသည် သူ့ အား ရင်ခုန်စေခဲ့ သော ပထမဆုံး မိန်းကလေး တစ်ယောက် ဟုလည်းဆိုနိုင်ပေ သည်။ သူမ အသံကလေးတွဲ့ သည်။ ပကတိတည်ငြိမ်သော လေသံမျိုး။ ဘိုစကားပြောပုံကလည်း အင်မတန် ညက် သည်။ ထိုနေ့ က သူမနှင့် စကားပြောနေခြင်းထက် သူမ ပြောတာကို သူငေးမောနေခဲ့သည်က ပိုပေလိမ့် မည်။

သူမသည် သူနှင့်မှ အသက်ရွယ်တူ လောက်ရှိမည်။ ဆယ်တန်းလည်း တစ်နှစ်တည်းအောင်ကြောင်း သူမနှင့် စကားပြောရင်းက သိခဲ့ရသည်။ သူဤ သင်တန်းတွင် မိန်းကလေး အတော်များများနှင့်စကား ပြောဖြစ်ခဲ့ သည်။ သို့ သော် ဒီလို ရင်မခုန်ခဲ့ရ။ ဒီလို လှိုက်လှိုက်ကြီးမမောခဲ့ရ။ ထိုမိန်းကလေးများ၏ မေးခွန်းများကို တွန့် ဆုတ်ပြီး မဖြေခဲ့ ရ …. သက်ပြင်းချသယောင်နှင့် ရနံ့ သင်းသင်းကို ခိုးဝှက်ပြီး မရှုခဲ့ ရ။ သူမနှင့်စကားပြောနေချိန်တွင် ပတ် ဝန်းကျင်သည် ရုပ်ရှင်ထဲ၌ အတိတ်ရုပ်ပုံများကို ခပ်သွက်သွက်ပြနေသကဲ့ သို့ မှုန်ဝါးလို့ နေသည်။ နားထဲ တွင် သူမ စကားသံ ပီသသကို ကြားနေရသော်လည်း ခေါင်းထဲက မြန်မာလို ပြန်ရန်မေ့လျော့နေသည်။ သတိ ကို အတန်တန် ထားသည့်ကြားက ငေးမောကာ နေခဲ့မိသည်။ သူမရဲ့ သွယ်လျလျ မျက်နှာရယ် ကိုပါ။

သူ သည် Love at first sight ဆိုသည်ကို မယုံကြည်သော်လည်း သူမကို ထိုနေ့ မှစ၍ စိတ်ဝင်စားမိခဲ့  ကြောင်း သူ ကိုယ်တိုင် မငြင်းနိုင်ခဲ့။ ငြင်းလည်း မငြင်းချင်ခဲ့။ ထိုသင်တန်းလေး ၏ သဘာဝအရ မိန်းကလေး ယောက်ျားလေးချင်း နှစ်ကိုယ်ကြား ဘိုစကားတွေပြောရသည်မှာ မဆန်းသော်လည်း ထိုနေ့ သည် သူ့ အ တွက် ဆန်းနေခဲ့သည်။ လန်းနေခဲ့သည်။ သူ မရဲ့  မျက် နှာသွယ်သွယ်ကို သူ လွယ်လွယ်နဲ့ မမေ့ ဖျောက်နိုင်ခဲ့။ ပျောက် ပျက်သွားမည် စိုး၍ သတိရတိုင်း သူမ ၏ ပုံရိပ်ကို သူ့ ရင်ထဲတွင် ခြယ်မှုန်းခဲ့ရလေသည်။ ဤသို့  ဖြင့် “ပန်း” ဟု တွင်ခေါ်သော သူမနှင့် သူ ရင်ခုန်လှိုက်မောခြင်းများစွာဖြင့် ရင်းနှီးခဲ့ကြပါသည်။

သူ့ တွင် အဖေ အမေနှင့် မိသားစု စုံလင်စွာရှိနေသေးသော်လည်း သူမတွင်တော့ အဖေမရှိတော့။ သူမသည် ဖ ခင် မေတ္တာကို ငတ်မွတ်နေခဲ့လျှက်က မိခင်နှင့် မောင်ငယ် အတွက် ကြိုးစားရုန်းကန်နေသော မိန်းကလေး တစ် ယောက်ဖြစ်သည်။ သူမတွင် ခွန်အားတွေ အပြည့်ရှိသည်။ သူမ တွင် ယုံကြည်မှုတွေ ဖူလုံလို့ နေသည်။

သူမ သည် ပွင့်လင်း၏ သို့ သော်မရဲတင်း … သူမသည် ဖော်ရွေ၏ သို့ သော် တည်ငြိမ်မှုရှိ၏ …. သူမ မျက်နှာ ထက် တွင် မာန အရိပ်တွေကို တစ်ချက်တစ်ချက် တွေ့ ရတတ်သည်။ သို့ သော် သူမ က မကြမ်းတမ်းပဲ နူးညံ့ သည်။ …. သူမ သည် ဖြူနွဲ့ သော်လည်း ကြံ့ခိုင်သောစိတ်ရှိ၏….အလှမာန်ကြောင့်ဖြစ်ပေါ်လာသော မာနသည် ခက်ထန်သော အသွင်ကို ဆောင်သည်။ သို့ သော် မိမိကိုယ်ကို ကိုယ် ယုံကြည်မှု အပြည့်ရှိသော “ပန်း”လို မိန်း ကလေး တစ်ယောက်၏ မာနသည် သူမကို ထည်ဝါခန့် ညားစေလေ သည်။

“ပန်း” ဟူသောအမည်နဲ့ လိုက်ဖက်ညီစွာ သူမ အမြဲတမ်း လန်းဆန်းတက်ကြွနေခဲ့သည် … သင်တန်း ခန်းမ ကို အလုပ်ကနေ အချိန်မှီအပြေးအလွှားရောက်လာတဲ့ အခါ နွမ်းနယ်နေသော မျက်ဝန်းတွေနဲ့ “ပန်း” ကို သူ နှစ် သိမ့် အားပေးချင်ခဲ့သည်။ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်လျှက် အားမာန် အပြည့်နဲ့ “ပန်း”ဆိုသော မိန်းကလေး သည် သူ့ ဘဝထဲကို တရိပ်ရိပ် ဝင်ရောက်လာခဲ့လေသည်။ “ပန်း”နှင့်သူသည် တိုတောင်းသော အချိန်ကာလ တစ်ခုအတွင်းတွင် နားလည်မှုအပြည့်နှင့် ပိုမိုပြီးရင်းနှီးလာခဲ့ပါသည်။

ဆရာစာသင်ချိန်တွင် စာအုပ်ဒါမှမဟုတ် စာရွက်တစ်ခုခု ပေါ်တွင် စာရေးပြီး စကားတွေခိုးခိုးပြောခဲ့ကြသည်။ ဘို စကားတွေအစား မြန်မာစကားပီပီတွေနှင့် စကားတွေ တသီကြီးပြောဖြစ်ခဲ့ကြသည်။ ဒီနှစ်ယောက် ဘယ်သူ က တောက်တဲ့လဲ လို့ သူငယ်ချင်းတွေ က ပြောကြတဲ့ အခါ “ပန်း” ရဲ့ မျက်နှာ ဖြူဖွေးဖွေးက နီစွေးစွေးကလေး ဖြစ် သွားတတ်သည်။ သူမ၏ ရှက်ရွံ မှုလေးကြောင့် ပီတိဟူသော ပျော်ရွှင်ခြင်းသည် သူ့ ရင်၌ ဘွားကနဲ ပေါ်ပေါ် လာတတ်သည်။ မိန်းကလေးတစ်ယောက် ဘေးတွင် ရှိနေခွင့်ရသော ယောက်ျားတစ်ယောက်၏ ကျေနပ်မှု၊ ဒါမှ မဟုတ် မာန်ကလေးတစ်ခု ဖြစ်ဟန်တူသည်။

သူမ ၏အလှသည် ယောက်ျားတစ်ယောက်အား စွဲလမ်းတပ်မက်မှုကို ပေးသော အလှထက် အထင်ကြီးမှု လေး စားမှုကိုပေးသော အလှမျိုးဖြစ်သည်။ ပန်းဘဝသည် နွမ်းနွမ်းလျလျ နှင့်ကြိုးစားရုန်ကန် နေရသော ကြမ်း ရှရှ ဘဝမျိုးလည်းဖြစ်သည်။ ပန်းသည် သူမ ဘဝတွင်ခါးသက်ခဲ့ သမျှ အားမာန်တင်း၍ ရှေ့ ဆက်ခဲ့ ရသော မိန်း ကလေးတစ်ယောက်ဖြစ်ပါသည်။ သူ ပန်းကို သနားသည်။ မြတ်နိုးသည်။ ပန်း၏ ဘဝအပေါ်ထားသော အမြင် တွေကို သဘော ကျခဲ့သည်။

စာသင်ခန်းထဲ အလှမ်းဝေးလို့  ငေးငေးကြည့်ရတဲ့ အချိန်တွေ၊ ပန်းဘေးက ငတိတစ်ကောင်က ပန်းကို ပြီတီတီ လုပ်လို့  သူ့ ကိုလှမ်းကြည့်တဲ့ ပန်းရဲ့ မျက်ဝန်းတွေကို ဘာသာပြန်ပြီး ကျေနပ်ခဲ့ရတဲ့ အချိန်တွေ၊ အဲဒီငနဲ သား ကို သင်တန်းအဆင်း ပန်းနံဘေးမှာ အသာဝင်ရပ်ရင်း ခပ်တင်းတင်းကြည့်ခဲ့ မိတာတွေသည် ပန်းနှင့် ပတ်သက် သော သူ့  ဖြစ်တည်မှုကို များစွာ အဓိပ္ပါယ်ရှိစေခဲ့ပါသည်။ သို့ နှင့်ပန်းနွယ်တစ်ပင်သည် သူ့ ရင်ခွင်ငယ်ငယ်တွင် အကိုင်း အခက်ဖြာလက်၍ ရှင်သန်ကြီးထွားလာခဲ့လေ၏ ။

သံယောဇဉ် အမြစ်တို့ တွယ်ဆက်၍ နှစ်ဦးသား တစ်ယောက်ကို တစ်ယောက် အပျောက်မခံနိုင်လေသောအခါ ဖူးသစ်စ သူ့ ရင်ခွင်မှ ဖူးငုံငုံချစ်ပန်းလေးကို ပိုင်ဆိုင်ခွင့်တောင်းရန် ဘဝပေးတာဝန်တစ်ခု အနေဖြင့် သူ ကြိုးစား ခဲ့သည်။ နေစဉ် ညတိုင်း အပြန်ပြန် အထပ်ထပ် စဉ်းစားလျှက် ချစ်စကားတွေကို သီကုန်းခဲ့ရပြန်သည်။ ချစ်ပါ တယ် လို့ ပြောဖို့  စိတ်ကူး ထဲမှာ တွေးတွေးပြီး ရဟာစယ် တွေလုပ်မိတိုင်းပင် လှိုက်ကာ လှိုက်ကာ ရင်တုန်ရ၊ တထိတ်ထိတ်နဲ့  ငြင်း လိုက်မှာ ကိုစိုးရွံ့ ရတာတွေက လည်း အကြိမ်ကြိမ်။ တကယ်တမ်း ပြောမိလေသော စကားကျပြန်တော့ ချစ်တယ် ဆိုတဲ့  စကားနှစ်လုံးတည်းရယ် …..

“ချစ်တယ် …..”

ပန်းက သူ့ ကို မျက်လုံးချင်းမဆိုင်ဝံ့ အောင် ရှက်ရွံ့ နေခဲ့ချိန်တွင် သူသည်လည်း စိတ်နှင့်လူက ခဏတာ ကင်း ကွာသွားသလို ထူးပိန်းပိန်းကြီးဖြစ်နေသည်။ မော်တော်ဘုတ်လို တထုတ်ထုတ် ခုန်နေသော ရင်က နှုတ်ဖျားမှ ထွက် မည်ကြံနေသော စကားများကို တအား နှောင့်ယှက်လွန်းတာက တစ်မျိုး၊ ပန်းကိုကြည့်ပြီး ချေတုန်လက် တုန်နှင့် စီထားသော စကားများက ခေါင်းထဲမှာ ဗြောင်းဆန်၍က တဖုံဖြင့် မတည်မငြိမ်ဖြစ်ခဲ့ရသည့် ခံစားမှု သည် တွေးမိတိုင်း ရင်ထဲတွင်နွေးနွေးလေး ဖြစ်ဖြစ်သွားသည်။

စကားတွေ များစွာပြောခဲ့ဖူးပါလျှက် ဒီစကားလေး နှစ်လုံးပြောဖို့ ဒီလောက် တုန်လှုပ်နေရသလားရယ်လို့  သူ့  ကိုယ်သူ အားမလိုအားမရဖြစ်ရသည်။ ပန်းက ငြိမ်သက်နေသည်။ လွယ်အိတ်ပေါ်တင်ထားသော သူမ လက် သွယ် သွယ် လေးများပင် အယောင်ယောင် အမှားမှားဖြင့် လှုပ်ရှားလို့ မသွား။ ဘုရား… ဘုရား …. သူငယ် ချင်းလိုပဲ လို့ တော့ မလုပ်နဲ့ နော် … ဒီကလူ သေလိမ့်မယ် ….. ဒီလိုအချိန်မျိုးမှာ ငါ့ ကိုအသက်ဆက်ရှင်ဖို့ ကယ် နိုင်တာ…. တကယ် ပါ ပန်းရယ်…. နင်တစ်ယောက်ပဲ ရှိပါတယ် ……. ရင်ထဲမှာ ဘလောင်ရယ်ဆူ …။

“ သိရဲ့ သားနဲ့ ကို….. ငါ့ကို နင်…..သက်သက် ရှက်အောင်လုပ်တယ် …. ”

အောင်မယ်လေးဗျာ …… ချစ်မိုးတွေကရွာလို့ ပါလား …. သစ်ရွက်တွေက တဖျပ်ဖျပ် မြည်၊ ငှက်ငယ်တွေက တတွီတွီ မြည်နေသလို ပန်းစကား မပီ တပီက သူ့ နားထဲမှာ တဝီဝီမြည်သွားပါလေသည်။

“ဘယ်လို ဘယ်လို …. ပန်း ပြောပါဦးဟာ ဟင် ….. ပြောပါဦး …… ”

ထိုင်နေသော ပန်းကို အတင်းဆွဲထူရင်း မေးလိုက်တော့ “အိုး ….ဘယ်လို လူလဲကွယ် …. ရှက်ပါတယ် ဆို …”

“ပြောပါပန်းရယ်…. ငါ….တစ်ခေါက်လောက်…. ပြန်ကြားပါရစေ… နော်…. နော် လုပ်ပါဟာ …ပန်းလေး …. ပန်းလေး … ပြောပါဦးလား …..ဟင်”


ခေါင်းလေးငုံ့ ကာ ရှက်သွေးတွေ ဖြာနေတဲ့ ပန်းကို သူ့ ရင်ခွင်ထဲ အသာဆွဲသွင်းလိုက်မိသည်။ အလိုက်သင့် ယိုင်ကျလာတဲ့  ပန်းကို သူ့ ရင်ခွင်က အသာဖေးမလို့ ထားသည်။ နွေးလိုက်တာ ပန်းရယ် ငါ့ရင်ခွင်က နွေးနေ လိုက်တာ…. နင့်ကိုလည်း ငါချစ်လိုက်တာ … စကားတွေ မပြောနိုင်ပေမယ့် ပန်း ကြားနိုင်ပါစေ ….. ချစ်တယ် ပန်းရယ် ချစ်တယ် …. ငါ့အသည်းတွေထဲ တုန် …… နေအောင်ကို ချစ်တယ် သိလား …..

“မောင့်ကိုလေ ….. ချစ်တယ် …. အရမ်းပဲ ….”

အို …. မောင်တဲ့ လား ….. မောင်တဲ့ လား ပန်းရယ်… ဟုတ်တယ် ငါက နင့်ချစ်သူမောင်လေ …. ပျော်လိုက်တာ အဲဒီနေ့ က ကောင်းကင်ကြီးကလည်း ချို ၊ ကန်ရေပြင်ကြီးကလည်း ချို ၊ ဟောဟိုက သစ်ပင်တွေကလည်း ချို၊ ပန်းရဲ့ စကားသံတွေကလည်း ချို၊ ဒီကမ္ဘာကြီးကလည်းချို အိုဗျာ …. အားလုံးဟာ ချိုမြနေတော့တာပဲ ….. သူ ပန်း၏ နဖူးပြင်ကို ညင်ညင်သာသာ နမ်းရှိုက်လိုက်မိသည်။ အဲဒီလိုနဲ့  သူရင်ထဲက ချစ်ပန်းလှလှဟာ ရနံ့  သင်းသင်း အဆင်းဖန့် ဖန့် နဲ့  ရှင်းရှင်း သန့် သန့် ကြီးကို ဖူးခဲ့ ပွင့်ခဲ့ ပါလေသည်တည်း ……..

ဒီလောက်နဲ့ ပဲ ကျေနပ်ပါတော့ ကိုရွာသားလေး ရေ ၊ တက်ဂ်တဲ့ အတွက်လည်းကျေးဇူးတင်ပါတယ် မိတ်ဆွေတွေ ဖြစ်ရလို့ လဲ ဝမ်းသာမိပါတယ် …. ဖျစ်ညှစ်ပြီးရေးလိုက်ရလို့ မတော်တာများရှိရင် ခွင့်လွှတ်ပါဦးဗျာ ….. :D
ရန်ကုန်သား


ဓါတ်ပုံလေးတွေကို click လိုက်ရင် မူရင်း website ကိုရောက်ပါလိမ့်မယ်

************

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ်တ တတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

Tuesday, August 11, 2009

ကျွန်တော် နှင့် ခုတလောများ


တွေးမိနေတာက
တွေးတာတွေ များလွန်းလွန်းလို့ ဘာပြောရမှန်းမသိတာ အမှန်ပဲ အထူးသဖြင့်တော့ ရေးလက်စ ဝတ္တု တစ်ပုဒ် အကြောင်းပါ ……

ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိတာက
ကြိုးစားမှုမှာ အခုံမင်သေးဘူး မျောနေတုန်းပဲ …..
ဆုံးဖြတ်ချက် ခိုင်ကြည်ပြတ်သားမှု မရှိဘူး တွေဝေတယ်။ ……….. ချစ်ရမှာကြောက်တယ် :D

ကျန်းမာရေး
ဖြစ်နိုင်ရင် စာဖတ်ဖို့ မျက်လုံးတစ်စုံလောက် ငှားချင်တယ် အမြင်တွေဝေဝါးပြီး အတွေးတွေက ထွေပြားနေလို ပါ။ ကျန်တာတော့ ဘာမှ မဖြစ်ဘူး ဘောဇန သပ္ပာယ တွေမျှတလွန်းလို့ စားလိုက်တာလဲ ပြောတောင် မပြော ချင် ပါဘူး (ရှက်လို့ )။ ဟိုတစ်နေ့ က သူငယ်ချင်းလုပ်တဲ့ကောင် ပုစွန်ကို အခွံမခွာပဲ ခေါင်းတွေ အမြီးတွေ ပဉ္စ ငါးပါးအကုန်လုံး ချက်လိုက်တာ ကောင်းလိုက်သည့်ဖြစ်ခြင်း ….. ဂဏန်းဟင်းစားချင်နေတာနဲ့ … မျက်လုံးလေး အသာမှိတ် ဂဏန်း ကောင်ကြီး မျက်လုံးထဲမြင် နားထဲက ကြွပ်ကနဲ့ အသံကြားရင် ဂဏန်းဝမ်းဘက်က အသား တွေစားရတယ် စားရ တယ် ဆိုပြီး မှတ်မှတ်စားလိုက်တာ ထမင်းအိုးထဲ မီချောင်းပေါ်လို့ မနည်း ထွက်ပြေးခဲ့ရ သေးတယ်။

ဖတ်ဖြစ်တဲ့ စာအုပ်တွေက
ပါမေက္ခ ဒေါက်တာသန်းထွန်းရဲ့ “သမိုင်းနဲ့ စကားပြောခြင်း”ပါ။ ဆရာကြီးရဲ့ လေသံတွေ သဘောကျလွန်းလို့  အတု ယူ နေတာ….. ပညာရှိများ စကားအရာမှာ အင်မတန် သန်မာလှတယ်။ ဖျတ်လတ်တယ်။ ထိမိတယ်။ ကျွန်တော် သေသေချာချာကို အရသာခံဖတ်နေတာ။ နောက် ဘလော့တွေလိုက်မွှေတယ်။ လည်တယ် ပတ် တယ် စာတွေ အတုယူတယ် မှတ်သားတယ်။ အားကျစရာတွေ ချည်းပဲ။ အိမ်ပြန်လာရင် တနင့်တပိုးနဲ့ ။ တစ် ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို သူ့ ဟန် သူ့ မာန်နဲ့  ရေးနေလိုက်ကြတာ အားရစရာ ကောင်း လိုက်တာဗျာ …… အဲ အထူးအားဖြင့်ပေါ့ ကျွန်တော် မပြောပဲ မချီးကျူးပဲ မနေနိုင်တာက တော့ အစ်မ မယ်ကိုး ပါ ……. ကျွန် တော် သူ့ စာတွေကို ဖတ်ရတာ ငြိမ်သက်ပြီး လွင့်မျောနေသလို ခံစားရတယ်။ ကဗျာဥာဏ် အာ ဘော် ကလော် တိုင်းကလည်း ထွက် အတွေးလေးတွေကလည်း ကောင်း ဘယ်လိုပြောရမလဲ ကျွန်တော် မချီး ကျူးဝံ့ဘူး …. ကျွန်တော့် ကြောင့် အစ်မ မယ်ကိုးရဲ့ စာတွေ ပေါ့သွားမှာစိုးတယ် ………

ရောက်ဖြစ်နေတာက
ဟဟ ….. ကွန်ပျူတာသာ ကောင်မလေးဆို ကျွန်တော်နဲ့  ညားတာကြာပေါ့ …… တစ်နေ့ တစ်နေ့ သူ့ မျက်နှာ လေးကြည့်ကြည့်ပြီး ကျေနပ်နေရတာ …….. :D မကြီး ဝါဆီကိုတော့ နေ့ တိုင်းရောက်ပါတယ် သာဓုခေါ်ပြီး ပဲပြန်ပြန်လာရတာ …… (ဘာမှလည်း မကျွေးဘူး …… :P)

ရေးဖြစ်နေတာက
ခု ကျွန်တော် ဘာသာပြန်ပြီးလက်ဆော့ထားတာ တစ်ခုကို အချောသတ်ရင်းနဲ့  “အမေ့သားများသိစေသော်” ဆို တဲ့  နှစ်ပိုင်းသုံးပိုင်းလောက်ရ
ှိမယ့် ဝတ္ထုတိုလေး တစ်ပုဒ်ရေးနေပါတယ် ……

နားထောင်ဖြစ်တာက
ပြောရတာလည်း မကောင်းပါဘူး။ ကလောင်နာမည် ယူထားတာက ရန်ကုန်သား၊ တကယ်တော့ ကျွန်တော် က ရန်ကုန်မှာနေတဲ့ တောသားဗျ (တခါတလေ သူငယ်ချင်းချင်းပြောခံရလို့ ပါ) …… ကျွန်တော် မြန်မာသံတွေ ကို ကြိုက်တယ် မြန်မာဂီတကို နားမှာ ယဉ် တယ်။ မော့ဆာ့ရထ် တို့ ချာရီကော့်ဖစကီးတို့ လက်သံဘယ်လောက် ကောင်းကောင်း မြန်မာဆိုင်းဝိုင်းက ပတ်မ သံကြားလိုက်ရင် ကြက်သီးတွေ ဖျန်းဖျန်းထ ကျောတစ်ခုလုံး ဖျင်းက နဲ ဖျင်းကနဲ့ ဖြစ်ပြီး ရင်ထဲ မှာတောင် ပတ်မ သံနဲ့ အညီလိုက်လိုက်ခုန် နေရတာ ……. သူတို့ ဖာသာ သူတို့  ငန်း တို့  ပျော်ရာရေကန်သာပဲ ဖြစ်ဖြစ် ငန်းတို့  မပျော် တဲ့ ရေကန်သာပဲဖြစ်ဖြစ် နားထဲမဝင်ဘူး ခဏနေပျောက်သွား တယ် …… နောက် ဂီတနဲ့ ပတ်သက် လို့  ကျွန်တော်က open-minded မဖြစ်ပေမယ့် ရော့ခ် သီချင်းတွေ ပေါပ့် သီချင်း တွေကိုလည်း နားထောင်ဖြစ် ပါ တယ်။ ယေဘုယျတော့ သိပ်မဆူညံဘူး၊ သီချင်းဆိုတာလား စကား ပြောတာလား မသဲကွဲတဲ့ သီချင်းတွေ မဖြစ်ဘူး ၊ဆိုရင် နားထောင်ပါတယ် ……….

ရွတ်နေမိတာက
အချစ် …. အချစ်….. ချစ်တိုင်း ချစ်၍…..
ချစ်လေ ချစ်လေ……. ချစ်မပြေ တည်း
ဆားငန် ရေနောက် …….. ငတ်တိုင်း သောက်က
သောက်လေ သောက်လေ ……..ငတ်မပြေသို့ 
ပေမအရာ တဏှာဖွဲ့ ယစ်……. ထိုအချစ်လည်း
အပြစ်မမြင် မဆင်ခြင်ဘဲ…….
ချစ်လျှင် ပျော်နိုး ……….ချစ်စ ပျိုးသည်
ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း ………..( http://ko-thitsar.blogspot.com/)
သူငယ်ချင်းတစ်ယောက် custom message မှာတွေ့ ကတည်းက သဘောကျနေတာ မင်္ဂလာရှိသော ယောက်ျား အဆုံးသတ်ခါနီး ခေါင်းထဲပေါ်လာတာနဲ့  အွန်လိုင်းမှာ လိုက်ရှာရင်း အထက်ပါ ဘလော့ ကိုတွေ့  ပါတယ် ……. ခွင့်တောင်းပြီးယူသုံးထားတာပါ …. အရှင်ဇနကာဘိဝံသ ရဲ့ ကိုယ်ရေး အတ္ထုပ္ပတိမှာတော့ ရှေး စာဆိုတစ်ဦး ရေးစပ်သီကုံးထားတာဖြစ်သည်ဟု မိန့် ထားတယ်လို့  သူငယ်ချင်းကပြောပါတယ် ( ကျွန်တော် မသိပါ :D ) ။ ဒီကဗျာလေး ရွတ်ရွတ်ပြီး အချစ်မှိုင်းတွေမိ ချစ်လှိုင်းတွေထိပြီး အချစ်ကို တောင့်တမိလို့  လွမ်းတ သသ ရှိနေပါကြောင်း …..:D (ချစ်ရမှာ ကြောက်တာက တစ်ပိုင်းပေါ့ ….. ဟဟ)

ဖြစ်ချင်နေတာက
ကိုယ့်ခန္ဓာကိုယ်ထဲက Gene တစ်ခုခု Mutate ဖြစ်ပြီး Jumper ဖြစ်ချင်နေပါတယ် …….

စားဖြစ်နေတာက
ထမင်းပါပဲ ကျန်တာ ဝယ်မစားနိုင်လို့  …… :D

သနားနေမိတာက
ကိုယ့်ဘဝ ကိုယ်မပိုင်တဲ့ သူတွေ …….

လွမ်းနေမိတာက
မြန်မာပြည်

မေ့လျော့ပစ်နေမိတာက
ဆယ်နှစ်တာ ရင်းနှီးခဲ့တဲ့ ကောင်မလေးတစ်ယောက် ရဲ့ မွေးနေ့ 

ခါးသက်နေမိတာက
ဘဝ ( ဘဝဟာ လူတိုင်းအတွက် တစ်ချိန်ချိန်မှာတော့ ခါးသက်နေမှာပဲလေ …..)

တမ်းတနေမိတာက
အမေ့အိမ်က ငပိရည် ဂျီကျတတ်တဲ့ ကောင်မလေး ….. :D …..လက်ဖက်ရည် ကျရည်ပေါ့ ချို့ စိမ့် ။ဟာသတွေ ပြောပြီး ရယ်စေတတ်တဲ့ သူငယ်ချင်းတွေ ၊ နိမ့်ပါးချိန်မှာ အားပေးတတ်တဲ့ အပြုံးတွေ …..

ကြိတ်ပြီးချီးကျူးနေမိတာက
အမြဲတစေ ကြိုးစားအားသစ်နေ သူတွေ …….

ကြိတ်ပြီး အထင်သေးနေမိတာက
ကိုယ့်ကိုကိုယ်ပေါ့ ဗျာ ……….

ဆန္ဒမရှိတဲ့ နေရာ
မြန်မာပြည်ပြင်ပ ဘယ်နေရာမှ ဆန္ဒမရှိ မသွားလို မနေလို ….

ဆန္ဒရှိတဲ့ နေတဲ့ ကိစ္စ
ကိုယ့် အသက်မွေးမှုအလုပ်ကို ခဏလေး ရပ်ထားပြီး စာတွေ မရပ်မနားရေးချင်နေတာပဲဗျာ ………

မုန်းတီးနေမိတာက
သေလောက်အောင် မုန်းတာဆိုလို့ မရှိပါဘူး ….

ချစ်နေတာက
ချစ်နေတာက ကျွန်တော့်မိသားစုပေါ့ ဟို….. ကောင်မလေးလည်း ပါတယ် ….. ဟဟ ….:D

စိတ်ပျက်နေမိတာက
အသစ်ပြန်စရမှာကိုပါ ………

စွဲလန်းနေမိတာက
စာရေးချင်နေတာပဲ ……… ရပ်လို့ မရဘူး (တက်ဂ်ပို့ စ် ကချွင်းချက် …. :D ….ဟဟ )

တောင်းနေမိတဲ့ ဆု
အမေနဲ့ အဖေ အသက် ရှည်ပါစေ ………….

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
အသံထွက်ရမှာတောင် ပျင်းတာ အော်ဖို့ တော့ ဝေးပါတယ် ဗျာ ………..

ဝန်ခံချင်တာက
ကိုယ်ပိုင်ဖန်တီး နိုင်တဲ့ စွမ်းအားတွေ မရှိသေးလို့  စုဆောင်းခြင်း အတုယူခြင်းဖြင့် စာရေးလျှက် ရှိပါကြောင်း….. “အဆီတုံးဒေဝီ ”ဆိုတာ ကျွန်တော့ စကားမဟုတ်ပါဘူး …… ဆရာမကြီး မစန္ဒာရဲ့  “အဖိုးကြီး နှစ်ယောက် ရှိ သည်” ဟူသော ဝတ္တုတိုထဲမှနေ ကြိုက်လွန်းလွန်းလို့ သုံးမိတာပါ ……… အထူးအားဖြင့် ကိုတလနွန်ကို ဝန်ခံပါရစေ ………….
ညီဇော်ရေ ဘလော့ လောက အကြိုအဖြစ် မမဝါ ဆီမှ ဆုနဲ့ ဆူးအပြီး ညီရဲ့  ခုတလော ကို အကြွေးဆပ်ပါ တယ် ….. ညီ့ကို မပြောပဲ “ဇော်” ဆိုတဲ့ နာမည်ကို ယူသုံးတဲ့ အတွက် ဒီခုတလောပို့ စ်နဲ့  ပဲ ကျေနပ်ပါလို့  အနူး ညွတ်တောင်း ပန်ပါကြောင်း ……. :D
ကျေးဇူးတင်လျှက် ….

**********

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ် တတတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

Thursday, August 6, 2009

ဆု နဲ့ ဆူး ....



ရန်ကုန်သားတို့ ငယ်ငယ်က တက်ခဲ့တဲ့ မူလတန်းကျောင်း လေးက စမ်းချောင်းရှမ်းလမ်း(ဗဟိုလမ်း)ပေါ်ကပါ။ အမက (၉) က တချို့ အဖြစ်အပျက်တွေကတော့ မမှတ်မိတော့ပါဘူး။ အသေအချာမှတ်မိတာကတော့ နှစ်တန်း ကျောင်းသားဘဝ က ကျောင်းဆင်းပြီး အိမ်မပြန်ပဲ စာသင်ခုန်တွေပေါ် ပြေးပြေးဆော့တုန်း အတန်းပိုင်ဆရာမ နဲ့ မိလို့  အရိုက်ခံရတာပါ။ ကျောင်းသားကို ဆရာမ ရိုက်တာ တော့ မဆန်းပါဘူးလေ။ ဒါပေမယ့် ကျွန်တော့် အ တွက် ကတော့ဆန်း တယ်။ ဆရာမရိုက်တဲ့ တုတ်က ကျွန်တော် လက်ဆောင် ပေးထားတာလေ။ အဖေ့ ရဲ့  အ ဖေ အဘိုးက ပိတောက်သား နီနီလေးကို ချောမွေ့ နေအောင် ရွေပေါ်ထိုး ကော်ပတ်စားပြီး ပေတံ အဖြစ်နဲ့  လက် ဆောင် ပေးတယ်။ အဲတာကို ကျွန်တော် ကမနေနိုင် မထိုင်နိုင် ဆရာမကို မျက်နှာလုပ်ပြီး လက်ဆောင် သွား ပေးတာ ပထမဆုံးအရိုက်ခံရတာ ကျွန်တော်ဖြစ်သွားရော။


ကြွားပြောတာတော့ မဟုတ်ပါဘူး (ဒီခေါင်းစဉ်လေးရဲ့  အောက်မှာ ကျွန်တော့်ညီအစ်ကို မောင်နှမတွေ အမှန် တွေကို ပြောသွားတဲ့ အတိုင်း) ဖြစ်ခဲ့ တာလေးတွေ ပြောပါရစေ။ ကျွန်တော် တစ်ခါမှ စာမရလို့ အရိုက်မခံရဖူး ပါဘူး။ အမေက စာနဲ့ ပတ်သက်ရင် သိပ်တင်းကြပ်တာ ကြောင့်ပါ။ ကျွန်တော် ကအဆော့ မက်တယ်လေ စာမရ ရင် မဆော့ရတော့၊ အမေ့ရှေ့ မှာ စာတွေအံ စာတွေလုပ်ပြီးမှ ဆော့ရမှာမို့ အမေ့ကို ကြောက်လို့  ကျက်ခဲ့ရ တာပါ။ အဲ မူလတန်းမှာ ကျွန်တော် နာမည်တစ်ခု ရလိုက်ပါတယ် ဦးရှန်းကြီးတဲ့ …. စာပြီးပြီး ရော ဘယ်တော့ မှ ပြန်မစစ်တတ် တဲ့ ကျွန်တော်ဟာ ရှန်းရှန်းပြီး စာမေးပွဲတွေမှာ အမှတ်တွေ လျော့တတ်လွန်းလို့ ပါ။ ပထမ အ စမ်း ဒုတိယ အစမ်း စာမေးပွဲတွေမှာ အမှတ်ပြည့်မရရင် အမေက ဦးရှန်းကြီးလို့ ခေါ်ပါတယ်။ ကျွန်တော့ အန်တီ က အဲဒီ ကျောင်းလေးက ဆရာမဆိုတော့ ကျွန်တော် ရှန်းသမျှတွေ အကုန်ပြန်ပြန် ကြားရပါတယ်။


“ကလေးက ဥာဏ်ကောင်းတယ် … နားကားလေးပဲ တော်တာပေါ့ …. ဦးခေါင်းကလည်း ကြည့်ဦးလေ ခေါင်းကြီး လေးတဲ့ …” အဲလို အဲလို တော့ ကျွန်တော့်ကို ချီးမွမ်းကြတာပဲ။ ကျွန်တော်ကတော့ သိပါဘူး ခေါင်းကြီးသလား နားကားသလား။ စာမရလို့ အမေ ဆူမှာပဲကြောက်တာ။ (အသက်ကလေး ရတာတော့ အမေ ဆူမှာထက် အ မေ့ မျက်နှာညိုမှာ ပိုကြောက်လာခဲ့ ပါတယ်။) ကျွန်တော်ငယ်ငယ် က အမေတော်လို့ ဆုတွေရခဲ့ တာပါ။ အမေ က စာမေးပွဲရှိတဲ့ အခါ ကျွန်တော်နဲ့ စာတူတူ လိုက်ကျက်ပေးတယ်။ ကျွန်တော့်ကို စာတော်စေချင်သလို သူ့  သား လေး ဆုပေးပွဲ တက်ရတဲ့ အခါ တစ်ယောက်ယောက်ကများ ဘာဆုရလဲလို့ မေးရင် အမေလည်း “ပထမ” ရတယ်လို့  ဖြေချင် မှာပဲလေ။


လေးတန်းရောက်တော့ အဒေါ်လုပ်တဲ့ သူက သူ့ အတန်းကို အချိန်ပိုခေါ်သင်တုန်း သူ့ တူကျွန်တော့်ကိုပါ ခေါ် ပါတယ်။ ကျွန်တော် ကလည်း ကျောင်းဆင်းတာနဲ့  အိမ်ကိုအပြေးကလေးပြန်၊ အိမ်ရောက်တာနဲ့ လွယ်အိတ်ကို ဗုန်းကနဲ ပြစ်ပြီး ပြေးဆော့ချင်တာ လေ။ အဲဒီတော့ အန်တီ့ အချိန်ပိုတန်းကို ပတ်ပတ်ပြီးပြေးတာပေါ့။ ကျွန် တော့်  အတန်းပိုင်ဆရာမ ကကျွန်တော့ကို ကျူရှင်အပ်တာ လက်မခံဘူး။ အမေတို့  ပြောသံကြား ရတာတော့ ဆရာမ က“ကျူရှင်က တော်တဲ့ ကလေးတွေ အတွက်မဟုတ်ပါဘူး” ပြောသတဲ့ ။ ကျွန်တော်က တော့ ကျိတ်ပြီး ပျော်နေ တာ။ ကျူရှင်မတက်ရတော့ ၊ အမေ ရုံးကပြန်မရောက်ခင်ထိဆော့လို့ ရတယ်လေ။


ဒီလိုနဲ့ ထမင်းစားချိန် ပြေးလွှားဆော့ လွန်းလို့ အရိုက်ခံရ၊ အတန်းထဲမှာ စကားများလို့ အရိုက်ခံလိုက်ရနဲ့  အဲဒီ မူလတန်းကျောင်းသားလေး ကျွန်တော် စတုတ္တတန်းမှာ တစ်ကျောင်းလုံး ပထမရခဲ့ပါတယ်။ ကျွန်တော့်ကို အထင်တွေ မကြီးလိုက်ပါနဲ့  အစိုးရစစ် စစ်တဲ့ အတန်းကို ကျွန်တော် ရောက်တိုင်း(ကံကောင်းထောက်မစွာ) အစိုးရစစ် နဲ့  လွဲခဲ့ရလို့  ကြက်ကန်းလေး ဆန်အိုးတိုးသွားတာပါ။ ဆယ်တန်းကလွဲရင် အစိုးရစစ် မဖြေဖူးပါဘူး ဗျာ။


ကျွန်တော် အလယ်တန်းရောက်ပါပြီ။ စမ်းချောင်း အလက(၃) က အဲဒီအချိန်တုန်းက အင်မတန် နာမည်ကြီး ပါ တယ်။ ပတ္တမြား(၃) လို့ တောင် တင်တင်စားစားလေး ခေါ်ရလောက်အောင်ပါ။ ဒါကလဲ ကျွန်တော် ပြောသ လို အစိုးရစစ်မှာ အောင်ချက်တွေကောင်းခဲ့ တဲ့ ကျောင်းလေးရဲ့ ရာဇဝင်ကြောင့်ပါ။ ကျွန်းတောလမ်းပေါ်က အဲဒီ ကျောင်း လေးဟာ တရုတ်သူဌေးမိသားစုရဲ့ အိမ်ဖြစ်ခဲ့ပါတယ်။ အိမ် တစ်လုံးအနေနဲ့  ကြီးမားခဲ့ပေမယ့် ကျွန် တော် တို့  ကျောင်းလေးဟာ အလယ်တန်းကျောင်းလေး တစ် ကျောင်း အတွက်တော့ အလွန်တရာ သေးငယ် နေ ပါတယ်။ တစ်ကျောင်းလုံးပေါင်းမှ စာသင်ခန်းလေးခန်းပဲရှိလို့ ပါ။


ကျွန်တော့်ကို ဆရာမတွေ ကချစ်ကြတယ်။ ဘာဖြစ်လို့ လဲတော့ ကျွန်တော်မပြောတော့ပါဘူး။ တော်ကြာ ခေါင်း စဉ်နဲ့ တဖြည်းဖြည်း ဝေးဝေးသွားမှာစိုးလို့ ပါ။ ငါးတန်းမှာ ကျွန်တော် စာစီစာကုံးပြိုင်ပွဲတွေ အများကြီး ဝင်ပြိုင်ခဲ့  ရပါတယ်။ တစ်ခါလားပဲ မြို့ နယ်အဆင့် နှစ်သိမ့်ဆု ရဖူးပါတယ်။ ဒါပေမယ့် အဲဒီကျောင်းလေးက ကျွန်တော် ဆိုတဲ့ ရန်ကုန်သား ကို ရုပ်လုံပေါ်အောင် ထုဆစ်ပေးခဲ့ တယ်ဆိုမမှားပါဘူး။


ကျွန်တော့် မှာ လူမကြောက်တဲ့ ရောဂါရှိပါတယ်( လူကြောက်တဲ့ ရောဂါလိုပေါ့) လူမကြောက်တော့ ဆရာ ရှေ့  လည်း ပြောချင်တာရှိ ဒိုးဒိုးဒေါက်ဒေါက်နဲ့ ကောက်ပြောတတ်ပါတယ်။ အခန့် မသင့်ရင်လည်း အလိုက်မသိ မှု ကြောင့် ဆရာတွေ ရိုက်တာ ခံရသလို အကွက်ဝင်သွားရင်တော့ ဆရာတွေရဲ့  ချစ်ခင်မှုကို ရရှိခဲ့ပါတယ်။ အဲဒီ ရလဒ်ကတော့ ကျွန်တော် ကျပန်းစကားပြောတွေ ဝင်ပြိုင်ရတော့တာပါ။ မှတ်မှတ်ရရ ကျွန်တော် ခုနှစ်တန်းမှာ စမ်းချောင်းမြို့ နယ်တစ်ခုလုံးမှာ “မိုင်းပွန်စော်ဘွားကြီး ဦးအောင်မြတ်” ခေါင်းစဉ်နဲ့ ပထမရခဲ့ ပါတယ်။ အဲဒီ က ဆက်တက်ပြီး မြို့ နယ်အဆင့်ပြိုင်တော့ “ အနော်ရထာမင်း၏ သာသနာတော်တည်တန့် ပြန့် ပွါးစေရန်ဆောင် ရွက်ချက်များ” ခေါင်းစဉ်နဲ့  ပြိုင်ပွဲရဲ့ ပထမဆုံး ကျောင်းအဖြစ်ယှဉ်ပြိုင်အပြီး ဖုတ်ကနဲ့ ပြုတ်ကာ အိမ်ပြန် လာခဲ့  ရပါ တယ်။


ကျွန်တော့်အကြောင်းက စာတော်တာထက် ဟိုစပ်စပ် သည်စပ်စပ် လျှောက်လုပ်တာတွေ ကပိုများပါတယ်။ ဘာမှ လည်း ဟုတ်တိပတ်တိ ဖြစ်လာတယ် မရှိပါဘူး။ ကျောင်းမှာလုပ်တဲ့ လှုပ်ရှားမှုတွေ လူမှုရေးကိစ္စတွေ ကို မ လွတ်တမ်း ပါဝင်ခဲ့ ပြီး ကထိန်လှည့်လို့ ဒိုးပတ်တီးတဲ့ အခါ ကိုးယို့ ကားယားနဲ့ ကွေးနေအောင်တောင် လိုက် ကလိုက်ပါသေးတယ်။ သူငယ်ချင်းတွေဘောလုံးကန် တော့လိုက်ကန်၊ ကောင်းကောင်း မကန်တတ်လို့  နောက် ဂိုး ဖမ်း၊ ဒါလည်းအဆင်မပြေပြန်၊ နောက်ဆုံးတော့ ကျွန်တော် ဒိုင်လူကြီးဖြစ်ရော။ အဲလို ဘောလုံး နဲ့  အကျိုး ပေး တာခဲ့ တာပါ။ အားကစားဆို ဘာမှ မယ်မယ် ရရ မတတ်ခဲ့ ပါ။


တစ်ခါတစ်လေ ယာဉ်စီးကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး စာမေးပွဲတွေမှာ မော်တော်ပီကယ်ဖြစ်ခဲ့ သလို၊ မူးရစ်ဆေးဝါး နဲ့ ပတ်သက်တဲ့ စာစီစာကုံးပြိုင်ပွဲတွေနဲ့  ဘိန်းပညာရှိဖြစ်ခဲ့ပါတယ်။ တီဗွီဂိမ်းတွေ ခေတ်စားလာ ပြန် တော့လည်း ကျွန်တော် လိုက်ယောင်ပြန်ပါရော၊ ဂိမ်းဆိုင်က အထွက်မှာ အတန်းပိုင်ဆရာမနဲ့ တွေ့ လို့  အတန်း ထဲမှာ အဆင့်တွေ ကျ တာ ဂိမ်းဆော့လို့ ဆိုပြီး အိမ်ကို အတိုင်ခံရပါတယ်။ အစ်မေက ကျွန်တော့်ကို ဆူပါတယ် ဒါနဲ့ ကျွန်တော့်ကို အဖွားက သူ့ အိမ်ခေါ်ပြီး ကျွန်တော့်ထက် အသက်များစွာကြီးသော စာအုပ်စင်ကြီးကို အမွေ ပေးပါတယ်။ ခုနှစ် တန်း မတက်ခင်ကစပြီး စာဆိုတာ ဖတ်ရကောင်းမှန်း သိလာရပါတယ်။


ကျွန်တော်တို့ အလယ်တန်းကျောင်းလေးက စိန့် ဖလိုမီနာဆိုတဲ့  (အထက-၂ စမ်းချောင်း) ယနေ့ ခေတ်မှာ အင် မတန် နာမည်ကြီးတဲ့  မိန်းကလေးကျောင်းနဲ့ အတော် နီးပါတယ်။ နှစ်မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပါ တယ်။ ခု နှစ်တန်းရောက် တော့ ကျောင်းဆင်းရင် အိမ်တန်းမပြန်ဘဲ အဲဒီကျောင်းဘက် အငမ်းထွက်တတ် လာ ပါတယ်။ မှတ်မှတ်ရရ ကတော့ ဥပုသ်နေ့ ကျောင်းပိတ်ရက် တစ်ရက်မှာ ကျွန်တော့်ကို ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်စိုး (နောင်အခါ စိန့် ပေါလ်ကျောင်းအုပ်ကြီး)က စိန့် ဖလို မှာ စာစီစာကုံး ပြိုင်ဖို့ ပြောထားပါတယ်။ ကျွန် တော် အဲဒီ မနက်က သူငယ်ချင်းတွေနဲ့  လက် ဖက် ရည်ဆိုင် ထိုင် ရင်း အချိန်ဖြုန်းနေခဲ့ တာ စာစီစာကုံး သွား မပြိုင် ဖြစ်ခဲ့ ပါဘူး။


ဒါပေမယ့် စာစီစာကုံး အပြိုင် လာမယ့် ကောင်မ လေး တွေသွား ငမ်းကြမယ်ဆိုပြီး သူငယ်ချင်းတွေ စက်ဘီး ကိုယ်စီနဲ့  စိန့် ဖလို ကို သွားကြ ပါ တယ် အဲဒီမှာ အ ပြင် ဘက်ထွက် ဆေးလိပ်သောက်နေတဲ့  ကျွန်တော်တို့  ကျောင်းအုပ်ဆရာကြီးနဲ့  ပက်ပင်း တိုးပါလေရော။ ဆရာကြီး ရှေ့ ကဒရောသောပါး စက်ဘီးနင်းပြီး ပြေးထွက် လာပေမယ့် ကျွန်တော့ကိုတော့ ဆရာကြီးကတွေ့ လိုက် ပါတယ်။ နောက်နေ့ မနက် ဆရာကြီးရုံးကို မျက်နှာ ကလေး အောက်ချပြီး ကျွန်တော် တက်ခဲ့ ရပါတယ်။ အမေ့ကို ပြောမပြခဲ့လို့ ခုထိ အမေမသိပါဘူး။ အဲဒီအ ချိန် ကျွန်တော် ရှစ်တန်းရောက်နေပါပြီ။


နောက်တစ်ခု အမှတ်ရတာက ငမိုးရိပ်ချောင်း ကူးပြီး ကျွန်တော်တို့ သူငယ်ချင်းတတွေ ဓနိရည် သွားသောက်ကြ တာပါ။ ကျွန်တော့အထင် ဆောင်းတွင်းဖြစ်မယ် ထင်ပါတယ်။ မနက်စောစော ကျူရှင် ကပြန်တော့ ရှစ်နာရီ မရှိ တရှိလောက် ရှိမယ်။ မြူလေးကလည်း မကွဲချင်သေးတဲ့ အချိန်ပေါ့(တချိန်တုန်းက ရန်ကုန်က သိပ်လှတာပဲ) မြောက်ဥက္ကလာသား ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ဓနိရည်သောက် မယ့် အစီအ စဉ် ကို ပြောတာနဲ့  သူငယ်ချင်း လေးယောက်သား ရထားစီးပြီး လစ်ခဲ့ ကြပါတယ်။ ရထားကလဲ သိတဲ့ အတိုင်း ရန်ကုန်သား ကျွန် တော် သိတတ်မှ အဲဒီတစ်ခေါက်ပဲ စီးဘူးတာဆိုတော့ (ရန်ကုန်မြို့ မယ်ပြောပါတယ်) ပျော်လိုက်သည့်ဖြစ်ခြင်း။ မြောက်ဥက္ကလာ တံတားလေး ဘူတာ (တံတားလေး လား တံတားဖြူလားဆိုတာ ကောင်းစွာ မမှတ်မိတော့ပါ) ထိသွား၊ မယ်လမုဘုရားကို ဖြတ်သွားရတော့ အားနာပါးနာနဲ့ ဘုရားဝင်ဖူးရင်း လိပ်ဥအတူး ထွက် ခဲ့ ကြပါတယ်။ လှေခ ငါးကျပ်ဗျ ကျွန်တော်မှတ်မိတယ်။ လှေလေးနဲ့ ငမိုးရိပ်ချောင်း တစ်ဖက် ကမ်း ကူးပြီး အဲဟို တစ်ဖက်ကမ်း ဓနိတောမှာ တစ်ခါမှမသောက် ဖူးတဲ့ ဓနိရည်သွားသောက် ခဲ့ ကြပါတယ်။ အဲလောက်ထိ အားထည့်တာပါ။


ကြွားရတာလဲ ကျွန်တော့ အိမ်တစ်ခုလုံး (ရှက်လို့ ) နီနေပါပြီ။ ရှစ်တန်းအောင်တော့ ကျောင်းမှာ ပထ မ ဆုရခဲ့  ပါတယ်။ ရှစ်တန်းအောင် တော့ စာရေးဆရာဖြစ်ချင်တယ် ဆိုတဲ့ စိတ်ကလေး ကျွန်တော့်ရင်ထဲ စတင် သန္ဓေ တည်ခဲ့အောင် ပြုလုပ်ပေးခဲ့ တဲ့ ဆရာကတော့ ကျွန်တော့ မြန်မာစာ ဆရာ ဆရာဦးမြင့်သန်း (ငြိမ်း)ဖြစ်ပါတယ်။ စာရေးဖို့ ဝါသနာ ပါသူတိုင်းအတွက် ကျေင်းတော်က စာစီစာကုံးသည် ကလောင်စမ်းရန် များစွာအထောက် အကူ ပြုခဲ့လိမ့်မယ် လို့ ကျွန်တော်ထင်ပါတယ်။

စာစီးစာကုံးရေးရင် စာအုပ်တွေထဲက ကူးကူးချ တတ်တဲ့ ကျွန်တော့ကို ဆရာက ကူးခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် တစ်အုပ်ထဲက မဟုတ်ပါဘူး စာစီစာကုံး စာအုပ် ပေါင်းများ စွာ ထဲကနေကူးပြီး အသစ် တစ်ခု ဖန်တီးစေ ခဲ့တာ ပါ။ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်၊ ဆရာ ဦးတင် ဝင်းသျှင် စတဲ့  ဆရာများ နဲ့  ဂုဏ်ထူးရှင်များရဲ့ စာစီစာကုံး စာ အုပ်တွေကနေ ကူးပြီးတော့ စာစီစာကုံးတွေ ရေး ခဲ့ပါ တယ်။ ရှစ်တန်းစာမေးပွဲ ဖြေရခါ နီး မှာ ဆရာ့ကျေးဇူး နဲ့ စာစီစာကုံးတွေကို ကိုယ်တိုင် ရေးလာ နိုင်ခဲ့ ပါတယ်။ ကူးပါများ တော့ မှတ်မိလာပြီး ဟန်ကိုလည်း သဘော ပေါက်လာခဲ့ တဲ့ သဘောပါ။ ဆရာရဲ့  ညွှန်ပြမှု သင် ပြမှုတွေနဲ့ ကျွန်တော် တစ်ယောက်ကိုယ့်စကားကို စာဖြစ် အောင် ရေးတတ်လာခဲ့ ပါတယ်။ ဆရာ့ကို ဒီနေ့ ထိ သတိရတိုင်း ကန်တော့ မိတုန်းပါ။ ဆရာပေးတဲ့  ဆုတွေ လည်း ခုထိ ကျွန်တော်နဲ့  လက်တကမ်းမှာရှိစဲပါ။


ကိုးတန်းရောက်တော့ အထက(၃) စမ်းချောင်းကို ပြောင်းခဲ့ ရပါတယ်။ ဘယ်ကျောင်းက ပြောင်းလာလာ ဖြူဖြူ မည်းမည်း အခန်းအသစ်ဖွဲ့ ကာထားတတ်တဲ့ ကျောင်းတော်ရဲ့ အစဉ်အလာကြောင့် နဝမတန်း (E) ခန်းကို ကျွန် တော်နှင့် သူငယ်ချင်းတစ်သိုက် ရောက်ခဲ့ ကြပါတယ်။ ထုံးစံအတိုင်း ဆရာမတွေက ကျွန်တော့ကို သိပ်ချစ် သွားကြပါတယ်။ ကျွန်တော်ကလည်း သိပ်ချစ်တဲ့ ကောင်မလေးတစ်ယောက်ကို အဲဒီမှာ စတွေ့ ခဲ့ရပါတယ်။ သူ ကတော့ ကိုးတန်း(B)ခန်းက အလှချောကလေး ပါ။ တွေ့ ကြပုံက ဒီလိုပါ။ ကျွန်တော်တို့ ကိုးတန်းရောက် တော့ အခြေခံပညာ ကျောင်းများမှာ စုံညီပွဲတော်တွေကို ပထမဦးဆုံးစပြီး ကျင်းပတဲ့ နှစ်ပါ။ ကျွန်တော့်တို့ ကို သမိုင်း ပေးခဲ့တဲ့ ဆရာမ ကြီး (ကျွန်တော်တို့ ကအမေ လို့ ချစ်စနိုးခေါ်ပါတယ်) က “ ဟဲ့ သားလေး နင်က မြန်မာ ရုပ်က လေး လာ ငါနဲ့  လိုက်ခဲ့  ကျောင်းကပွဲမှာ ငါနာမည်ပေးခဲ့ ပြီ….” ဆိုပြီး ကျွန်တော့်ကို အတင်း ဆွဲခေါ်သွား ပါတယ်။ ကျွန်တော် လည်း ဘုမသိ ဘမသိနဲ့ အမေ့နောက် ဒရွတ်တိုက်ပါသွားပါလေရော။ အမေ့ ကို ကျေးဇူး တင်လိုက် တာ အမေသာ ကျွန်တော့ကို သတိတရနဲ့  လာမခေါ်ခဲ့ ရင် သူလေးနဲ့ ကျွန်တော် ရင်းနှီးခွင့်ရ မှာ မဟုတ် ဘူးလေ။


တွေ့ ဖူးနေတာကြာပေမယ့် ကျောင်းတော်ကြီးက လှလှချောချော တွေက ကျွန်တော်တို့ စုံစီနဖာ (E) ခန်းက မောင်တွေကို ဘယ်လှည့်ကြည့် ပါ့မလဲလေ။ ကျောင်း ကပွဲက ထူးထူးထွေထွေရယ် မဟုတ်ပါဘူး။ ဇော်ဝင်းထွဋ် ရဲ့  “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် ”ကို သရုပ်ဖော်က ကြရတာပါ။ သူလေးက ကရင်မလေးဆိုတော့ သင် တိုင်း နီနီလေး နဲ့ အင်မတန် လှနေပြီး ချစ်စရာကောင်းနေတာပေါ့။ ကျွန်တော့်သူငယ်ချင်း ကရင်လုပ် ရတဲ့  မောင် က ကျွန်တော့ကို မခံချင်အောင်စ ကျွန်တော် ကမနာလို ဖြစ်၊ ကျွန်တော်နဲ့ တွဲရတဲ့  မြန်မာမလေးက လည်း သူ့ ရည်စားနဲ့ စကားတွေများ ကွဲမယ်ပြဲမယ်ဖြစ်။ သိပ်ကိုပျော်စရာကောင်းတဲ့ နေ့ ရက် အချိန်တွေပါဗျာ။


ကိုးတန်းနှစ် စာစီစာကုံးပြိုင်ပွဲတစ်ခုမှာ ကျွန်တော် ဒုတိယဆု ရခဲ့ပါတယ်။ ဆုပေးပွဲ ဘယ်အချိန်လုပ်မှန်း မသိ ရအောင် စိတ်တွေက ထွေနေလို့ ဆုပေးပွဲမတက်လိုက် ရပါဘူး။ မူလတန်းမှ အလယ်အတန်းအထိ တစ်နှစ် မပျက် ဆုပေးပွဲတက် ခဲ့ ရ တဲ့ အမေက မချိတင်ကဲနဲ့ ဒေါသဖြစ်နေပါသေးတယ်။ ကျွန်တော်ကတော့ စိတ်ထဲ မ ရှိပါ ဘူး သူလေး မတက်ရတဲ့ ဆုပေးပွဲ ကျွန်တော် ဘာသွားလုပ်ရမှာလဲနော့……. ဒီလိုနဲ့ ကျွန်တော် ကိုးတန်း အောင်ပါတယ်။ ပတ္တမြား(၃) ဆိုတဲ့ ကျောင်းငယ်လေးက လာတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ အထက ကျောင်းတော်ကြီးက ဒသမတန်း (A) ခန်းကိုရောက်သွားခဲ့ကြပါတယ်။ ဆယ်တန်းကျောင်းသား ဘဝမှာ စပြီး ကျွန်တော် ဘာလဲဆိုတာ သိခဲ့ရပါတယ် များပြားလှတဲ့ စာတွေ၊ မေးခွန်းဟောင်းတွေ ဟာ တစ်ခါ ကျက်လည်း မမှတ်မိ အခါခါကျက်ပေမယ့်လည်း မေ့ မေ့နိုင်လွန်းတာကြောင့်ပါ။ ဆရာဦးစိုင်းအောင်ဝင်း (အင်္ဂလိပ်စာ) ဆရာ ဦးညီညီ(ဓာတု)၊ ဆရာမ ဒေါ် နီနီထွန်း(ဇီဝ)၊ဆရာဦးချစ်အောင်(ရူပ/သင်္ချာ)စတဲ့ ဆရာတွေဆီမှာ Section တန်းတွေလိုက်တက်ရင်း ကျွန်တော့ ဆယ်တန်းကျောင်းသားဘဝ ခေါင်းမဖော်နိုင်ခဲ့ ပါဘူး။ ကျွန်တော် လုပ်ချင် သမျှ အရာအားလုံးကို မေ့ထားခဲ့ ရပါတယ်။ ရှိသမျှအားတွေကို လည်းစိုက်ထုတ်ခဲ့ရပါတယ်။ ကျွန်တော့် ရင်ထဲ စွဲနေတဲ့ သူလေး နောက်ကို လည်း မလိုက်နိုင်ခဲ့ပါဘူး။ တစ်ပါးသူတစ်ယောက် အတွက် ဆယ်တန်းဟာ လွယ်ကူ ကောင်းလွယ်ကူ နိုင်ခဲ့ပေမယ့် ကျွန်တော့ အတွက်ကတော့ တကယ်ကို ရုန်းခဲ့ရတဲ့ ပွဲပါ။


ဆယ်တန်းဟာ ကျွန်တော် တို့ ဘဝမှာ ဖြေရမယ့် ခက်သည်ထက် ခက်ခဲလှသော စာမေးပွဲများ ၏အကြို အဖြစ် စတင် မြည်း စမ်းစေ လိုက်တာလို့ ကျွန်တော်ထင်ပါတယ်။ ဘဝရဲ့ အကွေ့ ပေါင်းများစွာရဲ့ အစ ပထမ စာမေးပွဲ ကြီးလို့ လည်း ထင်မိပါတယ်။ ကျွန်တော် အကြောင်းအမျိုးမျိုးကြောင့် နာမည်ကြီး ဟယ်လ်ပင်ဝိုင်းကို မတက် နိုင်ခဲ့ ပါဘူး။ စာ မေး ပွဲဖြေခါနီး ဇန်နဝါရီလအထိ ကျောင်းတက်ခဲ့ပါတယ်။ ကျွန်တော့ ကျေးဇူးရှင် ဆရာမများက ကျွန်တော့် ကို တစ်ယောက်တည်း ရှိခဲ့ ပေမယ့် စေတနာ ပရပွနဲ့ စာတွေသင်ပေးခဲ့ ပါတယ်။ မြန်မာစာ ကို ချစ် လို့ မြန်မာစာ ဂုဏ်ထူးကိုရချင်လွန်းခဲ့ ပေမယ့် မရခဲ့ တဲ့အတွက် ကျွန်တော့် ကျေးဇူးရှင် ဆရာတွေဖြစ်တဲ့ ဆ ရာမကြီး ဒေါ်မြင့်မြင့် (ငြိမ်း) နဲ့ ဆရာမ ဒေါ်အေးအေး (ငြိမ်း) တို့ ကို ကျေးဇူး မဆပ် လိုက်နိုင် ခဲ့  ပါဘူး။


ကျွန်တော်တို့ နှစ်က(၂၀၀၀-ခုနှစ်) ရန်ကုန်တိုင်း မြန်မာစာမေးခွန်းမှာ စာစီစာကုံးရေးဖို့  “ စည်းလုံးခြင်း သည် အင် အား” နဲ့  “အိပ်မပျော်သောညတစ်ည” ဆိုတဲ့  ခေါင်းစဉ်နှစ်ပုဒ်မှ တစ်ပုဒ်ရွေးရပါတယ်။ ကျွန်တော် ဘယ် ခေါင်းစဉ် ရွေး လိုက်လဲဆိုတာ ထူးပြီးပြောစရာမလို တော့ပါဘူး။ ကျွန်တော့ ဆရာမက “ဟဲ့ ကောင်လေး နင် ဘာ ရွေးခဲ့  လဲ” လို့ မေးတော့  ကျွန်တော်က အားရဝမ်းသာနဲ့ “အိပ်မပျော်သော ညတစ်ည” လို့ လည်းပြော လိုက်ရော ဆရာမ မျက်နှာ ပျက်သွားပါတယ်။ “ငါထင်တယ် နင်အဲတာ ရွေးမှာစိုးလို့ ခုတော့ …… ဟင်းဟင်း စာ ရေးဆရာ ကြီးရဲ့ ….. ” လို အံလေးခဲပြီး ပြောပါတယ်။ ဆရာမ ပြောတဲ့ အတိုင်း ကျွန်တော် မြန်မာစာ ဂုဏ်ထူး မ ရခဲ့ပဲ ကပ်ပြုတ်ကြီး ဖြစ်သွားရပါတယ်။ အဲလောက်ထိ ကျွန်တော် ရသစာပေ ကို ရေးချင်ခဲ့တာပါ။ ကျွန်တော် လက်ဆော့ပြီး ရေးလိုက်တဲ့  “အိပ်မပျော်သောညတစ်ညက” ကောင်း လွန်းလို့  မြန်မာစာ ဂုဏ်နဲ့  လွဲ သွား ရ တာထင် ပါတယ်။


ဆယ်တန်း မှာ ဂုဏ်ထူးပေါင်းမြောက်မြားစွာနဲ့  အောင်မြင်ခဲ့ သူများ The Whole Burma စာရင်းဝင်ခဲ့ သူများကို ဘယ်သူဘယ်ဝါ တွေတော့ရသွားတယ်ဆိုတာ ကြားမိတိုင်း ယနေ့ အချိန်ထိ ကျွန်တော် ချီးကျူးနေမိပါတယ်။ သူတို့ ဘယ်လို ကြိုးစားခဲ့ ကြသလဲ။ “တော်လိုက်တာနော် ….. ” လို့ လူအများရဲ့ အချီးကျူးခံရဖို့ အတွက် သူတို့ ပေးဆပ်ခဲ့ ရ တဲ့ ခွန်အားတွေ ၊ အချိန်တွေ ၊ဆုံးရှုံးမှုတွေ ဘယ်လောက်တောင် များလိုက်မလဲဆိုတာ ကျွန်တော်တို့ မသိနိုင် ပါဘူး။“ထိုက်တန်တဲ့ ရင်းနှီးမှုရှိရမယ်” ၊ “ တစ်ခုလို ချင်ရင် တစ်ခုကို ပေးဆပ်ရတယ်” ဆို တဲ့ စကားတွေမှန်ပေမယ့် ဘယ်ရွေ့ ဘယ်မျှ ရင်းနှီးခဲ့ရတယ် ပေးဆပ်ခဲ့ ရတယ်ဆိုတာ ချီးကျူးတဲ့ လူတိုင်း တွေး ကောင်းမှ တွေးမိကြမှာပါ။ ကျွန်တော့လို ဘာမှ မဟုတ်တဲ့ သူတောင် ဒီလောက် လုပ်ခဲ့ရရင် သူတို့ လို ပါရမီရှင်များဟာ ဘယ်လောက်ထိ အားထုတ်ခဲ့ရမလဲ ဘယ်လောက်ထိ ရင်းနှီးခဲ့ရမလဲ ဆိုတာ တွေးကြည့်ပြီး အလွန် လေးစား မိပါတယ်။

ကျွန်တော် ဂုဏ်ထူးတွေ အများကြီးလည်း မရခဲ့ ပါဘူး၊ The Whole Burma ဆိုတာတော့ တွေးတောင် မတွေးဖူးတာပါ။ ဒါတောင် ဆယ်တန်းအောင်ဖို့ အတွက် ကျွန်တော်အများကြီး ကြိုးစားခဲ့ ရပါတယ်။ တစ် ခါကျက် လို့ မှတ်မိတဲ့ သူ နှစ်ခါ ပြန်ဖတ်ရင် တစ်သက်လုံး မမေ့တဲ့ သူတွေ ရှိသော်လည်း ကျွန်တော်ကတော့ ဆယ်တန်း စာမေးပွဲအတွက် ဘာသာရပ်တိုင်းကို အကြိမ်ပေါင်းများစွာ ကျက်ခဲ့ မှတ်ခဲ့ ရပေမယ့် ကိုယ့်အိုး နဲ့  ကိုယ့် ဆန် တန်ရုံပဲ ရခဲ့ ပါတယ်။


ကျွန်တော် ဘယ်လို ဦးနှောက်မျိုး ရှိလဲဆိုတာ ဆယ်တန်းစာမေးပွဲက သတိ ပေး လိုက်ပါတယ်။ တစ်သက်လုံး မင်း မကြိုးစားလို့ ကတော့ မြောင်းထဲရောက်ပြီမှတ်ဆိုပြီး အဲဒီ စာမွေးပွဲက ကျွန်တော့်ကို ပညာပြသွားတာပါ။ ရေးရေးလေး ထင်နေတဲ့  မာနလေးဟာ ဆယ်တန်းမှာ ပြန်ပြီး ဖျော့တော့ခဲ့ ရပါ တယ်။ မင်းကြိုးစာမှုတွေ လိုနေ သေးတယ် ဒီလောက်နဲ့ တော့ မရဘူးဆိုတဲ့ စကားကိုလည်း စိတ်ထဲကနေ ထပ်ခါထပ်ခါ ပြောနေ ခဲ့ မိ ပါ တယ်။


အမေက အောင်စာရင်း သွား ကြည့်တဲ့  ညက စိန့် ဂျွန်းကျောင်းကြီးရဲ့ အလယ်မှာ မျက်ရည် ကျခဲ့ ပါ တယ်။ ကျွန်တော့်ကို ကျူရှင် ကောင်း ကောင်း မထားပေးနိုင်လို့ ပါတဲ့ ။ အမေ့တာဝန် ကျေပါတယ်။ တစ်လ မှာ ကျူရှင် လခ နှစ်ထောင် အပြင်ကျွန်တော့ မုန့် ဖိုးပဲဖိုး တွေကို မလစ်ဟင်းရအောင် အမေနဲ့ အဖေက ဖြည့်ဆည်း ပေးခဲ့ ပါပြီ။ ကျွန်တော်လည်း ဝမ်းနည်းတာပေါ့ ဒါပေမယ့် ကျွန်တော်က အမေတို့  ထင်သလို မာစတာ ဘရိမ်းပိုင်ရှင် မဟုတ်ဘူး ဆိုတာ၊ ကြိုးစားမှုတွေ မလုံလောက် သေး ဘူးဆိုတာ (ကိုယ့်ကိုကိုယ်) သိခဲ့ ပြီး ဖြစ် တဲ့ အတွက် အတော် ဖြေသာခဲ့ပါတယ်။


ဟယ်လ်ပင် ဝိုင်းကြီးတက်ပြီး ဘာမှဖြစ်မလာတာနဲ့ စာရင် ခုလိုကမှ ဖြေသာ ပါသေး တယ် လို့ ပြောပြီး အမေ့ကို နှစ်သိမ့်ခဲ့ရပါတယ်။ ကျွန်တော့ အဆင့်က ဒီ လောက် ပဲရှိတာကိုးလေ။ တက္ကသိုလ် ကျောင်းတော်ကြီးကို ရောက် တော့  အရပ်ရပ်အနယ်နယ် ကျောင်း အ သွယ်သွယ်မှ ရွှေထီးဆောင်း ခဲ့ ကြ တဲ့ ကျောင်းသား တွေကို တွေ့ လိုက်ရတဲ့ အခါမှာ ကျွန်တော့် မာနဟာ သုံးစားမရတဲ့  အရာတစ်ခု ဖြစ် တယ်ဆိုတာ ပိုပြီးနား လည် ခဲ့ ရပါတယ်။ သူတို့ ဟာ ဥာဏ်ကောင်းတဲ့ သူတွေ ဖြစ်ဦးတော့ ဝီရိယ အားမ ကောင်းပဲနဲ့ တော့ တော်ကြမှာ မ ဟုတ်ဘူးလို့  မြင်လာမိတယ်။ ဝီရိယဆူးကို ရင်ထဲမှာစိုက် နေပေမယ့် ခုထက်ထိ ဝီရိယတွေက အားနည်းနေစဲ ပါ။


စကားလေး လက်စသိမ်းရမယ် ဆိုရင်တော့ ကျွန်တော် ရန်ကုန်သားဟာ လူအများကြားက လူသား တစ် ယောက် ထက်မပိုတဲ့  သူသာလျှင်ဖြစ်ပါတယ်။ ငယ်ဘဝမှာ ရရှိခဲ့ တဲ့ ဆုတွေ ရှိခဲ့ ပေမယ့်  ဆယ်တန်း အောင် လို့ တက္ကသိုလ်ရောက်တဲ့ အခါ ဝီရိယလိုအပ်ခြင်းဟူသော ဆူးတစ်ချောင်း ကိုရင်ထဲမှာ စိုက်ခဲ့ မိပါ တယ်။ ကျွန်တော်ရခဲ့တဲ့ ဆုတွေဟာ တစ်ခါတစ်ရံ ကိုယ့်ကိုကိုယ်(ယောင်မှားပြီး) အထင်တွေကြီးမိမလို ပင်ဖြစ်ဖြစ်သွား စေခဲ့ ပါ တယ်။ နွားခြေရာခွက် ထဲက ဖားငယ်ပုံပြင်ဟာ ဒီနေရာမှာ အင်မတန် ထိမိလှတဲ့ ပုံပြင်လေးပါ။ ကြိုးစား ရ လွန်းလို့ မောနေပေမယ့် ဆက်ပြီးလည်း ကြိုးစား နေရဦးမှာ ပါလားဆိုတာ ကျွန်တော် နား လည်လာ မိတယ်။ ဆရာ ပါမောက္ခကြီး တစ်ဦးရဲ့ ဆုံးမ စကားတစ်ခွန်းဟာ ကျွန်တော့ရင်ထဲ မှာ မြဲနေအောင် စွဲနေခဲ့မိပါတယ် ….. ဒါပေမယ့် ဒီနေ့ အထိ ဆိုးတတ်တဲ့  ဥာဉ်လေးတွေ ကရှိနေစဲပါ …….



မင်း တို့ခင်မောင်တိုးရဲ့ ကြိုးကြာသံ သီချင်းကို သိကြတယ် မဟုတ် လား။ အေး ဒီလိုပဲ မင်းတို့ ဟာ မိုင် ထောင် ချီ ပျံသန်းနေ တဲ့ ကြိုးကြာငှက်တွေ လိုပဲကွ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ပျံသန်း နေကြတာ။ ငါ ဆိုလိုတာက မင်းတို့  သူတစ်ပါးကို လိုက်ပြီး ပြိုင်နေရမယ်လို့ ပြောတာမဟုတ်ဘူး။ အချိန်တန်လို့  ရောက် ရမယ့် နေရာ ကို၊ ရောက်သင့် ရဲ့  သား နဲ့  မရောက် နိုင်သေးရင် မင်းပဲ ကျန်ရစ်နေတဲ့ သူ ဖြစ်လိမ့်မယ်။ ဒီတော့ ဝီရိယ ထုတ်ပြီး ကြိုးစားကြပါ ပျံသန်းကြပါ….. ရေသာ ခိုမနေကြနဲ့  ဒရွတ်တိုက် လိုက်မနေ ကြနဲ့  …… ကျန်ရစ်အဖြစ် မခံကြနဲ့ ….. မင်းတို့ ဘဝကို မင်းတို့ တောက်ပြောင်အောင် ကြိုးစား ကြပါ……. ”


ကျွန်တော့် ညီအစ်ကို မောင်နှမတစ်တွေလည်း ဝီရယ အားများဖြင့် ရောက်ရှိနေသော နေရာတိုင်း အရပ် တိုင်းမှာ အောင်မြင်မှုတွေ ရနိုင်ကြပါစေ လို့ ဆန္ဒပြုလိုက်ရပါတယ်။



မမဝါ ကျွန်တော်အကြွေးဆပ်ပြီးပါပြီ။ တက်ဂ်ပို့ စ်အတွက် ကျေးဇူးလည်းတင်သလို အနည်းငယ်လည်း လန့် လျှက် ရှိပါသည် နောင် တက်ဂ်ပိုစ့်ထိမှာ ကိုပါ ။ ကျွန်တော့ ပထမဆုံးတက်ဂ်ပို့ စ်ဖြစ်တဲ့ အတွက် အတွေး အခေါ်အယူ အဆ မှားယွင်းခဲ့ပါလျှင် မမကော စာဖတ်သူများပါ ခွင့်လွှတ်ဖို့ အနူးညွတ်တောင်းပန် အပ်ပါသည်။

*********** ********** ********** ********** ********** ********** *****

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူး တင်ပါ တယ်....ကျွန်တော့်ရဲ့ မတတ်တ တတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင် တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)