Thursday, July 30, 2009

သား


“သား အဖေတို့ အဖေတွေဟာ အမေ တွေလို ပါးစပ် က ထုတ်ပြောပြီး ချစ် မပြတတ် ပေမယ့် အမေတွေ က သား တို့ ကိုချစ်သလိုပဲ မလျော့ တဲ့ အချစ်တွေ မေတ္တာ တွေနဲ့ ချစ်ကြပါတယ်သားရယ်။ သားအမြင် မှာ အဖေဟာ သား လုပ်သမျှ အပြစ်မြင်နေတဲ့ သူ ဖြစ်ချင်ဖြစ်မယ်၊ သား ကြောက်ရတဲ့ သူ ဖြစ်ချင်ဖြစ် မယ်၊ အဖေ့ ရင်ထဲက နှလုံး သားကတော့ သား ကို ချစ် တဲ့ အချစ်တွေနဲ့  ပြည့်နေတာ ပါသားရာ။ ”








ဇင် ကသူ့ လက်ထဲမှ သားရေအိတ်ကို ဆွဲယူလိုက်သည်။ သူ အတော် ပင်ပန်းနေပြီ ဖြစ်သည်။ ဇင့် ကိုနွမ်းနယ်နေ သည့် ကြားက သူ အားယူပြုံးပြ ရင်းအိမ်ထဲ သို့  လှမ်း ဝင်လိုက်သည်။ ငါးရက်လုံးလုံး စာမေးပွဲခန်းထဲ ထိုင် ကာ ကျောင်း သား များကိုလူတွေ့ စစ်ဆေးရသည်မှာ လွယ်ကူသောအလုပ်တော့မဟုတ်။ စာ မေးပွဲ ပြီးပြီးချင်း သူ နား ပင် မနားပဲ မန္တလေးမှ တောက်လျှောက် ပြန်ဆင်းလာ ခဲ့သ
ည်။ ဒီကနေ့ နေ့ လည်တွင် ဆေးခန်းထိုင်ဖို့ ကရှိသေး သည်။


တစ်ညလုံးကားစီးလာရသဖြင့် သူ့ တစ်ကိုယ် လုံး ညောင်းညာတောင့်တင်းလျက်ရှိသည်။ အသက်အရွယ် ရလာ တော့ ငယ်ငယ်ကလို အပင်ပန်း သိပ်မခံနိုင် တော့။ အိမ်ထဲဝင်ဝင်ချင်း ဘာဂီတရယ်မသိသော တီးလုံးသံတွေကို သူ စိတ်မချမ်းမြေ့စွာကြားလိုက် ရသည်။


စိတ်ပင်ပန်းလူပင်ပန်း ရသည့်အထဲ ဆူဆူညံညံအသံတွေကြောင့် သူ ဒေါသထောင်းကနဲ ဖြစ်သွားသည်။ ဒီကောင့် ကို ဒီလိုသီချင်းတွေ နားမခံသာအောင် မဖွင့်ပါနဲ့ လို့ သူ အခေါက်ပေါင်းများစွာ သတိပေးခဲ့ ပြီ။ ချော့၍ လည်းပြောခဲ့ သည်။ ခြောက်၍လည်းပြောခဲ့သည်။ အဲဒီ ဝူဖာ သံတစ်ဒုံးဒုံး မပါရင် သီချင်းနား ထောင်ရတာ အား မရဘူးဆိုပဲ။ မနက်ရှစ်နာရီခွဲသည် မစောလှတော့သော်လည်း ပတ်ဝန်းကျင်ကို အားနာဖို့ ကောင်းလှသည်။


တစ်နေ့ လုံးအလုပ်သွားပြီး နေဝင်မှပြန်လာသော သူပင် နားမခံသာလျှင် အိမ်နီးနားချင်းတွေဆိုလျှင် အဘယ် မျှ နားပူလိုက်မည်နည်း။ သူ့ မျက်နှာကြောင့် သာ မည်သူမျှမငြူစူကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ တစ်ခါတစ်ခါ သူတော်တော်ရှက်ရသည်။ အဖေလုပ်တဲ့ သူက ဆရာဝန်ကြီး။ သားလုပ်တဲ့ သူက နား ပေါက်နဲ့ နားကွင်းနဲ့ ။ ဆံပင်က မီးလောင်ထားသလို ဟိုတစ်ကွက် ဒီတစ်ကွက် ထောင်နေအောင် ဂျယ်နဲ့ ထောင်ထားသေးသည်။ အဖေ့ ကိုကြောက်လို့ သာ တစ်ခေါင်းလုံးရွှေရောင်ဆိုးမထားတာ ဟု ဇင်ကသားဘက်က ရှေ့ နေလိုက်သည်။


မျက်လုံးအောက်ကပင် လိုင်နာလို မျိုးပင်ဆိုးထား တတ်သေးသည်။ ကိုမွေးထားတဲ့ သားမှဟုတ်ရဲ့ လားဆိုတာ ကိုယ့် ကို ကိုယ်ပြန်မေးရမှာပင် ရှက်မိသည်။ ခေတ်ရေစီးကြောင်းကို သူနားလည်ပါသည်။ သို့ သော်ခေတ်မှီ တာနဲ့  သရုပ်ပျက်တာက တစ်ခြားစီဖြစ်သည်ဟု သူနားလည်သည်။ သူလဲလူငယ်ဘဝကို ဖြတ်ကျော်လာခဲ့  သည်ပဲ။ သူနားလည်တာပေါ့။


သူ မျက်နှာပျက်သွားသည်ကို သူ့ အားအရိပ်လိုကြည့်နေသော ဇင်က ရိပ်မိသည်။ သူ့ လက်မောင်းကိုကိုင်ခါ ဧည့်ခန်းထဲ သို့ အသာဆွဲခေါ်သွားသည်။ မွေးထားတဲ့ သားကတစ်ယောက်တည်း။ ဆယ်တန်းအောင်ပြီးပြီ။ ဥာဏ်လေးက ကောင်းတော့အပျင်းကထူသည်။ အဲဒီတော့ ဖြစ်သင့်သလောက် ဖြစ်မ လာ။ သူ့  အတွက် သား သည် မျက်လုံးရှေ့ ဖြတ်လျှောက်သည် နှင့်ကန့် လန့် ကြီးကို ဖြစ်ဖြစ် လာ သည်။


ဇင်က သားကို နည်းနည်းအလိုလိုက် ချင်သည်။ သူ အစစ အရာရာ လိုက်ပြောမနေချင်။ သတိပေးမည် လမ်းပြ မည်။ လမ်းမှားလျှင်တည့်ပေးမည်။ အဖေက ပစိပစပ်ကို များတယ်လို့ အပြောမခံချင်။ ပြီးတော့ သားကို သူ ရိုက် လည်း မရိုက်ချင်။ လေသံမာမာနှင့်ပင် မလွှဲသာလို့ ပြောရတဲ့ အခါ သူ့ ရင်တွေနာရသည်။


“ ကို…ထိုင်ဦး ဇင် သံပုရာရည်လေး သွားဖျော်လိုက်ဦးမယ်။ တစ်ညလုံး ကားစီးလာရတာ ဆိုတော့ ငြီးစီစီ ကြီး ဖြစ် နေမှာပေါ့ ပေးပေး ဇင့်ကို အဲဒီအကျီ င်္… ..နားလိုက်ဦးထိုင်ပြီး ခဏ…”


ဇင်က ခရီးဆောင်သရေအိတ်ကို ဆွဲလျက် သူ့ ရှပ်အကျီ င်္ကိုအချွတ်ခိုင်းပြီး တပါတည်းယူကာ အိမ်နောက်ဖက် ဝင်သွားသည်။ ကက်ဆက်မှ စူးစူးဝါးဝါး ထွက် ပေါ်နေသောတီးလုံးသံတွေ ရုတ်တရက်တိုးသွားသည်။ ဇင်က အဲလို သားကို အကာအကွယ်ပေးတာ။ သူ ကုလားထိုင်ကို မီလျက် ခေါင်းကို နောက်မှီပေါ်သို့ တင်ထားပြီး မျက်စိကို အသာမှိတ်ထားလိုက်သည်။


ခေါင်းထဲက တစစ်စစ် ကိုက်လာသလိုရှိသည်။ ဇင့် သံပုရာရည်သောက် ပြီးရင်တော့ ရေကိုစိမ်ချိုးပစ်ဦးမည် ဟု စိတ်ကူးသည်။ ထမင်းစားပြီးချိန်တွင် ရွှေဘုံသာလမ်းဆေးခန်းကို ပြေးရဦးမည်။ ဇင်က သံပုရာရည်ဖန်ခွက်ကို သူ့ ရှေ့  တွင် ချလိုက်မှ သူမျက်လုံးကိုဖွင့်ကြည့်လိုက်သည်။ ကိုယ် ကို အနည်းငယ် လျောလျောလေးထိုင်ရင်း ဇင့် သံ ပုရာရည်လေးကို အရသာခံသောက်လိုက်သည။ ဇင့်ရဲ့ သံပုရာရည်လေးက ချဉ်ပြုံးပြုံးလေးဖြင့်ချိုသည်။


သား ကိုထွက်နေသော ဒေါသက သိပ်မပြေချင်သေး။ ဇင် ကစကားလမ်းကြောင်းတွေ လွှဲပြီးပြောနေ ပေ မယ့် သူ့ ခေါင်းထဲမှ သားကို သူဖယ်ထုတ်၍မရ။ ဒီကောင့်ကို သူလုံးဝအားမရပေ။ သူ ကအားတဲ့ အချိန်မှာ စာ ဖတ် စေချင်သည်။ အကျိုးရှိအောင် အင်္ဂလိပ်စာကို လေ့လာစေချင်သည်။ သူ့ စာအုပ်စင်သည် သားအတွက် ကတော့ အမှိုက်ပုံသာသာ မျှသာရှိသည်။ သူ အိမ်ပြန်ရောက်လာလို့ သားစာဖတ်နေတာတစ်ခါမှမတွေ့ ရ။ သီချင်း ကို ခုနှစ် အိမ်ကြား ရှစ်အိမ် ကြားဖွင့်ကာ အော်ချင်ရာတွေအော်နေမည် သို့ မဟုတ် ကွန်ပျူတာဂိမ်း ကစားချင်က စား နေ မည်။ သူဝယ် ပေး ထားသော ကွန်ပျူတာသည် သား လက်ထဲ တွင် ဂိမ်းကစားဖို့ လောက်သာ အသုံး ဝင်သည်။


ရှိုးပွဲမျိုးစုံကို မလွတ်တမ်းကြည့်မည်။ မျက်စိနောက်စရာကောင်းသော အဝတ်အစားတွေ ဝတ်မည်။ ဘောင်းဘီ ပွပွကို ပိုသီပတ်သီ နဲ့ အပေါ်က တီရှပ်လိုလို သင်တိုင်းလိုလို ဟာမျိုးကို ဝတ်ထားရင် သူ့ မျက်စိထဲ နည်းနည်း မှကြည့်လို့ မရ။ ဆယ့်လေးငါးခြောက်နှစ်သည် ငယ်တော့သည့်အရွယ်မဟုတ်။ ဒီအဝတ် အ စားတွေ ဒီပုံစံတွေ ကို ထားတော့ သူနားလည်ပေးနိုင်သည်။ ဘာကိုမှအလေးမထားတတ်တာတွေ ပြောလျှင်ပေစောင်းစောင်း ပြန်ကြည့်တာတွေ ကိုယ့်တိုး တက်ရာ တိုးတက်ကြောင်း ဘာကိုမှစိတ်မဝင်စား အဆိုးဆုံးကစာမဖတ်တာ အဲတာ တွေကို သူ လုံးဝမကြိုက်ပေ။


ဘာသာတရားဆိုတာလည်း ပြောလိုက်ရတာ အာတောင်ပေါက်တော့မည်။ အမေ ကတစ်မျိုးအဖေ ကတစ်မျိုး။ ဝယ် ပေးလိုက်ရတဲ့ စာအုပ်တွေကလည်း ရေတောင်မရေနိုင်။ စာအုပ်တွေတသာ ဖုံတက်လာတယ် သားကတော့ လှည့်တောင်မကြည့်။ ပြောတုန်းခဏ အားနာပါးနာနဲ့ ဟိုလှန် သည် လှောလုပ်တာ ကလွဲရင် ဖတ်သည့်ပုံမပေါ်။ အလိမ္မာ စာမှာရှိဆိုတဲ့ စကား စာမဖတ်တဲ့ လူအတွက်ကျတော့ ဘယ်လိုဆိုရမည်နည်း။


ဗီဇလား။ မျိုးရိုးလား။ အဖေလုပ်တဲ့ သူကဆရာဝန်၊ အမေလုပ်တဲ့ သူက စီပွားရေးပညာနဲ့ ဘွဲ့ ရထားသူ။ ဘယ် ကဗီဇတွေလဲ။ ဘယ်ကမကောင်းတဲ့ အကျင့်တွေလဲ။ မိဘကမဆုံးမလို့ ဆိုလည်းထားတော့ မိဘခေါင်း။ ခုဆုံးမ လိုက်ရတာလည်း ဆုံးမတဲ့ သူကသာရှက်လာတယ်။ သားကတော့ ဒုံရင်းက ဒုံရင်း။ အပေါင်းအသင်းနဲ့  သွားရ လာ ရတော့မယ်ဆိုရင် ထမင်းမေ့၊ ဟင်းမေ့၊ မိဘပါမေ့ အကုန်မေ့တာ။ အမေလုပ်တဲ့ သူ ကသားပြန်မလာ ရင် လည်ပင်းကိုရှည် လို့ ။


သူ ကဝင်ပြောရင် ကလေးပဲ ကလေးပဲနဲ့ ဇင်က သားဘက်ကလိုက်ပြောသေးသည်။ မသောက်တတ် မစားတတ် သေးတာပဲကျေးဇူးတင်လို့ ဆိုတာကပါလိုက် သေးတယ်။ သောက်ကြည့်ပါလား။ လူလေးက လက်တောက် လောက်နဲ့ အိမ်ကို မူးပြီးပြန်လာလို့ ကတော့ အိမ်ဝကနေ ဆီးပြီးကန်ချမယ်။ သူ စိတ်ထဲက ဘယ်လောက်ပဲ ကြိမ်းထားထား တကယ်တမ်းကျတော့ သားကို သူ မရိုက်ရက်။ သားမျက်နှာကို ကြည့်ပြီး သူ့ လက်သီးတွေကို ရှေ့  ဆက်မထုတ်နိုင်အောင် ဖြစ်ရသည်။ သားကို သူချစ်တာပေါ့။ သူ မွေးထားတဲ့ တစ်ယောက်တည်းသာရှိ တဲ့  သူ့ သားပဲ။


ချစ်လွန်းလို့ လည်း သား ကောင်းအောင်သူပြောနေရခြင်းဖြစ်သည်။ ခေတ်ကပဲပြောင်းလာတာလား၊ လူငယ်တွေ ကပဲ မိဘတွေအပေါ်မှာ မနာခံတတ်တော့ တာလား၊ ဒါမှမဟုတ် သူ့ သားကျမှပဲ သူ မျှော်လင့်ချက်တွေထား လွန်း လွန်းလို့ ဒီလိုဖြစ်နေရလာတာလား။ သူ့ ကိုယ်သူ ထိုမေးခွန်းတွေကို အကြိမ်ပေါင်း များစွာမေးနေမိသည်။ မျှော်လင့်ချက်ဆိုတာ ကလည်း မိဘကသားသမီး ကောင်းစားရင် ပီတိသာစားရမှာပါ။ ဘာကိုမှလည်း မျှော်လင့် တာတော့ မဟုတ်။ သူ တို့ ဘဝလေး သာသာယာယာ ဖြစ်စေချင်တဲ့ စေတနာချည်း သက်သက်ပါလေ။



သားနားလည်စေချင်တယ်။ သားလုပ်သမျှ အပြစ်တွေလိုက်ပြောနေတာလို့ မထင်စေချင်ဘူး။ ဒေါသထွက်တယ် ဆိုတာ မြင်ရကြားရတဲ့ သူ တွေက စိတ်မ ချမ်း မသာဖြစ်ရသလို၊ ဒေါသထွက်ရတဲ့ လူရဲ့ ရင်တွေဘယ်လောက် ပူ ရတယ်ဆိုတာ သားသိပါလေစ။ သားအမြင်မှာ သူ ကလူကြမ်းဖြစ်ချင်ဖြစ်မည်။ ဒီ ဂရု ဏာဒေါသေတွေ ဟာ သား ကို ကောင်းစားစေ ချင်လို့ ဆိုတာ သားနားလည်စေချင်သည်။


ဇင် ကတော့ တစ်ခါတစ်ခါပြောတတ်သည်။
“ အဲလို မပြောပါနဲ့ ကို ရယ် သားက ကို့ ကိုသိပ်ချစ်ပါတယ်။ ကလေးဆိုတော့ သူလုပ်ချင်တာကို ကို က ခွင့် မပြု တဲ့ အခါကျတော့ နည်းနည်း မကျေနပ်တာ ပါ။ သူ အိမ်ပြန်လာရင် ကို့ ကို ပဲမေးမေးနေတာ ဖေ ပြန်ပြီလား ဖေ ပြန် လာပြီလားနဲ့ ။ ချစ်လည်းချစ် ကို့ ကို ကြောက်လည်းကြောက်ရှာတာပါကွယ်…”


သား အဖေတို့ အဖေတွေဟာ အမေတွေလို ပါးစပ်ကထုတ်ပြောပြီ့း  ချစ်မပြတတ်ပေမယ့် အမေတွေ က သား တို့ ကိုချစ်သလိုပဲ မလျော့တဲ့ အချစ်တွေ မေတ္တာတွေနဲ့ ချစ်ကြပါတယ်သားရယ်။ သားအမြင်မှာ အဖေဟာ သား လုပ်သမျှ အပြစ်မြင်နေတဲ့ သူဖြစ်ချင်ဖြစ်မယ်၊ သား ကြောက်ရတဲ့ သူဖြစ်ချင်ဖြစ်မယ်၊ အဖေ့ ရင်ထဲက နှလုံး သားကတော့ သားကိုချစ်တဲ့ အချစ်တွေနဲ့ ပြည့်နေတာပါသားရာ။


ခုအဖေ ရှာနေတာ ဖွေနေတာတွေဟာ သားအတွက်ပေါ့။ သားစီးနေတဲ့ ကား၊ သားသုံးဖြုန်းနေတဲ့ ပိုက်ဆံတွေ၊ သားကိုင်ထားတဲ့ တယ်လီဖုန်းတွေ ဒါတွေ အတွက် အဖေတို့ ရှာနေကြတာပါ။ သားသာလိမ္မာရင် အဖေအိမ်ပြန် လာတဲ့  အခါ အမောပြေတာပေါ့။


သားကိုပြောချင်တဲ့ စကားတွေက သူ့ ခေါင်းထဲမှာ အစီအရီရှိနေသော်လည်း၊ အကြိမ်ကြိမ်စိတ်ထဲကပြောနေ သော်လည်း သားကို သူ အသေအချာ မပြော နိုင်သေး။ သား ရဲ့ မျက်နှာပုံ မျက်နှာပန်းကို ကြည့်ပြီး ဒေါသတွေ ထွက်ရတာနဲ့ တင် သူ သားကို အော်မိငေါက်မိကုန်သည်။ သူ စိတ်ညစ်သည်။ သားအပေါ် လည်း စိတ်ပျက်ချင် လာသည်။ ဘယ်လို ဆုံးမရမှာလဲ။ ကျွဲရိုက်နွားရိုက် ရိုက် ထိုးရကြိတ်ရအောင်လည်း သူ့ အသည်းမမာ၊ ရိုက်စရာ နှက်စရာလည်းမလို ဟုလည်း သူထင်သည်။ သားရဲ့ အဆင့်အတန်းက အဲလောက်တော့ မနိမ့် ဘူးဟု သူယုံသည်။


ရေချိုးရင်းက သားအကြောင်းတွေးနေတာနဲ့ ရေချိုးတာ အတော်ကြာသွားသည်။ ရေချိုးခန်းတံခါးကို ဇင် လာ ခေါက် တော့မှ သူ ပြန်ထွက်လာမိသည်။ ဇင်က သူ့ ကို ဖေကြီး သားအကြောင်းတွေတွေးနေပြန်ပြီလား ဟူသော မျက်လုံးတွေနဲ့ ကြည့်ပြီးပြုံးပြသည်။ ဇင် ကသူ့ ဇနီးပီသသည်။ သူ့ စိတ်ကို အပ်ကအစသိ သည်။ သူ့ သွေး ဖြစ်သည့်သူ့ သားက သာ သူ့ ကိုနားမလည်ခြင်းဖြစ်သည်။


ထမင်းစားပွဲသည် သူ့ ကို လှောင်ပြောင်နေသည်ဟု သူခံစားလိုက်ရသည်။ထမင်းဝိုင်းတွင် သားနဲ့ တူတူ ထမင်း စားချင်သည်။ သား တစ်နေ့ လုံးဘာတွေ လုပ်လဲ၊ ဘာတွေတွေးခေါ်ခဲ့ လဲ၊ ဘာတွေဖတ်မှတ်လေ့လာခဲ့ လဲ၊ သားအတွေးအခေါ်တွေက ဘယ်လိုလဲ၊ သား နောက်ဘာတွေဆက်လုပ်မလဲ၊ ဒါတွေကို သူ နားထောင်ချင် သည်။ သားနဲ့ ဆွေးနွေးချင်သည်။ သားနဲ့ အတွေးအခေါ်တွေ အယူအဆတွေ အမြင်တွေ ဘာနဲ့ ပတ်သက်လို့ ပဲ ဖြစ်ဖြစ် သူ ငြင်းခုံချင်သည်။ သား ကသူ့ ကို စကားနဲ့ လွှမ်းမိုးစေချင်သည်။ သူ အထင်တွေကြီးရတဲ့ သားဖြစ်စေ ချင်သည်။


ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်ရမယ်လို့ သူ သားကိုတစ်ခါမှမပြောဘူးပေ။ သားဘဝအတွက် သားကြိုက်တဲ့ လမ်း ကို ရွေး၊ ဘာပဲဖြစ်ဖြစ်လက်ခံသည်။ ကျောင်း စာကိုကြိုးစားစေချင်သည်။ ဒါလဲ သားလို ချင်တဲ့ အသက်မွေးဝမ်း ကြောင်းပညာတစ်ခုကို ကောင်းကောင်း ရွေးချယ်ခွင့်ရစေရန်သာဖြစ်သည်။ ဆရာဝန်ဖြစ်မှ အင်ဂျင်နီယာ ဖြစ်မှ လူရာဝင် သည်မဟုတ်။ ဘယ်တော့မှလည်း သူ သားကို ဖိအားတွေမပေး။ နားလည်အောင်ပြောပြသည်။ ရှင်းပြ သည်။ အဖေက ပွား လိုက်ကွာ ဆိုတဲ့ စကားကိုသာ သားကပြောချင်ပြောမည် သူပြောတာတွေ နားထဲမဝင်။


သားငယ်သေးလို့ လား။ မငယ်တော့ ပါဘူး။ တက္ကသိုလ်ကျောင်းသားတောင်ဖြစ်တော့မှာပဲ။ ခုထက်ထိ ဂိမ်းက စားမယ်၊ လည်မယ်ပတ်မယ်၊ ဝတ်မယ်စား မယ်၊ ဒါတွေပဲ ခေါင်းထဲရှိသည်။ သူ ပင်ပန်းတာနဲ့ သားအကြောင်း တွေးရင်းက ရင်မောရတာနဲ့ ရောပြီး ထမင်းတောင် စားမဝင်တော့ပေ။ ရေကိုသာ ဗိုက် ပြည့်သွားအောင် မော့ သောက် လိုက်ပြီး ဇင့်ကို တောင် ဘာမှမပြောမိဘဲ ထမင်းဝိုင်းကထလာခဲ့မိသည်။


သားအခန်းဝတွင် သူရပ်နေသည်။ ခဏနေရင် သူဆေးခန်းသွားရတော့မည်။ တစ်ပတ်လုံး မတွေ့ ရသောသား ကို သူ လွမ်းသည်။ တံခါးဖွင့်ပြီး ဝင်သွားရင် ကောင်းမလား၊ သားကို တံခါးခေါက်ပြီး အရင်အသိပေးနေကျမို့  သားအခန်းတံခါးကို ခေါက်လိုက်သည်။ ခပ်တိုးတိုးထွက်ပေါ်နေသော သီချင်းသံမှလွဲ၍ သားဆီမှတုံ့ ပြန်သံမ ကြားရ။ အိပ်များပျော်နေသလား။ ဒီကောင်လေး နေ့ ခင်းကြောင်တောင်ကြီး။ ညက သူ မရှိတုန်း ဂိမ်းတွေ ညဉ့်  နက်အောင် ဆော့သည်ထင်သည်။


အခန်းတံခါးသော့ ကို အသာလှည့်ကြည့်တော့ သားအခန်းတံခါးက ကျွီ ကနဲ ပွင့်သွားသည်။ သားအခန်းထဲ တွင်ထုံးစံအတိုင်း၊ ရှုတ်ပွနေသည်။ အဝတ်အစား တို့ လို့ တွဲတောင်းတွေ သီချင်းခွေတွေ မဂ္ဂဇင်းစာအုပ်တွေ၊ ခြေ အိတ်အဟောင်းတွေ၊ ထိုအရာတွေကို သူ မမြင်လိုက်သလို ဟန်ဆောင်လျက် သားဆီကို ဖွဖွ ကလေးလျှောက် လျက် တိုးကပ်သွားသည်။


သားက ကုတင်ပေါ်တွင် တဖက်ကို စောင်းလျက်အိပ်ပျော်နေလားမသိ။ ငြိမ်နေသည်။ သူ သားဘေးတွင် အ သာ ဝင်ထိုင်လိုက်သည်။ သူ့ စိတ်ထဲတွင် သားကို ကြည့်လျက် တစ်မျိုးကြီးခံစားလိုက်ရသည်။ သားတကယ်ပဲ နှစ်နှစ်ခြိုက် ခြိုက် အိပ်ပျော်နေတာလား။ သူ သားကိုယ်ကို ကျော်ပြီး သားမျက်နှာကို လှမ်းပြီးကြည့်လိုက်သည်။ သားမျက်လုံးတွေ ရုတ်တရက်ပွင့်လာပြီး သူ့ ကို အလန့် တကြားကြည့်သည်။ သူ ပင်သားအကြည့်ကြောင့် ရုတ်တရက် လန့့်သွားသည်။


“ အာ .. ဖေ ဘာလို့ သားအခန်းထဲ တံခါးမခေါက်ပဲဝင် လာတာလဲ….လန့် လိုက်တာ။…”


သားအသံတွေက ပလုံးပထွေးနဲ့ အိပ်ချင်မူးတူးများဖြစ်နေတာလား။ သားဘာလို့ ချွေးတွေပြန်နေတာလဲ။ ချက် ချင်းကြီး သူ့ ကိုတွေ့ တွေ့ ချင်း ဘာလို့ ဝူးဝူး ဝါးဝါး ဖြစ်ရတာလဲ။ သားက အိပ်နေရာက ထကာ ခေါင်းရင်းဘက် သို့ တိုးကပ်သွားသည်။ သားမျက်လုံးတွေက။ သူ ထိုင်နေရကပင် ရုတ်ကနဲ့ မတ်တပ်ရပ်လိုက်မိသည်။ ကြမ်းပြင် သည် ငြိမ့်ကနဲ့ အောက်သို့ အိကျသွားသလို ရှိသည်။ မျက်လုံးထဲတွင်ပင် ပြာကနဲ ဖြစ်သွားသည်။


သူ သားကိုချစ်စိတ်နဲ့ မဟုတ်ပါဘူးလို့ ဘယ်လောက်ပဲပြောပြော၊ အနှစ် နှစ်ဆယ်မျှသော သူ့ အတွေ့ အကြုံတွေ ကြောင့် သူ့ မျက်လုံးကတော့ သားကို ကောင်းကောင်း အကဲခတ်ပြီးဖြစ်သည်။ သားက သူ့ ကို ကြောက်လန့် တ ကြားကြည့်နေသလို သူကလည်းသားကို ဝမ်းပန်းတနည်း နဲ့ ကြည့်နေမိသည်။ သူ့ တစ်ကိုယ်လုံးတုန်ရင်လာ သည်။ သူ့ ပါးစပ် က “ မင်း …မင်း….” ဆိုတာကလွဲလို့ ဘာမှထွက်မလာ။


“ကို ….ဘာဖြစ်တာလဲ…..ဘာဖြစ်တာလဲ….သား……”

“ မင်း…သား…..မင့်သား…..ဆေးတွေသုံးနေတာ….မင်းမသိဘူးလား…..”

“ဟင်…”

ဇင့် အသံက သူ့ ထက်ပင် အံ့သြနေသလိုရှိသည်။ ဇင်ကသားအနားကို တိုးကပ်သွားပြီး အတင်းမေးနေသည်။ သားက မဟုတ်ပါဘူးချည်းငြင်းသည်။ သူ ဇင်နှင့်သားကို ထားပြီး ဧည့်ခန်းသို့ ထွက်လာခဲ့သည်။ သူ့ ရင်ထဲတွင် ဘာမှမရှိတော့သလို ဟာသွားသည်။ ဧည့်ခန်းတွင် သူအရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။ သူ့ နားတွေလည်းအူ နေ သလို၊ သူ့ မျက်လုံးထဲတွင်တော့ သား သူ့ ကိုကြည့်သောအကြည့်တွေကို သာမြင်ယောင်နေမိသည်။

နံရံတွင်ချိတ်ဆွဲထားသော ဓါတ်ပုံထဲမှ သူ့ ဖခင်က သူ့ ကို အထင်သေးစွာကြည့်နေသလို။ ကိုယ့်သားကို ကိုယ် ကောင်းကောင်းမဆုံးမနိုင်တဲ့ ကောင် မင်းငါ့ သားမလုပ်နဲ့ လို့ ပြောနေသလို။ အဖေ နှုတ်ခမ်းထောင့်က အပြုံးက တွေ့  ပလား မင်းအသုံးမကျလို့ ဖြစ်တာလေ ဆရာဝန်ကြီးရဲ့ လို့ ခနဲ့ ပြုံးပြုံးနေသလို။


အဖေ ရယ်ပါတော့၊ သေရာက ထပြီး ရိုက်ချင်လည်းရိုက်ပါတော့၊ ကျွန်တော်တော့ ကျွန်တော့ ရဲ့ သားဆိုတာ ယုံတောင် မယုံ တော့ပါဘူးဗျာ။ သူ တာဝန်တွေ ဘာများ မကျေခဲ့လဲ။ မရိုက်နှက်ရုံတမယ် ဆုံးမခဲ့ ပြီ။ သူ့ ကိုမုန်းအောင် ပင် ဆုံးမခဲ့ ပြီးပြီ။ သားအတွက် သူ့ ကိုယ်သူ လူကြမ်းလုပ်ခဲ့ ပေါင်းလည်း မနည်း တော့။ နာရသည့်ရင်တွေမှာလဲ ကျိန်းစပ်လို့ ပင်နေပြီ။ အဖေတစ်ယောက် အနေနဲ့ ဘာများသူ လိုအပ်ပါသေးလဲ။ ဘယ်လိုပဲတွေးတွေး ကိုယ်က မွေးထားတဲ့ သားဆိုတော့ ကိုယ့်ခေါင်းပင် ပြန်ပြန်ရောက်လာသည်။


သူလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိသည်။ သူ သားသမီးရကံမကောင်းတာပါ။ ဒါပေမယ့် သား ကို သူကယ်နိုင်ပါသေးသည်။ သားအတွက် အစိုးရိမ်တွေ လွန်နေတာလဲဖြစ်ချင်ဖြစ်မပေါ့။ လူငယ် ပီပီ စမ်းကြည့် တာလဲဖြစ်နိုင်သေးတာပဲ။ တစ်ခါတစ်ကြိမ်လောက်နဲ့ တော့ သားကို နာနာ ကျင်ကျင် အပြစ်တွေ မပေးသင့်သေး ဟုသူထင်သည်။ သူ့ ဒေါသတွေ သောက ဗျာပါဒတွေ ကို အတင်းမျိုချပြီး သားကို ကောင်းအောင်ဘယ် လို လုပ် ပေး ရမလဲ ဆို တာကို ပဲသူ စဉ်းစားရမည်မှန်း သတိရလာသည်။


မိဘ ဆိုတာ သားသမီးဘယ်လောက်ဆိုးဆိုး ဝဋ်ကြီးလိုက်တာလို့ မတွေးကောင်းပါဘူး။ ကိုယ့်ကို အမှီပြုပြီး လူ ဖြစ်လာတဲ့ ကလေးတွေကို မိဘတွေ ဘက်ကလုပ်ပေးနိုင်သမျှအစွမ်းကုန် လုပ်ပေးဖို့ တာဝန်ရှိသည်ပဲ။ သူ ကိုယ့် ကိုကိုယ်အားပေးလျက် ထိုင်ရာကအသာထလိုက်သည်။ သူ့ ရင်တွေက မငြိမ်မသက်ဖြစ်နေသော်လည်း သူ ကောင်းစွာထိန်းချုပ်နိုင်ပြီဖြစ်သည်။


သား အခန်းဘက်ဆီသို့ သူအသာပြန်လှမ်းလာခဲ့ သည်။ ဇင့် ရှိုက်ငိုသံက သားအခန်းဆီမှ ခပ်အုပ်အုပ် ပျံ့ လွင့် လာသည်။ သားအတွက်ကော ဇင့်အတွက်ပါ သူ ရှိနေရဦးမှာပါလားဆိုတဲ့ အသိကြောင့် သူအင်အားတွေ ပြန် ပြည့်ဝလာသလို ခံစားလိုက်ရသည်။ သားကိုဒေါသတွေဖြစ်ခဲ့ သောသူ သည် သားအခန်းအပြင်ဘက် တွင်ကျန် ရစ်ခဲ့ သည်။ သားကို ချစ်သောသူသာ နွေးထွေးကြင်နာတဲ့ နှလုံးသားနဲ့ အတူ သားနဲ့ ဇင့်ဘေးကို ရောက်ရှိသွား ခဲ့ လေသည်။ သား သူ့ ကို တစ်နေ့ နားလည်လာမှာပါ………………….

********** ********** ********** ********** ********** ********** *********** ***

ကျွန်တော့်ရဲ့  “ ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း ” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူး တင်ပါတယ်.... ကျွန်တာ့်ရဲ့ မတတ် တတတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့..... အတိုင်း ထက်လွန်ပါပဲဗျာ...... ပြောမပြနိုင်အောင်ကို ကျေးဇူးတင်ပါတယ်........

(ရန်ကုန်သား)


1 comment:

Anonymous said...

တကယ်ကောင်းပါတယ်..
သားကိုသိပ်ချစ်တဲ့ ဖခင်တယောက်ရဲ့ မေတ္တာကို ခံစားလို့ရတယ်.။.

မြတ်နိုး

ကော်မန့်ပေးရတာ အလုပ်ရှုပ်တယ်နော်..ဟိုအဆင့်ဖြတ် ဒီအဆင့်ဖြတ်နဲ့