Saturday, October 3, 2009

အချစ်သာပေးပါ ......


“ချစ်သူရဲ့ တောင်းဆိုမှုတွေနဲ့  ပင်ပန်းနွမ်းနေနေပြီလား ........
ချစ်သူရဲ့ တားမြစ်မှုတွေနဲ့ မွန်းကြပ်နေပြီလား........
ချစ်သူရဲ့ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ကျွန်တော့်မှာ အားအင်တွေရှိပါသေးရဲ့ လား .......”


ချစ်ခင်မြတ်နိုးလွန်း၍ ချစ်ပါရစေဟု ခွင့်ပန်ခဲ့သည်မှာ ကျွန်တော် ကိုယ်တိုင်ပင်ဖြစ်သည်။ သူမကို ချစ်ခွင့်ရလျှင် ကျွန်တော့် ဘဝ အရာရာပြည့်ပြည့်စုံ လုံငသွားလိမ့်မည်ဟုလည်း ယုံကြည်ခဲ့သည်။ ကျွန်တော့် ရင်၌ အချစ် ဟု အ များခေါ်ဆိုအပ်သော အရာသည် ထုံးဖွဲ့ ရစ်နှောင်စွာ ပေါက်ပွားဖြစ်တည်ခဲ့သည်ဟုလည်း သိရှိခဲ့သည်။ သူမ သာ ကျွန်တော့် ဘဝတွင် မရှိခဲ့ရင် ကျွန်တော် အသက်ရှုလျှက် သေဆုံးနေသောသူ တစ်ယောက် .... ပြုံးနေသော် လည်း ကောင်းစွာမပျော်ရွှင်ရသူတစ်ယောက် .... ဖြစ်ကောင်းဖြစ်သွားပေလိမ့်မည်။ ကျွန်တော်သေ သွားနိုင် တယ် လို့ ပြောရင်တော့ အနည်းငယ် ယုတ္တိမတန်ဖြစ်ပေမည်။ ဒီအချက်သည် ကျွန်တော့် အခက်အခဲများ အား လုံး ၏ အရင်းအမြစ်ဟုကလည်း ဆိုနိုင်ပါသည်။

အချစ်သည် စတင် ထိတွေ့ ဖို့ ကြိုးစားခဲ့ချိန်တွင် အလွန်တရာ ရေ ငတ်နေသူတစ်ယောက် ရေကို တွေ့ ရသည့် ခံ စားချက်မျိုးကို ပေးသည် ... ဒီရေ ကိုသာ သောက်လိုက်ရရင် ရင်တစ်ခုလုံး အေးအေးမြမြ ဖြစ်သွား လိုက်မည့်ဖြစ် ခြင်း ..... ဒီရေ ကိုသာ သောက်လိုက်ရရင် .... အားတွေ မာန်တွေ တဟုန်းဟုန်းပေါ်ပေါက်လာလိုက်မည့်ဖြစ်ခြင်း။ အဲဒီရေ ကို သောက်သုံးနေချိန် တွင်လည်း မျှော်လင့်ထားသလို အေးလည်း အေးမြပါ၏ ခွန်အားတွေလည်း ပေါက် ပွားလာပါ၏။ ချစ်လည်း ချစ်လိုက်ရ ပါ၏။ ကျေနပ်မှု ပီတိကိုလည်း လှိုက်ဖို အေးမြခံစားရပါ၏။ .....

အဲဒီအချစ်ကလေးသည် ကဗျာတွေ စာတွေထဲကလို တောင့်တမှုကင်းမဲ့နေလျှင်ကောင်းမည် .... အေးမြနေလျှင် ကောင်းမည်.... ခွန်အားတွေ ပေးလျှင်ကောင်းမည် ..... ကျွန်တော့် စိတ်ကူးထဲက အချစ်သည် ထိုသို့ ဖြစ်၏။ ချစ် ခြင်းသည် ဤမျှ မရိုးစဉ်းပါ။ တွက်ရခက်သော ပုစ္ဆာတစ်ခုလိုလည်း ရှုတ်ထွေးမှု မရှိပါ။ သို့ သော် အဖြေကား သိ နေလျှက်နှင့် သက်သေပြရခက်လွန်း၏။ သူမ ကို ကျွန်တော် ချစ်သားလားဟု မေးလျှင် ချစ်ပါသည် အရမ်းချစ် ပါ သည်။ သူမ ကကော ကျွန်တော့်ကို ချစ်ပါသလား။ ချစ်သည်ဟု ထင်ပါသည် ချစ်ကောင်းချစ်နိုင်ပါသည်ဟု ဖြေ ရ ပေမည်။

မိန်းမတစ်ယောက်၏ ချစ်ခြင်းကို ရယူပိုင်ဆိုင်ခြင်းအတွက် ထိုထိုသော ယောက်ျားသည် အဘယ်ကယ့်သို့ သော အရည်အချင်းများဖြင့်ပြည်စုံရမည်နည်း။ ဥစ္စာပစ္စည်းပြည်စုံရန်လို၏ ပညာတတ်က ပိုကောင်း၏။ ကြင်နာတတ်က ပို၍ ကောင်း၏။ ကိုယ့်ကို ရင်နှင့်ရင်း၍ချစ်သော ယောက်ျား ဖြစ်ဖို့ ကား အရေးအကြီးဆုံးဖြစ်သည်။ အချို့ သော အမျိုးသမီးများက “သူချစ်ကို သာလိုသည် ” ဟုပြောကြသည်ကို ကြားဖူး၏။ အချစ်သည် ထိုကဲ့သို့ သော စုံတွဲများ ကြားတွင် မျက်စိသူငယ် နားသူငယ်ဖြစ်နေရတတ်သည်။ ကျွန်တော်သည် အချစ်ကို လည်း ကောင်း မိမိကိုယ်ကို လည်းကောင်း တန်ဖိုးထားသော အမျိုးသမီးကို ချစ်လို ပါသည်။ လက်ထပ်ထိမ်းမြားလို ပါသည်။ သို့ သော် ထိုသို
သော ရွေးချယ်ပိုင်ခွင့်သည် လက်တွေ့ တွင်အလွန်နည်းပါးလှသည်။ အချစ်ကို အရင်းတည်လျှက် ဘဝကို တည် ဆောက်လိုသော ယောက်ျားတစ်ယောက် အတွက်ဟူက ပို၍ မှန်ကန် ပြည့်စုံပေလိမ့်မည်။

သူမ သိပ် သဝန်တိုတတ်ပါသည်။ ကျွန်တော့်ကို ချစ်လွန်း၍ ဟု ယူဆခဲ့သည်။ သို့ သော် အချိန်ကြာလာသောအခါ ကျွန်တော့်အား ယုံကြည်မှု မရှိဘူးဟု မြင်လာပါသည်။ ကျွန်တော့်၏ စောင့်ထိန်းနိုင်မှုကို သံသယဖြစ်လွန်းသည်၊
နာ နာ ကျင်ကျင်ဆိုပါက စော်ကားလွန်းသည်ဟု မြင်လာ၏။ ထိုအခါ ကျွန်တော့ မာနက ဟက်ကနဲ အမောက် တ ဝင့်ဝင့်ဖြစ်လာရသည်။ ထိုမာနသည် အချစ်၏ ဖျောင်းဖျမှုအောက်တွင် အသာတကြည် ပျော့ပျောင်း ငြိမ်သက် နေပါ့မလား။ ကျွန်တော်လည်း သေချာစွာမသိပါချေ။ မြင့်မြတ်သော ယောက်ျားဟု မဆိုချင်ပါ သို့ သော် အချစ်ကို မြတ်နိုးသည့် ချစ်သူကို တန်ဖိုးထားသည် ယောက်ျားတစ်ယောက်ဟု သာဆိုချင်ပါသည်။ သို့ သော် သဝန်တို တတ် လွန်းသော မိန်းမကို ချစ်သော ယောက်ျားသည် အလွန်တရာ စောင့်ထိန်းနိုင်သူဖြစ်ခြင်းမှာ သဘာဝ၏ အတော်တဆမှု တစ်ခု ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ချစ်သူကို ချစ်ခြင်းနှင့် ချုပ်ချယ် ဘောင်ခတ်ခြင်းသည် ပြဒါးတစ်လမ်း သံတစ်လမ်းဟု ကျွန်တော်ယုံကြည်ပါသည်။ သို့ သော် လက်တွေ့ တွင် ကျွန်တော်ကိုယ်တိုင် ထုံးနှောင်ခဲ့သော ထိုနှောင်ကြိုးတဖြစ်လဲ အချစ်၏ ဘောင်ခတ်မှု
များ တွင် အသားကျယောင် ဖြင့် ဖရိုဖရဲဖြစ်လိုနေခဲ့ပါသည်။ ဒီ မိန်းမကို ကျွန်တော် ချစ်ခဲ့မိပါသည်။ ချစ်သူက မ လုပ် နဲ့ လို့ ပြောသည်ကို ၏သည် မလွဲလိုက်နာလျှက် ဂုဏ်ယူတတ်ကြသည်မှာ လူငယ်တိုင်း၏ သဘာဝဖြစ် သည်။ ချစ်သူ ကပြောထားတယ် ဆေးလိပ်မသောက်နဲ့ ... အရက်မသောက်နဲ့  ... ချက်တင် မထိုင်နဲ့ ......စသည် စသည်ဖြင့် .....။ ကြည်နူးစရာ ပျော်ရွှင်စရာ ကောင်းလွန်းလှပေသည်။ ချစ်သူ၏ တောင်းဆိုမှုများကို ကြိုးစားဖြည့် ဆည်း ပေးရခြင်းသည်လည်း သာ၍ပင်ပျော်စရာကောင်းသောအရာများဖြစ်သည်။ ချစ်သူသည် ထိုယောက်ျား ငယ် အား အမှန်တကယ်ချစ်ခင်မြတ်နိုးခဲ့လျှင် ပိုကောင်းပေမည်။

သူမ သည် ကျွန်တော့်အတွက် တစ်ဦးတည်းသော အချစ်ရဆုံးသော သတိုးသမီးလောင်းဖြစ်ပါသည်။ ထိုအချိန် တွင် ကျွန်တော်ရောက်နေသော သူမ နံဘေးက နေရာသည် အလွန်တရာ ကျဉ်းမြောင်းလွန်းနေခဲ့သည်။ ကျွန် တော့် အချိန်တွေ၊ ကြိုးစားအားထုတ်မှုတွေ၊ လိုက်လျောမှုတွေ၊ ပေးဆပ်မှုတွေ၊ စွန့် လွှတ်ခဲ့တာတွေ အတွက် ရရှိ လိုက်သော အရာသည်မွန်းကြပ်မှု တစ်ခုသာဖြစ်သည်။ သူမ၏ တောင်းဆိုမှု မှန်သမျှကို လိုက်လျောဖို့ ကြိုးစား လျှက်က ကျွန်တော် ကျဆုံးနေခဲ့ခြင်းဖြစ်မည်။ ကျွန်တော်ချစ်သော မိန်းမသည် အလိုကြီးသော မိန်းမတစ် ယောက်ဖြစ်နေခဲ့ပါသည်။ သူမ၏ လိုအင်များကို ဖြည့်ဆည်းပေးနိုင်ဖို့ ရာ အင်အား ရှိမှ ရှိပါစေလေစ ဟု ပထမ ဆုံး အကြိမ်သံသယ ဖြစ်ခဲ့မိပါသည်။ သို့ သော် ဒီမိန်းမကို ကျွန်တော်ချစ်ပါသည်။

“အချစ်သည် ရွေးချယ်မှု မဟုတ်ပါ။
အချစ်သည် ကံစမ်းမဲနှိုက်ခြင်းဟု ဆိုက မှန်ကန်နိုင်သည်။
သို့ သော် သူမက ကျွန်တော့် အချစ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။”

“အိမ်မှုကိစ္စတော့ ဘာမှ မတတ်ဘူး ဒါကြောင့်လည်း ကျွန်မတို့ က အိမ်အကူ ခေါ်ပေးနိုင်တဲ့ ယောက်ျားကို ရွေးကြိုက်တာလေ .....”

“လိုတိုင်းတ ရလို့ ပဲ ဒီယောက်ျားကို ကျွန်မယူဖို့ ဆုံးဖြတ်လိုက်တာပေါ့ ....”

“သူချစ်ကို ရတာ ကျွန်မ ကံကောင်းလို့ ပဲဖြစ်မှာ .....”

ကျွန်တော် သူမ ဆီက လိုချင်သည်မှာ အချစ်ဖြစ်ပါသည်။ အတောမသတ်နိုင်သော ဖြည့်၍ မပြည့် နိုင်သော အ လိုဆန္ဒများဟုတ်ပါပေ။ သို့ သော် ဒီစကားတွေသည် ကျွန်တော့်အား နွားလို့ ခေါ်လိုက်သလို ခံစားရစေပါသည်။
ကျွန် တော်သည် သူမ အတွက် ငွေထုတ်လုပ်စက်တစ်လုံးသာဖြစ်နေသည်ကို ဝမ်းနည်းစွာသိခဲ့ရပါသည်။ ကျွန် တော် ငွေမရှာ နိုင်သော တစ်နေ့ တွင် ထိုမိန်းမသည် ကျွန်တော့်အား ထားသွားမည့် မိန်းမဖြစ်ပါသည်။ မိန်းမတစ် ယောက်ကို အိပ်ချင်ယုံသက်သက်နဲ့  လက်ထပ်ခဲ့သော ယောကျာ်းဖြစ်ပါက ဒီစကားသည် ရယ်မောစရာ ဖြစ် ကောင်းဖြစ်ပေ လိမ့်မည်။ သို့ သော် ကျွန်တော်ချစ်သော မိန်းမ၏ ပါးစပ်မှ ပြောသောစကားဖြစ်သည်ကို မယုံချင် သော်မှ ယုံခဲ့ရပါသည်။ ကျွန်တော် ဝမ်းနည်းမိပါသည်။ ချစ်ခဲ့ရသော နှလုံးသားကို အားနာပါသည်။

အချစ်တွင် ပါဝင်သော အရာသည် နှလုံးသားတစ်စုံသာဖြစ်သည်။ အချစ်သည် ပိုင်ဆိုင်မှုကို တောင့်တတတ် သည်။ ထို့ အတွက် ဓမ္မတာအရ ယောက်ျားတို့ သည် ကနဦး ပေးဆပ်သူများဖြစ်ကြရသည်။ နားလည်မှု ဆိုသည် ကို ကျွန်တော်မရခဲ့ပါ .... ယုံကြည်မှုကို မရခဲ့ပါ ...... အချစ်ကို ရသယောင်နှင့်မရခဲ့ပါ။ နာကျင်မှုကို လျော့ပါး စေ သော စကားတွေ မကြားခဲ့ရဖူးပါ .... ဝမ်းနည်းမှုကို ပြေပျောက်စေသော နှစ်သိမ့်စကားတွေ မကြားခဲ့ရဖူးပါ ..... ကြိုးစားအား သစ် ဖို့  အားပေးစကားတွေ မကြားခဲ့ရဖူးပါ။ ကျွန်တော်လဲပြိုချိန်တွင် သူမ ဖေးကူလာမလား ဆို တာ လည်း မသေချာပါ .... ဝမ်းနည်းကြေကွဲရချိန်တွင် ကျွန်တော်နှင့်အတူ ငိုကြွေးနိုင်ပါ့မလား ..... ကျွန်တော် နိမ့်ပါး ချိန် တွင် အတူ ရုန်းကန်နိုင်ပါ့မလား။ သံသယ နှင့် အချစ်သည် အတူ မရှိစကောင်းသော အရာဖြစ်သည်။ အိမ် ထောင် ရေး တစ်ခုတွင် သံသယသည် အဖျက်သမားဖြစ်၏။

ကျွန်တော် သံသတွေ ပွားနေရသည့် မိန်းမတစ်ယောက်ကို ဘယ်လို လက်ထပ်ယူရပါ့မလဲ။ ကျွန်တော် သူမကို လက်ထပ်လိုခြင်းဖြစ်ပါသည်။ တည်ဆောက်လို သည်က “အိမ်” ဖြစ်ပါသည်။ မိန်းမကို ဝယ်ယူခြင်းမဟုတ်ပါ။ ငွေ
လုပ် စက်ရုံတစ်ခု တည်ဆောက်လိုခြင်းမဟုတ်ပါ။ အချစ်ဖြင့် တည်ဆောက် ထားသော အိမ်ကလေးထဲတွင် ချစ် သူ နှင့်အတူ လောကဓံကို အတူတကွ ရင်ဆိုင်လို ခြင်းသာဖြစ်ပါသည်။ ထိုချစ်သူကို လိုသမျှ ပေးနိုင်ပါသည်။ နှ လုံး သားချင်း ထပ်တူ မကျ ဘဲနှင့် ကျွန်တော့်ကို မချစ်ဘဲနှင့် တော့ ဒီလောကဓံ မနိုင်ဝန်ကြီးကို မထမ်းချင်ပါ။ ချစ် ရည်ရွှန်းသော မျက်ဝန်းတစ်စုံသာ လိုပါသည်။ အချစ်နှင့်ပြည့်သော နှလုံးသား တစ်ခုကိုသာ လိုပါသည်။ ကျန် သော အပိုင်းသည် ယောက်ျား တစ်ယောက်ဖြစ်သော ကျွန်တော့် တာဝန်သာဖြစ်သည် ဟုလည်း ခံယူထားသည်။

အချစ်နှင့် လက်ထပ်ခြင်း အနုပညာသည် ဦးနှောက်တွေ ဝင်မမွှေသမျှ အလွန်ကြည်နူးစရာကောင်းသော ဇာတ် လမ်းတစ်ပုဒ်သာဖြစ်သည်။ အချစ် သည် လက်တွေ့ ကျလွန်းသော အရာများ၏ ထိုးနှက်မှုကို ကောင်းစွာ မခံနိုင် ပုံထောက်လျှင် ကဗျာတွေစာတွေ ထဲကလိုတော့ ကျွန်တော် မချစ်နိုင်သေးဘူးဟု ဆိုရမည်။ အချစ်မှာ အတ္တကင်း တယ်လို့ ဒီကနေ့  ကျွန်တော် မယုံတော့ပြီ။ ကျွန်တော့်အတ္တသည် လယ်ပြင်မှာ ဆင်သွားသလို ဘွားဘွားကြီး မြင် လာရပြီ။ သူမ၏ အတ္တသည်လည်း ကျွန်တော့ အချစ်ကို တက်နင်းသွားပြီဖြစ်ပါသည်။

မှားယွင်းသော တွေ့ ဆုံမှုကို ဖျက်သိမ်းကြောင်းကြေညာရသောအခါ နစ်နာသူသည် သူမဖြစ်၍ နာကျင်ရသူသည် ကျွန်တော်ဖြစ်ပါသည်။ သူမအတွက် နာမည် နစ်နာသွားပါသည်။ သူမထံမှာ ချစ်ခြင်းကိုသာ မျှော်လင့်ခဲ့သူ ဖြစ်၍ သူမ ဘဝကို စွန်းထေးအောင် မပြုခဲ့သည့်အတွက် ကျွန်တော့် ဆုတ်ခွာမှုသည် လိပ်ပြာသန့် ပါသည်။ ကျွန်တော့် အတွက် နှလုံးသားတစ်ခု ပွန်းပဲ့သွားပါသည်။ ကျွန်တော်ကို မချစ်သော မိန်းမတစ်ယောက်ကို လက်မထပ်လို ပါ။

လက်ထပ်သော မိန်းမသည် ကျွန်တော့်ချစ်သူ သာ မလွဲဧကန်ဖြစ်ရမည်။ ကျွန်တော် အစွန်းရောက်စွာ ဆိုလိုခြင်း မဟုတ်ပါ။ လူတိုင်း လိုချင်မှု တောင့် တမှု တွေ ရှိနေမြဲသာဖြစ်ပါသည်။ သို့ မှလည်း လူသားဟူသော အဓိပ္ပါယ်ဖွင့် ဆိုချက်သည် သဘာဝကျ ပြည့်စုံမည်ဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်ပင် လိုချင်တောင့်တမှုများနှင့် လူသား တစ် ယောက်ဖြစ်ပါသည်။ သို့ သော်လိုသည်ထက် ပိုလာလျှင်တော့ လောဘ အတောမသတ်ခြင်းဟုဆိုရပါမည်။

ယခု အချိန်တွင် ကျွန်တော်ချစ်သော ထိုမိန်းမသည် ကျွန်တော် ချစ်၍မရဲသော မိန်းမဖြစ်လို့ သွားခဲ့ရသည်။ ကျွန် တော် တကယ်မချစ်၍ ဒီ စကားမျိုးပြောတာဖြစ်တယ်လို့ ယိုးစွပ်မည်ဆိုလျှင်တော့ ဝမ်းနည်းစွာ ငြင်းဆိုရ မည်။ လက်တွေ့  ဘဝတွင် ချစ်ခြင်းသည် ထိုမျှ မ၇ိုးစင်းလှသောကြောင့်ဖြစ်ပါသည်။ ရမယ်ရှာခြင်းမဟုတ်ပါ။ ရင် ထဲ တွင်တကယ်မသာခြင်းသာဖြစ်ပါသည်။ ကျွန်တော်တို့ ဝမ်းနည်းစွာလမ်းခွဲခဲ့ကြပါသည်။

“ချစ်သူ၏ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ 
ကျွန်တော့်မှာ အင်အားတွေ မရှိတော့ပါ....
ထိုအတွက် လိုအပ်သော “အချစ် ”ပျောက်ဆုံးသွား၍ ဖြစ်ပါသည်။”

ပုံလေးကို ဒီက ယူပါတယ် :D

**************

စာဖတ်လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား


21 comments:

jr.lwinoo said...

မသိဘူးဗျာ။ အဲကိစ္စတွေက နည်းနည်းရှုပ်တယ်။ ဥာဏ်မမှီပါ မောင်ငယ်ရေ။
အချစ်ဆိုတာ သီးသန့်လေးပဲလှပါတယ်။

WWKM said...

ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ်ဆိုရင်တော့ အဟမ်းဟမ်းး)

ဝက်ဝံလေး said...

ဟေ အပေါ်က ပထမဆုံး တယောက်ပြောသွားသလိုပဲကွာ သိပ်ဥာဏ်မမီဘူးနော် အဟက်

အနော် said...

ဒီပို့စ်က အကို ရန်ကုန်သားရဲ့ အချစ်အပေါ် ခံယူချက်တွေ ဖြစ်မယ်
ဒီတစ်ခါတော့ ဒါဟာ ကိုယ်ပိုင်ခံစားချက်စစ်စစ်ဖြစ်မယ်ဟု တထစ်ချ သတ်မှတ်သွားသည်
သဘောကျ၏
အချစ်ဒဿနတွေကို :)
အချစ်သည် ရွေးချယ်မှု မဟုတ်ပါ။
အချစ်သည် ကံစမ်းမဲနှိုက်ခြင်းဟု ဆိုက မှန်ကန်နိုင်သည်။
အချစ်ဟာ ကံစမ်းမဲနှိုက်ခြင်းဆိုရင်တော့ အကိုရန်ကုန်သားတစ်ယောက် အမြင့်ဆုံးပေါက်မဲဆုကို ရနိုင်ပါစေနော်

mae coe said...
This comment has been removed by the author.
မယ့်ကိုး said...

တစ်ပုဒ်နဲ့ တစ်ပုဒ်တွေ ကွဲလွဲချက်လေးတွေ ဆွဲဆောင်မှုရှိတာတော့ အမှန်ပါ။ ရင်ခွင်တစ်ခုအား ဖန်ဆင်းခြင်းမှာ တွေ့ရတဲ့ ချစ်ခြင်းရောင်ပြန်လေးတွေဟာ အခုတော့လည်း လူ့သဘာဝထဲ ပျောက်ရှနေပြန်ပါတယ်။
ဘာပဲရေးရေး အချက်အလက်လှပလွန်းနေတာ။

စာကြွင်းး အပေါ်က မန့်တာလည်း ကျွန်မပါပဲ။ နောက် account တစ်ခုနဲ့မို့လို့ ပြန်ဖျက်မိတာ စိတ်မရှိဘူး ထင်ပါတယ်။

စိမ်း... said...

သိပ်ကြည့်မရတော့ဘူးနော်... ဖွဲ့နွဲ့တတ်လွန်းနေတယ်... :P

ကာရံဆူး said...

ကဲကိုရန်ကုန် အနုအလှလေးတွေနဲ့ ကြွကြွလေးရေးထားတာ အားကျငေးရင်း ပြန်သွားပါပြီ..ဆက်လက် အားပေးနေမြဲပါ...

ရင်ရဲ့ ရိုးရာ said...

အင်း အချစ်နဲ့ပတ်သက်ရင်တော့ အဖွဲ့ အနွဲ့ အတော် ကောင်းတယ်ဗျာ တကယ် အနုအရွ အလှအပလေး တွေနဲ့ လူကို မထိခလုတ်ထိခလုတ် လုပ်လုပ်သွားတယ် တစ်ပုဒ်နဲ့ တစ်ပုဒ်မရိုးရအောင် ဆွဲဆောင်နိုင်တယ် လေးစားတယ်ဗျာ

Unknown said...

So Romance, and so Idealisim.

Yu Ya said...

အကြောင်းအရာလှလှလေးတွေနဲ့ စာလှလှလေးတွေ ဖတ်သွားတယ် ကိုရန်ကုန်သားရေ..

yu ya

ရွှေပြည်သူ (ShwePyiThu) said...

“အချစ်နှင့် လက်ထပ်ခြင်း အနုပညာသည် ဦးနှောက်တွေ ဝင်မမွှေသမျှ အလွန်ကြည်နူးစရာ ကောင်းသော ဇာတ် လမ်းတစ်ပုဒ်သာဖြစ်သည်။” အဲဒီစာကြောင်းကို အထပ်ထပ်ဖတ်မိတယ်။ အချစ်ကို မေ့ပြီး အတ္တနောက် လိုက်တဲ့ မိန်းကလေးနဲ့ အချစ်ကို တန်ဖိုးထားတဲ့ ယောက်ျားလေး တို့ရဲ့ ဝမ်းနည်းစရာ ဇာတ်လမ်းလို့ မြင်မိပါတယ်။ ယောက်ျားလေးဘက်က ခံစားချက်ကို ရေးဖွဲ့တားတာ တကယ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ် မောင်လေးရေ။ အရေးအသားကတော့ ပြောစရာကို မလိုတော့တာပါး)

မျှော်လင့်ခြင်း said...

ဇတ်လမ်းကလှပါတယ်
လက်တွေ့ နဲ့ လဲနီးစပ်ပါတယ်
အချစ်သည် ကံစမ်းမဲ နှိုက်ခြင်းဆိုရင်တော့ မလွယ်ဘူး
တခါမှ ကံစမ်းမဲ မပေါက်ဘူးလို့ 

အချစ်စစ်ကို ရှာရင်း အသက်တွေ ကြီးမသွားပါစေနဲ့  လို့ ဆုတောင်းပေးလိုက်ပါတယ်
သီတင်းကျွတ် ပြီ နော် !!!!

Anonymous said...

အဲ့ဒီအကြောင်းအရာကို ကျနော် မပိုင်နိုင်ဆုံးပါပဲ။
ချစ်တော့ချစ်ပါတယ် ဒါပေမယ့် ကြောက်တယ်...
တစ်ခြားမဟုတ်ပါဘူး ထိရှလွယ်တဲ့ ကိုယ့်ခံစားမှုတွေအတွက်ကြောင့်ပါ။
ချစ်လို့ သ၀န်တို သ၀န်တိုလို့ ချုပ်ခြယ် ချုပ်ခြယ်လို့ မွန်းကြပ်။ နှစ်နေရာလုံးမှာ ကျနော်ရပ်ကြည့်တယ် ကျနော် သိပ်ဝလွန်းနေတယ်။ နေရာမဆန့်ဘူးဗျာ။

တစ်ခုတော့ မေးကြည့်ချင်တယ်။ ခင်မင်ပတ်သတ်မှုရှိတဲ့ မိန်းမတစ်ယောက်နဲ့တွေ့ဆုံတိုင်း၊ ချစ်တယ်ဆိုတဲ့ မိန်းကလေးက အရမ်းစိတ်ထိခိုက်ခံစားနေရတယ်ဆိုရင်။ ဘယ်သူ့မှာ အပြစ်ရှိပါသလဲ?

ဘာရယ် မဟုတ်ပါဘူး ကျနော်တွေးမိသွားလို့ပါ...

မိုးစက်အိမ် said...

“အချစ်သည် ရွေးချယ်မှု မဟုတ်ပါ။
အချစ်သည် ကံစမ်းမဲနှိုက်ခြင်းဟု ဆိုက မှန်ကန်နိုင်သည်။
သို့ သော် သူမက ကျွန်တော့် အချစ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။”

အရမ်းကောင်းတဲ့ အတွေးအရေးလေးပါဘဲ အစ်ကိုရေ
တော်တော်လေးလည်း ရေးနိုင်လို. လေးစားပါတယ်ဗျာ :)

may16 said...

အချစ်=အချစ်
အဲဒါပဲကောင်းတယ်
ကျန်တာတွေပါလာရင် အချစ်မဟုတ်တော့ပါဘူး

ဂျာမုန်းဒန် said...

အော်အချစ်..အချစ်။
တော်တော်ဖတ်လို့ကောင်းတဲ့အချစ်အကြောင်း။
အချစ်ဆိုသည်မှာ...တစ်ယောက်နှင့်တစ်ယောက်လေးစား မူဟု..ဂျာမုန်းထင်ပါသည်။လေးစားမူပျောက်ဆုံးလျှင်အချစ် ပါပျောက်ဆုံးတတ်သည်။ထိုလေးစားမုမှာ..ငွေကျေးမဟုတ်။
ပညာလည်းမဟုတ်။

Angel Shaper said...

ဒါဟာ... ရန်ကုန်သား၏ ကိုယ့်တွေ့ ဇာတ်လမ်းမှန်ဖြစ်ပါသည်။ အဟဲ။။။ ဖတ်လို့ ကောင်းတယ် သယ်ရင်းရယ်။

rose of sharon said...

အင်း...တော်တော်ဖတ်လို့ကောင်းတယ်....

သားကြီး said...

အကောင်းဆုံးတော့ရွေးချယ်ချင်ခဲ့တာပါပဲ
ကံစမ်းမဲနှိုက်သလိုဖြစ်သွားတာတော့မတတ်နိုင်ဘူး
လမ်းခွဲမှုတိုင်းဟာသာတောင့်သာယာတော့ဖြစ်
လိမ့်မှာမဟုတ်ပါဘူး

Unknown said...

ရန်ကုန်သားရေ “အချစ်သည် ရွေးချယ်မှု မဟုတ်ပါ။
အချစ်သည် ကံစမ်းမဲနှိုက်ခြင်းဟု ဆိုက မှန်ကန်နိုင်သည်။
သို့ သော် သူမက ကျွန်တော့် အချစ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။” မင်းက ဒီလိုဆိုပြန်တယ်နော် --- အဲလိုဆို မိတူး ကံစမ်းမပေါက်ခဲ့ဘူးထင်ရဲ့ အခုချိန်ထိ တကိုယ်တည်းရယ် --- နောက်တာနော် ကလေး မင်းရေးတဲ့စာတွေ အားတဲ့ အချိန်တိုင်းအားပေးမယ်နော်