Thursday, October 29, 2009

ရကောက်ရေ ရ ...........

What's your name--------------------- ရန်ကုန်သား

A four letter word--------------------- ရသာတဏှာ :)

A boy's name-------------------------- ရန်ရှင်း

A girl's name-------------------------- ရီနွယ်

An occupation------------------------- ရေသည် :)

A color-------------------------------- ရွှေရောင်

something you'll wear------------------ရှပ်အကျီ င်္

A food----------------------------------ရေမုန့် 

Something found in the bath room------ ရေ

A place--------------------------------- ရန်ကုန်

A reason for being late------------------ရေချိန်ကိုက်သွားလို့ ဗျ :D

Something you should shout------------ရေမလာဘူးဗျိုးးးးးးးးးးး

A movie title--------------------------- ရင်ခုန်မိတာအချစ်လား

Something you drink-------------------ရွှေရင်အေး

A music group-------------------------- ရှာတာနှံ့ နေပေမယ့် သိတဲ့ အထဲကော ဂူဂဲမှာကော မတွေ့ လို့ ဒီတစ်ခုတော့ Forgive me please! ပါဗျာ

An animal------------------------------ရေနဂါး

A type of car--------------------------- ရိန်းဂျား(ကား)

A street name-------------------------- ရွှေလဝင်းလမ်း

The title of sound----------------------- ရန်ကုန်မိုး ရန်ကုန်သား

A verb --------------------------------- ရူး

တက်ဂ်တဲ့ မိတ်ဆွေတွေ စိတ်ဆိုးနေပြီးလားတောင်မသိဘူး။ မေ့မျောနေလို့ လေ ..... နောက်ကျတဲ့အတွက် တက်ဂ်ပိုင်ရှင်များဖြစ်တဲ့ ကိုတလနွန်အစ်မချိုကိုသဇင် တို့ ကို အနူးညွတ်တောင်းပန်ပါတယ်။ ခင်မင်မှု နဲ့  သတိတရ တက်ဂ်တဲ့ အတွက် ကျေးဇူးတင်ပါတယ် ...... တဆက်တည်း နေ့ အိမ်မက် နဲ့  အစ်ကို အောင်သာငယ် တို့ ကိုလည်း ဆက်တိုက် အကြွေးတွေ ဆပ်ပါ့မယ်လို့ ပြောပါရစေ ..... သူငယ်ချင်း နေ့ အိပ်မက်က ဒီကနေ့  အကြွေး စတောင်းနေပြီမို့ ပါ ..... :D

***********************


စာဖတ်လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား

Monday, October 26, 2009

ဘွန္တော

ဖျတ်ကနဲ လန့် နိုးလာသဖြင့် ကိုယ်အိပ်စက်နေ သောနေရာကို ရုတ်တရက် မမှတ်မိဘဲ အနည်းငယ် ကြောင် စီစီ ဖြစ်နေမိသည်။ ပထမဆုံး သတိထားလိုက်မိသည်က သူ့ ခြေ စုံနှင့် ထိတွေ့ နေသော အနည်းငယ် အေး မြ နေ သည့် သင်ဖြူးဖျာ ဖြစ်သည်။ သူ့ ပေါ်တွင် ညဦးက ခြုံထားဟန် တူသောစောင်က ဘေး ၌ ပုံရက် သား ကျနေ သည်။ ပါးနှင့်ထိတွေ့ နေသော နူးညံ့သော ခေါင်းအုံးမှ ပရုတ်လုံးနံ့ သင်းသင်းက မမေ့နိုင်သော ရနံ့ တစ် ခုအ ဖြစ် သူ့ အသိကို နှိုှးဆွလိုက်သည်။ အမေက ပရုတ်လုံးနံ့ သိပ်ကြိုက်သည်။ သူ အမေ့အိမ်တွင် အိပ် စက် နေ ခြင်း ဖြစ် သည်ကို သတိရလိုက်မိသည်။ သူ အုံးနေကျ ခေါင်းအုံးသည် ပရုတ်လုံးနံ့ သင်းပျံ့ ခြင်း မရှိပါ။

မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ဘုရားပူဇော်ထားသော မီးသီးဝါဝါ ၏ အရိပ်အောက်တွင် နွေးနွေးလေး ရှိနေ သော အမေ့အိမ်ကို ဇာခြင်ထောင် ပါးပါးအပြင်၌ လှမ်းမြင်နေရသည်။ အိပ်ရာပြောင်း အိပ်လျှင် သူ ချက်ချင်း အိပ် မပျော်တတ်သလို ပင်ပန်းလွန်း၍ အိပ်ပျော်သွားသည့်တိုင် ခုလို ချိန်မျိုးဆို နိုးနိုးနေတတ်သည်။ တိုင်ကပ် နာရီကို လှမ်းကြည့်လိုက်တော့ နာရီပြန် နှစ်ချက်။ တစ်အိမ်လုံး တိတ်ဆိပ်ငြိမ်သက်နေသည်။

“သဗ္ဗေ ……………… သုံးဆယ့်တစ်ဖြာ အဝိဇ္ဇာထဲ ဤမှောင်ထဲမှာ ကျွတ်ခဲလှစွာ လူတို့ မှာမူ…… ဘယာဖိစီး မောဟ ကြီး၍……… မှတ် ဖွယ် သတိအစဉ်ရှိလော ….. (…….. လမ်း)ခေါ် နိဗ္ဗာန်ဆော်တို့ က….. အော်ကာ ထုတ်လျှောက် ရောက် ရ တော့ သည် …….. ”

အဝေးမှ ကြားလိုက်ရသော အသံတစ်ခုကြောင့် သူ စိတ်ထဲမှပင် လိုက်ရွတ်နေမိသည်။ အသံက အဝေးမှ ပြန့်  လွင့်လာသော်လည်း ညလူခြေ တိတ်ချိန်ဖြစ်၍ ကြည်လင်ပြတ်သားနေ၏။ ဒီ စာသားတွေ ကို သူ အလွတ် ရ နေ ခဲ့သည်။ တဖြတ်နားတိုင်း နောက်လာမည့် စာသားကို သူသိနေသည်။ ဒါ နိဗ္ဗာန်ဆော်တွေပဲ ။ ဒါဆို မနက်ဖြန် ဥပုသ် နေ့ ပေါ့။ သူ ဥပုသ်နေ့ တွေကို မေ့လျော့ နေခဲ့သည်မှာ ဘယ်မျှကြာနေခဲ့ပြီလဲ။ ဥပုသ်နေ့ ဆို တာသိသော် လည်း ၁၅ ရက်ဥပုသ်နေ့ လား လကွယ်နေ့ လား လပြည့်နေ့ လားဆိုတာ သူ မသိပါ။

သူ ငယ်ငယ်က ဘွန္တော သိပ်အော်ချင်ခဲ့သည်။ ကုသိုလ်ထက် ညီအစ်ကို အရွယ်လူငယ်တွေ အများကြီး ညလုံး ပေါက်မအိပ်ကြပဲ ရုံးရုံး ရုံးရုံး နဲ့ စုဝေးကာ ဘွန္တော အော်ဖို့ ပြင်ဆင်နေတတ်ကြသည်။ အလှူရှင်တွေကလည်း နိဗ္ဗာန် ဆော် အဖွဲ့ အတွက် အမြဲရှိသည်။ ကြာဇံ ကြော်လား ခေါက်ဆွဲကြော်လား ထမင်းကြော်လား ကြာဇံ ချက် လား ကြက်သားကာလသားချက် နဲ့ ပဲဟင်း လား တစ်ခုခုတော့ စားရသည်။ ကလေး ပီပီ အဖော်ကောင်း ကောင်း နှင့် ဘွန္တော မအော်ခင် ည သန်းခေါရံတွင် စားကြသောက်ကြ တရုန်းရုန်းဖြင့် အလွန်မှပျော်ရွှင်ဖွယ် ကောင်းပါ သည်။

အရပ်ထဲမှာတော့ လွယ်လွယ်ကူကူ ဘွန္တော အော်သည်ဟု ခေါ်ကြသည်။ ဘွန္တော အော်ချင်လွန်း၍ ထိုလင်္ကာကို အရူးအမူး ကျက်ရသည်။ အမေ့ကို ကျောင်းပိတ်ရက်နှင့်တိုက်ဆိုင်က သို့ မဟုတ် ဥပုသ် ကျောင်း ပိတ် ရက် နှင့် တိုက်ဆိုင်က ဘွန္တော လိုက်အော်ခွင့်ပြုဖို့ အမြဲခွင့်တောင်းရသည်။ အမေက ငယ်သေး၍ ခွင့်မပြု ချင်။ ဆယ့် နှစ် နှစ်သား သူ ကလည်း လူဖလံ သေးသေးလေး။ အိပ်နားက ရပ်ဆွေရပ်မျိုး အစ်ကိုကြီး တစ် ယောက်က အာမခံ ပြီးခေါ်မှ သူ လိုက်ခွင့်ရသည်။ အသက်နည်းနည်း ကြီးလာတော့မှ အမေက ကောင်း ကောင်းခွင့်ပြုသည်။ တစ် ခါ တစ်လေ တော့လည်း ကုသိုလ်ရေး ဗန်းပြပြီး သောက်တာ စားတာလေးတွေ ပါတတ် သည်ကြောင့်လည်း အမေ က စိတ်ပူခြင်းဖြစ်သည်။ လူငယ်တွေ ချည်းမို့  လူ လည်း စုံ အကျင့်ကလည်း စုံဆိုတော့  အမေ စိတ်မချတာ လည်း အပြစ်တင်ဖွယ်မရှိခဲ့ပေ။ အဝေးမှ နိဗ္ဗာန်ဆော်တို့  ၏ အသံ ပြန့် လွင့်လာပြန်သည်။

“ဘွန္တော အို နာ သေဘေး ဆင်းရဲဘေးမှ ကင်းဝေးလိုကြောင်း အိုသူတော်ကောင်းအပေါင်းတို့  ဣတလောကေ ဤ ခေတ်ဤခါ ဤ လူ့ ရွာ၌ ကုသလံ ဒါန သီလ အစဖြာသည် ဘာဝနာပွားများ ကုသိုလ် တရားကို ဥဒ္ဒိတွာ အများ သူ ငါ ဆွမ်းချက်ကပ်ရန် အဓိဋ္ဌာန်ထား၍ လို့ မို့ နိဗ္ဗာန်လမ်း တရားပြုကျင့်ရန် ထတော်မူကြပါ ဘန္တော . …. သပ္ပုရိ သ အပေါင်း သူတော်ကောင်းတို့ …………”

ငယ်စဉ်ဘဝမှာ ပျော်စရာ ကောင်းလို့ ပဲဖြစ်ဖြစ်၊ အမှန်တကယ်စေတနာ ပါ၍ ပဲဖြစ်ဖြစ် ဒီလိုကုသိုလ်ကောင်းမှု တွေ လုပ်ဖြစ်ခဲ့သည်။ မှတ်မှတ်ရရ ဆယ်တန်းအောင်စာရင်းထွက်သောအချိန်ကဖြစ်သည်။ နောက်တစ်နေ့  မ နက်မှာ ဥပုသ်နေ့ ဖြစ်၍ အိမ်ပတ်ဝန်းကျင်တွင် ဘွန္တောအော်မည့် လူငယ်များကလည်း ရုတ်ရုတ် ရုတ်ရုတ် အောင်စာရင်း သွား ကြည့်ဖို့ တာဆူနေသော ဆယ်တန်းဖြေဆိုထားသည့် ကျောင်းသားများကလည်း ရုတ်ရုတ် ရုတ်ရုတ်ဖြင့် တစ်ညလုံးလိုလို ရပ်ကွက်ထဲ စည်စည်ကားကား ရှိနေခဲ့သည်။ စိန်ဂျွမ်းကျောင်းတွင် အမေနဲ့  အတူ အောင်စာရင်းသွားကြည့်ပြီး ပြန်အလာတွင် အပျော်တွေ ဗရပွနဲ့  ဘန္တောလိုက်အော်ဖြစ်ခဲ့သေးသည်။

ဆယ်တန်းအောင်ပြီးနောက်ပိုင်း ကိုယ်နေထိုင်တဲ့ ရပ်ကွက် အသိုင်းအဝိုင်းကနေ တစတစ ဝေးကွာသွားခဲ့သည်။ ရပ်ကွက်အတွင်း အခါအားလျော်စွာ ပြုလုပ်တတ်သော လူမှုရေးအလုပ်တွေနဲ့  ဝေးကွာသွားခဲ့သည်။ ကုသိုလ် အ ရေးတွေနဲ့  လက်ပွန်းတတီးမရှိတော့ပြီ။ အသက်မွေးဝမ်းကျောင်းပညာသင်တုန်းကလည်း ထို့ အတူ၊ ကျောင်း ပြီး ၍ လုပ်ငန်းခွင်ရောက်တော့လည်း ထို့ အတူ။ သူ ကုသိုလ်ရေးတွေကို မေ့လျော့နေခဲ့မိသည်။ သေ လို့  ကိုယ့် နောက်ပါမည့် အလုပ်တွေထက် စားဖို့ သောက်ဖို့ နေထိုင်ဖို့ တွေနဲ့ သာ အားသွန်ခွန်စိုက် နိစ္စဓူဝ လုံး ပန်း နေခဲ့ သည်။ ပညာတတ်သွားလို့ လား၊ သူရောက်သွားတဲ့ ဘဝကပဲ ကုသိုလ်ရေးတွေနဲ့ ဝေးနေလို့  လား။ တကယ်တော့ လည်း သူ တစ်ဦးတည်းနဲ့ သာ သက်ဆိုင်သည်သာဖြစ်သည်။ မိဘတွေနဲ့ လည်း မဆိုင် မိတ် ဆွေအပေါင်းအသင်း တွေ နဲ့ လည်း တိုက်ရိုက်မပတ်သက်။ သေချာသည် တစ်ခုကတော့ သူ ဘာသာရေးနဲ့  ကုသိုလ်ရေးနဲ့  ဝေးနေ သည် မှာ အတော်ကြာပြီဖြစ်သည်။

“ဘွန္တော…………. ကာမ ရူပ အရူပဟု… သုံးပါး ဝတ်ဘုံ မလွတ်တုံဘဲ…. ဆန် စုန် အောက်ထက် သူ နှောက် ယှက် ၍ ……ယောက်ယက်ခတ်သူ….. အိုများဗိုလ်လူ ရန်သူဝတ်ကြီးဆယ့်တစ်မီးအား …… ဖျက်ဆီးဘို့ ရန် မြတ် ဒါနဖြင့် …….. သီလဖြူစင် ယူငင် ဘဝ သမထ ဝိပဿနာ …..ကျင့်သုံးဖြာဖြင့် မြန်စွာထရန် ……….”

အလုပ်ထဲ အဆင်မပြေဖြစ်မှာ ပုတီးကိုင်ကာ ဘုရားကို ဖင်ထောင်အောင်ရှိုခိုးတာတွေ၊ ဗေဒင် ဆရာပေါင်းစုံထံ သွား ကာ ယတြာ မျိုးစုံချေရတာတွေသာ ရှိသည်။ အိမ်ထောင်ကျပြန်တော့လည်း သားမှုမယားမှု တွေ နေမှု ထိုင် မှု တွေ နဲ့ လုံးဟယ်ပန်းဟယ် မေ့လျော့နေခဲ့တာတွေကို ပြန်သတိရလာမိသည်။ သူ မွေးခဲ့သော ဤဒေသ သူ ကြီး ပြင်း လာခဲ့သော ဤ အရပ်တွင် ထိုထိုသော ဓလေ့များဖြင့် ကြည်နူးသာယာဖွယ် အလွန်ကောင်းသည်။ ခု သူ သည် ထိုအရပ်ဒေသတွင် ဧည့်သည်ဖြစ်လို့ နေပြီဖြစ်သည်။ ဤ နိဗ္ဗာန်ဆော်တို့ ၏ ကျူးရင့်သံ ဆော်သြသံတွေ သည် သူလို့ လူမျိုးတွေအတွက် အင်မတန် တရားကျဖွယ် ကောင်းသည်။ ကုသိုလ်ပြုဖို့ အရေး နှိုးဆော်ပေး သည် သို့  ဖြစ် သည်။

မေ့လျော့နေသည်များကို သတိရလာစေဖို့ မကြောက်မရွံ့ ရှိနေသည်များကို ကြောက် ရွံ့ တတ်လာစေဖို့ သတိပေး နေ သည့်နှယ်ဖြစ်သည်။ ကုသိုလ်ပြုဖို့ မေ့ လျော့နေသော သူတို့ လိုလူမျိုး တွေအတွက် နိဗ္ဗာန်ဆော်များ၏ အသံ သာသာ တို့ သည် အင်မတန် အကျိုးကြီး မားပေလိမ့်မည်။ သူတို့ ပြု သော ကုသိုလ်အမှုသည် အဘယ်မျှ မြင့်မြတ် လေမည်နည်း။ ဥပုသ်နေ့ တိုင်း သူတို့  တိုက်တွန်းနှိုး ဆော် ခဲ့၍ အိပ်ရာမှ နိုးထကာ ကုသိုလ်ကောင်းမှု ပြုခဲ့သူတွေ မည်မျှရှိခဲ့လေပြီနည်း။ သူတို့ ၏ ဆော်သြသံ တွေ ကြားလို့  ကုသိုလ်ပြုဖို့ သတိတရားရသွားသူတွေ မည်မျှရှိခဲ့ လေပြီနည်း။

မြတ်စွာဘုရားရှင်လက် ထက် တော်က သန္တတိအမတ်ကြီး၏ ဖြစ်စဉ်က သက်သေထူသည်။ နိဗ္ဗာန်ဆော်လုပ်ရင်း ရဟန္တာဖြစ်ကာ လူဝတ်ကြောင်နဲ့ ပင် ပရိနိဗ္ဗာန်ပြုသွားခဲ့သည်။ နိဗ္ဗာန်ဆော်အလုပ်သည် ပေါ့သေးသေး မဟုတ် သူတစ်ပါ၏ စိတ်အတွင်းသဏ္ဍန်၌ ကုသိုလ်တရားပြုလုပ်ဖို့ အသိတရားကိုပေါ်လာစေပုံ၊ သံဃာတော် များ အား ဆွမ်းချက်ကပ်ဖို့ အတွက် အိပ်ရာမှ နိုးစေပုံတို့ သည် လွန်စွာမှ အကြိုးကြီးမားလှပေသည်။

“မယားကိုခင် သားမြေးကို ကြင်သော် အစဉ် မပြတ် နေထိုင်ကြ၍ ဘဝ နောင်ခါ သံသယာမှ ဖယ်ခွာ ထွက်ဆုတ် နယ်ခလုတ်ကို ပယ်ဖြုတ်ကာ ကျွတ်ဆု ကိုပန်ရအောင် ဘုရား တရား သံဃာတော် အရှင် သူမြတ်တို့ အား ဆွမ်း ချက် ကပ်ရန် အဓိဋ္ဌာန် ထား၍ လိုမို့ နိဗ္ဗာန်လမ်း တရားပြုကျင့်ရန် ထတော် မူကြပါ ….. ဘွန်………….. တော (ဘန္တော) သပ္ပုရိသအပေါင်း ……… သူတော်ကောင်းတို့ ……… ………..”

မျက်လုံးက အတွေးတွေကြောင့်ကျယ်သည်ထက် ကျယ်လာသည်။ နိဗ္ဗာန်ဆော်လူငယ် တို့ ၏ အသံက နီးလာ လိုက်ဝေးသွားလိုက် ပျေက်သွားတစ်ချက် ပေါ်လာတစ်ချက်ဖြင့် ရှိသည်။ ခဏကြာတော့ အိမ်နောက်ဖေးမှ ချိုးချိုး ချွတ်ချွတ်ကြားရသည် မီးဖွင့်သံ မီးမွှေးဖို့ မီးဖိုရှင်းနေသံ တွေ …..။ အော် အမေ …. အမေ ဆွမ်းချက်ဖို့  ပြင် နေ သည်ပဲ။ သူ ငယ်ငယ်က ဘန္တောအော်အပြီးပြန်လာသောအခါ အမေကအိမ်တံခါးဆင်းဖွင့်ပေးသည်။ အမေ ဆွမ်း လောင်းပြီးမှ သူလည်း အိပ်ရာဝင်နေကျဖြစ်သည်။ မနက်ဆယ်နာရီ ဆယ့်တစ်နာရီအိပ်ယာနိုးလျှင် သူ စား ဖို့ မ နက်စာကို အသင့်ပြင်ထားပေးသည်။

ခုတော့ ဒါတွေနဲ့  သူဝေးသွားသည်မှာ ဆယ်စုနှစ် တစ်ခု ရှိခဲ့လေပြီ။ ဘဝမှာ လုပ်နေတာတွေဟာ တ ကယ် တော့ ဘာအဓိပ္ပါယ်ရှိလို့ လဲ ဟု သူတွေးမိသည။် သို့ သော် အဲဒီ ဘဝ ကြမ်းကြမ်းကြီးကိုပဲ ခုံမင်နှစ်သက် ပြီး လက်ရှိလုပ် နေသော အလုပ်တွေနှင့် လုပ်ကိုလုပ်ရမည့်အလုပ်တွေအကြား ခပ်ဝါးဝါးသာတွေးရင်း ရှိနေခဲ့ သည်။ အဲဒီ ဘဝ ထဲကို အမေ့အိမ်ကပြန်တဲ့အခါ သူ တစ်ခေါက် ပြန်ရောက်သွားဦးမည်ဖြစ်သည်။ မေ့လျော့ ခြင်းတွေ အဆုံး သတ် ပါ့မလား ရယ် သူ မသိပါချေ။

ခေါင်းထဲ ဝင်လာသော အတွေးတွေကြောင့် အိပ်မရသည့်အဆုံး အိပ်ရာမှ ထကာ အမေ့ရှိရာမီးဖိုထဲသို့  ထွက် လာ ခဲ့သည်။ မီးခိုးတွေ အူနေသော မီးဖိုထဲတွင် အမေတစ်ယောက် မီးမွှေးလျက် အလုပ်များနေသည်။ သူ ထလာ တာကိုတွေ့ တော့ အမေက နဖူးပေါ်လက် ကလေးကာပြီးကြည့်သည်။

“ဟဲ ကောင်လေး … အစောကြီးရှိသေးတယ် ရှူးထပေါက်တာလား …..”

“မဟုတ်ဘူး အမေ သားနိုးနေတာ ဘန္တောအော်သံကြားတာနဲ့ တောင်တွေးမြောက်တွေး တွေး ပြီး အိပ်မ ပျော် တော့လို့  ….. ” အမေ့ကို ဖြေရင်း ဆန် ထည့်ထားသော ထမင်းအိုးကိုမကာ ဆေးဖို့ ပြင်လိုက်သည်။ အမေက လှမ်းတားသည်။

“အင်း မင်းငယ်ငယ်က အမေ့ကို ဘွန္တော အော်ချင်လို့  အမြဲ ဂျီကျတာလေ …..ကဲ့ပါ ထားထား အမေလုပ်မယ် ရှူးလေးဘာလေး ပေါက်ပြီး ပြန်အိပ်တော့လေ မနက် စောစော ထရဦးမယ်မလား …. သွားသွား သား …..”

“ရတယ် အမေ သားအိပ်ပျော်မှာမဟုတ်ဘူး မျက်လုံးလည်း နည်းနည်းကြောင်နေလို့  …သားဆေးလိုက်မယ် …. ကုသိုလ်ရအောင် ….”

အမေ က လက်ဆေးရင်းက ခပ်ညှင်းညှင်းရယ်သည်။ သူ့ မိန်းမ မနက်စောစော ထပြီး ဆွမ်းမလောင်းတတ် ဘူး ဆိုတာ အမေသိချင်သိမည်။ အလုပ်တွေ သိပ်များတော့ လည်း မနက် စောစောဘယ်ထနိုင်မလဲ ဟုအမေ တစ်ခါ ပြောဖူးသည်ကို သတိရသည်။ မီးဖိုပေါ်တွင် မီးသွေးတွေက အရှိန်ကောင်းကောင်းနှင့် တောက်လောင် နေပြီဖြစ် သည်။ အမေက ညနေခင်းက ချက်ထားသော ဆွမ်းဟင်းအိုးကို လှန်လှောကြည့်နေသည်။ အမေ့ အိမ်လေးက
အေးချမ်းစွာငြိမ်သက်နေ၏။ သူ တို့ သားအမိနှစ်ယောက် ထွေရာလေးပါ စကားပြောရင် ထမင်းအိုး အဆူစောင့် နေကြသည်။

“သားလည်း ကုသိုလ်ကောင်းမှုတွေနဲ့ ဝေးနေတယ် အမေရယ် ….. တစ်နေ့ တစ်နေ့  အသည်းအသန် စား သောက် အလုပ်ကိုပြေး ဘုရားတောင် ဦးသုံးကြိမ်မနည်းချရတယ် …. ညပြန်လာတော့လည်း ပင်ပင် ပန်းပန်းနဲ့  အိပ်ပျော်သွား ဒါနဲ့ ပဲ တစ်နေ့ တစ်နေ့  လုံးလည်ချာလည်လိုက်နေတာ ….. သားစဉ်းစားမိတယ် အသက်အ ရွယ် ရလာပြီး ဘဝထဲ ရောက်တော့ ငယ်ငယ် တုန်းက ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုလေးတွေ တောင်မှ မလုပ်ဖြစ် တော့ဘူး …… သားတို့ ကိုက မေ့လျော့နေတာထင်ပါရဲ့ အမေရာ ….” အမေက မီးဖိုရှေ့ ငုတ်တုတ်လေးထိုင်ပြီး သူပြောကို နားထောင်နေသည်။ လက်ထဲမှ ယပ်တောင်ဖြင့်လည်း မီးခပ်နေလေ၏။

“အင်း …. ဒီလိုပေါ့သားရယ် …. တတ်နိုင်သမျှ လုပ်ဖို့ ကြိုးစားရမှာပေါ့ ပိုက်ဆံရှာတာလည်း ရှာ ကုသိုလ် ကောင်း မှုလုပ်တာလည်း လုပ်ပေါ့ ဘုရားတရား လုပ်ဖို့ အချိန်ဆိုတာ ယူချင်စိတ်ရှိရင် ရနိုင်တာပဲမဟုတ်လား။ မင့်အဖေ ငယ်ငယ် ကလည်း ဒီလိုပြောဖူးတာပဲ ….. ဒီနေ့ အမေနဲ့ အတူ ဆွမ်းလောင်းလေ …. ခုတောင် မင်း ကုသိုလ်တွေ ရနေပြီ ကုသိုလ်မလုပ်နိုင်တာမှမဟုတ်ဘဲကွယ် နောက်တော့ အချိန်လေး ရသမျှ ဘုရားတရားလုပ် လှူတာ တန်း တာ လေးတွေ လုပ်ပေါ့ ….. မင်း ရှာထားဖွေထားတာလေး တွေ ထဲက ဖယ်ပြီးစုထား လုံးလုံးခဲခဲ လေးဖြစ် လာ တော့ လှူပေါ့ …… ဘုရားတရား တော့ မမေ့နဲ့ သားရေ …….”

“ဟုတ်ပါတယ် ... အသိခေါက်ခက် အဝင်နက်နေတာပါ အမေရာ .... လုပ်လို့ ရနိုင်ရဲ့ သားနဲ့  ကိုယ်ဟာကိုယ် ဆင်ခြေတွေပေးနေတာက များတာ .... တကယ်တော့ ဘာမှ အပန်းကြီးတာ မဟုတ်ပါဘူး လေ ....”

“အေးပေါ့သားရယ် လူဆိုတာက မကောင်းမှုမှာပဲ တာရှည်ပျော်မွေ့ ကြတာမလား .... ငါ့သားမှာ ဒီလို အတွေး လေး ရှိတာပဲ အမေကျေနပ်ပါတယ် နောက် ကောင်းမှုကုသိုလ်လုပ်ဖို့ ဆင်ခြေတွေပေးမနေ နဲ့ ဟုတ်လား သား ”

အမေ့အပြုံးက သူ့ ရင်ကို နွေးထွေးစေသည်။ အမေက သူ့ ကို အားပေးသည်။ သူ သက်ပြင်းကို အသာချလိုက် သည်။ ဒီလို ခံစားချက်မျိုး ဟာ နောင်တမဟုတ်သော်လည်း စိုးရိမ်ကြောင့်ကြမှု တစ်မျိုး ဖြစ်ကောင်းဖြစ်မည်။ နိဗ္ဗာန်ဆော် တွေရဲ့  ဆော်သြသံတွေသည် လူတိုင်း၏ရင်တွင် အသိတရားလေးတွေ ငုတ်ရာက ပေါ်လာပြီး မေ့ လျော့နေရာက သတိတရားတွေ ရစေသည်ဟု သူ မြင်သည်။ သူတို့ တွေအတွက် အကျိုးအလွန်ဖြစ်မည်ဟုလည်း သူ ယုံကြည်မိသည်။

“ပေပေ ရကုန် ကြုံ တွေ ဆုံကွဲ ရှင်သေ တည်ပျက် မြင်မှက် တွေးယှက်မရှိတောင်းတ ရှိကြောင့်ကြ ဤကဲ့ သို့ ပြဆို သောကြောင့် သုံးပြည်ဘဝ သုံးလောက၍ သားလင်မယား မိဘများကြောင့် ငိုကျွေးမြည်တမ်း ပင်ပန်းဆင်းရဲ ရ တာလဲ အကြိမ်ကြိမ် …… အိုနာသေရေ ဆင်းရဲဘေးကြောင့် သချို င်္င်းသို့ ရောက်ရ တာလည်း အခါခါ ……သို့ ဖြစ် ပါသောကြောင့် ဘဂါဝ ပရမေ တစ်ဆူ ဘုရားအား သတ္တဝါတွေ လူအများတို့ က ဆွမ်းချက်ကပ်ရန် အဓိဋ္ဌာန် ထား ၍ လို့ မို့ နိဗ္ဗာန်လမ်း တရား ပြုကျင့်ရန် ထတော် မူကြပါ ………..ဘွန္တော...... သပ္ပုရိသ အပေါင်း သူတော် ကောင်း တို့  …. ”

ကြေးစည်သံနှင့်အတူ နိဗ္ဗာန်ဆော်အများ၏အသံလည်း တိုးသက် ရာမှ ပျောက်ကွယ်သွားသည်။ မီးဖိုထဲတွင် ဆွမ်းဟင်းနံ့ ဖြင့် မွှေးကြိုင်နေသည်။ အာရုံဆွမ်းခံကြွလာသော သံဃာတော်များ၏ ရှေ့ ပြေး ဘုန်းကြီး ကျောင်း သား လေးများ၏ ကြေးစည်သံစာစာ ကတဖြည်းဖြည်းနီးလာသည်။ သားအမိနှစ်ယောက် ဆွမ်း၊ ဆွမ်း ဟင်းကိုယ် စီ ဖြင့် အိမ်အောက်သို့ ဆင်းကာ ဆွမ်းခံလာ သံဃာများကို စောင့်ဆိုင်းနေသည်။ အိမ်နီးနားခြင်း တချို့ လည်း ဆွမ်းလောင်း ရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။ အရှေ့ အရပ်မှ ရောင်နီစတို ပျို့ အန်ကျလာသည်။ အာရုံဦးနံနက် ခင်း သည် မင်္ဂလာအပေါင်းနှင့်ပြည်စုံစွာ ကျက်သရေ ရှိလို့ နေလေ၏ ….။

******************

ဒီဝတ္တုတိုလေးကို ရေးဖို့ စိတ်ကူးရတော့ ချစ်ခင်လေးစားရတဲ့ မကြီးဝါကို ပြေးသတိရမိပါတယ် မကြီးက တရားနာ ဖို့ လှူဖို့ တန်းဖို့ အမြဲလိုလို သတိပေး အသိပေးနေကျဖြစ်လို့ ပါ။ မကြီးက သူ ကိုယ်တိုင်လည်း အလှူအတန်း သိပ် ဝါသနာပါသလို တစ်ပါးသူတွေကိုလည်း လှူဖြစ်အောင် တိုက်တွန်းပြီး လှူဖြစ်ဖို့ လည်း အမြဲ ကူညီတတ်ပါတယ်။ ၂၇.၁၀.၀၉ ရက် နေ့ ဟာ မကြီးရဲ့ မွေးနေ့ ဖြစ်ပါတယ်။ အဲတာကြောင့် ဒီဝတ္တုတိုလေးကို မကြီးဝါကို လက်ဆောင် ပေး လိုပါတယ်။ အမှတ်တရ လည်းဖြစ် မကြီး မမြဲ ပြုလုပ်နေတဲ့ ကုသိုလ်ကောင်းမှုတွေ အတွက် လည်း သာဓု ခေါ်ဂုဏ်ပြု ရင်းပါ မကြီးရေ။ ကျွန်တော့်ရဲ့ ဒီဝတ္တုလေးကို မွေးနေ့ လက်ဆောင်ပေးပါတယ် ........။



ကျွန်တော့် အစ်မကြီး ဝါဝါခိုင်မင်း (အမှတ်တရလေးများ) ရဲ့  အောက်တိုဘာလ ၂၇ ရက်နေ့ မှာ ကျရောက်မယ့် မွေးနေ့ မှာ ပျော်ရွှင်ခြင်း များစွာနဲ့ ပြည့်စုံပါစေ။ ချစ်သော ခင်ပွန်းသည်၊ ချစ်သမီးလေး တို့ နဲ့ အတူ မွေးနေ့ ပေါင်း များစွာပျော်ရွှင်စွာကျင်းပနိုင်ပါစေ...။ မကြီး ပြုနေကျဖြစ်တဲ့ ကောင်းမှုကုသိုလ်တွေကိုလည်း ဆထက် ထမ်းပိုး ပြု လုပ်နိုင်ပြီး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့ နဲ့ သာ ပြည့်စုံပါစေ ....... (ကျွန်တော့်လက်ဆောင်လေး က သေးမွှားနေလို့ မကြီးကို အားနာပါတယ်။ ခွင့်လွှတ်ပါဦး မကြီးရေ .... :D )

***************
စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား

Monday, October 19, 2009

ချစ်ခြင်းဖွဲ့ သံစဉ်


သူ့ ကိုယ်သူ ကျွန်မ ကျွန်မနဲ့ ပြောတတ်တဲ့ ကျွန်တော့ ချစ်သူကိုလေ သိပ်ချစ်တာပဲဗျာ။ ဘယ်လောက်တောင် ချစ်သလဲလို့ မေးလာရင် အသက်ထက်လည်း ချစ်တယ် ဘဝထက်လည်း ချစ်တယ် အရာအားလုံး ထက်ပိုပြီးချစ် တယ်။ ကျွန်တော့် ကို သူမ ခေါ်တဲ့ “မောင်” ဆိုတာကိုတော့ အချစ်ဆုံးပပေါ့။ ကျွန်တော်လေ သူမရဲ့ မောင်လို့  ခေါ် သံလေးကြားရရင် ရင်ထဲမှာ နွေးလှိုက်သွားပုံများ တွေးမိတိုင်း ရှိန်းရှိန်းမြမြနဲ့ ။ ကျွန်တော့်ချစ်သူကို သိပ်ကို ချစ်ပါတယ်။ သူမရဲ့ အရိပ်ကလေးတွေ အပြုံးစကလေးတွေ စကားသံလေးတွေ အကြည့်လေးတွေ အိုဗျာ ... ဒီလို ချစ်နေမိပါလားဆိုတာ ကိုယ့်ကိုကိုယ် အံ့သြရတဲ့အထိချစ်ရပါတယ်။ ကျွန်တော့်ချစ်သူကလည်းလေ ကျွန်တော့ကို သိပ်ချစ်တာပဲ။ ကျွန်တော့် ဟောဒီရင်ထဲက သိနေတာပါ။ ချစ်သူနားများရောက်သွားရင် အဲဒီနှလုံးသား ဟာလေ ... ဘယ်လို နွေးရှအေးမြမှန်းကို မသိပါဘူး။

ကျွန်တော့် ချစ်သူက သိပ်စကားနဲ့ တာပဲ။ သူ့ အကြည့်လေးတွေကို ဖတ်ဖတ်ပြီး ကျွန်တော် ရင်ခုန်ရတာလေးတွေ ဟာ ချစ်သူတွေဖြစ်ကြတဲ့ အချိန်အထိ ပြောပြောပြလို့  မကုန်နိုင်ပါဘူး။ အဲဒီ ခံစားချက်လေးတွေဟာ ကျွန်တော့ အသည်းနှလုံး ခုတ်မောင်းဖို့ အားတွေပါ။ ကျွန်တော်သူမကို ချစ်ခွင့်တောင်းဖို့ ကြိုးစားတုန်းကပေါ့။ သူ အနား ရောက်ရင်လေ ဘယ်လိုကြောက်မှန်းဘာကို ကြောက်မှန်းမသိဘူး။ သူငယ်ချင်းဘဝကနေ ဝေးသွားရမှာ ချစ်ခွင့် မရ လိုက်ရမှာ အဲဒီကြောက်ရွံ့ မှုတွေကို ပြန်တောင်မတွေးရဲဘူးဗျာ။ ဒါနဲ့ ကျွန်တော် အကြံထုတ်ရတာပေါ့။ သူ ကျွန်တော့်ကိုချစ်သလား မချစ်ဘူးလားဆိုတာ ဘယ်လိုမှ ကျွန်တော်ခန့် မှန်းလို့ မရခဲ့ဘူး။ သူ့ မျက်နှာလေးက လေ အင်း ယားကန်ရေပြင်လိုပဲ တည်ငြိမ်နေခဲ့တာ။ ကျွန်တော်မကြောက်ပဲရှိပါ့မလား။ သူ့ ကို ကျွန်တော် သီချင်း လေးတစ်ပုဒ် ပေးနားထောင်လိုက်ပါတယ်။ သူ သီချင်းနားထောင်နေတဲ့အချိန်မှာ ကျွန်တော် ပြင်ဆင်ချိန်ရ အောင် လို့ ပေါ့။ အဲဒီနေ့ က သူ ပြုံးတာလေးက ကောင်းကင်ကြီးတောင် ညို့ ကျလာမလိုပဲ။ ကျွန်တော်ဖြင့်ချစ် လိုက်တာဗျာ ....။

It's amazing how you can speak right to my heart Without saying a word you can light up the dark.............Try as I may I could never explain What I hear when you don't say a thing.......... The smile on your face lets me know that you need me There's a truth in your eyes saying you'll never leave me.The touch of your hand says you'll catch me if ever I fall You say it best when you say nothing at all............ (Ronan Keating)

Ronan Keating ပြောတာမဟုတ်ပါဘူး တကယ်ချစ်နေတာပါလို့ ပြောတော့ ကျွန်တော့ကို လူလည်ကျသတဲ့လေ ....။ ဒါပေမယ့် သူ့ မျက်လုံးတွေက ရယ်လို့  သူ့ စကားသံလေးတွေက ကျွန်တော့ နှလုံးခုန်သံတွေနဲ့ အတူလွင်လွင် လေးမြည်လို့ ။ နောက်တစ်ပတ်တွေ့ တဲ့အခါကျမှ အဖြေပေးမတဲ့လေ။ သက်ပြင်းအသာချ ပြီးမောမော ကြီးဖြစ်ရ တဲ့ ခံစားချက်ကို ပြန်တွေးတိုင်း အသက်ရှုမဝဘူးဗျာ။ ဒါပေမယ့် သူ့ အပြုံးတွေရယ်၊ ရယ်သွေးနေတဲ့ သူ့ မျက်ဝန်း တစ် စုံ ရယ်နဲ့  ကျွန်တော် တစ်ပတ်တာ အသက်ဆက်ဖို့ အားတွေမွေးဖွားခဲ့ရတာပေါ့။ “ကျွန်မလည်း သီချင်း တစ် ပုဒ် ပေးနားထောင်မယ်လေ ... သီချင်းပြီးရင် အဖြေပေးမယ် .....” စိတ်ထဲက နေဆုတောင်းနေရတာ ဟို အဖြူ ရောင်သူငယ်ချင်း စီးရီးထဲက သီချင်း တွေမဖြစ်ပါစေနဲ့  အဲဒီ သီချင်းတွေထဲက တစ်ပုဒ်ပုဒ်ကိုသာ နားထောင် လိုက်ရရင် တီးလုံးသံကြားရတာနဲ့ တင် ကျွန်တော့အသက်ပါသွားမလားပဲ။ ဒါပေမယ့် သူ ပေးနားထောင်တဲ့ သီ ချင်းကို နားထောင်လိုက်ရချိန်မှာ ကျွန်တော် အသက်ရှုဖို့ မေ့နေရတယ် သူ့ မျက်နှာလေးကိုကြည့်ပြီး သီချင်း လေး ထဲမှာ စီးရင်းမျောရင်းနဲ့  လေထဲမှာ လွင့်မျောရင်းပေါ ... နှလုံးသားက လှိုက်လှိုက်လေးတုန်နေခဲ့တယ်လေ။

(............) ......From this moment life has begun......... From this moment you are the one Right beside you is where I belong.............. From this moment on................ From this moment I have been blessed............... I live only for your happiness And for your love I'd give my last breath.................From this moment on I give my hand to you with all my heart.............Can't wait to live my life with you, can't wait to start You and I will never be apart................My dreams came true because of you .........(Shania Twain)

သူက ကျွန်တော့်လို့  မသွယ်ဝိုက်တတ်ဘူး။ ပြတ်ပြတ်သားသားပဲ ပွင့်ပွင့်လင်းလင်းပဲဗျ။ “Shania Twain ပြော တာမဟုတ်ဘူးနော် .... ကျွန်မပြောတာ ... ကျွန်မ မောင့်ကို သိပ်ချစ်တယ်။” အဲတုန်းက ပန်းတွေတောင် ပွင့်မယ် ထင်တယ်။ လေပြေလေးကလည်း အေးအေးငြိမ့်ငြိမ့်လေး နေခြည်လေးကလည်း နွေးမြမြကလေး။ ကျွန်တော့် ချစ်သူရဲ့ ပါးလေးကလည်းလေ နွေးနွေးဥဥလေးဗျာ။ ငှက်ငယ်တွေတောင် ဝုန်းကနဲ့ ထပြန်သွားသလိုပဲ။ ကျွန် တော် တို့ နှစ်လုံးသားတွေ အတူလက်တွဲပြီး ရင်ခုန်သံတစ်ချက်တည်းမြည်အောင် ခုန်တဲ့နေပေါ့။ အဲဒီ ပျော်ရွှင်မှု လေးကို ဘာနဲ့ လဲနိုင်ပါ့မလဲ ....။ “ချစ်သူရေ အဲဒီနေ့ ရက်တွေကို လွမ်းတမြေ့မြေ့ရှိလှတယ်ကွာ ... ”လို့ ဒီ သီချင်း လေးနားထောင်လို့ အဲဒီခံစားချက်မျိုးလေး ရင်ထဲကို ဝင်လာတိုင်း ... “မင်းကို ချစ်တယ် ချစ်တယ် တအား ချစ် တယ်ကွာ ”......လို့ အော်နေမိတော့တာပါပဲဗျာ။ အဲဒီ အချိန်က စပြီး ကျွန်တော်တို့  ချစ်ခဲ့ကြပါတယ် ...။

သူ နဲ့ ကျွန်တော် ခုနေ ခဏ ဝေးနေကြရတယ်။ ဒါလည်း ဘဝအတွက် လိုအပ်ချက်တွေကြောင့်သာပါ။ ဒါပေမယ့် လေ သူနဲ့ ကျွန်တော်အမြဲနီးနေတယ်။ သူ့ အသံလေးတွေ ပုံရိပ်ကလေးတွေ နောက် သူ ပို့ ပေးတဲ့ သီချင်းဟောင်း လေး တွေ။ ဘယ်လောက်ဟောင်းတဲ့သီချင်းလေးပဲဖြစ်ဖြစ် ဘယ်နှစ်ကြိမ်နားထောင်ပြီးတဲ့ သီချင်းပဲဖြစ်ဖြစ် သူက ပဲဖြစ်ဖြစ် ကျွန်တော်ကပဲဖြစ်ဖြစ် နားထောင်စေချင်လို့ ပို့ ပေးတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် မြတ်မြတ်နိုးနိုးကို နား ထောင်ဖြစ်ခဲ့ ကြတယ်။ တစ်ခါတစ်လေ သီချင်းလေး နားထောင်ရင်း နှစ်ယောက်သားငြိမ်သက်နေခဲ့ကြတဲ့ အချိန် တွေလည်းရှိတာပေါ့။ အချစ်ကို အလှတန်ဆာဆင်သူတို့ ရဲ့ သံစဉ်လှလှ စကားလှလှလေးတွေနဲ့ ခံစားကြည့်တဲ့ အ ခါ ရရှိတဲ့ ခံစားမှုဟာ ပြောပြနိုင်လောက်အောင်မစွမ်းပါဘူး။ သေချာတာတစ်ခုတော့ရှိပါတယ် သူလေ ကျွန်တော့် နား မှာ ကနေ့ အထိ ထပ်ချပ်မကွာပါ။ သိပ်ချစ်တာပဲချစ်သူရေ။ “မောင် နားထောင်ဖို့ ”တဲ့ ..... ဒီသီချင်းလေးက ....

“ဒီကမ္ဘာကြီးအဆုံးကို ကိုယ်သွားမယ် အကြင်နာ အိပ်မက်တွေ ကုန်သွားမှာကို စိုးတယ် ယဉ်ယဉ်လေး ရူးလို့ နေ သူ့ ရဲ့ အပြုံးတွေ ကိုယ်တမ်းတ ကိုယ်သတိရ .......... ပြာရီမိုးသားအောက်က သူ့ အပြုံးတွေ မှုန်ရီဝေဝါးသွားမယ့် အချိန် အချိန်ခဏလေး မျှော်လင့်ခြင်းနေ့ သစ်အောက်မှာ ကိုယ်မနိုးထချင်တော့ပါ ကိုယ်သိပ်ချစ်တယ် တကယ် သိပ်ချစ်တယ် ............ ပင်လယ်ကြီး ကိုယ် ဖြတ်သန်း အကြင်နာခွန်အားတွေ တောင်စွယ်များဝိုင်းရံ ကာရံထား အတွေးနဲ့  ဝင်ရောက်ခဲ့မယ် မမုန်းဘူး အချစ်ကလေးရယ် တစ်ယောက်တည်း မနေ ချင်ဘူး ကိုယ်တို့ ဝေးနေ မိုင်ပေါင်း ကုဋေ ........... အကြင်နာ လရိပ်အောက်မှာ ခိုနားစဉ် ကိုယ်တို့ နှစ်ဦးဝေးကြတဲ့ မိုင်ပေါင်းကုဋေခဏလေးလို ကာရံနဲ့ သီချင်း လေးများစွာ သူ့ အတွက်ဆိုညည်းခါ လာခဲ့မယ်.............” (ဇော်ဝင်းထွဋ်+ထွန်းအိန္ဒြာဗို)

ချစ်သူတွေအတွက် အကြောင်းကြောင်း ကြောင့်ဝေးကွာနေပေမယ့် နီးနေတယ်ဆိုတာ အပြောမဟုတ်ပါဘူး ... သတိရတမ်းတခြင်းတွေ ရှိနေပေမယ့် ချစ်သူ့ ကိုယ့်အနားမှာရှိနေတယ်လို့  ခံစားနေရတာ အချစ်ကို သစ်လွင်နေ စေတယ် ဘဝကို ပြည်စုံနေစေတယ်လေ .... ဘဝခရီးတွေကြမ်းပေမယ့် ချစ်သူနဲ့ သာဆိုရင် ဘယ်အရပ်ကိုသွား သွား သွားလိုက်ချင်ပါတယ် .... ဒါပေမယ့် လက်တွေ့ ဘဝဟာ လိုအပ်ချက်တွေရှိနေသေးတာမို့  နီးနေချင်ပေမယ့် ဝေးနေရတဲ့အခါ သတိရတမ်းတနေကြရတာသဘာဝပါ ကျွန်တော် သူ့ ဆီကို သီချင်းလေးတစ်ပုဒ်ပို့ ပေးပြီး နှစ် ယောက်သား အွန်လိုင်းက စကားပြောဖြစ်တဲ့အခါ ငြိမ်ငြိမ်ကလေး တူတူ နားထောင်ဖြစ်ခဲ့ကြတယ်။ ဒီသီချင်း လေးပေါ့ .....

“သူနဲ့ သာဆိုရင် ဘယ်လိုပင်ဝေးပစေ လိုက်မှာပဲ အမြဲမခွဲတွဲ အယှဉ် ................သူနဲ့ သာဆိုရင် ပန်းရနံ့ လည်း မမွှေးတဲ့လမ်းအဝင်............ကြယ်တွေမစုံလမိုက်သော ညတွင် စမ်းရေပင် ပူလောင်မီးလျှံအသွင် ............... အလှ ဆိုတာ အရှင်းမတွေ့ တောင် ခဲခက်လှပါစေ လျှောက်ချင် .......... တစ်ယောက်ကို တစ်ယောက်တွဲ လို့  တစ်သက် မကွာ မခွဲအစဉ် လက်ကိုခိုင်ခိုင် ယှက်မယ် သူနဲ့  သာဆိုရင် ......... အသည်းအသက်မကချစ်ကြင် မြတ်နိုးယုယနှောင်ဖွဲ့ အစဉ်တစ်ယောက်မရှိတဲ့ တစ်ယောက်တွင် မနေ နိုင်အောင် စိတ်မှာပင်” (R ဇာနည်+ ရှင်ဖုန်း) ...........

ချစ်သူ ကို စိတ်ပူစရာဆိုလို့ ကျန်းမာရေးမကောင်းမှာ ကျွန်တော့်ကို သတိရပြီး စိတ်အားတွေငယ်နေ မှာကိုသာ စိုးရတာပါ။ သူ သိပ်ချစ်တယ်ဆိုတာ ကျွန်တော်သိတာပေါ့။ ရင်ထဲကစကားသံတွေနဲ့ အတူ ကြီးပြင်းလာတဲ့ ကျွန် တော်တို့  နှစ်ယောက်ရဲ့ အချစ်ဟာ ကြီးမားခိုင်မာနေပြီပဲ။ ချစ်သူယိုင်နဲ့ ချိန်မှာဖေးမချင်တယ်။ ဝမ်းနည်းချိန် မှာ ပခုံးမှာမှီစေပြီး ခံစားချက်တွေ လျော့ပါးအောင် အားပေးနေချင်တယ်။ ဒါပေမယ့် ခုလို ဝေးနေတုန်းအခိုက်မှာ ချစ် သူ နားထောင်ဖို့ သီချင်းလေးတွေ ပို့ ပေး .... စကားတွေ ရတတ်သမျှ အချိန်မှာ အလုအယက် ပြောပြီးသာ နေရ တယ် ချစ်သူကိုလေ ပုံပြင်ထဲက ဟိုတာနောလို ရွှေကြုတ်ထဲထည့်ပြီးသာ မြိုထားလိုက်ချင်တယ်ဗျာ ......

“အတူသွားအတူစားကာ ပျော်ပါးခဲ့ဖူးတာ ပြန်တွေးလိုက်တိုင်း မင်းအနားနားရောက်လာ တစိမ်းတွေကြားမှာ လှုပ်ရှားရင်းနဲ့ သာ တို့ နှစ်ဦးရည်မှန်းတာ ကိုယ်မျှော်လင့်စဲပါ ရေမြေခြားသွားရတော့ မင်းလေးကို ထားခဲ့ရပြီပဲ မျက်ကွယ်ရာ မှာ မင်းလေးကို ကိုယ်စိတ်ချပါရစေ ဒါပေမယ့် ကိုယ့်အတွက်တော့ ယုံကြည်ပြီးစောင့်နေပါနော် လွမ်းရက်တွေကို တဖြည်းဖြည်းဖြတ်ကျော်မှာ ကိုယ် ဟိုးအဝေးမှာ နေတဲ့အခါ မျက်ဝန်းတွေထဲ မင်းပဲမြင် ပြန်ဆုံနိုင်မယ့် နေ့ ရက် လေးတွေ မရောက်သေးခင် ဤမှန်ကန်သော ကိုယ့်ရဲ့ သစ္စာတွေကြောင့် ဆုတောင်း ပြည့်ခဲ့ရင် အချစ်ဆုံးသာ ကိုယ့်အနားရှိစေချင် ....... ”
(R ဇာနည်)

ချစ်သူက ကျွန်တော် စိတ်မချဘူးကွယ်လို့  ပြောတိုင်းစိတ်မဆိုးပဲ ရယ်တတ်တယ် ....။ ကျွန်တော်ပြောချင်တဲ့ စ ကား ကို သူသိပါတယ်လေ ....။ နားလည်မှုလွဲစရာလည်း မလိုသလို စိတ်ကောက်စရာလည်းအကြောင်းမှ မရှိ တာပဲကို ....။ ကျွန်တော် သူ့ ကို ချစ်တာ အဲတာလည်းပါတာပေါ့။ ကျွန်တော်ပြုံးရင် သူမ နှုတ်ခမ်းလေးတွေကို ရွှင်လို့ ၊ ကျွန်တော်ရင်ထဲက စကားအစအနတွေကို သပ်ရပ်အောင်မစုစည်းတတ် မပြောတတ်တဲ့အခါ နားလည် ပေးတတ်တဲ့ ကျွန်တော် ချစ်သူကို ဒီလောက်ချစ်တာ မလွန်ဘူးထင်ပါတယ်။ ချစ်လို့ လည်း မဝဘူးရယ် ..... ချစ်သူ က ဟိုတလောက ဒီသီချင်းလေးတစ်ပုဒ်ပို့ ပေးတယ် ... ကျွန်တော့်ချစ်သူ ပို့ ပေးတဲ့ အဲဒီသီချင်းဟောင်းလေးတွေ ဟာလေ ဘယ်လောက် ဟောင်းဟောင်း ကျွန်တော့်အတွက် ကောင်းကောင်းကြီးသာနေတော့တာပါ ... အချစ် ဟာ အရာရာကိုသစ်လွင်စေတယ်ထင်ပါရဲ့ ....

မောင့်မူပိုင်ရှင် မောင့်မူပိုင်ရှင် မေတ္တာအသည်းဆက်သက်နှင်းပေးအပ်ချင် ပျက်မယွင်းတဲ့ ဘဝ တစ်ခွင် မောင့်မူပိုင်ရှင် ချစ်ကမ္ဘာမှာပင် မေတ္တာသာလျှင် ချစ်မြတ်နိုး ဆတစ်ပိုးတိုးလို့ ပင် နှောင်ဖွဲ့  သမုဒယ ငင် သစ္စာပန်ဆင် ချစ်သူနှစ်ဦး ကြည်နူးပြုံးပြုံး ရွှင် ..........ရည်စူးဆုံးဘဝတိုင်ပဲရှင်........... မောင့်မူပိုင်ရှင် မေ့ဘဝ ပိုင်သူသခင် မေ့ကမ္ဘာလည်းမောင့်အတွက်ထင် အသည်းအသက်လို ပမာတင် မောင့်အကြိုက်သဘော လိုက် လျောမတဲ့ရှင် မောင့်မူပိုင်ရှင် မောင့်မူပိုင်ရှင် ......... (ချိုပြုံး)

“မောင်ရေ .... ကျွန်မက မောင့်မူပိုင်ရှင်ပါ .... မောင်စိတ်မပူနဲ့ နော် သိပ်ချစ်တယ်မောင်ရယ် ......” ကျွန်တော့် ချစ် သူကို ချစ်ရတာ အဲတာတွေကြောင့်ပေါ့ဗျာ။“ ကျေးဇူးတင်ပါတယ် ချစ်တဲ့သူရယ် မောင့်ကို သိပ်ချစ်တဲ့အ တွက် ပါ ...” ချစ်ရတာနဲ့ အချစ်ခံရတာကို သိရှိခံစားခြင်းနွေးထွေးမှုတွေဟာ ကျွန်တော့်ရဲ့  ခြောက်သွေ့ အေးခဲနေ တဲ့ဘဝလေးကို နွေးထွေးစိုပြေလာစေတာပါပဲ .... ချစ်သူလေး လည်း ကျွန်တော့်လို နွေးထွေးပါစေ ....။

********************

ကျွန်တော် မအားလို့ စာမရေးနိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ကြပါဦးနော .... အားတဲ့အချိန်တွေကြိုးစားပြီးရေပါဦးမယ် ရင်ထဲမှာတော့ နေတိုင်းရေးဖြစ်နေပါတယ်ဗျာ။ ညည်းဖြစ်ဆိုဖြစ်တဲ့သီချင်းလေးတွေထက် အမှတ်တရ မေ့မရတဲ့ သီချင်းလေးတွေကို တက်ဂ်ပိုစ့်လေးအဖြစ် ရေးပြီးပါပြီ မနှင်းဟေမာရေ .... ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်။ Fiction လား ဘာလားဆိုတာတော့ မမေးကြေး နော ..... :P ကျေးဇူး မနှင်းဟေမာ ....။


ပုံလေးကို ဒီက ယူပါတယ်

စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား


Friday, October 9, 2009

ယဉ်ယဉ်လှတဲ့ တင်တင်လှ


ကြည့်စမ်းပါဦး ဒီမိန်းမ အသက်သုံးဆယ့်ငါးနှစ်ဆိုတာ ဘယ်သူ ယုံမလဲ။ မျက်လုံးလေးကို ကြည့်ပါဦး နုပျိုစို လက် နေတာပဲ။ မျက်တောင်ကြီးများကလဲ နက်မှောင်ကော့စင်းလို့ ။ မျက်ခုံးကြီးများကလည်း စာသံပေသံ နဲ့ ပြောရရင် ဇင် ယော်တောင်တွေလို မထူမပါးကော့ကော့ကြွားကြွားနဲ့ ။ နှာတံပေါ်ပေါ်လေးကလည်း ဖြောင့်လို့  စင်းလို့ ။ ပါး လေးက မို့ နေလိုက်တာများ မွေးကင်းစ ခပ်ဖွံ့ ဖွံ့ ကလေးလေးပါးလိုပဲ အိအိကလေး။ သေချာအနား များကပ် ကြည့် လိုက်ရင် မွေးညှင်းနုနုလေးတွေရယ် အကြောစိမ်းစိမ်လေးတွေရယ်နဲ့  ထိရက်ကိုင်ရက်စရာ မရှိ ဘူး။ဟော နှုတ်ခမ်းလေးကိုကြည့်ဦး မလား ပါးပါးလျလျ သွယ်သွယ်ရောင်းရောင်းနဲ့ ။ ဟောလို ဆေးနီနီလေး များ တင်ထား လိုက်ရင် မပြုံးလိုက်နဲ့ ပြုံးလိုက်တာနဲ့ ရှိသမျှ ဖိုသတ္တဝါတွေ တုံး ကနဲ လဲသေသွားလောက်တယ် ဟင်း ...ဟင်း ...။

ဘယ် ..... ဟို မခင်စန်းဆိုတဲ့ မိန်းမ ကိုကြည့်ပါ ဦး ကိုယ့်ထက်တောင် သုံးနှစ်လောက်ငယ်သေးတာ။ ရှုံ့ တွနေ ပြီ။ နဖူးရည်တွေတောင် တွန့် တက်နေပြီ။ ဆံထုံးလေးများမထုံးလိုက်နဲ့ အဖွားကြီးအို ပေါက်စလေး ကျနေတာ ပဲ။ မ ပြင်မဆင် နဲ့ မခင်စန်းတို့ မ ယဉ်လိုက်ပုံများ။ နဂိုကမှ တင်မရှိ ရင်မ ရှိ ပြားချပ်ချပ်ကို ဝတ်လိုက်ရင် အဖွား ကြီး ဆင်တွေချည်းပဲ။ မိန်းမလုပ်ပြီးလူကလည်း ထိုးထိုးထောင်ထောင်နဲ့ လက်ပြင်ကလည်း ကိုင်းပြန်သေးတော့ ...... လေးကိုင်းကြီးလိုပဲ။ အိုး .... တင်တင်လှတို့ နဲ့ များကွာပါ့။ ဟောဒီမှာနဖူးလေး များ အရည်တွန့် ဖို့ မပြောနဲ့  နုလွန်း ညက်လွန်း တင်းလွန်းရင်းလွန်းလို့ ခြင်တွေ ယင်တွေများ နားရင်တောင် မှောက်ရက်လဲသွားနိုင်တယ်။

လည်တိုင်လေးမှာ အရစ်ကလေးတွေကလည်းရေးရေးလေး ပေါ်နေသေးတယ်။ မင်းကတော် စိုးကတော် တွေမှ ဒီလို အရစ်ကလေးတွေ ပါသတဲ့ လေ။ ဘယ်လို လည်စွဲမျိုး စွဲချင်သလဲ လာစမ်းပါ စမ်းကြည့်လိုက်စမ်းပါ။ ဘာတဲ့ ဟို မင်းသမီး ....... ။ အဲသည်လောက်ကတော့ တင်တင်လှတို့ က ပြင်းတောင် ပြင်းသေး လို့ အော်လိုက်ချင်တယ်။ ဟော ကိုယ်လုံးကိုယ်ထည်ကိုကြည့်ဦးမလား။ မြန်မာလူမျိုးတွေများ ပြောကြ တယ် လုံးကြီးပေါက်လှတဲ့ ဘယ့်နှယ့် အဲသည်လို လုံးကြီးပေါက်လှသာဆို ဂစ်တာကြီးလို ရင်သေးသေး တင်ကြီး ကြီးနဲ့ အချိုးမကျ နဲ့ ပုကွကွ ကြီးဖြစ်နေ မှာပေါ့။ သူတို့ က မမြင်တတ်တာ။

ဒီမယ် တင်တင်လှ ပေါင်တံလေးတွေ ကြည့်စမ်း။ သွယ်သွယ်စင်းစင်းလေး။ ရင်လေးကလည်း သူ့ အရွယ်နဲ့ သူ တင်ကလေးကလည်း ပေါင်တံလေး ခါးကလေးနဲ့ အလိုက်အထိုက်တော်ရုံကလေး။ ဒါမှ ဘိုဆန်တဲ့ အလှ လို့  ခေါ် တာ။ ဝတ်လိုက်စားလိုက်ရင် ဘာဝတ်ချင်သလဲ ဘိုစတိုင်ဖမ်းချင်သလား။ မြန်မာလို ဝတ်ချင်သလား ချပ်ချပ် ရပ် ရပ်နဲ့ သူ့ နေရာသူတင်းတင်းရင်းရင်းနဲ့ ။ ဒါမျိုးမှ ကိုယ်လုံးလှတယ် ခေါ်တာ။ ဂစ်တာကြီးလိုသာဆို ဘယ့်နှယ့်လုပ် ကြည့်ကောင်း မလဲလေ။ အသားအရေ ကိုကြည့် ဟို နွယ်နွယ်အေး ဆိုတဲ့ မိန်းမလို သွေးရောင် မရှိတဲ့  ဖြူစုပ်စုပ် လည်းမဟုတ်။ မခင်စန်းလို မည်းမည်းနဲ့ မွဲမွဲခြောက်ခြောက်လည်းမဟုတ်။ အတော်ကလေး ရယ် ညိုရောင်ပြေး တဲ့ ဖြူလွင်လွင်ကလေး။ ဒါမျိုးကိုမှ မြန်မာမ လှတယ် ခေါ်သပေါ့ ဟင်းဟင်း ...။ ဟော ဆံပင်လေးကျလည်း ခေတ် အလိုက် ကိုးရီးယားစတိုင်ပေါ့။

အမေက ငယ်ငယ် ကတည်းကပြောတယ် ငါ့သမီးက မင်းကတော်ရုပ်ကလေးတဲ့။ အရပ်ထဲမှာ ပွဲလမ်းသဘင်များ သွားလို့ ကတော့ ရှိသမျှကာလသားတွေ ငုတ်တုတ်မေ့အောင်ကြည့်ရတာ ဒီက တင်တင်လှပေါ့။ ဟင်းဟင်း အ သံကလေး ကလည်း ချိုသတဲ့ သာသတဲ့ နားထဲကို အဝင်အေးသတဲ့ ။ မျက်စောင်းလေး ချိတ်လိုက်ရင် အဲဒီ သ ကောင့်သားတွေ အသက်ရှူတွေ မှားမှားကုန်တာက တစ်မျိုး၊ ဗွက်အိုက်ထဲ ဟပ်ထိုးလဲတာက တစ်ဖုံ၊ သူတို့  ကောင် မတွေနဲ့ ပြဿ နာတက်လို့ ကွဲကြတာကတစ်မျိုးနဲ့ ။ တင်တင်လှတို့ လှချက်ကယ် ပြောရမှာ ရှက်တောင် ရှက်ပါတယ်လေ။ ဘယ်နေရာရောက်ရောက် အလှသွေးတွေ စိုစိုလက်ကယ်နဲ့ မို့ ဗိုလ်ပုံလည်မှာ ဖျတ်ကနဲ ကြည့် တာနဲ့ ထင်းကနဲ လင်းကနဲ မြင်ရလောက် အောင် ဝင်းဝင်းဝါဝါနဲ့ ကို လှခဲ့တာပါလေ။ တင်တင်လှတို့ က လှရုံ တင် မကပါဘူး။ ခေတ်ပညာလေး ကလည်း အထိုက်အလျောက် တတ်ပါတယ်လေ။

တက္ကသိုလ်တုန်းကလည်း ဘော်တနီကွင်းဖြစ်ရုံတင် ဘယ်ကမလဲ။ ဟောဟို က တော်ကြတတ်ကြပါတယ် ဆို တဲ့ ဆရာဝန်လောင်းတွေ အင်ဂျင်နီယာလောင်းတွေကတောင် ကျော်ကျော်ကျူးကျူးနဲ့ ကိုလာလာပြီး ပိုးရပန်းရ တာ ကိုးလေ။ ဝဇ္ဇာသိပ္ပံ မှာတော့ ပြောမနေပါနဲ့ ။ ကျွန်မ တင်တင်လှကလေ ကိုယ်တိုင်လှရုံဘယ်ကမလဲ အလှ က လည်း ကြိုက်တယ်တော်ရေ။ အမေတို့ ပြောတဲ့မင်းကြိုက် စိုးကြိုက်ကြီးတော့မဖြစ်ချင်ပေါင်။ မတော် နွားထော် ကားယား ကျွဲကားယားကြီးနဲ့ ညားမှ။ အလိုတော် ရွ့ံစရာကြီးပါ။ ဒါပေမယ့် တင်တင်လှ ကံကောင်းပါ တယ်။ လင် လှလှလေး ရတယ် တော်ရေ့ ။ လင်လေးက အချောအလှ၊ ပညာလေးကလည်း တတ်လို့  စီးပွားရေး လုပ်ငန်းလေး က လည်း စည်လို့ ပင်လို့ တောင်ဖြစ်နေပြီ။ လူလေးကလည်း ဖြူဖြူ သန့် သန့်  ခန့် ခန့်  ချောချော လေးဆိုတော့ အဲဒီတုန်းက မြင်လိုက်ရရ ချင်း တင်တင်လှတို့ ရင်ထဲ ဘယ့်နှယ်ကြီးမှန်းမသိပါဘူး .... ချိုအီအီကြီးကိုဖြစ် လို့  ... ဟင်းဟင်း ....။

တင်တင်လှရဲ့ ကိုကိုကလေ အမောင်းလေးကလည်း ကောင်း၊ ပညာလေးနဲ့ ဟိတ်ဟန်ကလေးကလည်း ပြောင် ပြောင်ရောင်ရောင်နဲ့ ။ မမူခဲ့ပါဘူး တင်တင်လှတို့ ။ ချက်ချင်းပဲ အင်းကနဲ လုပ်ပစ်လိုက်တာပေါ့။ မတော် သူစိတ် ညိုသွားမှဖြင့် ရင်ကျိုးရချီရဲ့ ။ ဥစ္စာပေါရုပ်ချော ကိုကို့ ကို တင်တင်လှက ဘယ်အလွတ် ခံပါ့မလဲ။ ဟုတ်တယ် မ လားတော်ရယ်။ တင်တင်လှလို မိန်းမလှနဲ့ ယူတဲ့ ယောက်ျားက မည်းမည်းသဲသဲနဲ့ ဆို ကျီး ကန်းကြီး ဘဲဥချီလာ သလို ကြည့်လို့ မှမတော် မြင်လို့ များရှိ ထော်လော် ကန့် လန့် ကြီး ဖြစ် နေတော့မပေါ့။ ဟော ခုတော့ ကျွန်မ တင် တင်လှ က ယဉ်ယဉ်နဲ့ လှသလို လင်လှလှလေးနဲ့ ပေါ့တော်။ ဒီထက် တင်တင်လှ တို့ အ လှကြိုက်တာပေါ်အောင် ပြောရရင် အိမ်မှာကူလုပ်ဖို့ အကူ ကလေးမလေး ခေါ်ထား တာတောင်မှ သနရုပ်ပလေး ခေါ်ထားတယ်ရှင်။ အ သန့် အပြန့် ကလည်း ကြိုက်တော့ အဲသည် ကလေးမတောင် တင်တင်လှ အဝတ်ကလေးတွေ ပေးပေးဝတ်ရင်း က သူကလေးတောင် အတော်လှ နေတယ် ..... တကယ်ပါပဲ။

သူ ကလား ကိုကိုက တင်တင်လှကို ချစ်သမှ ငုံထားမတတ်ပဲ။ တင်တင်လှဘာလို ချင်သလဲ။ မိတင်လှ တို့ များ ကံ လေး က လိုက်တော့ လက်ညှိုးညွှန်ရာ ရွှေဖြစ်တယ်ပြောရမယ်။ ဟော ..... အိမ်ဆိုအိမ် ကားဆိုကား လက်ဝတ်
ရတနာ တွေက တော့ ပြောမဆုံးမှာမို့  မဆိုတော့ပါဘူးလေ။ “လှရယ် အချစ်ရယ် မင်းတသမျှ ရစေရမယ်” တဲ့ လေ။ ဒါပေမယ့် တင်တင်လှတို့ က လင်အလိုလိုက်လို့ မိုက်လိမ့်မယ် မထင်နဲ့ နော်။ မယားအလှ အလိမ္မာကလေး ပါ။ ကိုကို က ပင်ပန်း မှာစိုးလို့  အိမ်အကူလေး ခေါ်ပါဆိုလို့ သာ လင့်စကားအရာရောက်အောင် ကျေနပ်အောင် အခေါ်ထားရတာ။ ကိုကို က တင်တင်လှ ချက်တာမှ ခံတွင်းတွေ့ တယ်လေ။ အလုပ်က ပြန်လာလို့  မောမော ပန်းပန်းနဲ့ ဆို လှရဲ့ အပြုံးနဲ့ မှပြေသလို ဝမ်း လေးများဟာလာရင် လှ ချက်တာကမှ အာသာ ပြေသတဲ့လေ။ ကိုကို ကသိပ်ချစ် လို့ များလားမသိပါဘူး ကိုကို့ အတွက်ဆို မိတင်လှတို့ သွက်လက် ဖျတ်လတ်နေတာ။ အမေကတော့ ပြောတယ် “အောင်မယ်လေး ငါ့သမီးများ မယားဝတ်တွေ ကျေနေလိုက် တာ မြင်ပြင်းတောင် ကတ်တယ်”တဲ့ လေ။

အလုပ်တော့ လုပ်ချင်ပါတယ်။ ကိုကို့ ကို ခွင့်တောင်းတော့ ကိုကို က မျက်ထောင့်နီကြီး နဲ့  ကြည့်တယ်။ လှကို ခိုင်းဖို ယူထားတာမဟုတ်ဘူးတဲ့ ချစ်လွန်းလို့ ယူထားတာတဲ့လေ။ လှ အိမ်မှာ အလုပ်တွေ လုပ်နေ တာတောင် ပြောမရလို ထားရသတဲ့။ ဒီတော့လည်း ကျွန်မ မယားအလှ အလိမ္မာကလေးကလည်း ခေါင်းလေး ငြိမ့်ပြီး “ဟုတ် ကဲ့  ပါရှင်ရယ် ဟုတ်ကဲ့ပါ ကိုကိုရယ်နဲ့ ”သူ့ ရင်ခွင်ထဲ ခေါင်းကလေးထားလို့  လိုက်နာရ ပြန်တာပေါ့ လေ။ အင်း ပေါ့လေ သားကလေး ကတစ်ယောက် သမီးကလေးက တစ်ယောက် လူလားမြောက်တဲ့ အထိ စင်းစင်းကြီး လှနေ တဲ့ မယားဆိုတော့လဲ ချစ်တာပေါ့လေ။ ဟိုမခင်စန်းလို မီးယပ်ပိန်နဲ့ ခြောက်ကပ်နေရင်တော့ ဒီအချိန် တင်တင်လှ တို့  မျက်ရည်နဲ့ မျက်ခွက် လင်ပစ်လို့ ဟစ်ဟစ်ပြီးအော်ငိုနေရမှာပေါ့။

တင်တင်လှကို လူအများက အားကျ ကြတယ်လေ။ တင်တင်လှ ဘာတွေလုပ်ရသလဲဆိုတာမှ သင်းတို့ က မသိ ဘဲကိုး။ အလှတွေလျော့လို့ လင့်အချစ်တွေ ပေါ့သွားမှာစိုးလို့ အိမ်ထောင်သက်တွေ ရှည်ကြာ လာ တိုင်း ဒီအလှ တွေကို မပျက်ရအောင် ထိန်းရသိမ်းရတာပေါ့။ ကလေးတွေကလည်း လက်လွတ်နေပြီ ဆိုတော့ တင်တင်လှတို့  ကိုယ့်ကိုကိုယ် ပိုပြီးပြုပြုပြင်ပြင်လုပ်နိုင်တာပေါ့။ ကလေးတွေ ကြီးမှ မဟုတ်ပါဘူး ကလေး တွေ ငယ်တုန်းက လည်း ဒီလိုပဲ ဘယ်လောက် မအားမအား သနပ်ခါးကလေးတော့ ပါးလေးပေါ် တင်ထားလိုက် တာပဲ။ ကိုကို အ လုပ်သွားခါနီးလေး နမ်းလိုက်ရင် ကြိုင်ကြိုင်လေးမွှေးနေမှ ဖြစ်မယ်လေ ဟင်းဟင်း .....။ ကလေးသေးစော် နံနေ ရင် ကျွန်မယောက်ျားအချော ကလေး ရွှေစိတ်တော် တွေ ညိုးမသွားရအောင်ပေါ့။ ဒါမျိုးဖြစ် ဖန်များတော့ တစ တစ အပြစ်မြင်သွားရင် မခက်ပလား။

ခုတော့ တင်တင်လှ အရွယ်လေးကလည်း ရလာပြီလေ။ ဇရာကိုတော့ တင်တင်လှ လည်း အံ မတုနိုင်ပါဘူး။ ဒီ တော့ အစားလေးက စ အသွားလေးက အဆုံး ထိန်းရသိမ်းရ နေရထိုင်ရတော့တာပေါ့။ ဟော မနက် ကိုကို လမ်း လျှောက်တဲ့ အခါ တင်တင်လှကလည်း ခါးကလေးလိမ်လိမ်ပြီး လျှောက်တာပေါ့။ ကိုကို ပြေးတဲ့ အခါ ကျပြန်တော့ လည်း ရင်ကလေး တချီချီနဲ့ ပြေးတာပေါ့။ ကိုကို ကိုယ်လက် လှုပ်ရှား သွေးပူကလေး လုပ်ပြန်တော့ တင်တင်လှ လည်း ခြေကလေးဆတ် ကိုယ်ကလေးခါနဲ့ အဆီဆို ပါးပါးလျလျလေးတောင် မတက်ရလေအောင် လုပ်ရ ကစား ရတာပေါ့။ ဟော တစ်ခါတစ်ရံ နေ့ ခင်းနေ့ လည်အားတဲ့ အခါ အိပ်မိရင် အဆီစုမှာ စိုးလို့  စာဖတ် တဲ့ အခါဖတ် မြူးမြူးကြွကြွ သီချင်းလေးဖွင့်ပြီး အေရိုးဗစ်ကလေးကလည်း စိတ်ပျော်ကိုယ်နုတယ်ဆိုပြီး ကစားတဲ့ အခါ ကစား လိုက် သေးတယ်လေ။

အစားကျပြန်တော့ကော အဆီဆို တင်တင်လှတို့ အဆိပ်လိုရှောင်တယ်။ အသားလှအောင် ဗီတာမင်အေပါတဲ့ အ သီးအနှံတွေစားတယ် အရွက်စိမ်းစိမ်းတွေကို မိန်မိန်ဝါးတယ်။ အသားဟင်းဆို ဆီစိုရုံ ပါလေရံ လေး ဝက်သား
သုံးထပ်သားများဆိုဝေလာဝေးပေါ့။ မြင်ကြည့် လှည့်ပါ တင်တင်လှ ဘယ်လောက် အဆင်တွေပြေပြီး လူတွေ ငေးအောင် လှနေလိုက်မလဲလို့ လေ။ သူ့ အချိန် ဇယားနဲ့  သူ မာမီတွေဆီသွားပြီး ပေါင်းတင်ရတာက တစ်မျိုး၊ ဆံပင်လေး ပုံစံပြောင်းရတာ တစ်မျိုးနဲ့  ပိုက်ဆံ တွေကတော့ ကုန်သပေါ့လေ။ ဒါပေမယ့် လင်ကချစ်တယ် လင် မပစ်ဘူးပေါ့။ မခင်စန်းတို့  နွယ်နွယ် အေးတို့  များ ကျွန်မကို မတွေ့  လိုက်နဲ့ တွေ့ လိုက်တာနဲ့ ဟယ် မမတင်ရယ်
ဆယ်ကျော်သက်လေးကျ လှလိုက်တာ နော်....တဲ့  ။ ဒီမိန်းမတွေကလည်း အဲလို .... အဲလို ....သုံးဆယ်ဖြတ်ပြီး လေးဆယ်ကပ်နေတဲ့ မိန်းမက ဆယ်ကျော် သက်လို တော့ လှမတဲ့လား ... ဟင်းဟင်း ....။

ဒါပေမယ့် တင်တင်လှ လှလှလေး ပြုံးလိုက်မိတာပေါ့လေ။ ကလေးနှစ် ယောက်ကို မွေးစားထားတာများ လားလို့ မေးတဲ့ သူကမေးသေးတယ်။ ဒီအခါကျတော့ မိခင်မာန်လေးတက်ပြီး ခါးလေးထောက် မေးလေးငေါ့ပြီး ခပ်ဆတ် ဆတ် ကလေး ပြန်ငေါက်ရတယ်လေ ...“ ဟဲ့ ငါ့သားသမီး ငါမမွေး လို့ ဘယ်သူမွေးမလဲ .. ကလေးတွေ ကြားလို့ ယုန်ထင်ကြောင်ထင် ထင်ပါ့မယ် ”လို့ ပြောရတယ်။ ကွယ်ရာကျမှ ကိုယ့်ဟာကိုယ် မျက်နှာကြီး စပ်ဖြီးဖြီး နဲ့ ကြိတ် ပြီး ပြုံးတာလည်း ပြုံးတာပေါ့။ လူတွေကအဲလို ခက်တယ်။ အင်းပေါ့လေ ဒါမှကိုကို က နှစ်ယောက် တည်းရှိရင် “အောင်မယ်လေး ကိုကို့ ရဲ့  ယဉ်ယဉ်ပြီးလှတဲ့  တင်တင်လှလေး ရယ် ချစ်လှချီရဲ့ ကွယ် ”ဆိုပြီး ပြောမှာ ကိုးလေ။ လင်မပစ်အောင် တင်တင်လှ ပေးဆပ်ရတာတွေ ပေါ့။ လွယ်တယ် များ မှတ်လို့  ...။

အော် မိန်းမတွေများလည်း လှပြန်တော့လည်း တစ်ဒုက္ခ မလှပြန်တော့လည်း တစ်ဒုက္ခ ..... ခုထိတော့ တင်တင် လှ တို့  အဲဒီဒုက္ခတွေကို ဆင်းရဲခြင်းလို့ မမြင်မိသေးဘူးလေ ....။ ဒီတော့ ဆက်ပြီး ပြုရပြင်ရဦးမှာပေါ့ .... တစ်ခုပဲ လိုပါတယ်လေ ချစ်လင်ကြီးက ချစ်နေဖို့ မဟုတ်လား။ သူ့ အတွက် ချည်းပါပဲလေ..... ဟင်းဟင်း ...။ လှတယ်လို့ အပြောခံရဖို့ ကလည်း တယ်မလွယ်လှပါဘူး....။ တင်တင်လှ သာကြည့်လှည့် .....။

တင်တင်လှ သက်ပြင်းလေး အသာချပြီး ကက်ဆက်ခလုပ်လေးကို အသာနှိပ်လိုက်သည်။ ကိုယ်ကြပ်အကျီ င်္ထဲ အ ကျရှိနေတဲ့ ခန္ဓာကိုယ်လေးကို အသာလေးလှုပ်ပြီး ကက်ဆက်က ထွက်လာတဲ့ ဂီတသံလေးနဲ့  အဆီချ သင်ခန်း စာ နံပါတ်တစ်ကို စလိုက်ပါသည်။ “လှလိုက်တာ တင်တင်လှရယ် ” ဆိုတဲ့စကားကလည်း တင်တင်လှရင်ထဲ ဘိန်းစွဲသလို စွဲနေတော့ ..... လှုပ်ဟဲ့ ကဟဲ့ အဆီကို မတက်စေနဲ့ တင်တင်လှရဲ့ ဆိုပြီး ကိုယ့်ကိုကိုယ် ကြိမ်းဟယ် မောင်းဟယ် နဲ့  နေရလေသည်။ အော် .... လင်တစ်ယောက် တန်ဖိုးကလည်း တယ်ကြီးသကိုးလေ ...ဟု တင်တင် လှ တစ်ယောက် တစ်ကိုယ်တည်း ရေရွတ်ရင်း ...။


**********************


စာဖတ်လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ

ရန်ကုန်သား :D

Saturday, October 3, 2009

အချစ်သာပေးပါ ......


“ချစ်သူရဲ့ တောင်းဆိုမှုတွေနဲ့  ပင်ပန်းနွမ်းနေနေပြီလား ........
ချစ်သူရဲ့ တားမြစ်မှုတွေနဲ့ မွန်းကြပ်နေပြီလား........
ချစ်သူရဲ့ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ကျွန်တော့်မှာ အားအင်တွေရှိပါသေးရဲ့ လား .......”


ချစ်ခင်မြတ်နိုးလွန်း၍ ချစ်ပါရစေဟု ခွင့်ပန်ခဲ့သည်မှာ ကျွန်တော် ကိုယ်တိုင်ပင်ဖြစ်သည်။ သူမကို ချစ်ခွင့်ရလျှင် ကျွန်တော့် ဘဝ အရာရာပြည့်ပြည့်စုံ လုံငသွားလိမ့်မည်ဟုလည်း ယုံကြည်ခဲ့သည်။ ကျွန်တော့် ရင်၌ အချစ် ဟု အ များခေါ်ဆိုအပ်သော အရာသည် ထုံးဖွဲ့ ရစ်နှောင်စွာ ပေါက်ပွားဖြစ်တည်ခဲ့သည်ဟုလည်း သိရှိခဲ့သည်။ သူမ သာ ကျွန်တော့် ဘဝတွင် မရှိခဲ့ရင် ကျွန်တော် အသက်ရှုလျှက် သေဆုံးနေသောသူ တစ်ယောက် .... ပြုံးနေသော် လည်း ကောင်းစွာမပျော်ရွှင်ရသူတစ်ယောက် .... ဖြစ်ကောင်းဖြစ်သွားပေလိမ့်မည်။ ကျွန်တော်သေ သွားနိုင် တယ် လို့ ပြောရင်တော့ အနည်းငယ် ယုတ္တိမတန်ဖြစ်ပေမည်။ ဒီအချက်သည် ကျွန်တော့် အခက်အခဲများ အား လုံး ၏ အရင်းအမြစ်ဟုကလည်း ဆိုနိုင်ပါသည်။

အချစ်သည် စတင် ထိတွေ့ ဖို့ ကြိုးစားခဲ့ချိန်တွင် အလွန်တရာ ရေ ငတ်နေသူတစ်ယောက် ရေကို တွေ့ ရသည့် ခံ စားချက်မျိုးကို ပေးသည် ... ဒီရေ ကိုသာ သောက်လိုက်ရရင် ရင်တစ်ခုလုံး အေးအေးမြမြ ဖြစ်သွား လိုက်မည့်ဖြစ် ခြင်း ..... ဒီရေ ကိုသာ သောက်လိုက်ရရင် .... အားတွေ မာန်တွေ တဟုန်းဟုန်းပေါ်ပေါက်လာလိုက်မည့်ဖြစ်ခြင်း။ အဲဒီရေ ကို သောက်သုံးနေချိန် တွင်လည်း မျှော်လင့်ထားသလို အေးလည်း အေးမြပါ၏ ခွန်အားတွေလည်း ပေါက် ပွားလာပါ၏။ ချစ်လည်း ချစ်လိုက်ရ ပါ၏။ ကျေနပ်မှု ပီတိကိုလည်း လှိုက်ဖို အေးမြခံစားရပါ၏။ .....

အဲဒီအချစ်ကလေးသည် ကဗျာတွေ စာတွေထဲကလို တောင့်တမှုကင်းမဲ့နေလျှင်ကောင်းမည် .... အေးမြနေလျှင် ကောင်းမည်.... ခွန်အားတွေ ပေးလျှင်ကောင်းမည် ..... ကျွန်တော့် စိတ်ကူးထဲက အချစ်သည် ထိုသို့ ဖြစ်၏။ ချစ် ခြင်းသည် ဤမျှ မရိုးစဉ်းပါ။ တွက်ရခက်သော ပုစ္ဆာတစ်ခုလိုလည်း ရှုတ်ထွေးမှု မရှိပါ။ သို့ သော် အဖြေကား သိ နေလျှက်နှင့် သက်သေပြရခက်လွန်း၏။ သူမ ကို ကျွန်တော် ချစ်သားလားဟု မေးလျှင် ချစ်ပါသည် အရမ်းချစ် ပါ သည်။ သူမ ကကော ကျွန်တော့်ကို ချစ်ပါသလား။ ချစ်သည်ဟု ထင်ပါသည် ချစ်ကောင်းချစ်နိုင်ပါသည်ဟု ဖြေ ရ ပေမည်။

မိန်းမတစ်ယောက်၏ ချစ်ခြင်းကို ရယူပိုင်ဆိုင်ခြင်းအတွက် ထိုထိုသော ယောက်ျားသည် အဘယ်ကယ့်သို့ သော အရည်အချင်းများဖြင့်ပြည်စုံရမည်နည်း။ ဥစ္စာပစ္စည်းပြည်စုံရန်လို၏ ပညာတတ်က ပိုကောင်း၏။ ကြင်နာတတ်က ပို၍ ကောင်း၏။ ကိုယ့်ကို ရင်နှင့်ရင်း၍ချစ်သော ယောက်ျား ဖြစ်ဖို့ ကား အရေးအကြီးဆုံးဖြစ်သည်။ အချို့ သော အမျိုးသမီးများက “သူချစ်ကို သာလိုသည် ” ဟုပြောကြသည်ကို ကြားဖူး၏။ အချစ်သည် ထိုကဲ့သို့ သော စုံတွဲများ ကြားတွင် မျက်စိသူငယ် နားသူငယ်ဖြစ်နေရတတ်သည်။ ကျွန်တော်သည် အချစ်ကို လည်း ကောင်း မိမိကိုယ်ကို လည်းကောင်း တန်ဖိုးထားသော အမျိုးသမီးကို ချစ်လို ပါသည်။ လက်ထပ်ထိမ်းမြားလို ပါသည်။ သို့ သော် ထိုသို
သော ရွေးချယ်ပိုင်ခွင့်သည် လက်တွေ့ တွင်အလွန်နည်းပါးလှသည်။ အချစ်ကို အရင်းတည်လျှက် ဘဝကို တည် ဆောက်လိုသော ယောက်ျားတစ်ယောက် အတွက်ဟူက ပို၍ မှန်ကန် ပြည့်စုံပေလိမ့်မည်။

သူမ သိပ် သဝန်တိုတတ်ပါသည်။ ကျွန်တော့်ကို ချစ်လွန်း၍ ဟု ယူဆခဲ့သည်။ သို့ သော် အချိန်ကြာလာသောအခါ ကျွန်တော့်အား ယုံကြည်မှု မရှိဘူးဟု မြင်လာပါသည်။ ကျွန်တော့်၏ စောင့်ထိန်းနိုင်မှုကို သံသယဖြစ်လွန်းသည်၊
နာ နာ ကျင်ကျင်ဆိုပါက စော်ကားလွန်းသည်ဟု မြင်လာ၏။ ထိုအခါ ကျွန်တော့ မာနက ဟက်ကနဲ အမောက် တ ဝင့်ဝင့်ဖြစ်လာရသည်။ ထိုမာနသည် အချစ်၏ ဖျောင်းဖျမှုအောက်တွင် အသာတကြည် ပျော့ပျောင်း ငြိမ်သက် နေပါ့မလား။ ကျွန်တော်လည်း သေချာစွာမသိပါချေ။ မြင့်မြတ်သော ယောက်ျားဟု မဆိုချင်ပါ သို့ သော် အချစ်ကို မြတ်နိုးသည့် ချစ်သူကို တန်ဖိုးထားသည် ယောက်ျားတစ်ယောက်ဟု သာဆိုချင်ပါသည်။ သို့ သော် သဝန်တို တတ် လွန်းသော မိန်းမကို ချစ်သော ယောက်ျားသည် အလွန်တရာ စောင့်ထိန်းနိုင်သူဖြစ်ခြင်းမှာ သဘာဝ၏ အတော်တဆမှု တစ်ခု ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ချစ်သူကို ချစ်ခြင်းနှင့် ချုပ်ချယ် ဘောင်ခတ်ခြင်းသည် ပြဒါးတစ်လမ်း သံတစ်လမ်းဟု ကျွန်တော်ယုံကြည်ပါသည်။ သို့ သော် လက်တွေ့ တွင် ကျွန်တော်ကိုယ်တိုင် ထုံးနှောင်ခဲ့သော ထိုနှောင်ကြိုးတဖြစ်လဲ အချစ်၏ ဘောင်ခတ်မှု
များ တွင် အသားကျယောင် ဖြင့် ဖရိုဖရဲဖြစ်လိုနေခဲ့ပါသည်။ ဒီ မိန်းမကို ကျွန်တော် ချစ်ခဲ့မိပါသည်။ ချစ်သူက မ လုပ် နဲ့ လို့ ပြောသည်ကို ၏သည် မလွဲလိုက်နာလျှက် ဂုဏ်ယူတတ်ကြသည်မှာ လူငယ်တိုင်း၏ သဘာဝဖြစ် သည်။ ချစ်သူ ကပြောထားတယ် ဆေးလိပ်မသောက်နဲ့ ... အရက်မသောက်နဲ့  ... ချက်တင် မထိုင်နဲ့ ......စသည် စသည်ဖြင့် .....။ ကြည်နူးစရာ ပျော်ရွှင်စရာ ကောင်းလွန်းလှပေသည်။ ချစ်သူ၏ တောင်းဆိုမှုများကို ကြိုးစားဖြည့် ဆည်း ပေးရခြင်းသည်လည်း သာ၍ပင်ပျော်စရာကောင်းသောအရာများဖြစ်သည်။ ချစ်သူသည် ထိုယောက်ျား ငယ် အား အမှန်တကယ်ချစ်ခင်မြတ်နိုးခဲ့လျှင် ပိုကောင်းပေမည်။

သူမ သည် ကျွန်တော့်အတွက် တစ်ဦးတည်းသော အချစ်ရဆုံးသော သတိုးသမီးလောင်းဖြစ်ပါသည်။ ထိုအချိန် တွင် ကျွန်တော်ရောက်နေသော သူမ နံဘေးက နေရာသည် အလွန်တရာ ကျဉ်းမြောင်းလွန်းနေခဲ့သည်။ ကျွန် တော့် အချိန်တွေ၊ ကြိုးစားအားထုတ်မှုတွေ၊ လိုက်လျောမှုတွေ၊ ပေးဆပ်မှုတွေ၊ စွန့် လွှတ်ခဲ့တာတွေ အတွက် ရရှိ လိုက်သော အရာသည်မွန်းကြပ်မှု တစ်ခုသာဖြစ်သည်။ သူမ၏ တောင်းဆိုမှု မှန်သမျှကို လိုက်လျောဖို့ ကြိုးစား လျှက်က ကျွန်တော် ကျဆုံးနေခဲ့ခြင်းဖြစ်မည်။ ကျွန်တော်ချစ်သော မိန်းမသည် အလိုကြီးသော မိန်းမတစ် ယောက်ဖြစ်နေခဲ့ပါသည်။ သူမ၏ လိုအင်များကို ဖြည့်ဆည်းပေးနိုင်ဖို့ ရာ အင်အား ရှိမှ ရှိပါစေလေစ ဟု ပထမ ဆုံး အကြိမ်သံသယ ဖြစ်ခဲ့မိပါသည်။ သို့ သော် ဒီမိန်းမကို ကျွန်တော်ချစ်ပါသည်။

“အချစ်သည် ရွေးချယ်မှု မဟုတ်ပါ။
အချစ်သည် ကံစမ်းမဲနှိုက်ခြင်းဟု ဆိုက မှန်ကန်နိုင်သည်။
သို့ သော် သူမက ကျွန်တော့် အချစ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။”

“အိမ်မှုကိစ္စတော့ ဘာမှ မတတ်ဘူး ဒါကြောင့်လည်း ကျွန်မတို့ က အိမ်အကူ ခေါ်ပေးနိုင်တဲ့ ယောက်ျားကို ရွေးကြိုက်တာလေ .....”

“လိုတိုင်းတ ရလို့ ပဲ ဒီယောက်ျားကို ကျွန်မယူဖို့ ဆုံးဖြတ်လိုက်တာပေါ့ ....”

“သူချစ်ကို ရတာ ကျွန်မ ကံကောင်းလို့ ပဲဖြစ်မှာ .....”

ကျွန်တော် သူမ ဆီက လိုချင်သည်မှာ အချစ်ဖြစ်ပါသည်။ အတောမသတ်နိုင်သော ဖြည့်၍ မပြည့် နိုင်သော အ လိုဆန္ဒများဟုတ်ပါပေ။ သို့ သော် ဒီစကားတွေသည် ကျွန်တော့်အား နွားလို့ ခေါ်လိုက်သလို ခံစားရစေပါသည်။
ကျွန် တော်သည် သူမ အတွက် ငွေထုတ်လုပ်စက်တစ်လုံးသာဖြစ်နေသည်ကို ဝမ်းနည်းစွာသိခဲ့ရပါသည်။ ကျွန် တော် ငွေမရှာ နိုင်သော တစ်နေ့ တွင် ထိုမိန်းမသည် ကျွန်တော့်အား ထားသွားမည့် မိန်းမဖြစ်ပါသည်။ မိန်းမတစ် ယောက်ကို အိပ်ချင်ယုံသက်သက်နဲ့  လက်ထပ်ခဲ့သော ယောကျာ်းဖြစ်ပါက ဒီစကားသည် ရယ်မောစရာ ဖြစ် ကောင်းဖြစ်ပေ လိမ့်မည်။ သို့ သော် ကျွန်တော်ချစ်သော မိန်းမ၏ ပါးစပ်မှ ပြောသောစကားဖြစ်သည်ကို မယုံချင် သော်မှ ယုံခဲ့ရပါသည်။ ကျွန်တော် ဝမ်းနည်းမိပါသည်။ ချစ်ခဲ့ရသော နှလုံးသားကို အားနာပါသည်။

အချစ်တွင် ပါဝင်သော အရာသည် နှလုံးသားတစ်စုံသာဖြစ်သည်။ အချစ်သည် ပိုင်ဆိုင်မှုကို တောင့်တတတ် သည်။ ထို့ အတွက် ဓမ္မတာအရ ယောက်ျားတို့ သည် ကနဦး ပေးဆပ်သူများဖြစ်ကြရသည်။ နားလည်မှု ဆိုသည် ကို ကျွန်တော်မရခဲ့ပါ .... ယုံကြည်မှုကို မရခဲ့ပါ ...... အချစ်ကို ရသယောင်နှင့်မရခဲ့ပါ။ နာကျင်မှုကို လျော့ပါး စေ သော စကားတွေ မကြားခဲ့ရဖူးပါ .... ဝမ်းနည်းမှုကို ပြေပျောက်စေသော နှစ်သိမ့်စကားတွေ မကြားခဲ့ရဖူးပါ ..... ကြိုးစားအား သစ် ဖို့  အားပေးစကားတွေ မကြားခဲ့ရဖူးပါ။ ကျွန်တော်လဲပြိုချိန်တွင် သူမ ဖေးကူလာမလား ဆို တာ လည်း မသေချာပါ .... ဝမ်းနည်းကြေကွဲရချိန်တွင် ကျွန်တော်နှင့်အတူ ငိုကြွေးနိုင်ပါ့မလား ..... ကျွန်တော် နိမ့်ပါး ချိန် တွင် အတူ ရုန်းကန်နိုင်ပါ့မလား။ သံသယ နှင့် အချစ်သည် အတူ မရှိစကောင်းသော အရာဖြစ်သည်။ အိမ် ထောင် ရေး တစ်ခုတွင် သံသယသည် အဖျက်သမားဖြစ်၏။

ကျွန်တော် သံသတွေ ပွားနေရသည့် မိန်းမတစ်ယောက်ကို ဘယ်လို လက်ထပ်ယူရပါ့မလဲ။ ကျွန်တော် သူမကို လက်ထပ်လိုခြင်းဖြစ်ပါသည်။ တည်ဆောက်လို သည်က “အိမ်” ဖြစ်ပါသည်။ မိန်းမကို ဝယ်ယူခြင်းမဟုတ်ပါ။ ငွေ
လုပ် စက်ရုံတစ်ခု တည်ဆောက်လိုခြင်းမဟုတ်ပါ။ အချစ်ဖြင့် တည်ဆောက် ထားသော အိမ်ကလေးထဲတွင် ချစ် သူ နှင့်အတူ လောကဓံကို အတူတကွ ရင်ဆိုင်လို ခြင်းသာဖြစ်ပါသည်။ ထိုချစ်သူကို လိုသမျှ ပေးနိုင်ပါသည်။ နှ လုံး သားချင်း ထပ်တူ မကျ ဘဲနှင့် ကျွန်တော့်ကို မချစ်ဘဲနှင့် တော့ ဒီလောကဓံ မနိုင်ဝန်ကြီးကို မထမ်းချင်ပါ။ ချစ် ရည်ရွှန်းသော မျက်ဝန်းတစ်စုံသာ လိုပါသည်။ အချစ်နှင့်ပြည့်သော နှလုံးသား တစ်ခုကိုသာ လိုပါသည်။ ကျန် သော အပိုင်းသည် ယောက်ျား တစ်ယောက်ဖြစ်သော ကျွန်တော့် တာဝန်သာဖြစ်သည် ဟုလည်း ခံယူထားသည်။

အချစ်နှင့် လက်ထပ်ခြင်း အနုပညာသည် ဦးနှောက်တွေ ဝင်မမွှေသမျှ အလွန်ကြည်နူးစရာကောင်းသော ဇာတ် လမ်းတစ်ပုဒ်သာဖြစ်သည်။ အချစ် သည် လက်တွေ့ ကျလွန်းသော အရာများ၏ ထိုးနှက်မှုကို ကောင်းစွာ မခံနိုင် ပုံထောက်လျှင် ကဗျာတွေစာတွေ ထဲကလိုတော့ ကျွန်တော် မချစ်နိုင်သေးဘူးဟု ဆိုရမည်။ အချစ်မှာ အတ္တကင်း တယ်လို့ ဒီကနေ့  ကျွန်တော် မယုံတော့ပြီ။ ကျွန်တော့်အတ္တသည် လယ်ပြင်မှာ ဆင်သွားသလို ဘွားဘွားကြီး မြင် လာရပြီ။ သူမ၏ အတ္တသည်လည်း ကျွန်တော့ အချစ်ကို တက်နင်းသွားပြီဖြစ်ပါသည်။

မှားယွင်းသော တွေ့ ဆုံမှုကို ဖျက်သိမ်းကြောင်းကြေညာရသောအခါ နစ်နာသူသည် သူမဖြစ်၍ နာကျင်ရသူသည် ကျွန်တော်ဖြစ်ပါသည်။ သူမအတွက် နာမည် နစ်နာသွားပါသည်။ သူမထံမှာ ချစ်ခြင်းကိုသာ မျှော်လင့်ခဲ့သူ ဖြစ်၍ သူမ ဘဝကို စွန်းထေးအောင် မပြုခဲ့သည့်အတွက် ကျွန်တော့် ဆုတ်ခွာမှုသည် လိပ်ပြာသန့် ပါသည်။ ကျွန်တော့် အတွက် နှလုံးသားတစ်ခု ပွန်းပဲ့သွားပါသည်။ ကျွန်တော်ကို မချစ်သော မိန်းမတစ်ယောက်ကို လက်မထပ်လို ပါ။

လက်ထပ်သော မိန်းမသည် ကျွန်တော့်ချစ်သူ သာ မလွဲဧကန်ဖြစ်ရမည်။ ကျွန်တော် အစွန်းရောက်စွာ ဆိုလိုခြင်း မဟုတ်ပါ။ လူတိုင်း လိုချင်မှု တောင့် တမှု တွေ ရှိနေမြဲသာဖြစ်ပါသည်။ သို့ မှလည်း လူသားဟူသော အဓိပ္ပါယ်ဖွင့် ဆိုချက်သည် သဘာဝကျ ပြည့်စုံမည်ဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်ပင် လိုချင်တောင့်တမှုများနှင့် လူသား တစ် ယောက်ဖြစ်ပါသည်။ သို့ သော်လိုသည်ထက် ပိုလာလျှင်တော့ လောဘ အတောမသတ်ခြင်းဟုဆိုရပါမည်။

ယခု အချိန်တွင် ကျွန်တော်ချစ်သော ထိုမိန်းမသည် ကျွန်တော် ချစ်၍မရဲသော မိန်းမဖြစ်လို့ သွားခဲ့ရသည်။ ကျွန် တော် တကယ်မချစ်၍ ဒီ စကားမျိုးပြောတာဖြစ်တယ်လို့ ယိုးစွပ်မည်ဆိုလျှင်တော့ ဝမ်းနည်းစွာ ငြင်းဆိုရ မည်။ လက်တွေ့  ဘဝတွင် ချစ်ခြင်းသည် ထိုမျှ မ၇ိုးစင်းလှသောကြောင့်ဖြစ်ပါသည်။ ရမယ်ရှာခြင်းမဟုတ်ပါ။ ရင် ထဲ တွင်တကယ်မသာခြင်းသာဖြစ်ပါသည်။ ကျွန်တော်တို့ ဝမ်းနည်းစွာလမ်းခွဲခဲ့ကြပါသည်။

“ချစ်သူ၏ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ 
ကျွန်တော့်မှာ အင်အားတွေ မရှိတော့ပါ....
ထိုအတွက် လိုအပ်သော “အချစ် ”ပျောက်ဆုံးသွား၍ ဖြစ်ပါသည်။”

ပုံလေးကို ဒီက ယူပါတယ် :D

**************

စာဖတ်လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား