Tuesday, September 22, 2009

နိုးလျှက်မက်သော အိပ်မက်ဆိုးများ


ညီညီ ဆီတယ်လီဖုန်းခေါ်နေသည်မှာ အတော်ကြာပြီဖြစ်သည်။ ဖုန်းဝင်သွားသော်လည်း ညီညီက မကိုင်သဖြင့် ကိုကို တစ်ယောက် စိတ်တိုလာသည်။ ယခုတစ်ကြိမ်နှင့်ဆိုလျှင် ညီညီထံ ဖုန်းဆက်သည်မှာလေးကြိမ်ရှိပြီ ဖြစ် သည်။ လေးကြိမ်စလုံး ညီညီ လုံးဝဖုန်းမကိုင်ပေ။ တစ်ခါနှစ်ခါ ဆို ဖုန်းနဲ့ ဝေးနေလို့ မသိလိုက်လို့ ဆိုတော် သေး သည်။ သို့ တိုင် အစ်ကိုလုပ်သူကို မစ်(စ)ကောကြည့်ပြီး ဘယ်သို့ ဘယ်ချမ်းသာရယ် ပြန်မေးဖို့ ကောင်းသည်။ “ခွေးကောင် ငါဆက်တာတောင် ဖုန်းကို မကိုင်ဘူး ....” ဟု စိတ်ထဲမှ ညီညီ့ကို ဆဲလိုက်မိ၏။ ငါးကြိမ်မြောက်တွင် မှ ညီညီ ဖုန်းကိုင်တော့သည်။

“.....ဟဲလို ... ညီညီ မင်းဘာလုပ်နေတာလဲ ငါဖုန်းဆက်နေတာ ဘယ်နှစ်ခေါက်ရှိပြီလဲ ... ဘာလို့ ဖုန်းမကိုင်တာ လဲ ....” ညီညီကို ဒေါထထနှင့်မို့ လေသံမာမာ ဖြင့်ငေါက်လိုက်သည်။ ညီညီ့ အသံက တိုးသက် တုံ ဆိုင်းစွာဖြင့် ပေါ်လာ သည်။

“ဟဲ ...လို ... ကိုကိုလား ...”

“အေးလေ မင်းဘယ်တွေသွားနေတာလဲ ဖုန်းကို အနားမှာထားလေကွာ သေရေးရှင်ရေးဆို ဘယ်လိုလုပ်မလဲ ”

“ဟို ..ဟို ... ညီညီ ဖုန်းဘယ်နားထားမိမှန်းမသိလို့ ....”

“ကဲ ဟုတ်ပါပြီကွာ ကောင်းတယ်။ ထားပါတော့ မနက်ဖြန် ငါရန်ကုန်ဆင်းလာခဲ့မယ်.... မင်းအိမ်မှာရှိမှာလား .....” ညီညီဘက်က အသံတိတ်သွားသည်။

“မင့် လာမကြိုခိုင်းပါဘူး .... အိမ်မှာသာ စောင့်နေ ဟုတ်လား မင်းဘာလုပ်စရာရှိလို့ လဲ ....”

“ဟင့်အင်း မရှိပါဘူး ..... မကျော် နေကောင်းလား ...” မရီးလုပ်တဲ့သူ ကိုတော့ သတိရသားပဲဟု ကိုကို့ စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။ ညီညီကလည်း ကိုကို့ ဇနီး ဇင်မာကျော်ကို မကျော် ဟုသာခေါ်သည်။

“ကောင်းတယ် ဒါဆို ဒါပဲလေ ”

“အင်းအင်း .....”

ကိုကို စကားမရှည်ချင်တော့၍ ဖုန်းကို ခပ်မြန်မြန်ပဲချလိုက်သည်။ ရန်ကုန်ရောက်မှ ညီညီ့ကို နည်းနည်း ဆူလိုက် ဦး မည်။ ညီညီတစ်ယောက် ကြာလေ စကားနည်းလေပဲ ဟုလည်း စိတ်ထဲထင်လာမိသည်။ ကျောင်းပြီးရင်တော့ ညီညီ့ကို နိုင်ငံခြားသွားစေချင်သည်။ အလုပ် လုပ်ချင်ကလည်း လုပ်၊ ပညာဆက်သင်ချင်သပဆိုလည်း သင်ပေးဖို့ သူ့ တွင်တာဝန်ရှိသည်။ ဖေဖေက ညီညီမွေးပြီးမကြာခင်ကပင် သူတို့ မိသားစုကို ထားသွားသည်။

ညီညီက မေမေ့ကို သိပ်တွယ်တာသည်။ မေမေကလည်း ညီညီ့ကို အငယ်ဆုံးသားလေးမို့ ကိုကို ထက်ပင်အချစ် ပို သေး သည်။ မေမေလွန်ခဲ့သော နှစ်နှစ်က အမေကလည်း သူတို့ ညီအစ်ကို နှစ်ယောက်ကိုထားပြီး လောက ကြီးထဲက ထွက်သွားပြန်သည်။ ဒီညီလေးတစ်ယောက်သာ တွယ်တာစရာရှိသည့် အတွက် ကိုကို ညီညီ့ကို အလွန် ချစ်ပါသည်။ အသက်ချင်းကလည်း ဆယ်နှစ် မျှကွာသောကြောင့်ညီအစ်ကိုထက် တူလို သားလို ဖြစ်နေခဲ့သည်။ ညီညီက လိမ္မာတော့ ကိုကို့ ဇနီး ကျော် ကလည်း မောင်အရင်းလေးလို ချစ်သည်။

************

ရန်ကုန်အိမ်ကို ရောက်တော့ ခြံတံခါးစေ့ထားသည်ကို တွေ့ ရသည်။ ကားဟွန်းတီးသော်လည်း ညီညီက ထွက်မ လာ သဖြင့် ကားပေါ်က ဆင်းပြီး ခြံတံခါး ကိုယ်တိုင်ဖွင့်ကာဝင်လာရ၍ ကိုကို့ စိတ်ထဲ ခရီးပန်းရသည့် အထဲ အ နည်းငယ် ဖုသွားပြန်သည်။ အစ်ကို လုပ်သူကို တံခါးလေး တောင် ဆင်းမဖွင့်ပေးဘူးဟုလည်း ညီညီကို့ အပြစ် တင်လိုက်မိသည်။ ကားပေါ်မှ ပစ္စည်းများကိုမချသေးဘဲ ပိုက်ဆံအိတ်ဆွဲပြီးအိမ်ပေါ်တက်လာခဲ့သည်။

အိမ်တစ်ခုလုံး ခြောက်ကပ်တိတ်ဆိတ် နေသည်။ သူ အိမ်ထဲရောက်မှ ညီညီက အိမ်နောက်ဖက်မှ အပြေးတစ်ပိုင်း ထွက်လာသည်။ ကိုကို ညီညီ့ကို တံခါးလာမဖွင့်၍ ဆူတော့မည်ပြင်လိုက်ပြီးမှ ညီညီ့ကို ကြည့်ပြီးအံ့အား သင့်သွား သည်။

“ညီ မင်း ဘယ်လို ဖြစ်တာလဲ ပိန်လှချီလား ... ဟင်.... နေမကောင်းဘူးလား .... ”

ညီညီ မျက်လုံးများက သူ့ အမေးကြောင့်အနည်းငယ် စိုးထိတ်သွားသည် ထင်ရ၏။ ညီညီ့ မျက်ကွင်းများက ညိုနေ သည်။ ညီညီ့ အပြုံးက သိပ်မပြည့် စုံဟုလည်း ကိုကို ထင်မိသည်။ ညီညီက သူ့ အမေးကို မဖြေသေးဘဲ အိမ်တံခါး မှ နေ၍ခြံထဲသို့ မျှော်ကြည့်လိုက်သည်။ ထို့ နောက် အိမ်တံခါးကို ခြေထောက်ဖြင့် အသာ တွန်းပိတ်လိုက်သည်။ ပြီးမှ ကိုကို့ ဘက်ပြန်လှည့်လာသည်။

“ညီ ဘာမှ မဖြစ်ပါဘူး ခုတလော အစား အသောက် မကောင်းတာရယ် အိပ်ရေးပျက်တာ များတာရယ်ကြောင့်ပါ ... မင်းနေကောင်းလား ကိုကို ....”

“ကောင်းပါတယ် ငါ့ရေ တစ်ခွက်လောက်ပေးစမ်းပါကွာ ... အသေပြိုင်းနေပြီ ... ဟူးးးးးးး”

အိမ်ရှေ့ စက်တီပေါ်တွင် ခြေပစ်လက်ပစ်ဝင်ထိုင်ပြီး ညီညီကို့ ပြောလိုက်သည်။ ညီညီက အိမ်တံခါးမှ ခြံထဲသို့  တစ် ချက်လှမ်းကြည့်လိုက် ပြီး “အေးခဏ ...” ဟုဆိုကာ အိမ်ထဲသို့ ပြန်ဝင်သွားသည်။ ခဏကြာတော့ ရေပုလင်း တစ်လုံးလာချပေးသည်။ ကိုကို ရေဆာဆာနှင့်မို့  အားရပါးရ မော့သောက်ရင်း ညီညီကို စကားပြောမည် ကြံ လိုက်သည်။ ညီညီကလှစ်ကနဲ့  နောက် ဖေးထဲ ပြန်ဝင်သွားပြန်သည်။

“ဟေ့ကောင် ညီညီ လာပါဦးကွ ဘာတွေ ရှုပ်နေတာလဲ ..... မင်းကလည်း ဂနာကို မငြိမ်ဘူး ....” အိမ်နောက်ဖက် မှ ညီညီ့ အသံပြန်ထွက်လာသည် ...“ အေးအေး လာပြီ ကိုကို ...”

ညီညီက ကိုကို့ ရှေ့ ထိုင်ခုံပေါ်တွင် လက်တစ်ဖက်နှင့်တစ်ဖက် ဆုပ်ကိုင်လျှက် ဝင်ထိုင်သည်။ စက်တီပေါ်တွင် ထိုင်နေသော ညီညီကို ကြည့်ရသည်မှာ ပို၍ပိန်သွားသည်ဟု ထင်ရသည်။ ညီညီ့၏ ဖြူသော အသားတွေက လည်း အနည်း ငယ်မှိုင်းနေသည်။ အမြဲတမ်းစူးလက်တောက်ပနေသော မျက်လုံးတွေကလည်း မှိန်ဖျော့နေသည်။ မျက်ကွင်းတွေကလည်း ညိုညို။ ဝတ်ထားသော တီရှုပ်အဖြူကလည်း ဖရိုဖရဲ။ အထူးခြားဆုံးက ညီညီ့ လက်တွေ ဖြစ်သည်။ ညီညီလက်တွေသည် လက်ကောက်ဝတ်အောက်ပိုင်းမှစ၍ လွန်စွာ ဖြူစွတ်နေခြင်းဖြစ်သည်။ လက် အိတ် ဝတ်ထားသည့်နှယ်ဖြစ်သည်။

“မင်းလက်က ဘာဖြစ်တာလဲ ....” ကိုကို က ရုတ်တရက်ကြည့်ပြီး မေးလိုက်သဖြင့် ညီညီတွန့် ကနဲဖြစ်သွားသည်။ သူ့ လက်ကို သူ အသာပြန်ငုံကြည့်ပြီး

“ဘာဖြစ်လို့ လဲ ဘာမှ မဖြစ်ပါဘူး .....”

“အင် .. ဘာမဖြစ်ရမှာလဲ မင်းလက် က ဖြူစုတ်စုတ်နဲ့ သရဲလက်ဖြစ်နေပြီ ... ”

ညီညီက တဟားဟား ရယ်သည်။ ညီညီ့ရယ်သံက အသက်သိပ်မပါလှပေ။ ခြောက်ကပ်ကပ်ကြီးဖြစ်သည်။
“ ဟားဟား ... မင်းကလည်းရှာရှာ ကြံကြံ။ မကျော်ကော နေကောင်းတယ် မဟုတ်လား .... ကလေးကော မယူသေးဘူးလား ....” စကားလမ်းလွှဲသွားမှန်းသိသော်လည်း ကိုကို ဆက်မေးမနေတော့ပဲ ညီညီမေးသော မေးခွန်းကိုသာ အလိုက်အထိုက်ဖြေလိုက်သည်။

“ကောင်းပါတယ် .... ကလေးယူဖို့ တော့ စဉ်းစားနေတုန်းပဲ... ဖြည်းဖြည်းပေါ့ကွာ .... ဒါနဲ့ မင်းကော ကျောင်း တက် ရတာ အဆင်ပြေလား .... ကျော် ကတောင်ပြောနေသေးတယ် မင်းဖုန်းမဆက်ဘူးတဲ့ ဖုန်းလေးဘာလေး ဆက်လေကွာ မင်းကလည်း ....”

ညီညီ မျက်နှာပျက်သွားပြန်သည်။ ကိုကို ကို့ ကျော်ပြီး နံရံပေါ်က နာရီကိုသာ ငေးကြည့်နေသည်။ ပါးစပ်ကတော့ “ပြေပါတယ် အားလုံး အိုကေပဲ ” ဟု ခပ်ဖွဖွပြောသည်။ ထို့ နောက် ခြံထဲသို့ လှည့်ကြည့်ပြန်သည်။

“ကိုကို မင်းဘာတွေ ပါသေးလဲ ကားထဲ။ တင်စရာရှိတင်ထားလေ ကွာ .....”

“ထွေထွေ ထူးထူး မပါပါဘူး မင်းအတွက် ကျော် ထည့်ပေးလိုက်တဲ့ ဟင်းတွေရယ် ထိုးမုန့် ၊ စတော်ဘယ်ရီ ဆနွင်း မကင်း ကျန်တာကတော့ ဦးကျော်အေးတို့ အိမ်အတွက် လက်ဆောင်တွေရယ် ပါ .....မင်းဖာ မင်းပဲ ယူပြီးထား လိုက်ကွာ ငါ ကျိုးလိုက်ဦးမယ် ရေမိုးချိုးပြီ ...မင်းဘယ်သွားဖို့ ရှိသေးလဲ ..... ”

“မရှိပါဘူး မင်းအိပ်ချင်လည်း ရေချိုးပြီး အိပ်လိုက်။ ဒေါ်ထွေး ထမင်းလာပို့ တော့မှ ပြင်ဆင်ပြီးနှိုးလိုက်မယ် .... အော် မင်း ခေါင်းရင်းခန်းမှာ အိပ်ဖို့ လုပ်ထားတယ် ကိုကို ”

“အေးအေး ငါ့ နှစ်နာရီလောက်မှ နှိုးကွ အဲကျမှ ထမင်းစားပြီး ပွဲရုံဘက် လိမ့်လိုက်ဦးမယ် ....”

ကိုကို ရေချိုးခန်းဘက်လှည့်ထွက်လာတော့ ညီညီက အိမ်တံခါးကို ခြေထောက်နှင့်ဖွင့်ပြီး ခြံထဲ ဆင်းသွားသည်ကို တွေ့ လိုက်ရသည်။ ညီညီ တစ်ယောက် ခုထိဆော့တုန်းဟုစိတ်ထဲကထင်လိုက်သည်။

“ ဟေး...... ညီညီ ကားသော့ ပိတ် လိုက်ဦး .....”

“အေးအေး .....” ညီညီ အသံက ခြံထဲမှ လွင့်ပြန်လာသည်။

************

ညဦးပိုင်းက မိတ်ဟောင်းဆွေဟောင်းတွေနှင့် ဝိုင်းကောင်းနေ၍ ညဥ့်အတော်နက်မှ အိမ်ပြန်ရောက်ခဲ့သည်။ အိမ် ရောက်တော့ ညီညီ့ကို ပင်ကောင်းကောင်း မကြည့်နိုင်တော့ပဲ ကိုကို တစ်ယောက် ကုတင်ပေါ်သို့  ဦးစိုက်ကျ သွားသည်။ ဖျတ်ကနဲ နိုးလာလို့ နာရီကို ကြည့်လိုက်တော့ မနက်လေးနာရီပင်ရှိချေပြီ။ ကုတင်ပေါ်တွင် ညနေက ဝတ်သွားသော အဝတ်အစားများဖြင့်ပင် အိပ်ပျော်နေသော သူ့ ကို မန္တလေးအိမ်မှာ ဆိုရင်တော့ ချစ်ဇနီးကျော်က အတင်း နှိုးပြီး အလဲခိုင်းမည်ဖြစ်သည်။ ခုတော့ တရေးနိုးမှပင် သူ အကျီ င်္ထလဲရသည်။

အကျီ င်္လဲပြီး အိမ်သာဘက်လှည့်ထွက်လာစဉ် ဗြုန်းဆို ညီညီ အိမ်သာထဲမှ ထွက်လာသည်။ ထုံးစံအတိုင်း တံခါး လက် ကိုင်ကို ခြေထောက်ကြီးနှင့်လှည့်လျှက်။ ညီညီ ဆတ်ကနဲ တုန်သွားပြီး မျက် စိပျက် မျက်နှာပျက် ဖြစ်သွား သည်။ နောက်သို့ ပင် နှစ်လှမ်းခန့် ပြန်ဆုတ်သွားသည်။ ကိုကိုက ရယ်ပြလိုက်သော်လည်း ညီညီက ကြက်သေ သေနေ သော မျက်နှာဖြင့်ပြန်ကြည့်သည်။

“အာ ... လန့် လိုက်တာညီညီရာ မင်းတရေးနိုးတာလား ....” ကိုကို က စကားစပြောမှ ညီညီက အင်း အဲ လုပ်ကာ

“အေး ရှူးထပေါက်တာ မင်းကလည်း ညက မူးလာလိုက်တာ ဒါနဲ့ ကားကြီးမောင်းလာသေးတယ် .....”

ညီညီ က ကိုကို့ စကားမရှိ စကားရှာက အပစ်တင်သလို ဆိုသည်။ ကိုကိုက ညီညီ့ကို စေ့စေ့ကြည့်သည်။ ညီအစ် ကို နှစ်ယောက် တစ်ယေက်က အိမ်သာထဲ ... နောက်တစ်ယောက် က အိမ်သာအဝတွင် ရပ်နေကြသည်။ ကိုကို တစ်ခုခု မေးမည် ကြံလိုက်ပြီးမှ မမေးတော့ပဲ .....

“အင်း မင်းအစ်ကို ပြန်ရောက်လာတာပဲ မဟုတ်လား .... သွားသွားအိပ်တော့ ငါလည်း ပြန်ကျိုးလိုက်ဦးမယ် .....”

ညီညီက ရေချိုးခန်း အိမ်သာထဲမှ ခပ်ရို့ ရို့ ထွက်သွားသည်။ ညီညီ့ စိတ်ပူစကားကြောင့် အနည်းငယ် ကျေနပ်သွား မိသည်။ ကိုကို ညီညီ့လက်တွေကိုသာ သတိထားလိုက်မိပြန်သည်။ ညီညီ့ လက်တွေက ဖြူဖွေးနေသည်။ လက် ချောင်း လေးများကြားတွင်လည်း ရဲရဲနီနေသည်။ ညီညီဘာတွေ လုပ်နေသနည်း။ အိမ်သာမှ အထွက်တွင် ဧည့် ခန်းမှ ပြန်ဝင် လာသော ညီညီ့ကို တွေ့ ရသည်။ ညီညီ မမြင်အောင် အသာလေး ကွယ်ကာစောင့်ကြည့် နေလိုက် သည်။ ညီညီက

သူ့ အခန်းတံခါးကို ခြေထောက်နှင့်ဖွင့်ပြီး ဝင်သွားသည်။ ခြေထောက်နှင့် တံခါးလက်ကိုင်ဘုကို လှည့်ဖွင့်ရ သည် မှာ လွယ်ကူလှသည် မဟုတ်။ သို့ သော် ညီညီ အတွက်ကတော့ အတော်ကျွမ်းကျင်နေပုံရသည်။သူ အိပ်ယာ ထဲ ရောက်ပြီး ချက်ချင်းအိပ်မပျော်ပေ။ ညီညီ တံခါး ဖွင့်သံ သုံးခါထက်မနည်းကြားရသည်။ ဧည့်ခန်းဖက်ကို သွား သည် ကနှစ်ကြိမ်။ အိမ်သာဘက် ဆီသွား သည်က နှစ်ကြိမ်။ ညီညီ ဘာထထ လုပ်သလဲ သူလည်း နားမလည် ပေ။ စိတ်ထဲလည်း မရှင်းသလို ညီညီ တစ်မျိုး ကြီး ဖြစ်နေသည် ဟု ခံစားနေရသည်။ ဆေးတွေဘာတွေများ ချနေ ရော့သလား။ ဘဏ်ထဲက ပိုက်ဆံကို လိုသလို ထုတ်သုံးနိုင်တော့ ဒါမျိုးတွေဖြစ်ကောင်းဖြစ်လာနိုင်သည်။ မနက်မှ ညီညီ့ကို သေချာမေးကြည့်ရဦးမည်။ ညီညီ့ အကြောင်းတွေးရင်း ဟိုလူးသည်လှိမ့်ရင်းက အတော်နှင့် အိပ်မပျော် နိုင်ခဲ့ပေ။

*********

“ညီညီ မင်းကျောင်းမသွားဘူးလား .....”

ကိုကို ရုတ်တရက်မေးလိုက်သဖြင့် ထမင်းပွဲပြင်နေသော ညီညီ ငြိမ်ကျသွားသည်။ ညီညီ လက်ထဲမှ ထမင်းအုပ် အဖုံးကို ပြန်ချလိုက်ပြီး ထမင်းစားခန်းတံခါးကိုမှီလျှက်ရပ်နေသော ကိုကို့ ကို လှည့်ကြည့်သည်။ ညီညီ မျက်လုံးထဲ တွင် အရိပ် တစ်ခုဖြတ်သန်းသွားသည်။

“မင်းရောက်နေတာ ငါကျောင်းသွားလို့ ဘယ်ဖြစ်မလဲ ... အေးဆေးပါ မင်းပြန်တော့မှ သွားလဲရပါတယ် .....”

“ဟာ မင်းကလည်း ကျောင်းတက်လေ ငါက ဧည့်သည်မှ မဟုတ်ဘဲ။ ဘာဖြစ်လဲ ငါဟာ ငါလုပ်ရတဲ့ဟာတွေပဲ ....”

ညီညီက ထမင်းဆက်ခူးရင်း ရယ်သည်။
“အေးပါကွာ င့ါအစ်ကိုကြီးကို ရောက်တုန်းပြုစုချင်လို့ ပါ ... ထားပါ အရေးမကြီးပါဘူး အဲတာက။ လာလာ ....... ဒေါ်အေး ကို မင်းကြိုက်တဲ့ ငါးရံ့ အူချက်ခိုင်းထားတယ် ပတတ်စာဟင်းချိုနဲ့ လာစား .... တို့ စရာလည်း ကောင်း တယ် ဘူးသီးပြုတ် လေးနဲ့  .....”

ဒေါ်အေးက ညီညီ့ကို လစဉ်ပိုက်ဆံယူလျှက် ထမင်းဟင်းချက်ပေးသောအမျိုးသမီးကြီးဖြစ်သည်။ စေတနာပါ သ လို ညီညီ့ကိုလည်း အလွန်ခင်တွယ်သည်။ ဟင်းချက်လည်း အလွန်ကောင်းသည်။ ထမင်းဝိုင်းတွင်ဝင်ထိုင်ရင်း ညီညီ့ကို နားမလည်သလို ကြည့်လိုက်မိသည်။ ညီညီက ရေခဲသေတ္တာကို ခြေထောက်နဲ့ ဖွင့်ပြန်ပြီ။ နောက် ရေပု လင်းထုတ်သည်။ ခြေထောက်နဲ့ ပင်ပြန်ပိတ်သည်။ ကိုကို မနေနိုင်တော့....။

“ ညီညီ မင်းကို ငါကြည့်နေတာ ရောက်ကတည်းက မင်းဘာဖြစ်နေတာလဲ ....” ရေပုလင်းကို ကိုင်ထားရင်း ကိုကို့ ဘက်သို့ ညီညီ ဖြည်းဖြည်းချင်းလှည့်ကြည့်သည်။

“ တံခါးတွေကို ခြေထောက်ကြီးနဲ့ ပိတ်လို ပိတ် .... ရေခဲသေတ္တာ လည်း ခြေထောက်နဲ့ ပိတ် ဘာတွေ ဖြစ်နေတာ လဲ ....ညကလည်း မင်းအိပ်ကော အိပ်ရဲ့ လား ဘာထထ လုပ်နေတာလဲ ခဏ ခဏ။ စာဖတ်တယ်ဆိုလည်း တော်ရုံပေါ့ ဆယ့်နှစ်နာရီ တစ်ချက် ..... ငါတစ်ရေးနိုးပြီး တာတောင် မင်း လေးငါးခါထသေးတယ် .... ဟင်...”

ညီညီ့မျက်နှာက စိုးရိမ်တကြီးနှင့်ထိတ်လန့် သွားသည်။ ထမင်းစားပွဲနားတွင်တောင့်တောင့်ကြီးရပ်ကာ ကိုကို့ ကိုကြည့်နေသည်။ ရုတ်တရက်ဘာမှ ပြန်မဖြေနိုင်ဘဲဖြစ်နေလေ၏။

“ပြောလေ ညီညီ.... မင်း ကိုကို့ ကို မပြောရင် ဘယ့်သူ ပြောမှာလဲ .... ရည်းစားနဲ့ အဆင်မပြေဘူးလား ....ကျောင်း စာတွေမလိုက်နိုင်ဘူးလား ....ဟင်” ညီညီ၏ တုန်လှုပ်မှုကိုကြည့်ပြီ ကိုကိုပင် စိတ်ထဲ ထင့်ကနဲဖြစ်သွားသည်။

“ငါဘာမှ မဖြစ်ပါဘူး။ ကဲပါ မင်းညီ ဘာမှ မဖြစ်ဘူး စိတ်ချ။ စားစား ... ဟင်းတွေပူတုန်း .... ဒေါ်အေးလက်ရာ မင်း မစားရတာကြာပြီ ....” ညီညီက ပေါ်ပေါ်တင်တင်စကားလွှဲပြန်သည်။ ကိုကိုက လက်မလျှော့ပဲ တွန်းကာ မေးပြန် သည်။

“မဟုတ်သေးပါဘူး မင်း ပုံစံက။ မင်း ဆေးတွေ ဘာတွေ သုံးနေလား ညီညီ ဟင် .... ပြောလေ ...” ကိုကို့ အသံက စိုးရိမ်မှုတွေကော ဒေါသတွေကော ရောပြွန်းလို့ လာသည်။ ညီညီက ခေါင်းတွင်တွင်ခါယမ်းသည်။

“မသုံးပါဘူး မင်းကလည်း ဘယ်ကဆေးကို ငါက သုံးရမှာလဲ .... မသုံးပါဘူး .....”

“အေးလေ မသုံးဘူးဆိုရင် မင်းဘာဖြစ်နေတာလဲ ငါ့ကို ပြောစမ်းပါညီညီရာ ... ဟင် ညီလေး ... ပြောပါ မင်းဘာ ဖြစ်နေလဲ ကိုကို ဘာလုပ်ပေးရမလဲ ဟင် ...”

ကိုကို ထမင်းစားပွဲမှာ ထိုင်နေရင်းက အသာထရင်း ညီညီနားသို့ တိုးကပ်သွားသည်။ ညီညီ နောက်သို့ ဆုတ်သွား သည်။ စိတ်လှုပ်ရှားနေသော ညီညီ့ကို ကြည့်လျှက်က ကိုကို စိတ်ပိုပူလာသည်။ ညီညီ ကိုကို့ ကို ကျော်၍ ထမင်း စား ခန်း အပြင်ဘက်ကို ဖျတ်ကနဲ လှမ်းကြည့်သည်။ ကိုကိုလည်း ညီညီကြည့်ရာသို့ လှည့်ကြည့်လိုက်သည်။ ဘာ မှ မရှိ ထမင်းစားခန်းတံခါး သာ ဟောင်းလောင်းပွင့်နေသည်ကို တွေ့ ရသည်။

“ညီညီ မင်းဘာဖြစ်နေတာလဲ ပြောစမ်းပါ ဟင် ဆေးတွေ ကြောင်နေတာလား ဟင် ညီ ပြောလေကွာ ....” ကိုကို့ အသံ အနည်းငယ်ကျယ်လောင်သွားသည်။ ညီညီ မျက်နှာက ညိုမှောင်လို့ နေသည်။ လက်တွေကိုလည်း ဆုပ် နယ် ဖြစ်ညှစ်နေသည်။နဖူးကြောတွေကလည်း ထောင်လို့ ။ နောက် ညီညီ သက်ပြင်းကိုအသာချလိုက်သည်။

“ကိုကို ညီညီဘာမှမဖြစ်ဘူး မင်းထမင်းစား စိတ်မပူနဲ့ ။ ဘာဆေးမှလည်းမသုံးဘူး။ ဝါသနာလည်း မပါဘူး ဟုတ်လား။ စားစား မင်းအပြင်သွားရင် ညီညီ့ကို ခေါ်လိုက် အခန်းထဲမှာ ရှိမယ် ....” ပြောပြောဆိုဆို ညီညီ ကိုကို ဘေးမှ ပြေးထွက်သွားသည်။

“ညီ ..ညီ ... ”

ကိုကို ထိုင်ခုံတစ်လုံးကို ကန်ထည့်လိုက်သည်။ ညီညီက သူ့ ကိုပင်လှည့်မကြည့်ဘဲ အခန်းထဲဝင်သွားပြီ။ ညီညီ ဘာဖြစ်နေတာလဲ။ ဒီကလေးကို ပစ်ထားလို့ တော့ မဖြစ်တော့ ဟုကိုကိုတွေးနေမိသည်။ ထမင်းစားပွဲပေါ်က ပတတ်စာဟင်းချိုက အငွေ့ တထောင်းထောင်းထနေသည်။ ကိုကို ကြိုက်လှသော ငါးရံ့ အူ ဟင်းသည် ဒီကနေ့ လုံးဝ အရသာ မရှိပါချေ။

ဆက်ပါဦးမည် :D

စာဖတ်လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ......
ရန်ကုန်သား :D

34 comments:

စည်သူ said...

တစ်ဟေ့....

စည်သူ said...

ဟား..ဟား..ဟား..

သူတော့ အိပ်သွားပြီး..

ကိုရန်ကုန်သားရေ.. အရင်အိပ်လိုက်အုံးမယ်ဗျ..

အိမ် said...

လုပ်ပီ ကောင်းခန်းရောက်တော့မယ်ဆို အဲဒီလိုပဲ စိတ်က သိပ်မရှည်ဘူးနော်..။ မြန်မြန်ရေး

ဝက်ဝံလေး said...

ဟယ် သိပ်သိချင်တယ် ဘာဖြစ်တာလဲ လက် က ခရုသင်းသမင်ဖြူလား အဲဒါက သိဘူးနော် သိဘူး သိချင်တာ က တော့ ဘာဆက်ဖြစ်မလဲပဲ ဆက်ရေးပါ မျှော်နေတယ် ညန်ညန်လေးနော် စိတ်က သိပ်ရှည်တာ ဟုတ်ဘူး ဝက် က ဟွန်းးးးး

တလနွန် said...

ကောင်းခန်းရောက်မှ မီးပျက်ပြီး :) စိတ်ဝင်စားဖို့  ကောင်းတယ်ဗျာ။ မြန်မြန်ဆက်ပါအုံး ကိုရန်ကုန်သားရေ...


ခင်မင်ခြင်းနှင့်
တလနွန်

momiji said...

မြန်မြန်ဆက်ပါနော်..

ဖတ်နေတုန်းမီးပျက်သွားတယ်

ရွက်လွင့်ခြင်း said...

ရန်ကုန်သားဆိုတဲ့ အတိုင်း ရန်ကုန်ကျနေတာပဲ
အခု မီးပျက်ပြီ
း)

ကြယ်ဖြူစင် said...

ကောင်းခန်းကျမှဘဲရပ်ထားတယ်..
ဆက်ရေးပါ..ဖတ်ချင်နေပြီ..
စိတ်ဝင်စားဖို့ကောင်းတယ်..
ခင်တဲ့
မမကြယ်ဖြူစင်

စိမ်း... said...

အာ... ကောင်းခန်းရောက်ပြီဆိုလုပ်ပြီ....
မြန်မြန်လုပ်ဟ... ဒီမှာ တန်ပိုမြင့်နေပြီ... ဟင်း ဟင်း စောင့်ရတာ စိတ်ကသိပ်ရှည်လှတယ် ဟုတ်ဝူးနော်... :P

အနော် said...

ငါးရံ့အူဟင်း စားချင်တယ် :(
ပတက်စာဟင်းချိုလေးနဲ့
ဇာတ်အသိမ်းကို စောင့်နေမယ် ပီးမှ သေချာမန့်မယ်
အခုတော့ ငါးရံ့အူဟင်းပဲ စားချင်တယ်
ဗြဲ ဗြဲ ဗြဲ ဝါးးးးးးးးးးးးးးးး ငါးရံ့အူဟင်းစားချင်တယ် :'(

ဧပရယ်လ်ပူး@ပူးတေ said...

စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါလဲ အရင်ပို့စ်တွေလိုပဲ ဖတ်ပြီးရင် ရင်ထဲမှာတခုခု ကျန်နေခဲ့အောင်လုပ်ဦးမှာ မဟုတ်လား။ သိနေတယ်နော်။ :)
စောင့်နေမယ်နော်။ မြန်မြန်ရေး။ :)

စည်သူ said...

ကဲ... ကိုရန်ကုန်သားရေ..

ငရံ့အူနဲ့ ပဒတ်စာဟင်းချို ပူနေတုန်းလေး
ဆက်လိုက်ကြရအောင်ဗျာ..

မှို့ပွင့်လေးပါ အဆစ်ထည့်လိုက်လေ..းP
ဖတ်တဲ့သူကသာ အဲလိုပြောတာ..
ရေးတဲ့သူက မလွယ်ဘူးဗျ..

ကိုတွေများ သူများတွေ ဖတ်ချင်မှန်းမသိ မဖတ်ချင်မှန်းမသိ.. အဲလိုကောင်းတဲ့ ပို့စ်လေး တစ်ခါတင်ဖို့.. တစ်ပတ်လောက်ကြာတယ်..

ဖတ်ကတည်းက တဖြေးဖြေး စဉ်းစားလာတာ..
ဘာကြောင့် ခြေထောက်နဲ့ လုပ်နေရလဲပေါ့..

နောက်ဆုံးဆိုရင်တော့ အဖြေပေါ်မှာပဲဆိုပြီး
တစ်ဖြေးဖြေနဲ့ လိုက်လာလိုက်တာ ပဒတ်စာနဲ့ တိုးသွားတယ်.. ဒီလိုဆိုတော့လည်း.. အားရပါရ လွေးလိုက်တာပေါ့ဗျာ..

ထင်မင်စွာဖြင့်
စည်သူ။

may16 said...

ဖတ်လို့ကောင်းတယ် မြန်၂ဗျို့

jeujue said...

တော်တော် အကျင့်ပုတ်တယ်။ အရမ်းစိတ်ဝင်စားနေကာမှ ဆက်ရန်တဲ့။း(

jeujue said...

just kidding နော် ကိုရန်ကုန်သား။

rose of sharon said...

ညီညီဘာဖြစ်နေတာလဲ... ကူးစက်ရောဂါ တစ်ခုရနေတာထင်ရဲ့

သိင်္ဂါကျော် said...

စိတ်ဝင်စားစရာပဲ..
ဆက်ရန် မျှော်နေမယ်နော်...

မယ်ကိုး said...

မျှော်ရပေဦးမှာပေါ့လေ =)

ငယ် said...

အေ၇းအသားကောင်းတယ်

ရွှေပြည်သူ said...

ဇာတ်လမ်းက စိတ်ဝင်စားစရာပါပဲ... အရေးအသားရော ရေးအားပါ တကယ်ကောင်းတယ် မောင်လေးရန်ကုန်သားရေ...

WWKM said...

အင်း ဆရာကြီးကတော့ မြုတ်ကွက်တွေနဲ့လုပ်တာပဲ။
အိပ်ရာဝင်ခါနီး လာဖတ်သွားပါတယ်ကွယ်။
ဂွတ်ည

ကြည်ဖြူပိုင် said...

နေကောင်းပ။ဆက်ရေးနော်။။စောင့်နေမှာ။။အိုး..ဒီကစောင့်နေသူ (ဆက်ရန်ကို)

ကိုလူထွေး said...

ဖတ်ရတာ ခပ်လန့်လန့်ပဲ ညီရေ...

အဆုံးမှာ ဘာဖြစ်မလဲပဲ စိတ်စောနေတာ...

အခု နောက်တပိုင်းဆက်မယ်ဆိုတော့ 'သြော်..အသက်ရှင်ခွင့်လေး နည်းနည်းပိုရတာပေါ့' လို့တွေးမိတယ်...

းဝ)

သံလွင် HeRo said...

ကိုရန်...
အရေးသာအရမ်းကောင်းတယ်ဗျာ
ဆွဲဆောင်မှုကအပြည့်ရှိတယ်...
စာအသွားလာကော စာဖတ်သူကိုပိုဖတ်ချင်
သွားအောင်လုပ်နိုင်တာ လေးစားတယ်ဗျာ
အတုယူသွားပါတယ်
ငရံ့အူဟင်းမစားရတာကြာပီ
ဟိုတစ်လောက မြနန္ဒာမှာတစ်ခါစားဖြစ်တယ်
နောက်နေ့သွားကြည့်အုံးမှပဲ ရောင်းလားလို့
ညီညီကသူရဲဖြစ်နေတာထင်တယ် ဒါမှမဟုတ်
ဘာရောဂါလဲဗျ...မြန်မြန်တင်ပေးပါဗျို့
ဇာတ်ရှိန်အရမ်းမြင့်နေပြီ...ဟားဟား
climax climax :)

Shwe PyayThu said...
This comment has been removed by the author.
Shwe PyayThu said...

အိမ်လည်ရောက်လာပါတယ်ရှင်

Shwe PyayThu said...
This comment has been removed by the author.
Shwe PyayThu said...
This comment has been removed by the author.
Maydarwii said...

အစလေးဖတ်ကြည့်ရင်း ဇာတ်လမ်းနဲ့ အရေးအသားက ဆွဲခေါ်သွားလိုက်တာ ... ဇာတ်ရှိန်တက်ပြီး ဖတ်လို့ကောင်းတုန်း ရပ်ထားလိုက်တော့ ဆန့်တငန့်ငန့် ဖြစ်သွားတယ် ။ ဒါလဲ စာဖတ်ပရိသတ်ကို နှိပ်စက်နည်း တမျိုးပဲ ... နော်။
(ကြားဖြတ်ပြောရရင် ငါးရံ့အူဟင်းကို မြင်လိုက်ရလို့ သွားရည်ကျမိသေးတယ်။)
ညီညီလက်တွေ ဘာဖြစ်တာလဲ လို့ ဇဝေဇ၀ါတွေးနေမိတယ်။ အစက ဆေး လို့ထင်တယ်။ နောက်တော့ အေ့ဒ်စ်လို့ ထင်မိပြန်တယ်။ နောက်တော့ မထင်တတ်တော့ဘူး။ တံခါးကို ခြေထောက်နဲ့ပိတ်တာ ... ဖွင့်တာ ... လက်တွေ မသန်တော့လို့လား ... ဒါမှမဟုတ် ....
....
အင်း ... တွေးမိတွေးရာ တွေးရင်းနဲ့သာ ပြန်သွားပါပြီ။

Angel Shaper said...

ရကောက် ရကောက် ခေါင်းခေါက်မိမယ်နော်။
မြန်မြန်ဆက်။ စိတ်တိုလိုက်တာ။ ကောင်းခန်းရောက်မှ။
မြန်မြန်နော်။ မြန်မြန်။။။။

ကာရံဆူး said...

ကိုရန်ကုန်...အများတွေ ပြောသလိုပဲ တန်းလန်းကြီး ဖြစ်သွားတယ်...ခါတိုင်းလိုပဲ တစ်ပိုင်းပဲ ထင်လို့ ပြီးအောင် ဖတ်လိုက်တာ...အရမ်းကို တော်တယ်...စိတ်ဝင်စားဖို့ ကောင်းတယ်...ဆက်ရန် မျှော်နေမယ်နော်...သြော် ဒါနဲ့ ငါးရံ့ အူနဲ့ ပတတ်စာဟင်းချိုက ကိုရန်ကုန် အကြိုက်လား...:P

Chitpalonelay said...

အမှန်ကို ဝန်ခံရရင် လုံးဝလုံးဝ မကျေနပ်ဘူး။ ဒီလိုမှန်းသိရင် မဖတ်ပါဘူး။ ဘာကိစ္စ ဆက်ပါဦးမည်လည်း ရင်ဘတ်ထဲမှာ ဘာဖြစ်သွားမှန်းမသိဘူး ဒါမျိုးဆက်ပါဦးမည် မကြိုက်လို့ ကိုးရီးယားကားတောင် မကြည့်ဘူး။ ဒီလိုမှန်းသိရင် အကုန်ပြီးမှ ဖတ်ပါတယ် တစ် နှစ်လည်းမရေးထားဘူး လူဇိုး လူကမျှောသွားခါမှ ကျေနပ်ဘူး။ ဒါပဲ။ မြန်မြန်ဆက်ရေး ညီဆေးချနေတယ်ဟုတ် သိချင်လှပြီ မြန်မြန်ရေး
ခင်မင် ဒေါပွလျှက်
ညီမလေး ပါးလုံး
(ထပ်ပြောမယ်ဗျာ မကျေနပ်ဘူး လုံးဝ။ မြန်မြန်ရေးဗျာ နောက်တခါတော့ ဆက်ပါဦးမည်ရှိမရှိ ကြည့်ပြီးမှ ဖတ်တော့မယ် အဲ့လိုဆိုမန့်ခဲ့မယ် ဇာတ်လမ်းဆုံးမှ ဖတ်ပါတော့မည်လို့လေ ဟွန့် ဒေါပွတယ်။ ပြန်ပီဒါပဲ)

သက်တန့်ချို said...

လုပ်ပြီလူကို..ဆန့်တငန့်ငန့်နဲ့...ဆက်မျှော်တယ်..သိပ်တော့
မကြာစေနဲ့ဗျာ...ခင်မင်လျှက်:))))

အိပ်မက်ခြေရာ said...

ဟိဟိ ကံကောင်းတာပဲလို့ပြောရမယ် အဟဲ ဇာတ်သိမ်းဖတ်ပြီးမှ ပထမပိုင်းလာဖတ်မိတာကိုး သူများတွေမရိုးမရွခံစားလိုက်ရတာမျိုး မခံစားလိုက်ရဘူး အဟီး အဲ့လိုမှန်းသိ ပထမပိုင်းအရင်ဖတ်လိုက်ပါတယ် ခုတော့ ခံစားမှု့တစ်မျိုးလျှော့သွားပြီ ဟင့်