Monday, October 26, 2009

ဘွန္တော

ဖျတ်ကနဲ လန့် နိုးလာသဖြင့် ကိုယ်အိပ်စက်နေ သောနေရာကို ရုတ်တရက် မမှတ်မိဘဲ အနည်းငယ် ကြောင် စီစီ ဖြစ်နေမိသည်။ ပထမဆုံး သတိထားလိုက်မိသည်က သူ့ ခြေ စုံနှင့် ထိတွေ့ နေသော အနည်းငယ် အေး မြ နေ သည့် သင်ဖြူးဖျာ ဖြစ်သည်။ သူ့ ပေါ်တွင် ညဦးက ခြုံထားဟန် တူသောစောင်က ဘေး ၌ ပုံရက် သား ကျနေ သည်။ ပါးနှင့်ထိတွေ့ နေသော နူးညံ့သော ခေါင်းအုံးမှ ပရုတ်လုံးနံ့ သင်းသင်းက မမေ့နိုင်သော ရနံ့ တစ် ခုအ ဖြစ် သူ့ အသိကို နှိုှးဆွလိုက်သည်။ အမေက ပရုတ်လုံးနံ့ သိပ်ကြိုက်သည်။ သူ အမေ့အိမ်တွင် အိပ် စက် နေ ခြင်း ဖြစ် သည်ကို သတိရလိုက်မိသည်။ သူ အုံးနေကျ ခေါင်းအုံးသည် ပရုတ်လုံးနံ့ သင်းပျံ့ ခြင်း မရှိပါ။

မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ဘုရားပူဇော်ထားသော မီးသီးဝါဝါ ၏ အရိပ်အောက်တွင် နွေးနွေးလေး ရှိနေ သော အမေ့အိမ်ကို ဇာခြင်ထောင် ပါးပါးအပြင်၌ လှမ်းမြင်နေရသည်။ အိပ်ရာပြောင်း အိပ်လျှင် သူ ချက်ချင်း အိပ် မပျော်တတ်သလို ပင်ပန်းလွန်း၍ အိပ်ပျော်သွားသည့်တိုင် ခုလို ချိန်မျိုးဆို နိုးနိုးနေတတ်သည်။ တိုင်ကပ် နာရီကို လှမ်းကြည့်လိုက်တော့ နာရီပြန် နှစ်ချက်။ တစ်အိမ်လုံး တိတ်ဆိပ်ငြိမ်သက်နေသည်။

“သဗ္ဗေ ……………… သုံးဆယ့်တစ်ဖြာ အဝိဇ္ဇာထဲ ဤမှောင်ထဲမှာ ကျွတ်ခဲလှစွာ လူတို့ မှာမူ…… ဘယာဖိစီး မောဟ ကြီး၍……… မှတ် ဖွယ် သတိအစဉ်ရှိလော ….. (…….. လမ်း)ခေါ် နိဗ္ဗာန်ဆော်တို့ က….. အော်ကာ ထုတ်လျှောက် ရောက် ရ တော့ သည် …….. ”

အဝေးမှ ကြားလိုက်ရသော အသံတစ်ခုကြောင့် သူ စိတ်ထဲမှပင် လိုက်ရွတ်နေမိသည်။ အသံက အဝေးမှ ပြန့်  လွင့်လာသော်လည်း ညလူခြေ တိတ်ချိန်ဖြစ်၍ ကြည်လင်ပြတ်သားနေ၏။ ဒီ စာသားတွေ ကို သူ အလွတ် ရ နေ ခဲ့သည်။ တဖြတ်နားတိုင်း နောက်လာမည့် စာသားကို သူသိနေသည်။ ဒါ နိဗ္ဗာန်ဆော်တွေပဲ ။ ဒါဆို မနက်ဖြန် ဥပုသ် နေ့ ပေါ့။ သူ ဥပုသ်နေ့ တွေကို မေ့လျော့ နေခဲ့သည်မှာ ဘယ်မျှကြာနေခဲ့ပြီလဲ။ ဥပုသ်နေ့ ဆို တာသိသော် လည်း ၁၅ ရက်ဥပုသ်နေ့ လား လကွယ်နေ့ လား လပြည့်နေ့ လားဆိုတာ သူ မသိပါ။

သူ ငယ်ငယ်က ဘွန္တော သိပ်အော်ချင်ခဲ့သည်။ ကုသိုလ်ထက် ညီအစ်ကို အရွယ်လူငယ်တွေ အများကြီး ညလုံး ပေါက်မအိပ်ကြပဲ ရုံးရုံး ရုံးရုံး နဲ့ စုဝေးကာ ဘွန္တော အော်ဖို့ ပြင်ဆင်နေတတ်ကြသည်။ အလှူရှင်တွေကလည်း နိဗ္ဗာန် ဆော် အဖွဲ့ အတွက် အမြဲရှိသည်။ ကြာဇံ ကြော်လား ခေါက်ဆွဲကြော်လား ထမင်းကြော်လား ကြာဇံ ချက် လား ကြက်သားကာလသားချက် နဲ့ ပဲဟင်း လား တစ်ခုခုတော့ စားရသည်။ ကလေး ပီပီ အဖော်ကောင်း ကောင်း နှင့် ဘွန္တော မအော်ခင် ည သန်းခေါရံတွင် စားကြသောက်ကြ တရုန်းရုန်းဖြင့် အလွန်မှပျော်ရွှင်ဖွယ် ကောင်းပါ သည်။

အရပ်ထဲမှာတော့ လွယ်လွယ်ကူကူ ဘွန္တော အော်သည်ဟု ခေါ်ကြသည်။ ဘွန္တော အော်ချင်လွန်း၍ ထိုလင်္ကာကို အရူးအမူး ကျက်ရသည်။ အမေ့ကို ကျောင်းပိတ်ရက်နှင့်တိုက်ဆိုင်က သို့ မဟုတ် ဥပုသ် ကျောင်း ပိတ် ရက် နှင့် တိုက်ဆိုင်က ဘွန္တော လိုက်အော်ခွင့်ပြုဖို့ အမြဲခွင့်တောင်းရသည်။ အမေက ငယ်သေး၍ ခွင့်မပြု ချင်။ ဆယ့် နှစ် နှစ်သား သူ ကလည်း လူဖလံ သေးသေးလေး။ အိပ်နားက ရပ်ဆွေရပ်မျိုး အစ်ကိုကြီး တစ် ယောက်က အာမခံ ပြီးခေါ်မှ သူ လိုက်ခွင့်ရသည်။ အသက်နည်းနည်း ကြီးလာတော့မှ အမေက ကောင်း ကောင်းခွင့်ပြုသည်။ တစ် ခါ တစ်လေ တော့လည်း ကုသိုလ်ရေး ဗန်းပြပြီး သောက်တာ စားတာလေးတွေ ပါတတ် သည်ကြောင့်လည်း အမေ က စိတ်ပူခြင်းဖြစ်သည်။ လူငယ်တွေ ချည်းမို့  လူ လည်း စုံ အကျင့်ကလည်း စုံဆိုတော့  အမေ စိတ်မချတာ လည်း အပြစ်တင်ဖွယ်မရှိခဲ့ပေ။ အဝေးမှ နိဗ္ဗာန်ဆော်တို့  ၏ အသံ ပြန့် လွင့်လာပြန်သည်။

“ဘွန္တော အို နာ သေဘေး ဆင်းရဲဘေးမှ ကင်းဝေးလိုကြောင်း အိုသူတော်ကောင်းအပေါင်းတို့  ဣတလောကေ ဤ ခေတ်ဤခါ ဤ လူ့ ရွာ၌ ကုသလံ ဒါန သီလ အစဖြာသည် ဘာဝနာပွားများ ကုသိုလ် တရားကို ဥဒ္ဒိတွာ အများ သူ ငါ ဆွမ်းချက်ကပ်ရန် အဓိဋ္ဌာန်ထား၍ လို့ မို့ နိဗ္ဗာန်လမ်း တရားပြုကျင့်ရန် ထတော်မူကြပါ ဘန္တော . …. သပ္ပုရိ သ အပေါင်း သူတော်ကောင်းတို့ …………”

ငယ်စဉ်ဘဝမှာ ပျော်စရာ ကောင်းလို့ ပဲဖြစ်ဖြစ်၊ အမှန်တကယ်စေတနာ ပါ၍ ပဲဖြစ်ဖြစ် ဒီလိုကုသိုလ်ကောင်းမှု တွေ လုပ်ဖြစ်ခဲ့သည်။ မှတ်မှတ်ရရ ဆယ်တန်းအောင်စာရင်းထွက်သောအချိန်ကဖြစ်သည်။ နောက်တစ်နေ့  မ နက်မှာ ဥပုသ်နေ့ ဖြစ်၍ အိမ်ပတ်ဝန်းကျင်တွင် ဘွန္တောအော်မည့် လူငယ်များကလည်း ရုတ်ရုတ် ရုတ်ရုတ် အောင်စာရင်း သွား ကြည့်ဖို့ တာဆူနေသော ဆယ်တန်းဖြေဆိုထားသည့် ကျောင်းသားများကလည်း ရုတ်ရုတ် ရုတ်ရုတ်ဖြင့် တစ်ညလုံးလိုလို ရပ်ကွက်ထဲ စည်စည်ကားကား ရှိနေခဲ့သည်။ စိန်ဂျွမ်းကျောင်းတွင် အမေနဲ့  အတူ အောင်စာရင်းသွားကြည့်ပြီး ပြန်အလာတွင် အပျော်တွေ ဗရပွနဲ့  ဘန္တောလိုက်အော်ဖြစ်ခဲ့သေးသည်။

ဆယ်တန်းအောင်ပြီးနောက်ပိုင်း ကိုယ်နေထိုင်တဲ့ ရပ်ကွက် အသိုင်းအဝိုင်းကနေ တစတစ ဝေးကွာသွားခဲ့သည်။ ရပ်ကွက်အတွင်း အခါအားလျော်စွာ ပြုလုပ်တတ်သော လူမှုရေးအလုပ်တွေနဲ့  ဝေးကွာသွားခဲ့သည်။ ကုသိုလ် အ ရေးတွေနဲ့  လက်ပွန်းတတီးမရှိတော့ပြီ။ အသက်မွေးဝမ်းကျောင်းပညာသင်တုန်းကလည်း ထို့ အတူ၊ ကျောင်း ပြီး ၍ လုပ်ငန်းခွင်ရောက်တော့လည်း ထို့ အတူ။ သူ ကုသိုလ်ရေးတွေကို မေ့လျော့နေခဲ့မိသည်။ သေ လို့  ကိုယ့် နောက်ပါမည့် အလုပ်တွေထက် စားဖို့ သောက်ဖို့ နေထိုင်ဖို့ တွေနဲ့ သာ အားသွန်ခွန်စိုက် နိစ္စဓူဝ လုံး ပန်း နေခဲ့ သည်။ ပညာတတ်သွားလို့ လား၊ သူရောက်သွားတဲ့ ဘဝကပဲ ကုသိုလ်ရေးတွေနဲ့ ဝေးနေလို့  လား။ တကယ်တော့ လည်း သူ တစ်ဦးတည်းနဲ့ သာ သက်ဆိုင်သည်သာဖြစ်သည်။ မိဘတွေနဲ့ လည်း မဆိုင် မိတ် ဆွေအပေါင်းအသင်း တွေ နဲ့ လည်း တိုက်ရိုက်မပတ်သက်။ သေချာသည် တစ်ခုကတော့ သူ ဘာသာရေးနဲ့  ကုသိုလ်ရေးနဲ့  ဝေးနေ သည် မှာ အတော်ကြာပြီဖြစ်သည်။

“ဘွန္တော…………. ကာမ ရူပ အရူပဟု… သုံးပါး ဝတ်ဘုံ မလွတ်တုံဘဲ…. ဆန် စုန် အောက်ထက် သူ နှောက် ယှက် ၍ ……ယောက်ယက်ခတ်သူ….. အိုများဗိုလ်လူ ရန်သူဝတ်ကြီးဆယ့်တစ်မီးအား …… ဖျက်ဆီးဘို့ ရန် မြတ် ဒါနဖြင့် …….. သီလဖြူစင် ယူငင် ဘဝ သမထ ဝိပဿနာ …..ကျင့်သုံးဖြာဖြင့် မြန်စွာထရန် ……….”

အလုပ်ထဲ အဆင်မပြေဖြစ်မှာ ပုတီးကိုင်ကာ ဘုရားကို ဖင်ထောင်အောင်ရှိုခိုးတာတွေ၊ ဗေဒင် ဆရာပေါင်းစုံထံ သွား ကာ ယတြာ မျိုးစုံချေရတာတွေသာ ရှိသည်။ အိမ်ထောင်ကျပြန်တော့လည်း သားမှုမယားမှု တွေ နေမှု ထိုင် မှု တွေ နဲ့ လုံးဟယ်ပန်းဟယ် မေ့လျော့နေခဲ့တာတွေကို ပြန်သတိရလာမိသည်။ သူ မွေးခဲ့သော ဤဒေသ သူ ကြီး ပြင်း လာခဲ့သော ဤ အရပ်တွင် ထိုထိုသော ဓလေ့များဖြင့် ကြည်နူးသာယာဖွယ် အလွန်ကောင်းသည်။ ခု သူ သည် ထိုအရပ်ဒေသတွင် ဧည့်သည်ဖြစ်လို့ နေပြီဖြစ်သည်။ ဤ နိဗ္ဗာန်ဆော်တို့ ၏ ကျူးရင့်သံ ဆော်သြသံတွေ သည် သူလို့ လူမျိုးတွေအတွက် အင်မတန် တရားကျဖွယ် ကောင်းသည်။ ကုသိုလ်ပြုဖို့ အရေး နှိုးဆော်ပေး သည် သို့  ဖြစ် သည်။

မေ့လျော့နေသည်များကို သတိရလာစေဖို့ မကြောက်မရွံ့ ရှိနေသည်များကို ကြောက် ရွံ့ တတ်လာစေဖို့ သတိပေး နေ သည့်နှယ်ဖြစ်သည်။ ကုသိုလ်ပြုဖို့ မေ့ လျော့နေသော သူတို့ လိုလူမျိုး တွေအတွက် နိဗ္ဗာန်ဆော်များ၏ အသံ သာသာ တို့ သည် အင်မတန် အကျိုးကြီး မားပေလိမ့်မည်။ သူတို့ ပြု သော ကုသိုလ်အမှုသည် အဘယ်မျှ မြင့်မြတ် လေမည်နည်း။ ဥပုသ်နေ့ တိုင်း သူတို့  တိုက်တွန်းနှိုး ဆော် ခဲ့၍ အိပ်ရာမှ နိုးထကာ ကုသိုလ်ကောင်းမှု ပြုခဲ့သူတွေ မည်မျှရှိခဲ့လေပြီနည်း။ သူတို့ ၏ ဆော်သြသံ တွေ ကြားလို့  ကုသိုလ်ပြုဖို့ သတိတရားရသွားသူတွေ မည်မျှရှိခဲ့ လေပြီနည်း။

မြတ်စွာဘုရားရှင်လက် ထက် တော်က သန္တတိအမတ်ကြီး၏ ဖြစ်စဉ်က သက်သေထူသည်။ နိဗ္ဗာန်ဆော်လုပ်ရင်း ရဟန္တာဖြစ်ကာ လူဝတ်ကြောင်နဲ့ ပင် ပရိနိဗ္ဗာန်ပြုသွားခဲ့သည်။ နိဗ္ဗာန်ဆော်အလုပ်သည် ပေါ့သေးသေး မဟုတ် သူတစ်ပါ၏ စိတ်အတွင်းသဏ္ဍန်၌ ကုသိုလ်တရားပြုလုပ်ဖို့ အသိတရားကိုပေါ်လာစေပုံ၊ သံဃာတော် များ အား ဆွမ်းချက်ကပ်ဖို့ အတွက် အိပ်ရာမှ နိုးစေပုံတို့ သည် လွန်စွာမှ အကြိုးကြီးမားလှပေသည်။

“မယားကိုခင် သားမြေးကို ကြင်သော် အစဉ် မပြတ် နေထိုင်ကြ၍ ဘဝ နောင်ခါ သံသယာမှ ဖယ်ခွာ ထွက်ဆုတ် နယ်ခလုတ်ကို ပယ်ဖြုတ်ကာ ကျွတ်ဆု ကိုပန်ရအောင် ဘုရား တရား သံဃာတော် အရှင် သူမြတ်တို့ အား ဆွမ်း ချက် ကပ်ရန် အဓိဋ္ဌာန် ထား၍ လိုမို့ နိဗ္ဗာန်လမ်း တရားပြုကျင့်ရန် ထတော် မူကြပါ ….. ဘွန်………….. တော (ဘန္တော) သပ္ပုရိသအပေါင်း ……… သူတော်ကောင်းတို့ ……… ………..”

မျက်လုံးက အတွေးတွေကြောင့်ကျယ်သည်ထက် ကျယ်လာသည်။ နိဗ္ဗာန်ဆော်လူငယ် တို့ ၏ အသံက နီးလာ လိုက်ဝေးသွားလိုက် ပျေက်သွားတစ်ချက် ပေါ်လာတစ်ချက်ဖြင့် ရှိသည်။ ခဏကြာတော့ အိမ်နောက်ဖေးမှ ချိုးချိုး ချွတ်ချွတ်ကြားရသည် မီးဖွင့်သံ မီးမွှေးဖို့ မီးဖိုရှင်းနေသံ တွေ …..။ အော် အမေ …. အမေ ဆွမ်းချက်ဖို့  ပြင် နေ သည်ပဲ။ သူ ငယ်ငယ်က ဘန္တောအော်အပြီးပြန်လာသောအခါ အမေကအိမ်တံခါးဆင်းဖွင့်ပေးသည်။ အမေ ဆွမ်း လောင်းပြီးမှ သူလည်း အိပ်ရာဝင်နေကျဖြစ်သည်။ မနက်ဆယ်နာရီ ဆယ့်တစ်နာရီအိပ်ယာနိုးလျှင် သူ စား ဖို့ မ နက်စာကို အသင့်ပြင်ထားပေးသည်။

ခုတော့ ဒါတွေနဲ့  သူဝေးသွားသည်မှာ ဆယ်စုနှစ် တစ်ခု ရှိခဲ့လေပြီ။ ဘဝမှာ လုပ်နေတာတွေဟာ တ ကယ် တော့ ဘာအဓိပ္ပါယ်ရှိလို့ လဲ ဟု သူတွေးမိသည။် သို့ သော် အဲဒီ ဘဝ ကြမ်းကြမ်းကြီးကိုပဲ ခုံမင်နှစ်သက် ပြီး လက်ရှိလုပ် နေသော အလုပ်တွေနှင့် လုပ်ကိုလုပ်ရမည့်အလုပ်တွေအကြား ခပ်ဝါးဝါးသာတွေးရင်း ရှိနေခဲ့ သည်။ အဲဒီ ဘဝ ထဲကို အမေ့အိမ်ကပြန်တဲ့အခါ သူ တစ်ခေါက် ပြန်ရောက်သွားဦးမည်ဖြစ်သည်။ မေ့လျော့ ခြင်းတွေ အဆုံး သတ် ပါ့မလား ရယ် သူ မသိပါချေ။

ခေါင်းထဲ ဝင်လာသော အတွေးတွေကြောင့် အိပ်မရသည့်အဆုံး အိပ်ရာမှ ထကာ အမေ့ရှိရာမီးဖိုထဲသို့  ထွက် လာ ခဲ့သည်။ မီးခိုးတွေ အူနေသော မီးဖိုထဲတွင် အမေတစ်ယောက် မီးမွှေးလျက် အလုပ်များနေသည်။ သူ ထလာ တာကိုတွေ့ တော့ အမေက နဖူးပေါ်လက် ကလေးကာပြီးကြည့်သည်။

“ဟဲ ကောင်လေး … အစောကြီးရှိသေးတယ် ရှူးထပေါက်တာလား …..”

“မဟုတ်ဘူး အမေ သားနိုးနေတာ ဘန္တောအော်သံကြားတာနဲ့ တောင်တွေးမြောက်တွေး တွေး ပြီး အိပ်မ ပျော် တော့လို့  ….. ” အမေ့ကို ဖြေရင်း ဆန် ထည့်ထားသော ထမင်းအိုးကိုမကာ ဆေးဖို့ ပြင်လိုက်သည်။ အမေက လှမ်းတားသည်။

“အင်း မင်းငယ်ငယ်က အမေ့ကို ဘွန္တော အော်ချင်လို့  အမြဲ ဂျီကျတာလေ …..ကဲ့ပါ ထားထား အမေလုပ်မယ် ရှူးလေးဘာလေး ပေါက်ပြီး ပြန်အိပ်တော့လေ မနက် စောစော ထရဦးမယ်မလား …. သွားသွား သား …..”

“ရတယ် အမေ သားအိပ်ပျော်မှာမဟုတ်ဘူး မျက်လုံးလည်း နည်းနည်းကြောင်နေလို့  …သားဆေးလိုက်မယ် …. ကုသိုလ်ရအောင် ….”

အမေ က လက်ဆေးရင်းက ခပ်ညှင်းညှင်းရယ်သည်။ သူ့ မိန်းမ မနက်စောစော ထပြီး ဆွမ်းမလောင်းတတ် ဘူး ဆိုတာ အမေသိချင်သိမည်။ အလုပ်တွေ သိပ်များတော့ လည်း မနက် စောစောဘယ်ထနိုင်မလဲ ဟုအမေ တစ်ခါ ပြောဖူးသည်ကို သတိရသည်။ မီးဖိုပေါ်တွင် မီးသွေးတွေက အရှိန်ကောင်းကောင်းနှင့် တောက်လောင် နေပြီဖြစ် သည်။ အမေက ညနေခင်းက ချက်ထားသော ဆွမ်းဟင်းအိုးကို လှန်လှောကြည့်နေသည်။ အမေ့ အိမ်လေးက
အေးချမ်းစွာငြိမ်သက်နေ၏။ သူ တို့ သားအမိနှစ်ယောက် ထွေရာလေးပါ စကားပြောရင် ထမင်းအိုး အဆူစောင့် နေကြသည်။

“သားလည်း ကုသိုလ်ကောင်းမှုတွေနဲ့ ဝေးနေတယ် အမေရယ် ….. တစ်နေ့ တစ်နေ့  အသည်းအသန် စား သောက် အလုပ်ကိုပြေး ဘုရားတောင် ဦးသုံးကြိမ်မနည်းချရတယ် …. ညပြန်လာတော့လည်း ပင်ပင် ပန်းပန်းနဲ့  အိပ်ပျော်သွား ဒါနဲ့ ပဲ တစ်နေ့ တစ်နေ့  လုံးလည်ချာလည်လိုက်နေတာ ….. သားစဉ်းစားမိတယ် အသက်အ ရွယ် ရလာပြီး ဘဝထဲ ရောက်တော့ ငယ်ငယ် တုန်းက ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုလေးတွေ တောင်မှ မလုပ်ဖြစ် တော့ဘူး …… သားတို့ ကိုက မေ့လျော့နေတာထင်ပါရဲ့ အမေရာ ….” အမေက မီးဖိုရှေ့ ငုတ်တုတ်လေးထိုင်ပြီး သူပြောကို နားထောင်နေသည်။ လက်ထဲမှ ယပ်တောင်ဖြင့်လည်း မီးခပ်နေလေ၏။

“အင်း …. ဒီလိုပေါ့သားရယ် …. တတ်နိုင်သမျှ လုပ်ဖို့ ကြိုးစားရမှာပေါ့ ပိုက်ဆံရှာတာလည်း ရှာ ကုသိုလ် ကောင်း မှုလုပ်တာလည်း လုပ်ပေါ့ ဘုရားတရား လုပ်ဖို့ အချိန်ဆိုတာ ယူချင်စိတ်ရှိရင် ရနိုင်တာပဲမဟုတ်လား။ မင့်အဖေ ငယ်ငယ် ကလည်း ဒီလိုပြောဖူးတာပဲ ….. ဒီနေ့ အမေနဲ့ အတူ ဆွမ်းလောင်းလေ …. ခုတောင် မင်း ကုသိုလ်တွေ ရနေပြီ ကုသိုလ်မလုပ်နိုင်တာမှမဟုတ်ဘဲကွယ် နောက်တော့ အချိန်လေး ရသမျှ ဘုရားတရားလုပ် လှူတာ တန်း တာ လေးတွေ လုပ်ပေါ့ ….. မင်း ရှာထားဖွေထားတာလေး တွေ ထဲက ဖယ်ပြီးစုထား လုံးလုံးခဲခဲ လေးဖြစ် လာ တော့ လှူပေါ့ …… ဘုရားတရား တော့ မမေ့နဲ့ သားရေ …….”

“ဟုတ်ပါတယ် ... အသိခေါက်ခက် အဝင်နက်နေတာပါ အမေရာ .... လုပ်လို့ ရနိုင်ရဲ့ သားနဲ့  ကိုယ်ဟာကိုယ် ဆင်ခြေတွေပေးနေတာက များတာ .... တကယ်တော့ ဘာမှ အပန်းကြီးတာ မဟုတ်ပါဘူး လေ ....”

“အေးပေါ့သားရယ် လူဆိုတာက မကောင်းမှုမှာပဲ တာရှည်ပျော်မွေ့ ကြတာမလား .... ငါ့သားမှာ ဒီလို အတွေး လေး ရှိတာပဲ အမေကျေနပ်ပါတယ် နောက် ကောင်းမှုကုသိုလ်လုပ်ဖို့ ဆင်ခြေတွေပေးမနေ နဲ့ ဟုတ်လား သား ”

အမေ့အပြုံးက သူ့ ရင်ကို နွေးထွေးစေသည်။ အမေက သူ့ ကို အားပေးသည်။ သူ သက်ပြင်းကို အသာချလိုက် သည်။ ဒီလို ခံစားချက်မျိုး ဟာ နောင်တမဟုတ်သော်လည်း စိုးရိမ်ကြောင့်ကြမှု တစ်မျိုး ဖြစ်ကောင်းဖြစ်မည်။ နိဗ္ဗာန်ဆော် တွေရဲ့  ဆော်သြသံတွေသည် လူတိုင်း၏ရင်တွင် အသိတရားလေးတွေ ငုတ်ရာက ပေါ်လာပြီး မေ့ လျော့နေရာက သတိတရားတွေ ရစေသည်ဟု သူ မြင်သည်။ သူတို့ တွေအတွက် အကျိုးအလွန်ဖြစ်မည်ဟုလည်း သူ ယုံကြည်မိသည်။

“ပေပေ ရကုန် ကြုံ တွေ ဆုံကွဲ ရှင်သေ တည်ပျက် မြင်မှက် တွေးယှက်မရှိတောင်းတ ရှိကြောင့်ကြ ဤကဲ့ သို့ ပြဆို သောကြောင့် သုံးပြည်ဘဝ သုံးလောက၍ သားလင်မယား မိဘများကြောင့် ငိုကျွေးမြည်တမ်း ပင်ပန်းဆင်းရဲ ရ တာလဲ အကြိမ်ကြိမ် …… အိုနာသေရေ ဆင်းရဲဘေးကြောင့် သချို င်္င်းသို့ ရောက်ရ တာလည်း အခါခါ ……သို့ ဖြစ် ပါသောကြောင့် ဘဂါဝ ပရမေ တစ်ဆူ ဘုရားအား သတ္တဝါတွေ လူအများတို့ က ဆွမ်းချက်ကပ်ရန် အဓိဋ္ဌာန် ထား ၍ လို့ မို့ နိဗ္ဗာန်လမ်း တရား ပြုကျင့်ရန် ထတော် မူကြပါ ………..ဘွန္တော...... သပ္ပုရိသ အပေါင်း သူတော် ကောင်း တို့  …. ”

ကြေးစည်သံနှင့်အတူ နိဗ္ဗာန်ဆော်အများ၏အသံလည်း တိုးသက် ရာမှ ပျောက်ကွယ်သွားသည်။ မီးဖိုထဲတွင် ဆွမ်းဟင်းနံ့ ဖြင့် မွှေးကြိုင်နေသည်။ အာရုံဆွမ်းခံကြွလာသော သံဃာတော်များ၏ ရှေ့ ပြေး ဘုန်းကြီး ကျောင်း သား လေးများ၏ ကြေးစည်သံစာစာ ကတဖြည်းဖြည်းနီးလာသည်။ သားအမိနှစ်ယောက် ဆွမ်း၊ ဆွမ်း ဟင်းကိုယ် စီ ဖြင့် အိမ်အောက်သို့ ဆင်းကာ ဆွမ်းခံလာ သံဃာများကို စောင့်ဆိုင်းနေသည်။ အိမ်နီးနားခြင်း တချို့ လည်း ဆွမ်းလောင်း ရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။ အရှေ့ အရပ်မှ ရောင်နီစတို ပျို့ အန်ကျလာသည်။ အာရုံဦးနံနက် ခင်း သည် မင်္ဂလာအပေါင်းနှင့်ပြည်စုံစွာ ကျက်သရေ ရှိလို့ နေလေ၏ ….။

******************

ဒီဝတ္တုတိုလေးကို ရေးဖို့ စိတ်ကူးရတော့ ချစ်ခင်လေးစားရတဲ့ မကြီးဝါကို ပြေးသတိရမိပါတယ် မကြီးက တရားနာ ဖို့ လှူဖို့ တန်းဖို့ အမြဲလိုလို သတိပေး အသိပေးနေကျဖြစ်လို့ ပါ။ မကြီးက သူ ကိုယ်တိုင်လည်း အလှူအတန်း သိပ် ဝါသနာပါသလို တစ်ပါးသူတွေကိုလည်း လှူဖြစ်အောင် တိုက်တွန်းပြီး လှူဖြစ်ဖို့ လည်း အမြဲ ကူညီတတ်ပါတယ်။ ၂၇.၁၀.၀၉ ရက် နေ့ ဟာ မကြီးရဲ့ မွေးနေ့ ဖြစ်ပါတယ်။ အဲတာကြောင့် ဒီဝတ္တုတိုလေးကို မကြီးဝါကို လက်ဆောင် ပေး လိုပါတယ်။ အမှတ်တရ လည်းဖြစ် မကြီး မမြဲ ပြုလုပ်နေတဲ့ ကုသိုလ်ကောင်းမှုတွေ အတွက် လည်း သာဓု ခေါ်ဂုဏ်ပြု ရင်းပါ မကြီးရေ။ ကျွန်တော့်ရဲ့ ဒီဝတ္တုလေးကို မွေးနေ့ လက်ဆောင်ပေးပါတယ် ........။



ကျွန်တော့် အစ်မကြီး ဝါဝါခိုင်မင်း (အမှတ်တရလေးများ) ရဲ့  အောက်တိုဘာလ ၂၇ ရက်နေ့ မှာ ကျရောက်မယ့် မွေးနေ့ မှာ ပျော်ရွှင်ခြင်း များစွာနဲ့ ပြည့်စုံပါစေ။ ချစ်သော ခင်ပွန်းသည်၊ ချစ်သမီးလေး တို့ နဲ့ အတူ မွေးနေ့ ပေါင်း များစွာပျော်ရွှင်စွာကျင်းပနိုင်ပါစေ...။ မကြီး ပြုနေကျဖြစ်တဲ့ ကောင်းမှုကုသိုလ်တွေကိုလည်း ဆထက် ထမ်းပိုး ပြု လုပ်နိုင်ပြီး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့ နဲ့ သာ ပြည့်စုံပါစေ ....... (ကျွန်တော့်လက်ဆောင်လေး က သေးမွှားနေလို့ မကြီးကို အားနာပါတယ်။ ခွင့်လွှတ်ပါဦး မကြီးရေ .... :D )

***************
စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား

15 comments:

ဝက်ဝံလေး said...

မဝါ မွေးနေ့မှသည် နောက်နှစ်ပေါင်း တိုင်အောင် ကုသိုလ် အလုပ်များလဲ ဆထက်တပိုး ထမ်းရွက်နိုင်ပါစေ လို့ ပြောရင်း ရန်ကုန်သားရေ ဖတ်ရတာ ကောင်းတယ်ဟေ့

ဝက်ဝံလေး said...

အော် မသောင်းကျန်းတော့ဘူးနော် ဟယ် ငါ့ ဘော်ဘော်တွေလဲ အိပ်ကုန်ပြီ ဆိုတော့ သိလား ဘိုင် ၂ ခုနဲ့ပဲ ကျေနပ်တော့မယ် နော် တာ့တာ

WWKM said...

အစ်မရဲ့မွေးနေ့ကို အမှတ်တရနဲ့ပို့စ်လေးရေးပြီးမွေးနေ့
လက်ဆောင်ပေးခဲ့တဲ့အတွက် ၀မ်းမြောက်ကြည်နူးစွာနဲ့
ဖတ်သွားပါတယ် မောင်ငယ်ရန်ကုန်သားရေ...

သတိတရနဲ့ အမှတ်တရဖြစ်စေမယ့်ပို့စ်လေးဖန်တီးပေး
ခဲ့တာ တကယ်ကျေးဇူးတင်မိပါတယ်။

အစ်မနဲ့ မွေးနေ့တူ ညီမလေးကိုလည်း မနက်ဖြန်ကျရင်
မကြီးကလည်း Happy Birthday wish လုပ်ပါတယ်လို့
ပြောပေးလိုက်ဦးနော်.

“ ပိုက်ဆံရှာတာလည်း ရှာ ကုသိုလ် ကောင်း မှုလုပ်တာလည်း လုပ်ပေါ့ ဘုရားတရား လုပ်ဖို့ အချိန်ဆိုတာ ယူချင်စိတ်ရှိရင် ရနိုင်တာပဲမဟုတ်လား။ ”

မောင်နှမတွေအားလုံး ဒီလိုသတိလေးအမြဲရှိနေနိုင်ကြပါ
စေ...



ခင်မင်လေးစားစွာနဲ့

မကြီးဝါ( ၀ါဝါခိုင်မင်း)

Young said...

မောင်လေးရေ ... မရောက်ဖြစ်တာ ကြာနေပေမယ့် မောင်လေးရဲ့ အရေးအသားလေးတွေကိုတော့ လာရောက်ဖတ်ဖြစ်နေပါတယ်။ မမ၀ါ မွေးနေ့အကြို ဆုတောင်းလေးအတွက် ၀မ်းသာစွာ လာရောက်ဖတ်ရှုသွားပါတယ်နော်။ မွေးနေ့လက်ဆောင်လေးက သေးလို့တော်သေးတယ်နော်။ ကြီးရင်တော့ မောင်လေးဘလောဂ့်လျှံသွားမယ်။း)

မမ၀ါရဲ့ အောက်တိုဘာလ ၂၇ ရက်နေ့မှ ကျရောက်မယ့် မွေးနေ့မှသည် ဘ၀တလျှောက်လုံး မိသားစု မောင်နှမတွေနဲ့အတူ လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ဆက်ထက်တပိုး ရွက်ဆောင်နိုင်ပါစေ မမ၀ါ။

ချစ်ခင်လေးစားလျှက်
မေတ္တာရောင်ပြန် (ရောင်)

rose of sharon said...

လာဖတ်သွားတယ်နော်... မဝါအတွက်လည်း မွေးနေ့ အမှတ်တရ ဆုတောင်းပေးလိုက်ပါတယ်.... ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေ...

HAPPY CLOUD said...

ရန်ကုန်သားရေ အခုမှ လာဖတ်ဖူးတယ်။ အက်ဆေးအရေးကောင်းလို့ သဘောကျသဗျာ။ တခါတည်း လင့်ခ်ပါ ယူသွားတယ် ရောင်ရင်း။

မိုးမောင်

နေ့အိပ်မက် said...

ဘွန္တောက ဘွန္တောကြက်သူခိုးဖတ်မှ ကြားဖူးတာ အရင်ကဘာမှန်းတောင် မသိဘူး.. ဒါနဲ့ ကိုရန်ကုန်သားဘာလို့ စာရေးဆရာမလုပ်တာလဲ.. အဟုတ်မေးတာ..

အနော် said...

ဘွန္တော သပ္ပုရိသအပေါင်း သူတော်ကောင်းတို့
ဟိဟိ လိုက်အော်တာပါ အကို
အမေ့အိမ်မှာ အိပ်ရတဲ့ အရသာကို အခုတော့ လွမ်းနေမိတယ် မနက်ဆို အမေ ဘုရားရှိခိုးတဲ့အသံနဲ့နိုးလာပီး အမေပြင်ပေးတဲ့ ထမင်းချိုင့်ကိုဆွဲပီး အလုပ်သွားရတဲ့ သမီးဟာ အခုတော့ ကိုယ့်ဘာသာကို အိပ်ရာထ မားမားခေါက်ဆွဲပြုတ်ကိုစား :(
လပြည့် လကွယ်ဆိုလဲ ဘာရက်တွေ ဘာရက်တွေမှန်း မသိတာ ကြာပေါ့
ဘုရားတရားလုပ်ဖို့ အမေ ဘယ်လောက်ပြောပြော အိပ်ခါနီး ဦးသုံးကြိမ် မချမိတဲ့ရက်တွေတောင် များလာပီ
အဲ့တာကြောင့် အခုတလော ဆက်တိုက်ကံမကောင်းဖြစ်နေတာဖြစ်မယ် :((

အနော် said...

Happy Birthday ပါ မမဝါရေ
ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့လေးဖြစ်ပါစေနော်
ဒါလေး ပြောဖို့ ကျန်ခဲ့လို့ :)

စိမ်း... said...

မမ၀ါရဲ့မွေးနေ့လက်ဆောင်လေးက အင်မတန်ကို အနှစ်သာရရှိတဲ့ ပို့စ်လေးပဲ
မေ့လျော့နေမိတာတွေကို သတိပေးတဲ့အတွက်လည်း ကိုရန်ကုန်သားကို ကျေးဇူးတင်ပါတယ်...

မိုးစက်အိမ် said...

အစ်ကိုပို့ စ်က ကုသိုလ်အကြောင်းလေး ဖတ်ရတော့
ကျောင်းတုန်းက သင်ရတဲ့  နိဗ္ဗာန်ဆော်ဆိုတဲ့ ဝတ္ထူ
လေးကိုသတိရမိတယ်ဗျာ . . . အစ်ကိုပို့ စ်လေးက
တော့ မိခင်နဲ့ သားရဲ့  ကုသိုလ်အကြောင်းအရာလေး
ရေးထားဆိုတော့ ကွဲလွဲမှုလေးတော့ ရှိတာပေါ့  ဒါပေမဲ့ 
တူညီတာက ကုသိုလ်အကြောင်းကို ရည်ရွယ်ရေးသား
တာချင်းတော့ တူပါတယ်ဗျာ . . . အားပေးလျက်ပါ

may16 said...

ကုသိုလ်တရား အကြောင်းလေးကို မိဘမေတ္တာဖွဲ့လေးနဲ့ ဘွန္တောကို ကြည်နူးစွာဖတ်သွားပါတယ် ရန်ကုန်သားရေ

jr.lwinoo said...

အဲအသံကြားရင် အိမ်ကိုတအားလွမ်းတယ် မောင်ငယ်ရေ။
အဲအသံလေးက လူကို စိတ်ချမ်းသာ လုံခြုံစေသလိုပဲ။
အရင်ကတော့ အသံလေးကြား ပြန်အိပ်။ နိုးလာရင် အမေ့လက်ရာ ပဲပြုတ်ထမင်းပူပူလေးစား။ ကော်ဖီသောက်။ အင်း....

မြစ်ကျိုးအင်း said...

ဒီအသံလေးတွေကိုက မြန်မာတွေရဲ့ ချစ်စရာ ကောင်းလွန်းတဲ့ဓလေ့ လေးပါပဲ။

လူ့ဘ၀ရဲ့ ပူလောင်မှုနဲ့ အချိန်ရသလောက် ကုသိုလ် အရေးလုပ်စေချင်တဲ့ အသိတရားလေးကို မြင်ရပါတယ်။

...................................................................။

စာဖတ်သူတယောက်အနေနဲ့ ပြောရရင် အဖွဲ့အနွဲ့လေးကို
အနည်းငယ်သာလျော့လိုက်ရင် စာလေးက သွက်ပြီး ပိုပြီးပြီးပြည့်စုံသွားမယ်ထင်တယ်....။

အလယ်လောက်ေ၇ာက်တဲ့အထိ ဇာတ်အရှိန်က မတက်လာသေးတော့ ဖတ်ရင်းနဲ့ ဘာကိုပြောချင်ပါလိမ့် လို့တွေးလိုက်မိသေးတယ်....။

ဒါက တကယ်ကို စာဖတ်သူတယောက်နေရာက ပြောတဲ့ စေတနာစကားဆိုတာတော့ ယုံကြည်စေချင် ပါတယ်။

ဘလော့လောကမှာ ရသပိုင်း ရေးတဲ့သူတွေနည်းနေလို့ လက်စရှိတဲ့ ကလောင်တချောင်းကို အားပေးတဲ့ သဘောပါ။

ခင်မင်သောအားဖြင့်

(မြစ်ကျိုးအင်း)

မိုးခါး said...

လွမ်းစရာပဲနော် ..
ဖတ်ပြီးတော့ တခုခု ရသွားပါတယ် ..း)