Friday, October 9, 2009

ယဉ်ယဉ်လှတဲ့ တင်တင်လှ


ကြည့်စမ်းပါဦး ဒီမိန်းမ အသက်သုံးဆယ့်ငါးနှစ်ဆိုတာ ဘယ်သူ ယုံမလဲ။ မျက်လုံးလေးကို ကြည့်ပါဦး နုပျိုစို လက် နေတာပဲ။ မျက်တောင်ကြီးများကလဲ နက်မှောင်ကော့စင်းလို့ ။ မျက်ခုံးကြီးများကလည်း စာသံပေသံ နဲ့ ပြောရရင် ဇင် ယော်တောင်တွေလို မထူမပါးကော့ကော့ကြွားကြွားနဲ့ ။ နှာတံပေါ်ပေါ်လေးကလည်း ဖြောင့်လို့  စင်းလို့ ။ ပါး လေးက မို့ နေလိုက်တာများ မွေးကင်းစ ခပ်ဖွံ့ ဖွံ့ ကလေးလေးပါးလိုပဲ အိအိကလေး။ သေချာအနား များကပ် ကြည့် လိုက်ရင် မွေးညှင်းနုနုလေးတွေရယ် အကြောစိမ်းစိမ်လေးတွေရယ်နဲ့  ထိရက်ကိုင်ရက်စရာ မရှိ ဘူး။ဟော နှုတ်ခမ်းလေးကိုကြည့်ဦး မလား ပါးပါးလျလျ သွယ်သွယ်ရောင်းရောင်းနဲ့ ။ ဟောလို ဆေးနီနီလေး များ တင်ထား လိုက်ရင် မပြုံးလိုက်နဲ့ ပြုံးလိုက်တာနဲ့ ရှိသမျှ ဖိုသတ္တဝါတွေ တုံး ကနဲ လဲသေသွားလောက်တယ် ဟင်း ...ဟင်း ...။

ဘယ် ..... ဟို မခင်စန်းဆိုတဲ့ မိန်းမ ကိုကြည့်ပါ ဦး ကိုယ့်ထက်တောင် သုံးနှစ်လောက်ငယ်သေးတာ။ ရှုံ့ တွနေ ပြီ။ နဖူးရည်တွေတောင် တွန့် တက်နေပြီ။ ဆံထုံးလေးများမထုံးလိုက်နဲ့ အဖွားကြီးအို ပေါက်စလေး ကျနေတာ ပဲ။ မ ပြင်မဆင် နဲ့ မခင်စန်းတို့ မ ယဉ်လိုက်ပုံများ။ နဂိုကမှ တင်မရှိ ရင်မ ရှိ ပြားချပ်ချပ်ကို ဝတ်လိုက်ရင် အဖွား ကြီး ဆင်တွေချည်းပဲ။ မိန်းမလုပ်ပြီးလူကလည်း ထိုးထိုးထောင်ထောင်နဲ့ လက်ပြင်ကလည်း ကိုင်းပြန်သေးတော့ ...... လေးကိုင်းကြီးလိုပဲ။ အိုး .... တင်တင်လှတို့ နဲ့ များကွာပါ့။ ဟောဒီမှာနဖူးလေး များ အရည်တွန့် ဖို့ မပြောနဲ့  နုလွန်း ညက်လွန်း တင်းလွန်းရင်းလွန်းလို့ ခြင်တွေ ယင်တွေများ နားရင်တောင် မှောက်ရက်လဲသွားနိုင်တယ်။

လည်တိုင်လေးမှာ အရစ်ကလေးတွေကလည်းရေးရေးလေး ပေါ်နေသေးတယ်။ မင်းကတော် စိုးကတော် တွေမှ ဒီလို အရစ်ကလေးတွေ ပါသတဲ့ လေ။ ဘယ်လို လည်စွဲမျိုး စွဲချင်သလဲ လာစမ်းပါ စမ်းကြည့်လိုက်စမ်းပါ။ ဘာတဲ့ ဟို မင်းသမီး ....... ။ အဲသည်လောက်ကတော့ တင်တင်လှတို့ က ပြင်းတောင် ပြင်းသေး လို့ အော်လိုက်ချင်တယ်။ ဟော ကိုယ်လုံးကိုယ်ထည်ကိုကြည့်ဦးမလား။ မြန်မာလူမျိုးတွေများ ပြောကြ တယ် လုံးကြီးပေါက်လှတဲ့ ဘယ့်နှယ့် အဲသည်လို လုံးကြီးပေါက်လှသာဆို ဂစ်တာကြီးလို ရင်သေးသေး တင်ကြီး ကြီးနဲ့ အချိုးမကျ နဲ့ ပုကွကွ ကြီးဖြစ်နေ မှာပေါ့။ သူတို့ က မမြင်တတ်တာ။

ဒီမယ် တင်တင်လှ ပေါင်တံလေးတွေ ကြည့်စမ်း။ သွယ်သွယ်စင်းစင်းလေး။ ရင်လေးကလည်း သူ့ အရွယ်နဲ့ သူ တင်ကလေးကလည်း ပေါင်တံလေး ခါးကလေးနဲ့ အလိုက်အထိုက်တော်ရုံကလေး။ ဒါမှ ဘိုဆန်တဲ့ အလှ လို့  ခေါ် တာ။ ဝတ်လိုက်စားလိုက်ရင် ဘာဝတ်ချင်သလဲ ဘိုစတိုင်ဖမ်းချင်သလား။ မြန်မာလို ဝတ်ချင်သလား ချပ်ချပ် ရပ် ရပ်နဲ့ သူ့ နေရာသူတင်းတင်းရင်းရင်းနဲ့ ။ ဒါမျိုးမှ ကိုယ်လုံးလှတယ် ခေါ်တာ။ ဂစ်တာကြီးလိုသာဆို ဘယ့်နှယ့်လုပ် ကြည့်ကောင်း မလဲလေ။ အသားအရေ ကိုကြည့် ဟို နွယ်နွယ်အေး ဆိုတဲ့ မိန်းမလို သွေးရောင် မရှိတဲ့  ဖြူစုပ်စုပ် လည်းမဟုတ်။ မခင်စန်းလို မည်းမည်းနဲ့ မွဲမွဲခြောက်ခြောက်လည်းမဟုတ်။ အတော်ကလေး ရယ် ညိုရောင်ပြေး တဲ့ ဖြူလွင်လွင်ကလေး။ ဒါမျိုးကိုမှ မြန်မာမ လှတယ် ခေါ်သပေါ့ ဟင်းဟင်း ...။ ဟော ဆံပင်လေးကျလည်း ခေတ် အလိုက် ကိုးရီးယားစတိုင်ပေါ့။

အမေက ငယ်ငယ် ကတည်းကပြောတယ် ငါ့သမီးက မင်းကတော်ရုပ်ကလေးတဲ့။ အရပ်ထဲမှာ ပွဲလမ်းသဘင်များ သွားလို့ ကတော့ ရှိသမျှကာလသားတွေ ငုတ်တုတ်မေ့အောင်ကြည့်ရတာ ဒီက တင်တင်လှပေါ့။ ဟင်းဟင်း အ သံကလေး ကလည်း ချိုသတဲ့ သာသတဲ့ နားထဲကို အဝင်အေးသတဲ့ ။ မျက်စောင်းလေး ချိတ်လိုက်ရင် အဲဒီ သ ကောင့်သားတွေ အသက်ရှူတွေ မှားမှားကုန်တာက တစ်မျိုး၊ ဗွက်အိုက်ထဲ ဟပ်ထိုးလဲတာက တစ်ဖုံ၊ သူတို့  ကောင် မတွေနဲ့ ပြဿ နာတက်လို့ ကွဲကြတာကတစ်မျိုးနဲ့ ။ တင်တင်လှတို့ လှချက်ကယ် ပြောရမှာ ရှက်တောင် ရှက်ပါတယ်လေ။ ဘယ်နေရာရောက်ရောက် အလှသွေးတွေ စိုစိုလက်ကယ်နဲ့ မို့ ဗိုလ်ပုံလည်မှာ ဖျတ်ကနဲ ကြည့် တာနဲ့ ထင်းကနဲ လင်းကနဲ မြင်ရလောက် အောင် ဝင်းဝင်းဝါဝါနဲ့ ကို လှခဲ့တာပါလေ။ တင်တင်လှတို့ က လှရုံ တင် မကပါဘူး။ ခေတ်ပညာလေး ကလည်း အထိုက်အလျောက် တတ်ပါတယ်လေ။

တက္ကသိုလ်တုန်းကလည်း ဘော်တနီကွင်းဖြစ်ရုံတင် ဘယ်ကမလဲ။ ဟောဟို က တော်ကြတတ်ကြပါတယ် ဆို တဲ့ ဆရာဝန်လောင်းတွေ အင်ဂျင်နီယာလောင်းတွေကတောင် ကျော်ကျော်ကျူးကျူးနဲ့ ကိုလာလာပြီး ပိုးရပန်းရ တာ ကိုးလေ။ ဝဇ္ဇာသိပ္ပံ မှာတော့ ပြောမနေပါနဲ့ ။ ကျွန်မ တင်တင်လှကလေ ကိုယ်တိုင်လှရုံဘယ်ကမလဲ အလှ က လည်း ကြိုက်တယ်တော်ရေ။ အမေတို့ ပြောတဲ့မင်းကြိုက် စိုးကြိုက်ကြီးတော့မဖြစ်ချင်ပေါင်။ မတော် နွားထော် ကားယား ကျွဲကားယားကြီးနဲ့ ညားမှ။ အလိုတော် ရွ့ံစရာကြီးပါ။ ဒါပေမယ့် တင်တင်လှ ကံကောင်းပါ တယ်။ လင် လှလှလေး ရတယ် တော်ရေ့ ။ လင်လေးက အချောအလှ၊ ပညာလေးကလည်း တတ်လို့  စီးပွားရေး လုပ်ငန်းလေး က လည်း စည်လို့ ပင်လို့ တောင်ဖြစ်နေပြီ။ လူလေးကလည်း ဖြူဖြူ သန့် သန့်  ခန့် ခန့်  ချောချော လေးဆိုတော့ အဲဒီတုန်းက မြင်လိုက်ရရ ချင်း တင်တင်လှတို့ ရင်ထဲ ဘယ့်နှယ်ကြီးမှန်းမသိပါဘူး .... ချိုအီအီကြီးကိုဖြစ် လို့  ... ဟင်းဟင်း ....။

တင်တင်လှရဲ့ ကိုကိုကလေ အမောင်းလေးကလည်း ကောင်း၊ ပညာလေးနဲ့ ဟိတ်ဟန်ကလေးကလည်း ပြောင် ပြောင်ရောင်ရောင်နဲ့ ။ မမူခဲ့ပါဘူး တင်တင်လှတို့ ။ ချက်ချင်းပဲ အင်းကနဲ လုပ်ပစ်လိုက်တာပေါ့။ မတော် သူစိတ် ညိုသွားမှဖြင့် ရင်ကျိုးရချီရဲ့ ။ ဥစ္စာပေါရုပ်ချော ကိုကို့ ကို တင်တင်လှက ဘယ်အလွတ် ခံပါ့မလဲ။ ဟုတ်တယ် မ လားတော်ရယ်။ တင်တင်လှလို မိန်းမလှနဲ့ ယူတဲ့ ယောက်ျားက မည်းမည်းသဲသဲနဲ့ ဆို ကျီး ကန်းကြီး ဘဲဥချီလာ သလို ကြည့်လို့ မှမတော် မြင်လို့ များရှိ ထော်လော် ကန့် လန့် ကြီး ဖြစ် နေတော့မပေါ့။ ဟော ခုတော့ ကျွန်မ တင် တင်လှ က ယဉ်ယဉ်နဲ့ လှသလို လင်လှလှလေးနဲ့ ပေါ့တော်။ ဒီထက် တင်တင်လှ တို့ အ လှကြိုက်တာပေါ်အောင် ပြောရရင် အိမ်မှာကူလုပ်ဖို့ အကူ ကလေးမလေး ခေါ်ထား တာတောင်မှ သနရုပ်ပလေး ခေါ်ထားတယ်ရှင်။ အ သန့် အပြန့် ကလည်း ကြိုက်တော့ အဲသည် ကလေးမတောင် တင်တင်လှ အဝတ်ကလေးတွေ ပေးပေးဝတ်ရင်း က သူကလေးတောင် အတော်လှ နေတယ် ..... တကယ်ပါပဲ။

သူ ကလား ကိုကိုက တင်တင်လှကို ချစ်သမှ ငုံထားမတတ်ပဲ။ တင်တင်လှဘာလို ချင်သလဲ။ မိတင်လှ တို့ များ ကံ လေး က လိုက်တော့ လက်ညှိုးညွှန်ရာ ရွှေဖြစ်တယ်ပြောရမယ်။ ဟော ..... အိမ်ဆိုအိမ် ကားဆိုကား လက်ဝတ်
ရတနာ တွေက တော့ ပြောမဆုံးမှာမို့  မဆိုတော့ပါဘူးလေ။ “လှရယ် အချစ်ရယ် မင်းတသမျှ ရစေရမယ်” တဲ့ လေ။ ဒါပေမယ့် တင်တင်လှတို့ က လင်အလိုလိုက်လို့ မိုက်လိမ့်မယ် မထင်နဲ့ နော်။ မယားအလှ အလိမ္မာကလေး ပါ။ ကိုကို က ပင်ပန်း မှာစိုးလို့  အိမ်အကူလေး ခေါ်ပါဆိုလို့ သာ လင့်စကားအရာရောက်အောင် ကျေနပ်အောင် အခေါ်ထားရတာ။ ကိုကို က တင်တင်လှ ချက်တာမှ ခံတွင်းတွေ့ တယ်လေ။ အလုပ်က ပြန်လာလို့  မောမော ပန်းပန်းနဲ့ ဆို လှရဲ့ အပြုံးနဲ့ မှပြေသလို ဝမ်း လေးများဟာလာရင် လှ ချက်တာကမှ အာသာ ပြေသတဲ့လေ။ ကိုကို ကသိပ်ချစ် လို့ များလားမသိပါဘူး ကိုကို့ အတွက်ဆို မိတင်လှတို့ သွက်လက် ဖျတ်လတ်နေတာ။ အမေကတော့ ပြောတယ် “အောင်မယ်လေး ငါ့သမီးများ မယားဝတ်တွေ ကျေနေလိုက် တာ မြင်ပြင်းတောင် ကတ်တယ်”တဲ့ လေ။

အလုပ်တော့ လုပ်ချင်ပါတယ်။ ကိုကို့ ကို ခွင့်တောင်းတော့ ကိုကို က မျက်ထောင့်နီကြီး နဲ့  ကြည့်တယ်။ လှကို ခိုင်းဖို ယူထားတာမဟုတ်ဘူးတဲ့ ချစ်လွန်းလို့ ယူထားတာတဲ့လေ။ လှ အိမ်မှာ အလုပ်တွေ လုပ်နေ တာတောင် ပြောမရလို ထားရသတဲ့။ ဒီတော့လည်း ကျွန်မ မယားအလှ အလိမ္မာကလေးကလည်း ခေါင်းလေး ငြိမ့်ပြီး “ဟုတ် ကဲ့  ပါရှင်ရယ် ဟုတ်ကဲ့ပါ ကိုကိုရယ်နဲ့ ”သူ့ ရင်ခွင်ထဲ ခေါင်းကလေးထားလို့  လိုက်နာရ ပြန်တာပေါ့ လေ။ အင်း ပေါ့လေ သားကလေး ကတစ်ယောက် သမီးကလေးက တစ်ယောက် လူလားမြောက်တဲ့ အထိ စင်းစင်းကြီး လှနေ တဲ့ မယားဆိုတော့လဲ ချစ်တာပေါ့လေ။ ဟိုမခင်စန်းလို မီးယပ်ပိန်နဲ့ ခြောက်ကပ်နေရင်တော့ ဒီအချိန် တင်တင်လှ တို့  မျက်ရည်နဲ့ မျက်ခွက် လင်ပစ်လို့ ဟစ်ဟစ်ပြီးအော်ငိုနေရမှာပေါ့။

တင်တင်လှကို လူအများက အားကျ ကြတယ်လေ။ တင်တင်လှ ဘာတွေလုပ်ရသလဲဆိုတာမှ သင်းတို့ က မသိ ဘဲကိုး။ အလှတွေလျော့လို့ လင့်အချစ်တွေ ပေါ့သွားမှာစိုးလို့ အိမ်ထောင်သက်တွေ ရှည်ကြာ လာ တိုင်း ဒီအလှ တွေကို မပျက်ရအောင် ထိန်းရသိမ်းရတာပေါ့။ ကလေးတွေကလည်း လက်လွတ်နေပြီ ဆိုတော့ တင်တင်လှတို့  ကိုယ့်ကိုကိုယ် ပိုပြီးပြုပြုပြင်ပြင်လုပ်နိုင်တာပေါ့။ ကလေးတွေ ကြီးမှ မဟုတ်ပါဘူး ကလေး တွေ ငယ်တုန်းက လည်း ဒီလိုပဲ ဘယ်လောက် မအားမအား သနပ်ခါးကလေးတော့ ပါးလေးပေါ် တင်ထားလိုက် တာပဲ။ ကိုကို အ လုပ်သွားခါနီးလေး နမ်းလိုက်ရင် ကြိုင်ကြိုင်လေးမွှေးနေမှ ဖြစ်မယ်လေ ဟင်းဟင်း .....။ ကလေးသေးစော် နံနေ ရင် ကျွန်မယောက်ျားအချော ကလေး ရွှေစိတ်တော် တွေ ညိုးမသွားရအောင်ပေါ့။ ဒါမျိုးဖြစ် ဖန်များတော့ တစ တစ အပြစ်မြင်သွားရင် မခက်ပလား။

ခုတော့ တင်တင်လှ အရွယ်လေးကလည်း ရလာပြီလေ။ ဇရာကိုတော့ တင်တင်လှ လည်း အံ မတုနိုင်ပါဘူး။ ဒီ တော့ အစားလေးက စ အသွားလေးက အဆုံး ထိန်းရသိမ်းရ နေရထိုင်ရတော့တာပေါ့။ ဟော မနက် ကိုကို လမ်း လျှောက်တဲ့ အခါ တင်တင်လှကလည်း ခါးကလေးလိမ်လိမ်ပြီး လျှောက်တာပေါ့။ ကိုကို ပြေးတဲ့ အခါ ကျပြန်တော့ လည်း ရင်ကလေး တချီချီနဲ့ ပြေးတာပေါ့။ ကိုကို ကိုယ်လက် လှုပ်ရှား သွေးပူကလေး လုပ်ပြန်တော့ တင်တင်လှ လည်း ခြေကလေးဆတ် ကိုယ်ကလေးခါနဲ့ အဆီဆို ပါးပါးလျလျလေးတောင် မတက်ရလေအောင် လုပ်ရ ကစား ရတာပေါ့။ ဟော တစ်ခါတစ်ရံ နေ့ ခင်းနေ့ လည်အားတဲ့ အခါ အိပ်မိရင် အဆီစုမှာ စိုးလို့  စာဖတ် တဲ့ အခါဖတ် မြူးမြူးကြွကြွ သီချင်းလေးဖွင့်ပြီး အေရိုးဗစ်ကလေးကလည်း စိတ်ပျော်ကိုယ်နုတယ်ဆိုပြီး ကစားတဲ့ အခါ ကစား လိုက် သေးတယ်လေ။

အစားကျပြန်တော့ကော အဆီဆို တင်တင်လှတို့ အဆိပ်လိုရှောင်တယ်။ အသားလှအောင် ဗီတာမင်အေပါတဲ့ အ သီးအနှံတွေစားတယ် အရွက်စိမ်းစိမ်းတွေကို မိန်မိန်ဝါးတယ်။ အသားဟင်းဆို ဆီစိုရုံ ပါလေရံ လေး ဝက်သား
သုံးထပ်သားများဆိုဝေလာဝေးပေါ့။ မြင်ကြည့် လှည့်ပါ တင်တင်လှ ဘယ်လောက် အဆင်တွေပြေပြီး လူတွေ ငေးအောင် လှနေလိုက်မလဲလို့ လေ။ သူ့ အချိန် ဇယားနဲ့  သူ မာမီတွေဆီသွားပြီး ပေါင်းတင်ရတာက တစ်မျိုး၊ ဆံပင်လေး ပုံစံပြောင်းရတာ တစ်မျိုးနဲ့  ပိုက်ဆံ တွေကတော့ ကုန်သပေါ့လေ။ ဒါပေမယ့် လင်ကချစ်တယ် လင် မပစ်ဘူးပေါ့။ မခင်စန်းတို့  နွယ်နွယ် အေးတို့  များ ကျွန်မကို မတွေ့  လိုက်နဲ့ တွေ့ လိုက်တာနဲ့ ဟယ် မမတင်ရယ်
ဆယ်ကျော်သက်လေးကျ လှလိုက်တာ နော်....တဲ့  ။ ဒီမိန်းမတွေကလည်း အဲလို .... အဲလို ....သုံးဆယ်ဖြတ်ပြီး လေးဆယ်ကပ်နေတဲ့ မိန်းမက ဆယ်ကျော် သက်လို တော့ လှမတဲ့လား ... ဟင်းဟင်း ....။

ဒါပေမယ့် တင်တင်လှ လှလှလေး ပြုံးလိုက်မိတာပေါ့လေ။ ကလေးနှစ် ယောက်ကို မွေးစားထားတာများ လားလို့ မေးတဲ့ သူကမေးသေးတယ်။ ဒီအခါကျတော့ မိခင်မာန်လေးတက်ပြီး ခါးလေးထောက် မေးလေးငေါ့ပြီး ခပ်ဆတ် ဆတ် ကလေး ပြန်ငေါက်ရတယ်လေ ...“ ဟဲ့ ငါ့သားသမီး ငါမမွေး လို့ ဘယ်သူမွေးမလဲ .. ကလေးတွေ ကြားလို့ ယုန်ထင်ကြောင်ထင် ထင်ပါ့မယ် ”လို့ ပြောရတယ်။ ကွယ်ရာကျမှ ကိုယ့်ဟာကိုယ် မျက်နှာကြီး စပ်ဖြီးဖြီး နဲ့ ကြိတ် ပြီး ပြုံးတာလည်း ပြုံးတာပေါ့။ လူတွေကအဲလို ခက်တယ်။ အင်းပေါ့လေ ဒါမှကိုကို က နှစ်ယောက် တည်းရှိရင် “အောင်မယ်လေး ကိုကို့ ရဲ့  ယဉ်ယဉ်ပြီးလှတဲ့  တင်တင်လှလေး ရယ် ချစ်လှချီရဲ့ ကွယ် ”ဆိုပြီး ပြောမှာ ကိုးလေ။ လင်မပစ်အောင် တင်တင်လှ ပေးဆပ်ရတာတွေ ပေါ့။ လွယ်တယ် များ မှတ်လို့  ...။

အော် မိန်းမတွေများလည်း လှပြန်တော့လည်း တစ်ဒုက္ခ မလှပြန်တော့လည်း တစ်ဒုက္ခ ..... ခုထိတော့ တင်တင် လှ တို့  အဲဒီဒုက္ခတွေကို ဆင်းရဲခြင်းလို့ မမြင်မိသေးဘူးလေ ....။ ဒီတော့ ဆက်ပြီး ပြုရပြင်ရဦးမှာပေါ့ .... တစ်ခုပဲ လိုပါတယ်လေ ချစ်လင်ကြီးက ချစ်နေဖို့ မဟုတ်လား။ သူ့ အတွက် ချည်းပါပဲလေ..... ဟင်းဟင်း ...။ လှတယ်လို့ အပြောခံရဖို့ ကလည်း တယ်မလွယ်လှပါဘူး....။ တင်တင်လှ သာကြည့်လှည့် .....။

တင်တင်လှ သက်ပြင်းလေး အသာချပြီး ကက်ဆက်ခလုပ်လေးကို အသာနှိပ်လိုက်သည်။ ကိုယ်ကြပ်အကျီ င်္ထဲ အ ကျရှိနေတဲ့ ခန္ဓာကိုယ်လေးကို အသာလေးလှုပ်ပြီး ကက်ဆက်က ထွက်လာတဲ့ ဂီတသံလေးနဲ့  အဆီချ သင်ခန်း စာ နံပါတ်တစ်ကို စလိုက်ပါသည်။ “လှလိုက်တာ တင်တင်လှရယ် ” ဆိုတဲ့စကားကလည်း တင်တင်လှရင်ထဲ ဘိန်းစွဲသလို စွဲနေတော့ ..... လှုပ်ဟဲ့ ကဟဲ့ အဆီကို မတက်စေနဲ့ တင်တင်လှရဲ့ ဆိုပြီး ကိုယ့်ကိုကိုယ် ကြိမ်းဟယ် မောင်းဟယ် နဲ့  နေရလေသည်။ အော် .... လင်တစ်ယောက် တန်ဖိုးကလည်း တယ်ကြီးသကိုးလေ ...ဟု တင်တင် လှ တစ်ယောက် တစ်ကိုယ်တည်း ရေရွတ်ရင်း ...။


**********************


စာဖတ်လည်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ

ရန်ကုန်သား :D

40 comments:

Angel Shaper said...

ဟေးးးးးးးးးးးးးးးးး တစ် ကွ။

Angel Shaper said...

ဟောဒီမှာ နှစ်

Angel Shaper said...

ပြီးတော့ သုံးးးးးးးးးးးးးး

Angel Shaper said...

နောက်ကောဟင်......
လေးပေါ့ဟ။ ဟဲဟဲ

Angel Shaper said...

ခုဟာက............ ငါးပေါ့နော်။

Angel Shaper said...

နောက်ပြီးတော့........ ခြောက်

Angel Shaper said...

အခု ဖတ်နေပြီ။
နေဦးးးးးးးး အော်.... ၇ ပါလား။ ဟရို့ 

Angel Shaper said...

အဟဲ........
လှချင်တော့ပါဘူးဟယ်။။။။။
တင်တင်လှကြီး သနားပါတယ်။
လုပ်လိုက်ရတဲ့ လေ့ကျင့်ခန်းးးးးးးးးး
လျော့လိုက်ရတဲ့ အစားးးးးးးးးးးး
ဟူးးးးးးးးးးးးး
သူ့အစားးးး ပင်ပန်းတယ် မောတယ်ဟာ။။
ဖတ်လို့ကောင်းအောင်ရေးတတ်တာတော့ ထည့်မပြောတော့ဘူးနော်။ ကိုယ့်သူငယ်ချင်းအရင်းကြီးကို မြောက်ပြောတယ် ဖြစ်နေမယ်။
တင်တင်လှ တကယ်လှတယ်ဆိုတာ ငါ့ကိုမှီပါ့မလား ရကောက်ရ... ဟဲဟဲ..

Angel Shaper said...

ဟင်........ တစ်ယောက်တည်း သောင်းကျန်နေရပါလားးးးးးးးးး
ဘူမှရှိဘူးလား ဗျိုးးးးးးးးး

Angel Shaper said...

ကဲ... တင်တင်လှလို လှအောင်...ထမင်းစားပြီး အိပ်တော့မယ်နော်။ အဟဲ။။။။။။။။။။။။။
အားလုံး ဂွတ်ညပါဗျိုးးးးးးးးးးးး

ဝက်ဝံလေး said...

ငါ ရှိတယ် အိန်ကျယ် အမြင်ကတ်လို့ မပြောတာ စာထိုင်ဖတ်နေတာ ဘယ်နှယ့် တကဲတည်း မိနစ်သိပ်မကြာသေးလို့ ငါများ ၁ ရမလား မှတ်တယ် သူက သေအောင်ဦးထားတယ် အိမ်မှာ အားဂျီးအမြင်ကတ်တယ် ဟွင်းးးးးး
အယ်ပြောသေး သူ့လောက်လှမလားဆိုပဲ အင်း အင်း ပြောထားပေါ့

ရန်ကုန်သားရေ ရေးထားတာ ကောင်းတယ်လို့တော့ ထူးပြီးမပြောတော့ဘူးနော် သိလား ဖတ်ရတာ ကောင်းတယ်နော် ဟဲဟဲ

ဧရာဝတီသား said...

အစ်ကိုရေ လှပြန်တော့လည်း တစ်ဒုက္ခဆိုတာကို ပေါ်အောင်ရေးတတ်ပါ့။ ယူတတ်ရင် အဆီချလေ့ကျင့်ခန်း တွေတောင် ပညာပေးထားသေးတယ်။

(ကျွန်တော့်ဆီမှာ 4 hours ago ဆိုလို့ေ၇ာက်လာတာ ဘယ့်နှယ် ဒီေ၇ာက်တော့ comment က ၁၂ ဖြစ်နေပြီ၊ လက်စသတ်တော့ ဒေါ်အိန်ဂျယ်တို့ သောင်းကျန်းသွားတာကိုး :D )

မေလေး said...

ရန်ကုန်သားရေ လှလို့ချစ်တာဆိုတဲ့အချစ်က ရေရှည်မြဲပါ့မလားဟယ်။
ယောင်္ကျားတစ်ယောက်ချစ်ဖို့အရေး အဲလောက်တောင် ပေးဆပ်ရမယ်ဆိုရင် တစ်ကိုယ်တည်းအပျိုကြီးဘဝကပိုကောင်းမယ်ထင်တယ်နော်။

Beauty Studio USA Branded Store said...

အလှကြိုက်တဲ့ ဒုက္ခလဲ မသေးပါလားနော်။

WWKM said...

ဟဟဟားးး မအားလို့သာပဲ မပြောတော့ဘူး ကောင်ကလေးရေ.. လက်လျှော့တယ်.မောင်မျိုးကိုတော့.း))
မသိပါဘူး ဇာတ်လမ်းထဲမှာ အိမ်ဖော်မလေးပါနေတော့
အိမ်ဖော်မလေးနဲ့ ဇာတ်လမ်းပါလာဦးမယ်ထင်နေတာ.
တင်တင်လှနဲ့တင်ပြတ်ရော.
အင်း မပြောကို မပြောချင်တော့ဘူး. ရေးတတ်ပုံများ.

ဘာမှမပြောတော့ပါဘူး. ပြန်ပြီ

မကြီးဝါ

ကာရံဆူး said...

နှင်းဆီပန်းချစ်တဲ့ ကောင်မလေး ပြောတာကို ထောက်ခံပါတယ်...ကိုရန်ကုန်ရေ...လှလို့ ချစ်တာလား...ချစ်လို့ လှတာလားလို့ မေးရမလိုပါပဲ...“သူ” ကတော့ပြောတယ်...လှစရာမလိုဘူးတဲ့..ကျန်းမာဖို့ ပဲလိုတယ်တဲ့...ကြော်ငြာ ၀င်သွားသည်..:P စာအရေးအသား အရမ်းကို ကောင်းပါတယ်..

အားကျလေးစားလျှက်
ကာရံဆူး

poemflower said...

မလွယ်ပါဘူး လှတော့လည်း ဒုက္ခ ၊ မလှတော့လည်း ဒုက္ခ :P

Anonymous said...

လှမှချစ်မယ်သေတဲ့အထိချစ်မယ်ဆိုလည်း တော်ပြီ ယောက်ျားယူတော့ဘူး။ သူ့အစားပင်ပန်းလိုက်တာနော်။ ပြောပါနဲ့တော့။ အဆုံးသတ်မှာ သူဘာများဖြစ်မှာလည်းလို့ရင်တထိတ်ထိတ်နဲ့ ဖတ်နေတာ။ နောက်ဆုံးလေ့ကျင့်ခန်းလုပ်တာကိုး။ ညကတည်းက လာတာ ဘယ်လိုမှလာမရဘူး တကယ်ပဲ ညစ်တယ် အခုတော့ ဟိုအိန်ဂျယ်နေရာတကာ သူချည်းသောင်းကျန်းနေတယ် ဟွင့် မဟုတ်ရင်နာတစ်ရဥိးမှာ ကျေနပ်ဘူး။
ပျော်ရွှင်ပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

မျှော်လင့်ခြင်း said...

ထင်ထားတာ က အလှကို မထိန်းနိုင်တဲ့ အချိန်မှာ
အိမ်ဖော်မလေး ဇာတ်လမ်း ဆက်မယ်ထင်နေတာ

သူ့ ယောကျာင်္းက ဒီလောက် စီးပွားရှာနိုင်ပြီး ဒီလောက်ချစ်တာ တော်ပါပေတယ်။

စည်သူ said...

ကိုရန်ကုန်သားရေ

တင်တင်လှ နဲ့တွေ့သွားပြီးဗျာ
အင်.. ပြောရင်းဆိုရင်း မျက်လုံးထဲ မြင်လာတယ်ဗျာ

သွားလိုက်အုံးမယ်ဗျာ.. တင်တင်လှဆီကို..း)

ခင်မင်စွာဖြင့်
စည်သူ။

chocothazin said...

ဖတ်လို့ကောင်းပါတယ် အစ်ကိုရန်ကုန်သားရေ။
တင်တင်လှလိုလုပ်နိုင်ရင်တော့ကောင်းပါတယ်။ သူလှချင်တာမှန်ပါတယ်။ ဖောက်ပြန်ဖို့ ၊ ပိုက်ဆံဖြုန်းဖို့မှမဟုတ်ဘဲနော့။ ပြီးတော့ အိမ်ထောင်မှုလည်းကျေလိုက်သေးတယ်လေ။ မိန်းမတစ်ယောက်အနေနဲ့တော့ဒီလိုထိန်းသိမ်းနိုင်တာကောင်းပါတယ်။
ဘာသာရေးအနေနဲ့ကြည့်ရင်တော့ တစ်မျိုးပေါ့လေ။

maylay said...

ကိုရန်ကုန်ရေ မေလေး ဒီပိုစ့်ထဲ နောက်ပိုင်းနား မရှင်းဘူးရော။ တင်တင်လှကို သူများက မေးတော့ ငါမမွေး ဘယ်သူမွေးမတုန်းလို့ ငေါက်ပြီး ဟိုဘက်လှည့် ကျိတ် ပြုံးတာက..... ?????? သူပေးဆပ်ရတာက ဒီလှဖို့တခုတည်း ဇောင်းပေးလုပ်တာကိုလား။ (ဟီးးးးးမေလေး အတွေးးးချော်တာလည်း ဖြစ်ချင်ဖြစ်မှာပါ) ဒါ ဇာတ်လမ်းဆင်သူရဲ့ စိတ်ကူးပဲနော့်။ ရေးတာကတော့ ပြောတော့ဘူး။ ကောင်းနေတာများလေ

JJ said...

ဖတ်စ က တင်တင်လှကို အခြောက်ကြီးထင်နေတာ။ ဟီးဟီး ဆောရီး နော် ရန်ကုန်သား။ အနုပညာလက်ရာကို ဖျက်လိုဖျက်ဆီးလုပ်တာမဟုတ်ရပါဘူး။

သက်တန့်ချို said...

အင်း...အလှကြိုက်တာ သဘာဝဆိုတော့လည်း ပြောရခက်သားနော်....တင်တင်လှသာတင်မက တော်တော်
များများပန်းတိုင်းက လှချင်ကြတာပဲနော်..ဟီး

စိမ်း... said...

အလိုတော် ကြံကြံဖန်ဖန် ရေးတတ်ပါ့...
အကုန်ကိုသိနေတော့တာပါပဲလား...
ဒါပေမယ့် ကလေးနှစ်ယောက်အမေ အဲ့လိုလှနေနိုင်တာတော့တကယ်ရှားတယ်...

Unknown said...

ကိုရန်ကုန်သားရေ...

ပို့စ်နာမည်နဲ့တင် ပြည့်စုံနေတယ်.. ဟဲဟဲ...

ဟင်းးးးးးးးး သက်ပြင်းလေးကို အန်တီ တင်တင်လှနဲ့အတူချသွားတယ်... သက်ပြင်းနော်...

အရေးအသားအရမ်းကောင်းလှပါပေတယ်ဗျာ..

ခင်မင်လျှက်

အနော် said...

“လှလိုက်တာ တင်တင်လှရယ် ” ဆိုတဲ့စကားကလည်း တင်တင်လှရင်ထဲ ဘိန်းစွဲသလို စွဲနေတော့ ..... :P :P

ဒီပို့စ်ကို ဖတ်နေရင်းနဲ့ ကာယလေ့ကျင့်ခန်းပဲ ပြေးလုပ်ရမလား စားလက်စ မုန့်ကိုပဲ လွှင့်ပစ်ရမလား ဇဝေဇဝါဖြစ်သွားမိ၏ သို့ပေသော်လဲ ဟဲဟဲ
တော်ပါပီဗျာ မလှလဲနေတော့ အဲ့လောက်တော့လဲ ဒုက္ခခံတော့ဘူးနော့် :P

မယ့်ကိုး said...

ဖတ်လို့ကောင်းပ ကိုရန်ကုန်သားရေ...
ဒီရုပ်မှာ စွဲလမ်းနေတော့ ဆင်းရဲရတာလေး ပေါ်လွင်လိုက်တာ။

နေ့အိပ်မက် said...

အိုး.. အိုး.. ဒါကိုယ့်ဟာကိုယ်ရေးတာလား... အာပါး. တော်လိုက်တာ.... တကယ် တကယ်.. အားကျတယ်.. ပြန်ဖတ်လိုက်ဦးမယ်...

မိုးစက်အိမ် said...

အရေးအသားနဲ့ တင်စားချက်ကတော. လန်ထွက်နေတာဘဲ
တင်တင်လှ အလှရယ် သူရယ် လုပ်ဆောင်ချက်တွေရယ်
နောက်လှတာကို ထိန်းသိမ်းနေရတာလည်း ဒုက္ခတစ်မျိုးပါလား ဆိုတောတွေကို ပေါ်လွင်အောင် ရေးသွားနိုင်တယ်ဗျာ ... အားပေးလျက် အသစ်တွေထပ်မျှော်နေတယ် အစ်ကိုရေ

သီဟသစ် said...

ညီရန်ကုန်သားရေ

အလှအပကတော့ လူတိုင်းကြိုက်သကိုးကွဲ့
အသက်ကြီးလာတော့လည်း သံယောဇဉ်တွေနဲ့ ငြိတွယ်သွားမယ်ထင်ပါတယ်


ခင်မင်စွာဖြင့်
သီဟသစ်

ကိုလူထွေး said...

ဗိုက်လေ့ကျင့်ခန်းးးးးးးးးးးးးးးးးးးးးးးးးးးး စ
၁ ၂ ၃ ၄ ၅ ၆ ၇နစ် ၈ ၈ ၇နစ် ၆ ၅ ၄ ၃ တမျိုးပြောင်း...

လုပ်ချလိုက်ပြန်ပြီ ရန်ကုန်သားတို့ကတော့...း)

းဝ)

မြစ်ကျိုးအင်း said...

ယောကျာင်္းလေးတွေလည်း ငွေများများရှာပေါ့။
ဒါလည်းဒုက္ခလို့ပြောရင် ဒုက္ခတမျိုးပါပဲ။

rose of sharon said...

သူ့ခမျာပင်ပန်းရှာတယ်နော်

Ree Noe Mann said...

ယဉ်ယဉ်လေးနဲ့ လှ တဲ့ တင်တင်လှ အကြောင်းကို
ပြီးအောင်ဖတ်လိုက်တယ်။
ဒီခေတ်ကြီးမှာ ရှိတော့ ရှိမယ် ရှာလိမ့်မယ်လို့ အကိုထင်တယ်နော်။

အရေးအသား အရမ်းကောင်းလို့ ပြီးလို့ ပြီသွားမှန်းတောင် မသိဘူးဖြစ်သွားရတယ် ညီ။

ခင်မင်တဲ့ ကိုရီနို

သားကြီး said...

ဟဲဟဲ နှင်းဆီပန်းချစ်တဲ့ကောင်မလေးကအပျိုကြီးလုပ်ဖို့အားသန်တယ်နဲ့တူတယ်
လုပ်စေဗျာ...:P
“တင်တင်လှ”ဆိုတဲ့နာမည်ပိုင်ရှင်တွေက တင်လှလှလေးတွေဖြစ်မယ်ထင်တယ်နော် :)

သားကြီး said...

တစ်ယောက်တည်းရှုပ်နေလို့မရောက်ဖြစ်ခဲ့တဲ့
နေ့တွေအတွက်ဆောရီးဘော်ဘော်ကြီး

ရွှေပြည်သူ (ShwePyiThu) said...

အရေးအသားကတော့ ပြောစရာကို မလိုဘူး မောင်လေးရန်ကုန်သားရေ... တင်တင်လှကို သဘောတကျ ငေးမောသွားပါတယ်...

khinmaykyi said...

စိတ်​က​လေးလှရင်​ပြည့်​စုံတယ်​လို့ထင်​ပါတယ်

khinmaykyi said...

အဟီးးးခုမှ​တွေ့လို့ဝင်​ဖတ်​တာ​နောက်​ကျ​နေပီ