Monday, October 19, 2009

ချစ်ခြင်းဖွဲ့ သံစဉ်


သူ့ ကိုယ်သူ ကျွန်မ ကျွန်မနဲ့ ပြောတတ်တဲ့ ကျွန်တော့ ချစ်သူကိုလေ သိပ်ချစ်တာပဲဗျာ။ ဘယ်လောက်တောင် ချစ်သလဲလို့ မေးလာရင် အသက်ထက်လည်း ချစ်တယ် ဘဝထက်လည်း ချစ်တယ် အရာအားလုံး ထက်ပိုပြီးချစ် တယ်။ ကျွန်တော့် ကို သူမ ခေါ်တဲ့ “မောင်” ဆိုတာကိုတော့ အချစ်ဆုံးပပေါ့။ ကျွန်တော်လေ သူမရဲ့ မောင်လို့  ခေါ် သံလေးကြားရရင် ရင်ထဲမှာ နွေးလှိုက်သွားပုံများ တွေးမိတိုင်း ရှိန်းရှိန်းမြမြနဲ့ ။ ကျွန်တော့်ချစ်သူကို သိပ်ကို ချစ်ပါတယ်။ သူမရဲ့ အရိပ်ကလေးတွေ အပြုံးစကလေးတွေ စကားသံလေးတွေ အကြည့်လေးတွေ အိုဗျာ ... ဒီလို ချစ်နေမိပါလားဆိုတာ ကိုယ့်ကိုကိုယ် အံ့သြရတဲ့အထိချစ်ရပါတယ်။ ကျွန်တော့်ချစ်သူကလည်းလေ ကျွန်တော့ကို သိပ်ချစ်တာပဲ။ ကျွန်တော့် ဟောဒီရင်ထဲက သိနေတာပါ။ ချစ်သူနားများရောက်သွားရင် အဲဒီနှလုံးသား ဟာလေ ... ဘယ်လို နွေးရှအေးမြမှန်းကို မသိပါဘူး။

ကျွန်တော့် ချစ်သူက သိပ်စကားနဲ့ တာပဲ။ သူ့ အကြည့်လေးတွေကို ဖတ်ဖတ်ပြီး ကျွန်တော် ရင်ခုန်ရတာလေးတွေ ဟာ ချစ်သူတွေဖြစ်ကြတဲ့ အချိန်အထိ ပြောပြောပြလို့  မကုန်နိုင်ပါဘူး။ အဲဒီ ခံစားချက်လေးတွေဟာ ကျွန်တော့ အသည်းနှလုံး ခုတ်မောင်းဖို့ အားတွေပါ။ ကျွန်တော်သူမကို ချစ်ခွင့်တောင်းဖို့ ကြိုးစားတုန်းကပေါ့။ သူ အနား ရောက်ရင်လေ ဘယ်လိုကြောက်မှန်းဘာကို ကြောက်မှန်းမသိဘူး။ သူငယ်ချင်းဘဝကနေ ဝေးသွားရမှာ ချစ်ခွင့် မရ လိုက်ရမှာ အဲဒီကြောက်ရွံ့ မှုတွေကို ပြန်တောင်မတွေးရဲဘူးဗျာ။ ဒါနဲ့ ကျွန်တော် အကြံထုတ်ရတာပေါ့။ သူ ကျွန်တော့်ကိုချစ်သလား မချစ်ဘူးလားဆိုတာ ဘယ်လိုမှ ကျွန်တော်ခန့် မှန်းလို့ မရခဲ့ဘူး။ သူ့ မျက်နှာလေးက လေ အင်း ယားကန်ရေပြင်လိုပဲ တည်ငြိမ်နေခဲ့တာ။ ကျွန်တော်မကြောက်ပဲရှိပါ့မလား။ သူ့ ကို ကျွန်တော် သီချင်း လေးတစ်ပုဒ် ပေးနားထောင်လိုက်ပါတယ်။ သူ သီချင်းနားထောင်နေတဲ့အချိန်မှာ ကျွန်တော် ပြင်ဆင်ချိန်ရ အောင် လို့ ပေါ့။ အဲဒီနေ့ က သူ ပြုံးတာလေးက ကောင်းကင်ကြီးတောင် ညို့ ကျလာမလိုပဲ။ ကျွန်တော်ဖြင့်ချစ် လိုက်တာဗျာ ....။

It's amazing how you can speak right to my heart Without saying a word you can light up the dark.............Try as I may I could never explain What I hear when you don't say a thing.......... The smile on your face lets me know that you need me There's a truth in your eyes saying you'll never leave me.The touch of your hand says you'll catch me if ever I fall You say it best when you say nothing at all............ (Ronan Keating)

Ronan Keating ပြောတာမဟုတ်ပါဘူး တကယ်ချစ်နေတာပါလို့ ပြောတော့ ကျွန်တော့ကို လူလည်ကျသတဲ့လေ ....။ ဒါပေမယ့် သူ့ မျက်လုံးတွေက ရယ်လို့  သူ့ စကားသံလေးတွေက ကျွန်တော့ နှလုံးခုန်သံတွေနဲ့ အတူလွင်လွင် လေးမြည်လို့ ။ နောက်တစ်ပတ်တွေ့ တဲ့အခါကျမှ အဖြေပေးမတဲ့လေ။ သက်ပြင်းအသာချ ပြီးမောမော ကြီးဖြစ်ရ တဲ့ ခံစားချက်ကို ပြန်တွေးတိုင်း အသက်ရှုမဝဘူးဗျာ။ ဒါပေမယ့် သူ့ အပြုံးတွေရယ်၊ ရယ်သွေးနေတဲ့ သူ့ မျက်ဝန်း တစ် စုံ ရယ်နဲ့  ကျွန်တော် တစ်ပတ်တာ အသက်ဆက်ဖို့ အားတွေမွေးဖွားခဲ့ရတာပေါ့။ “ကျွန်မလည်း သီချင်း တစ် ပုဒ် ပေးနားထောင်မယ်လေ ... သီချင်းပြီးရင် အဖြေပေးမယ် .....” စိတ်ထဲက နေဆုတောင်းနေရတာ ဟို အဖြူ ရောင်သူငယ်ချင်း စီးရီးထဲက သီချင်း တွေမဖြစ်ပါစေနဲ့  အဲဒီ သီချင်းတွေထဲက တစ်ပုဒ်ပုဒ်ကိုသာ နားထောင် လိုက်ရရင် တီးလုံးသံကြားရတာနဲ့ တင် ကျွန်တော့အသက်ပါသွားမလားပဲ။ ဒါပေမယ့် သူ ပေးနားထောင်တဲ့ သီ ချင်းကို နားထောင်လိုက်ရချိန်မှာ ကျွန်တော် အသက်ရှုဖို့ မေ့နေရတယ် သူ့ မျက်နှာလေးကိုကြည့်ပြီး သီချင်း လေး ထဲမှာ စီးရင်းမျောရင်းနဲ့  လေထဲမှာ လွင့်မျောရင်းပေါ ... နှလုံးသားက လှိုက်လှိုက်လေးတုန်နေခဲ့တယ်လေ။

(............) ......From this moment life has begun......... From this moment you are the one Right beside you is where I belong.............. From this moment on................ From this moment I have been blessed............... I live only for your happiness And for your love I'd give my last breath.................From this moment on I give my hand to you with all my heart.............Can't wait to live my life with you, can't wait to start You and I will never be apart................My dreams came true because of you .........(Shania Twain)

သူက ကျွန်တော့်လို့  မသွယ်ဝိုက်တတ်ဘူး။ ပြတ်ပြတ်သားသားပဲ ပွင့်ပွင့်လင်းလင်းပဲဗျ။ “Shania Twain ပြော တာမဟုတ်ဘူးနော် .... ကျွန်မပြောတာ ... ကျွန်မ မောင့်ကို သိပ်ချစ်တယ်။” အဲတုန်းက ပန်းတွေတောင် ပွင့်မယ် ထင်တယ်။ လေပြေလေးကလည်း အေးအေးငြိမ့်ငြိမ့်လေး နေခြည်လေးကလည်း နွေးမြမြကလေး။ ကျွန်တော့် ချစ်သူရဲ့ ပါးလေးကလည်းလေ နွေးနွေးဥဥလေးဗျာ။ ငှက်ငယ်တွေတောင် ဝုန်းကနဲ့ ထပြန်သွားသလိုပဲ။ ကျွန် တော် တို့ နှစ်လုံးသားတွေ အတူလက်တွဲပြီး ရင်ခုန်သံတစ်ချက်တည်းမြည်အောင် ခုန်တဲ့နေပေါ့။ အဲဒီ ပျော်ရွှင်မှု လေးကို ဘာနဲ့ လဲနိုင်ပါ့မလဲ ....။ “ချစ်သူရေ အဲဒီနေ့ ရက်တွေကို လွမ်းတမြေ့မြေ့ရှိလှတယ်ကွာ ... ”လို့ ဒီ သီချင်း လေးနားထောင်လို့ အဲဒီခံစားချက်မျိုးလေး ရင်ထဲကို ဝင်လာတိုင်း ... “မင်းကို ချစ်တယ် ချစ်တယ် တအား ချစ် တယ်ကွာ ”......လို့ အော်နေမိတော့တာပါပဲဗျာ။ အဲဒီ အချိန်က စပြီး ကျွန်တော်တို့  ချစ်ခဲ့ကြပါတယ် ...။

သူ နဲ့ ကျွန်တော် ခုနေ ခဏ ဝေးနေကြရတယ်။ ဒါလည်း ဘဝအတွက် လိုအပ်ချက်တွေကြောင့်သာပါ။ ဒါပေမယ့် လေ သူနဲ့ ကျွန်တော်အမြဲနီးနေတယ်။ သူ့ အသံလေးတွေ ပုံရိပ်ကလေးတွေ နောက် သူ ပို့ ပေးတဲ့ သီချင်းဟောင်း လေး တွေ။ ဘယ်လောက်ဟောင်းတဲ့သီချင်းလေးပဲဖြစ်ဖြစ် ဘယ်နှစ်ကြိမ်နားထောင်ပြီးတဲ့ သီချင်းပဲဖြစ်ဖြစ် သူက ပဲဖြစ်ဖြစ် ကျွန်တော်ကပဲဖြစ်ဖြစ် နားထောင်စေချင်လို့ ပို့ ပေးတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် မြတ်မြတ်နိုးနိုးကို နား ထောင်ဖြစ်ခဲ့ ကြတယ်။ တစ်ခါတစ်လေ သီချင်းလေး နားထောင်ရင်း နှစ်ယောက်သားငြိမ်သက်နေခဲ့ကြတဲ့ အချိန် တွေလည်းရှိတာပေါ့။ အချစ်ကို အလှတန်ဆာဆင်သူတို့ ရဲ့ သံစဉ်လှလှ စကားလှလှလေးတွေနဲ့ ခံစားကြည့်တဲ့ အ ခါ ရရှိတဲ့ ခံစားမှုဟာ ပြောပြနိုင်လောက်အောင်မစွမ်းပါဘူး။ သေချာတာတစ်ခုတော့ရှိပါတယ် သူလေ ကျွန်တော့် နား မှာ ကနေ့ အထိ ထပ်ချပ်မကွာပါ။ သိပ်ချစ်တာပဲချစ်သူရေ။ “မောင် နားထောင်ဖို့ ”တဲ့ ..... ဒီသီချင်းလေးက ....

“ဒီကမ္ဘာကြီးအဆုံးကို ကိုယ်သွားမယ် အကြင်နာ အိပ်မက်တွေ ကုန်သွားမှာကို စိုးတယ် ယဉ်ယဉ်လေး ရူးလို့ နေ သူ့ ရဲ့ အပြုံးတွေ ကိုယ်တမ်းတ ကိုယ်သတိရ .......... ပြာရီမိုးသားအောက်က သူ့ အပြုံးတွေ မှုန်ရီဝေဝါးသွားမယ့် အချိန် အချိန်ခဏလေး မျှော်လင့်ခြင်းနေ့ သစ်အောက်မှာ ကိုယ်မနိုးထချင်တော့ပါ ကိုယ်သိပ်ချစ်တယ် တကယ် သိပ်ချစ်တယ် ............ ပင်လယ်ကြီး ကိုယ် ဖြတ်သန်း အကြင်နာခွန်အားတွေ တောင်စွယ်များဝိုင်းရံ ကာရံထား အတွေးနဲ့  ဝင်ရောက်ခဲ့မယ် မမုန်းဘူး အချစ်ကလေးရယ် တစ်ယောက်တည်း မနေ ချင်ဘူး ကိုယ်တို့ ဝေးနေ မိုင်ပေါင်း ကုဋေ ........... အကြင်နာ လရိပ်အောက်မှာ ခိုနားစဉ် ကိုယ်တို့ နှစ်ဦးဝေးကြတဲ့ မိုင်ပေါင်းကုဋေခဏလေးလို ကာရံနဲ့ သီချင်း လေးများစွာ သူ့ အတွက်ဆိုညည်းခါ လာခဲ့မယ်.............” (ဇော်ဝင်းထွဋ်+ထွန်းအိန္ဒြာဗို)

ချစ်သူတွေအတွက် အကြောင်းကြောင်း ကြောင့်ဝေးကွာနေပေမယ့် နီးနေတယ်ဆိုတာ အပြောမဟုတ်ပါဘူး ... သတိရတမ်းတခြင်းတွေ ရှိနေပေမယ့် ချစ်သူ့ ကိုယ့်အနားမှာရှိနေတယ်လို့  ခံစားနေရတာ အချစ်ကို သစ်လွင်နေ စေတယ် ဘဝကို ပြည်စုံနေစေတယ်လေ .... ဘဝခရီးတွေကြမ်းပေမယ့် ချစ်သူနဲ့ သာဆိုရင် ဘယ်အရပ်ကိုသွား သွား သွားလိုက်ချင်ပါတယ် .... ဒါပေမယ့် လက်တွေ့ ဘဝဟာ လိုအပ်ချက်တွေရှိနေသေးတာမို့  နီးနေချင်ပေမယ့် ဝေးနေရတဲ့အခါ သတိရတမ်းတနေကြရတာသဘာဝပါ ကျွန်တော် သူ့ ဆီကို သီချင်းလေးတစ်ပုဒ်ပို့ ပေးပြီး နှစ် ယောက်သား အွန်လိုင်းက စကားပြောဖြစ်တဲ့အခါ ငြိမ်ငြိမ်ကလေး တူတူ နားထောင်ဖြစ်ခဲ့ကြတယ်။ ဒီသီချင်း လေးပေါ့ .....

“သူနဲ့ သာဆိုရင် ဘယ်လိုပင်ဝေးပစေ လိုက်မှာပဲ အမြဲမခွဲတွဲ အယှဉ် ................သူနဲ့ သာဆိုရင် ပန်းရနံ့ လည်း မမွှေးတဲ့လမ်းအဝင်............ကြယ်တွေမစုံလမိုက်သော ညတွင် စမ်းရေပင် ပူလောင်မီးလျှံအသွင် ............... အလှ ဆိုတာ အရှင်းမတွေ့ တောင် ခဲခက်လှပါစေ လျှောက်ချင် .......... တစ်ယောက်ကို တစ်ယောက်တွဲ လို့  တစ်သက် မကွာ မခွဲအစဉ် လက်ကိုခိုင်ခိုင် ယှက်မယ် သူနဲ့  သာဆိုရင် ......... အသည်းအသက်မကချစ်ကြင် မြတ်နိုးယုယနှောင်ဖွဲ့ အစဉ်တစ်ယောက်မရှိတဲ့ တစ်ယောက်တွင် မနေ နိုင်အောင် စိတ်မှာပင်” (R ဇာနည်+ ရှင်ဖုန်း) ...........

ချစ်သူ ကို စိတ်ပူစရာဆိုလို့ ကျန်းမာရေးမကောင်းမှာ ကျွန်တော့်ကို သတိရပြီး စိတ်အားတွေငယ်နေ မှာကိုသာ စိုးရတာပါ။ သူ သိပ်ချစ်တယ်ဆိုတာ ကျွန်တော်သိတာပေါ့။ ရင်ထဲကစကားသံတွေနဲ့ အတူ ကြီးပြင်းလာတဲ့ ကျွန် တော်တို့  နှစ်ယောက်ရဲ့ အချစ်ဟာ ကြီးမားခိုင်မာနေပြီပဲ။ ချစ်သူယိုင်နဲ့ ချိန်မှာဖေးမချင်တယ်။ ဝမ်းနည်းချိန် မှာ ပခုံးမှာမှီစေပြီး ခံစားချက်တွေ လျော့ပါးအောင် အားပေးနေချင်တယ်။ ဒါပေမယ့် ခုလို ဝေးနေတုန်းအခိုက်မှာ ချစ် သူ နားထောင်ဖို့ သီချင်းလေးတွေ ပို့ ပေး .... စကားတွေ ရတတ်သမျှ အချိန်မှာ အလုအယက် ပြောပြီးသာ နေရ တယ် ချစ်သူကိုလေ ပုံပြင်ထဲက ဟိုတာနောလို ရွှေကြုတ်ထဲထည့်ပြီးသာ မြိုထားလိုက်ချင်တယ်ဗျာ ......

“အတူသွားအတူစားကာ ပျော်ပါးခဲ့ဖူးတာ ပြန်တွေးလိုက်တိုင်း မင်းအနားနားရောက်လာ တစိမ်းတွေကြားမှာ လှုပ်ရှားရင်းနဲ့ သာ တို့ နှစ်ဦးရည်မှန်းတာ ကိုယ်မျှော်လင့်စဲပါ ရေမြေခြားသွားရတော့ မင်းလေးကို ထားခဲ့ရပြီပဲ မျက်ကွယ်ရာ မှာ မင်းလေးကို ကိုယ်စိတ်ချပါရစေ ဒါပေမယ့် ကိုယ့်အတွက်တော့ ယုံကြည်ပြီးစောင့်နေပါနော် လွမ်းရက်တွေကို တဖြည်းဖြည်းဖြတ်ကျော်မှာ ကိုယ် ဟိုးအဝေးမှာ နေတဲ့အခါ မျက်ဝန်းတွေထဲ မင်းပဲမြင် ပြန်ဆုံနိုင်မယ့် နေ့ ရက် လေးတွေ မရောက်သေးခင် ဤမှန်ကန်သော ကိုယ့်ရဲ့ သစ္စာတွေကြောင့် ဆုတောင်း ပြည့်ခဲ့ရင် အချစ်ဆုံးသာ ကိုယ့်အနားရှိစေချင် ....... ”
(R ဇာနည်)

ချစ်သူက ကျွန်တော် စိတ်မချဘူးကွယ်လို့  ပြောတိုင်းစိတ်မဆိုးပဲ ရယ်တတ်တယ် ....။ ကျွန်တော်ပြောချင်တဲ့ စ ကား ကို သူသိပါတယ်လေ ....။ နားလည်မှုလွဲစရာလည်း မလိုသလို စိတ်ကောက်စရာလည်းအကြောင်းမှ မရှိ တာပဲကို ....။ ကျွန်တော် သူ့ ကို ချစ်တာ အဲတာလည်းပါတာပေါ့။ ကျွန်တော်ပြုံးရင် သူမ နှုတ်ခမ်းလေးတွေကို ရွှင်လို့ ၊ ကျွန်တော်ရင်ထဲက စကားအစအနတွေကို သပ်ရပ်အောင်မစုစည်းတတ် မပြောတတ်တဲ့အခါ နားလည် ပေးတတ်တဲ့ ကျွန်တော် ချစ်သူကို ဒီလောက်ချစ်တာ မလွန်ဘူးထင်ပါတယ်။ ချစ်လို့ လည်း မဝဘူးရယ် ..... ချစ်သူ က ဟိုတလောက ဒီသီချင်းလေးတစ်ပုဒ်ပို့ ပေးတယ် ... ကျွန်တော့်ချစ်သူ ပို့ ပေးတဲ့ အဲဒီသီချင်းဟောင်းလေးတွေ ဟာလေ ဘယ်လောက် ဟောင်းဟောင်း ကျွန်တော့်အတွက် ကောင်းကောင်းကြီးသာနေတော့တာပါ ... အချစ် ဟာ အရာရာကိုသစ်လွင်စေတယ်ထင်ပါရဲ့ ....

မောင့်မူပိုင်ရှင် မောင့်မူပိုင်ရှင် မေတ္တာအသည်းဆက်သက်နှင်းပေးအပ်ချင် ပျက်မယွင်းတဲ့ ဘဝ တစ်ခွင် မောင့်မူပိုင်ရှင် ချစ်ကမ္ဘာမှာပင် မေတ္တာသာလျှင် ချစ်မြတ်နိုး ဆတစ်ပိုးတိုးလို့ ပင် နှောင်ဖွဲ့  သမုဒယ ငင် သစ္စာပန်ဆင် ချစ်သူနှစ်ဦး ကြည်နူးပြုံးပြုံး ရွှင် ..........ရည်စူးဆုံးဘဝတိုင်ပဲရှင်........... မောင့်မူပိုင်ရှင် မေ့ဘဝ ပိုင်သူသခင် မေ့ကမ္ဘာလည်းမောင့်အတွက်ထင် အသည်းအသက်လို ပမာတင် မောင့်အကြိုက်သဘော လိုက် လျောမတဲ့ရှင် မောင့်မူပိုင်ရှင် မောင့်မူပိုင်ရှင် ......... (ချိုပြုံး)

“မောင်ရေ .... ကျွန်မက မောင့်မူပိုင်ရှင်ပါ .... မောင်စိတ်မပူနဲ့ နော် သိပ်ချစ်တယ်မောင်ရယ် ......” ကျွန်တော့် ချစ် သူကို ချစ်ရတာ အဲတာတွေကြောင့်ပေါ့ဗျာ။“ ကျေးဇူးတင်ပါတယ် ချစ်တဲ့သူရယ် မောင့်ကို သိပ်ချစ်တဲ့အ တွက် ပါ ...” ချစ်ရတာနဲ့ အချစ်ခံရတာကို သိရှိခံစားခြင်းနွေးထွေးမှုတွေဟာ ကျွန်တော့်ရဲ့  ခြောက်သွေ့ အေးခဲနေ တဲ့ဘဝလေးကို နွေးထွေးစိုပြေလာစေတာပါပဲ .... ချစ်သူလေး လည်း ကျွန်တော့်လို နွေးထွေးပါစေ ....။

********************

ကျွန်တော် မအားလို့ စာမရေးနိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ကြပါဦးနော .... အားတဲ့အချိန်တွေကြိုးစားပြီးရေပါဦးမယ် ရင်ထဲမှာတော့ နေတိုင်းရေးဖြစ်နေပါတယ်ဗျာ။ ညည်းဖြစ်ဆိုဖြစ်တဲ့သီချင်းလေးတွေထက် အမှတ်တရ မေ့မရတဲ့ သီချင်းလေးတွေကို တက်ဂ်ပိုစ့်လေးအဖြစ် ရေးပြီးပါပြီ မနှင်းဟေမာရေ .... ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်။ Fiction လား ဘာလားဆိုတာတော့ မမေးကြေး နော ..... :P ကျေးဇူး မနှင်းဟေမာ ....။


ပုံလေးကို ဒီက ယူပါတယ်

စာဖတ်လည်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
ရန်ကုန်သား


37 comments:

Chitpalonelay said...

အလဲ့ နာတစ်ကွ ဟိ ဝက်ရေ နင်တော့ သနားဖို့ကောင်းလိုက်တာ နာတစ်ကွ ဘယ်လိုပျော်မှန်းတောင်မသိဘူး ထင်ကိုမထင်ထားတာ ကိုရန်ကုန်သား အသစ်တင်လိမ့်မယ်လို့ အဟိ ကွန်းမန့်အရင်ကြည့်မှဆိုပီး ရင်တခုန်ခုန်နဲ့ လာကြည့်တာ
ပျော်လိုက်တာ
ခင်မင်လျှက်
ညီမလေး ပါးလုံး

ဝက်ဝံလေး said...

ဟေ့ သောင်းကျန်းသူ ပါးလုံးမ အခုချက်ချင်းရပ်လိုက်ပါ ဟဟိ ငါ လာပြီကွ

ဝက်ဝံလေး said...

ရန်ကုန်သားရေ မသောင်းကျန်းချင်ပေမယ့် ပါးလုံးက စိန်ခေါ်တော့ သောင်းကျန်းလိုက်ဦးမယ်နော် အမိုက်အမဲလေးတွေကို ခွေးလွှတ်ပါနော် ခိခိ(ကိကိရဲ့ညီမ)

Angel Shaper said...

လေးးးးးးးးးးးးးးး ကွ

Angel Shaper said...

ငါးးးးးးးးးးးးး လဲယူတယ်နော်။

Angel Shaper said...

ပါးလုံးးးးးးးးးး နဲ့ ဝက် ခုချက်ချင်းရပ်ကြစမ်းးးးးးးးးးး
သမီးကြီး အိန်ဂျယ်လာပြီနော်။

Angel Shaper said...

ဟေ့ေ၇ာင်တွေ.......
ခြောက်...... ပြဲီးတော့ ၇ ဟ။

Chitpalonelay said...

အောင်မယ် ငါစာဖတ်နေလို့ ဘာလည်း ဝက် နင့်ကို ကိုမြစ်လိုက်ရှာနေတယ် ငါ့အိမ်မှာမှတ်လို့တဲ့ နင့်ကိုဆေးညကမတိုက်လိုက်ရဘူးဆိုလားပဲ မနက်ပေါ်မယ်ပြောတယ် အောင်မယ် ဒီအိန်ဂျယ်ကလည်း အခုမှ လာလေးလုပ်နေသေးတယ် ဟွန့်။
အားနာနာပဲ သောင်းကျန်းလိုက်တော့မယ် ကိုရန်ကုန်သားရေ
ခင်မင်လျှက်
ညီမလေး ပါးလုံး

ဝက်ဝံလေး said...

အောင်မာ အောင်မာ ဒီလို အမိန့်ပေးလို့ရရိုးလား ဟွင်းးးး

ဝက်ဝံလေး said...

ရပ်တန်းက ရပ်ပါ အိန်ကျယ် ဟွင်းးး မဟုတ်ရင် နဝေတိန်းဒေါင် အသေမြင်းကြီးလူထွေး တဖြစ်လဲ သချီး ရဲ့ ၂လုံးပြူးငှားလိုက်မယ် ဘာမှတ်လဲ ဟွန်းးးး ချိန်ထားမယ် တည့်တည့်ကို

Chitpalonelay said...

ဟေ့ အိန်ဂျယ် နင်အခုရပ်လိုက် မဟုတ်ရင် သူကြီးလူထွင်းရဲ့ ခြောက်လုံးပြူးသေနတ် သွားဌားလိုက်မယ် ဟိုဝက်လည်း ငြိမ်ငြိမ်နေ ခဏနေပေါ်မယ် အိန်ဂျယ် ရေနွေးကြိုတော့ ခဏနေ ဝက်ကိုရေနွေးဖျောရအောင်
ကိုရန်ကုန်သားရေ အားနာလျှက်
ညီမလေး ပါးလုံး

ဝက်ဝံလေး said...

အမလေး ရန်ကုန်သားရဲ့ ရန်ကုန်သားရယ် အမငီးးးး တဂ်ပို့စ်ရေးတာတောင် အရေးကောင်းလှချည်လား ဟရိုးးးးးး

ဝက်ဝံလေး said...

အယ် ငါ့ကို ပေါ်တော့မယ်တဲ့ တော်တော် စေတနာ မေတ္တာတွေ ရှိတယ် ဒက်ဒီမြစ်ရေ ကယ်ပါ ကယ်ပါ ဒက်ဒီ ပါးပါး ဖေဖေ သားကြီး ဘယ်ရောက်နေတုံး ကယ်တော့ဘူးလား သာမီးလေး ဝက် ကို ပေါ်တော့မလို့တဲ့ အီးးးဟီးးး ရွှတ် ဖတ် အင် ငါ့နှပ်တွေ ဘယ်စင်ကုန်လဲ အိန်ကျယ် နင့်ဆီစင်သွားလား ဒါမှမဟုတ် ပါးလုံး ဆီကိုလား ဒီလိုဆိုလဲ ကောက်စားလိုက်တော့နော် ဟိဟိ ငါတော့ ပြေးပြီ ဘိုင်

Chitpalonelay said...

အဟမ်း အတည်မန့်တော့မယ် ဘယ့်နှယ့် ပို့စ်လေးက အချစ်အကြောင်းရေးထားတာ နုနုရွရွလေး ငါတောင် ငါ့ချစ်ချစ်ကို လွမ်းမယ်စဉ်းစားတုန်းရှိသေး ဒီဝက်နဲ့ အိန်ဂျယ်တော့ ငါ့ အလွမ်းတွေတောင် ဘယ်တိုင်းပြည်ရောက်ကုန်လည်းမသိတော့ဘူး ဟွင်းးးးးးးးးးးးးးး

ကိုရန်ကုန်သားရေ တကယ်ပဲ အရေးကောင်းလွန်းတယ်ဗျာ။ သီချင်းလေးဆိုပြီး ဆုတောင်းပေးသွားတယ်နော်။ “ အလွမ်းများငြိမ်းစေသတည်း”

အင်းဟိုစိုင်းထီးစိုင်သီချင်းထဲကလိုပေါ့နော် “လူတွေက ကိုတို့နှစ်ယောက် ဝေးကြလို့ အကုန်ဝိုင်းပြီးသနားကြတယ် အချစ်ကလေးရယ် ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးစပ်တာ ဘာတခုမှမရှိတော့တာ မသိဘူးတဲ့”
အဟိ သိတာလေး ဆိုပြသွားတာ
ခင်မင်လျှက်
ညီမလေး ပါးလုံး

Angel Shaper said...

ဟေးးးးးးးးးးးးး
သတ္တ၀ါ နှစ်ကောင်......
ငါ စာဖတ်တော့မယ်။
လိမ်မာကြစမ်း။ ငါတို့ အုပ်ထိန်းသူကြီး လာရင် ဒုတ်စာကျွေးလိမ့်မယ်နော်။ သတိထားးးးးးးးး
ငါစာဖတ်နေပြီ။ မနှောင့်ယှက်ကြပါနဲ့။ ဒါပဲ
ရေနွေးဆူတော့မယ်ဟေ့။။။။။

ဝက်ဝံလေး said...

ဟေ ရေနွေးဆူပြီဆိုပဲ ငါ တကယ်လစ်ပြီ နော် လိုက်ထော်နဲ့တော့ ဘော်လီကပ် ကိုဇော်နဲ့ ဦးလူထွေး များကို မကယ်နိုင်တော့ဘူးလားလို့ အဟီးးးးးး ဂယ်ပြန်ပြီတာ့တာ ရန်ကုန်သားရေ အမျှ အဲလေ ယောင်လို့ မသောင်းကျန်းချင်ပဲ သောင်းကျန်းသွားပါတယ် ဗျိုးးးးးးးးးး ဒုန်းးးးးးဒုန်းးးးးးးး လိမ့်ပြီနော်

Angel Shaper said...

အောင်မငီးးးးးးးးးးးးး
သယ်ရင်းရကောက်ရေ.........
သီချင်း တက်ဂ်ပို့စ်ရေးတာတောင်... ရိုမန့်က
တစ် တစ် တစ် မြည်လို့နေပါလားးးးးးးးးးးးဟ။
ဟဟားးးးးးးးးးး ငါ့သယ်ရင်း ငါ့လို ဟုတ်ဘူး။ တော်တယ်။ ဟဲဟဲ။
အပေါ်က သောင်းကျန်သူ နှစ်ဦးကို ရေနွေးဆူရင် လုပ်ငန်းစကြစို့ ဟေ့နော်။
ဟိဟိ

Chitpalonelay said...

ပြန်ပြီဟေ့ ရေနွေးဆူရင် နင်ပဲဆက်ပေါ်လိုက်တော့ မနက်ကျရင် ငါခေါင်းသားစားမယ်နော် အူတော့မစားတော့ဘူး အဲ့ဝက်ကအားနေဘူနေတာ ဝက်မှာလျှာကအကောင်းဆုံးတဲ့ ဒီဝက်လျှာကတော့ ကောင်းမယ့်ပုံမပေါ်ဘူး ရေခဲမုန့်တချိန်လုံးစားနေလို့။
ငါတော့ ပြန်ပီ မနက်ကျောင်းတက်ရမှာမလို့နော်
ဝက်ရေ စိတ်မကောင်းပါဘူး ဒါပေမယ့် ငါပျော်တယ် ခေါင်းသားစားရမယ်ဆိုတော့ ဟိ
ခင်မင်လျှက်
ညီမလေး ပါးလုံး

Angel Shaper said...

ဟေ....... ပါးလုံးက ခေါင်းသားကို ဘွတ်ကင်ယူတယ်ပေါ့လေ။ အိုကေပါ။
ကျန်တာ ဘယ်သူ ဘယ်အသား စားချင်လဲ စာရင်းလာပေးကြပါ။
ဝက်လျှာတော့ ရေနွေးနဲ့ သေချာပြုတ်ပြီးမှ ပြန်သုပ်ရမယ်။ ဘာလို့လဲဆိုတော့ သမီးကြီးရေခဲမုန့်တွေ ခိုးခိုးစားတယ်လေ။ ခွီးးးးးးးး ဟိဟိ
နေဦး ကျန်တဲ့မောင်နှမတွေ အတွက် မြူးနဲ့ မေမေဂျာမုန်းကို အပီ ချက်ကျွေးခိုင်းမယ်။ ဒါပဲဟေ့.။။
ရေနွေးဆူပြီဗျိုးးးးးးးးးးးးး လာကူညီကြပါဦးးးးးးးးးးးးး

Angel Shaper said...

ချစ်သော သယ်ရင်း ရန်ကုန့် အိမ်မှာ နုနုရွရွ ပိုစ့်လေးကို ချစ်စရာကောင်းတဲ့ ညီအမသုံးယောက် လာပြီး ဖျက်လိုဖျက်ဆီး အဲလေ...
အားရပါးရ လာအားပေးသွားကြပါတယ်။
ကျေးဇူးတင်တယ်ရကောက်ရေ...
ပိုစ့်လေးလဲကောင်းတယ်။
အချောင် ၀က်သားလဲစားရမယ်။ ဟိဟိ
ပြန်ဘီနော်။
ပြောမှားဆိုမှားရှိရင် ဒီချစ်စရာညီအမတွေကို ခွေးလွှတ်ဆုံးမပါ.. အဲလေ. ခွင့်လွှတ်ကြပါလို့ 
သမီးကြီး
အိန်ဂျယ်

မျှော်လင့်ခြင်း said...

အကိုရေ R Zarni ရဲ့  ကို့ အနားရှိစေချင် ကတော့ 
အကြိမ်ကြိမ် နားထောင်ပြီးသဘောကျမိတယ်

ရုံးမှာဖွင့်ပြမိမှ တရုတ်သီချင်းအလိုက်ဖြစ်နေတာ
တရုတ်မ တွေအားလုံး တရုတ်လို ဝိုင်းဆိုပြီး ပြောသွားသေးတယ် မြန်မာသီချင်းဖွင့် ပါဆို ဘာလို့ 
ငါတို့ တရုတ်သီချင်း copy ကို ဖွင့်ရတာလဲ လို့ 
စိတ်ကိုညစ်လို့ ။

ဒဏ္ဍာရီ said...

မောင်လေးရေ ... မောင့်မူပိုင်ရှင် သီချင်းစာသားလေးကို ဖတ်ရင်း သီချင်းလေးကို ရှာပြီး နားထောင် ဖြစ်သွားတယ်။ ချစ်သူကို အခုလို ရက်နှင့်အမျှ ချစ်တတ်တဲ့ မောင်လေးတို့ နှစ်ယောက် သာယာပျော်ရွှင်ပါစေကွယ်။

ခင်မင်လေးစားလျှက်

ကာရံဆူး said...

ကိုရန်ကုန်ရေ.. ဟိုအပေါ်မှာ သုံးယောက် သောင်းကျန်းနေလို့ ကာရံ ငြိမ်ငြိမ်လေးပဲ နေလိုက်တော့မယ် သိလား... အမိုက်မဲလေးတွေဆိုတော့ ခွင့်လွှတ်လိုက်ပါတယ်..ဒါပေမဲ့ ဘလော့ကောင်စီ လက်မှတ်ထိုးဖို့ သုံးယောက်လုံးတော့ ခဏလိုက်ခဲ့ပါကွယ်..:P

WWKM said...

ရောက်..ဖတ်..ပြန်..
အစ်မလည်း ပျင်းနေတာ အရမ်း။
သီချင်းလေးတွေပဲ နားထောင်နေလိုက်တော့တယ်..း)
နေကောင်းလိုက် ၊မကောင်းလိုက်ပဲ. ကျေးဇူးစ်

မကြီးဝါ

သိင်္ဂါကျော် said...

အဝေးက သူမအတွက်တော့ ကြွေစရာပဲ နော...။
သီချင်းလေးတွေကပြောတဲ့ ဇာတ်လမ်းကို ဖတ်သွားပါတယ်။

အနော် said...

အနော်ကတော့ အချစ်နဲ့ အဆီအငေါ်မတည့်ပေမဲ့
တို့အကိုရန်ကုန်သားကတော့
ချစ်ခြင်းဖွဲ့သံစဉ်တွေ ကျူးရင့်
ဖူးပွင့်လာတဲ့ အချစ်ရဲ့အသီးအပွင့်တွေနဲ့ ဝေဆာလန်းဆန်းနေလိုက်ပုံများ
အားကျလှပါဘိတော့ :)
သီချင်းနဲ့ဝေးတယ်ဆိုတဲ့ အကိုရန်ကုန်သားရေ
ချစ်ခြင်းဖွဲ့သံစဉ်တွေကတော့ အလန်းတွေချည်းပါပဲ :P

မြစ်ကျိုးအင်း said...

ချစ်ပြီးရင်းချစ်ပါပဲလား

အဖွဲ့အနွဲ့ကတော့ ကောင်းပါပေတယ်။

စာဖတ်ရင်း စိတ်ကူးထဲမှာပဲ သီချင်းတွေ လိုက်ဆိုဖြစ်တယ်။

Unknown said...

ရန်ကုန်သားရေ.... အား ပါး ပါး များလှချည်လား
ပ၇ိတ်သတ်တွေ.........နောက်ကျနေလို့ တောင်းပန်ပါတယ်နော်...။အရေးအသားလေးတွေကို အားလုံးနီးပါး နှစ်သက်ခဲ့ပေမယ့် ဒီတစ်ခါတော့ ရင်ထားက စကားတွေမို့ ပိုပြီးအလေးအနက်ထားခံစားသွားပြီနော်....။
အနေဝေးနေကြပေမယ့် သာယာဖြောင့်ဖြူးတဲ့ ရန်ကုန်သားရဲ့ အနာဂတ် ဘ၀ ခရီးလမ်းလေးကို မြင်နေရပါတယ် ...။ချစ်သူလေးနဲ့ အမြန်ဆုံးနီးစပ်ခွင့်ရနိုင်ပါစေလို့ ဆုတောင်းပေးရင်း...

ခင်မင်စွာဖြင့်
နှင်းဟေမာ

( မှတ်ချက်။ စည်းမျဉ်းစည်းကမ်းလေးအတိုင်း တသွေမတိမ်းဖြေကြားပေးသွားလို့ အထူး ကျေးဇူးပါလို့ ပြောပါရစေနော်...း)

poemflower said...

သီချင်းများကို ၀တ္တုနဲ့ဖော်ပြသွားတာ ဖတ်လို့ကောင်းတယ် ကိုရန်ကုန်သားရေ..

သားကြီး said...

ပါလုံးလေး ဝက်ကလေးနဲ့ သမီးကြီးအိန်ဂျယ်တို့ ဘလော့ဂါရုံးမှာလက်မှတ်လာထိုးပေတော့
ဖွထားလိုက်တာ ဆူနာမီရော နာဂစ်ရော ရောသမမွေထားသလိုပဲ
...
ကိုရန်ကုန်သားချစ်သူပြုံးလိုက်တာ ကောင်းကင်ကြီးတောင် ညို့ ကျလာမလိုပဲတဲ့
မမကောင်းကင်တော့ကွိုင်ပဲ
ဇော်ပိုင်ပြန်ဆိုတာကိုစကြိုက်ခဲ့တာပါ
နောက်မှမူရင်းနားထောင်ဖြစ်တယ်
when u say nothing at all ပေါ့

Yu Ya said...

Fiction လားလို့ မမေးကြေးဆိုရင်.. ကိုရန်ကုန်သားက Non-Fiction မဟုတ်ဘူးလို့ ပြောချင်နေတယ်ပေါ့။

ဟုတ်ပါပြီဗျာ။ နားလည်ပေးပါတယ်..အဟီး။

အပေါ်က သုံးကောင်တော့ ကိုသားကြီး လက်မှတ်ထိုးခိုင်းတာ သွားထိုးပြီးပြီနဲ့တူတယ်။

yu ya

တလနွန် said...

သီချင်းတွေ ကြားညှပ်သုံးထားတာတော်တော်လေးများ တော့ အခုတလော နာမည်ကြီးနေတဲ့ တဂ်ပိုစ့်မှန်းတော့ သိသား။ ဒါပေမဲ့ သီချင်းနဲ့ တွဲပြီး အချစ်အကြောင်း ရေးဖွဲ့ ထားတာ ဆွေးတမြေ့ မြေ့ လွမ်းတသသ ဖြစ်စေအောင် စွမ်းပါပေတယ်။ ခံစားချက်အစစ်မှန်နဲ့ ဆိုရင်တော့ ချစ်သူနှင့်အတူအမြန်ဆုံဆည်းကြပါစေ။

ခင်မင်လျက်
တလနွန်

ငှက်ငယ်လေး said...

စာရေးကောင်းတဲ့နေရာမှာတော့ ပြောစရာမရှိဘူးနော်...စာတွေဖတ်ရင်း သီချင်းစာသားတွေလည်းမှတ်သွားပါတယ်

မေလေး said...

ရေးတတ်ပါ့ပေ့ ရန်ကုန်သားရေ
တက်ခ့်ပို့စ်တောင် ဒီလောက်ကောင်းအောင် ရေးနိုင်တယ်။

စိမ်း... said...

မောင့်မူပိုင်ရှင် လည်း ပါတယ်လား....
သီချင်းလေးတွေကောင်းပါတယ်... :)

စည်သူ said...

အင်း...

မနာလိုဖြစ်တယ်(((((((((ဟေ့))))))))))))))
ပေါတော့ဘူးကွာ..

နောက်တစ်ခါ ထပ်ချစ်ရင် လေးဒဝနဲ့ ပစ်မှာ..P

ပျော်ရွှင်ပါစေ ကိုရန်ကုန်သားရေ..

မချစ်ရ said...

သီချင်းလေးတွေလာခံစားသွားပါတယ်နော်