Friday, September 4, 2009

“အစန်း” ဟု ခေါ်ပါသည်

ကောင်းကင်တစ်ခုလုံး ပြောင်သလင်းခါနေရင် ကိုမောင်လေး တို့ တွေ သေချင်စော်နံသည်။ ဒီဘဝမှာ ကောင်း ကင် ရဲ့  ပြာလွင်လွင်အလှဆိုတာကို ခံစားဖို့ ကံမပါလာဘူးထင်မိလေသည်။ နေပူရေဆူချိန်မှာ ချွေးတစီစီနဲ့  နင်း လိုက် ပါ မှ ညခင်းအိမ်ပြန်တဲ့ အခါ အိပ်ကပ်ထဲ ပိုက်ဆံလေးပေါပေါပါမည်။ ဆိုက္ကားအုံနာခ ပေးအပြီး မြိုးမြိုးမြက် မြက်က လေး ကျန်မည်။ သို့ မှ အိမ်က ကျေးဇူးရှင်မက မညံမည် ဖြစ်သည်။

သူတစ်နေ့ လုံးအံကြိတ်ပြီး ဆိုက္ကား နင်းနေရ သည်ကို ကန်တော်ကြီးဘေး ပန်းချီသွားဆွဲပြီး ပြန်လာသလောက် ရှိသည်ဟု ထင်သောမိန်းမဖြစ်သည်။ ကျေးဇူး ရှင်မက သူ့ ကိုဤမျှချစ်၏။ ဆိုက္ကားဆွဲရတာလည်း အဆင်ပြေလှ သည် တော့မဟုတ် တစ်နေ့ လုံး လူတွေ အပျင်းမထူရင် ငုတ်တုတ်မေ့ခဲ့ရ သောရက်တွေ ရှိခဲ့သည်။ ဆိုက္ကားဂိတ် မှာ သူ တစ်ယောက်တည်း မှမဟုတ်ဘဲလေ။ ကိုမောင်လေးလို လူတွေ က အများကြီးရှိသည်။ ကိုယ့်အလှည့် ရောက်ဖို့ ငိုက်တစ်ခါ နိုးတစ်လှည့်နဲ့ စောင့်ရင်း၊ အလှည့်လုရင်း စကား များ တဲ့ အခါလည်းများ အစန်း တစ် ယောက် ပေါက်ပေါက်ဖောက်သမျှ ဟာရယရွှင်ဆေးအမှတ်နဲ့ အပန်းဖြေ တဲ့ အ ခါ လည်းဖြေကြရသည်။

ကိုမောင်လေး ဆိုက္ကားနင်းစားလာသည်မှာ အနှစ်နှစ်ဆယ်လောက်ရှိရော့မည်။ လက်ရှိဂိတ်ကိုရောက် တာပင် ဆယ် နှစ်လောက်ရှိပြီဖြစ်သည်။ ထိုဆယ်နှစ်လောက် ကတည်းက အစန်းက သူတို့ နှင့်အတူ ပါစင်ဂျာ စောင့် ဖော် စောင့် ဖက်ဖြစ်နေခဲ့သည်။ သူတွေ့ ကရာပြောသမျှ သြချကာ ရယ်မောခဲ့ရသည်။ အစန်းပျောက်နေသော ရက်မျိုးဆိုပါ က သူတို့ ဂိတ်သည်လည်းကောင်း သူတို့ ဂိတ်တည်ရှိသော ဗံဒါပင်ကြီးအောက် ရွှေလက်ရာ ကွမ်း ယာ မည်သောဆိုင်မှ မအေးသွယ်သည်လည်းကောင်း တမျှော်မျှော်ရှိနေတတ်ကြမြဲဖြစ်သည်။

“အစန်း”

ကိုမောင်လေး ဒီဂိတ်ကိုရောက်ပြီး တစ်နှစ်လောက်ရှိတော့ စိတ်မနှံ့ ရှာသော မိန်းကလေးတစ်ယောက် သူတို့  အနားသို့ ရောက်လာခဲ့သည်။ ဘယ်အရပ်ကလာသလဲ လို့ လည်းမေးမရ၊ အိမ်ဘယ်မလဲ လို့ လည်းမေးမရ၊ ဘာမှ မေးလို မရပေ။ မေးလို့ ရသည်မှ တစ်ခုတည်းဖြစ်သည်။ သူမ နာမည်သာဖြစ်သည်။ နာမည်ဘယ်လို ခေါ် သလဲလို့ မေးလိုက်ရင် “ကျွန်မနာမည် အစန်းဟု ခေါ်သည်” ဟု ဖြေတတ်လေသည်။ အဲဒီအချိန်က ထိုကလေးမ အစန်း မသကာရှိလှမှ ဆယ့်လေးငါးခြောက်နှစ်ပေါ့။

အရူးမလေး အစန်းကို ရောက်စက ဘယ်သူမှ အဖက်မလုပ်ကြ။ ကွမ်းယာဆိုင်က မအေးသွယ်ကအစ သူတို့  ဂိတ်က ဆိုက္ကားဆရာကြီး ငယ်တို့ အဆုံး တစ်ယောက်မှ အစန်းကို ကြည့်လို့ မရ။ အစန်းက တွေ့ သမျှ လူကို သူထင်ရာကို ပေါက်ပေါက်ရှာရှာ ပြောသည်။ မဟုတ်မဟတ်တွေ ပြောသည်။ စိတ်က မနှံ့ ပျံ့ လွင့်ကာ ရူးသွပ် နေသည်ကိုးလေ။ ပြောချင်တာလည်း ပြောမည် မကြားဝံ့မနာသာလည်း ပြောမည်။ သူ့ ပါးစပ်ထဲ ပေါ်သမျှ အကုန် ပြောမည်သာ ဖြစ်သည်။ အချို့ က အစန်းလာတဲ့ နေ့ ဆို ပါစင်ဂျာမရဘူးဟုပင် အယူ စွဲနေကြသေးသည်။ ထိုအထဲ ကိုမောင်လေး လည်းပါခဲ့သည်။ ဆေးလိပ် ကွမ်းယာ အရောင်း ထိုင်းသည်ဟုဆိုကာ မအေးသွယ်လည်း အစန်း ကို အလိုမရှိသည့် အထဲပါခဲ့သည်။

သို့ သော် အစန်းက ဘယ်လို နှင်နှင် ဘယ်လို ဆဲဆဲ တဟဲဟဲ ရယ်ပြီးပေကပ်နေနေခဲ့သည်။ ဆိုက္ကားဂိတ် နှင့် မလှမ်းမကမ်းတွင် ဘုန်းကြီးကျောင်းဝန်းကြီးရှိသည်။ ဘုန်းကြီးကျောင်းသို့ ဝင်ရန် တခြားအပေါက်တစ်ပေါက်ရှိ သည်ဖြစ်၍ သူတို့ နှင့်နီးသော ထိုမုခ်ဘက်မှ လူသွားလူလာ အလွန်ရှင်းသည်။ ကုန်းခပ်မြင့်မြင့်လေးတွင် လှေကား နှစ် ဆစ်ချိုးမို့  အစန်းတို့ လိုအိမ်မဲ့ရာမဲ့ များအတွက် ဇရပ်တစ်ခုလို ဖြစ်နေသည်။ ခေတ်ဟောင်း လက် ရာ ထိုလှေကား ရုံ သည် စူးလက်မွန်းချွန်များဖြင့် အစန်း၏ စံမြန်းရာဖြစ်လို့ နေလေသည်။ အရူးပါးမ အစန်းက တော့ သူတို့  နား ကလည်း မခွာ၊ ထိုလှေကားရုံ စံနန်းတော်မှလည်း မခွာတော့ပေ။ သူ နှင့် နေရာ လုဖက်က တော့ လမ်း ပေါ်က ခွေးများသာဖြစ်သည်။

ဆံပင်တွေက ချေးအလိမ်းလိမ်းနဲ့  တစ်ပင်နှင့် တစ်ပင်ထပ်လျှက်က နီရော်နေသည်။ သေချာအနားကပ်ကြည့် ရင် သန်းတွေ ပြေးနေတာ တောင် မြင်ရသည်ဟု မအေးသွယ်က မကြာမကြာပြောတတ်သည်။ ကိုမောင်လေးက တော့ ရှာရှာဖွေဖွေ မမြင်တတ်ပါ။ ခပ်မှေးမှေးနဲ့ အစ်နေသော မျက်လုံးများ က စူးစူးရဲရဲ အမြဲ ကြည့်တတ်သည်။ မျက်နှာတစ်ခုလုံးကတော့ လေလွင့်နေသော စိတ်မနှံ့ သူတို့ သဘာဝ ပေပေပွပွဖြင့် ညစ်ပတ်နေသည်။ အစန်းက
အသားလေးကတော့ ဖြူချင်သည်။ အညို ဖက်လိုက်သော အစန်း၏ အသားက ချေးတွေကြားကပင် ဝင်းဝင်း ကလေး ဖြစ်နေသည်။ အစန်း မျက်နှာတစ်ခု လုံး တွင်အသန့် ရှင်းဆုံးကတော့ သွားတွေဖြစ်သည်။

“ဟဲ့ အစန်း နင် သွားဖြဲဖြဲပြနေတာ နွားပွဲမဟုတ်ဘူးနော် ….”

“ဘာ …သွားဖြဲတာလဲ …. နင်တို့ ကသွားတိုက်ရတယ်ဆိုတာ သိလို့ လား … ဒီမှာ တွေ့ လားဆားထုပ် …. ဟိုမှာ ဒင်အောင် ကိုကြည့်စမ်း သွားတွေညစ်ပတ်နေတာ … ငါ့သွားတွေနဲ့ တူသလား ဟွန်း ….. သွားတိုက်ပါ မောင်ကြီးရယ် …… ဆားနဲ့ တိုက်မယ် … မီးသွေးနဲ့ တိုက်မယ် ….. အစန်းသွားလို ဖြူဖွေးတယ် ….. ဟား ဟား ဟား ”

အဲလို အစန်းက မျက်နှာတည့် မျက်နှာထားနဲ့ သီချင်းတောင် ဆိုပြီးရွဲ့ လိုက်သေး သည်။ ဘယ်လို ကနေ ဒီသီချင်း အလိုက် ရသည်မသိ။ စိတ်ကောင်းဝင်နေချိန်ဆို ဆားထုပ် ကိုထုတ်ထုတ်ပြီး သီချင်းဆိုဆိုပြတတ်သည်။ သူ့  စိတ် မတွေ တဲ့ အခါတော့ မကြားဝံ့ မနာသာအောင် တုတ် လိမ့်မည်။ သွားအကြောင်းပြောတိုင်း ကိုတင် အောင် ဟူသော ဂိတ်က ဆိုက္ကားဆရာ ကွမ်းသမားကြီးကတော့ အမြဲခံရသည်။ သို့ သော် အစန်းပြောသမျှ ခပ်ပြုံးပြုံးနဲ့ ပြန်ကြည့်နေနိုင်တာဆိုလို့ ကိုတင်အောင်တစ် ယောက် သာရှိသည်။ အစန်းရူးပုံကတော့ ဆန်း သည်။ သွားတိုက်ရန် အသိကလေးက ထူးထူးခြားခြား သူ့ ခေါင်းထဲကျန်နေသည်။ ကိုမောင်လေး ကတော့ သွားတွေ ဖွေး နေအောင်တိုက်တတ်တဲ့ အရူးကိုတော့မတွေ့ ဖူးခဲ့ပါပေ။ စိတ်ဆိုတာလည်း အဆန်းသားကိုး။

အစန်းက ထဘီသုံးထည်ကို အမြဲထပ်ဝတ်ထားသည်။ သူ့ ပစ္စည်းတွေ ပျောက်မည်ရှမည်ကိုလည်း အင်မတန် စိုးရိမ်တတ်သည်။ ထိုလှေကားရုံ ခွေးကတက်မှာ ဘယ်တော့မှ မထားခဲ့ … ပလတ်စတစ်အိပ်တစ်ခုထဲ အနွေး ထည်အစုတ် တစ်ထည် အကျီ င်္အပိုတစ်ထည် ဆားထုပ်တစ်ထုပ် … နဲ့ စွန့် ပစ်ထားသော ဆံညှပ်ကလစ် မိတ်ကပ်ဗူး စတာတွေကို သူနဲ့ တပါတည်း အမြဲမခွဲထားတတ်သည်။ ထိုအထုပ်ကို ကြည့်မိလို့ ကတော့ အစန်း တစ်ယောက် ထားစရာမရှိတော့ပေ။ တက်ထိုင်ထားလို့ ထား၊ ပေါင်ထဲထည့်ထား လို့ ထားဖြင့် ဥစ္စာခြောက် နေ တော့ သည်။

ဟိုအရင်က အစန်းဘာတွေ စားနေသောက် နေလဲလို့ ကိုမောင်လေးလည်းသတိမထားမိ။ ခုတော့ ဆိုက္ကားဂိတ် နှင့် မျက်နှာချင်းဆိုင် ဘယ်ဘက်တွင် ဒန်ပေါက်ဆိုင်ရှိသည်။ ညာဘက်တွင် ထမင်းဆိုင်တစ်ဆိုင်ရှိသည်။ ထိုဆိုင် ထဲက အလုပ်သမားလေး တချို့ က မနက်တစ်ကြိမ် ညနေတစ်ကြိမ် စားကျွင်းစားကျန် အထုပ်ကလေး တွေ လာလာပေးတတ်သည်။

“အောင်မယ်လေး ….. အစန်းဆာနေပြီလေ ရှင်ကခုမှ ကြွလာရသလား …. ကျေးဇူးရှင်ကြီးရဲ့ …… ဒန်ပေါက် ကလေးနဲ့ နားချလို့ ရမလား ….. သေနာလေးရဲ့ ….. လာလာ မြန်မြန်လာ ဆာလို့ သေတော့မယ် …… ”

စိတ်မတွေ့ တဲ့ အခါ ထိုအလုပ်သမားလေးတွေပင် အဆဲခံရသည်။ သနားသူတွေရှိမှလည်း ဒီအရူးမလေး မငတ် မည်ဖြစ်လေသည်။ မနက်စောစော ပိုင်းတော့ အစန်းလက်ထဲ အီကြာကွေးပဲဖြစ်ဖြစ် ကောက်ညှင်းပေါင်းပဲဖြစ် ဖြစ် တစ်ခုခုတော့ တွေ့ ရတတ်သည်။ ဘယ်က ရလာတာလည်းတော့မသိ။ တစ်ခါ တစ်လေ ဈေးဘက် ပါစင် ဂျာ ပို့ ရင်းက အစန်း ဈေးထဲ တွင်လတ်လျားလတ်လျားလုပ်နေသည်ကို တွေ့ ရတတ်သည်။ ကွမ်းယာ ဆိုင်မှာပဲ ချက်ပြုတ် စားသောက်တတ်သော မအေးသွယ်ကလည်း တစ်ခါတစ်ခါ သူ့ ရှိတာလေး ကျွေး တတ်ပေးတတ် သည်။ အချိန်ကြလာတော့ အစန်းသည် သူ တို့ ဆိုက္ကားဂိတ်နှင့် မအေးသွယ်ကွမ်းယာဆိုင်တို့ ကြားတွင် ပင်တိုင် စံမင်းသမီးဖြစ်လာခဲ့လေ၏။

သီချင်းကို ချက်ကျ လက်ကျ ဆိုတတ်သည်။ အသံကလည်း စာသည်။ မဟုတ်တဲ့ ဇာတ်လမ်းတွေလည်း လုပ် ပြော တတ်သည်။ တစ်ယောက်တည်း စကားပြောတဲ့ အခါလည်းပြောသည်။ သူ့ ပါးသူချပြီး ငိုတဲ့  အခါလည်း ငို သည်။ တဝူးဝူး တစ်ဝါးဝါးနဲ့ သူ တစ်ယောက်တည်း ပွဲကျတဲ့ အခါလည်း ကျနေသည်။ ဆိုက္ကား ဆရာတစ် ယောက်နောက် တကောက်ကောက် လိုက်တဲ့ အခါလဲလိုက်သည်။ မအေးသွယ်ဆိုင်ဘေး ထိုင်ကာ ငိုနေတဲ့  အခါလည်းရှိသည်။ ဗံဒါပင်ကြီးမှီပြီး အိပ်နေတဲ့ အခါလည်းအိပ်သည်။ မိုးကျရင်တော့ လှေကားရုံ ကနေ အစန်း ထွက်မလာ တော့ပေ။ အစန်းသည် တစ်ခါတစ်ရံသွက်သွက် ခါအောင်ရရူးနေတတ် သလို အေးအေး ချမ်းချမ်းနဲ့  ရှိတဲ့ အခါလည်းရှိသည်။ သူ့ စိတ်မတွေ့ လို့ ဆဲဆဲဆိုဆိုသာ ရှိရင်ရှိမည် အဝတ်မဲ့အစားမဲ့ တော့မဖြစ်တတ်။

တစ်နေ့ တော့ အစန်း ပုံစံနည်းနည်းပြောင်းသွားသည်။ သူ တို့ ကိုပြောနေကျစကားတွေ မပြောတော့၊ ရယ်စရာ ဟာသတွေ ပေါက်တတ်ကရတွေ မဆိုတော့၊ တမိုင်မိုင်တတွေတွေနဲ့  ဗံဒါပင်ကြီးမှီပြီးသာ နေ နေလေသည်။
အစန်းအသံတိတ်သော သူတို့ ဂိတ်သည် နေပူပူတွင် တိတ်လို့ ဆိတ်လို့ နေသည်။ မအေးသွယ် ကလည်း အစန်း ကို တကြည့်ကြည့်နဲ့ ။ တစ်ပတ်လောက် အစန်းငြိမ်နေသည်။ သူ အရင်လို စကားပြန် စပြောတော့ အားလုံးနေ
သားတကျဖြစ်သွားသည်။ သို့ သော် နေသားမကျသည်က အစန်းစကားတွေ … တခြားလူတွေ ကိုပြောသည် ထက် သူတစ်ယောက်တည်း ပြောနေသည်ကပို ပိုများလာသည်။ သို့ သော် ရူးသွပ်နေသူ တစ် ယောက် ပြော သော စကားကို ဘယ်သူက အလေးထားမည်နည်း။

“ နင်ဘယ်တွေ သွားနေတာလဲ … ငါမျှော်နေတာ ….. အဲဒီမျက်နှာနဲ့ င့ါ မကြည့်စမ်းနဲ့ ….. ငါသေချင်တယ် …”

“ဟော မောင်ကြီးလာပြီတော့ …… လာပါ လာပါ … ဟိုကောင်တွေ ထမင်းလာပို့ မှ နင်နဲ့ ငါ အတူစားမယ်လေ …. ပင်ပန်းလာသလား နင်ဆိုက္ကားလည်း မနင်းပါဘူး …. ဘာတွေ ပင်ပန်းနေတာလဲ …. အစန်းမ က နင့် ကို
စောင့်နေတာလေ …”

“မလာလည်း နေပေါ့ ဟင်းဟင်း အစန်းက မျှော်နေမယ်ထင်လို့ လား နင်ပြောတော့ ပြန်လာမယ်ဆို ….. နင် ညာ သွားတာကိုး …. ”

ငိုတဲ့ အခါလည်း တလူးလူး တလှိမ့်လှိမ့် …… မကြားတကြားပြောတာလည်း အခါခါ ….. ရယ်မောနေပြန် တော့ လည်း တလှိုက်လှိုက် …… အလှတွေလည်း ပြင်လို့ …… ဘယ်ကကောက်လာမှန်းမသိလတဲ့ နှုတ်ခမ်းနီတောင့် နဲ့ 
မျက်နှာတစ်ခုလုံး ပြည့်နေအောင်ဆိုးလို့ ဆိုး ….. ကိုမောင်လေးတို့ အစန်းကို ကြည့်ကာနားမလည်နိုင် …. ။ စိတ်မနှံ့ သူမို့  အပြောင်းအလဲဖြစ် တာဟုသာမှတ်သည်။ နောက်လအနည်းငယ်ကြာတော့ ပြဿနာက စသည်။

“ကိုမောင်လေးတို့ ကိုတင်အောင်တို့  ရှင်တို့ အစန်းကို သတိထားမိသလား …… ဒီကလေးမ ဝဝ လာတယ်နော် …. ကျွန်မတော့ မရိုးဘူးထင်တယ် ….. ”

“ ဟုတ်ရဲ့ လား မအေးသွယ်ရယ် ….. ကျုပ်တို့ တော့ ဒီအတိုင်းပါပဲ …… ဘာဖြစ်လို့ ….”

“ရှင်တို့ ကဘယ်သိမလဲ ကျွန်မကသိတယ် ….. ဘယ်အယုတ်တမာက ယုတ်မာသွားပြန်ပြီလဲ မသိပါဘူးတော် ရူးတာတောင် ကောင်းကောင်းမရူးရပါလား ….. ဟင်း ….”

မအေးသွယ်စကားမှန်သည်။ ခြောက်လလောက်နေတော့ အစန်း မူပျက်ပုံ အကြောင်းပေါ်လေသည်။ အစန်း တောက်လျှောက် ပြောနေသော နဝေတိမ်တောင် စကားတွေသည် ကိုမောင်လေးတို့ သာနားလည်ခဲ့ တွေးမိခဲ့ ကြရင် ထိုကတည်းက သိလောက်ပြီ။ ဘယ်သူက တွေးမိမလဲ။ ဗိုက်ကြီး နေပြီ။ စိတ်မနှံ့ သူ မိန်းမ များအား ထိုသို့  ယုတ်မာသွားတတ်ကြသည် ကို အရင် က ကြားဘူး သည်။ သို့ သော် ကိုမောင်လေး ခု တော့ လက် တွေ့  မြင်နေရပြီ။


ဆိုက္ကားသမားများ လည်း အရှက် ရကြရသည်။ မအေးသွယ်ကလည်း သံသယ မျက်လုံးတွေ နဲ့ ကြည့်သည်။ ဆိုက္ကားစီးနေကျ ပါစင်ဂျာ တွေက လည်း တမေးမေး ရှိလာကြသည်။ ကိုမောင် လေးတို့ တတွေ အနေရ အစားရ
ခက်ကုန်သည်။ မျက်နှာတွေ ပူ ကုန် သည်။ အရှက် တွေကွဲကုန်သည်။ အရူးမနဲ့  အထင်ခံရ လို့  ဒေါသဖြင့်ပေါက်ကွဲသူက ပေါက်ကွဲကုန်သည်။ ဒီလောက်တောင် ယုတ်မာရသလား၊ ဘာမှ မသိ နားမလည် တဲ့ အရူးမလေးကို အခွင့်ကောင်းယူရသလား၊ ကိုမောင် လေးတော့ တွေးမိတိုင်း အသည်း နာ သည် ဟုပြောရ မည်။ တွေ့ များတွေ့ ရင် နေရာတင်ရိုက်သတ်မိမည် ဟု စိတ်ထဲထင်မိသည်။

ရှက်လည်း ရှက်ပါသည်။ မျက်နှာလည်းပူသည်။ သို့ သော် အစန်းကို သနားစိတ်ကပိုသည်။ အယုတ် တမာကိုလည်း သတ်ချင်သည်။ ကြည့်ကြသူတို့ ကိုလည်း မခုခံသာပြီ။ မေးကြသူတို့ ကိုလည်း စပ်စုရန် ကော ဟု အပြစ်မဆိုသာပြီ။ ခွေးသူတောင်းစား တစ်ကောင်ကတော့ ယုတ်မာသွားတာသေချာသည်။ ဘယ်သူ လဲဆို တာတော့ အစန်းသာသိမည်ဖြစ်သည်။ သို့ သော် အစန်း ဗိုက်ကလည်း ပူသည်ထက်ပူလာပြီဖြစ်သည်။ အစန်း တစ်ယောက် ဗိုက်ကြီုးပိုက်လျှက် လတ်လျား လတ်လျား သွားနေတာမြင်ရသည်မှာ ကြည့်လို့ မှမတော် ထော်လောကန့်  လန့် ကြီး ဖြစ်နေလေ သည်။

တကယ်တမ်း ကျတော့လည်း ဒီရူးမလေးကို ပစ်မထားနိုင်ကြပါ …. ဒေသန္တရဆေးခန်းမှ ဆရာဝန်နှင့်တိုင် ပင်၍ မွေးဖို့ ဖွားဖို့ လုပ်ရသည်။ မအေးသွယ်က ကွမ်းယာဆိုင်ကို ကိုတင်အောင်နဲ့ ထားခဲ့ပြီး လိုက်ရသည်။ ကိုမောင် လေးက ဆိုက္ကားပေါ်တင်ပြီး နင်းပို့ ရသည်။ အစန်းကတော့ တပူပူ တပင်ပင်မရှိ ပြောချင်ရာပြောပြီးသာ ဆိုက္ကား ပေါ်ပါလာသည်။ အစန်းကလေး အသေ ကလေးမွေးပါသည်။ ဆရာဝန်မက နောက်တစ်ခါ ဗိုက်မကြီးအောင် သား အိမ်ထဲ ပစ္စည်းထည့်ပေးလိုက်သည်ဟု မအေးသွယ်က စိတ်ချဟန်နှင့်ပြောသည်။

နို့ တွေသက်နေသော အကျီ င်္စိုစိုရွဲရွဲ နှင့် အစန်းသည် “သား သား ” ဟု မျက်ရည်ကျလျှက်က သွက်သွက်ခါ အောင်ပိုရူးသွားသည်။ ကိုမောင်လေးတို့ ဆိုက္ကားဂိတ်တွင်ချည်း မနေတော့ အချိန်ရှိသရွေ့ ရွာရိုးကိုးပေါက် လျှေက်သွားသည်။ ထမင်းစားချိန်လေးတွေတောင် တစ်ခါတစ်ရံမတွေ့ ရတတ်တော့။ ဘာပဲပြောပြော အစန်း ဗိုက်ကြီးလို့ အားလုံးအရှက်ရကြပေမယ့် ဒီအရူးမလေးကိုတော့ နေ့ တိုင်းစကားထဲ ထည့်ထည့်ပြောနေမိကြ သည်။ မအေးသွယ်ကတော့ အစန်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေလေသည်။ သူလည်း စိတ်မကောင်း ဖြစ်ရုံ မှလွဲ ၍ဘာမျှမတတ်နိုင်ပါချေ။

အစန်းသူတို့ နားရောက်လာတိုင်း ကလေးသိပ်လျှက်က လာသည်။ “မိတ္တီလာကန်တော်အောက် က ဖား ကောက်ခဲ့ ပါ” ကဗျာကိုလည်း ရွတ်ရွတ်လာသည်။ လက်ထဲတွင်လည်း ကလေးအရုပ် အစုတ် တစ်ခု အပိုပါလာ သည်။ အစန်း ကလေးမှန်းသိသလို ကလေးသေလို့ တစ်ရူးပေါ်နှစ်ရူးဆင့်သည်ဟု ပြောရမည်။ အဝတ်မကပ် တဲ့ အခါ လည်းရှိလာသလို မြေကြီးတွင် လူးနေသော အခါတွေလည်းရှိလာသည်။ တွေ့ သမျှလူ လိုက်စွဲစွဲပြီး ရန်လို လျှက် ကလေးလိုက်တောင်း တတ်လာသည်။ ဘုန်းကြီးကျောင်းလှေခါးရုံတွင် ခြေပစ် လက်ပစ် ထိုင် လျှက် က အော်ဟစ်ပြီး တစ်နေကုန် ငိုငိုနေလာတတ်သည်။



ထိုနှစ်မိုးကုန်ခါနီးတွင်ဖြစ်သည်။ မအေးသွယ်က အစန်းကို ကြည့်ကြည့်ပြီး စိတ်မချမ်းသာကြောင်းပြောနေရင်းက
“ကိုတင်အောင် အစန်းကြည့်ရတာ ပိန်လိန်လာသလိုပဲနော် …. ကျွန်မ စိတ်ထဲ တအားချုံးကျသွားသလိုပဲ .... ရှင်ကော သတိထားမိလား …..”

ကိုထင်အောင်က မအေးသွယ်ကို ခေါင်းငြိမ့်ပြသည်။ ကိုမောင်လေးက သူတို့ ပြောစကားကို ဆိုက္ကာပေါ်ထိုင် လျှက် မှေးရင်းက နားထောင်နေသည်။

“ဟုတ်တယ် ပိန်သွားတယ် သားစိတ်နဲ့ ထင်ပါတယ် အမေများ ရူးနှမ်းနေတာတောင် သိတယ်နော် …..”

“ အင်း အစတော့ ကျွန်မ လည်း အဲလိုထင်တာပဲ ခုဟာကြီးက တစ်ချမ်းတောင် မရှိတော့ဘူး …. ဟိုနေ့ က လည်း ကျွန်မဆီရောက်တော့ ချောင်းတွေကလည်း ဆိုးလိုက်တာ ကိုတင်အောင်ရယ် လေတောင်မဆက်ဘူး ….. အရေပြားပေါ်မှာလဲ အနာတွေနဲ့ မနက်ကျရင် ရှင်ဆိုင်ကြည့်ပေးထားဦး ကျွန်မ ဒေသန္တရဆေးခန်း ချော့ ခေါ်သွားကြည့်ဦးမယ် …..”

မအေးသွယ်ဆေးခန်းက ခေါင်းတခါခါ လည်တခါခါဖြင့် ပြန်လာသည်။ အစန်းတော့ပါမလာ။ ဆေးခန်းက အထွက် ထွက်ပြေးသွား သည် ဆိုသည်။ မအေးသွယ်က မျက်နှာမကောင်းသလို ပါးစပ်မှလည်း ဘယ်သူ မှန်းမ သိတဲ့ သတ္တဝါကို ဆဲရေးနေသည်။ ကိုတင်အောင် နှင့် ကိုမောင်လေးကတော့ ကြားရရ ချင်း အံကြိတ်မိကြ သည်။ အစန်းမျက်နှာကို လှစ်ကနဲ မြင်ကြသည်။ ဆိုက္ကားဆရာများအားလုံး သူတို့ သုံး ယောက်ကို နားမလည် သလို
လှည့်ကြည့်နေကြသည်။ အရူးမ နေမကောင်းတာကို ရေးကြီးခွင်ကျယ် လုပ်နေကြတာလား ဆိုတဲ့ အကြည့် မျိုးတွေပါသလို၊ အစန်း ဘာဖြစ်တာလဲဆိုတဲ့အမေးနဲ့ ကြည့်တာတွေလည်းပါသည်။

ဒီလိုနဲ့ အစန်းတစ်ယောက် ပျောက်လိုက်ပေါ်လိုက် တစ်နေ့ တစ်နေ့ တခြား အရိုးငေါင်ငင်ဖြစ်လာသည်။ မျက် တွင်းက နောက်စေ့နားရောက်နေသည်။ မျက်ကွင်းက ညိုနေသည်။ ပါးရိုးတွေက ငေါနေသည်။ အပြုံးလည်းမရှိ ခံစား ချက်လည်း မရှိသော မျက်နှာသည် မြင်ရတာ စိတ်မချမ်းသာစရာဖြစ်လာသည်။ လမ်းလျှောက်လာပုံက ခွေ ယိုင်ထိုး နေသည်။ လည်ပင်းကြီး ကျုံကျုံဝင်သွားအောင် အသက်ရှူနေရသည်။ မအေးသွယ်ဆီက ရေ တောင်းသောက်ပြီး သူ့ လှေကားရုံသို့ ပြန်သွားသည်။ အစန်းလမ်းလျှောက်တာကို ကိုမောင်လေး မြင်လိုက်ရ သည်မှာ ထိုနေ့ က နောက် ဆုံး ဖြစ်သည်။

တစ်ညနေတွင် မိုးက သွန်ချလိုက်သလို ရွာချသည်။ ထိုမိုးရေတွေနဲ့ အတူ အစန်းအသက်လည်း မျောပါ သွား သည်ထင်၏။ မအေးသွယ်၊ ကိုတင်အောင်နှင့် ကိုမောင်လေးတို့ ရောက်သွားချိန်တွင် ဝမ်းတွေ အလိမ်းလိမ်း ကြားတွင် တဟီဟီမြည်လျှက် အသက်ငင်နေသော အစန်းကို တွေ့ ရသည်။ မျက်စုံလေးကလည်ပြီး သူ တို့ သုံးယောက်ကို ကြည့်သည်။ ကိုမောင်လေး အပါအဝင်သုံးယောက်သား ရှေ့ လည်းမတိုးရဲ၊ နောက်လည်း မဆုတ်နိုင်ပဲ၊ တောင့်တောင့်ကြီးရပ်နေကြသည်။

အစန်း မျက်မှောင်တစ်ချက်ကုပ်လိုက်သည်။ ပါးစပ်ကို ဟဟ ပြီး နှစ်ချက်ခန့် ရှိုက်လိုက်သည်။ အစန်း တစ် ကိုယ်လုံး ကောတက်သွားပြီး အသာငြိမ်သွားသည်။ မျက်လုံးအစုံ ကဘယ်သို့ ကြည့်နေသည်လဲတော့ ကိုမောင်
လေးလည်းမသိပါချေ။ မအေးသွယ်က အစန်းရယ်လို့  ရေရွတ်ရင်း မျက်ရည်ကျသည်။ ကိုတင်အောင်က ကွမ်း ကို ပစ်ကနဲထွေးကာ ပုဆိုးကိုအသာမလျှက် တက်တစ်ချက် ခေါက် သည်။ ကိုမောင်လေးက နားထဲတွင် “ ကျွန်မ နာ မည် အစန်းဟုခေါ်သည်” ဟုကြားသည်။ အစန်း ကံဆိုးပါသည်။ အယုတ်တမာက ဝေဒနာတွေ ပေးခဲ့ သည့်အပြင် အသက်ပါ အဆစ်ယူသွားသေးသည်။ သင်းလည်း သေလောက် ပါပြီ။

အစန်းဆုံးပြီးကတည်းက မနက်ခင်းစောစော ဂိတ်ကိုရောက်ရောက်ချင်း ဘုရားဦးတိုက်ကာ ကိုမောင်လေး ဓာရဏပရိတ်အမြဲ ရွတ်သည်။

“.......... နဥမ္မတ္တကံ နမူလကံ မနုေဿဟိ အမနုေဿဟိ နဟိံသကာ ”

ထိုအပိုက်ရောက်လျှင် ကိုမောင်လေး နောက်တစ်ကြော့အမြဲပြန်ရွတ်ပြန်သည်။ မအေးသွယ်က အမြဲသံယောင် လိုက်ပြီးရွတ်တတ်သည်။ ကိုတင်အောင်က နောင်ဘဝအဆက်ဆက် သူရူးတော့မဖြစ်ပါရစေနဲ့  အစန်းလည်း
ကောင်းရာလားပါစေ ဟု တစ်ဦးတည်း ခပ်တိုးတိုး ဆုတောင်းလေ့ရှိလေတော့သည် …..

“.......... န ဥမ္မတ္တကံ န မူဠကံ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ..........”

“..........န ဥမ္မတ္တကံ န မူဠကံ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ..........”



ပုံလေးတွေကို နှိပ်လိုက်ရင် မူရင်း Website ကိုရောက်ပါလိမ့်မယ် ..... :D


******************

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ်တ တတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

33 comments:

Angel Shaper said...

ဝါးးးးးးးးးးးးးး
ပထမဆုံး လာဖတ်တာ ဘယ်သူလဲဟေ။

Angel Shaper said...

ဖတ်ရတာ တစ်မျိုးပဲ။ ရင်ထဲ နင့်နင့်နဲနဲလေး ဖြစ်သွားတယ်။ အစန်း ကို သနားပါတယ်။
ဟင်းးးးးးးးးး ယုတ်မာတဲ့လူတွေများနော် အရူးကိုတောင် မရှောင်ကြဘူး။ လူတွေ လူတွေ လူစိတ်မွေးပြီး ချစ်မေတ္တာထားနိုင်ရင် သိပ်ကောင်းမှာပဲနော်။
သယ်ရင်း ရကောက်ရေ...ဘာမှ မပြောတတ်တော့ဘူး။
ဖတ်သွားတယ်။ ဒါပါပဲဟာ........

Angel Shaper said...

တစ်၊ နှစ်၊ သုံး ယူပြီး မသောင်းကျန်းရဲတော့ပါဘူးဟာ။
ငါ့ကို တော်တော် အမြင်ကတ်နေကြမယ်။
ဘာမှမပြောပဲ တိတ်တိတ်လေး လာဖတ်ပြီး ပြန်သွားတဲ့ အကျင့် မွေးယူရမယ်။ ပြန်ဘီဟေ့။ ပြောရင်းနဲ့ကို သုံးထိ ယူဖြစ်အောင်ယူသွားတယ်။ ဟဟားးးးးးးးးးးးးး

Unknown said...

ရန်ကုန်သားရေ...
အစန်းကို သနားလိုက်တာ...နော်
မိန်းကလေးချငိးစားမိတယ်...။
အဲလို အဖြစ်အပျက်မျိုးကြားဖူးပေမယ့်
ရန်ကုန်သား ကလောင်စွမ်းပြထားလိုက်တော့
ဇာတ်အိမ်က ကွက်ကွက်ကွင်းကွင်းနဲ့
ရင်နင့်စရာလေးဖြစ်သွားတယ်...
အမြဲအားပေးနေမယ်နော်
..ကြီးကျယ်တယ်ပြောခံရလို့ ချိတ်ချိုးသွားပီလားးp
ခင်မင်မှု ..................အမြှောက်တစ်သန်း
နှင်းဟေမာ

ရွက်လွင့်ခြင်း said...

သိပ်ကောင်းတဲ့ ပိုစ့်ပါပဲ
ဆွဲဆောင်မှုရှိတယ်
အပြင်မှာလည်း ဒီလို ယုတ်မာတဲ့လူတွေ ရှိနေတာပါပဲ
ဒီလို အရှုးတွေအတွက် အကာအကွယ် ရနိုင်မယ့် အဖွဲ့ အစည်းတွေတော့ ရှိသင့်တယ်

rose of sharon said...

စိတ်မကောင်းခြင်းတွေနဲ့ ဖတ်သွားပါတယ်

sweety said...

ကိုရန်ကုန်သားရေ..အရမ်းကောင်းလိုက်တာဗျာ..ကလောင်စွမ်းထက်ပါ့ဗျာ..အစန်း အစားလည်းအရမ်းစိတ်မကောင်းဘူး..အော်..ယုတ်မာချင်တဲ့ သူများကြတော့ စိတ်မနှံတဲ့ သူကိုတောင်ချမ်းသာမပေးကြဘူးနော်.. တော်တော်လူမဆန်တာပဲ..အဲဒီဇာတ်လမ်းနေရာလေး ကိုသိတယ်..ကျွန်တော်လည်းအဲဒီနားမှာနေ တာပဲ..

sweetpeony said...

လာရောက်ခံစားသွားပါတယ်..
တကယ့်အဖြစ်အပျက်ကို မြင်နေရသလိုပါပဲ..
စိတ်မကောင်းဘူး..

naychi said...

ရန်ကုန်သားရေ... မျက်လုံးထဲမြင်ယောင်ပြီး ရင်ထဲနင့်နင့်နဲနဲ ခံစားရပါတယ်။
ဝတ္ထုတိုလေးတွေ အရမ်းကောင်းတာပဲ... အားပေးနေမယ်နော်

နွေးနေခြည်

မိုးခါး said...

ဟင်းးးးးးးးးးးးး
သက်ပြင်းပဲချသွားတော့တယ် .........

မယ့်ကိုး said...

ဒီလောက်စာရေးကောင်းတာ မတတ်တတတ်နဲ့ရေးတဲ့စာလို့ မသုံးသင့်တော့ဘူးလို့ ထင်ပါတယ် =)
အားပေးလျက်...

အနော် said...

တိရစ္ဆာန်ထက် လူက ပိုသာတဲ့ အချက်က သင့် မသင့် ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဥာဏ်ရှိမှုပါပဲ
ဒါပေမဲ့ တချို့ တချို့သော လူတွေက တိရစ္ဆာန်တွေထက်တောင် သိပ်နိမ့်ကျလွန်းတယ် သိပ်ယုတ်မာလွန်းတယ်
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာလို့ ကြားဖူးတယ်
အစန်းအဖြစ်ကတော့ သူ့တစ်ယောက်တည်းအတွက် ကွက်ပီး မိုးက လိုက်ရွာနေသလိုပဲနော်
ရသမျိုးစုံပေးနိုင်တဲ့ ဝတ္ထုတိုလေးပါပဲ အကိုရန်ကုန်သားရေ
တကယ့်ကို အသက်ဝင်ပီး ဝတ္ထုလေးထဲမှာ မျောပါသွားမိတယ်...

ဧရာဝတီသား said...

ကလောင်စွမ်း ထက်ထက်နဲ့ ဖေါ်ကျူးထားတဲ့ သရုပ်မှန်ဝတ္ထုတိုလေး တစ်ခုပါလား အစ်ကိုရေ။ ဖတ်ရတာ ရင်ထဲကိုနင့်နေတာပဲ။

“.......... န ဥမ္မတ္တကံ န မူဠကံ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ..........”

ရူးသွပ်ခြင်း ကင်းကြပါစေ၊ အားလုံးရဲ့ ဘ၀တွေ အေးမြနိုင်ကြပါစေ ဗျာ။

လေးစားလျက်

kohan said...

ကောင်းတယ်ဗျာ ဒါပါပဲ

pont pont said...

သက်ပြင်းတွေ အများကြီးချမိပါတယ်.... ရင်ထဲမှာ မောလာတဲ့ အထိ ဖတ်လို့ကောင်းပါတယ်...

chocothazin said...

အရေးအသားတကယ်ကောင်းပါတယ်။ ဇာတ်လမ်းရောပေါ့။ တကယ်ဖြစ်နေသလိုမျိုးခံစားရပါတယ်။ ခံပြင်းသလိုတောင်ဖြစ်မိတယ် :)။
လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။

ဂေါက်သီးနဲ့ရှောက်သီး said...

ကိုသက်တန့်တို့၊ကိုဧရာဝတီသားတို့ ပြောတဲ့အတိုင်းပါဘ်ဲရေးသားတာတွေတကယ်ကိုပြောင်မြောက်လှပါတယ်။
နောက်လဲသင်ယူဖို့နဲ့အမြဲလာလို့ရအောင်လင့်လေးယူသွားပါတယ်ခင်ဗျာ..

ဝက်ဝံလေး said...

သနားလိုက်တာ အစန်းကို ကြားဖူး ဖတ်ဖူးတယ် အဲဒါမျိုးလေ ဟုတ်တယ် အရူးမတောင် အယုတ်တမာတွေက ချမ်းသာ ပေးတာ ဟုတ်ဘူးရယ် အော် ခက် တယ် လူယုတ်မာတွေနော်

ဘာပဲဖြစ်ဖြစ်ပါ ဖတ်လို့ကောင်းပါတယ် ရန်ကုန်သားရေ ဒါနဲ့ happy ending လေး တောင်းဆိုပါတယ် နောက်တခါ ရေးပေးနော် ဟဲဟဲ

မြစ်ကျိုးအင်း said...

ကျွန်တော်တို့မြို့မှာလည်း အဲလိုအဖြစ်ရှိတယ်ဗျ
တွေ့လိုက်ရင် သူ့ဗိုက်က အနားမရဘူး
တယောက်ပြီးတယောက်မွေးနေရတာလေ။
အဲလိုယုတ်မာတဲ့သူတွေလည်း ကြာကြာသက်ဆိုးမရှည် နိင်ပါဘူး။လူတွေက တရားခံမိတာနဲ့ အသေသတ်ကြမယ့် ယုတ်မာမှုမျိုးပါပဲ။

ကောင်းကင်ပြာ said...

ခံစားပြီးဖတ်သွားတယ်၊ ရေးထားတာ ကောင်းလိုက်တား)

ကြည်ဖြူပိုင် said...

သနားဖို့ကောင်းလိုက်တာနော်..အဲလိုအဖြစ်မျိုးတွေအပြင်မှာလည်းတကယ်ရှိနိုင်တယ် မောင်ရန်ကုန်သားရဲ့။တို့တော့အရူးထီးပဲမြင်ဖူးတယ်။အရူးမဇာတ်လမ်းတွေတော့ဖတ်ဖူးရဲ့အပြင်မှာတော့မမြင်ဖူး

ကိုလူထွေး said...

ကံဆိုးမသွားတဲ့နောက်ကို
ဘာလို့ အဲဒီမိုးက အမြဲလိုက်ရွာနေရတာလဲ...

း(

Chitpalonelay said...

ဇာတ်အိမ်ရောအရေးအသားရော တော်တော်ကောင်းတယ်ဗျာ။ ဘယ်လိုဖြစ်သွားမှန်းကိုမသိဘူး။ စိတ်ထဲမှာတော်တော်မကောင်းဘူး။ တရားခံကို ပေးမိလိုက်ပါလားလို့နော်။ ဆိုက္ကားသမားပဲဆိုရင် အဲ့ဆိုက္ကားသမားကအရင်သေရမယ့်ဟာကို သူအရင်သေရင် တရားခံကပေါ်ပြီ တကယ်ကို စိတ်မကောင်းဘူးဗျာ။
ခင်မင်လျှက်
ညီမလေး ပါးလုံး

may16 said...

ကောင်း၏ လို့ပဲပြောတတ်ပါယတ် ရန်ကုန်သားရေ

စိမ်း... said...

ဖတ်ပြီးတော့ စိတ်မကောင်းဘူး.... စိမ်းတို့ ရပ်ကွက်ထဲမှာလည်းရှိတယ်... အဲ့လိုအဖြစ်မျိုး ဒါပေမယ့် အဲ့အရူးမလေးကတော့ ခုထိရှိသေးတယ် တစ်ခါတစ်လေလည်း ကလေးချီလို့.... စိမ်းကတော့ ကလေးကိုပိုလို့တောင် သနားမိတယ်... သူ့ခမျာ မမွေးခင်ကတည်းက လူ့ဘ၀တလျှောက်လုံး ခံစားရမယ့် လောကဓံတွေက ပညတ်ထားပြီးသားလိုဖြစ်နေမှာ အမေကရူး အဖေဘယ်သူမှန်းမသိ ... ပတ်ဝန်းကျင်ကလည်း ကောင်းတဲ့သူတစ်ယောက် အဆိုး ၉၉ ဆိုတော့ အင်း တွေးမိရင် တော်တော်လေး ရတက်မအေးဖြစ်ရတယ်...

maylay said...

ကိုရန်ကုန်သားရေ ဖတ်ရင်း နင့်သွားတာပါပဲ။ သိပ်မမန့်ဖြစ်ဘူး။ ရောက်တယ်။ ခုလည်းလေ ဖတ်ရင်း မေလေးကြည့်ဖူးတဲ့ (ကျော်ဟိန်း၊ဒွေး။မေသန်းနု တို့ ပါဝင်တဲ့) ဘယ်ပန်းချီရေးလို့မမှီ ရုပ်ရှင်ကို ပြန်မြင်တယ်။ ရုပ်ရှင်ထဲပဲ ရှိနေတာမှ မဟုတ်ဘဲနော်။ ဘဝတွေ ဘဝတွေ ရူးသွပ်ခြင်းကင်းဝေးကြပါစေ။ ဇာတ်အိမ်ဖွဲ့တာရော ရေးတာပါ ကောင်းနေတာပါပဲ။ ပြေးမြင်နေအောင် ရေးတတ်တယ်။ အရူးကိုသာမက လူမမည်သေးတဲ့ ငါးနှစ်သမီးလေးကိုတောင် ပြုမူသူ ရှိနေတော့ အင်း။။။။။ဖတ်ရကောင်းတာနဲ့ အများကြီးတွေး ရေးဖြစ်နေတယ်။ ကျန်းမာပျော်ရွှင်ပါစေနော်

သားကြီး said...

ဒီကမ္ဘာမှာအယဉ်ကျေးဆုံးဆိုတဲ့ သတ္တဝါဟာလည်း လူပါပဲ
ကမ်းကုန်အောင်မိုက်ရမ်းတတ်တာလည်း လူပါပဲ
ပြုံးခြင်း မဲ့ခြင်း ငိုခြင်း ရယ်ခြင်းကို လူဆိုတဲ့သတ္တဝါတွေကပဲ လုပ်ကြတာ
မေလေးမန့်သွားသလိုပဲ ဘယ်ပန်းချီရေးလို့မမှီဆိုတဲ့ နာမည်ကြီးဇာတ်ကားကိုသတိရတယ်
နောက်ပြီး အပြင်မှာလည်း ဒီလိုအဖြစ်မျိုးတွေက ဒုနဲ့ဒေးရှိနေမှာပါ
အစန်းဆိုတဲ့ ဇာတ်ကောင်ဟာ အပြင်ကလား
စာရေးသူ ကိုရန်ကုန်သားရဲ့ စိတ်ကူးထဲက ဇာတ်ကောင်လားဆိုတာ သေချာမသိရပေမယ့် ဖတ်ရင်းနဲ့ စာနာမိရပါတယ် အယုတ်တမာကောင်ကိုလည်း ကျိန်ဆဲမိတယ်
ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာမှာပါပဲလေ
ကျနော်လည်း ကိုမောင်လေးတို့ မအေးသွယ်တို့နဲ့အတူ လိုက်ရွတ်လိုက်ပါတယ်.......
“န ဥမ္မတ္တကံ န မူဠကံ မနုေဿဟိ အမနုေဿဟိ န ဟိံသကာ”

သက်ပိုင်သူ said...

အရေးအသား အရမ်းကောင်းပါတယ်။ အရူးမမှန်ရင် ဗိုက်ကြီးတတ်တာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာ သာမန်လို ဖြစ်နေလို့ သိပ်ပီး အထူးအဆန်းတော့ မရှိလှပါဘူး။
ဒါပေမယ့် ကလောင်စွမ်းကတော့ အတော့်ကို ပညာပါတယ်

Unknown said...
This comment has been removed by the author.
Unknown said...

စကားတစ်ခွန်းကြားဘူးတယ်....
အယဉ်ကျေးဆုံးကလဲလူ
အမိုက်ရိုင်းဆုံးကလဲလူ....
အလိမ္မာဆုံးကလဲလူ
အယုတ်မာဆုံးကလဲ လူပဲတဲ့....
အင်းလေ....လူအမျိုးမျိုး စိတ်အထွေထွေမှာ ညစ်ပေနေတာတွေက အများကြီးပါ...
ရေးပုံသားပုံလေးကိုတော့ သဘောကျတယ်ဗျာ..။

pandora said...

အရေးအသားရော ဇာတ်လမ်းလေးရော အရမ်းကိုနှစ်သက်သဘောကျစွာ ခံစားသွားပါတယ်။

ရွှေပြည်သူ (ShwePyiThu) said...

ကံဆိုးလိုက်တဲ့ အစန်းလေး။ ဒီလိုအဖြစ်မျိုးတွေက အပြင်မှာလည်း တကယ်ဖြစ်တတ်တာတွေ ဆိုတော့ ပိုရင်နင့်ရပါတယ်။

အရေးအသားသိပ်ကိုကောင်းတာပဲ မောင်လေး ရန်ကုန်သားရေ...

Anonymous said...

အရမ်းဖတ်လို့ကောင်းပါတယ် မောင်ရန်ကုန်ရေ.
ပျင်းပျင်းနဲ့စာလာရှာဖတ်သွားပါတယ်။

မကြီးဝါ