Monday, August 31, 2009

ရေချိုတွင်းကြီး ငန်သွားလေသောအခါ

မွန်းတည့်နေသည် သူ ဦးခေါင်းထက်တွင် ပြင်းပြင်းကြီးပူလောင်စွာ တောက်ပနေ သည်။ ဒီနေ မပူလို့ လည်း မဖြစ် သို့ သော်ပူလွန်းပြန်တဲ့ အခါလည်း ကမ္ဘာ ပေါ်ရှိ သက်ရှိ တို့ အ တွက် ဘေးဖြစ်ကြရသည်။ ညှိုးရော် နွမ်းလျနေသော အပင် စိမ်းစိမ်း တို့ သည် နေပြင်း ပြင်း ကို အံတုလျှက်က လေပူပူအလာတွင် လူးကာ လွန့် ကာ နှင့် ယိမ်း ထိုး လူးလာနေ ကြသည်။ ပတ်ဝန်းကျင်တွင် မြင်မြင်သမျှ တံလျှက် တို့ ထ လျှက်က စူးလက်ကာ၊ တောက် လောင်နေသော လေထုနှင့် ပူပူကြီးသာ ရှိနေလေ သည်။

အိမ်ကလေးရှေ့ သို့ သူ ရောက်လာခဲ့သည်။ ထို အိမ်လေးသည် များစွာတော့မကြီးလှ။ ပုဏ္ဏရိပ် ပင်တွေကို စည်း ရိုး အသွင်ပြုထားသည်။ ထို ပုဏ္ဏရိပ် ပင်တန်းက သူ့ခါးမရှိတရှိလောက်ရှိမည်။ ပုဏ္ဏရိပ် ပန်းတွေက အရောင် မွဲ ကာ နီရော်ရော် ကြီးဖြစ်နေသည်။ ခြံအဝမှ မြောင်းကို ကျော်လျှက် သစ်သားတံတားငယ် သေးသေး ကလေး တစ် ခုကို ခင်းထားသည်။ ခြံတံခါးတော့မရှိ ။ ပုဏ္ဏရိပ် ပင်တန်းကြားကနေ တံတား ငယ်လေး ကို ကျော် လျှက် အိမ်ထဲ သို့ လှမ်းဝင် လိုက်သည်။

အိမ်က သွပ်မိုးပျဉ်ကာ တိုက်ခံအိမ်ဖြစ်သည်။ ပျဉ်ချပ်တွေကို ရေနံဝဝ သုတ်ထား၏။ သူတို့ အိမ်က ပျဉ်ချပ်တွေ ရေနံမသုတ်ရတာ နှစ်မိုးလောက်ရှိရော့မယ်ဟု အမေတစ်ခါက ပြောဖူးသည်။ မျက်နှာစာတွင် အုပ်ကွက်များဖော် ကာ အလှဆင်ထားသည်။ အုတ်အိမ်အနီလေးတစ်ခု ဟုဆိုရမည်။ ခြံထဲတွင် ပန်းပင် အတော် များ များကို ပန်းအိုး နှင့်တစ်မျိုး မြေကြီးတွင်စိုက်၍ တစ်ဖုံစိုက်ပျိုးထားသည်။ အိမ်ပိုင်ရှင်သည် ပန်းတွေနှင့် ရင်းနှီး သူတစ် ယောက် ဖြစ် ပေမည်။

သို့ သော် သူ ဒီကိုလာခဲ့သည်မှာ အဖေ့ဆီကို လာခဲ့ခြင်းဖြစ်သည်။ သူ့ ဖခင်သည် ဤသို့ ပန်းများ စိုက်ပျိုးလျှက် နူးညံ့သူ စိတ်ကူးရင်သူ တစ်ယောက် မဟုတ်ပေ။ အဖေ ဒီမှာရှိတယ် ဆိုတာ သေချာရဲ့ လား။ အမေ့ညီမ အန်တီ့ ဆီကရသော အဖေ့လိပ်စာကကော မှန်ရဲ့လား ။ အိမ်မျက်နှာစာ အုတ်ကွက်အနီရောင်ကို အဖြူလိုင်း ဆွဲထား သော နံရံရှိ တရုပ်ကပ်မှန်တံခါးအထက်က အိမ်နံပါတ်နဲ့ တော့ ကိုက်သည်။ .... (၄၇-က) .....

အိမ်တံခါးကို စေ့ပိတ်ထားသည်။ မျောက်လက် က အဟသားဖြစ်နေ၍ အိမ်ထဲတွင်လူရှိ မည်ဟု ခန့် မှန်းရ သည်။ ပုဏ္ဏရိပ် ပင်တွေဝန်းရံထားသော ဤအိမ်ငယ်လေး သည် နေပြင်းပြင်းအောက်တွင် တိတ်ဆိတ် ငြိမ် သက် ၍ နေ သည်။ အဖေ့ကို တွေ့ ချင်ပါသည်။ သို့ သော် ဤအိမ်၏ အရှင်သခင်သည် အဖေ မဖြစ်စေလိုပါ။ သူယူလာသော လိပ်စာသည် အဖေ့ အလုပ်လိပ်စာသာဖြစ်သည်။ အဖေ ခရီးက ပြန်ရောက်ကာစမို့  နားနေ တာလည်း ဖြစ် ကောင်းဖြစ်မည်။ ခရီးပန်းလွန်း၍ အိမ်တန်းမပြန်နိုင်တာလည်း ဖြစ်နိုင်သည်။ အဖေ့သာမန် မိတ်ဆွေတစ် ယောက်၏ အိမ်ဖြစ်ပါစေ ဟု သူ ဆုတောင်းနေသည်။ အိမ်တံခါးတွင် ချိတ်ဆွဲထား သော ကြေး ခေါင်းလောင်း ငယ် ကို အသာ ဆွဲရမ်းလိုက်သည်။

“ အိမ်ရှင်တို့ ရှိပါသလား ခင်ဗျာ .... အိမ်ရှင်တို့ .... ”

သူ့ အသံက အိမ်တွင်းသို့ ခပ်အုပ်အုပ် ဝင်ရောက်သွားသည်။ ရုတ်တရက် ဘာသံမှ မကြားရ အိမ်တွင်းမှ နံရံတွင် ကပ်ထားသော နာရီက တချပ်ချပ် မြည်နေသည်။ “ အိမ်ရှင်တို့ .... ” ခဏအကြာတွင် အိမ်တွင်းမှ အမျိုးသမီးတစ် ယောက် ထွက်လာသည်။ သူ့ ရင်ဒိန်းကနဲ ဖြစ်သွားသည်။ အဖေရှိနေမည် ဆိုသော ဤလိမ်စာ သည် အဘယ့် ကြောင့် မိန်းမတစ်ယောက် ရှိနေသော နေရာဖြစ်နေသနည်း။ သူ များစွာ မတွေးလိုက်နိုင်ခင် အချိန်တွင် ထို အမျိုးသမီးက သံဇကာကွက်ကြားသော တံခါးကို လာရောက် ဖွင့်လေသည်။

“ ဘယ်သူ နဲ့ တွေ့ ချင်လို့ လဲကွယ့် ..... ” သူမ အသံက အနည်းငယ် စူးရှသည်။ သူ့ ကို စေ့စေ့ငင ကြည့်ပြီး စူးစမ်းနေသည်။ သူ အတတ်နိုင်ဆုံး ပြုံးပြလိုက်သည်။ သူမ နှင့်သူ အိမ်အဝ တွင် မျက်နှာချင်းဆိုင်မိကြသည်။

“ ကျွန်တော် အဖေနဲ့ တွေ့ ချင်လို့ ပါ အဖေ ဒီမှာရှိတယ်လို့ ပြောလို့ လာရှာတာပါ ... အဖေရှိလားမသိဘူးဗျ .... အော် အဖေ့ နာမည်က ဦးကျော်စိုးပါ ခင်ဗျာ ...”

“အော် ကိုကျော့်သားကိုး ..... လာလာ ကောင်လေး အိမ်ထဲဝင် ....”

ကို ကျော့်သားတဲ့ ။ သူမ က သူ့ ကို ဧည့်ခန်းသို့ ဦးဆောင်ခေါ်သွားသည်။ သူ ဝတ်စားထားသော အဝတ်အစား သည် ညဝတ်အကျီ င်္သင်တိုင်းကြီးဖြစ်သည်။ သင်တိုင်းကြီး၏အရောင်သည် အိမ်ရှေ့ တွင် ပွင့်နေသော ပုဏ္ဏရိပ် ပန်းတွေ ရဲ့ အရောင်မျိုး ၊ ကြည့်ရသည်မှာလည်း နည်းနည်း မှ အချိုးမကျသော ပုံသဏ္ဍာန်နှင့်။သူမက ဧည့်ခန်း စက်တီ ကုလားထိုင်တစ်ခုတွင် အသာဝင်ထိုင်လိုက်သည်။ ထို အမျိုးသမီးသည် အသက်အားဖြင့် သုံးဆယ့်ငါး သုံးဆယ့်ခြောက်နှစ် ပတ်ဝန်းကျင်လောက်ရှိမည်ဟု ထင်ရသည်။ မျက်လုံးမျက်ဖန်ကောင်းပြီး နှာတံပေါ်ပေါ်နှင့် မို့ သူမ လှနေသေးသည်ဟု ဆိုနိုင်သည်။ သူမ ၏ တွန့် လိမ်နေသောဆံပင်တွေ နီကျဲနေသည်ဟု ထင်မိသည်။

မျက်ခုံးမွှေးကို ခပ်ပါးပါး ဆွဲထား သည်။ နှုတ်ခမ်းသည် နီတွဲတွဲဖြင့် ခြောက်သွေ့ နေသည်။ သူမ မျက်နှာတစ်ခု လုံး သည် ထိုနှုတ်ခမ်းများကြောင့် ပူလောင်သွားသည်ဟု ဆိုနိုင်သည်။ သူ့ အိမ်ထဲဝင်ဖို့ တွန့် ဆုတ်နေသည်။ အသက် ရှူ ရတာလည်း တုံ့ ဆိုင်း နေသည်။ သက်ပြင်းကို အသာချပြီး အိမ်ထဲသို့ လှမ်းဝင်လိုက်သည်။ နေပူထဲ မှ လာ သော သူ့ အတွက် အိမ်၏ အရိပ်သည် အနည်းငယ် အေးမြသွားသည်ဟု ထင်လိုက်မိသည်။ သူမက ကုလားထိုင် ကို ခပ်ပြေပြေမှီလျက် ဒူးတစ်ဖက် ကို အခြားတစ်ဖက် ပေါ်သို့ တင်ကာ ချိတ်ထား လိုက်သည်။

ဖိနပ် ချွတ်မ ဖိနပ်တစ်ရံ သည် သူ့ အား ဆောင့်ကန်လိုက်သလို ကြိုဆို၏။ သားရေဖိနပ်တစ်ရံ ။ ဖိနပ်တွင် ထင် နေ သော ခြေရာသည် သူ နှင့်အလွန်ရင်းနှီး၏။ ခြေမအနားတွင် သိသိသာသာ ချိုင့်ခွက်ဝင်နေသော ထိုခြေရာ သည် ... ။ အိမ်၏ အရိပ် သည် အပြင်တွင် ကျွတ်ကျွတ်ဆူသော နေထက် ပိုပူသွား၏။ အိမ်ခေါင်းရင်းနံရံတွင် လွယ် အိတ်တစ်လုံးချိတ်ထားသည်။ လွယ်အိတ်ကို မြင်တော့ သူ့ မျက်နှာကို အားပြင်းပြင်းနှင့် ဖြတ်အရိုက်ခံ လိုက် ရသလို ခံစားလိုက် ရသည်။ သူ နားနောက်နားမှ စ၍ မျက်နှာတစ်ပြင်လုံး ခေါင်းတစ်ခုလုံး တဖြည်းဖြည်း တရှိန်းရှိန်းပူလာသည်။ ရင်တွေလည်း ခုန်လာသည်။ အဲဒီ လွယ်အိတ်သည် မနှစ်က အဖေနှင့်သူ အတူ သွားဝယ် ခဲ့ခြင်းဖြစ်သည်။ ဒါ အဖေ့အိမ်ပဲ ....။

“ထိုင်ပါ .. ကိုကျော်တော့ မရှိဘူး မင်းဘာပြောချင်လို့ လဲ ...... ကိစ္စက ”

သူမ အသံစူးစူးက သူ့ နားထဲ ဝူးဝူးဝါးဝါး ဝင်လာသည်။ ထိုင်ခုံပေါ် ထိုင်လိုက်ရပေမယ့် မထိသလို ခံစားနေရ သည်။ သူမ မျက်နှာက ခံစားချက်တွေ ကင်းမဲ့ နေသည်။ ဖော်ရွေသော အပြုံးမရှိ .... ။ မကျေနပ်သော အရိပ်အ ရောင် မရှိ ...။ အဲဒီမိန်းမ က အဖေ့ရဲ့ ဘာလဲ ။

“ဟုတ်ကဲ့ ကျွန်တော် အဖေနဲ့ တွေ့ ချင်လို့ ပါ ... အမေကလည်း ဆေးရုံတင်ထားရတယ် ..... ပြီးတော့ ကျွန်တော်တို့ မောင်နှမ ကျောင်းအပ်ရမှာ ရက်သိပ်မကျန်တော့လို့ ပါ ...... ”

အဲဒီ အမျိုးသမီးက သူမ ခေါင်းထက် နံရံပေါ်ရှိနာရီကို အသာမော့ကြည့်လိုက်သည်။ သူ့ ရင်ထဲက မေးခွန်းကို မေးလို့ ကောင်းမလား ... “ အန်တီက အဖေနဲ့ ဘယ်လို ပတ်သက်လဲ ” ဆိုတဲ့ မေးခွန်း .......။ အဖေ့ ဖိနပ်၊ ပြီးတော့ လွယ် အိတ် ....။ သူ့ ကို မွေးထားတဲ့ ဖခင်က အမေ့အိမ်မဟုတ်တဲ့ ဒီအိမ်၏ အမိုးအောက်တွင် ဘာလို့  ရှိနေရသနည်း။ ဒီအိမ်လိပ်စာကိုတောင်းတုန်းက အန်တီက ဘာလို့ မပေးချင်ရသနည်း ။ အန်တီက အဖေ ဘာလုပ်နေတယ်ဆိုတာ သိနေခဲ့၍လား။

“ မဖြစ်ဘူး အန်တီ အမေက ဆေးရုံတင်ထားရတာ အန်တီကို လည်း အားနာလှပြီ .... စရိတ်မျှပေးဆိုပေမယ့် ဘယ် လိုလုပ်မလဲ အမေ့ဆီမှာရှိတဲ့ ပိုက်ဆံလည်း ကုန်ပြီ ... အဖေ့ဆီမသွားလို့ မဖြစ်တော့ဘူး .... အဖေ့ အလုပ် လိပ်စာ အန်တီသိတယ် မလား ... လုပ်ပါ အန်တီရယ် သားသွားပြောလိုက်မယ် ... ပိုက်ဆံမရှိဘဲ အမေ့ ကို ဘယ် လို ဆေးကုမလဲ .... နောက် ဒီအပတ်ထဲမှာ ကျွန်တော်တို့ မောင်နှမ ကျောင်းအပ်ရမယ် ပိုက်ဆံက ကုန်ဦးမယ် ....”

အမေတက်ရောက်နေသော ဆေးရုံ၏ လှေ ကားရုံတွင် အန်တီ့ဆီက ဒီ အိမ်လိပ်စာကို တောင်းခဲ့မိသည်။ အန်တီက မျက်နှာမကောင်း။ သို့ သော် ဘာကြောင့်လဲလို့ လည်းမပြော ....။ တစ်ခုပဲမှာလိုက်သည် ....

“သားလေး ကိုကျော်စိုးနဲ့ တွေ့ ရင် သေချာပြောပြနော် မမလည်း ဆေးရုံတက်နေရတယ် ဆိုတဲ့ အကြောင်း အဖေ့ကို ရိုရိုသေသေပြောနော် ... ကြားလား ကလေး .....”

“အာ အန်တီကလည်း ကျွန်တော်က အဖေ့ကို သွားခေါ်မှာလေ ... အေးဆေးပါ အဖေနဲ့ သား တွေ့ တာပဲ အန်တီက လည်း စိတ်ချပါ အဖေခရီးကပြန်ရောက်ချင်ရောက်နေမှာ တစ်ခါတည်း အပါခေါ်လာမယ် .... ”

အန်တီ သူ့ ကို တစ်ခုခုတော့ ပြောလိုက်ဖို့ ကောင်းသည်။ အန်တီက သိတာပဲ ဒါဆို အမေကော ....။ ရောဂါ ဝေဒ နာ ကြောင့် ပင်ပန်းနွမ်းနယ်နေသော အမေ့ မျက်နှာကို သူမြင်နေမိသည်။ အမေ ..... အမေသိရက်နဲ့ နော်။ သူ့ ရှေ့ ညီမငယ်၏ ရှေ့ တွင် တစ်ချက် မှ အမေ့ မျက်နှာမညှိုးခဲ့ပေ။ “အဖေ အလုပ်များ တယ် ခရီးလည်း ခဏခဏ ထွက်ရတယ် ... မင်းတို့ စာကြိုးစားကြနော် ” တဲ့ .... ဒါပဲ သူ့ ကို အမေအမြဲပြောတဲ့ စကား က ဒါပဲ ....။ အမျိုးသမီး သည် သူ့  အား အသက်မပါသော မျက်နှာဖြင့် ကြည့်သည်။ သူ ဒီ မိန်းမကြီး မျက်နှာကို ကြည့်ရင်းက မုန်းလာ သည်။ လူတစ်ယောက်ကို ဘယ်တုန်းကမှ အဲလောက် သူ မမုန်းဖူးဘူးပေ။ ရင်တုန်နွမ်းလျနေသလို တစ်ကိုယ် လုံးလည်း တုန်တုန်ရီရီဖြစ်နေသည်။ ဘေးဘီကိုကြည့်တော့လည်း အဲဒီ ဖိနပ်နဲ့ နံရံ ပေါ်က တွဲလောင်းကျနေတဲ့ လွယ်အိပ်မှ အပ အဖေ့ အရိပ်အရောင်ကို မတွေ့ ရ ....။ သူ့ ရင်က အဖိခံထားရသလို လေးပင်လာသည်။

“ အေးအေး သူ ပြန်လာတော့ ပြောလိုက်မယ် .... မင်းက ဘယ်နှစ်တန်းရောက်ပြီလဲ ....”

“ဆယ်တန်း .....”

သူ့ အသံက တုန်ရီစွာထွက်သွားသည်။ အဲဒီ မိန်းမကြီး မျက်နှာ မကြည့်ချင်၍ အသာ အိမ်ထဲကို ဝေ့ဝိုက်ကာ ကြည့် နေလိုက်သည်။ အဲဒီ မိန်းမကြီး၏ မျက်နှာမျိုးကို သူ ဘယ်တော့မှ မေ့တော့မည် မဟုတ်။ အေးစက်တဲ့ မျက် လုံးတွေ၊ အပြုံးမရှိတဲ့ မျက်နှာ ...။ တွေ့ ပြန်ပြီ။ အဲဒီ ပြတင်းပေါက်မှာလှမ်းထားတာ အဖေ့ပုဆိုး။ ဖိနပ်၊ လွယ်အိတ်၊ ပုဆိုး .... ။ အိပ်မက် မက်နေတာ ဖြစ်ပါစေ .....။ မဟုတ်ဘူး သူ့ အဖေ ဦးကျော်စိုးက ဒီလို လူမျိုး မဟုတ်ဘူး။ သူ့ ကိုရော ညီမငယ်ကိုပါသိပ်ချစ်တာ။ အမေ့ကိုလည်း ချစ်တာပဲ။ သူ မယုံချင်ဘူး။ မယုံလို့ လည်း မရတော့ဘူး။ သူတို့ အိမ်မဟုတ်သော တစ်ပါးသော အဖေ့အိမ်ထဲမှာ အမေမဟုတ်တဲ့ အဖေ့ မယားကို တည် တည် ငြိမ်ငြိမ်နဲ့  မျက်နှာချင်းဆိုင် စကားပြောရလောက်အောင် သူ့ အရွယ်က ငယ်လွန်းနေသေးသည်။ အမေ့ ကို ပစ်ပြီး ဒီမိန်းမ ကြီးနဲ့ မှ အဖေ တူတူနေခဲ့ရလောက် အောင် ဘာတွေများ အမေ့ထက်သာနေသနည်း။ ဘယ်မှာ လဲ အဖေ့ အချစ် တွေ ။ ဘယ်မှာလဲ သားသမီးသံယောဇဉ်တွေ ...။ ဘယ်ရောက်ကုန်ပြီလဲ ....။ ဒီမိန်းမတစ်ယောက် တည်းနဲ့ သာ ယာနေတဲ့  သူတို့ မိသားစုကို မုန်တိုင်းတိုက် စေတော့မည် ....။ မဟုတ်ဘူး မုန်တိုင်းက တိုက်နေပြီ .... သူက သာ လေပြေအမှတ်နဲ့ ရှိနေခဲ့တာ....။

“အော် ဆယ်တန်းတောင်ရောက်မှကိုး .... မင်းအဖေကို စောင့်ဦးမလား သူက မိုးချုပ်တတ်တယ် ....”

ဆယ်တန်းတောင် ရောက်မှကိုးဆိုတာ ဘာစကားလဲ။ ဘယ်အချိန်ကတည်းက အဖေ သူမနဲ့ အတူတူ ရှိနေရ သလဲ။ သူ ရှက်သည်။ ဝမ်းနည်းသည်။ ယူကျုံးမရဖြစ်သည်။ မုန်းသည်။ အဖေ့ဖိနပ် ကြီးရှိနေရက်နဲ့  သူ့ ကို ထွက်မ တွေ့ ။ ထွက်မတွေ့ အောင် ဒီမိန်းမကြီးက ဘာတွေ ပြောထားလို့ လဲ။ သူ့ ကို ထွက်တွေ့ ဖို့ အဖေ ရှက်တော့ ရှက် တတ်သေးသားပဲ။ စောင့်ပြီးသူ ဘာသွားလုပ်ရမှာလဲ ...။ မတွေ့ ချင်တဲ့ အဖေ့ကို ထိုင်စောင့် တော့ကော ဘာထူး မလဲ။ သူ ရင်တွေ နာပြီး ရင်း နာရတာ ပဲ အဖတ်တင် မည်။ ခင်ဗျားကြီးက ကျုပ်အဖေကို သိမ်းပိုက်ထားပြီလေ ...။ ဟိုမှာ အမေသေတော့မယ် .....။ သူ့ စိတ်ထဲမှာ အော်နေသည်။ ပါးစပ်ကတော့မ ထွက်။ နှုတ်ခမ်းဖျားတွေသာ တဆတ်ဆတ်တုန် နေသည်။ ရှစ်တန်းကျောင်းသားဘဝက အဖေ့အကြောင်း ရေးခဲ့သည့် စာစီစာကုံးတစ်ပုဒ်ကို သတိရသည်။



“ အဖေသည် ကျွန်တော့် သူရဲကောင်းဖြစ်သည်။ နေ့ အချိန်တွင် ကျွန်တော့အမေ၏ မေတ္တာဖြင့် ၊ ညအချိန် အဖေ အိမ်ပြန်လာသော အခါ အဖေ ပေးသော ခွန်အားဖြင့် ကျွန်တော်တို့ မောင်နှမ ကြီးပြင်းခဲ့ရသည် ....” ဒီစာသားကို သူ မိန်မိန်ကြီး ရေးခဲ့မိ သည်။ အဖေသည် မိသားစုတစ်ခုလုံးအတွက် အရာရာကို ပေးအပ်နှိုင်သူ အဖြစ် အဖေ့ကို လေးစားခဲ့သည်။ အဖေသည် သူ တို့ အိမ်၏ အမိုးဆိုလည်း ဟုတ်သည်။ ထုတ်ဆိုလည်း မှန်သည်။ ယက်မတန်း ကြီး ဆိုလည်း မှန်သည်။ အိမ်၏ တိုင်တွေဟုလည်း ဆိုက လည်း မှန်သည်။ အုတ် ဖိနပ်တွေဆိုကလည်း မှန်သည်။ အဖေ သည် သူ တို့ မိသားစု၏ မှီတွယ်ရာ အားကိုးရာ ဖြစ်သည်။ ဘယ်လို အသည်းနှလုံးနဲ့ အဖေ.... အမေ့ကို မျက်နှာပြောင်တိုက်ရက်သနည်း။ အမေကကော အဖေ့ကို ဒီလိုဖြစ်နေမှန်း သိရက်က အဖေအိမ်ပြန်လာတိုင်း ပြုံးပြုံးရွှင်ရွှင် ကြိုဆို လေသ နည်း။ ဘာလို့ အဖေ့ကို ရန်မတွေ့ လေသနည်း။ မသိဟန်ပြုနေလေသနည်း။

“ ကျွန်တော်ပြန်တော့မယ် .... အဖေ ရှိနေတယ် ဆိုတာ သားသိပါတယ် .... အဖေ ထွက်မတွေ့ ချင်ဘူး ဆိုရင် လဲ နေပါ ....... ဒါပေမယ့် အမေ့ကိုတော့ ....... အမေ့ကိုတော့........ ပြန်ကြည့်ပါဦး နော် သားနဲ့ ညီမလေး ကျောင်းမတက်ရလို့ ဘာမှ မဖြစ်ပါဘူး ... အမေ မရှိရင် .... အမေမရှိရင် .... မဖြစ်လို့ ပါ အမေ့ကို သနားလို့ ပါ .... သားပြန်တော့မယ် အဖေ ....”

“မင်းဘာတွေပြောနေတာလဲ .... မင်းအဖေမှ မရှိတာ .... ဟဲ့ကောင်လေး ... ဟော ......”

ထိုမိန်းမ၏ စကား အဆုံးကို မစောင့်တော့ပဲ .... သူ အိမ်ထဲမှ အတင်းပြေးထွက်လာခဲ့သည်။ သူ့ နားတွေ အူနေ သည်။ ရင်တွေလည်း ပူနေသည်။ ငိုလည်း ငိုချင်နေသည်။ အော်လည်း အော်ဟစ်ပစ်လိုက်ချင်သည်။ ပတ်ဝန်း ကျင် သည် အိုးထိန်စက်ပမာ လည်နေသည်။ နေပူပြင်းပြင်းသည် သူ့ ရင်ထဲက ပူပင်သောကကို မကျော် လွှား နိုင်။ သူ ပြေးသည် ... ဆင်းခဲ့သော ကားဂိတ်ကို ပြေးနေသည် ...။ ထိုကားဂိတ်ကို ကျော်ပြီးထပ်ပြေးသည်။ သူ့ ကို လူတွေက အရူး တစ်ယောက်လို ကြည့်နေကြတာကို မျက်လုံးဒေါင့်ကနေ တရိပ်ရိပ်မြင်နေရသည်။ ဘယ်နှစ်တိုင် ပြေးခဲ့သည် မသိ သူသတိရတော့ လွန်စွာပင်ပန်းနေပြီဖြစ်သည်။ နွမ်းနယ် နေပြီဖြစ်သည်။ အားလည်း ငယ်လှပြီ ဖြစ်သည်။ အမေ့ မျက်နှာကို မြင်ယောင်မိသည်။ ညီမငယ်၏ ချစ်စဖွယ် အပြစ်ကင်းသည့် မျက်နှာလေးကို မြင် သည်။ သူတို့ နေသော အိမ်လေးကို မြင်သည်။ နောက် သူ့ အဖေ ဦးကျော်စိုးကြီးကို မြင်သည်။

အဖေ့ကို သူစိတ်နာကြည့်သည်။ အဖေ့ကို စိတ်ဆိုးပါသည်။ သို့ သော် စိတ်နာ၍ မရ မုန်းလို့ မရ ....။ အဖေ့ကို ချစ်သော သူ့ အချစ်သည် ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်။ နားမလည်ခြင်းသည် သာဖြစ်သည်။ အဖေ့ကို သူ နားမလည် ပေ။ “ နောက် မင်းနားလည်လာ လိမ့်မယ် အသက်ကြီးလာတဲ့ အခါ ..... ” အကြောင်းအရာ ကိစ္စတစ် ခု နှင့်ပတ်သက်၍ သားအဖ နှစ်ယောက်စကားပြောဖြစ်တဲ့ အခါ၊ အဖေက သူ့ ကို ဆုံးမတဲ့ အခါတိုင်း အဖေ ပြော နေ ကျ စကား ....။ သား နားမလည်ဘူး ... အဖေ့ကို နားမလည်ဘူး ..... လောကကြီးကို နားမ လည်ဘူး ... အသက် ကြီးလာရင် နားလည် ပါ့မလားလည်း မသေချာဘူး ...။ ခုတော့ သူ့ ရင်တစ်ခုလုံး ကြေမွ သွား သလို ခံစား နေရပြီ။ ရွှေ တောင်ကြီးလည်း ပြိုပြီ။ အမေ့ကလည်း ရောဂါနှင့် ဆေးရုံမှာ သေလုမျောပါး ခံစားနေရသည်။ လိုနေတဲ့ ပိုက်ဆံဘယ်မှာလဲ ....။ ဘယ်လိုရှာရမလဲ .... ။ သူ မသိ ..။

အဖေကတစ်ယောက်က သားသမီးတွေအတွက် လုပ်ပေးနိုင်တဲ့ အထဲမှာ အရေးအကြီးဆုံးက အမေ့ကို ချစ်ဖို့ ပဲမဟုတ်လား။ အဖေဟာ အမေ့ကို ချစ်ဖို့ ပျက်ကွက်ခဲ့သည်။ သူ လေးစားခဲ့သော အားကိုးခဲ့သော ယုံကြည်ခဲ့ သော အဖေက သစ္စာဆိုတဲ့ စကားကို မြေ မှာ အသာကလေးချပြီး နင်းရက်လေသလား ဟု သူ မချိတင်ကဲ ဝမ်း နည်း လျှက် မယုံချင်ပဲ ယုံခဲ့ရသည်။ သူ့ နားတွေ မျက်စိတွေနဲ့ ကိုယ်တိုင် မမြင်ခဲ့ရ မကြားခဲ့ရရင်ဘယ်လိုမှ သူ ယုံ မိမှာမဟုတ်။ ငယ်ငယ် ကလို ငါ့အဖေက ငါတို့ ကို သိပ်ချစ်တယ် ဆိုတဲ့စကား သူ ဘယ်လိုပြောရမှာလဲ။ ဘယ်လို ပြောပြီး ဂုဏ် ယူရမှာလဲ။ သူ့ ရင်ထဲမှာ အဖေနှင့်ပတ်သက်သော ယုံကြည်ချက် သည် ဖြူရာမှ မည်းပြာလို့ သွာခဲ့လေပြီ။ အနှစ် နှစ် အလလ သောက်သုံးခဲ့ သော သူတို့ အိမ်၏ ရေချိုတွင်းသည် ငန်သွားခဲ့လေပြီ။ ငန်သော ရေချိုတွင်း ကြီး ခန်း များခန်းသွားရင် ....။ သူ ဆက်မတွေး ရဲတော့ပါ။

သူတို့ အိမ်လေးသည် အရှင်သခင်ကင်းမဲ့ လျှက်က တိတ်ဆိတ်ခြောက်ကပ်လို့ နေသည်။ နေတောင် အတော် စောင်းသွားပြီ။ မနက်ခင်းက အန်တီလုပ်ပေးထားသော ကြက်စွတ်ပြုတ်ကို နွှေးပြီး အမေ့ဆီကို ပို့ ပေးရမည်။ တစ်နေ့ လုံး အမေ့ဘေးတွင်စောင့်ပေးနေသော ညီမလေးနှင့်သူ လူချင်းလဲရမည်...။ ဘုရားစင်မှ ပန်းတွေလည်း ညှိုးရော်လို့ နေပြီ ...။ အမေ့လက်နှင့် မကင်းခဲ့သော အိမ်လေး၏ အစွန်းတိုင်းသည် ခုတော့ ဖွာလို့ နေသည်။ သူ အမေနဲ့ အဖေ့ရဲ အိပ်ယာကို ကြည့်ရင်းက ရင်ထဲမှာ လှိုက်လှိုက်ပြီးဝမ်းနည်းလာသည်။ အမေ ဒီ အိပ်ယာပေါ်မှာ သူ တို့ မသိဘဲ ငိုခဲ့ရသောညတွေ အဘယ်မျှရှိနေပြီနည်း။

အဖေ .. ရက်စက်တယ်ဆိုတဲ့ စကားက အဖေ့အတွက် မလုံလောက်ဘူး ဆိုရင် တောင် သား မပြောရက်ပါဘူး ... ။ အမေ့ကိုသနားသည်။ ချစ်သည်။ အမေဟာ သူတို့ အတွက် အဖေ ဖောက်ပြန်နေတာကို သိရက်နဲ့ က အပြုံးမပျက် ဟန်ဆောင် နေခဲ့သည်။ ပစ်ထားခဲ့ချင်နေတဲ့ အဖေက အပြစ်တွေ့  သွားမှာကို စိုးရိမ်လျှက် သားသမီးတွေ အတွက် အမေ မျိုသိပ်နေခဲ့သည်။ အမေ့မျက်နှာ ညိုတာတစ်ခါမှ မတွေ့ ဘူး။ အဖေ့ကို လေသံမာမာလေးနဲ့ ပြော တာတောင် မကြားဖူးပေ။



ခုတော့ သူငိုလို့ ရပြီ ... ရင်ထဲက အစိုင်အခဲတစ်ခုကို မျက်ရည်များအဖြစ်ပြောင်းကာ သူ အော်ငိုလိုက်သည်။ ငိုရင်းက အဖေနဲ့ အမေ့ရဲ့ အိပ်ယာကုတင်ကို တဒုန်းဒုန်းထုနေမိသည်။ သူ့ ရင်တွေ နာကျင်သည်။ ဝမ်းနည်းသည်။ ကြေကွဲ ဆို့ နင့်နေသည်။ သူ အားရအောင် ငိုပစ်လိုက်သည်။ ငိုရင်းနှင့် မျက်ရည်တွေ ကျမလာတော့သောအခါ သူ့ ရင်ထဲတွင် ဟာဟာကြီးဖြစ်ကျန်ခဲ့သည်။ လူက ခံစားချက် ကင်းမဲ့သလို ထုံပေပေကြီးဖြစ်သွားသည်။ အမေ့ အငွေ့  အသက် လေး ရှိနေသော အမေ့ သနပ်ခါးနံ့ ကလေး ရှိနေသော ထို အိပ်ယာလေးကို ပါးနဲ့ အပ်ပြီး အသာ ပွတ်သပ်နေမိသည်။ သူ့ ပုခုံးသို့ နွေးထွေးသော လက်တစ်စုံ လာရောက်ဖက်တွယ် လိုက်ကြောင်း သတိထားမိ လိုက်သည်။ ရင်ထဲတွင် ဒိန်းကနဲဖြစ်သွားပြီး ဆတ်ကနဲ လှည့်ကြည့် လိုက်တော့ တွေ့ ပါပြီး မိုးချုပ်နေတဲ့ အဖေ့ မျက်နှာ ...။

“သား .... ”

သူ အဖေ့ကို မျက်ထောင့်နီနဲ့ ကြည့်ဖို့ ကြိုးစားသည်။ သူ့ ပခုံးပေါ်သို့ ရောက်နေသော အဖေ့လက်ကို အတင်း ပုတ်ချလိုက်ဖို့ ကြိုးစားသည်။သို့ သော် အဖေ့မျက်နှာက နူးညံ့ နေသည်။ မျက်လုံးတွေက မျက်ရည်တွေ ဝေ့လို့  နေသည်။ နှုတ်ခမ်းတွေက ခြောက်သွေ့ ကာ တုန်ရီနေသည်။ ဒါက အဖေ့ရဲ့ တောင်းပန်မှုလား။ သားတစ် ယောက် ကို အဖေက တောင်းပန်စရာမလိုပါဘူး။ အဖေ့ကို သူ တားမြစ်ပိုင်ခွင့်လည်း မရှိဘူး။ အသနားခံ ပိုင်ခွင့် သာရှိပါ သည်။ အဖေ နဲ့ ပတ်သက်၍ ပျော့ညံ့တယ် ဟုပြောရင်လည်း ခံလိုက်ရုံသာရှိသည်။ သူ အဖေ့ ကို ဒေါသနှင့် ပင် မကြည့်နိုင်ပါ ... ဝေးကွာသွားပြီဟု ယုံကြည်ခဲ့ရသော အဖေ့ရင်ခွင်သည် သူ့ အတွက် နွေးထွေးလွန်း နေစဲဖြစ် သည်။ ချွေးတွေဖြင့် စိုနေသော အဖေ့ ရင်ခွင်သည် သူ ခေါင်းထားငိုကြွေးရန် အကောင်းဆုံးသော နေရာ သာဖြစ် သည်။ အဖေကို မြင်လိုက်ရတာ သားလေ... သား.... ပျော်လှချီရဲ့  အဖေ ရယ်....။ ဝမ်းလည်း နည်းတယ်။ စိတ် လည်း ဆိုးတယ်။ အမေကို သနားလှည့်ပါဦး .....။ သားတို့  ကိုမထားခဲ့ပါနဲ့  ....။

“အား ... ဟီး အဖေ ... အဖေ .... ဖေ့ကိုသား ချစ်တယ် .... ဟီး... မသွားပါနဲ့ နော် .. ဖေ မသွားပါနဲ့ အဲဒီကို မသွားပါနဲ့  အမေလေ ......... အမေ ဖေ့ကို မျှော်နေတယ် ..... အားဟား ”

အဖေ့ က သူ့ ဆံပင်များကို ပွတ်သပ်ပေးနေသည်။ အမေ့ နှလုံးသွေးတို့ ဖြင့် တရဲရဲနီနေသော ထိုအိမ်ထဲမှာ အဖေ တကယ်ပဲ ရှိနေခဲ့သည်ပေါ့။ အဖေ့ ပုခုံးထက်က လွယ်အိတ်ကလေးကို သူ လက်ဖြင့် အသာထိကြည့်လိုက် မိသည်။ ထိုလွယ် အိတ်ကလေးသည် အမေ့အိမ်ထဲတွင် ရောက်နေသော အဖေ့ ပခုံးပေါ်တွင် သူ့ ကို ကြင်ကြင် နာနာနှင့် ပြုံးပြတတ်ပါသည်။ သို့ သော် ရေချိုတွင်းကား ငန်သွားခဲ့သည်မှာ အိပ်မက်တစ်ခု မဟုတ်ပါပေ ...။


“The most important thing
a father can do
for his children is to love their mother.” -

(David O. McKay)




ပုံလေးတွေကို နှိပ်လိုက်ရင် မူရင်း Website ကိုရောက်ပါလိမ့်မယ် .... :D

*************

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူး တင်ပါတယ်....ကျွန်တော့်ရဲ့ မတတ် တတတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင် တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

28 comments:

ကိုလူထွေး said...

ဒီလိုမိသားစုတွေအကြောင်းဖတ်ရတာ စိတ်မကောင်းဘူးဗျာ...

ခံစားချက်တွေက တူနေတတ်တော့ကာ ဒီတခါလဲ ကြုံလို့ ကြော်ငြာဝင်ပါရစေ...

http://koluuhtwe.blogspot.com/2009/04/blog-post_09.html

ခင်မင်စွာဖြင့်
းဝ)

myatnoe said...

အဲလိုယောင်္ကျားတွေကို .. မုန်းတယ်.။

သစ္စာမရှိတဲ့ ယောင်္ကျားတွေကို သတ်ပစ်ချင်တယ်။

ဒီဝတ္တုဖတ်ရတော့ ရေးသူက တအားကောင်းတော့

အဖေလုပ်သူကို အတော်မုန်းမိတယ်။

mysterysnow said...

အင်း ဖောက်ပြန်တတ်တဲ့ လောကကြီးကို အပြစ်ပုံချရအုံးမှာပေါ့နော်...

အဖေဆိုတာ သားသမီးတွေအတွက် Role Model ပဲဖြစ်သင့်တာလေ....

အယူမှား အတွေးမှားတွေက ဒီလို Broken Family တွေကနေ စပြီးပြန့်ပွားတတ်ပါတယ်..

နှင်း

Angel Shaper said...

သယ်ရင်း ရကောက်ရေ... အရမ်းကောင်းတယ်ဟ။
င့ါဟီးရိုးကြီးသာ အဲလို လုပ်ခဲ့ရင် ငါ သတ်မိမှာပဲ သိလား။ ငါတို့ ငယ်ငယ်တုန်းက အချစ်ဆုံးသူငယ်ချင်းရဲ့ အဖေ ( ကိုယ့်အဖေလို ချစ်ခဲ့ရတဲ့ ဦးလေး ) က အဲလို လုပ်ခဲ့ဖူးတာကိုးးးးးး
အဲဒါကြောင့် အဖေ့ကို ငါပြောခဲ့ဖူးတယ်။ အဖေသာ အဲလို လုပ်ခဲ့ရင် သမီး အဖေ့ကို သမီးလက်နဲ့ လာသတ်မှာလို့ ။ အဖေအဲလို လူမဟုတ်မှန်းငါ သိပေမယ့် ငါက သစ္စာမဲ့တာကို သိပ်မုန်းတယ်။ စိတ်မကောင်းဘူးဟာ။ နင်အဖေဖြစ်ရင် အဲလိုမလုပ်နဲ့နော်။ ငါလာသတ်မှာ။ ဒါပဲ...

ဇော် said...

ပြင်းထန်လှချေလား အိမ်ကျယ်ရ။ =]
အရာအားလုံးက အကြောင်းရှိလို့ အကျိုးဖြစ်တာချည်းပဲလေ။
အိမ်ကျယ်က သတ်ပြီးတော့ရော ဘာလုပ်နိုင်မှာမို့လဲနော်။ လူတိုင်းလူတိုင်း ဘုရားကိုသိရင် သိပ်ကောင်းမယ်။ =]
ကျနော့်အဖေနဲ့ ကိုသာ အဲ့လိုလုပ်ခဲ့ရင် ကျနော်ကတော့ ခွင့်လွှတ်နိုင်အောင် ကြိုးစားမယ်။ ပြီးရင် အားလုံးနဲ့ ဝေးရာကို ကျနော်ထွက်သွားတော့မယ်။ ကျနော် သူတို့ရှေ့ကနေ တိတ်တိတ်လေး ပျောက်ဆုံးလိုက်မယ်။ သူတို့စိတ်ချမ်းသာဖို့ပါ။ အဲ့လိုစိတ်မျိုး ကျနော့်မှာ ရှိတယ်။ ကောင်းမကောင်းတော့မသိဘူး။ ဒါပေမယ့် ကျနော်အဲ့လို တုံ့ပြန်ဖို့ပဲ စိတ်ကူးထားမိတယ်။

ကိုရန်ကုန်ကတော့နော်။ အတော်ကို ကလောင်စွမ်းထက်ပဲ။ =]

ဇော် said...

ပြင်းထန်လှချေလား အိမ်ကျယ်ရ။ =]
အရာအားလုံးက အကြောင်းရှိလို့ အကျိုးဖြစ်တာချည်းပဲလေ။
အိမ်ကျယ်က သတ်ပြီးတော့ရော ဘာလုပ်နိုင်မှာမို့လဲနော်။ လူတိုင်းလူတိုင်း ဘုရားကိုသိရင် သိပ်ကောင်းမယ်။ =]
ကျနော့်အဖေနဲ့ ကိုသာ အဲ့လိုလုပ်ခဲ့ရင် ကျနော်ကတော့ ခွင့်လွှတ်နိုင်အောင် ကြိုးစားမယ်။ ပြီးရင် အားလုံးနဲ့ ဝေးရာကို ကျနော်ထွက်သွားတော့မယ်။ ကျနော် သူတို့ရှေ့ကနေ တိတ်တိတ်လေး ပျောက်ဆုံးလိုက်မယ်။ သူတို့စိတ်ချမ်းသာဖို့ပါ။ အဲ့လိုစိတ်မျိုး ကျနော့်မှာ ရှိတယ်။ ကောင်းမကောင်းတော့မသိဘူး။ ဒါပေမယ့် ကျနော်အဲ့လို တုံ့ပြန်ဖို့ပဲ စိတ်ကူးထားမိတယ်။

ကိုရန်ကုန်ကတော့နော်။ အတော်ကို ကလောင်စွမ်းထက်ပဲ။ =]

မေဇင် said...

အဖေ က အဖေ ပဲ ဆိုပေမယ့်.... နောင့် ဒီလို မိသားစု မျိုး မလိုချင်ဘူး...ဒီလို စာမျိုး ဖတ်ရတိုင်း အဖေ နဲ့ အမေ ကို ကျေးဇူးတင်တယ်...။ နောင့် တို့ကို အဲ့လို ဘ၀မျိုး ရောက်အောင် မလုပ်ခဲ့တဲ့ အတွက်ပေါ့...။ စာရေးသူ အရမ်းကောင်းတယ်... ရွှေအမြူတေ ကိုပို့ပါလား...း))

poemflower said...

ရန်ကုန်သားရဲ့ အတွေးအရေးလေးကို လာဖတ်ပါတယ်
ဖတ်ပြီးတော့ မိသားစုရဲ့ သနားစရာဘ၀ကိုခံစားရပါတယ်..

တလနွန် said...

စာလာဖတ်ပါတယ် ကိုရန်ကုန်သားရေ။
အိမ်ထောင်ရေးဖောက်ပြန်တာတွေက တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်ဗျ။
မိသားစုတိုင်း ရေချိုတွင်း မငန်ပါစေနဲ့ လို့ 
ဆန္ဒပြုလိုက်ပါတရ်။

ခင်မင်လျက်
တလနွန်

သက်တန့်ချို said...

ရေချိုတွင်းတွေရေမငံပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ....

ရွာသားလေးဝိုင်တီယူ said...

ကျနော်ခုနှစ်တန်းတုံးက ခိုးဖတ်ခဲ့ရတဲ့ ဒိုင်ယာရီလေးနဲ့အတူ သတိတရ ကျနော်ပြန်ငိုမိပြန်ပြီ။ အဲ့တုန်းက အစ်ကိုဝမ်းကွဲရဲ့ ကွဲနေတဲ့ အဖေနဲ့တွေ့ဆုံရတဲ့ အကြောင်းလေးကို ခိုးဖတ်ရဘူးတယ်။ တော်လည်းစပ်ပါလျက်အဖေခေါ်ဖို့ ခက်ခဲ့တဲ့ သူ့အဖြစ်လေ။ မွေးပြီးကတည်း အဖေကို မမြင်ဖူးခဲ့ဘူး။ အဲ့တစ်ကြိမ်က ပထမဆုံးနဲ့နောက်ဆုံးအခေါက်ပေါ့။ သူ, ခိုးပြီးသွားတွေ့ခဲ့တာ။ ဖတ်ပြီးတော့ ရင်ထဲမှာ ဆို့နင့်ကြေကွဲရတယ်။ အဲ့အချိန်ကစပြီး အိမ်ထောင်ရေးဖောက်ပြန်မှုဆိုတဲ့စကားလုံးကို ကျနော့တူးတူးခါးခါးဖြစ်မိတယ်။ ကိုယ်တိုင်ကြုံရတဲ့သူတွေဆို ဘယ်လောက်ထိ ပြင်းထန်ရက်စက်တဲ့လောကဓံလဲနော်။ မိရယ်ဖရယ် စုံစုံညီညီနဲ့ နေရတဲ့ ဘ၀တွေအားလုံးကိုယ်စီကိုယ်ငှ ရကြပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျာ

မေလေး said...

ဟင်းးးးးးးးး
ဘာပြောရမှန်း မသိအောင် ရင်မောသွားတယ်
ပါးပါးကိုလဲ ကျေးဇူးတင်မိတယ်
အဲလို အဖြစ်မျိုး မဖြစ်အောင် လေးစားထိုက်တဲ့အဖေတစ်ယောက် ရခဲ့လို့ဘဲ။
ယောင်္ကျားတွေ သာယာမှုနောက် မပါကြရင် သိပ်ကောင်းမှာဘဲ။

မေတ္တာရောင်ပြန် said...

ဒီပိုစ့်လေး ဖတ်ပြီး ဒေါသထွက်သလိုပဲ ရန်ကုန်သားရယ်။ အိမ်ထောင်ရေ ဖောက်ပြန်ပြီး သစ္စမရှိတဲ့ အလုပ်ကို လုပ်တဲ့ ယောကျာင်္းတွေကို ရွံမုန်းတယ်။

့hnin said...

ရန်ကုန်သားရေ...
ရင်ထဲမှာ နင့်နေအောင် ခံစားလိုက်ရတယ်...။
တော်လိုက်တဲ့ ကလောင်ရှင်လေး...။
နှင်းရဲ့ သုံးသပ်ချက်ကတော့ သားသမီးတိုင်းအတွက် မိဘ ဟာ မိဘ ပါပဲ။ နှင်း သာ အဲဒီ့နေရာမှဆိုရင်
အတိတ်က မမြင်နိုင်တဲ့ အကြောင်းတရားတွေကြောင့်လို့ပဲ ခွင့်လွှတ် ကျေနပ်ဖို့ ကြိုးစားရမှပဲ...။
ရေချိုတွင်းတွေ ငန်သွားမသွားရအောင် ...မိမိ အပါအ၀င်
မိဘဖြစ်လာကြမဲ့
သူတွေ အားလုံးမှာ တာဝန်ရှိပါတယ်..။စာတွေအများကြီး ရေးနိုင်ပါစေနော်...။

လေးစားခင်မင်မှုများဖြင့်
နှင်းဟေမာ

မြစ်ကျိုးအင်း said...

လူတိုင်းလူတိုင်းကိုယ့်တာဝန်ကိုယ်ကျေဘို့ အရေးကြီး တာပဲလေ...။
အိမ်ထောင်ရှင်မဖြစ်ခင်နဲ့ ဖြစ်ပြီးသွားတဲ့ဘ၀ အခြေအနေက အများကြီးကွာသွားပြီ။

ခံစားပြီးဝင်ရေးပေးတဲ့ ဇာတ်ကောင်နေရာက ပီပြင်အောင်ရေးဖွဲ့နိင်စွမ်းရှိတယ်။အားပေးပါတယ်။

WWKM said...

အင်း...ဇာတ်လမ်းလေးကကောင်းလိုက်တာ.
ဘာပြောရမယ်မှန်းတောင်မသိတော့ဘူး။
အစ်မရဲ့ ဖေဖေ က မေမေကို အရမ်းချစ်သလို ၊ အစ်မရဲ့
ယောက္ခမဖေဖေက ယောက္ခမမေမေကို အရမ်းချစ်တာလေ.. သူတို့တွေကို တကယ်အားကျမိပါ
တယ်။သူတို့တွေလို အသက်ကြီးတဲ့ အချိန်အထိ အမျိုး
သားရဲ့ဂရုစိုက်မှု ၊ချစ်ကြင်နာမှုကို ရယူလိုပါတယ်။ဒါပေ
မယ့် ကံကြမ္မာဆိုတာက ပြောလို့မရဘူးနော်။ပို့စ်လေး
ဖတ်ပြီး စိတ်ထဲမှာ တမျိုးလေးခံစားသွားရပါတယ်။
အစ်မဆိုရင်လည်း အဲလိုယောကျာင်္းမျိုးဆို လုံးဝခွင့်မလွတ်ဖူး။သတ်ပစ်ဖို့လည်း စိတ်မကူးပါဘူး။
သူမကြင်လို့ ကိုယ်မကြင်တာပဲလို့ မှတ်မှာပဲလေ။

စာရေးအရမ်းကောင်းတယ် မောင်ရန်ကုန်ရေ။
ခရီးမသွားခင် လာဖတ်သွားပါတယ်။

မကြီးဝါ

rose of sharon said...

ဒီဇာတ်လမ်းလေးဖတ်ပြီး မိသားစုကိုတွယ်တာလွန်းတဲ့ ဖေဖေ့ကို ကျေးဇူးတွေတင်မိပြီး ပိုလွမ်းသွားတယ်

အနော် said...

ဒီလိုအဖြစ်တွေကတော့ ရှိနေတာပဲ ရှိနေဆဲပဲ ရှိနေဦးမှာပါ ဖောက်ပြန်တတ်တဲ့လူစားမျိုးဟာ ဝတ္ထုထဲတင်သာမက အပြင်အပမှာပါ ရှိနေတာပဲလေ
သားတစ်ယောက်ရဲ့ရင်ထဲက ငိုညည်းသံတွေကို လာနားထောင်သွားတယ် အကိုရန်ကုန်
ဝတ္ထုတိုက အဆက်အစပ်ရှိရှိနဲ့ အသက်ဝင် ရုပ်လုံးကြွလွန်းတယ်
သားကလေး ထွက်ပြေးသွားတဲ့အချိန်မှာ စာဖတ်နေတဲ့သူပါ သူနဲ့အတူ လိုက်ပြေးမိတယ်
တွယ်တာစရာ အဖေကို ဖက်ပီး ငိုသလို စာဖတ်သူပါ ရင်ထဲနင့်အောင်ကို ခံစားရတယ်
ရေချိုတွင်းလေး ငန်သွားတဲ့အကြောင်း ခင်းကျင်းပြတဲ့အချိန်မှာ ပါးစပ်ထဲမှာ အငန်အရသာကို လိုက်ခံစားမိတယ်
မိသားစုရှိရက်နဲ့ နောက် အိမ်ထောင်ပြုတဲ့သူတွေကို ဘယ်လိုနည်းနဲ့မှ မစာနာနိုင်ဘူး မသနားနိုင်ဘူး
ကြားထဲက အပြစ်မရှိတဲ့ ကလေးလေးတွေကိုသာ သနားမိတယ် သူတို့နေရာကနေ ဝင်ခံစားမိတယ်
ကိုယ်ကိုယ်တိုင် အဖေနေရာကိုရောက်ခဲ့ရင် အမြဲတမ်း ချိုမြအေးချမ်းတဲ့ ရေချိုတွင်းလေးဖြစ်နိုင်ပါစေနော် အကို ရန်ကုန်သားရေ

သားကြီး said...

မိသားစုအပေါ်တာဝန်မဲ့ခဲ့တဲ့အဖေကို
အပြစ်မတင်ရက်တဲ့သားတစ်ယောက်
နေရာကရေးထားတာလေး
တော်တော်ထိရှတယ်
ဖတ်ရင်းနဲ့ပဲဆုံးသွားတယ်
အားမရလိုက်ဘူး အဆက်မရှိတော့ဘူးလား
ရေချိုတွင်းလေး မငံစေချင်ဘူးကွယ်

pho said...

"အဖေသည် မိသားစုတစ်ခုလုံးအတွက် အရာရာကို ပေးအပ်နှိုင်သူ အဖြစ် အဖေ့ကို လေးစားခဲ့သည်။ အဖေသည် သူ တို့ အိမ်၏ အမိုးဆိုလည်း ဟုတ်သည်။ ထုတ်ဆိုလည်း မှန်သည်။ ယက်မတန်း ကြီး ဆိုလည်း မှန်သည်။ အိမ်၏ တိုင်တွေဟုလည်း ဆိုက လည်း မှန်သည်။ အုတ် ဖိနပ်တွေဆိုကလည်း မှန်သည်။ အဖေ သည် သူ တို့ မိသားစု၏ မှီတွယ်ရာ အားကိုးရာ ဖြစ်သည်။"
အရမ်းသဘောကျတယ်ကွာ။အဖေနဲ့အမေ့ကိုလည်းကျေးဇူး
အရမ်းတင်မိတယ်။

ဝက်ဝံလေး said...

ဖတ်လို့ကောင်းတယ် ရန်ကုန်သားရေ တို့တော့ များများစားစားမပြောတတ်ဘူးနော်

ငှက်ငယ်လေး said...

စိတ်မကောင်းလိုက်တာ...
မိသားစုတိုင်း အခုလို အဖြစ်တွေက ကင်းဝေးပါစေ

ပြည့်စုံ said...

ကို ရန်ကုန်သားရေ...

ဖတ်ပြီး ခံစားမှု တခုရလိုက်တယ်ဗျာ...

တစိမ့်စိမ့်နဲ့ကို တွေးဖြစ်အောင်ကို ရေးတတ်တယ်ဗျာ...

ပျော်ရွှင်ပါစေဗျာ..

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

လင်းကြယ်ဖြူ said...

စာရေးကောင်းတယ်နော်..
ဆက်လက်အောင်မြင်ပါစေခင်ဗျာ
ပျော်ပါစေ

ဂျာမုန်းဒန် said...

လာဖတ်သွားတယ်ရန်ကုန်သားရေ။
မျက်ရည်ကျပြီးပြန်သွားပြီ။

Andy said...

တကယ့် ဘဝသရုပ်ဖော်စာရေးဆရာကောင်း တစ်ဦးလိုလေးစားမိတယ်ဗျာ။

မဂ္ဂဇင်းတွေ ပို့နိုင်ရင်ကောင်းမှာဗျ။

ATH said...

ပန်းချီဆျွဲတာဝါသနာပါတယ်ထင်တယ် ပန်းချီကားချပ်တွေအများကြီးတွေ့ရလို့ ..လာလည်ပါတယ် အခုမှသိလို့ .နောက်လည်းလာပါအုံးမယ် ကျနော်ဆီလည်းလာလည်ပါအုံး

ဧရာဝတီသား said...

အစ်ကိုရေ ကလောင်စွမ်းထက်ချက် ကတော့ အားလုံးပြောပြီးပြီမို့ ပြောစရာမလိုတော့ ဘူးဗျာ။ သားတစ်ယောက်ရဲ့ အမြင်မှာတော့ အစ်ကိုရေးပြသွားတဲ့ အဖေ့ကို ဒေါသနှင့်ပင် မကြည့်နိုင်ပါ ဆိုတာလေးကို အရမ်းကြိုက်တယ်။

ကောင်းပါ့အစ်ကိုရေ၊ အများကြီး ဆက်လက်ရေးသားနိုင်ပါစေ။