Sunday, September 13, 2009

အသက်ထွက်သွားသော စောင့်ထိန်းခြင်း

ညသည် တိတ်ဆိတ်စွာ ငြိမ်သက်စပြုနေပြီဖြစ်သည်။ လမ်းမပေါ်တွင်လည်း လူ အသွားအလာ ကျဲပါးနေပြီဖြစ် သည်။ ည သည်လှကောင်းလှပေမည်။ သို့ သော် ထိုလှပသောညကို ခံစားဖို့ နေနေသာသာ ပင်ပန်းနွမ်းနေ သော ခန္ဓာကိုယ် ကို မလျှက်က အိမ်ရောက်ဖို့ တအားလျှောက်ယူနေရသည်။ ရာသီက ပူရသည့်အထဲ အလုပ် ကလည်း ဒီကနေ့  ပိုပင်ပန်းသဖြင့် သူ အားအင်တွေ ကုန်ခမ်းနေပြီဖြစ်သည်။ သူ စီးလာသော ဘတ်စ်ကားက လည်း သူ့  လက်ကျန် အင်အားများကို ယူထားလိုက်ပြီဖြစ်သည်။ လူလည်း ဖွတ်သထက် ညစ်နေပြီ။

တစ်လတစ်လ ရသည့်ငွေနှင့် ဘယ်လိုမှ မကာမိ။ အလုပ်တွင် ရံဖန်ရံခါ အောက်ဆိုက်လေး မှမရရင် အိမ်က မိန်းမက ခို သံပေးကာ မတရား ငြီးမည်။ ဒီ ဗိုက်ပြဿနာ ပါးစပ်ပြဿနာ ကြောင့်ခက်လှသည်။ သို့ သော် မဝတ် ဘဲ နေလို့ ရသည်။ မစားဘဲ နေလို့ ရသည်မဟုတ်။ သားသမီးတွေရဲ့  ပူဆာမှုကိုလည်း ဟိုနေ့ ဝယ်ပေးမည် သည် နေ့ ဝယ်ပေးမည်ဟု နေ့ ရွှေ ညရွှေ့ လုပ်လာခဲ့သည်မှာ ဘယ်နှစ်ကြိမ်မှန်းမသိ။ သူ တို့ သားသမီးများ ကံဆိုး ဘိချင်းဟု တွေးမိသည်။ သို့ သော် သူ့ အစွမ်းက ကုန် ပြီဖြစ်သည်။ သိန်းထီများကလည်း မပေါက်နိုင်။

သူ သိပ်ပင်ပန်းလာသော ရက်မျိုး စိတ်ကလည်း အထိမခံအောင် တိုနေချိန်မျိုးဆိုက ထိုသို့ ကလေးများ ပူဆာ သော အခါ အော်ငေါက်ပစ် လိုက်မိမည်ဖြစ်သည်။ သူလည်း အဖေထဲက အဖေ ပင်ဖြစ်၍ သားသမီးအလိုကို တော့ လိုက်ချင်ပါသည်။ ကလေးနှစ်ယောက် နှင့် သူ့ မိသားစု အတွက် သူ တစ်ယောက် တည်း ရုန်းရသည်မှာ လွယ် လှသည်မဟုတ်။ မိန်းမလုပ်သူက အသုတ်ဆိုင်ကလေး ဖွင့်ပြီး သူ့ ကိုကူညီလို့ သာ သူ အသက်ရှု အ နည်း ငယ် ချောင်နေခြင်းဖြစ်သည်။ အငယ်ကောင်လေးက နောက် နှစ်ဆို ကျောင်းထားရ တော့မည်။ အကြီး ကောင် က သုံးတန်း။ ကျောင်းစရိတ် ကျူရှင်စရိတ် တွေးပူရရင် ထမင်း ပင်စားနိုင်တော့မည် မဟုတ်ပေ။

အိမ်ပြန်ရောက်ရောက်ချင်း ခြေပစ်လက်ပစ်လှဲ ပစ်ချင်စိတ်သာ လွှမ်းမိုးနေလေသည်။ ချေသလုံးကြွက်သား များ ကလည်း ညောင်းချိနေသလို ဇက်ကြောကလည်း နောက်မှ ဆွဲထားသလို တင်းနေပုံကြောင့် မအီမသာကြီး ဖြစ် နေ လေသည်။ တစ်ကိုယ်လုံးလည်း ချွေးများနှင့်စီးထန်းနေလေ၏။ သူ့ ရှေ့ မှ ကားတစ်စီး ဝူးကနဲ မောင်းထွက် သွားသည်။ အိမ်ပြန်ချင်စိတ် အားကြီးနေသော သူ…. ရုတ်ရက်မို့ လန့် သွားသည်။ တစ်ပြိုင်နက် ဒေါသကလည်း မဆီမဆိုင် ထွက်သွားသည်။ ပါးစပ်မှလည်း ပက်ကနဲ့ ဆဲမိသွားသည်။

ကားရပ်ထားခဲ့သော နေရာသို့ ရောက်တော့ လမ်းမပေါ်တွင် မည်းမည်း အရာဝတ္တုတစ်ခု ကို သူ တွေ့ လိုက်ရ သည်။ ဘာများဖြစ်မည်နည်း။ အလင်းရောင်ကလည်း အားနည်းသည်။ သူ အိမ် ကို အနည်းငယ်မေ့သွားသည်။ လေးထောင့်ရှည်မျောမျော အရာတစ်ခု။ ထိုအရာဝတ္တုနားသို့ ရောက်သောအခါ သူ ရပ်တန့် လိုက်ပြီး ဆတ်ကနဲ ကောက်ကြည့်လိုက်သည်။

ပိုက်ဆံအိတ် တစ်ခုပါလား …… သားရေဖြင့်ပြုလုပ်ထားသော အတန်ငယ်ကြီးသည့် အမျိုးသားကိုင် ပိုက်ဆံ အိတ် ဖြစ်သည်။ သားရေသားက အိနေသည်။ ဘာအမျိုးအစားလည်းတော့ မမြင်ရ။ သူ့ ရင်တွေ တဒိန်းဒိန်းခုန် သွား သည်။ ပိုက်ဆံအိတ်မှန်းသိသိချင်း သူ ဘေးဘီသို့  ကျီးကန်းဒေါင်းမှောက်ကြည့်လိုက်မိသည်။ ပိုက်ဆံအိတ် က အနည်းငယ် စီးစီးပိုးပိုးလေးဖြစ်နေသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေ၏ သူ့ နောက်တွင် လည်း ဘယ်သူမှ မရှိ ရှေ့ တစ်ခေါ်လောက်တွင်သာ လူတစ်ယောက်ကျောကို ခပ်ရေးရေးမြင်ရသည်။ ဘယ်သူ မှ မရှိ။ ခွေးတစ် ကောင် ကြောင်တမြီးမှ မရှိ။ သူ့ လက်ယာဘက် တွင် အိမ်တစ်လုံးက အမှောင်ထဲတွင် ငုတ် တုတ် ထိုင်နေသည်။ သူ ပိုက်ဆံအိတ်ကို ဖွင့်မကြည့်နိုင်သေးဘဲ ပတ်ဝန်းကျင်ကိုသာ အထိတ်တလန့်  စူးစမ်း နေသည်။

ပိုက်ဆံတွေများသလားမသိ … ကျကျန်ရစ်ခဲ့တဲ့သူက သူ့ ရှေ့ တစ်ခေါ်လောက်ကလူလား။ ကားကို ဝူးကနဲ မောင်း ထွက်သွား သူလား၊ လက်ယာဘက် အိမ်ကြီးထဲမှ တစ်ယောက်ယောက်များလား။ သူ့ လက်တွေ အနည်း ငယ် တုန် နေသည်။ သူ ဘာကိုမှ ဝေခွဲနိုင်ခြင်းမရှိခင်မှာ ထိုနေရာမှ ဆက်လျှောက်လာမိသည်။ သူ့ ခြေ လှမ်းတွေ နှေးသွားသည်။ ပိုက်ဆံအိတ်ကို လွယ်အိတ်ထဲသို့ အသာထိုးထည့်လိုက်သည်။ ပိုင်ရှင်မရှိသော ပိုက်ဆံများ လည်း ရှိနေသည်ဟု ထင်ရသော အိတ်ကို သူကောက်လာခြင်းသာဖြစ်သည်။

မဖြစ်ဘူး ထုတ်ကြည့်မှဖြစ်မယ် …. မဟုတ်သေးဘူး ဒီလောက်မှောင်နေတဲ့ညမှာ သာမန်လူတစ်ယောက်ဟာ ပိုက်ဆံအိတ်ထုတ်ပြီး ကြည့်ပါ့မလား အသိတစ်ယောက်ယောက်နဲ့ များ ကြည်နေတုန်းတွေ့ သွားရင်မခက်ပ လား။ ….ဒါဆို မီးလင်းသည့်နေရာရောက်ရင်ကော …. ဒါလည်း မဖြစ်ဘူး သူ့ ပုံ စံနဲ့ ကိုင်ထားတဲ့ ပိုက်ဆံအိတ် က စပ် ဟတ်မှုမှ မရှိတာ …… မတော် ကျကျန်ခဲ့သူနဲ့ တိုးနေမှဖြင့် ခက်မည်။ သူ နောက်ကို လှည့်ကြည့်လိုက်ပြန် သည်။ နောက်ခပ်လှမ်းလှမ်းတွင် လူရိပ်သုံးခုလောက် ကိုတွေ့ ရသည်။ သူ အိမ် သို့ သာ အသော့နှင်နေသည်။ ပိုက်ဆံ ဘယ်လောက်တောင် ပါမည်လဲ။ ပိုင်ရှင်ကို ဘယ်လို ပြန်ပေးရမလဲ။ မှတ်ပုံတင်ဖြစ်ဖြစ်။ ဖုန်းနံ ပါတ်တစ် ခုခု ဖြစ် ဖြစ် ပါကောင်းပါမည်။ သူ ထိုက်လို့ ရတာပဲ ခိုးလာတာမှ မဟုတ် တာ ….. ဘာလို့ ပြန်ပေးရ မှာလဲ …။

သူ့ မျက်နှာချင်းဆိုင်မှ လာသောလူက သူ့ ကိုစိုက်ကြည့်နေပါလား။ အိမ်များမှ ဖြာကျနေသောမီးရောင်ဖြင့် သူ့  မျက်နှာကို ထိုလူ ကောင်းကောင်းမြင်ရမည် ဖြစ်သည်။ သူ့ ကို ပိုက်ဆံအိတ်ကောက်ရသလားလို့  မေးလာခဲ့ လျှင် ဘယ်လိုဖြေရမည်နည်း။ တွေ့ တယ် …. ရော့ဒီမှာလို့ ဟုပြောကာ မဆိုင်းမတွ ပေးလိုက်ရမည်လား …။ ထိုလူ သူ နှင့် တဖြည်းဖြည်းနည်းလာ သည်။ ပိုက်ဆံတွေ ဘယ်လောက်ပါမှန်းမသိ …. သူတောင်းတာနဲ့  ချက်ချင်း ထုတ် ပေး ရမှာလား … မဖြစ်ပေ။ ခပ်တည်တည်နှင့် ဆက်လျှောက်မှ ဖြစ်မည်။ သူ ထိုလူအား မျက်လုံးကို ထောင့် ဆုံး သို့  ဆွဲကပ်ပြီးကြည့်သည်။ သူ့  ဘေးမှ ဖြတ်သွားသည်။ သူ့ ကို သတိပင်ထားမိဟန်မတူ။ သူ သက်ပြင်းကို ဟူး က နဲ ချလိုက်မိသည်။ လွယ်အိတ်ထဲလက်ထည့်ပြီး ပိုက်ဆံအိတ်ကို စမ်းသည်။ ခြေနှစ်ဖက် ကတော့ ခပ်သွက်သွက် နှင်သည်။ ငွေသံကြားသည်နှင့် ခြေလှမ်းရသည်ပင် ပေါ့ပါးသလိုရှိသည်။

ပိုက်ဆံအိတ်သည် သူ့ လက်တွင် နူးညံ့စွာထိတွေ့ နေသည်။ ပိုက်ဆံတွေ။ အနည်းဆုံးတော့တစ်သောင်း လောက် ပါနိုင်သည်။ သူ့ လုပ်စာက တစ်လလုံးနေမှ ငါးသောင်းလောက်ရသည်။ တစ်သောင်းလောက်အလ ကားရ နည်းလား။ ပြန်မပေးပဲထား လိုက်လျှင်ကောင်းမည်။ မိန်းမက ဘာပြောမည်မသိ။ သူလည်း ငြင်းမှာ မဟုတ်ပေ။ လာပြန်ပြီတစ်ယောက်။ သူ ပူပင်သွားသည်။ ပိုက်ဆံအိတ်ကျ ကျန်ခဲ့လို့ ပြန်လာရှာသည်လား မသိ။ သူ့ ကို ဒီတစ် ခါ သေချာကြည့်နေတာပဲ။ သူ ထိုသူကို သိများသိ နေသလား သူ့ အသိများလား ….။ သူ့ ရင်တွေ ပို အခုန် မြန်လာသည်။ နားထဲတွင် ဒုတ်ဒုတ် ဒုတ်ဒုတ် နှင့်ကြားနေရသည်။

“ကို စိုးဌေး ပြန်လာပြီလား ဗျ နောက်ကျတယ်နော် ….”

သူ တောင့်တောင့်ကြီးဖြစ်သွားသည်။ သူတို့ အိမ်မှ သုံးအိမ်ကျော်တွင်နေသော ကို မြင့်အောင်ဖြစ်သည်။
“အော် …ဟင်း…. ကိုမြင့်အောင် ဘယ်တုန်း ညကြီး …” သူ့ အသံက တိုပြီးပြတ်သည်။

“အေးဗျာ ဈေးထိပ်နားသွားမလို့  အမေ ချောင်းတွေ တအားဆိုးနေလို့  ချောင်းဆိုးပျောက်ဆေးရည်လေး သွား ဝယ် မလို့ …. သွားပြီဗျာ ….”

“ ဟုတ် …ဟင်းဟင်း ဟုတ်ကဲ့ ….”

သက်ပြင်းချရပြန်ပြီ။ သူ့ လက်သည် လွယ်အိတ်ထဲမှ ပိုက်ဆံအိတ်ကို တင်းတင်းကြီးဆုပ်ထားလိုက်သည်။ မော လှပြီ။ ရင်တွေကလည်း တုန်လိုက်သည့်ဖြစ်ချင်း … သိန်းထီမဟုတ်သော်လည်း သောင်းဂဏန်းလောက် အလ ကားရမည်ဖြစ်၍ လောဘဇောလေးက နားထင်တက်နေပြီဖြစ်သည်။ သူများ ပစ္စည်းမှန်းသိသော်လည်း ပိုင်ရှင် လက်မှ ခိုးလာသည်မဟုတ်သဖြင့် သူခိုးတော့ မဖြစ်တန်ရာ … ကောက်တွေ့ သောပစ္စည်းကို ယူလာသူ သာ ဖြစ် သည်။ တပြားမှ မပါသည်လည်း ဖြစ်ချင်ဖြစ်မည်။ မက်မောမှုသည် ဘယ်၍ဘယ်မျှဟု မသေချာသော်လည်း ကောင်းစွာကြီးထွားနေပြီဖြစ်သည်။ ဤအရာကို လောဘဟုခေါ်သည်။

လက်ဖက်ရည်ဆိုင်က မီးအလင်းရောင်က ထိန်ထိန်ငြီးနေသည်။ သူ မူပျက်နေသည်ကို သူကိုယ်တိုင်သိသည်။ လက်ဖက်ရည် ဆိုင်ထဲတွင် ပိုက်ဆံအိတ်ပိုင်ရှင် ရောက်ကောင်းရောက်နေမည်။ ဆိုင်ထဲမှ လူတစ်ယောက် ကမူး ရှူးထိုးပြေးထွက်လာသည်။ သူ လန့် သွားပြန်သည်။ ပိုက်ဆံအိတ်ကောက်ရသော နေရာဘက်ဆီမှ လာသူ ဆို၍ သူ တစ်ယောက်တည်းရှိသည်။ ဆိုင်ထဲမှ ပြေးထွက်လာသူက သူ့ ဆီသို့ ဦးတည်လာသည်။ ပုံပန်းက တစ်ခုခုကို ရှာ ဖွေနေသလို သူ လက်ဖက်ရည်ဆိုင်ရှေ့ တည့်တည့်ရောက်လာသည်။ ထိုသူက “ခင်ဗျား ပိုက်ဆံအိတ်တစ်ခု များ တွေ့ ခဲ့မိသလား” ဟု မေးခဲ့လျှင် “ဟင့်အင်း ဘယ်မှာလဲ ….” ဟု မသိနားမလည်ဟန်ဖြင့် ဖြေဖို့ အသင့်ပြင် ထား သည်။ လက်ဖက်ရည်ဆိုင်ထဲကို လှည့်မကြည့် ဖြစ် အောင် ကြိုးစားလိုက်သည်။ ဆိုင်ထဲမှ ထွက်လာသူက သူ့  ဘေး မှ ခပ်သွက်သွက် ပြေးသွားသည်။ သူ့ ခြေ လှမ်းတွေ ပိုသွက်လာသည်။ အိမ် မြန်မြန် ပြန်ရောက်ချင် လှပြီ။

အိမ်ပေါ်သို့ ရောက်တော့ သူ့ တစ်ကိုယ်လုံး ချွေးတွေသီးနေပြီဖြစ်သည်။ မောလို့ လည်း ဟိုက်နေသည်။ သား အကြီးက ဧည့်ရှေ့ ခန်းတွင် စားပွဲလေးချကာ စာကြည့်နေသည်။ သူ့ ကိုတွေ့ တော့ “ ဖေကြီး ပြန်လာပြီ ” ဟု ဝမ်းသာအားရ အော်သည်။ သားငယ်ကတော့ သူ့ ကိုတစ်ချက်သာ လှည့်ကြည့်သည်။ ထို့ နောက် သူ့ အစ်ကို ဘေး တွင် ဖတ်စာအုပ်တွေကို လှန်လှောကြည့်နေသည်။ သူကတော့ ပြုံးရုံသာပြုံးပြနိုင်သည်။ မိန်းမဖြစ်သူ အနွဲ့  က နောက် ဖေး ကနေ ထွက် လာသည်။ မနက်ခင်းဆိုင်ထွက်ဖို့ ပြင်ဆင်နေပုံထောက်သည်။

“ပြန်ရောက်ပြီလား …. နားဦးလေ ပြီးတော့ ထမင်းစားတာပေါ့ …”

“အင်း ….. လာဦး …..”

သူ အိမ်ပြန်ရောက်လျှင် ဧည့်ခန်းတွင် လွယ်အိတ်ချ၍ အကျီ င်္ကိုချွတ် ခြေပစ်လက်ပစ်ထိုင်ချပစ် မြဲဖြစ်သည်။ သို့ သော် သူဒီနေ့ မထိုင်နိုင်သေးပေ … သူ့ တွင် ကောက်ရလာသော ပိုက်ဆံအိတ်တစ်လုံးပါနေသည်။ သူ လည်း အင်မတန် သိချင်နေသည်။ ပါလာသော ပိုက်ဆံ ဘယ်လောက်များမည်နည်း။ အနွဲ့ ကို မျက်ရိပ် ပြ ပြီး အိမ်ထဲသို့ ခေါ်လိုက်သည်။ အနွဲ့ က အူလည်လည် ဖြင့်သူ့ နောက်က ပါလာသည်။

“ဟဲ့ ကိုစိုးဌေး ဘာလဲ ဘာဖြစ်လို့ လဲ ရှင့်ဟာ က …..”

အိပ်ခန်းထဲတွင် သူ အသာထိုင်ချလိုက်သည်။ သူ အတော်ညောင်းချိနေသည်မှာ ထိုင်လိုက်တော့မှ ပိုသိသာ သွား သည်။ လွယ်အိတ်ထဲမှာ ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။ ပိုက်ဆံအိတ်က ဖောင်းဖောင်းကလေးဖြင့် အညို ရောင် လွင်လွင်ကလေး ရှိသည်။ သူ့ လက်တွေ အနည်းငယ်တုန်နေသည်။ခပ်မြန်မြန်ဖွင့်လိုက်တော့ …..။

“အံမယ် ပိုက်ဆံအိတ်တွေ ဘာတွေနဲ့ ကောင်းလှချီလား ရှင့်ဟာက … ဟင် ပိုက်ဆံတွေ ……”

“ ငါကောက်ရလာတာ ……”

“ဟယ် …. ကံကောင်းတာပေါ့....... ဘယ်လောက်တောင်လဲ........... ရေစမ်းပါဦး မှန်းမှန်း ….. ပေးပေး ကျုပ်ရေ လိုက် မယ် …. ”

သူ့ မိန်းမ အနွဲ့ ၏ “ဟယ်” ဟူသော အသံနှင့်အတူ ထောင်တန်စိမ်းစိမ်းတွေက အထပ်လိုက်ထွက်လာသည်။ ပိုက် ဆံ အရွက် အသေးလေးတွေက သစ်လွင်ပြီး စိမ်း နေသည်။ ပိုက်ဆံ အသစ်နံ့ က သူ့ နှာဖျားတွင် သင်းနေ ၏ ထို ပိုက်ဆံ သင်းနံ့ ကိုရှူရင်း အနွဲ့ က တဖျပ်ဖျပ် ရေတွက် နေ သည်။ မိန်းမမျက်နှာက အဝါရောင် မီးသီး အောက် တွင် ဝင်းနေသည်။ မျက်လုံးများက စိုလက်ပြီး အရောင်တောက်နေသည်။ လောဘရောင်ဖြစ်မည်။ သူ လည်း
မိန်းမရေတွက်နေသော ပိုက်ဆံများကို ကြည့်ပြီး ပိုက်ဆံအိတ်ထဲမှ အခြားအရာများကို ဆက် မကြည့် နိုင် ဖြစ်နေ သည်။ လောကဓံနှင့်တွေ့ လျှင် လူတို့ သည်တုန်လှုပ်ကြမြဲဖြစ်သည်။ သူတို့ လင်မယားသည်လည်း မချမ်း သာ လူ လင်မယားဖြစ်၍ ပိုက်ဆံရသောအခါ ပျော်ကြ၏။ လူချမ်းသာတို့ သည်လည်း ငွေတွေထပ်ထပ် ရ လျှင် သို့ မဟုတ် ငွေမရတော့လျှင် တုန်လှုပ် ကြမည်သာဖြစ်သည်။

“ဟဲတော့………… ငါးသောင်းတောင် …ငါးသောင်းတောင် အမယ်လေး ကိုစိုးဌေး ရှင်ကံကောင်း…..”

“ရှူး ………… တိုးတိုးလုပ်ပါ အနွဲ့ ရယ် မင်းကလည်း ခုနှစ်အိမ်ကြားရှစ်အိမ်ကြား …. တကတည်းမှပဲ ….”

“အော်အေး … ကျုပ်လည်း ပျော်သွားလို့ ပါတော် ….. နည်းလား ငါးသောင်းကြီးများတောင် …. ကျုပ်အကြွေး လေးတွေတော့ကြေ တော့မှာပဲ တော့ ….. အမယ်လေး ပျော်စရာကောင်းလိုက်တာ ….”

သူက ပိုက်ဆံအိတ်ထဲသို့ ဆက်ရှာကြည့်မိသည်။ အခြား ငါးရာတန် နှစ်ရာတန်း သုံးလေးရွက်စီတွေ့ သေးသည်။ မှတ်ပုံတင် တစ်ခု၊ ဘောက်ချာ စာရွက်တစ်ချို့ ၊ လက်သုံးလုံးလောက်ရှိနေသော မှတ်စုစာအုပ်သေးသေးလေး တစ် ခု။ မိန်းမလုပ်သူ အနွဲ့ က ပိုက်ဆံတွေ ကိုအရသာခံကိုင်ရင်း သူ ရှာနေသော အရာတွေကို ကြည့်သည်။

“အဲ မှတ်ပုံတင်ပါလား …. ရှင် .. ပြန်ပေးမလို့ လား …..”

အနွဲ့ က နှမြောတသစွာဆိုသည်။ သူ မှတ်ပုံတင်ကို ကိုင်ကြည့်လိုက်သည်။ ပိုင်ရှင်မှာ သက်လတ်ပိုင်း လူတစ် ယောက်ဖြစ်သည်။ ရုပ်ရည်သန့် သန့် ပြန့် ပြန့် ရှိသည်။ လိပ်စာကိုကြည့်လိုက်သည်။ တာမွေဖက်ကဖြစ်သည်။ သူ အနွဲ့ လက်ထဲက ပိုက်ဆံတွေကို တလှည့် မှတ်ပုံတင်ထဲမှ လူကိုတလှည့်ကြည့်လိုက်သည်။ သူ့ ပိုက်ဆံများ ဖြစ် သည်။ ချမ်းသာသည်ဆိုဦးတော့ မှတ်ပုံတင်ပျောက်သွားလျှင် ထိုသူ အတော် ဒုက္ခများမည်။

“ငါလည်း မသိဘူး …. ဘယ်လို လုပ်ရမှန်း …. မှတ်ပုံတင်ပျောက်ရင်တော့ ဒီလူ ဒုက္ခရောက်မှာ အသေချာပဲ”

အနွဲ့ မျက်နှာက ညိုသွားသည်။ သူလည်း အခန်းနံရံကို မှီပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ ငွေငါးသောင်း သည် များပြားလွန်းသော ငွေကြေးမဟုတ်ပါ။ သို့ သော် သူတို့ လင်မယား အတွက်ကတော့ မက်လောက်စရာ ဖြစ်နေသည်။ ပြန်ပေးဖို့ အတွက်က မခက် လိပ်စာအတိုင်း သွားပေးလိုက်ရုံသာရှိသည်။ သို့ သော် ငွေများက သွားပေးဖို့ အတွေးကို အဝင်မခံနိုင်လောက်အောင် ရှိနေလေ၏။ မပြည့်စုံခြင်းနှင့်လောဘတို့ သည် သူတို့ လင်
မယားရင်ထဲက စောင့်ထိန်းခြင်းနှင့် စာနာမှုကို အသက်မရှူနိုင်အောင် ရစ်ပတ်ချည်နှောင်ထားလေ၏။

“ရှင် ကောက်လာတုန်းက ဘယ်သူ တွေ့ သေးလဲ …..”

“တွေ့ မလား ကျုပ်လည်း တွေ့ တွေ့ ချင်း လွယ်အိတ်ထဲကောက်ထည့်ပြီး အိမ်တန်းပြန်လာတာ…. ပိုက်ဆံ ဒီ လောက်များလိမ့်မယ် ထင်မထားဘူး …… ကားကို ဝူးကနဲမောင်း သွားတဲ့လူလား မသိဘူး …. မင်းသိ တယ် မလား လမ်းထိတ်နားက အိမ်အပြာကြီးရှေ့ မှာလေ ….”

“ပေးမနေ ပါနဲ့ တော့တော် ရှင်ပို့ ချင် စာတိုက်ကနေ မှတ်ပုံတင်ပို့ ပေးလိုက် … ကိုယ်နဲ့ ထိုက်လို့ ရတာပဲ ဟုတ်ဘူးလား ကျုပ်အကြွေးလေးတွေကြေတာပေါ့ ……”

သူ မိန်းဖြစ်သူ အနွဲ့ ကိုကြည့်လိုက်သည်။ ပိုက်ဆံများကို ကိုင်ပြီး အကြွေးကြေမည့်အရေး တွေးပျော်နေသလို သူ က ပြန်ပေးမည်ဆိုပါက နှမြောနေပုံလည်းရသည်။ သူက ပြန်ပေးမည်ဆိုလည်း အနွဲ့ ကငြင်းမည်တော့ မ ဟုတ် ပေ။ သို့ သော် ငွေငါးသောင်းသည် သူ တစ်လလုံး ကုန်းရုန်းရှာမှ ရမည့်ငွေဖြစ်သည်။ သူ သက်မကို လေး လေး ပင် ပင် ချလိုက်မိသည်။ မှတ်ပုံတင်ထဲမှာ ပိုင်ရှင်၏ ဓါတ်ပုံကိုကြည့်ပြန်သည်။ ပြန်ပေးလိုက်ရင် ကောင်း မလား။ ပိုက်ဆံတွေဆီသို့ ရောက်သွားပြန်သည်။ ပိုက်ဆံတွင် သံလိုက်ဓါတ်ပါပုံရသည်။ သူ့ ရင်ကို စွဲ ထား သည်။ အနွဲ့ က ငွေငါးသောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

“ကဲကဲ နားလိုက် နောက်တော့ စဉ်းစား လောလော ဆယ် ရှင်ရေချိုး ထမင်းစားရအောင် မိုးတအားချုပ်နေပြီ ..”

အနွဲ့ က ပိုက်ဆံတွေကို သေတ္တာထဲ ထည့်သိမ်းသည်။ သူ လည်းပိုက်ဆံအိတ်ထဲသို့ မှတ်ပုံတင် စတာတွေကို ပြန်ထည့်ပြီး အနွဲ့ ကိုပေးလိုက်သည်။ သူ ရေးချိုးနေတုန်း ပိုက်ဆံနံ့ သင်းသင်းရသည်။ ရေတိုင်ကီထဲ တွင် မှတ် ပုံတင်ထဲမှ လူကြီးမျက်နှာပေါ်လာသည်။ သားငယ်လေးက “ဖေကြီး ထမင်းစားမယ် ” ဟုလာခေါ်သည်။

ထမင်းဝိုင်းသည် သားကြီး သားငယ်တို့ ၏ စကားသံများဖြင့် ဆူနေသည်။ အရင်ဆို ကလေးတွေနှင့်စကား တစ် ခွန်းနှစ်ခွန်းပြောဖြစ်သည်။ သို့ သော် သူ ဒီကနေ့ ကောက်ရလာသော ပိုက်ဆံအိတ် အကြောင်းသာ စဉ်းစား နေ မိသည်။ အနွဲ့ ကလည်း နှုတ်ဆိတ်နေသည်။ သူ ပြန်ပေးမည်ဆိုက ငြင်းမရသော်မှ ပေးချင်သည့်ပုံမပေါ်။ ထမင်း ပင် ဘယ်လို စားပြီးသွားသည်မသိ။ အူမကတောင့်သွားသော်လည်း သီလကတော့ သူ့ ရင်ထဲ မှိန်ရာက ပျောက် လုပြီ။

ထမင်းစားပြီး ခြေလက်ဆန့် ရင်း အိမ်ရှေ့ တွင်လှဲနေသည်။ အနွဲ့ က သူ့ ကိုနှိပ်ပေးသည်။ အနွဲ့ လည်း သူလို ပင် ပန်းသည်ဖြစ်သည်။ ညဘက် သူအိမ်ပြန်ရောက်တိုင်း လေးငါးဆယ်မိနစ်တော့ သူ့ ကို နှိပ်ပေးတတ်သည်။ ဒီက နေ့ တော့ သူ့ အဆုံးအဖြတ်ကလေး ကောင်းသွားစေရန် အကြောဖြေပေးသည် နှင့် တူသည်။ သားကြီးက ပုံတွေ ဆွဲနေသည်။ သားငယ်က အစ်ကိုဆွဲသော ပုံတွေကို တစ်ခုချင်းစီမေးပြီး စပ်စုနေသည်။ သူက တရားသ ဖြင့် ဆုံးဖြတ်ဖို့  စဉ်းစား နေ သည်။ အနွဲ့ က အနှိပ်ကလေးဖြင့် သူ့ ကိုဖျောင်းဖျသည်။

ယူလာပြီးမှတော့ မထူးတော့ပေ။ တကယ်တော့ လမ်းမှာတွေ့ ကတည်းက ကောက်လာပြီးကတည်းက ပြန်ပေး ချင်စိတ်ရှိခဲ့ရင် ထိုနေရာတွင် ပိုင်ရှင်ပြန်လာအရှာကို စောင့်ချင်စောင့်နေခဲ့ မိ မည်။ သို့ သော် ခုတော့ အနွဲ့  သေတ္တာထဲပင်ရောက်နေပြီ။ ပိုက်ဆံတွေကလည်း စိမ်းစိမ်းစိုစိုနှင့်ရှိလှသည်။ မိန်းမ မျက်နှာကလည်း ညိုတိုတို ရှိနေပြီ။ နှမြောရိပ် မက်မောရိပ်တွေ အနွဲ့ မျက်နှာတွင် ဟပ်နေသည်။

သူ ဘေးတစောင်းလှဲနေရာက ပက်လက်လှန်လိုက်သည်။ အနွဲ့ က ဘယ်လိုလဲ ဟူသော မျက်လုံးဖြင့်ကြည့်သည်။ အနွဲ့ သည်လည်း ထိုဗြဟ္မာ့ ဦးခေါင်း ငွေငါးသောင်းကို သေတ္တာထဲမှ ထုတ်လိုက် ကိုင်ကြည့် လိုက် ယောကျာ်း လုပ်သူ သေတ္တာထဲ ထည့်လိုက်၊ ပြန်ထုတ်လိုက် ဖြင့် ဘယ်နားထားရမှန်းမသိ ဖြစ်နေခဲ့သည်။ သူမ ကတော့ ထိုက် လို့ ရသည်ဟုသာ မြင်သည်။ ပြန်ပေးရင်တောင် မှတ်ပုံတင်ကို စာတိုက်မှ ပို့  လိုက်ချင်သည်။ ပိုက်ဆံက တော့ ….။ ကြွေးရှင်မျက်နှာကိုသာ မြင်နေသည်။

“မင်း မပေးချင်လည်း ထားလိုက်တော့ တိုးတိုးသက်သာ လည်းနေဦး …..”

“အောင်မယ် ကျုပ်မပေးချင်ရင် ထားလိုက်ဆိုတော့ ရှင်ကကော … အကုသိုလ်ခွဲယူနေသေးတယ် …. အကု သိုလ် မှန်းတော့သိတယ် ကိုစိုးဌေးရေ ဒါပေမယ့် အဲတာက နောက်မှ ခုလောလော ဆယ် အသက်ရှူ ချောင် သွားဖို့ အ ရေးကြီးတယ် …. ”

“အေးပါကွာ ငရဲကြီးတော့လည်း တူတူ ကြီးကြတာပေါ့ … အဓိကက လူမသိဖို့ ပဲ …..”

“အိုး သိစရာလား ရှင်မပေးဘူး ဆုံးဖြတ်လိုက်ရင် ကျုပ် ပိုက်ဆံတွေချန်ပြီး အကုန်မီးမွှေးပစ်လိုက်မယ် ….”

“မှတ်ပုံတင်တော့ ခဏချန်ထားပါဦး သူ့ ပိုက်ဆံတွေ ယူထားပြီး အဲတာလေးတော့ ပြန်ပို့ ပေးရမှာပေါ့ ….”

“အေးပါ…. ဟဲ့ ပိုက်ဆံအိတ်လေးက လှတော့လှသားနော်….. အန္တရာယ်များပါတယ် ကျုပ်ပဲဖျောက်ဖျက်ပစ် လိုက်မယ် မီးခိုးပဲကျန်အောင် ဟီးဟီး …..”

လင်မယားနှစ်ယောက် အတိုင်အဖောက်ညီသွားသည်။ လောဘကလည်း သီလကို နိုင်သွားပြီ။ သူလည်း ရင် ထဲ နည်းနည်းတော့ပေါ့သွားသည်။ဆယ့်တစ်နာရီထိုးတော့ သားကြီးနဲ့ သားငယ်က ဘုရားရှိခိုးလေသည်။ အနွဲ့ က မနက်ဈေးအတွက် လုပ်စရာ ရှိ သည်များ လက်စသတ်ရင်း အိတ်ယာခင်းဖို့ ပြင်သည်။ အိမ်တံခါးကို ဂျက်ချသည်။ သူကတော့ အိမ်ရှေ့ တွင် အသာကလေး မှိန်းပြီးတွေးချင်တာလေး တွေးနေသည်။ မနက်ဖြန် အလုပ်ကပြန်ရင် ဖြင့် ဘီယာလေး တစ်ခွက် နှစ် ခွက်တော့ မော့လိုက်ဦးမည်ဟုဖြစ်သည်။ ဘီယာအနံ့ ကနှာဖျားတွင်လာရစ်သည်။ ပါးစပ်ထဲပင် ခါးသက် သက်ချိုရှရှလေး ဖြစ်လာသည်။ သူ ဘီယာသောက်ရပေဦးမည်။

“ပါဏာတိပါတာ ……… ဝေရမနိသိက္ခပဒံ ……. သမာဒိယာမိ …..”

သားကြီးက ဘုရားစင်ကို ကြည့်လိုက် ပါဏာတိပါတာ ဟုဆိုလိုက် သားငယ် ကိုကြည့်လိုက်ဖြင့် တိုင်ပေးသည်။ သားငယ်က နောက်က နေလိုက်အော်ဆိုသည်။ နောက်တစ်ကြောင်းအော်တော့ သူ့ မှေးထားသော မျက်လုံးပြူး
သွားသည်။ သားကြီးကို လှဲနေရာက ဖျတ်ကနဲကြည့်သည်။ သားကြီးက ညီကို ဆရာလုပ်ရ၍ ပျော်နေသည်။ သူ အနွဲ့ ကိုကြည့်တော့ အိပ်ယာခင်းရန် စောင်တွေ မထား လျှက်က သူ့ ကိုတလှည့် သားတွေကို တလှည့်ကြည့် သည်။ ကြမ်းပိုးတွေတွေ့ လို့ အားရပါရ ပူပူနွေးနွေးညှစ်သတ်ထားသော အနွဲ့ က ပါဏာတိပါတာ ကတည်းက နောက်ဆုံး ကြမ်းပိုးကို ပြတင်းပေါက်က ထလွှင့်ပစ်မိခဲ့သည်။ အဒိန္နာဒါနာကိုတော့ အနွဲ့ မကြားဟန်ပြုခဲ့သည်။

အဒိန္နာဒါနာ………. ဝေရမဏိသိက္ခပဒံ………. သမာဒိယာမိ …..”

သူ့ စိတ်ထဲမှာတော့ ခိုးတာမဟုတ် ကောက်လာတာဟု လက်တစ်လုံးခြား ဆွဲယူတွေးသည်။သုရာမေရယ ရောက် လျှင် တော့ ချောင်း ဟန့် ချင်ယောင် ဆောင်မိမည်ဖြစ်သည်။ အနွဲ့ ကပြုံးသည်။ သူ လည်း အနွဲ့ ပြုံးတော့ လိုက်ပြုံး သည်။ နောက် တော့ ရယ်ကြသည်။ သားကြီးက သားငယ်ကို နောက်သီလတွေ ဆက်တိုင်ပေးနေသည်။ သူ တို့ လင်မယားက တော့ ရယ်မောလျှက် အိပ်ဖို့ ပြင်ကြလေသည်။ ငွေငါးသောင်း တို့  သည် သူ တို့ သေတ္တာထဲတွင် အသေအချာရှိ နေမည်ဖြစ်သည်။ သူတို့ ရင်ထဲမှာ စောင့်ထိန်းခြင်းသည် မပြည့်စုံခြင်းနှင့် လောဘတို့ ၏ လက် ချက် ဖြင့် အသက် ထွက်သွားရရှာ လေတော့သည် တည်း။

လေးစားခင်မင်လျှက်
ရန်ကုန်သား



40 comments:

ရွာသားလေးဝိုင်တီယူ said...

ဆရာမကြည်အေး ရေးတဲ့ စာတစ်ပုဒ်ဖတ်ဖူးတယ်။ အခု ကိုရန်ကုန်သား စာကလည်း နောက်တစ်မျိုးပေါ့ဗျာ။ သီလကိုယ်ကျင့်သိက္ခာဆိုတဲ့ တန်ဖိုးကို တိုက်တွန်းစေတဲ့ စာမျိုးမို့ လေးစားစွာ ဖတ်သွားပါတယ်ခင်ဗျာ။

ဝက်ဝံလေး said...

အော် ငါ ၁ ရမလား မှတ်တယ် ဟွန်းးး ဘယ်ကတည်း ကချောင်းနေတုံး ရွာသားရယ် ဟွန့်

ရန်ကုန်သားရေ ကောင်းလိုက်တာ ဖတ်လို့ နာ က ထင်တာ ပြန်ပေးမယ် ထင်နေတာ ဟိဟိ နာ ထင်သလိုလဲဟုတ်ဘူးရယ် ဟဲဟဲ ဘာပဲဖြစ်ဖြစ်ပါ ဖတ်ရတာ ကောင်းတယ်

ဝက်ဝံလေး said...

တခုလောက်တော့ မေးချင်တယ် အိုင်ဒီယာတွေ ဘယ်ကရလဲဟင် ကောင်းလိုက်တဲ့ခေါင်းဟယ် လေးစားတယ် (ကျော်ဟိန်းလေသံ) ခစ်ခစ်

ကဲ ကဲ ပြန်ပြီ ဒုန်းးးးးးးးးဒုန်းးးးးးးးးးးး

Maydarwii said...

ဝတ္ထုကောင်းလေး တပုဒ်ပါပဲ။
အရေးအသား၊ အကြောင်းအရာ၊ တင်ပြပုံ အကုန်ကောင်းပါတယ်။

စိတ်ဆိုးနဲ့ စိတ်ကောင်း လွန်ဆွဲပွဲမှာ ဆိုးတဲ့စိတ်က အနိုင်ရသွားတယ်နော်။
ဒါကြောင့် စိတ်ဟာမကောင်းမှုမှာ မွေ့လျော်တယ်လို့ ဘုရားကဟောခဲ့တာပဲ။
ကျမတို့လည်း တခါတလေ မကောင်းမှန်းသိရက်နဲ့ ဆင်ခြေတွေအမျိုးမျိုးပေးပြီး အပြစ်တွေကျူးလွန်နေကြတုန်းပဲ။

Angel Shaper said...

သူတို့ ရင်ထဲမှာ စောင့်ထိန်းခြင်းသည် မပြည့်စုံခြင်းနှင့် လောဘတို့ ၏ လက် ချက် ဖြင့် အသက် ထွက်သွားရရှာ လေတော့သတည်း။
သယ်ရင်း ရကောက်ရေ....ပညာပေး ပိုစ့်လေး အတွက်ကျေးဇူးပါ။ မပြည့်စုံတဲ့ စောင့်ထိန်းမှုတွေနဲ့  လောဘလက်ချက်ကြောင့် အဘယ်သူမျှ မဆုံးရှုံးစေလို ဟုသာ ပြောသွားချင်ပါသည်။

SDL said...

ကောင်းတယ်.. ကြိုက်ပါတယ်...။

စိမ်း... said...

စိတ်ကူးလေးကောင်းတယ်... စိမ်းသာဆိုလည်း ဒီလိုပဲလုပ်ဖြစ်မယ်ထင်တယ်... တခါ တခါ အကုသိုလ်ကို သိသိကြီးနဲ့ မလိမ့်တပတ်လုပ်မိတတ်တယ်...

Yu Ya said...

Idea, Creation, Presentation အဖက်ဖက်က ကောင်းမွန်တဲ့ ပို့စ်ကောင်းလေးဗျာ...

လူတစ်ယောက်ရဲ့ ရိုးစင်းစွာ ပြုမူလုပ်ဆောင်ချက်လေးကို ရသစုံလင်စွာနဲ့ တင်ပြသွားတာ အရမ်းနဲ့ သဘောကျသွားပါတယ် ကိုရန်ကုန်သားရေ...

လေးစားစွာဖြင့်
yu ya

may16 said...

ရန်ကုန်သားရေ ကောင်းတယ်..

ကြယ်ဖြူစင် said...

မောင်လေးရေ..ဖတ်လို့ကောင်းတယ်..
ပြန်ပေးမယ်ထင်နေတာ..နောက်ဆုံးလည်း
ရောက်တော့ဟုတ်ဘူး..ဟိဟိးP မှန်းတာတော်ပါ့..
ခင်မင်လျှက်
မမကြယ်ဖြူစင်

khin oo may said...

ဖြစ်တတ်ပါတယ်။ တို့မောင်လေး ပိုက်ဆံသုံးသောင်းနဲ ကဒ်တွေ အားလုံးပျေက်သွားတယ်ဘာမှ ပြန်မရဘူး။

အနော် said...

တခါတလေ လက်ထဲမှာ ပိုက်ဆံပြတ်သွားတဲ့နေ့တွေ ... လကုန်ရက်နီးလို့ အမေ့ဆီက မုန့်ဖိုးပြန်တောင်းဖို့ မတောင်းရက်တဲ့နေ့တွေဆို ကားခပဲ လက်ထဲရှိတဲ့အချိန်တွေဆို ခေါင်းကို အမြဲတမ်း အောက်စိုက်ထားပီး မျက်လုံးက လမ်းပေါ်မှာ ပိုက်ဆံများ ကောက်ရမလားဆိုတဲ့ အတွေးမျိုး အရင်တုန်းက ခန ခန ရှိဖူးတယ်... ကျောင်းတက်နေတုန်း အချိန်တွေကဆိုရင်လဲ ကိုယ်တစ်ကိုယ်စာ မုန့်ဖိုးပဲပါလို့ သူငယ်ချင်းတွေနဲ့ ကင်တင်းန်ထိုင်ရင် မျက်နှာငယ်ရလွန်းလို့ ကျောင်းမှာ တစ်နေကုန် အငတ်နေခဲ့ဖူးတဲ့ ရက်တွေရှိဖူးတယ်...
အရာရာ မပြည့်စုံတဲ့ဘဝတွေမှာ လိုအင်တွေ လိုအပ်ချက်တွေ ရုန်းကန်ရမှုတွေ အသက်ရှုကျပ်မှုတွေနဲ့ လူတွေဟာ ခနတာလေး အသက်ရှုချောင်ဖို့အတွက် တမင်မရည်ရွယ်ဘဲနဲ့ ဒါမှမဟုတ် မမြင်ကွယ်ရာပြုပီးပဲဖြစ်ဖြစ် သီလတွေ အကျင့်စရိုက်တွေ ဂုဏ်သိက္ခာတွေ ရိုးသားမှုတွေကို ချိုးဖောက်လိုက်ကြတယ် နာနာကျင်ကျင် :(
အကိုစာရေးတာ ကောင်းတယ်လို့ ထပ်မပြောတော့ပါဘူး :)

ရွက်လွင့်ခြင်း said...

ကောင်းတဲ့ ပိုစ့်လေးပါ
လောဘက သီလကို အနိုင်ယူသွားတာဟာ အူမကြောင့် ဆိုတာ ငြင်းစရာမရှိပါဘူး
ဘဝသရုပ်ဖော်တွေ တော်တော် ရေးနေပါလား
း)

သားကြီး said...

သားတွေရဲ့ ဘုရားရှိခိုးသံနဲ့
မိဘနှစ်ပါးရဲ့ ရင်ထဲက လောဘကို
ယှဉ်ရေးထားတာလေးက တော်တော်ကောင်းတယ်
ကျနော်က ပြန်ပေးမယ်မှတ်တာ
ဒီလိုပါပဲ
နောက်ဆုံးတော့လည်း စိတ်ဆိုတာက
မကောင်းတဲ့ဘက်ကို အားသာသွားရော

သယ်ရင်းမြစ်ကျိုးအင်း မရေးတော့ဘူးဆိုလို့
တော်တော်စိတ်မကောင်းဖြစ်ရတယ်ဗျာ
ပြန်လာပါစေလို့လည်းဆုတောင်းတယ်
စာရေးကောင်းသူတယောက် ဘလော့မှာမလျော့စေချင်ဘူး

ဇော် said...

ကျနော်သာဆို ဘာလုပ်မိမယ်မသိနော် ကိုဂျီး။
ကျနော်လဲလေ .. လောကီသားပေမို့။
ဟက်ဟက်။ =)

့hnin said...

အရမ်းဖတ်ရလို့ကောင်းတဲ့ ၀တ္ထုလေးတစ်ပုဒ်ပါပဲ
လေးစားပါတယ် ရန်ကုန်သားရေ..........................။
ခင်မင်စွာဖြင့်
နှင်း

မယ်ကိုး said...

အရင်အတိုင်း အရေးအသားရော။ဇာတ်အိမ်ကော ဆိုဖွယ်ရာမရှိ ကောင်းပါသည် =)

စူး said...

very good post.

သီဟသစ် said...

ဖတ်လို့ကောင်းလိုက်တာဗျာ

လူတွေကို သနားဖို့ဆိုတာ ဗိုက်ဝနေမှ လွယ်မယ်ထင်တယ် ဆိုတဲ့ ဆရာသစ္စာနီ စာအုပ်ထဲက စကားလေးကို သတိရသွားတယ်

ခင်မင်စွာဖြင့်
သီဟသစ်

ရွှေပြည်သူ said...

ဖတ်ပြီးတော့ အတွေးတွေ တသီတတန်းနဲ့...။ ခေါင်းထဲမှာ “အူမတောင့်မှ သီလစောင့်နိုင်မယ်” ဆိုတဲ့စကားကလည်း ပဲ့တင်ထပ်လို့။ သြော် ဒုက္ခတွေပါပဲ...

အရေးအသားကတော့ တကယ်ကောင်းတယ် မောင်လေးရန်ကုန်သားရေ...

အိုက်ခီလောက် said...

စာကောင်းလေးတွေပဲဗျ ကိုရန်ကုန်သားရ
ကောင်းတယ်ဗျာ တစ်ကယ်ကို လက်ခံသွားတာ
ေ၇းသွားတာ ကောင်းနေရောပဲ
ဂျစ်ညီမ မေးလ် ထဲပို့ မယ်ဆိုလည်းပို့ စရာပဲ
ခုလည်း ပိုက်ဆံအိတ်လေး ကောက်ရတာကို
ဆွဲဆောင်အောင် ရေးသွားလိုက်တာ
ဖတ်ပြီးတဲ့ အထိပဲ ဘာများဖြစ်မလည်းဆိုပြီး တော့လေ
စိတ်က နှစ်ခုဖြစ်နေတယ် အဖြေကို မသိဘူး
နောက်ဆုံးတော့ အဖြေက ရိုးရိုးရှင်းရှင်းလေးပါပဲ
တစ်ကယ်ပဲချီးကျူးပါတယ် ဗျာ

pho said...

်ဟုတ်တယ်လေ အူမ မတောင့်နိုင်သေးတော့လဲ
သီလဆိုတာက ခပ်ဝေးဝေးကချောင်လေးထဲမှာပေါ့

မိုးခါး said...

အူမတောင့်မှ သီလစောင့်နိုင်တာနော်
မြန်မာနိုင်ငံသားတွေ အူမ မတောင့်နိုင်တာ ဘယ်နှစ်ဦးတောင် ဖြစ်ကုန်ပြီလားမသိဘူး ..

ငှက်ငယ်လေး said...

ဟုတ်တယ်နော်...ရေတွက်လို့ တောင်ရမှာမဟုတ်တော့ဘူး...
အကိုရန်ကုန်သားစာရေးကောင်းတာတော့မပြောတော့ဘူး..ရေးလည်းရေးနိုင်တယ်နော်

ဂေါက်သီးနဲ့ရှောက်သီး said...

စာအရေးသားတွေက တော့ ပြောစရာမလိုတော့ဘူး ဖတ်ရင်းနဲ့ကို ပေးမလားမပေးဘူးလားဆိုတာ သိချင်လာတယ်..စာဖတ်သူကို အောက်ထိဆွဲခေါ်သွားတာ တကယ်ကိုပညာသားပါတယ်
လေးစားတယ်ဗျာ..
တစ်ခါတည်းကျနော်ပါ အတွေးဝင်သွားတယ် ငါသာသူ့နေရာမှာဆို ပေးဖြစ်မလားမပေးဖြစ်ဘူးလားပေါ့..

ကိုလူထွေး said...

ကောင်းတယ်... ရည်ရွယ်ချက်လည်းကောင်းတယ်... အရေးအသားလည်းကောင်းတယ်..

"အူမကတောင့်သွားသော်လည်း သီလကတော့ သူ့ ရင်ထဲ မှိန်ရာက ပျောက် လုပြီ"

ဒီလိုအရေးမျိုးလေးတွေကို သဘောကျမိတယ်...

နောက်ဆုံးတကြောင်းတော့ နည်းနည်းမဆိုစလောက်လေး ပေါ့နေသလားပဲ...

Chitpalonelay said...

တကယ့်ကို ကောင်းတဲ့ဝတ္ထုပဲဗျာ။ အရေးအသားကတော့ တကယ်ကို လေးစားလောက်တယ်။ ပါးလုံးလေ ဖတ်နေရင်းနဲ့ တွေ့မှာလား ရှေ့ကလူလား လားပေါင်းများစွာနဲ့ အဖွဲ့အနွဲ့လည်းကောင်းတယ်။ မျက်စိထဲမှာကို မြင်ယောင်မိတယ်။ အရမ်းကိုအားကျတယ်ဗျာ။ ပါးလုံးလည်း အဲ့လိုစားရေးကောင်းချင်လိုက်တာ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

Chitpalonelay said...

ပြန်ပေးလိုက်မယ်ထင်တာ နောက်ဆုံးတော့ အင်းအခုခေတ်နဲ့ အညီကို အသေအချာရေးထားတာ ချီးကျူးတာမဝလို့ နောက်တခေါက်ထပ်မန့်တာ။ အခုတော့ အိပ်တော့မယ် ရတော့ဘူး။ မနက်ဖြန်ကျောင်းသွားရမှာမို့။
ခင်မင်လျှက်
ညီမလေး ပါးလုံး

WWKM said...

မနေ့ကတည်းကဖတ်ပြီးသွားပြီရယ်.
စာရေးကောင်းတာတော့ပြောစရာမလိုဘူး။
ကဲ..ဘ၀အကြောင်းတွေချည်း ဆက်တိုက်ဖြစ်နေပြီ။
လုပ်ပါဦးဇာတ်မြူးလေး။
ပျင်းလွန်းလို့ ရန်ကုန်သားရေးတဲ့ ဇာတ်မြူးလေး
တစ်ပုဒ်လောက် ဖတ်ခွင့်ရရင် ဖတ်ချင်သား။း)

မကြီးဝါ

ကာရံဆူး said...

ကိုရန်ကုန်...အရမ်းကောင်းတယ်...သဘာဝကျတယ်...လက်တွေ့ မှာ ဒါမျိုးတွေပဲ ဖြစ်တာများမှာပါ..သားသမီးအတွက် နဲ့ မိဘတွေ ငရဲအကြီးခံနေရတာ အများကြီးပါ... မိဘတွေကို အရမ်းလေးစားတယ်...

သက်တန့်ချို said...

အရမ်းကောင်းတယ်ရန်ကုန်သားရေ...တို့တွေအပြင်မှာစကားမပြောဖြစ်သေးဘူးနော်.....ပြောချင်တယ်ဗျာ..ဒါပေမယ့်ရန်ကုန်သားရဲ့မေးကိုမသိဘူးဗျ..ကျွန်တော်က thettantchocho@gmail.com ပါ.....ဟီး ခင်နေတာကြာပြီးး အခုမှ ....ဟဟ

TnT said...

That's pretty nice, mate. It's a social rule hard to follow sometimes.

naychi said...

ဇတ်လမ်းလေး... ပေးချင်တဲ့အချက်လေးကို သဘောကျတယ်။ စာရေးအရမ်းကောင်းတာပဲ
အားပေးနေတယ်နော...

နွေးနေခြည်

sweety said...

အရမ်းကောင်းတဲ့ ပို့စ်လေးပါ..အကြောင်းအရာလေးကလည်းကောင်းတယ်..တင်ပြပုံလေးလည်းကောင်းတယ်..တကယ်သဘောကျတယ်..

maylay said...

ခေါင်းစဉ်ဖတ်ပြီးတည်းက တခုခုကောက်ရပြီးပြန်ပေးလိုက်တာမျိုး(ဒါမှမဟုတ်) ကောင်လေးက ကောင်မလေးကို ဖွင့်မပြောလိုက်ရဘဲ ပြိးသွားတာမျိုးလို့ ထင်တာ .အမှန်းတော်တယ်နော်။ ဟုတ်တယ် ။ အူမ မတောင့်လို့ သီလအသက်ထွက်သွားသူတွေ များလာနေပြီ ရန်ကုန်သားရေ။ စာရေးကောင်းပုံကို မပြောတော့ဘူးနော် ကောင်းပြိးသားပဲ။ ကျန်းမာပျော်ရွှင်ပါစေ

jr.lwinoo said...

ဝတ္ထုတိုတွေ အရေးသွက်သလောက် ကောင်းပါတယ်..
ပုံနှိပ်တိုက်တွေ ပို့ကြည့်ပါလား မောင်လေးရေ..
ခင်တဲ့
ဂျူ

ပြည့်စုံ said...

အပြောချည်းပဲ ကောင်းတာမဟုတ်...
အရေးအသားပါကောင်းတဲ့
ရန်ကုန်သားရေ....
ရင်ခွင် တစ်ခုဖန်ဆင်းရုံပဲလားဗျ... :) :) :)

ပျော်ရွှင်ပါစေဗျာ...

ခင်တဲ့
ပြည့်ုစုံ (ဝေါသားလေး)

ဂျာမုန်းဒန် said...

ရန်ကုန်သားရေ...
ဝတ္ထုတိုလေးလာဖတ်သွားတယ်။
ဖတ်တဲ့သူတိုင်းဟတ်ထိစေတဲ့အရေးအသားတွေမို့အကျိုး
ရှိလှတဲ့ပိုစ့်လေးပါ။
ဆက်ကြိုးစားနော်...အမြဲအားပေးနေမယ်။
အစ်မဂျာမုန်း

Dream said...

ဟင်....အဲ့နေ့က ကျသွားတာ ကိုစိုးဌေးနဲ့အနွဲ့တို့ဆီ ရောက်သွားတာကိုး.း...မရဘူး ...အခုပြန်သွားတောင်းမယ်... အဟတ်.... :P

စာအရေးအသားတော်တော်ကောင်းတယ်... အားကျတယ်...လေးစားတယ်။

နောက်ပြီး မည်သို့ပင် ဆင်းရဲပါစေ ကိုယ်ကျင့်သီလ တရားကို စောင့်ထိန်းဖို့ရာ အဓိက ဆိုတဲ့ အသိတရားလေး ပိုရသွားတယ်။

ကျေးဇူးပါ...

Rev aggavamsa said...

ကောင်းတယ် ဗျာ .. အရမ်းကောင်းတယ် .. ဖတ်နေရတဲ့အချိန်မှာ ခံစားရနေရတဲ့အသိကတော့ ... ကိုကိုယ်တိုင် ဇာတ်ကောင် ဖြစ်နေလိုက်တာများ ရင်မောလိုက်ရတာ ... တကယ်ပါ .. တစ်ခြားမိတ်ဆွေတွေလဲ ကို့ လိုဘဲ ကိုယ်ကိုတိုင် ဇာတ်ကောင်ဖြစ်နေတယ်ဆိုတာ အသေချာ ပြောရဲတယ် ...