Tuesday, September 8, 2009

“အချစ်၌ မွေ့ လျော်ခြင်း”


ကန်ရေ ပြင်သည် စိမ်းညို့ လျှက်ရှိလေသည်။ နေခြည်နုနုက ရေပြင်ထက်သို့ အသာဖြာကျလို့ နေသည်။ လှိုင်း ကြက်ခွပ်ကလေးများက ကန်အစပ်ဆီသို့ ပြေးပြေးကပ်လာတဲ့အခါ ဖလပ်ဖလပ် ဟူသောအသံလေးကို ကြားနေ ရသည်။ မြင်မြင်သမျှစိမ်းစိုနေသော ထိုကန်တော်အင်းယားသည် ချစ်သူအများ၏ နားခိုရာဖြစ်၏။ အမြင်အေး၏ ရင်အေး၏ ချစ်သူများအတွက် ချိုမြ၏။

သူတို့ နှစ်ယောက် လေတိုးလို့ မရအောင် တစ်ယောက်ကို တစ်ယောက် ဖက်တွယ်ထားကြသည်။ သူမ ခေါင်း လေးက သူ့ လည်တိုင်ကိုမှီလျှက်က သူ့ ရင်ခုန်သံကို နားထောင်နေသည်။ သူ့ ရင်ခုန်သံက လေးလေးနွေးနွေး ရှိနေမည်ဖြစ်သည်။ သူ့ နှာဖျားတွင် သင်းနေသော သူမ၏ ကိုယ်သင်းရနံ့ လေးသည် အင်းယားကန်ကို ဖြတ် တိုက် လာသောလေနုနု နွေးနွေး နှင့်အတူ သင်းတပျံ့ ပျံ့ ရှိလှသည်။ သူမ လက်မောင်းပြည့်ပြည့်လေးကို အသာ ဆုပ်ရင်း သူမလက်တစ်ဖက်ကို သူ့ ရင်ခွင်ထဲသို့ အသာထားလိုက်သည်။ လက်ကလေးကို မပြီး လက်ခုံ လေးကို အသာလေး မွှေးလိုက်ရင် သူ့ ရင်ထဲ သာသာလေး နွေးနွေးသွားလေသည်။

“မောင် ….”

တလောကလုံးတွင် အဲဒီ ခေါ်သံသည် အသာဆုံးဖြစ်သည်။ ဘဝင်ကိုလည်း မြမြလေး အေးစေသလို သူ့ ရင်ကို လည်း လှိုက်ကနဲ နွေးကနဲ ဖြစ်သွားစေသည်။ ချစ်သူ နှစ်ယောက်အတူရှိနေတဲ့အခါ ထိုသို့  နွေးမြနုရွသော ခံ စား ချက်တွေ ရင်ခုန်သံတွေသည် ဤမျှ ထိုမျှ ကြည်နူးစရာရယ်လို့ နှိုင်းဆပြလို့ မရနိုင်ပါချေ။

“ဟင် ပြောလေ နွယ်လေး …. ”

“ဟင့်အင်း မောင့် ကို မောင် လို့ ခေါ်ချင်တာ …. မောင့်ကိုလေ မောင် လို့ ခေါ်လိုက်ရရင် နွယ်လေး ရင်ထဲမှာ အ ရမ်းနွေးသွားတယ်သိလား မောင် ….. မောင်ရယ် …. တစ်သက်လုံး ခေါ်နေပါရစေနော် ….”

သူ လှစ်ကနဲပြုံးသည်။ သူ့ ရင်ထဲမှ ပီတိတွေက မြူးတူးလှုပ်ခါနေသည်။ နှလုံးသားက ဝူးဝူးဝါးဝါးအော် သည်။ သူမ နဖူးပြင်ကို နူးနူးညံ့ညံ့ ဖွဖွ ကလေးနမ်းရှိုက်လိုက်သည်။ သာယာလှိုက်မောလှပေသည်။

“ခေါ်စေဗျာ …. မောင်ကလည်း နွယ်လေးရဲ့ မောင် ဆိုတဲ့ခေါ်အသံလေးကို အမြဲကြားချင်နေတာပါ … မောင် က နွယ်လေးရဲ့ ထာဝရ မောင်ပဲလေ ….”

နွယ်လေးက လွင်လွင်ကလေးရယ်သည်။ ချစ်သူ ရယ်သောအခါ သူ့ နှုတ်ခမ်းတွေက အလိုလို ပြုံးမိသွားသည်။
“မောင် နွယ်လေး ကို ဘာလို့ ချစ်တာလဲ ဟင် …. ”

နွယ်လေး၏ဆံစတွေကို သူ အသာပွတ်သပ်ပေးရင်းက ကန်ရေပြင်ကိုဖြတ်၍ သေးငယ်ငယ်ကျွန်းကလေးကို ငေး ကြည့်နေလိုက်သည်။ ဘာလို့ ချစ်တာလဲ ဆိုတဲ့ မေးခွန်းက အတော်ဖြေရခက်သည်။ ဘာကို ချစ်တာလဲ ဆိုရင် သာ ရှာကြံပြောလို့ ရသည်။ တကယ်တော့ ဘာကို ချစ်တာလဲ ဘာလို့ ချစ်တာလဲ ဆိုတဲ့ မေးခွန်းအ တွက် အဖြေ က တစ်မျိုးတည်းသာဖြစ်သည်။ သူ တိုက်ရိုက် ဖြေဆိုနိုင်ခြင်းငှာ မစွမ်းပါ။

“ချစ်လို့ ချစ်တယ် လို့ ပဲဖြေရမှာပဲ နွယ်လေးရဲ့ ။ ဘာလို့ လဲဆိုတော့ နွယ်လေးကို မောင် ချစ်တယ် ဆိုတာကွ ဥပ မာ နွယ်လေး ပြုံးတာကို ချစ်တယ် နှုတ်ခမ်းလေးတွေ မျက်လုံးလေးတွေကို ချစ်တယ် …. ဆံပင်လေးတွေကို ချစ်တယ် လက်ကလေးတွေ ကိုချစ်တယ် ….. အဲလို တစ်ခုချင်းလိုက်ပြောရင် ကုန်မှာတောင် ဟုတ်ဘူး မောင် က အကုန်ချစ်နေတာလေ …. တော်တော် ဂွကျတဲ့မေးခွန်းပဲ”

နွယ်လေးက သူ့ လက်ကို အသာဆုပ်ကိုင်လျှက် သူမ နှုတ်ခမ်းလေးနှင့်အသာထိထားသည်။ သူမ နှုတ်ခမ်း လေးက နွေးသက်နေသည်။

“ဘာကို ချစ်လဲ တို့ ဘာလို့ ချစ်တာလဲ လို့ မေးလာလို့ သာ နှုတ်ခမ်းလေး ကိုချစ်တယ် ပါးလေးကို ချစ်တယ် ဒီလို လေးပြုံးလို့  … ဒီလိုလေးကြည့်တတ်လို့ …. ဆိုပြီးသာ ရှာကြံပြောရတာ … ချစ်တာက ချစ်တာပဲလေ … နွယ်လေး ဘာပဲဖြစ်နေနေ မောင်က ချစ်နေမှာပဲ ….. ပြောပြလို့ မရဘူး …. ဒါပေမယ့် မောင် နွယ်လေးကို တကယ် မချစ်လို့ မဟုတ်ဘူးနော်။ သေချာတွေးကြည့်ရင် နွယ်လေးနဲ့ ပတ်သက်သမျှအရာ အားလုံးကို ချစ်နေ တာ ….. နွယ်လေး ဆိုတဲ့  အငွေ့ အသက်ကလေး ရှိနေတဲ့ အရာတိုင်းကို ချစ်တာ …..”

သူမက သူ့ ချစ် ဒဿနကို ငြိမ်သက်စွာခံစား နားထောင်နေသည်။
“ မောင် နွယ်လေးကို ကြိုက်နေပြီထင်တယ်လို့  ဟိုကောင် ကျော်ကျော့်ကို တိုင်ပင်တုန်းက ဒီကောင် ဘာပြော တယ်ထင်လဲ … နွယ်လေး …. ”

“ဟင့်အင်း ကိုကျော်က ဘာပြောလဲ မောင် ”

“မချစ်ခင် အရင်မုန်းကြည့်လိုက်တဲ့ ….. မုန်းကြည့်လိုက်ရင် အမှန်တွေကို တွေ့ လာလိမ့်မယ်တဲ့ …. မောင် လည်း ပထမတော့ ဒီကောင် နောက်နေတယ် အောက်မေ့တာ ….. အဲဒါနဲ့ မောင်လည်း နွယ်လေးကို အစမ်း မုန်းကြည့် လိုက်ရော …..”

“ဟင် … နွယ်လေးကို မောင်က အစမ်းမုန်းကြည့်တယ် ….. ဟဟ … မောင့်စကားက အဆန်းပဲ ….”

“ဟုတ်တယ် နွယ်လေးရဲ့  ကျော်ကျော်က မောင့်ကို အဲလို စမ်းသတ်ခိုင်းတာ ….. ပထမဆုံး နွယ်လေးဆီမှာ မောင် မကြိုက်တာတွေ လက်မခံနိုင်တာတွေ ဘာများရှိလဲပေါ့ ….”

“ဟာ မောင်က နွယ်လေးကို အရုပ်တစ်ခု ဝယ်သလို အပြစ်အနာအဆာ ပါလားဆိုပြီးကြည့်တာပေါ့လေ …ဟွန်း မုန်းဖို့ ကောင်းလိုက်တာ …. ”

“ဟုတ်ပါဘူးဗျာ မောင် ပြောပြီးပါပကော အစမ်းမုန်းကြည့်တာပါ ….. ချစ်တယ် ဆိုတာ ဘာလဲ လို့ သိမှ မသိ တာ အမုန်းဆိုတာကိုတော့ လူတိုင်းက သိတယ်လေ ….. မုန်းဖို့ ကလွယ်တယ် အပြစ်မြင်ဖို့ က လွယ်တယ် နွယ်လေးရဲ့  …..”

“ဒါနဲ့ ပဲ မောင်က နွယ်လေးကို မုန်းကြည့်လိုက်တယ်ဆိုပါတော့ …. ရှင်းနိုင်အောင် ရှင်းနော် မရှင်းနိုင် လို့ ကတော့ ပြဿနာရှာမှာ ….. မောင် လူဆိုးကြီး နွယ်လေးကို မုန်းကြည့်ရက်တယ် …..”

“ကဲပါ နွယ်လေးရယ် ပြဿနာတော့ မရှာလိုက်ပါနဲ့ မောင်ပြောတာကို နားထောင်ပေးပါဦး ….နော် အဲဒါနဲ့  မောင့် ရင်ထဲ စွဲနေတဲ့ နွယ်လေးကို မောင့်အတွေးထဲ ခေါ်လိုက်တယ်ပေါ့ကွာ …. ပြီးတော့ နွယ်လေးရဲ့ ခြေ ဆုံး ခေါင်းဖျား မောင်ဘာ မကြိုက်တာ ရှိလဲလို့ အသေရှာတော့တာပေါ့ ….”

“ဟာ မောင်နော် …. .ဘာတွေပြောနေတာလဲ ….”

“ဟဟ တကယ်ပြောတာ ဒါပေမယ့်လေ ဟိုး နွယ်လေးရဲ့ ဆံဖျားလေးကနေ ဟိုးခြေဖျားလေးအထိ မောင် မချစ် တာ မောင် မကြိုက်တာ ဘာမှ မရှိဘူး …. မောင် အကုန်လုံးကို ချစ်နေတာ နောက်နွယ်လေးရဲ့ စိတ်ကလေး တွေ နွယ်လေးရဲ့ မူဟန်လေးတွေ အတွေးလေးတွေ ရယ်မောသံလေးတွေ အပြုံးလေးတွေ စိတ်ကောက်ရင် လုပ်ပြီးစူ ထားတဲ့နှုတ်ခမ်းလေးတွေ အိုဗျာ မောင် အကုန်လုံးကို ချစ်နေတာ အပြစ်ဆိုတာလေ တစ်စတစ်လေ မှ ရှာလို့ မရဘူး ပြီးတော့ နွယ်လေး မောင့်ကို ချစ်တာလေးကို မောင် ချစ်နေခဲ့မိတယ် …..”

သူမ သူ့ ကို အပြစ်မတင်ပါ။ သူမ သူ့  ရင်ကို အသာလေး ပါးအပ်လာသည်။ သူ့ နှလုံးသားတွေနဲ့ သူမ နှစ် ကိုယ် ကြားစကားတွေ ကြားနာနေကြသည်။ သူ့  ရင်ထဲမှ အချစ်တွေသည် သူမ၏ ထိတွေ့ ခြင်းတွင် ယိုင်နဲ့ ခြင်း မရှိဘဲ ချစ်နေမိပါလားဆိုတာ သူ အံ့သြစွာသိလိုက်ရသည်။ အချစ်သည် စောင့်ထိန်းအပ်သည် တို့ ကို စောင့် ထိန်း သင့် ချိန် တွင် စောင့်ထိန်းပြီး ဖြစ်နေလေ၏။ ထိုသည်မှာ အချစ်၏ မနာကျင်စေလိုမှုဖြစ်လေသည်။ သူ၏ ထိတွေ့  ခြင်း သည် သူမ အပေါ်ဘယ်သောအခါမှ နာကျင်မှု မရှိစေရပါ။ သူ သူမကို မြတ်နိုးမှုဖြင့် တိုးတိုးပြီး ချစ်နေမိပြီ တည်း။

“အဲနောက် မောင် နွယ်လေးကို ဘယ်လို မုန်းကြည့်ကြည့် အပြစ်ရှာကြည့်ကြည့် ဘယ်လိုမှ ရှာလို့ မရဘူး ရောင် ရောင်ကလေးတောင် မတွေ့ ဘူး …. မောင် ကိုယ်တိုင်သိလိုက်တယ်လေ မောင် နွယ်လေးကို တားမရ ဆီးမရ ကို ချစ်နေပြီဆိုတာ …”

“တကယ်တော့ နွယ်လေးရယ် အချစ်ဆိုတာ စည်းမျဉ်းတွေ ဥပဒေတွေ နဲ့ ဘောင်ခတ်ထားလို့ ရတာမှ မဟုတ် တာ အချစ်က မောင်တို့ လို မျက်နှာမလိုက်တတ်ဘူး နွယ်လေးရဲ့  ပွင့်လင်းတယ် ရိုးသားတယ် မောင် တော့ နွယ် လေးကို အတိုင်းအတာ မရှိတဲ့ ပုံစံမျိုးနဲ့  ရေတွက်လို့ မရတဲ့ အချိန်မျိုးနဲ့  ချစ်နေတယ်ဆိုတာ နွယ်လေး ယုံ ထား စေချင်တယ် မောင်လည်း နွယ်လေးကို မပြယ်တဲ့အချစ်တွေနဲ့  ချစ်နေမှာမို့ ပါ ….”



သူမ မောင့် ရဲ့ စကားလုံး လှလှတွေကို ပီတိဇောနဲ့ ပင် ပြုံးရယ်မပြစ်နိုင်ပါ။ မောင့် ရဲ့ စကားလုံးလေးတွေကို သူမ ချစ် နေခဲ့ သည်။ မောင့် စကားသံလေးတွေရဲ့ မှီတွယ်ရာ မောင့် ရင်ခွင်ကို သူမ ချစ်နေမိပြီ …. သူမ မောင့် ရဲ့  နွေးထွေး လှတဲ့ အချစ် တွေနဲ့ အတူ ပျော်မွေ့ နေပြီ။ သူမတို့ နှစ်ယောက်လုံး၏ နှလုံးသဲပွတ်တို့ သည် ချစ်ခြင်း ဖြင့် တွယ်ဆက် လျှက် ရှိ နေပြီဖြစ်သည်။

“မောင့်ကို နွယ်လေး ဘယ်လို ရွေးချယ်ခဲ့တာလဲဟင် ပြောပါဦး မောင်ကြားချင်လို့ ….”

ကန်ရေပြင်သည် သူတို့ အားပြုံးပြုံးကြီး ကြည့်နေသည်။ လေနုနုတွေက နေခြည်၏ နွေးထွေးမှုတွေကို ပွေ့ ပိုက် လျှက်က ချစ်သူနှစ်ဦးကို အသာအယာပွေ့ ဖက်ကျီစယ်သွားသည်။

“မောင့်ကို …….…. မောင် ကနူးညံ့တယ် ပြီးတော့ အင်းနော် အဲလို အမေးခံရတော့မှ မောင့်ကို ကိုယ်ချင်းစာမိ တယ် …. မောင် နွယ်လေးကို ဘယ်လောက်ချစ်တယ်ဆိုတာ သိချင်လို့ သာမေးတာပါ ….တကယ်တော့ မောင် ပြောသလို ထောက်ပြလို့ မရတဲ့အရာတွေပါပဲ နောက်ဆုံးတော့ နွယ်လေး မောင့်ကို ချစ်တာပဲသိတော့တယ် …. မောင်နဲ့  ပတ်သက်သမျှအရာအားလုံးကို နွယ်လေးချစ်တယ် …. မောင့်ရင်ခွင်ထဲမှာ နွယ်လေး ခုလိုလေး အမြဲ နေပါရစေ မောင်ရယ် နော် …..”

“….မောင့်ကို နွယ်လေးချစ်တယ် လို့  ပြောလိုက်တာ နွယ်လေးရဲ့ ဘဝတစ်ခုလုံးပါတယ်မောင် …. မောင့် ကို နွယ် လေး ယုံကြည်တယ် ဘာလို့ ယုံကြည်တာလဲလို့ ပြောရရင် မောင့်ရဲ့ တည်ကြည်မှုတွေ မတွေဝေ တတ် မှုတွေ နွယ်လေးကို လက်တွဲ ပြီး နွယ်လေးရှေ့ ကမားမား မတ်မတ် ရပ်တည်ပေးခဲ့တာတွေ အကုန်လုံးပဲ ….”

“နွယ်လေးတို့ မိန်းမတွေဟာ ဘယ်လောက် ကြံ့ခိုင်တယ်ဆိုပြီး မာန်တင်းထားတင်းထား အတွင်းသဘောတွေ အသည်းနှလုံးတွေက နုနုလေးရယ်ပါ ….. နွယ်လေး မောင့် ကို ချစ်ရတာ လိုအပ်နေတဲ့ ကြံခိုင်မှုတွေ အားအင် တွေ အကုန်လုံး ရလိုက်သလိုပဲ …… တကယ် တော့ မောင်ရယ် ဦးနှောက်ရှိရှိ ချစ်ဖို့ ဆိုတာ မဖြစ်နိုင်တာကြီးပါ ဒါတွေ မရှိဦးတော့ မောင့်ကို နွယ်လေး ချစ်နေ ဦးမှာပဲ မောင့်မှာ ဒီလို အရည်အချင်းမျိုးတွေ ရှိနေတာဟာ နွယ် လေးရဲ့ ကံတရားပါ မောင်ပြောသလို အချစ်မှာ ရွေးချယ်မှုဆိုတာ မရှိပါဘူး …..”

သူမ၏ ဘဝသည် မောင် ဖြစ်သည်။ သူမ၏ ရယ်မောသံသည် မောင် ပြုံးတိုင်းပေါ်ထွက်လာမည်။ သူမ၏ မျက် ရည် များ သည် မောင့် ဝမ်းနည်းကြေကွဲမှုများ၏ အထိမ်းအမှတ်ဖြစ်သည်။ သူမသည် မောင့်၏ မှန်တစ်ချပ် ဖြစ် ကောင်းဖြစ်မည်။ သူမ မောင့် ကို ထိုမျှချစ်သည်။ ချစ်လွန်းလို့ ခေါ်လိုက်သော သူမ၏ “မောင်”သည် သူမ ရင်ထဲ ၌ ဖွဲ့ စည်းဖြစ်တည် လာသော အချစ်များ၏ ပဲ့တင်သံသာဖြစ်သည်။

သူမ၏ ဖြစ်တည်မှုသည် မောင် ဟူသော ယောက်ျားတစ်ယောက် အတွက်ဖြစ်သည်။ မောင်မရှိရင် သူမ ဆို သော မိန်းမ မရှိ။ သူမ၏ အတွေးများအားလုံး၏ ပိုင်ရှင်သည် မောင် သာလျှင်ဖြစ်သည်။ မောင့် အတွက် သူမ တွင် အရာ အားလုံးကို လိုက်လျောနိုင်သည်။ မောင့်အတွက် ဘယ်တော့မှ မာကြောသွားမှာ မဟုတ်တဲ့ အသည်း နှလုံးတွေ သူမတွင်ရှိသည်။ မောင့်ကို ချစ်ရလို့ သူမ ဘယ်တော့မှ နွမ်းနယ်သွားမည်မဟုတ်ပေ။ သူမ မှာ မောင့်အတွက် အမြဲတမ်းသစ်လွင်တောက်ပနေသော အချစ်တွေရှိနေပါသည်။

သူမ မောင့်ရင်ခွင်ကို မှီနွဲ့ ရင်းက မောင့်အပေါ် သူမ၏ ချစ်ခြင်းကို ဖော်ကျူးရန်ကြိုးစားနေမိသည်။ မောင် ကအလိုက်သစွာ တိတ်ဆိတ်နေပေးသည် မောင့်ရင်ခုန်သံကို စည်းချက်လိုက်ရင်း သူမပြုံးလိုက်မိသည်။

“နွယ်လေး မောင့်အပြစ်တွေကို လိုက်ရှာကြည့်နေတာ၊ မောင့်သီအိုရီကြီးကို စဉ်းစားကြည့်နေတာ။ နွယ်လေးနဲ့  တော့ သိပ်မကိုက်ဘူး ထင်တယ်မောင်ရဲ့  နွယ်လေးက မောင့်ကို ချစ်နေပြီလေ … မောင်က နွယ်လေးရဲ့  တစ်ဦး တည်းသော မောင် ဖြစ်နေပြီ ချစ်အံ့ စဲစဲ လေးဆိုရင်တော့ ပိုအဆင်ပြေမယ် ဘာပဲဖြစ်ဖြစ်ပါ လေ မောင့်ကို အ ပြစ် ဆိုလို့ အစမ်းလေးတောင် မြင်မကြည့်ချင်ပါဘူး ....... နွယ်လေး ကတော့ မောင့်ကို ချစ် တာပဲ သိတယ် …. အရင်တုန်းကလည်း မောင့်ကို နွယ့်ချစ်သူများ ဖြစ်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့  ချစ်ရ တာအမော၊ ခု မောင့် ကို နွယ်လေးရဲ့ မောင် အဖြစ်နဲ့ လည်း တအားချစ်နေတုန်းပဲ …. နောင်လည်း ချစ်နေဦး မှာပဲ လေ …. မောင်သာ ပစ် မသွားရင်ပေါ့ ….”

“အဲ … မောင်က နွယ်လေးကို ဘာကိစ္စပစ်သွားရမှာလဲ … ပေါက်ပေါက်ရှာရှာ ချစ်လို့ လည်းမဝနိုင်ဘူး ပစ်လို့  လည်းမသွားနိုင်ဘူး ဗျာ …… ”

မောင့် အနမ်းတွေသည် အချစ်ကြောင့်ရယ်လားမသိ လှိုက်ဖိုခြင်းထက် နွေးထွေးမှုကိုသာပေးသည်။ သူမ မောင့် ၏ တိုအနမ်းများကို မြတ်မြတ်နိုးနိုးခံယူနေမိသည်။ အချစ်သည် မောင့်အနမ်းကို ဖြူစင်စေကြောင်း သူမ ကောင်း ကောင်းကြီး သိသည်။ မောင်နှင့်ပတ်သက်၍ သူမ အတွက် စိုးရိမ်မှုဆိုတာမရှိခဲ့သေး။ ထိုသည်မှာ သူမ မောင့် အပေါ်ယုံကြည်မှုဖြစ်သည်။ မောင့်အကြည့်တွေ အောက်တွင် သူမ မလုံခြုံမှုဆိုတာ မခံစားရ မောင့်အကြည့် တွေ အောက်တွင် သူမ သည် လွတ်လပ်နေခဲ့သည်။ အနှောင်အဖွဲ့ ကင်းမဲ့နေသည်။ ထိုသည်မှာ မောင့် သိက္ခာ ဖြစ် သည်။ မောင့် ကို ထိုသည်များကြောင့် သူမ ချစ်ရသည်။ ထိုသည်မှာ သူမ ချစ်သော မောင့်အလှတရားများ ဖြစ် သည်။ မောင့် အရေပြားတစ်ထောက်ထက် ထိုကဲ့သို့ သော မနာကျင်ရသည် ကြင်နာမှုများကို သူမ ပိုမြတ် နိုးမိ ပါသည်။

“နောက်ဆုံးတော့ နွယ်လေးရယ် မောင်က နွယ်လေးကို ချစ်တာ နွယ်လေးလို့ အမည်တပ်ထားတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဂုဏ်သတ္တိလေးတွေတိုင်းကို ချစ်နေမိတာပါ … တိုင်းပြလို့ လည်း မောင့်မှာ မတတ်ပါဘူး ပြောပြ လို့ လည်း စကားတွေ မရှိပါဘူးကွာ ….. မောင်လည်း နွယ်လေးကို ချစ်တာပဲ သိတယ် ချစ်ချင်နေတာပဲသိတယ် ဒိပြင်လည်း မစဉ်းစားချင်တော့ဘူး ……”

“မောင်ကလည်း စကားတတ်လိုက်တာ.......... နွယ်လေး တော့ အဲဒါတွေနဲ့ တင် တဖြုတ်ဖြုတ် ကြွေနေရတော့ တာ နော် …..”

“ဟဟ စကားတတ်လိုက်တာတဲ့ ကြည့်ပါဦး မောင့် မြဒါလီလေးက အချစ်အကြောင်းတွေကို ပြောနေလိုက်တာ မောင်တောင် လိုက်လို့ မမှီတော့ဘူး …. သိပ်ပျော်တာပဲ မောင် သိပ်ပျော်တာပဲ အချစ်ရယ် ……. ”

ချစ်သူ နှစ်ယောက်၏ ရယ်သံလွင်လွင်သည် လှိုင်းကြက်ခွပ်လေးများ၏ ဖလပ်ဖလပ်ဟူသော အသံများနှင့် အ တူ လွင့်ပျံသွားလေသည်။ စိမ်းစိုသော အပင်စိမ်းစိမ်းတို့ သည် လေအလာတွင်အသာ ယိမ်းလျှက် အချစ်၏ သံ စဉ်၊ ချစ်သူ နှစ်ဦး၏ ရင်ခုန်သံများနှင့်အတူ စည်းဝါးလိုက်နေသည့်ဟန်ဖြင့် စိမ်းစိုမြမြဖြင့် မြင်သမျှ လှပနေ လေ သည်။ အချစ်သည် အကောင်းဆုံးသော အလှဖန်တီးရှင်ဖြစ်သည်။ အချစ်သည် ဖြည့်တွေးပေးနိုင်ဆုံး သော အ ကောင်းမြင်ဝါဒီသမား တစ်ယောက်ဖြစ်သည်။ အချစ်သည် ကောင်းစွာသော ချုပ်တည်း စောင့်ထိန်းနိုင်မှုကို ဖြစ် စေ သည်။ နူးညံ့သလို ခိုင်မာတည်မြဲသည်။ အဆင်းလှသလို အသံကလည်း ချိုမြသည်။ နာကျင်ခြင်း ကင်း သော ထိတွေ့ ခြင်းများဖြင့် ပြည့်သိပ်နေလေသည်။

သူမ မောင့်ကို မော့ကြည့်လိုက်သည်။ မောင်ကလည်း သူမကို အသာငုံ့ ကြည့်သည်။ မောင့်မျက်လုံးထဲတွင် မောင့်၏ သူမအပေါ်မြတ်နိုးခြင်းများနှင့်သာ ပြည့်သော အချစ်တွေကို တလက်လက်နှင့်တွေ့ နေရသည်။

သူ သူမကို ငုံ့ ကြည့်လိုက်တော့ သူမ မျက်လုံးထဲတွင် သူ့ အား ယုံကြည်ခြင်းနှင့် ရှင်သန်နေသော အချစ်တွေ ကို အထင်းသားမြင်နေရသည်။ သူမသည် ဤလောကတွင် သူအချစ်ဆုံး မိန်းမဖြစ်လေသည်။

အင်းယားကန်သည် ချစ်သူ နှစ်ဦး မျက်မှောက်တွင် အလိုက်တသိ တိတ်ဆိတ်ပေးနေ၏။ ချစ်သူတို့ ၏ ရင်ခုန်သံ တိုးသိပ်သိပ်တို့ က နှစ်ကိုယ်ကြား စကားဆိုကြလေတော့သည်။

ရန်ကုန်သား



24 comments:

yaewoori said...

စာရှည်ရင်ဖတ် ရမှာပြင်းတဲ့ကျနော်

စာဆုံးသွားတာတောင် အောက်မှာထပ်ရှာနေမိတယ်

ငှက်ငယ်လေး said...

arrrrrrrrrrrrrrrrr zeeo comment so lo
nar 1 aww ma lo jarrrr

yaewoori said...

ဟီးဟီး ကြက်သီး တော့ ထစရာကြီး ဇာတ်သိမ်းနားက ပိုပြင်းတယ်
အကို ကိုယ်တွေ.လားဟင် ကောင်းခန်းရောက်ခါနီး မီးပြတ်သလိုဖြစ်သွားတယ်

မေလေးညို said...

ဘယ်လို ကွန်မန့်ပေးရမှန်းတောင် မသိဘူးဖြစ်သွားတယ်။ မျက်လုံးထဲမှာ ချစ်သူနှစ်ယောက်ရဲ့ ကြည်နူးရင်ခုန်မှူကို ပြက်ပြက်ထင်ထင် မြင်အောင် ၀တ္ထုလေးက စွမ်းပါပေတယ်။ သဘောကျအားပေးလျက်ပါ။

မေလေး said...

သယ်ရင်းရေ
အရေးအသား ကောင်းလွန်းလို့ ပြီးသွားတာတောင် မသိလိုက်ဘူး။ မနက်စာ ကော်ဖီခွက်ကို ဘေးချပြီး ဖတ်နေလိုက်တာ။ ကော်ဖီခွက်ပါ အေးကုန်ပြီ။

“သူမ မောင့်ကို မော့ကြည့်လိုက်သည်။ မောင်ကလည်း သူမကို အသာငုံ့ ကြည့်သည်။ မောင့်မျက်လုံးထဲတွင် မောင့်၏ သူမအပေါ်မြတ်နိုးခြင်းများနှင့်သာ ပြည့်သော အချစ်တွေကို တလက်လက်နှင့်တွေ့ နေရသည်။

သူ သူမကို ငုံ့ ကြည့်လိုက်တော့ သူမ မျက်လုံးထဲတွင် သူ့ အား ယုံကြည်ခြင်းနှင့် ရှင်သန်နေသော အချစ်တွေ ကို အထင်းသားမြင်နေရသည်။ သူမသည် ဤလောကတွင် သူအချစ်ဆုံး မိန်းမဖြစ်လေသည်။”

အဲဒီစာပိုဒ်လေးက ချစ်သူနှစ်ဦး တစ်ဦးနဲ့တစ်ဦး လေးစားချစ်ခင်မှုတွေ မြင်နေရတယ် သူငယ်ချင်း အရမ်းကြိုက်တယ်။

ခင်မင်လျှက်
မေလေး(ဆုံနိုင်ခွင့်)

Nge Naing said...

စာနုနုလေးတွေ အခုမှ တခါပြန်ဖတ်တယ်။ ဖတ်ရှုအားပေးသွားပါတယ်။ တကယ့်ဘ၀ထဲရောက်ရင်တော့ အချစ်ကို အဲဒီလောက် အချိန်မပေးနိုင် မဖွဲ့နွဲ့နိုင်တော့ဘူးဆိုတာတော့ ကြိုပြီး တွက်ထားဖို့ လိုတယ်နော့်။

အနော် said...

ချစ်ခြင်းမှာ မွေ့လျော်နေတဲ့ ချစ်သူနှစ်ဦးနဲ့အတူ
ဝတ္ထုလေးကို ကြည်နူးစွာ ဖတ်သွားပါတယ် အကိုရန်ကုန်သားရေ
အချစ်ရဲ့ နူးညံ့သိမ်မွေ့တဲ့ ခံစားချက်လေးတွေကို မျှဝေပေးတဲ့ အကိုရန်ကုန်သားရေ အခု အချစ်မှာ မွေ့လျော်နေပီလားဗျို့
ဖြူစင်တဲ့ချစ်ခြင်းတရားကို အပြည့်အဝကို ဖော်ကျူးနိုင်တာပဲဗျာ
စာအရေးအသားကောင်းတယ်လို့သာ ပြောချင်ပါတော့တယ်

ကြယ်ဖြူစင် said...

အချစ်အကြောင်းနုနုလေးတွေကိုဖတ်သွားပါတယ်..
ချစ်သူနှစ်ဦးတစ်ဦးနဲ့တစ်ဦး အပြန်အလှန်ချစ်တာကို
စာဖတ်သူပါကြည်နူးရအောင်ရေးတတ်ပါတယ်...
တော်ပါ့ငါ့မောင်လေးရယ်
မမ
ကြယ်ဖြူစင်

စိမ်း... said...

အောက်ကစာ ဆက်ဖတ်ဖို့ မောက်စ်တောင်မရွှေ့ရဲဘူး... စာသားတွေ နူးညံ့လွန်းတော့ ကြွေကျလာမှာစိုးလို့... ဟာ ဟ ..
တော်တော် အသေးစိတ်ရေးတတ်တဲ့လူ... စက္ကန့်တိုင်းကို စာလိုက်စီနိုင်တယ်... စိမ်းတော့ရေးတတ်သေးဘူး... ကြိုးစားတုန်း... အားကျတယ်...

Anonymous said...

အဲ့ဒီအချိန်တွေက ခဏလေးပဲ ဒါပေမယ့် ထိရှတယ် မြင်သာတယ် ဖွဲ့နွဲ့ပုံကအသေးစိတ်တယ် အထစ်အငေါ့အရှိဘူး ..
( အချစ်သည် စောင့်ထိန်းအပ်သည် တို့ ကို စောင့် ထိန်း သင့် ချိန် တွင် စောင့်ထိန်းပြီး ဖြစ်နေလေ၏။ )

အဲ့ဒီစကားကို အကြွင်းမဲ့မထောက်ခံချင်ဘူး ဒါပေမယ့် ဒါက ချစ်သူတို့အတွက်မှတ်သားသင့်တဲ့ စကားတစ်ခွန်းဆိုတာ တော့ အသေချာဆုံးပဲ ဆိုတာကိုတော့ ထောက်ခံတယ်ဗျာ

မယ့်ကိုး said...

စာကနုလှလွန်းလို့ လူတောင်လွင့်ချင်သွားတယ် =)

WWKM said...

စာတွေက နုလှချည်လား မောင်မျိုးရဲ့..လူနဲ့တခြားစီ.အဟက်. နောက်တာနော်..း))
စာနုနုလေးတွေဖတ်ရတော့လည်း လူလည်းပိုနုသွားသ
လိုပဲ.. မောင်မျိုးရဲ့ပို့စ်လေးတွေ မဂ္ဂဇင်းတိုက်ပို့ဘို့ အစ်မ
စုံစမ်းပေးနေတယ်။ အောင်မြင်သွားရင် ကိုယ့်အစ်မကို
မမေ့နဲ့နော်.း)))
ခေါင်းတွေကကိုက် ၊ လည်ချောင်းတွေကနာ ၊ချောင်းတွေကဆိုး၊ အသံတွေကအက်...ဆရာဝန်တွေ
ကလည်း အားမကိုးရဘူး။ :D

မြစ်ကျိုးအင်း said...

အချစ်ကို ကြည်နူးမှုအမြင်နဲ့ ကြည့်မိတော့ ဒီလို စာသား လေးတွေ ထွက်ပေါ်လာတယ်။

ဝတ္ထုတပုဒ်ထက် ကျော်လွန်ပြီးတွေးရင်တော့
အချစ်ဆိုတာ ကိုယ်ခံအား တမျိုးပါပဲ။
အချစ်တွေ တောက်ပနေသ၍ ကိုယ်ခံအားကောင်းနေသ၍ အရာရာသာယာနေပါတယ်။
ဒါပေမယ့် ဘေးမှာ နာကျင်ခြင်းဆိုတဲ့ ရောဂါတွေက အမြဲတမ်း စောင့်နေတတ်ကြတယ်။

နုနုညံ့ညံ့ စာသားလေးတွေကို ကြည်ကြည်နူးနူး ဖတ်သွားပါတယ်။

စည်သူ said...

အရမ်းကိုကောင်းပါတယ် ကိုရန်ကုန်သားရေ..
အဲလိုစာသားလေးတွေ ဖတ်ရတော့ ကြည်နူးသွားတယ်..

ဖတ်ရင်း ဖတ်ရင်း နောက်ကြောင်းတောင် တစ်ခေါက် ပြန်လိုက်သေးတယ်..

အခုလို ကြည်နူးသွားခဲ့ရလို့
ရေးသားတင်ပြသူအား ကျေးဇူးတင်ပါကြောင်း

ခင်မင်စွာဖြင့်
စည်သူ။

ဝက်ဝံလေး said...

ရန်ကုန်သားရယ် နင့် စာတွေ နာ ဖတ်ပြီး နာရေးထားတဲ့ ဇာတ်လမ်းတွေတောင် သိမ်ငယ်သွားသလို ခံစားရတယ် ဟွင်းးးးးးး နီနော် ဒါပဲ နာ့ကို ဘလော့ဂ် ပိတ်ရအောင်တော့ မလုပ်နဲ့ ဟွန်းးးး ငါက အရေးမလှပေမယ့် စာရေးရတာ ပျော်နေတာဟဲ့

စာလေးတွေက နုရွနေတာပဲဟယ် ပြောစမ်း နင် ဘယ်မှာ သွားသင်ထားတာလဲဟင် ကိုယ်ပိုင်ဆိုရင်တော့ မချီးကျူးပဲ မနေနိုင်တော့ဘူးဟာ ဟင့် လောကကြီးက မီတရားဘူး နာ့ကျတော့ စာကောင်းကောင်းရေးတတ်အောင် မဖန်တီးပေးဘူး ဗြဲ နိုပီ

ရန်ကုန်သားရေ ဟို ကောင်လေးနဲ့ကောင်မလေး ပုံလေးကို တော်တော်ကြိုက်တယ်ထင်တယ်နော် နာ တွေ့တာ ၂ ခိရှာ ၂ ခါရှိပြီဟဲ့

နာ မန့်တာ များသွားရင် ခွင့်လွှတ်ဟယ် ပြီးတော့ နီ နဲ့ နာ နဲ့ ပြောတာလဲ စိတ်ချိုးနဲ့ နာ က ဂလိုပဲ ပြောတတ်လို့နော် ရင်းနှီးမှုသဘောပေါ့ဟယ် နာ့ထက် အသက်ကြီးမယ်မှန်းထင်ပေမယ့် အဲဂလိုပဲ ခေါ်ချင်တယ်ရတယ် ဟုတ် အို... မရလဲ တတ်နိုင်ဘူးရော ထော်မှာပဲ ကဲ ဒိုးပြီ စာလေးက ကောင်းတယ်လို့ ထူးပြီးမပြောတော့ဘူးနော် သိရား ဘိုင် တာ့တာ

သားကြီး said...

(“မြင်မြင်ချင်းချစ်တယ် ဘယ်လိုလုပ်ရမလဲ”လို့လူငယ်တစ်ယောက်ကမေးတော့ ဂရိသုခမိန်ကြီးဆိုကရေးတီးက ပြန်ဖြေတယ်...
“နောက်တခါ သေသေချာချာထပ်ကြည့်လိုက်”တဲ့
အဲလိုထပ်ကြည့်လိုက်ရင် ကြိုက်ချင်စရာမကောင်းတာတွေ တွေ့နိုင်တာမို့လို့ဖြစ်တယ်။
ဒါပေမယ့်ပြဿနာက မပြီးဆုံးသေးဘူးလို့ထင်တယ် နောက်တခါထပ်ကြည့်လို့ ထပ်ချစ်မိသွားရင် ဘယ့်နှယ့်လုပ်ရပါ့မလဲ)

ခုလည်းနွယ့်ကို မောင်ဆိုတဲ့လူအပြစ်မရှာရက်နိုင်တာ ဒါကြောင့်ပဲဖြစ်မယ်
..........
အပေါ်ကစာက တာရာမင်းဝေရဲ့စာပါ

ဂေါက်သီးနဲ့ရှောက်သီး said...

အကိုကတော့လုပ်ချလိုက်ပြီဗျာ ဒီမှာ စာဖတ်ရင်းနဲ့ကို ချက်ချင်း ချစ်သူဘေးနားရောက်သွားသလို ခံစားလိုက်ရတယ်..ခေါ်တာချင်းကလည်းတိုက်ဆိုင်တော့ တော်တော်လေးလွမ်းသွားရပြီဗျာ
အရေးသားကတော့ ပိုမပြောတော့ဘူးဗျာ
အားလုံးဂွဒ်ဘဲ

မျှော်လင့်ခြင်း said...

အချစ်စစ်ဆိုတာ တွေ့ လိုက်ရသလိုပါပဲ
ပတ်ဝန်းကျင်မှာရှားလွန်းနေလို့  မရှိတော့ဘူးလို့ တောင်ထင်မိတယ်။

အင်းယားကန်ဘောင်ကို ရန်ကုန်ပြန်တော့ တခေါက်ရောက်ပါတယ်
အင်းယားတောင် အရင်လို မဖြူစင်တော့ဘူး
အရောင်တွေ စွန်းနေပြီ

တလနွန် said...

အချစ် ဇာတ်လမ်းလေးက ကြည်နူးဆွတ်ပျံ့ စွာနှင့် ခံစားမိတယ်။ ရေးတတ်တယ် ကိုရန်ကုန်ရေ။

သီဟသစ် said...

အားပါး
ဖတ်ရတာ ကြည်နူးစရာကောင်းလိုက်တာ


ခင်မင်စွာဖြင့်
သီဟသစ်

မေဓာဝီ said...

ရန်ကုန်သားရေ ..
ရန်ကုန်သားရဲ့ ၀တ္ထုလေးတွေ ဖြည်းဖြည်းချင်း လာဖတ်ဦးမယ်။ လောလောဆယ် ဒီတပုဒ် ဖတ်သွားပါတယ်။ သိင်္ဂါရ ရသမြောက်တဲ့ အချစ်ဝတ္ထုလေးတပုဒ်ပါပဲ။

ဖိုးသင်္ကြန် said...

လန်းတယ်ဗျာ။ အဲလို နုနုလေးတွေရေးချင်ဖို့ လိုရမယ်ရ ကောင်မလေးတစ်ယောက်လောက်ရှာဦးမှ။ (ဘာမှမဆိုင်)

ဧရာဝတီသား said...

အဟား ... စာဖတ်သူတွေ အားလုံး ကြည်နူးသွားကြပြီ။ ကျေးဇူးပါ အစ်ကိုရေ၊ ဒီလို ကြည်နူးစရာ ဇာတ်လမ်းလေးတွေ ဖန်တီးတင်ဆက် ပေးတဲ့ အတွက်။ ( ကျွန်တော်ကလည်း ရုပ်သာကြမ်းတာ၊ အသဲက တယ်နုသကိုး၊ အသဲကွဲ ဇာတ်လမ်းတွေဆို တယ်ဖတ်ချင်တာဟုတ်ဘူး )

အသဲကွဲ ဇာတ်လမ်းတွေ ရေးတဲ့ ဇော်တို့၊ အနော်တို့ ကိုပြောထားတယ်၊ ဒီတစ်ခါ မပေါင်းရဘူး ဆိုလို့ကတော့ လာမဖတ်တော့ဘူးလို့ :P

Angel Shaper said...

အင်းးးး ရိုမန့် ကလဲ တစ်တစ်လို့ ကို မြည်တယ်နော်။
ချစ်လိုက်ကြပုံ။ အရေးကောင်းလို့  ကြည်နူးစရာ အချစ်ဇာတ်လမ်းလေး ဖြစ်သွားရတာပါ။ အပြင်မှာကော..... (အပြစ်မရှိ အပြစ်ရှာသွားသည် )