Friday, September 11, 2009

ကျွန်တော့်ရင်ထဲက စာကြည့်တိုက်များ


သူငယ်ချင်း ကိုသက်တန့် ချို၊ ဝက်ဝံလေး တို့ တက်ဂ်ထားတဲ့ ပိုစ့်ကလေးပါ.............
ကျွန်တော် ကတော့ ဘလော့တွေကို လက်လှမ်းမှီသမျှ အချိန်ပေးနိုင်သမျှ သွားရောက်လည်ပတ် ဖတ်ရှုပါ တယ်။ ဘယ်ဘလော့ ဘယ်အိမ်လေးပဲဖြစ်ဖြစ် တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ် ဆန်း ဆိုသလို အား ကျ အတု ယူ ဖွယ်ကောင်းလှပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ အားလုံးကို သဘော လည်း ကျပါတယ် ကြိုက်လည်း ကြိုက် ပါတယ်။ ဘယ်အိမ်လေးက ပဲပြန်လာ ပြန်လာ တစ်ခုခု တော့ ရလာတာ ပါပဲ။ ကျွန်တော် မသိတာ တွေ၊ အတုယူ စရာတွေ၊ မှတ်သားစရာတွေ၊ အတွေးအခေါ် တွေ၊ အရေးအသားတွေ၊ အကြောင်းအ ရာတွေ၊ သ တင်းအချက် အလက်တွေ ဖတ်လို့ မကုန် ယူလို့ မကုန်နိုင် ပါဘူး။ ကျွန်တော့် blog list မှာရှိသမျှ ကျွန်တော်ပုံမှန် သွားရောက် လည် ပတ် သမျှသော ဘလော့လေးတွေ အကုန်လုံးကို ကျွန်တော် အရမ်း ကြိုက်ပါတယ်….. ဒီဘ လော့လေး တွေအကြောင်း တစ်ခုချင်းစီပြောရင် ပြောလို့ မကုန်နိုင်အောင်ပါပဲ။ ခုသူငယ်ချင်းနှစ်ယောက်က ခင်ခင်မင်မင် တက်ဂ်လာတဲ့ အတွက် ကျွန်တော်အကြိုက်ဆုံးဘလော့လေးတွေကို ထုတ်နုတ်ပြပါရစေ အဓိက ကတော့ ကျွန် တော် သင်ယူစရာတွေ မှတ်သားစရာတွေ မနိုင်မနင်းနဲ့ ပြန်လာရခဲ့တဲ့  ရစဲဖြစ်တဲ့၊ ရဦးမှာဖြစ်တဲ့ ဘလော့တွေပါ ….. (ဘလော့တိုင်း ဘလော့တိုင်းမှာ ဖတ်စရာ မှတ်စရာ တွေ အများ ကြီး ရှိပါတယ်။ ကျွန်တော်စရိုက်နဲ့  ကိုက် မယ် ထင်တာတွေကို မှတ်သားပါတယ် အတုယူပါတယ်။ တနင့်တပိုး ပေး လိုက်တဲ့ ဘလော့လေးတွေကို ပြော ပြပါရစေ ….)

အစ်မကြီး မနော်ဟရီရဲ့ ဘလော့ပါ …. အစ်မဆီက အရေးအသား အတွေးအခေါ်တွေကို အလည်ရောက်တိုင်း အစ်မ စာတွေ ကိုဖတ်တိုင်း မှတ်သားခဲ့ရပါတယ်။ အားကျခဲ့ရပါတယ်။ လေးစားခဲ့ရပါတယ်။ လေ့လာမှတ် သား ဖို့  မကုန်နိုင်တဲ့ နူးညံ့လှပတဲ့ အစ်မရဲ့ အနုပညာတွေဖြစ်ပါတယ် …..။

မမနိုင်းနိုင်းစနေရဲ့ ဘလော့ပါ …… မမနိုင်းဆီက ရလာတဲ့ စိတ်အာဟာရတွေ၊ ရသစာပေတွေ ဗဟုသုတတွေ အင်မတန် များ ပြားလှပါတယ်။ အရေးအသားကောင်းတွေ အတွေးအခေါ်ကောင်းတွေ ပြည့်နေတဲ့ဘလော့ ဖြစ်ပါတယ် ….

မကြီးဝါရဲ့ အမှတ်တရလေးများ ဘလော့ပါ မကြီးဝါက ကျွန်တော့်ရဲ့ အစ်မကြီးပါ …။ ကျွန်တော်က အိမ်မှာ အကြီး ဆုံးဆိုတော့ အစ်ကို အစ်မ အင်မတန် ငတ်ပါတယ်။ မကြီးရဲ့ နွေးထွေးတဲ့ ခင်မင်တဲ့ ကူညီတတ်တဲ့ မကြီးရဲ့  အိမ် ဟာ မိခင်နဲ့ ဝေးနေ တဲ့ ကျွန်တော့အတွက် အင်မတန် နွေးထွေးလှပါတယ်။ မိခင်နေရာ အစ်မကြီးနေရာက နေ လေးစားချစ်ခင်ရတဲ့ ဘလော့ပိုင်ရှင်ဖြစ်ပါတယ်။ မကြီးဆီကနေ ဘဝထဲဝင်ဖို့ အတွေး တွေ ဘဝမှာနေနည်း ထိုင် နည်းတွေ၊ အတွေ့ အကြုံတွေ၊လက်တွေ့ ကျတဲ့ ချစ်ခြင်းတွေကို မကြီးဝါဆီမှာ ဖတ်နိုင်မှတ်နိုင်ပါတယ်။

နောက် အစ်ကိုမြစ်ကျိုးအင်းရဲ့ ဘလော့ပါ …. အစ်ကိုရဲ့ အတွေးတွေ၊ အရေးအသားတွေဟာ ထူးခြားသလို မှတ်သားစရာ တွေ အပြည့်ပါ … စာတစ်ပုဒ်တိုင်းဟာ စာဖတ်သူရင်ထဲ စွဲသွားအောင် တွေးခေါ်ဖန်တီးမှုတွေ၊ ထိမိတဲ့ အရေး အသားတွေနဲ့ ဆွဲဆောင်နိုင်မြဲပါ …. အင်မတန်လေးစားရပါတယ်။

နောက် အစ်မ မေဓါဝီရဲ့  ရေးမိရေးရာတွေးမိတွေးရာ ဆိုတဲ့ ဘလော့လေးပါ။ အစ်မပန်ဒိုရာရဲ့ ကျေးဇူးနဲ့  ဒီ ဘ လော့ လေးကို ကျွန်တော် ရောက်သွားပါတယ်။ ကျွန်တော့်စရိုက် ကျွန်တော့် အကြိုက်တွေသာမက အတွေး တွေ၊
အရေးတွေ၊ ကဗျာတွေ ကျွန်တော် ခုဖတ်နေစဲပါ အင်မတန်ကြိုက်ပါတယ်။ ကျွန်တော် အစ်မအိမ်က ပြန် လာရင် ရလာတာတွေ အများကြီးပါ …..။ လေးစားမိပါတယ် ….. ကြိုက်နှစ်သက်ရပါတယ်။

အစ်မပန်ရဲ့ (ပန်ဒိုရာ) ဘလော့ဖြစ်ပါတယ် ကဗျာလှလှ စာလှလှ အရေးကောင်း အတွေးကောင်းတွေကို အစ်မဆီရောက်တိုင်း တရကြမ်းကို တုရ ယူရပါတယ်။

အစ်မရွှေပြည်ရဲ့ (ရွှေပြည်သူ) စကားပြေအရေးမှာ ငေးမောနေရတဲ့ ဘလော့ပါ စကားလုံးကို အလှဆင်သော အစ်မရွှေပြည်ရဲ့ စာလေးတွေဟာ ရသ အမျိုးမျိုးပေးစွမ်းနိုင်ပါတယ်။

နောက် အစ်မ မယ်ရဲ့  မယ်ကိုးရဲ့  စာစုများ ဘလော့ပါ အစ်မဟာ အင်မတန် စကားလုံးတွေ ကြွယ်ဝပါတယ် ဥမာ ပြု တာပဲဖြစ်ဖြစ် ထပ်တူပြုတာပဲဖြစ်ဖြစ် အဖွဲ့ အနွဲ့ မှာ အင်မတန် ကောင်းမွန်လှပါတယ်စကား လုံးတွေအင်မတန် အားကောင်းပါတယ်။ အစ်မရဲ့ “ချစ်ခြင်း” ဝတ္တုရှည်ကို ကြိုက်နှစ်သက်ရတာ ဒီအကြောင်းတွေကြောင့်ပါ …. “ချစ်ခြင်း” ကို ဆက်ပြီး ရေးပါလို့ တိုက်တွန်းပါရစေ အစ်မ မယ်ရေ .........။

မတတ်နိုင်ဘူး သူငယ်ချင်းတို့ ရေ ငါးခု မကဘူး တကယ်ရေးရင် ခုနှစ်ဆယ်ကျော်သွားလိမ့်မယ် ……နောက် အစ်ကို အောင်သာငယ်ရဲ့ ကဗျာတွေအစ်ကိုကိုရင်နော်နဲ့ အစ်မခင်လေးငယ်အစ်မဂျူနီယာလွင်ဦးအစ်မရီတာကိုတလနွန်ကြီး(ပျောက်နေတာ ကြာပြီး ခုမှ ပိုစ့်တစ်ခုတင်တယ် ခံစားချက်ကို စာလုံးတွေနဲ့  ရော ထည့်ပေးတတ် တာ သူ့ အရေးအသားတွေပါ)အစ်ကို သီဟသစ်ကိုယုယကြီးအစ်ကို နေဒေးသစ်အစ်ကို ဖိုးစိန်ကိုသားကြီး ရဲ့ ဇာတ်လမ်း ကို ဆက်စေချင်ပါတယ် အရေး အသား ကောင်းသလို လူကို ရယ်မောပျော်ရွှင် သွားအောင် သူ စာတွေက အစွမ်း ထက်ပါတယ် …. ကိုလူထွေးကြီးကိုရွာသားလေး (YTU) ရဲ့ အရေးအသားတွေကို မှတ်သားဖူးပါတယ် စာတွေ ရေးပါဦး ကိုရွာ သားရေ၊လက်ဆိပ်ရှိတဲ့ ညီဇော် ရေးလိုက်ရင် ပြင်းရှတဲ့ ခံစားမှုတွေနဲ့  မောမောကြီးဖြစ် အောင် စွမ်းသူလေးပါ …. အလှတရားရဲ့  အရေး ကောင်း အတွေး ကောင်းတွေ၊ တစ်ရေးနိုးထထအော်တဲ့ ချစ် ခြင်းခြေရာ (အရေးကောင်း ရက်နဲ့  အိပ်ချည်းနေတာ) နဲ့  ဧရာသား ကုန်တော့ဘူး အကုန်လုံးကြိုက်နှစ်သက်တာ ၊ ကို သက်တန့် ချိုရဲ့  ဘလော့လေး(စွယ်စုံကျမ်းတစ်အုပ် လို တန်ဖိုးရှိပါတယ်)၊ အနော်ရဲ့  စိတ်ကူးယဉ် အိပ်မက် ကိုသက်ပိုင်သူ ....... ကဲ ကျေနပ်ပါ တော့ တက်ဂ်ပိုင်ရှင်များဖြစ်တဲ့ ကိုသက် တန့် ချိုနဲ့ ဝက်ဝံလေးရေ ကျွန်တော် ကြိုက်တဲ့ ဘလော့ခုနှစ် ဆယ် ကျော်ရှိပါတယ် …..

ပြောရင်တော့ မိုးပဲလင်းမလား ပဲ ဒီတော့ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် တက်ဂ်တဲ့အတွက် ကျေးဇူးပါ ဒီ တက်ဂ်ရေးရတာ ခေါင်းအခဲဆုံးပဲခင်ဗျ ….ဝက်ဝံလေးရေ ( အမြင်ကတ်ရတဲ့အ ကြောင်း) အကြွေးကို ပိုစ့်တစ်ခု
ခြား ပြီးဆပ်ပါ့မယ် သူငယ်ချင်းရဲ့ ဘလော့လေးကတော့ အမြဲရောက်လို ကြိုက် နှစ်သက်ပြီး သားဆိုတာ ပြောဖို့ မ လိုပါဘူး နော် …………..

ခင်မင်လေးစားလျှက်
ရန်ကုန်သား

31 comments:

ဝက်ဝံလေး said...

ဟုတ် ကျေနပ်ပါတယ် ငါ ၁ ကွ

ဝက်ဝံလေး said...

အားနာပါတယ် ရန်ကုန်သားရေ ဟိဟိ လင့်ခ် တွေ လိုက်ထည့်လိုက်ရတာ မောသွားပြီထင်တယ် ဟိဟိ ရေးပေးတာ ကျေးဇူးနော်

ဝက်ဝံလေး said...

အခုတလော ဘလော့ဂ်ဂါတွေ နာ့ကိုလေမျက်စိစပါးမွှေး မကလို့ တံမြက်စည်းစူးမှာသိလား အိမ်တိုင်းလိုလို နာ ၁ လိုက်ယူနေလို့ ဟိဟိ တတ်နိုင်ဘူးနော် ဟိဟိ တော်ပီ သိပ်မသောင်းကျန်းတော့ဘူး ဘိုင်တာ့တာ နော် ဒါတောင် လက်လွန်သွားတယ် ၃ ခုဖြစ်သွားတယ် ဟိဟိ

Chitpalonelay said...

အောင်မယ် ဒီဝက် တော့ ငါအရင်လားမှတ်တယ်ဒင်း လာသောင်းကျန်းနေပြီ နင်တော့နော် အခုထိမအိပ်သေးဘူးလား မနက်ကျောင်းသွားရမှာမဟုတ်လား ငါက မနက်ဖြန်ကျောင်းပြေးမှာမလို့ ဟွင့်။ ကျေနပ်ဘူး။
ခင်မင်လျှက်
ညီမလေး ပါးလုံး

Chitpalonelay said...

အဟန့် အစိန်မန့်ပါတော့မယ်။ မန့်မယ်ဆိုတော့ ဘယ်ကစမန့်ရမလည်းမသိဘူး။ ညွှန်းစာဖွဲ့လို့မမှီဘူးပေါ့လေ ဟုတ်လား။ မနက်ဖြန် တခေါက်ပြန်လာဦးမယ်။ ပါးလုံးမရောက်ဖူးတဲ့ ဘလော့တွေကို ဒီကတဆင့်ပြန်သွားမလို့။ ကြော်ငြာဘယ်လောက်ကောင်းလည်းဆိုတော့ စကားပြေအရေးမှာ ငေးရလောက်တယ်ဆိုတာကို သဘောကျတယ် ပါးလုံးလည်း စာဖတ်ရတာဝါသနာပါတယ်။ ပြီးတော့ ကိုရန်ကုန်သားရဲ့ အကြော်ကမာပေမယ့် စာအရေးအသားကတော့ ဆော်တာထည့်ဖို့မလိုဘူးဗျ တော်တော်ကောင်းတယ်။
ခင်မင်လျှက်
ညီမလေး ပါးလုံး
(မအားသေးလို့နော် မနက်ဖြန်မှလင့်ချိတ်တော့မယ်။ မဟုတ်ရင်တခါလာခါနီးတိုင်း လိုက်ရှာနေရတယ်။)

မယ့်ကိုး said...

စာအရေးအသားကောင်းလွန်းတဲ့ ကိုရန်ကုန်သားရဲ့ ရင်ခွင်တစ်ခုဖန်ဆင်းခြင်းကလည်း ကျွန်မရဲ့ အမြဲလာဖတ်ရတဲ့ စာကြည့်တိုက်တစ်ခုပါပဲ။

ချစ်ခြင်းတစ်ခုကို ဆက်ရေးချင်ပါတယ်...
တော်ကြာ သေနတ်နဲ့ပစ်ခန်းတွေ ပါလာတော့မှာ။ စာရေးသူကိုလေ ...

အဲဒီအခါကျ ဘယ်သူမှ အနားမှာ မရှိတော့ဘူး ထင်တယ်နော် =)

လင်းကြယ်ဖြူ said...

ဟုတ်တယ်ဗျာ
တကယ်ကို တော်ကြတဲ့ သူတွေပါပဲ..
ကလောင်စွမ်းထက်ကြပါတယ်..
ကိုရန်ကုန်အပါပေါ့နော..ဟဲ
ပျော်ပါစေခင်ဗျာ

Unknown said...

အောင်မငီး....သူကျတော့ ရေးထားလိုက်တာ များကြီးပဲ
၅ ခုထဲရေးပါဆို ... သက်တန့်နဲ့ တိုင်ပြောမယ် ဟွင်း ...
ဂလိုမှန်းသိရင် ရန်ကုန်သားပြီးမှ ရေးတာပေါ့
ဟီး .... ချိတ်ချိုးနဲ့နော် ... နောက်တာ
ခင်မင်စွာဖြင့်
နှင်းဟေမာ

မိုးခါး said...

ရေးရဦးမယ် ရန်ကုန်သားရေ ..း))
အကြွေးတွေ အကြွေးတွေ ပိနေတာ :P

Libratun said...

thanks, mate.

အိုက်ခီလောက် said...

အားလုံကိုကြိုက်တယ်ဆိုတော့
အကြံလေးပေးမယ်လေ
အပေါ်က အစ်ကိုတွေ အမတွေ အကြောင်းလည်းရေးပြီးသွားပြီ
ဒီတော့ ကျန်ရှိနေသေးတဲ့ လူတွေအတွက်
ကျွန်တော်သူငယ်ချင်းများ ဆိုပြီးဆက်ေ၇းလေ
ရှိသမျှ ဘလောက်တွေ ရေးပေးပါ တောင်းဆိုပါတယ် :D
တစ်ခုမကျန် အားလုံးရေးပေးပါ :P

rose of sharon said...

လာဖတ်သွားတယ်... ရန်ကုန်သားကြိုက်တဲ့ ဘလော့တချို့ကို အစ်မလဲ ကြိုက်ပါတယ်

သံလွင် HeRo said...

ကိုရန်ပြောတဲ့
ဘလော့တွေထဲက တော်တော်များများ
တော့ဖတ်ဖူးတယ်...အကုန်လုံးတစ်မျိုးစီ
ကောင်းကျတာပဲ...ဂွဒ် ဂွဒ်

WWKM said...

အင်းပေါ့လေ.. ကိုယ့်အစ်မဘလော့ကို အားနာပါးနာနဲ့
မပါ မဖြစ်ထည့်သွားပေးလို့ ကျေးဇူစ်စ်စ်း)
ဒါနဲ့ အရေးကောင်းရက်နဲ့ အိပ်ချည်းနေတဲ့ ကောင်လေးကိုပြောလိုက်ဦး။ ကြွေးရှင်ပြန်ရောက်နေပြီ.
ပုန်းမနေနဲ့ တက်ဂ်ကြွေးပေးပါလို့..ဟုတ်လား။

မကြီးဝါ

maylay said...

လင့်ခ်တွေထည့်ရေးရ မောသွားမှာပဲ သယ်ရင်းရေ ရေသောက်ပြီးပလား။ ပလာဇာမှာပဲ ဝယ်သောက်လိုက်တော့နော့်။ ကောင်းတယ်ကွ ဟုတ်တယ် သူတို့အိမ်လေးတွေနော် ။ သယ်ရင်းလည်း အရေးအသားက တွေးများစရာမလိုအောင် ကောင်းပါတယ်။

သားကြီး said...

ကဲ
ပထမဆုံးစတင်သူ ကိုသက်တန့်ချိုနဲ့
အတဂ်ကြမ်းတဲ့ ဝက်ဝံပေါက်စန ပိစိကွေးလေးရေ ၅ခုဆိုရင်တော့ ဘယ်သူမှလုံလောက်မယ်မထင်ဘူးကွဲ့ ဟဲဟဲ
အစ်မမယ်ကိုး၊သယ်ရင်းမြစ်ကျိုးအင်းနဲ့ အစ်မ99စနေဘလော့ကိုကြိုက်တာချင်း
တော့တူတယ်
ကျန်တာတွေလည်းကောင်းကြပါတယ်
ကျနော်ကအမြဲတမ်းရှုပ်နေတဲ့လူဆိုတော့
မရောက်ဖူးတဲ့ဘလော့တွေ များနေသေးတယ်

Sein Lyan Tun said...

စာရေးကောင်းက ကိုရန်ကုန်သားပါ..

ကျနော်ကတော့ ကျနော့်အကြောင်းပဲရေးတာများတော့

စာရေးမကောင်းပါဘူး.. ရေးချင်သလိုသာရေးနေတာပါပဲ..း)

ဘာဖြစ်ဖြစ် ပိုစ့်တိုင်းကိုလာအားပေးတာကိုတော့ ကျေးဇူးတင်ပါတယ် ကိုရန်ကုန်သားရေ...

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

jr.lwinoo said...

ခင်မင်တဲ့ နာမည်တွေထဲ အစ်မနာမည်လေး ထည့်ပေးထားတာ ကျေးဇူးပါ စမ်းချောင်းသားရေ..
း)

အနော် said...

စာကြည့်တိုက်လေးထဲ အနော့်စာမျက်နှာလေး ပါတဲ့အတွက် ကျေးဇူးပါရှင်
အကို ရန်ကုန်သားရေ တောင်းပန်စရာရှိတယ်ချင့်
အနော် ပို့စ်အသစ်တင်တိုင်း အမြဲ အရင်ဆုံး ရောက်ရောက်လာပီး ကွန်မန့်ပေးတတ်တဲ့ ငါ့အကိုရဲ့ ဘလော့ကို အမြဲတမ်း သူများတကာထက် နောက်ကျပီးမှ မန့်ခွင့်ရတယ် အကိုရယ်
တောင်းပန်ပါတယ်နော် :(

တလနွန် said...

ကိုရန်ကုန်သားစာကိုတော့ ညီမလေးဇော် ပို့ လာကတည်းက ကြိုက်တယ်။ စာရေးကောင်းတယ်။ အတွေးကောင်းတယ်။ ကျွန်တော်ကတော့ အပျံသင်ခါစ ထော့နင်းထော့နင်းရယ်။ ဘာပဲဖြစ်ဖြစ် ခင်မင်စွာ အမှတ်တရရှိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ခင်မင်စွာနှင့်
တလနွန်

စည်သူ said...

ဟုတ်ပါတယ်ဗျ...

စာအရှည်တွေကို ဖတ်ရမှာပြင်းတယ်..

ဆိုတဲ့ ... တစ်ခြားလူမဟုတ်ပါဘူး..

ကျွန်တော်ပါပဲ... မပြင်းတော့ဘူးဗျာ...

ကဲ.. ဘာပြောချင်သေးလဲ..

ဒီလောက်ဆို ..

ဧရာဝတီသား said...

အစ်ကိုရေ စာရေးအား ကောင်းလှသလို၊ စာဖတ်အားလည်း ကောင်းပါ့ဗျာ။ စာကောင်းတွေလည်း များများရေးနိုင် သလို၊ သူများရေးသမျှလည်း အလေးထား ဖတ်ရှုတတ်တဲ့ အစ်ကို့ကို လေးစားကြောင်း ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး။

စာကောင်းပေမွန်လေးတွေ အများကြီး ဆက်လက်ရေးသား နိုင်ပါစေခင်ဗျာ
လေးစားလျက်

စိမ်း... said...

အများကြီးပဲ...

ဝသန်မိုး said...

စာရေးကောင်းတဲ့ထဲမှာ
ကိုရန်ကုန်သားလည်းပါတယ်ဗျ
ရေးချက်တွေက လှပပြောင်မြောက်ပါပေတယ်
ချင်းချင်းတွေမို့ ပြောတာမဟုတ်ဘူး
ဘာကျွေးမှာလဲပြော
း)
နောက်တာပါ
အတည်ပြောတာပါ


ခင်တဲ့
ဝသန်မိုး

ကိုလူထွေး said...

အခုမှရောက်ဖြစ်တယ် ရန်ကုန်သားရေ...
စာကြည့်တိုက်များလို့ ခိုင်နှိုင်းထားပုံလေး သဘောကျတယ်...

းဝ)

Angel Shaper said...

င့ါကိုသတိမရလို့ ကွေးနေပါတယ်။
ရေခဲမုန့် ဝယ်ကျွေးမှ ပြန်ခေါ်မယ်။ဒါပဲ။
နင်ကြိုက်တဲ့ဟာတွေ ငါလဲ ကြိုက်တာပါပဲ။ အဲ ဘလော့ပြောတာနော်။ တလွဲမတွေးကြေး ဟေးဟေး

ဇော် said...

ကိုဂျီးစာကြည့်တိုက်ထဲက သူတချို့က ကျနော့်ရဲ့ ဖေးဗရိတ်တွေပဲ ကိုဂျီးရ။ ကျနော်တို့ စာကြည့်တိုက်ထဲက စာအုပ်တွေ တူနေကြပြီ။ =)

ဇော် said...

ကိုဂျီးစာကြည့်တိုက်ထဲက သူတချို့က ကျနော့်ရဲ့ ဖေးဗရိတ်တွေပဲ ကိုဂျီးရ။ ကျနော်တို့ စာကြည့်တိုက်ထဲက စာအုပ်တွေ တူနေကြပြီ။ =)

ဇော် said...

ကိုဂျီးစာကြည့်တိုက်ထဲက သူတချို့က ကျနော့်ရဲ့ ဖေးဗရိတ်တွေပဲ ကိုဂျီးရ။ ကျနော်တို့ စာကြည့်တိုက်ထဲက စာအုပ်တွေ တူနေကြပြီ။ =)

ရွှေပြည်သူ (ShwePyiThu) said...

မောင်လေးရန်ကုန်သားရေ... သတိတရ ထည့်ရေးပေးထားတာကို အရမ်းကျေးဇူးတင်မိပါတယ်။ မောင်လေးရန်ကုန်သားရဲ့ ရသပြည့်ဝတဲ့ အရေးအသားတွေ အဓိပ္ပါယ်ပြည့်ဝတဲ့ ဇာတ်လမ်းတွေနဲ့ ပြည့်စုံနေတဲ့ ဝတ္ထုတိုတွေကလည်း အစ်မငေးမော ဖတ်ရှုရတဲ့စာတွေပါပဲ။ စာကောင်းပေမွန်များစွာကို ဆက်ရေးနိုင်ပါစေလို့လည်း တဆက်ထဲ ဆုတောင်ပေးသွားပါတယ်...

Rita said...

10 Q
:)