Wednesday, September 16, 2009

အမြင်ကတ်သူများအား ကျေးဇူးတင်ပါသည် .....

ဒီပိုစ့်လေးကတော့ သူငယ်ချင်း ဝက်ဝံလေး (စက်တင်ဘာရဲ့ ကောင်းကင်) က “ကျွန်တော့်ကို အမြင်ကတ်ရတဲ့ အကြောင်းရင်းများ” ကိုရေးဖို့ တက်ဂ်ထားတဲ့ ပိုစ့်လေးပါ။ လူ မှန် ရင်တော့ အမြင်ကတ်တတ်ကြသလို အမြင် အကတ်ခံရ မှာလည်း မလွဲဧကန် ပါပဲလို့ ထင်မိပါတယ် ..... ဒါ့ ကြောင့်မို့  ကျွန်တော့်ကိုလည်း အမြင်ကတ်ကြသူ တွေ ဒုနဲ့ ဒေး ရှိပါတယ် .... တစ်ခါ တစ်ခါ ကိုယ်မထင်ထားတဲ့သူ တွေက တောင် အမြင်တွေ အကပ်ကြီးကပ် အမုန်းကြီးမုန်းနေတာတွေ ကိုပါ သိရ မြင်ရ ကြားခဲ့ရပါတယ်။ ကျွန်တော့်ကိုမုန်းနေ တယ်လို့ ကျွန်တော် ထင်တဲ့ သူတွေက တကယ်တော့ ကျွန်တော့် အပေါ်စိတ်ထားမှန်ကြသူတွေ ဖြစ်နေသလို မျိုးပေါ့ ... လူကဲခတ်ရတာ အင်မတန်ခက်ပါတယ် ..... ကျွန်တော့်ကို ဘာလို့ လူတွေ အမြင်ကတ်ကြပါသလဲ .....

ကျွန်တော် စဉ်းစားကြည့်မိတယ် ကျွန်တော်တကယ်မကောင်းလို့ အမြင်ကတ်ခံရတဲ့အခါမျိုးလည်း ရှိပါတယ်။ အဲဒီ အခါ မျိုးကျတော့ ကျွန်တော် ပြင်ရတာပေါ့ .... တစ်ခါတစ်ရံ ကိုယ်က ကောင်းနေပါလျှက်နဲ့ အမြင်ကတ်ခံရတဲ့ အခါလည်း ရှိပါတယ် ... အဲဒါတော့ကျွန်တော်လည်း မတတ်နိုင်တော့ပါဘူး လွတ်လွတ်လပ်လပ်ကြီးသာ အမြင် ကတ်ကြပါတော့လို့ ပဲ ပြောရတော့မှာပါ ..... သူတို့ အမြင်ကတ်တာကြီးက ကိုယ့်အတွက် သိပ် အဓိပ္ပါယ် မရှိတဲ့ အခါမျိုးမှာပေါ့ ....

တစ်ကိုယ်ကောင်းဆန်တယ် လို့ အပြောခံရဖူးပါတယ်......
ဆရာလုပ်တယ်လို့ အပြောခံရဖူးပါတယ်......
ကြီးကျယ်တယ်လို့ အပြောခံရဖူးပါတယ် .....
စကားအလွန်များတယ်လို့  အပြောခံရဖူးပါတယ်.....
အချိုးမပြေဘူးလို့ လည်း အပြောခံရဖူးပါတယ် (ဘာအချိုးမပြေလဲတော့ ကျွန်တော်ခုထိ မသိသေးပါဘူး :))

အမြင်ကတ်ခံရတာကို သိလို့ ကျွန်တော့်မှာ ကောင်းကျိုးတွေ အတော်များများရပါတယ် ... အဲဒါကြောင့် အမြင် ကတ်ကြတဲ့ လူတွေကို ကျေးဇူးတောင် တင်မိတယ်။ သူတို့ သာ အမြင်မကတ်ရင် ကျွန်တော်တော့ မသိသား ဆိုး ရွားတဲ့သူ တစ်ယောက် ဖြစ်နေတော့မှာပါ .....။ ကျွန်တော် အမြင်ကတ်ခံရမှာကြောက်လား ဆိုတော့ ကြောက်ပါ တယ် ......ပညာရှိသူတော် ကောင်းတွေ အမြင်ကတ်မှာတော့ ကျွန်တော် သေမလောက် ကြောက်ပါ တယ် .....။ လောကဓံ နဲ့ တွေလာကြုံလာတဲ့အခါ ကိုယ့်စိတ်ကို ကိုယ်ထိန်းပြီး ရင်ဆိုင်အံတုဖို့ ဆိုတာ အပြောလွယ်သ လောက် အလုပ် အင်မတန်ကို ခက်လှပါတယ်။

ကျွန်တော့် မျက်စိထဲတွင် အမြင်မတော်သမျှ ပြောချင်နေသောစကားတွေ ထွက်မလာအောင် မျိုချရပါတယ်။ စေတနာ ဟာ တစ်ခါတစ်ရံ ဝေဒနာဖြစ်ခဲ့ရတဲ့ အတွေ့ အကြုံမျိုး ရှိခဲ့ဖူးလို့ ပါ။ ဒီလိုနဲ့  ကြာလာတော့ လျစ်လျူရှု တတ်လာပါတယ် ...... စောင့်ကြည့်တတ်လာပါတယ် .... အပြစ်တင်စကား မဆိုပဲ လိုအပ်တဲ့အခါ ကူညီတတ် လာ ပါတယ် .... စကားနည်းနည်းပဲပြောဖို့ အောင့်အီးတတ်လာပါတယ် .... ကျွန်တော်လည်း အေးအေး ချမ်းချမ်း ဖြစ်သွားတယ်လို့  ပြောရမယ်ထင်ပါတယ် ....။

အကြောင်းအရာတစ်ခုကို ပြောဆို ဆွေးနွေး ငြင်းခုံကြတဲ့အခါမှာ တစ်ချိန်က ဦးဆောင် ငြင်းခုံခဲ့တဲ့ ကျွန်တော် နားထောင် သူ သက်သက်ဖြစ်လာသလို ..... သူတို့ အမြင်တွေကို နားထောင်ပေးတတ် လာပါတယ် ... သူတို့  မှားနေတယ်ဆိုတာ သိလာတဲ့အခါ ရေလိုက်ငါးလိုက်နေတတ်လာပါတယ် မှားနေတယ်လို့ မပြောတော့ပါဘူး ကျွန်တော်နဲ့ အင်မတန်ရင်းနှီးတဲ့သူတွေက လွဲရင်ပေါ့ ... သူငယ်ချင်းအရင်းခေါက်ခေါက်ဆိုရင်တော့ မုန်းချင် လည်း မုန်းပါစေ သူမှားနေရင် မှားတယ်လို့ ပြောဖို့ ကျွန်တော်ဘယ်တော့မှ မတွန့် ဆုတ်ပါဘူး ။ကျွန်တော့်ကို မုန်း လို့ ကျွန်တော်သေမသွားပေမယ့် သူတို့ မှားနေတာကို သတိမပေး လိုက်ရဘဲ သူတို့ ဒုက္ခရောက်သွားမှာ လူအ များ အကဲ့ရဲ့ ခံရမှာ မလိုလားလို့ ပါ ..... ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်ပဲ မကောင်းပြောချင်ပါတယ် ။သူများ မကောင်းပြောတာမျိုးကြားရရင် ကျွန်တော့်ကို ဆဲသလို ပဲ နာပါတယ် အခံရခက်ပါတယ် ....။

နောက်ဆုံးတော့ ဆက်လက် အမြင်ကတ်သူများလည်း ရှိနေစဲဖြစ်သလို ကျွန်တော့်ကိုယ်ကျွန်တော် ဝေဖန်သုံး သပ်လို့ မှားမှန်းသိတဲ့အခါ ပြင်ဆင်တာကလွဲရင် ထိုထို သော အမြင်ကတ်သူအပေါင်းကို ကျေးဇူးလည်းတင်သလို အဓိပ္ပါယ်မရှိတဲ့ ဝေဖန်မှု အမြင်ကတ်မှုတွေကိုတော့ ခေါင်းထဲ သိပ်မထည့်တော့ပါဘူး ... ကျွန်တော် သူတို့  ပါးစပ် ဖျားမှာ ကားယားကြီး အဖြစ်မခံနိုင်ပါဘူးခင်ဗျာ ....... လူတစ်ယောက် ရဲ့ ဘဝမှာ သူ့ ဘဝ သူ့ အကြောင်းနဲ့  ကောင်း အောင် လုပ်နေကြတာပါပဲ ... မှားတဲ့အခါ ရှိသလို မှန်တဲ့အခါလည်း ရှိမှာပါ ... ။

ဒီလောက်နဲ့ ပဲ ကျေနပ်ပါတော့ သူငယ်ချင်း ဝက်ဝံလေး (စက်တင်ဘာရဲ့ ကောင်းကင်)ရေ ... ငယ်ကျိုး ငယ်နာ တွေလည်း ကုန်ပါပြီ ..... :)))) ကျေးဇူး ခင်ခင်မင်မင် တက်ဂ်တဲ့အတွက် .... :)))))

အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ .....
ဆင်းရဲလို ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ....
လေးစားခင်မင်လျှက်
ရန်ကုန်သား

32 comments:

ဝက်ဝံလေး said...

ငါ ၁ နော် ခဏ

ဝက်ဝံလေး said...

အေးလေ ဟုတ်တယ် အမြင်ကတ်တဲ့လူတွေ ရှိမှပဲ ငါတို့ ဘာမှားသလဲ ဆိုတာ ပြင်လို့ရတာပေါ့ နော့် ဟုတ်ဘူးလားဟယ် သူတို့ကြိုက်သလောက် အမြင်ကတ်ကြစမ်းပါစေ ဟယ် ငါကတော့ နင့်ကို ကတ်ပါဘူးအေ စာရေးကောင်းလွန်းလို့ ဟက်

ရေးပေးတဲ့အတွက်လဲ ကျေးဇူးးးးနော် ဟဲ့ ဘိုင်တာ့တာ

မြတ်နိုး said...

တူတူပဲ..

တခါတလေတော့ နဲနဲတော့ ကလိချင်သား

WWKM said...

အင်း..
ရန်ကုန်သား စကားများတာကတော့ ကိုယ်တွေ့။ :D
တော်တော်ပြောနိုင်တဲ့ ကောင်ကလေးလို့တော့ ထင်လိုက်သား။
အမြင်တော့မကတ်ပါဘူး ဒီကောင်လေးကို.
နားငြီးရင် ဂွမ်းဆို့ထားလိုက်တယ်.
ခုတော့ နားကိုအေးလို့ ဘာမှကိုမကြားရတော့ဘူး။
ha haa :P

မကြီးဝါ

နဒီမိုးညို said...

(ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်ပဲ မကောင်းပြောချင်ပါတယ် ။သူများ မကောင်းပြောတာမျိုးကြားရရင် ကျွန်တော့်ကို ဆဲသလို ပဲ နာပါတယ် အခံရခက်ပါတယ် ....)
ဟုတ်တယ်..ရှင့်..ကိုရန်ကုန်သားရေ..
ကျမနဲ့ ပတ်သတ်တဲ့လူကိုလဲ..ကိုယ်ပဲ..ပြောချင်တယ်..
သူများပြောရင်မကြိုက်ဖူး..အဲဒါမို့ ခဏဏ.အမြင်ကတ်ခံရတယ်..

ကာရံဆူး said...

ကိုရန်ကုန်ရေ...ဘယ်သူတွေ အမြင်ကတ်ကတ် မကတ်ကတ် ကိုယ့်လမ်းသာ ကိုယ်လျှောက်...အမြင်ကတ်တာ တစ်မျိုးတွေးရင် အမြင်နီးတာပေါ့နော်... အမြင်နီးတော့ ကြာရင် အမှန်မြင်လာကြမှာပေါ့..ဟုတ်ဘူးလား...:)
ဆင်းရဲလိုခြင်း...အထင်သေးခြင်း...အမြင်ကတ်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ...:P

တလနွန် said...

***ပညာရှိသူတော် ကောင်းတွေ အမြင်ကတ်မှာတော့ ကျွန်တော် သေမလောက် ကြောက်ပါ တယ်
***ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်ပဲ မကောင်းပြောချင်ပါတယ် ။သူများ မကောင်းပြောတာမျိုးကြားရရင် ကျွန်တော့်ကို ဆဲသလို ပဲ နာပါတယ် အခံရခက်ပါတယ်။

အထက်ပါ စာသားကို ကြိုက်တယ် ကိုရန်ကုန်သား ရေ။

ခင်မင်စွာနှင့်
တလနွန်

မိုးခါး said...

လူတွေနဲ့ နေတော့လည်း သူတို့ ချစ်တာ ခင်တာ အမြင်ကတ်တာကတော့ ခံနေရမှာပါပဲနော် ..း))

တောင်ပေါ်သား said...

း) လူဆိုမှတော့ ကောင်းတာကော ဆိုးတာကော ရှိမှာပေါ့း) ကတ်ပါစေ အမြင် တချိန် သူတို့ပဲ ပြန်အကောင်းမြင်သွားကြမှာပါ

လေးစားလျက်
တောင်ပေါ်သား

သံလွင် HeRo said...

တစ်ချို့ကလဲ မုန်းလို့အမြင်ကတ်သလို
တစ်ချို့က ကြည့်မရလို့တဲ့
ဟော...မနာလို လို့အမြင်ကတ်တယ်ဆိုတာ
ပါရှိသေး...
လူတွေလူတွေ...ခက်ကိုခက်လောတယ်...
အမြင်ကတ်ခြင်းကင်းဝေးပြီး ချစ်သူခင်သူ
ပေါများပါစေ။

poemflower said...

အချစ်= အမုန်း
အကောင်းပြောခြင်း = အဆိုးပြောခြင်း
ချီးမွမ်း=ကဲ့ရဲ့ (အမြင်ကပ်)
ဒါတွေက လောကမှာ ခွဲမရတဲ့ အတွဲတွေနော်

Anonymous said...

လောကမှာ ခွဲမရဘဲ ဒွန်တွဲနေတဲ့ အရာတွေ အများသားနော်။

ဧပရယ်လ်ပူး@ပူးတေ said...

အင်း တချို့ကျတော့လဲ တချိန်လုံး မကောင်းပဲမြင်နေတော့ ကိုယ်က အကောင်းလုပ်နေလဲ အမြင်ကပ်နေတော့တာပဲပေါ့။ ဥပေက္ခာပဲပြုထားလိုက်ပါ။ ကြာတော့ သူလဲ ကိုယ့်ကို တချိန်လုံးစောင့်ပြီး အမြင်မကပ်နိုင်ပါဘူး။
http://april-poo.blogspot.com

ဝသန်မိုး said...

အမြင်ကတ်နေတဲ့သူတွေ
တစ်ချိန်ကျရင်တော့
အမြင်မှန်ရလာမှာပါ ဗျာ

အမြင်ကတ်ခြင်းအချင်းချင်း
ကင်းဝေးကြပါစေ

maylay said...

ရန်ကုန်သားရေ ကိုယ်တော့ အမြင်မကပ်ပေါင် ဝေးလွန်းလို့ မျက်မှန်တပ်ထားရတယ်လေ့။ လူတိုင်းလူတိုင်း အမြင်ကပ်သူက တစ်ယောက်ယောက်တော့ ရှိနေလောက်ပါတယ်။ ဟုတ်တယ်။ ဥပေက္ခာပြုတန်တာပြု ပြောတန်တာပြော။ နားထောင်တန်တာနားထောင်. လူထဲကလူဖြစ်နေမှ ဘာဖြစ်ဖြစ် တွဲပြီးပဲရမှာပဲ။ တခုတည်းပဲ မရဘူးလေ။ ကိုယ်တော့ သယ်ရင်းရေးထားတာလေးအားလုံးကို ကြိုက်လို့ စာတပိုဒ် တကြောင်း ခွဲမပြောတော့ဘူး။ လူကိုလူချင်းအမြင်ကပ်ခြင်းကင်းဝေးပါစေလို့ပဲ

သားကြီး said...

လူတိုင်းလည်း ဒါတော့မကင်းနိုင်ကြပါဘူးဗျာ
ကတ်ချင်သလောက်သာ ကတ်ကြပါစေတော့
ကြာလာရင် ပျင်းသွားကြလိမ့်မယ်

မယ့်ကိုး said...

ဘယ်သူမှ မကင်းနိုင်တဲ့ လောကဓံကို ကိုရန်ကုန်သားရေးသွားတာ တော်တော်ကောင်းတာပါ။

ပညာရှိသူတော် ကောင်းတွေ အမြင်ကတ်မှာတော့ ကျွန်တော် သေမလောက် ကြောက်ပါ တယ် ...
စကားလေးကတော့ တရားနာရသလို ကောင်းပါတယ်။

Yu Ya said...

“လူအချင်းချင်းလှည့်ပတ်ချင်း ကင်းရှင်းကြပါစေ” ဆိုတဲ့ မေတ္တာပွားလေးကို မေ့ကျန်ခဲ့တာလား တမင်ချန်ခဲ့တာလား ကိုရန်ကုန်သားရယ်..

yu ya

Chitpalonelay said...

ကောင်းတယ်ကိုရန်ကုန်သားရေ ရေးတတ်ပါဘိ ပါးလုံးကတော့ ပြောချင်တဲ့သူ ပြောချင်တာသာပြော ပါးစပ်ညောင်းရင်ရပ်သွားလိမ့်မယ် ကိုယ့်အလုပ်ကိုယ်လုပ်တာ ကောင်းပါတယ်။ ပြင်ချင်စိတ်ရှိတာကိုလည်း လေးစားမိပါတယ်
ခင်မင်လျှက်
ညီမလေးပါးလုံး

အနော် said...

စေတနာတွေက ဝေဒနာတွေ အသွင်ပြောင်းသွားတာ အကြိမ်ရေများလာတော့ ရေလိုက်ငါးလိုက် အင်းလိုက်ပီးတော့ နေတော့တယ် အကိုရန်ကုန်သားရေ
ဒါတွေကိုကြည့်ရင် လူကြီးဖြစ်လာပီ စိတ်ဓာတ်ရင့်ကျက်လာပီလို့ ပြောလို့ရတယ်ဟုတ် ဟိဟိ
အခုအထိတော့ မဖြူစင်တော့တဲ့စိတ်ကို မညစ်နွမ်းအောင်ထက် မပုပ်သိုးအောင်ပဲ ဂရုတစိုက် ထိန်းသိမ်းနေရတော့တယ်
အကိုရန်ကုန်သားရဲ့ အမြင်ကတ်ပို့စ်ကို ဖတ်ပီး လူကြီးကြီးလိုမျိုး စိတ်ဓာတ်ရင့်ကျက်နေစပြုလာတဲ့ အကိုကို အားကျအတုယူသွားပါတယ်ရှင့် :)

စည်သူ said...

ဟုတ်ပါတယ် ကိုရန်ကုန်သားရေ..

ကျွန်တော်လည်း ကိုရန်ကုန်သားလိုပါပဲ..
အမြင်ကတ်လေ.. သဘောကျလေပဲ..

ရွဲ့တာတော့ မဟုတ်ဘူးပေါ့..
လူဆိုတာ အဝေဖန်ခံနိုင်ရတယ်တဲ့
အများတကာရဲ့ ဝေဖန်မှု များလေ
ကိုယ့်အတွက် အမြတ်ထွက်လေပဲလို့
ကျွန်တော်ထင်မိလို့ပါ..

ခင်မင်စွာဖြင့်
စည်သူ။

rose of sharon said...

အမြင်မကတ်ကြောင်း လာရောက်အကြောင်းပါသည်

Dream said...

အမြင်ကတ်တဲ့သူတွေက အကပ်ပဲမြင်နေလို့ပါ။

အင်း..သူများကို အားပေးချင်ပေမယ့်..လောလောဆယ်မှာလဲ ကိုယ့်ကိုသူများတွေ တော်တော် အမြင်ကပ်တာခံနေရတယ်.... အဟား..
ဒီတော့ တခုပဲ ပြောခဲ့လိုက်ပါမယ်...

အားလုံးနဲ့ အဆင်ပြေပါစေပေါ့။း))

ဇော် said...

အမြင်ကပ်ခံရခြင်းအကြောင်းအရင်းတွေ ဘယ်လောက်ရှိတယ်တော့ ကျနော် သိပ်မသိပါဘူး။ လူတိုင်းမှာ ခံယူချက်နဲ့ ယူဆချက်တစ်မျိုးစီကိုးလေ။

ဒါပေမယ့် ကိုဂျီးရာ .. ကျနော်ချစ်ခင်လေးစားရတဲ့အကိုတွေထဲမှာ ကိုဂျီးလဲ တစ်ယောက်အပါအ၀င်မို့ ..
ကျနော်ကတော့ အဲ့ကိုဂျီးကို သူများအမြင်ကပ်တယ်ဆိုတဲ့အကြောင်းတွေကို သိရတော့ ရယ်ချင်တယ်။

ကျနော်လဲ ကိုဂျီးပြောသလိုပါပဲ။
ပညာရှိသူတော်ကောင်းတွေ အမြင်ကပ်မှာမျိုးတော့ သေမလောက်ကြောက်တယ်။
ဒါပေမယ့် သာမန်လူတွေကိုတော့ ဂရုမစိုက်မိရိုးအမှန်ပါ။
ကိုဂျီးညီလေ.. သိတယ်ဟုတ်။ အကိုတွေအားကိုးနဲ့ ဂျစ်ကန်ကန်ပေါ့။ ဟက်ဟက်။

ကိုလူထွေး said...

ကောင်းတယ်ကွာ...

"လူအချင်းချင်းနှိပ်စက်ချင်း ကင်းရှင်းကြပါစေ..."

ဒီတကြောင်းပါ ထပ်ဖြည့်ချင်တယ်...

းဝ)

Unknown said...

ရန်ကုန်သားရေ....
နင်ဘာပဲ ဖြစ်ဖြစ် နာကတော့ ခင်မှာပဲ....သိလား
ဘလော့ဂါပွဲဈေးတန်းမှာ အကြော်များ အလကားစားရမလားလို့ ...အဟိ
သယ်ရင်း ထာဝရပျော်ရွှင်ပါစေနော်
ခင်မင်မှု .....များစွာဖြင့်
နှင်း

Libratun said...

မှားတယ်ထင်ရင်တော့ ပြောပြမယ်။ အဖြေတစ်ခုရအောင် ညှိယူတာပေါ့၊ အခြေအနေနဲ့ အချိန်အခါကိုက်ညီရင် ဘာအလုပ်ဖြစ်ပါစေ လုပ်လို့ အောင်မြင်တာတစ်ခုတော့ ငါသတိထားမိတယ်။ မကြိုက်ဘူးဆိုရင်တော့ သူ့ဘာသာပဲ ရှာတွေ့စေလိုက်ပါတယ်။

ငါကတော့ စိတ်လည်းမဆိုးဘူး အမြင်လည်းမကတ်ဘူး ငါမှားတယ်ဆိုပြောသာပြော ငါလက်ခံစဉ်းစား ပြီးအကောင်းဆုံးဖြစ်အောင် ပြန်လုပ်ပေးမယ်။

လောလောဆယ်အထိ ငါမကောင်းတာတွေကို ဘယ်သူ့မှ ဝေဖန်ခိုင်းလို့ မရသေးဘူးကွာ။

Rita said...

သုခမိန်လှိုင် ရဲ့ စကားလုံးတွေ

ဘယ်လိုထင်ထင် ဖြစ်တယ်လေ။
ထာဝစဉ် မှန်ကန်တဲ့ တရား မရှိနိုင်ပါ။
တချပ်မှောက်တဲ့ ကစားပွဲများ အပြတ် ၀ိုင်းသိမ်းတော့မှ သိမယ်။