Tuesday, August 4, 2009

ကျောင်းနေတုန်းက မြသဲညှာ

(ဒီ “ကျောင်းနေတုန်းကမြသဲညှာ” ဝတ္ထုတိုလေးကို http://www.planet.com.mm/bookplanet/index.cfm/linkpage/read_story/id/691 မှာတင်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့ဘလော့လေး ဖြစ် လာ တော့ <ကိုယ်ပိုင်အိမ်လေးမှာ>တစ်ခေါက် ပြန်တင်ချင်စိတ်ကလေး ပေါ်လာတာနဲ့ တင်လိုက် တာပါ..... ကျေး ဇူးတင်လျက်.....ရန်ကုန်သား)

(၅၀)ဘတ်စ်ကားပေါ်က ဆင်းလိုက်တော့ နာရီဝက်လောက်ထောင်ကျပြီး လွတ်လာသလို ခံစား လိုက်ရ တယ်။ လူတွေရဲ့ ချဉ်စူးစူး ကိုယ်နံ့ တွေရယ်၊ မိန်းမတွေဆီကလာတဲ့ မိတ်ကပ် ပေါင်းစုံ ရေမွှေးပေါင်းစုံ ကအနံ့ တွေ ရယ် ပေါင်းလိုက်တော့ ကျွန်တော့် ခေါင်းတစ်ခုလုံး ရိပ်တိတ် တိတ် နဲ့ တောင်မူးနေတယ်။



မှတ်တိုင်အသီးသီးမှာ ကား ပေါ်ကဆင်းသွားတဲ့ သူတွေကတံတောင်နဲ့ ထိုးသွားလိုက်၊ ဒူးနဲ့ ဆတ်သွားလိုက်၊ ပခုံးနဲ့ တိုက်သွားလိုက် နဲ့ ၊ ဝတ်ထားတဲ့ လည်ကတုံးလက်တိုအဖြူ ခင်မျာ ဘယ် လောက်တောင် ညစ်နေ ပြီလည်းမသိ။ စဥ့်အိုးသေးသေး ထဲ ထိုးသိပ်ထားထားတဲ့ ငါးပိ လုပ်ခံရတဲ့ ငါးက ခေါင်းလေးကော့၊ ခါးလေး ကွေးထားလို့ ရပေမယ့် ဤလူကောင် ကြီးက တော့ တောင့်တောင့်ကြီး နဲ့ တော်တော်ဒုက္ခရောက်လှပါလား။


ကားပေါ်ကဆင်းဆင်းချင်း ရှူလိုက်ရတဲ့ လေများ ငပလီကမ်းခြေက ပင်လယ်လေနုအေး လေးလိုပါပဲ။ ရင် ထဲ ကို အေးသွားလိုက်တာ။ အဟုတ်ပါပဲ ထောင်ကလွတ်လာတာ။ ဒီလို ထောင်မျိုး နာရီဝက် လောက်ကျ လို့ ။ တစ်နေ့ လုံးသာ ဒီလိုနေရရင်တော့လား အိမ်ရောက် ရင် မိန်းမက ချဉ်ဖတ်နဲ့ တောင်မှားပြီး တို့ အစားခံရ မယ် ထင်တယ်။ တစ်နေ့ လုံးဟိုတိုး ဒီ တိုးနဲ့ ဒီလူတွေကြားထဲသွားနေ တဲ့ ကားစပယ်ယာအလုပ် တော့ တစ် သက် လုံးမလုပ် ဘူး။ ငတ်သေချင်သေပါစေ။


ကိုယ့်လည်ကတုံးအကျီ င်္အဖြူလက်နားစလေးကို ဖျတ်ကနဲ့ ခါလိုက်မိသေးတယ်။ အကျီ င်္များ တွန့် ကြေနေ တာ ဘေထုပ်ထဲက အကျီ င်္အတိုင်းပဲ။ ဒီလိုညနေတိုင်း ဘတ်စ်ကားတိုး တိုးစီးရလို့ ဒီလိုအကျီ င်္ တွေ ညစ်ပတ် ကုန် လို့  အိမ်တော်က ရှင်မနဲ့ စကားတွေ များရ ပေါင်းလည်း မနည်းတော့။ ကျွန်တော့်ကို သူ က အဝတ်အ စားဝတ် တာ ညစ်ပတ်သတဲ့ ဗျာ။ မညစ်ပတ်ခံနိုင်မလား။ စီးရတဲ့ ကားလဲလာကြည့်ပါဦး။ ဒီလိုပဲ မိန်းမတွေ များ အပြစ် တင်ဖို့ က အရင်။


ဘတ်စ်ကားက ကားမှတ်တိုင် နဲ့ ခပ်လှမ်းလှမ်းမှာ ရပ်လိုက်လို့ ကျွန်တော်ကားမှတ်တိုင် ဘက်ဆက်လျှောက် လာခဲ့ တယ်။ အိမ်ပြန်ရောက်ရင်တော့ ရေကိုစိမ်ပြီးချိုးပစ်လိုက် ဦး မယ်။ နဖူးပေါ်က ချွေးလက်လေးသစ်ကို လက် ကိုင်ပုဝါ နဲ့ သုတ်ရင်း ကားမှတ်တိုင်နောက် နားကဖြတ်လျှောက်တော့ ရင်းရင်းနှီးနှီးရှိလှတဲ့  အမျိုးသမီး မျက်နှာ တစ်ခုကို ကျွန်တော်တွေ့ လိုက်ရတယ်။ သူ ကလည်း ကျွန်တော့ကို အသေအချာကြည့်နေတယ်။ ကျွန်တော် ဒီမိန်းမ ကို ဘယ်မှတွေ့ ဖူးပါလိမ့်။ အသိမိတ်ဆွေထဲ ကဆိုနှုတ်မဆက်ရင် အားနာစရာကြီး။ လုံးဝ ကိုမ မှတ်မိတာ။ခက်ပြီ။


အဲဒီအမျိုးသမီးက ကလေးကိုခါးထစ်ခွင်လို့ ။ အသားကဖြူဥဥ၊ မျက်လုံးမျက်ဖန်ကကောင်း ကောင်း၊ နာတံ က ပေါ်ပေါ်။ ခက်တာက ဒီမိန်းမတော်တော်ဝတာပဲ။ ကြည့်ပါဦး လည်ပင်း မှာက သုံးရစ်။ မေးစေ့ကအရစ်နဲ့ ပေါင်း ရင်လေးရစ်။ ခါးကလည်းပျောက်လို့ ။ တင်ကများ ကျွန်တော်တို့ အိမ်က စဥ့်အိုးလားမှတ်ရတယ်။ အိမ် က မဟေ သီဝတ် တဲ့ လုံ ချည်မျိုးဆို ဒီမိန်းမဝတ်လို့ ရမှာမဟုတ်ဘူး။ အင်း သူ့ ယောင်္ကျားတော့ ဒုက္ခပဲ။ လုံ ချည်တစ်ကွင်း ဆိုရင် ဒီမိန်းမအတွက် နှစ်ကွင်းစာဝယ်ပေးရမှာ ဆိုတော့။ ကျွန်တော်ကလည်း ရှာရှာကြံကြံ တွေး မိ ပါတယ်။


အနားရောက်တော့ ဆံလေးတိုနဲ့ ဒီမိန်းမဝဝက ကျွန်တော့ကို ပြုံးပြတယ်။ ကိုယ်ကလည်း စိုက်ကြည့် မိနေတော့ ကြောင်တောင် တောင်နဲ့ ပြန်ပြုံးပြလိုက်ရတယ်။ အတော်ဂွကျတာပဲ။ ဦးနှောက်များ ကလည်း ဒီမှတ် တိုင်ကျော် မှ ပဲ သတိက ရ ရတတ်လွန်းတယ်။ တစ်ခါလည်း ရုံးကဆရာ့ ကတော်ကို ကားမှတ်တိုင်မှာတွေ့ တာ၊ သူကရယ်ပြ တာတောင် ကျွန်တော်က ကြောင်တောင်တောင်ကြည့်ပြီး ဆက်လျှောက်လာ၊ မှတ်တိုင်ကျော်တော့ မှ မှတ်မိတော့ တယ်။ အားနာလိုက်သည့်ဖြစ်ခြင်း။ လိုက်တောင်းပန်ဖို့ လုပ်တော့ အဖွားကြီးက လည်ပြန် ကြည့်ပြီး ကားပေါ်တက်သွားပြီ။ သီတင်းကျွတ်တော့မှပဲ ဖင်ထောင်နေအောင် ကန် တော့ပြီး တောင်းပန်လိုက်ရတယ်။

“ ဟဲ့ ထင်ကျော်…..ဟယ်…နင် ငါ့တောင်မ မှတ်မိဘူး…..ကြည့်စမ်း…ဟဲ့ ..အော်…”


မြတ်စွာဘုရား။ သူ့ က ကျွန်တော့်ကိုသိတယ်ဗျာ။ ထင်ကျော်တဲ့ ။ အော်ငါ့နဲ့ တော့ခက်တော့ တာပါလား။ မှတ်မိ ဟဲ့ ဒီ ခေါင်းရဲ့ ။ ရှေ့ လည်းဆက်လျှောက်လို့ မရ။ စဉ်းစားလို့ ကလဲမ ထွက် နဲ့ ခြောက်လက်စ ချွေး တောင်ပြန် ထွက်လာ သလိုပဲ။ ကျွန်တော့အဖြစ်ကလဲ ဆိုး ဆိုး ပါဘိသနဲ့ ။ အဲဒီအမျိုးသမီးက ရယ်တယ်။ ဟောသွား တက် ကလေးနဲ့ ပါ လား။ ခုမှပဲ ဒီမိန်းမလှသလို ရှိတော့တယ်။ မျက်နှာလေးပဲနော်။

“ ဟောတော့…ထင်ကျော်… ငါ ချိုချိုသန်းလေ….မိချိုလေ…..မမှတ်မိဘူးလား….”

သေသာသေလိုက်ပါတော့ ထင်ကျော်ရယ်။ ကျွန်တော့ပါးစပ်ကြီးကဟ….စကားကလည်း ပြောမထွက်.....ဟ ထား တဲ့ ပါးစပ်ကြီးကလည်းပြုံးပြလို့ မရ။ ရယ်ကလည်းရယ်ချင်။ အားတွေကလည်းနာ။ ချိုချိုသန်း ချိုချိုသန်း… ဘယ်လိုဖြစ်တာလဲဟာ။ အဲတာ …ကိုးတန်း ..ဆယ်တန်း..နှစ်နှစ်တွဲလာတဲ့ ကျွန်တော့ရည်းစား ဟရို့ ။

“ အဲ… မိချို….ချိုချိုသန်း… ဘယ်လိုမှမအောက်မေ့ပါနဲ့ ဟာ… ငါရုတ်တရက်မမှတ်မိလို့ …စောရီးနော်….”

ဖြစ်မှဖြစ်ရလေ ထင်ကျော်ရယ်။ နှစ်တွေ ကြာခဲ့ ပေမယ့် အလယ်တန်းတုန်းကလည်းတူတူ၊ အထက်တန်း ကျပြန် တောလည်း ရည်းစားတောင်ဖြစ်ခဲ့ ကြသေးတာ။ ဘယ်လောက်ပဲ ပြောင်း လဲပြောင်းလဲ မှတ်တော့ မှတ်မိသင့်တာ ပေါ့။ မှတ်မိဖို့ လည်းကောင်းတာပေါ့။ ကျွန်တော်ကပဲ မှတ်ဥာဏ် မကောင်းတာလား… မချိုက ပဲ.. အဟဲ… ဝလွန်းတာလား။ လွန်ခဲ့ တဲ့ ဆယ်နှစ်၊ဆယ့်နှစ်နှစ်လောက်က ကိုယ်နဲ့ ချစ်ပါတယ်ဆိုပြီး သွားအတူ စားအတူ ကျောင်းပြေးတော့ လည်း အတူတူ နေခဲ့ တဲ့ ရည်းစားဟောင်းကို မမှတ်မိတာတော့ ကျွန် တော်နည်းနည်း လွန် သွားတယ်ထင်တယ်။


ဟိုတုန်းကတော့မိချိုတို့  ဒီလို ဘယ်ဟုတ်လိမ့်မလဲ။ ကျွန်တော်က မိချိုကိုမှတ်သာ မမှတ်မိ တာ။ သူ့ ကိုရဖို့ လိုက် ရတာ ကိုးတန်း ပထမအစမ်းစာမေးပွဲကျလို့ အတန်းပိုင် ဆရာမက မိဘခေါ်တွေ့ ရတာက တစ်ကြိမ်။ သူ့ ကို ပြိုင်လိုက် တဲ့ တခြားကျောင်းသားတစ်ယောက်နဲ့ ရွှေဘတို့ နေထက်လင်းတို့ လို အပြိုင်သတ်ကြ တာကတစ် ကြိမ်။ အဲဒီတုန်းက မေးကွဲသွား တဲ့ ဒဏ်ရာ ခုထိရှိသေးတယ် ကျွန်တော့မေးအောက်မှာ။ နှစ်ချက်ချုပ် ရာလေ။


မိချိုက အရပ်ကလေးက အနေတော်၊ ဖူးစပွင့်စ ကိုယ်လုံးကိုယ်ပေါက်လေးက ခပ်ကောင်း ကောင်း၊ မျက်လုံး လေးကဝိုင်းဝိုင်း၊ မျက်တောင်တွေများကော့လို့ ၊ရယ်လိုက် ရင် သွား တက် ကလေး ကပေါ်။ အိုး… ဘာပြော ကောင်းမလဲဗျာ။ ထင်ကျော်တို့ ကြိုက် လိုက်တာ တစ်ပိုင်းကိုသေလို့ ။ ရေးလိုက်ရတဲ့ စာတွေ၊ ပေးလိုက်ရတဲ့  ပန်းတွေ၊ ကုန် လိုက်တဲ့ ပိုက် ဆံတွေ။ မှတ်မိသလောက်တစ်ခါ ကျူရှင်လခပါ ပါသွားလိုက်သေးတယ်။ ဒါ တောင် မိချိုတို့ က မူလိုက်တာ စာမေးပွဲကျလို့ မိဘခေါ်ခံရတာရယ်၊ မေးစေ့နှစ်ချက် ချုပ်ခံရတာရယ်ပေါင်း တော့မှ အ ဖြေရတော့တယ်။


မိချိုတို့ က ထင်ကျော်ရေ လို့ များ မခေါ်လိုက်နဲ့ ရှိတာအသာထား ကျွမ်းထိုးပြီး အရောက် သွားရတာအမော။ ခုကျ တော့လည်း ဟိုတုန်းက ထင်ကျော် ကြွေခဲ့ ရတဲ့ မိချိုမဟုတ်တဲ့ အတိုင်းပါပဲလား။ ဆယ်တန်း ကျောင်းစ တက် တဲ့ နေ့ က ကျွန်တော်ပေးထားတဲ့  နိုင်းတူး ဖိုက် ဆွဲကြိုးလေးကို အခုများ သူ့ ရဲ့ အရစ် များစွာနဲ့ လည် ပင်း မှာ ဆွဲ ထားရင် အသက် တောင် ကောင်းကောင်းရှူနိုင်မှာမဟုတ်တော့ပါလား… မိချိုရယ်။


ကြည့်စမ်း မိချို နင့် လက်သွယ်သွယ်လေးတွေ ကခုတော့ ဖားခုံညှင်းကျောလို အစ်အက်ထွက်လို့ ပါလား။ ကျွန် တော်ကလည်းနော်။ ရည်းစားဟောင်းဆိုတော့ ကိုယ်ကြွေ ခဲ့ တာလေးတွေ တစ်ခုချင်းခပ်မြန်မြန် လိုက် ကြည့်ဖြစ် အောင်လိုက်ကြည့်လိုက်သေးတယ်။ ပါးကြီးများက လည်းဖောင်းလို့ ။ ပါးပေါ်က သနပ်ခါးတွေက လည်း ချွေးတ စိုစို နဲ့ ဝါလို့ ။ သူ့ သား ကတော့ သူ့ အမေခါးကို ခွပြီး ဗိုက်ပေါ်ထိုင်နေလိုက်တာများ အခုမှ ဝယ်လာ တဲ့ ဆိုဖာ ကြီးပေါ်ထိုင်နေ တာကျနေတာပဲ။

“ နင် .. ဘယ်တုန်းကအိမ်ထောင်ကျတာလဲ.. ငါတောင်မကြားမိလိုက်ဘူး..”

မေးမိမေးရာကောက်မေးလိုက်ပုံက။ တော်သေးတာပေါ့။ ချီထားတာလဲသူ့ သား အိမ် ထောင် ကလည်း ကျပြီး သားမို့ တော်ရော့တယ်။ ကျွန်တော်ကလည်းအဲလို လူမျိုး “နင်အိမ် ထောင်ကျပြီလားလို့ ”အရင် မေးရ မှာ လေ။ မတော် ငါ့တူလေးပါဟယ်ဆိုခက်ဦးမယ်။

“ကြာပြီဟ.. ဒါအငယ်ဆုံးလေ.. ငါကလေးသုံးယောက်တောင် ရနေပြီ။..”

အင်းစီမံကိန်းနဲ့ များလားမိချိုရယ်။ ငါ့မှာ အိမ်ကတစ်ကောင်နဲ့ တင်အမောဆို့ မတတ်ရှာနေ ရတာ။ နင့် ယော င်္ကျားကတော့ အာဂပဲ။ “အော်…” ကျွန်တော် အော်.. နေတာနဲ တင် မိချို က ခပ်မြန်မြန်နှုတ်ဆက်သွားတယ်။

“ နင် လည်းကလေးရပြီလို့ ငါကြားတယ်… ထင်ကျော် နောက်မှတွေ့ မယ်ဟာ… သွားပြီ .. ခုန (၅၀) မမှီလိုက် လို့ သွားပြီဟေ့..”

အင်း ကားဆီပြေးသွားလိုက်တာများ စည်ပိုင်းကြီးလိမ့်သွားသလို ပါပဲလား။ အင်း အဲဒီ (၅၀) ဘတ်စ်ကား စီးလာ တဲ့ လူတွေတော့ဒီနေ့ ကံဆိုးပြီ။ ဘယ်လောက် အားကောင်းတဲ့ ယောင်္ကျားဖြစ်ဖြစ် မိချိုသာတိုးလို့ ကတော့ ခါး ကျိုးမှာအသေချာတယ်။ ကျွန်တော်က တော့ ဆယ်နှစ်ကျော်က ကိုယ်သေမတတ်ကြိုက်ခဲ့ တဲ့ ရည်းစားဆိုတာ ကိုယ့်ကိုကိုယ် တောင် မနည်းယုံအောင် လုပ်နေရတယ်။ အံမယ်.. သူက ကားပေါ် ခြေတစ် ဖက် တင်ပြီးကာ မှ ကျွန်တော့်ကို လက်တောင် ပြသွား လိုက်သေးတယ်။ မိချို….


ကျွန်တော် ခေါင်းခါရင်း အိမ်ဘက်သို့ ဆက်လျှောက်လာမိတယ်။ ပြုံးစိစိနဲ့ ရယ်ရမှာလဲ ကိုယ့် ရည်း စား ဟောင်းမို့  အားနာစိတ်ကလေးက မပြေသေး။ တော်သေးတယ် မိချိုများယူမိလို့ ကတော့…အင်း တွေး တောင်မတွေး ဝင့်ပါ လား။ မျက်နှာချင်းဆိုင်က ဆိုက္ကားနင်းလာတဲ့ ကိုမြမောင်က ကျွန်တော့ မချိုမချဉ် မျက် နှာကိုကြည့်ပြီး…..

“ ထင်ကျော် .. ဘာတွေသဘောတွေ့ နေတာလဲ ကွ…. ပြုံးနေတာပဲ…တစ်ယောက်တည်း ”

“အဟား… ဟုတ်ပါဘူး…ကိုကြီးမြမောင်ရာ…”

ကိုမြမောင် ကို ပြန်ပြုံးပြရင်း အိမ်သို့ ဆက်လျှောက်လာခဲ့ တယ်။ ကျွန်တော့မျက်လုံးထဲ မ တော့ ကျွန်တော့ ချစ် သူ ဟောင်း ရည်းစားဟောင်း အဆီတုံးဒေဝီ မိချိုကြီးကိုပဲ မြင်နေ တယ်။ မျက်နှာကတော့ ပြုံးစိစိ ဖြစ် ချင် ဖြစ်နေ မှာပေါ့။ မျက်လုံးတွေကတော့ ကျေနပ်တဲ့ အ ရိပ်အရောင်တွေ ဟတ်ချင်ဟတ်နေမပေါ့။ ဟော ကျွန် တာ့ တောင်ညာစံကို ကြည့်စမ်းပါ။ ကလေး သုံးနှစ်သား ရောက်လို့ ခါးလေးပြည့်ရုံပြည့်လာတာ။ စလင်း ဘော်ဒီပဲ ရှိသေးတယ်။ လွန်ခဲ့ တဲ့ ခြောက်နှစ် ခုနှစ်နှစ်က အတိုင်း ပကတိ လှလို့ ။


အိမ်ပေါ်ရောက်ရောက်ချင်း မိန်းမနားကပ်ပြီး ပါးကို ရွှတ်ကနဲ့ နမ်းပစ်လိုက်တယ်။ မိန်းမက တော့ ကျွန်တော့် ကို စူးစမ်းတဲ့မျက်လုံးနဲ့ ကြည့်တယ်။

“ တော်က.. ဘာဖြစ်လာတာလဲ… မျက်နှာကလဲ ပြုံးစိစိနဲ့ ။”

“ဘာမှမဖြစ်ပါဘူးမိန်းမရယ် မင်းကိုသတိရလို့ ချစ်လို့ …ချစ်လို့ ….ဟားဟားဟား…..”

ညထမင်းဝိုင်းမှာထိုင်တော့မှ လင်မယားနှစ်ယောက် ညနေက အဖြစ်ကို ပြောပြောပြီးရယ် လိုက် ရတာ။ အဲ မိန်းမချက် တဲ့ ဝက်သုံးထပ်သားများ ကျွန်တော့်အကြိုက် အဆီနည်း နည်း အသားများများဗျာ။ မိန်းမကို ပြောဖြစ် အောင်ပြောလိုက် သေးတယ်...“မင်းချက်တဲ့ ဝက် သား ဟင်းက သိပ်စားကောင်း တာပဲကွာ။ အဆီ ပါတယ်ဆိုရုံ လေးပဲ…”လို့ လေ။ ကျွန် တော့ ချစ်ဇနီးထိုး တဲ့ မျက်စောင်းလေးများ ဒီနေ့ မှသိပ်ကိုလှ လို့ ဗျာ.. တကယ်…။


********** ********** ********** ********** ********** ********** *********
ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူး တင်ပါ တယ်....ကျွန်တော့်ရဲ့ မတတ် တတတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင် တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

14 comments:

WWKM said...

အရမ်းကောင်းတဲ့ ရသစာပေးလေးတစ်ပုဒ်ပါ ရန်ကုန်သားရေ.
ရယ်လည်းရယ်ရတယ် ..တကယ်.. ဦးဦးဖျားဖျားအားပေးသွားပါတယ်. :D
အဆင်ပြေပါစေ။

တလနွန် said...

ကိုရန်ကုန်သားရေ
အဆီတုံးဒေဝီ မိချိုကြီး တဲ့လား :) ။ ဖတ်ရင်း ရယ်ရသလို အရေးအသားလေးလည်း သဘောကျသွားတယ်

အနော် said...

ဟာသမြောက်အောင်ကိုရေးနိုင်တယ် အကို
ဖတ်နေရင်းနဲ့ကို စိတ်ထဲ တော်တော်လေးကို ရယ်နေရတယ်
စာကောင်းလေးတွေ နောက်ထပ် နောက်ထပ် များများ ဖန်တီးပါဦး အကို
အမြဲလာဖတ်နေပါတယ်

ဧရာဝတီသား said...

facebook မှာတည်းက ကြိုက်ကြောင်းမန့် ပြီးပြီနော် အစ်ကို၊ အခုထပ်လာ ဖတ်သွားတယ်။ နောက်ထပ် ၀တ္ထုကောင်းလေးတွေ မျှော်နေပါကြောင်း အစ်ကိုရေ။

ballonlay said...

အကို စာရေးကောင်းလိုက်တာ မျက်လုံးထဲမှာတောင်မြင်တယ်.. :D ရီးစားဟောင်းနဲ့တွေ့ပြီးမချိုမချဉ်ဖြစ်နေတဲ့ရုပ်ကို.. အဟိ.. :P

Anonymous said...

ဖတ်ရတာ အရသာရှိလိုက်တာဗျာ

မြတ်နိုး

WWKM said...

ရန်ကုန်သားရေ..
ဒီပို့စ်လေးကိုလည်း အစ်မအရမ်းကြိုက်လို့ အစ်မရဲ့စာဖတ်သူတွေကို မျှဝေ
ချင်ပါသေးတယ်..ဒီပို့စ်လေးဖတ်ပြီး လူကပြုံးစိစိဖြစ်နေတာ..အစ်မရဲ့အမျိုးသားကိုတောင် ဖတ်စေချင်လို့ ကူးပြီးမေးလ်နဲ့ ပို့ပေးလိုက်ပါသေးတယ်.း)
မဖတ်ရသေးတဲ့သူတွေ ဖတ်ရလေအောင် စေတနာနဲ့ မျှဝေခွင့်ပြုပါ။

လေပြေ said...

ကိုရန်ကုန်ရေ့.....ကျနော်တို့ လည်းအဲ့လိုကံကောင်းချင်တယ်ဗျ။
ဇတ်လိုက်မင်းသားကြီးရည်းစားဟောင်းနဲ့ မ
ရလိုက်တာတော်တော်ကံကောင်းသွားတယ်နော့်။

ဇော် said...

ဟားဟားဟား
ကိုရန်ကုန်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။
ကြည့်ရတာ ဒီတစ်ပုဒ်လဲ ဖောဝက်ပြီဗျိုးးး။
ကျနော်လဲ ကိုရန်ကုန်နဲ့ကျမှပဲ ဖောဝက်တတ်လာနေပြီ။
ဒါပါနဲ့ဆိုရင် ဒုတိယအကြိမ် ဖောဝက်တာ။ ဟဲဟဲ။

ကျနော်လဲ ယောက်ျားရရင် ယောက်ျားကို စည်ပိုင်းမဖြစ်အောင် ခုထဲက ၀မ်နိမ်ပေးမှ ဖြစ်မယ်။ ကျနော့်လူက အတော်စားတာဗျ။ ဟီဟိ။ ခိခိ။

ဥာဏ် said...

ငါလည်းလာဖတ်သွားတယ်
facebook မှာတုန်းကမဖတ်လိုက်ဖူးဘူး
ကောင်းတယ်ဟေ့
မင်းကဒီလိုပုံလေးတွေလဲရေးတတ်တာပဲ

ဝသန်မိုး said...

အရေးအသားလေးတွေ က
စာရေးဆရာတစ်ယောက် ရဲ့ 
အရေး အသားတွေကျနေတာပဲဗျာ
ဟာသရေးတော့လည်း ဟာသရေးတာပေါ်လွင်ပါရဲ့ 
ရှေ့ တစ်ပုဒ်ကလည်း ယောကျာ်းတွေရဲ့ အချစ်နဲ့အတ္တကို
ရေးထားတာလည်း ပြောင်မြောက်လှပါတယ်
ဆက်လက်အားပေးနေမယ့်

ဝသန်မိုး

mysterysnow said...

စာတွေ အမြဲလာဖတ်တယ် ရန်ကုန်သားရေ...
ဒီတပုဒ်လဲ ကောင်းတယ်သိလား...
နောက်လဲအမြဲလာဖတ်မယ်နော်...

မယ်ကိုး said...

စာရေးကောင်းတယ်။ တကယ့်ဝါရင့်လက်ပဲ ထင်ပါတယ်။

**Winnie Pooh Gallery** said...

ဒီဝတ္ထုလေးဖတ်ဖူးတယ်။ အရမ်းကောင်းပါတယ်။ အခုမှ မူလရေးသူကိုတွေ့ ရတယ်။