Saturday, August 22, 2009

ချစ်ပန်းတစ်ပွင့် ပွင့်ခဲ့သည်


လွန်ခဲ့ သော နှစ်များစွာက အောက်တိုဘာလ ၏ မိုးတဖြောက်ဖြောက် ရွာသော နေ့ တစ်နေ့ တွင်ဖြစ်ပါသည်။ သူ မမေ့နိုင်သော မျက် ဝန်းတစ်စုံသည် အလင်းရောင် အနည်းငယ်ဖျော့တော့နေသော ဟောခန်းကျယ်တစ်ခု အတွင်းတွင် လက်လက် ကလေး တောက်ပနေခဲ့၏။ သူမ မျက်နှာသည် မြင်လိုက်သည်နှင့် နောက်တစ် ခါပြန် ကြည့်ဖြစ်သော မျက်နှာမျိုးဖြစ်သည်။ နုယဉ်စွာ ထူးခြားသော မျက်နှာလေးဖြစ်သည်။ ချယ်သ ထားသော အ ရောင်များကင်းမဲ့ လျှက်က ကျက်သရေတွေ ဖြိုးဝေနေ၏။ အနည်းငယ်တင်းစေ့ ထားသယောင် ရှိသော နှုတ်ခမ်း ပါးတစ်စုံသည် သူ မ၏ တောက်ပသော မျက်ဝန်း အစုံနှင့် လိုက်ဖက်သည်ဟု သူ ထင်သည်။ သူ့ ပတ်ဝန်းကျင် တွင် အခြား သော သင်တန်းသားများ၏ စကားပြောသံများဖြင့် အနည်းငယ် ဆူညံနေခဲ့သည်။ ဘိုစကားပြော သင်သော သင်တန်းဖြစ်၍ ထစ်အ တုံ့ ဆိုင်းစွာပြောနေသော ဘိုစကားသံတွေ နှင့် အတူ စိတ်မ ရှည်စွာ ပြောချ လိုက် သော မြန်မာ စကားသံတွေကိုပါ ရောထွေးကာ ကြားနေရသည်။

သူ ဘေးသို့ ကျလာသော ပန်းတစ်ပွင့်သည် အပြုံးချိုချိုတွေနှင့်အတူ ရနံ့ သင်းလျှက်ရှိလေသည်။ ဟန်ဆောင် မှုကင်းသော အပြစ်ကင်းသည့် အပြုံးလှလှတွေသည် သူ့ ရင်ကို တခဏအတွင်း နွေးသက်ချိုမြသွားစေသည်။ အမေ့ ရင်ခွင်မှ တိုးထွက်လာစ ယောက်ျားပျိုတစ်ယောက်ဖြစ်သော သူ့ အသည်နှလုံး ငယ်နုနုသည် တဆတ် ဆတ် တုန်ကာ ခုန်သွားခဲ့ ပါသည်။ ရင်ခုန်ခြင်း၏ အရသာသည် လှိုက်မောကာ ချိုမြိန်နေလေ၏။ ဒါ သူ့ ရဲ့  မြူးကြွ နေခဲ့တဲ့ ရင်ခုန်သံ အသစ် စက်စက်တွေ ဖြစ်ပေလိမ့်မည်။

သူမ နှင့်စကားစပြောသော အချိန်တွင်တော့ ဆူဆူညံညံ စကားသံများသည် နံရံ တစ်ခုခြားသွားသည်နှယ် တိတ်ဆိတ် ပျောက် ကွယ်လို့ သွားသည်။ တင်းသယောင်ထင်ခဲ့ မိသော သူမ နှုတ်ခမ်းပါးက အပြုံးတွေ တွဲခို လာ သောအခါ သူမ မျက်နှာက နူးညံ့လို့ သွားသည်။ သူမ ပုခုံးပေါ်၌ ညိုပြယ်ပြယ် ဆံနွယ်စတို့ ဝေ့ ဝဲကျနေ သည်။ သူမသည် လှသည်ထက် ပြည်စုံသည်ဟု ပြောရမည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။

သူ နှင့်သူမ စကားတွေ လက်ဆုံကျနေချိန်တွင် သူ့ ရင်တွေကလည်း နွေးလို့ သူ့ လက်တွေက အေးလို့ နေခဲ့ သည်။ သူမ သည် သူ ရင်ခုံစွာနှင့် စကားပြောဖြစ်ခဲ့သော ပထမဆုံး မိန်းကလေးတစ်ယောက် ဖြစ်ခဲ့လေသည်။ သို့ မဟုတ် သူမသည် သူ့ အား ရင်ခုန်စေခဲ့ သော ပထမဆုံး မိန်းကလေး တစ်ယောက် ဟုလည်းဆိုနိုင်ပေ သည်။ သူမ အသံကလေးတွဲ့ သည်။ ပကတိတည်ငြိမ်သော လေသံမျိုး။ ဘိုစကားပြောပုံကလည်း အင်မတန် ညက် သည်။ ထိုနေ့ က သူမနှင့် စကားပြောနေခြင်းထက် သူမ ပြောတာကို သူငေးမောနေခဲ့သည်က ပိုပေလိမ့် မည်။

သူမသည် သူနှင့်မှ အသက်ရွယ်တူ လောက်ရှိမည်။ ဆယ်တန်းလည်း တစ်နှစ်တည်းအောင်ကြောင်း သူမနှင့် စကားပြောရင်းက သိခဲ့ရသည်။ သူဤ သင်တန်းတွင် မိန်းကလေး အတော်များများနှင့်စကား ပြောဖြစ်ခဲ့ သည်။ သို့ သော် ဒီလို ရင်မခုန်ခဲ့ရ။ ဒီလို လှိုက်လှိုက်ကြီးမမောခဲ့ရ။ ထိုမိန်းကလေးများ၏ မေးခွန်းများကို တွန့် ဆုတ်ပြီး မဖြေခဲ့ ရ …. သက်ပြင်းချသယောင်နှင့် ရနံ့ သင်းသင်းကို ခိုးဝှက်ပြီး မရှုခဲ့ ရ။ သူမနှင့်စကားပြောနေချိန်တွင် ပတ် ဝန်းကျင်သည် ရုပ်ရှင်ထဲ၌ အတိတ်ရုပ်ပုံများကို ခပ်သွက်သွက်ပြနေသကဲ့ သို့ မှုန်ဝါးလို့ နေသည်။ နားထဲ တွင် သူမ စကားသံ ပီသသကို ကြားနေရသော်လည်း ခေါင်းထဲက မြန်မာလို ပြန်ရန်မေ့လျော့နေသည်။ သတိ ကို အတန်တန် ထားသည့်ကြားက ငေးမောကာ နေခဲ့မိသည်။ သူမရဲ့ သွယ်လျလျ မျက်နှာရယ် ကိုပါ။

သူ သည် Love at first sight ဆိုသည်ကို မယုံကြည်သော်လည်း သူမကို ထိုနေ့ မှစ၍ စိတ်ဝင်စားမိခဲ့  ကြောင်း သူ ကိုယ်တိုင် မငြင်းနိုင်ခဲ့။ ငြင်းလည်း မငြင်းချင်ခဲ့။ ထိုသင်တန်းလေး ၏ သဘာဝအရ မိန်းကလေး ယောက်ျားလေးချင်း နှစ်ကိုယ်ကြား ဘိုစကားတွေပြောရသည်မှာ မဆန်းသော်လည်း ထိုနေ့ သည် သူ့ အ တွက် ဆန်းနေခဲ့သည်။ လန်းနေခဲ့သည်။ သူ မရဲ့  မျက် နှာသွယ်သွယ်ကို သူ လွယ်လွယ်နဲ့ မမေ့ ဖျောက်နိုင်ခဲ့။ ပျောက် ပျက်သွားမည် စိုး၍ သတိရတိုင်း သူမ ၏ ပုံရိပ်ကို သူ့ ရင်ထဲတွင် ခြယ်မှုန်းခဲ့ရလေသည်။ ဤသို့  ဖြင့် “ပန်း” ဟု တွင်ခေါ်သော သူမနှင့် သူ ရင်ခုန်လှိုက်မောခြင်းများစွာဖြင့် ရင်းနှီးခဲ့ကြပါသည်။

သူ့ တွင် အဖေ အမေနှင့် မိသားစု စုံလင်စွာရှိနေသေးသော်လည်း သူမတွင်တော့ အဖေမရှိတော့။ သူမသည် ဖ ခင် မေတ္တာကို ငတ်မွတ်နေခဲ့လျှက်က မိခင်နှင့် မောင်ငယ် အတွက် ကြိုးစားရုန်းကန်နေသော မိန်းကလေး တစ် ယောက်ဖြစ်သည်။ သူမတွင် ခွန်အားတွေ အပြည့်ရှိသည်။ သူမ တွင် ယုံကြည်မှုတွေ ဖူလုံလို့ နေသည်။

သူမ သည် ပွင့်လင်း၏ သို့ သော်မရဲတင်း … သူမသည် ဖော်ရွေ၏ သို့ သော် တည်ငြိမ်မှုရှိ၏ …. သူမ မျက်နှာ ထက် တွင် မာန အရိပ်တွေကို တစ်ချက်တစ်ချက် တွေ့ ရတတ်သည်။ သို့ သော် သူမ က မကြမ်းတမ်းပဲ နူးညံ့ သည်။ …. သူမ သည် ဖြူနွဲ့ သော်လည်း ကြံ့ခိုင်သောစိတ်ရှိ၏….အလှမာန်ကြောင့်ဖြစ်ပေါ်လာသော မာနသည် ခက်ထန်သော အသွင်ကို ဆောင်သည်။ သို့ သော် မိမိကိုယ်ကို ကိုယ် ယုံကြည်မှု အပြည့်ရှိသော “ပန်း”လို မိန်း ကလေး တစ်ယောက်၏ မာနသည် သူမကို ထည်ဝါခန့် ညားစေလေ သည်။

“ပန်း” ဟူသောအမည်နဲ့ လိုက်ဖက်ညီစွာ သူမ အမြဲတမ်း လန်းဆန်းတက်ကြွနေခဲ့သည် … သင်တန်း ခန်းမ ကို အလုပ်ကနေ အချိန်မှီအပြေးအလွှားရောက်လာတဲ့ အခါ နွမ်းနယ်နေသော မျက်ဝန်းတွေနဲ့ “ပန်း” ကို သူ နှစ် သိမ့် အားပေးချင်ခဲ့သည်။ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်လျှက် အားမာန် အပြည့်နဲ့ “ပန်း”ဆိုသော မိန်းကလေး သည် သူ့ ဘဝထဲကို တရိပ်ရိပ် ဝင်ရောက်လာခဲ့လေသည်။ “ပန်း”နှင့်သူသည် တိုတောင်းသော အချိန်ကာလ တစ်ခုအတွင်းတွင် နားလည်မှုအပြည့်နှင့် ပိုမိုပြီးရင်းနှီးလာခဲ့ပါသည်။

ဆရာစာသင်ချိန်တွင် စာအုပ်ဒါမှမဟုတ် စာရွက်တစ်ခုခု ပေါ်တွင် စာရေးပြီး စကားတွေခိုးခိုးပြောခဲ့ကြသည်။ ဘို စကားတွေအစား မြန်မာစကားပီပီတွေနှင့် စကားတွေ တသီကြီးပြောဖြစ်ခဲ့ကြသည်။ ဒီနှစ်ယောက် ဘယ်သူ က တောက်တဲ့လဲ လို့ သူငယ်ချင်းတွေ က ပြောကြတဲ့ အခါ “ပန်း” ရဲ့ မျက်နှာ ဖြူဖွေးဖွေးက နီစွေးစွေးကလေး ဖြစ် သွားတတ်သည်။ သူမ၏ ရှက်ရွံ မှုလေးကြောင့် ပီတိဟူသော ပျော်ရွှင်ခြင်းသည် သူ့ ရင်၌ ဘွားကနဲ ပေါ်ပေါ် လာတတ်သည်။ မိန်းကလေးတစ်ယောက် ဘေးတွင် ရှိနေခွင့်ရသော ယောက်ျားတစ်ယောက်၏ ကျေနပ်မှု၊ ဒါမှ မဟုတ် မာန်ကလေးတစ်ခု ဖြစ်ဟန်တူသည်။

သူမ ၏အလှသည် ယောက်ျားတစ်ယောက်အား စွဲလမ်းတပ်မက်မှုကို ပေးသော အလှထက် အထင်ကြီးမှု လေး စားမှုကိုပေးသော အလှမျိုးဖြစ်သည်။ ပန်းဘဝသည် နွမ်းနွမ်းလျလျ နှင့်ကြိုးစားရုန်ကန် နေရသော ကြမ်း ရှရှ ဘဝမျိုးလည်းဖြစ်သည်။ ပန်းသည် သူမ ဘဝတွင်ခါးသက်ခဲ့ သမျှ အားမာန်တင်း၍ ရှေ့ ဆက်ခဲ့ ရသော မိန်း ကလေးတစ်ယောက်ဖြစ်ပါသည်။ သူ ပန်းကို သနားသည်။ မြတ်နိုးသည်။ ပန်း၏ ဘဝအပေါ်ထားသော အမြင် တွေကို သဘော ကျခဲ့သည်။

စာသင်ခန်းထဲ အလှမ်းဝေးလို့  ငေးငေးကြည့်ရတဲ့ အချိန်တွေ၊ ပန်းဘေးက ငတိတစ်ကောင်က ပန်းကို ပြီတီတီ လုပ်လို့  သူ့ ကိုလှမ်းကြည့်တဲ့ ပန်းရဲ့ မျက်ဝန်းတွေကို ဘာသာပြန်ပြီး ကျေနပ်ခဲ့ရတဲ့ အချိန်တွေ၊ အဲဒီငနဲ သား ကို သင်တန်းအဆင်း ပန်းနံဘေးမှာ အသာဝင်ရပ်ရင်း ခပ်တင်းတင်းကြည့်ခဲ့ မိတာတွေသည် ပန်းနှင့် ပတ်သက် သော သူ့  ဖြစ်တည်မှုကို များစွာ အဓိပ္ပါယ်ရှိစေခဲ့ပါသည်။ သို့ နှင့်ပန်းနွယ်တစ်ပင်သည် သူ့ ရင်ခွင်ငယ်ငယ်တွင် အကိုင်း အခက်ဖြာလက်၍ ရှင်သန်ကြီးထွားလာခဲ့လေ၏ ။

သံယောဇဉ် အမြစ်တို့ တွယ်ဆက်၍ နှစ်ဦးသား တစ်ယောက်ကို တစ်ယောက် အပျောက်မခံနိုင်လေသောအခါ ဖူးသစ်စ သူ့ ရင်ခွင်မှ ဖူးငုံငုံချစ်ပန်းလေးကို ပိုင်ဆိုင်ခွင့်တောင်းရန် ဘဝပေးတာဝန်တစ်ခု အနေဖြင့် သူ ကြိုးစား ခဲ့သည်။ နေစဉ် ညတိုင်း အပြန်ပြန် အထပ်ထပ် စဉ်းစားလျှက် ချစ်စကားတွေကို သီကုန်းခဲ့ရပြန်သည်။ ချစ်ပါ တယ် လို့ ပြောဖို့  စိတ်ကူး ထဲမှာ တွေးတွေးပြီး ရဟာစယ် တွေလုပ်မိတိုင်းပင် လှိုက်ကာ လှိုက်ကာ ရင်တုန်ရ၊ တထိတ်ထိတ်နဲ့  ငြင်း လိုက်မှာ ကိုစိုးရွံ့ ရတာတွေက လည်း အကြိမ်ကြိမ်။ တကယ်တမ်း ပြောမိလေသော စကားကျပြန်တော့ ချစ်တယ် ဆိုတဲ့  စကားနှစ်လုံးတည်းရယ် …..

“ချစ်တယ် …..”

ပန်းက သူ့ ကို မျက်လုံးချင်းမဆိုင်ဝံ့ အောင် ရှက်ရွံ့ နေခဲ့ချိန်တွင် သူသည်လည်း စိတ်နှင့်လူက ခဏတာ ကင်း ကွာသွားသလို ထူးပိန်းပိန်းကြီးဖြစ်နေသည်။ မော်တော်ဘုတ်လို တထုတ်ထုတ် ခုန်နေသော ရင်က နှုတ်ဖျားမှ ထွက် မည်ကြံနေသော စကားများကို တအား နှောင့်ယှက်လွန်းတာက တစ်မျိုး၊ ပန်းကိုကြည့်ပြီး ချေတုန်လက် တုန်နှင့် စီထားသော စကားများက ခေါင်းထဲမှာ ဗြောင်းဆန်၍က တဖုံဖြင့် မတည်မငြိမ်ဖြစ်ခဲ့ရသည့် ခံစားမှု သည် တွေးမိတိုင်း ရင်ထဲတွင်နွေးနွေးလေး ဖြစ်ဖြစ်သွားသည်။

စကားတွေ များစွာပြောခဲ့ဖူးပါလျှက် ဒီစကားလေး နှစ်လုံးပြောဖို့ ဒီလောက် တုန်လှုပ်နေရသလားရယ်လို့  သူ့  ကိုယ်သူ အားမလိုအားမရဖြစ်ရသည်။ ပန်းက ငြိမ်သက်နေသည်။ လွယ်အိတ်ပေါ်တင်ထားသော သူမ လက် သွယ် သွယ် လေးများပင် အယောင်ယောင် အမှားမှားဖြင့် လှုပ်ရှားလို့ မသွား။ ဘုရား… ဘုရား …. သူငယ် ချင်းလိုပဲ လို့ တော့ မလုပ်နဲ့ နော် … ဒီကလူ သေလိမ့်မယ် ….. ဒီလိုအချိန်မျိုးမှာ ငါ့ ကိုအသက်ဆက်ရှင်ဖို့ ကယ် နိုင်တာ…. တကယ် ပါ ပန်းရယ်…. နင်တစ်ယောက်ပဲ ရှိပါတယ် ……. ရင်ထဲမှာ ဘလောင်ရယ်ဆူ …။

“ သိရဲ့ သားနဲ့ ကို….. ငါ့ကို နင်…..သက်သက် ရှက်အောင်လုပ်တယ် …. ”

အောင်မယ်လေးဗျာ …… ချစ်မိုးတွေကရွာလို့ ပါလား …. သစ်ရွက်တွေက တဖျပ်ဖျပ် မြည်၊ ငှက်ငယ်တွေက တတွီတွီ မြည်နေသလို ပန်းစကား မပီ တပီက သူ့ နားထဲမှာ တဝီဝီမြည်သွားပါလေသည်။

“ဘယ်လို ဘယ်လို …. ပန်း ပြောပါဦးဟာ ဟင် ….. ပြောပါဦး …… ”

ထိုင်နေသော ပန်းကို အတင်းဆွဲထူရင်း မေးလိုက်တော့ “အိုး ….ဘယ်လို လူလဲကွယ် …. ရှက်ပါတယ် ဆို …”

“ပြောပါပန်းရယ်…. ငါ….တစ်ခေါက်လောက်…. ပြန်ကြားပါရစေ… နော်…. နော် လုပ်ပါဟာ …ပန်းလေး …. ပန်းလေး … ပြောပါဦးလား …..ဟင်”


ခေါင်းလေးငုံ့ ကာ ရှက်သွေးတွေ ဖြာနေတဲ့ ပန်းကို သူ့ ရင်ခွင်ထဲ အသာဆွဲသွင်းလိုက်မိသည်။ အလိုက်သင့် ယိုင်ကျလာတဲ့  ပန်းကို သူ့ ရင်ခွင်က အသာဖေးမလို့ ထားသည်။ နွေးလိုက်တာ ပန်းရယ် ငါ့ရင်ခွင်က နွေးနေ လိုက်တာ…. နင့်ကိုလည်း ငါချစ်လိုက်တာ … စကားတွေ မပြောနိုင်ပေမယ့် ပန်း ကြားနိုင်ပါစေ ….. ချစ်တယ် ပန်းရယ် ချစ်တယ် …. ငါ့အသည်းတွေထဲ တုန် …… နေအောင်ကို ချစ်တယ် သိလား …..

“မောင့်ကိုလေ ….. ချစ်တယ် …. အရမ်းပဲ ….”

အို …. မောင်တဲ့ လား ….. မောင်တဲ့ လား ပန်းရယ်… ဟုတ်တယ် ငါက နင့်ချစ်သူမောင်လေ …. ပျော်လိုက်တာ အဲဒီနေ့ က ကောင်းကင်ကြီးကလည်း ချို ၊ ကန်ရေပြင်ကြီးကလည်း ချို ၊ ဟောဟိုက သစ်ပင်တွေကလည်း ချို၊ ပန်းရဲ့ စကားသံတွေကလည်း ချို၊ ဒီကမ္ဘာကြီးကလည်းချို အိုဗျာ …. အားလုံးဟာ ချိုမြနေတော့တာပဲ ….. သူ ပန်း၏ နဖူးပြင်ကို ညင်ညင်သာသာ နမ်းရှိုက်လိုက်မိသည်။ အဲဒီလိုနဲ့  သူရင်ထဲက ချစ်ပန်းလှလှဟာ ရနံ့  သင်းသင်း အဆင်းဖန့် ဖန့် နဲ့  ရှင်းရှင်း သန့် သန့် ကြီးကို ဖူးခဲ့ ပွင့်ခဲ့ ပါလေသည်တည်း ……..

ဒီလောက်နဲ့ ပဲ ကျေနပ်ပါတော့ ကိုရွာသားလေး ရေ ၊ တက်ဂ်တဲ့ အတွက်လည်းကျေးဇူးတင်ပါတယ် မိတ်ဆွေတွေ ဖြစ်ရလို့ လဲ ဝမ်းသာမိပါတယ် …. ဖျစ်ညှစ်ပြီးရေးလိုက်ရလို့ မတော်တာများရှိရင် ခွင့်လွှတ်ပါဦးဗျာ ….. :D
ရန်ကုန်သား


ဓါတ်ပုံလေးတွေကို click လိုက်ရင် မူရင်း website ကိုရောက်ပါလိမ့်မယ်

************

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ်တ တတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

22 comments:

ကိုလူထွေး said...

စာရေးအရမ်းညက်လို့ စာဖတ်သူကို အဆုံးအထိဆွဲခေါ်သွားပါတယ်...

အဆုံးသတ်ကျပြန်တော့လည်း ကြည်နူးစရာ ဇာတ်သိမ်းမို့ အားရကျေနပ်ရပါတယ်...


းဝ)

ရွာသားလေးဝိုင်တီယူ said...

ဇာတ်အိမ်ဖွဲ့တည်တတ်ပါပေတယ်။ ကိုရန်ကုန်သားရဲ့ အရှေ့စာတွေအတိုင်း လှပတဲ့စာအရေးအသားနဲ့ ဆွဲဆောင်နိုင်ခဲ့တယ်။
ကိုရန်ကုန်သားရေ ပန်းကလေးကိုသိခွင့်ပေးတဲ့အတွက်
ကျေးဇူးပါခင်ဗျာ

ကြည်ဖြူပိုင် said...

ကိုရန်ကုန်သားရဲ့ပန်းကလေးကိုလာကြည့်ရတာ
တန်လိုက်တာ..ဓာတ်ပုံလေးတောင်ပါသေး။
တကယ်လား။ဇာတ်လမ်းလားတော့မသိ။
တကယ်ဆိုရင်တော့ခုထိမခွဲမခွာဆိုတော့
ပျော်စရာလေးနော်
စာအရေးပသားအရမ်းကောင်းပါတယ်လို့
မှတ်ချက်ချပြီး၇င်းချသွားပါတယ်:)

ကာရံဆူး said...

ကိုရန်ကုန်သားရေ...ကာရံက ကိုရန်ကုန်သားဆီက ပညာတွေ ယူမယ်လို့ စိတ်ကူးနေတာ...တပည့်အနေအထားရောက်ဖို့ တောင် ကြိုးစားနေတုန်းပါ...စာရေးဆရာတောင် ဖြစ်နိုင်တဲ့ အရေးအသားရှိတဲ့သူက ကာရံကို အားပေးသွားတာ ကျေးဇူးပါ...

WWKM said...

အင်း ဆရာကြီးတွေရေးသွားလိုက်ကြတာတော့ ညက်
နေတာပဲ..
တို့တော့ ဆင်ဆာမလွတ်လို့ မရေးနိုင်သေးဘူး။ :D

sweety said...

ကိုရန်ကုန်သားရာ..ရေးတတ်လိုက်တာဗျာ...ပန်းကလေးသဏ္ဍာန်လေးကိုရေးသွားတာ တော်တော်ကောင်းတယ်..ဖတ်ရင်းမျောနေတာ ပြီးသွားမှန်းတောင်မသိလိုက်ဘူး..ဖျစ်ညှစ်ပြီးရေးရပေလို့သာပဲ..

ကြယ်ဖြူစင် said...

စာအရေးအသားရော..အသုံးအနှုန်းရော..
အဖွဲ့အနွဲ့ရော..အရမ်းကောင်းတယ်..ရေးတတ်
လိုက်တာ..ပန်းလေးနဲ့မခွဲမခွာပျော်ရွှင်စွာ
ထာဝရပေါင်ဖက်ရပါစေလို့ဆုတောင်းပေးလိုက်
ပါတယ်..
ခင်တဲ့
မမကြယ်ဖြူစင်

မြစ်ကျိုးအင်း said...

သူငယ်ချင်းရဲ့ရင်ထဲကပန်းကလေးထာဝရလန်းဆန်း နေပါစေဗျာ...။

သားကြီး said...

အရေးအသားတစ်ကယ်ညက်ညောတယ်
“ပန်း”ဆိုတဲ့ကောင်မလေးရဲ့ ယဉ်ယဉ်စစဟန်ကို
အနုလှဆုံးစကားလုံးတွေနဲ့ ဖွဲ့သီပြထားတာတွေရော
ပန်းနဲ့ပတ်သက်လို့ ကောင်လေးရဲ့ ရင်ထဲက
ခံစားနေရတာတွေရော အငြှိငြှိအယှက်ယှက်
လှလှပပကြီးရေးပြသွားတယ်
ဖတ်နေရင်းက ကျနော့်တစ်ကိုယ်လုံးတောင်ချိုမြသွားသလိုပဲ
အဲဒီချစ်အဖြေပေးတဲ့နေ့က
ကောင်းကင်တွေ ကန်ရေတွေ သစ်ပင်တွေချည်း
မကပါဘူး စကြာဝဠာတစ်တိုက်လုံးတောင်
ချိုမြသွားသယောင် ခံစားသွားရပါကြောင်း...။

jr.lwinoo said...

စမ်းချောင်းသားရေ..
ပန်းကလေးလှလိုက်ပုံများ..
မင်းက အဖွဲ့ကောင်းလွန်းလို့လေ..
ခင်မင်လျှက်
မဂျူ

အနော် said...

အမလေး ရင်တွေခုန်လိုက်တာ
အနော်လဲ ယောကျာ်းလေးဖြစ်ချင်လိုက်တာ
အဲ့လို ချစ်စကားပြောချင်လို့ ဟီးဟီး
ပန်းကလေးလို လှတဲ့ မိန်းကလေးကို ပန်းပွင့်ကလေးလို နူးနူးညံ့ညံ့ချစ်ပြတတ်တဲ့ အချစ်စာရေးဆရာကို လေးစားပါတယ်ဗျာ
အကိုရေ ချစ်ခြင်းဖွဲ့သံစဉ်တွေ ထပ်များများရေးပါဦးနော်
အနော်ကတော့ အခုအထိ အကွဲအပြဲ ဟဲဟဲ
အဲ့ဒီဘက်ပဲ အခုအချိန်မှာ အားသန်သေးတယ်ဗျ
အကို ဧရာဝတီသားကိုတော့ တောင်းပန်ရသပေါ့ဗျာ :P

ဝသန်မိုး said...

သြော် ပန်းကလေးတဲ့လား
တင်စားတတ်လိုက်တာ
ပန်းကလေး လည်းအမြဲလန်းဆန်းပါစေ
ဘလော့ဂ်ဂါလေးလည်း လန်းဆန်းပါစေ

ခင်တဲ့
ဝသန်မိုး

ဧရာဝတီသား said...

အစ်ကိုရေ၊ အရေးအသားရော ၊ ဇာတ်လမ်းလေးရော ကောင်းတယ်ဗျာ၊ ဇာတ်သိမ်းလေး ကတော့ အလှဆုံးပဲ။

အဲဒီလို့ ဇာတ်လမ်းကောင်းလေးတွေပဲ ဖတ်ချင်တာ ဟဲဟဲ၊ အနော့် ကိုတော့ အသည်းကွဲ ဇာတ်လမ်းတွေ မရေးပါနဲ့ လို့ တောင်းပန်ထားရတယ် ( လူက အသည်းကလည်း သိပ်နုတာမှတ်လား :P )

ငှက်ငယ်လေး said...

စာရေးကောင်းလိုက်တာ...စာရေးစရာကျရောပဲ

ကောင်းကင်ပြာ said...

ရန်ကုန်သားရဲ့ ပန်းကလေးကို သေချာ လာခံစားသွားပါတယ်၊ အရေးသိပ်တော်တယ်လို့ ပြောပါရစေ၊ ဖွဲ့နွဲထားတာလေးတွေ သိပ်လှတယ်၊ တို့ ရေးထားတာကမှ တကယ် ဖျစ်ညှစ်ရေးထားရတာပါ၊ ဆက်ရေးပါ၊ အားပေးမယ်နော်

ဖိုးစိန် said...

ကြည်နူးစရာကောင်းလိုက်တာ...

အရေးအသားကလဲ ဖွဲ့တတ်တယ်...


အရမ်းကောင်းတယ်...

ချစ်ခင်စွာဖြင့်

ဖိုးစိန်

မယ်ကိုး said...

စာလေးအရမ်းကောင်းတယ်။ ခံစားမှုကို ဖွဲ့တာ အရမ်းကောင်းတယ်...
အားပေးလျက်....

mirror said...

အိုး..မိုက်တယ်ဗျာ။ရေးထားတာ၊
ရေးတတ်လွန်းတယ်။

ဝက်ဝံလေး said...

အဟက် များဂါတွေ ပြောသွားတော့ မီးက ဘာပြောရတော့မှာလဲလို့ အီးးးးးဝါးးးးးးးးးးး ပြောစရာ ဂျကားမချိတော့ဘူး အဟင့်

ရန်ကုန်သားရေ စာရေးနည်းလာသင်မယ်နော် သိလား ကိုရန်ကုန်သားရေးတာနဲ့ မီး ဘလော့ဂ် ပိတ်ရတော့မယ် ထင်တယ် အဟင့် မီတရားဘူး မီတရားဘူး နှစ်ရားစွဲမယ် အဲ လေ တရားစွဲမယ် ဟင့်

ဇော် said...

ကောင်းချက်ရယ်ဗျာ။ ကိုလူထွေးပြောသလိုပဲ။ အဆုံးသတ်က ညားသွားလို့ အဟီး။ =]

Angel Shaper said...

သယ်ရင်းးးးး
ငါပြောချင်တာ... အားလုံးပြောတဲ့အတိုင်းပဲနော်။ ဟဲဟဲ
ငါ သိနေတယ်နော်။ ဘယ်သူ့ ပန်းပွင့်နေလဲဆိုတာ ဟဲဟဲ
သိနေတယ် သိနေတယ်။
ဒါပေမဲ့ ပြောဖူးနော်။ ဟိဟိ

Lay said...

ရန်ကုန်သားရဲ့ရင်ထဲကပန်းကလေး ထာဝရရှင်သန်နိုင်ပါစေ။