Tuesday, August 18, 2009

ရင်ခုန်ဘက်လူ


“နင်ထားခဲ့ တဲ့ အတိုင်း ငါ့ရင်က ခုထိ ပူပူနွေးနွေးကြီး ရှိ သေး တယ်။ဟား….. နင်ပြောဖူးတယ် လေ ငါ့ နှလုံး သားက ဘဘွန်း..ဘဘွန်းလို့ ခုန်တာဆိုပြီး။ အင်း ဟုတ် တယ် အဲတုန်းကတော့ ငါ့ နှလုံးသား ဟာ အင်အား တွေ အပြည့်နဲ့ ကိုးလေ။ နင်မရှိတော့တဲ့ နောက်ပိုင်း သူ့ စည်း ချက်တွေလည်း မမှန်တော့ ပါဘူး ဟာ.............”



“ဟင်........….. မိုး” ငါမျက်လုံးတွေ မှားတာတော့မဟုတ်ပါဘူးနော်။ မှားစရာအကြောင်းမှ မရှိပဲလေ။ ငါ့ကို ညီလေး အာကာ့သူငယ်ချင်းကသာ ဒီစားပွဲကိုခေါ်မလာခဲ့ ရင် နင်နဲ့ ငါတွေ့ ဖြစ်မှာမဟုတ်ဘူး။ ဒီအနားကို ရောက်ကတည်းက နင့် ရေမွှေးနံ့ ကိုရတယ်လို့ တော့ထင်သား။ ဒါလဲ ငါနင့်ကို စွဲလန်း နေတုန်းမို့  ထင်ခဲ့ တာ။ ခုလို နင့်ကို ဗြုန်းစားကြီးပြန်တွေ့ လိုက်ရတော့ ငါ့ နှလုံးသားက ကုန်းပေါ်တင်ခံလိုက်ရတဲ့ ငါးတစ်ကောင်လို ထိတ်လန့် တကြားကို ခုန်နေတော့တာပါလား။


အာကာ့ မင်္ဂလာဆောင်မှာ နင်ဘာလာလုပ်တာလဲ။ ငါနဲ့ အာကာ အသိမိတ်ဆွေဖြစ်တာ ကျောင်းပြီးလို့ ဆေးရုံ ရောက်မှပါ။ နင်နဲ့ အာကာနဲ့ ဘယ်လိုလုပ်ပြီး သိကျွမ်းနေရတာလဲ။ နင့်ကို ငါ့မျက်လုံးထောင့်က နေ ကောင်း ကောင်းကြီးမြင်နေရတယ်။ နင် င့ါကို မမြင်ချင်ယောင် ဆောင်မနေပါနဲ့ ဟာ။ မမြင်ချင်ယောင် ဆောင်ရ မယ့်လူက ငါပါ။ ငါ့ ရင်တွေနာလိုက်တာ မိုးရာ။


နင့် ခေါင်းကို အဲလို ငုံ့ ထားဖို့ မလိုပါဘူး။ အော် နင့်လူက ဘေးမှာ ပါလာတာကိုး။ နင့်ကို အဲလူရဲ့ ရှေ့ မှာ လာနှုတ် ဆက်ရလောက်အောင် ငါ့အသည်းကလဲ မမာသေးပါဘူးဟာ။ နင် ဒီနေ့ ထုံးလာတဲ့ ဆံထုံးက ကျက်သရေရှိ လိုက်တာ။ ဟိုတုန်းက နင့်လည်ဂုတ်ဖုံးရုံလောက် ဝဲကျနေတဲ့ ဆံပင်မှောင်မှောင်တွေနဲ့ လိုတော့ နင့်စိတ် တွေ ပေါ့ပါး နေလိမ်မယ် တော့မထင်မိဘူး။ နင် ရင့်ကျက်သွားတာလား ဟင် မိုး။


ငါတော့ မရင့်ကျက်သေးဘူးဟာ။ နင်ထားခဲ့ တဲ့ အတိုင်း ငါ့ရင်က ခုထိ ပူပူနွေးနွေးကြီး ရှိသေးတယ်။ ဟား….. နင်ပြောဖူးတယ်လေ ငါ့ နှလုံးသားက ဘဘွန်း ..ဘဘွန်းလို့ ခုန်တာဆို။ အင်းဟုတ်တယ် အဲတုန်းကတော့ ငါ့ နှလုံးသားဟာ အင်အားတွေအပြည့်နဲ့ ကိုးလေ။ နင်မရှိတော့တဲ့ နောက်ပိုင်း သူ့ စည်းချက်တွေလည်း မမှန်တော့ ပါဘူးဟာ။ အင်း နင်သက်ပြင်း ခိုးချပြန်ပြီ။ နင် ငါ့ရှေ့ မှာသက်ပြင်းမချစမ်းနဲ့ မိမိုးရယ်။ နင်အနေရခက်နေ မှန်း တော့သိပါတယ်။ စိတ်မပူ ပါနဲ့ ဟာ ငါ့ရင်တွေနာနေပေမယ့် နင့်ဆုံးဖြတ်ချက်ကို နာခံဖို့ ငါအဆင်သင့်ပါ။


ပြီးတော့ငါ ကမာနကြီးတယ်။ ဟားဟား….ဘာမှတော့မရှိဘူးပေါ့ဟာ….အမ်မက်စီစာမေးပွဲလေးအောင် အောင် တောင် သုံးခါလောက်ဖျစ်ညှစ်ကြိုးစားရတဲ့ ငါက သာမန် ဆရာဝန်တစ်ယောက်ပါဟာ။ အင်း ဒီအချိန်လောက် ဆို နင်လည်း အင်္ဂလန်မှာ ဘွဲ့ ယူပြီးလောက် ရောပေါ့။ ဟိုတုန်းက နင့်စကားကြောင့် နင်အိုဂျီဖြစ်ကောင်း ဖြစ်နေမှာ ပေါ့နော်။ ငါကတော့ဟာ သုံးစားမရတဲ့ မာနတွေနဲ့ နင်ထားခဲ့ တဲ့ အတိုင်းပါပဲ။


အေးနော် နင့်လို အတန်းထဲမှာ နာမည်ကြီးတဲ့ ကျောင်းသူတစ်ယောက်က ဆပ်ပလီမထိရုံ မနည်းကုန်းရုန်း ဖြေ ခဲ့ ရတဲ့ ငါလို ကောင်ကို တစ်သက်လုံးလက် တွဲ သွားဖို့ ဆိုတာ ကျောင်းသူဘဝတုန်းက စိတ်ကူးယဉ်ခဲ့ တဲ့ နင့်ရဲ့  ရူးသွပ်မှုတစ်ခုပဲ ဖြစ်မှာပါလေ။ ငါဝန်ခံပါတယ်။ ပတ်တူး(နောက်ဆုံးနှစ်အပိုင်း-ခ)တုန်း က နင်သာမရှိရင် ငါလေ အဲဒီစာမေးပွဲကို ဆယ်ခါဖြေအောင်မှာမဟုတ်ဘူးသိလား။ ဟားဟား …နင့်အကြင်နာတွေကြောင့်ပေါ့ဟာ။ ငါနင့် ကို သိပ်ချစ်ခဲ့ ပါတယ်လေ။


ငါ့ကို တိုးနိုင်က ပြောခဲ့ ဘူးတယ်။ နင့်ကို မကြိုက်နဲ့ တဲ့ ။ ငါတစ်နေ့ ခံစားရလိမ့်မယ်တဲ့ ။ အဲဒီတုန်းကတော့ နင့်အပြုံးတွေ နင့်ရယ်မောသံတွေနဲ့ ငါ့ဘဝက အသက်သိပ်ဝင်နေခဲ့ တော့  တိုးနိုင်စကားဘယ်ပေါက်မလဲဟာ။ နင့် အချစ်ကို ငါရလိုက်တော့ ပိုလို့ တောင်ငါ ဘဝင်မြင့်သွားသေးတယ်။ ဘာလို့ လဲဆိုတော့ နင်ပြန်ကြိုက်လာရ မယ်လို့ တိုးနိုင်ကိုငါပြောပြီး ငါ့မာနကို အရောင်တင်ခဲ့ တယ်လေ။ နောက် နင်ကငါ့အတ္တဖြစ်လာခဲ့ တယ်။


ငါလေ နင့်မျက်နှာလေးကြည့်နေရရင် အားလုံးကိုမေ့မေ့သွားတယ်။ သာဒ့် အမ်ဘီတုန်းက ငါနင့်ကို လိုက်နေချိန် ပေါ့ ။ အဏုဇီဝ လက်တွေ့ ခန်းက မိုက်ခရို စကုပ်အောက်မှာ နင့်မျက်နှာကြီးမှ အကြီးကြီးပဲ။ ဆရာမ ဒေါ်ခင်ခင် စန်းကတောင် ငါ့ကို နားရွက်လိမ်သွားသေးတယ်။ မိုက်ခရိုစကုပ်အောက်က အကောင် တွေ ဘယ်နားနေမှန်းကို မသိတာ။ စိတ်ကူးတွေရင်နေတာလေဟာ။


နင် ဆံပင်လေးကိုလွင့်နေအောင် ခေါင်းလှည့်သွားရင်၊ နင့်နှုတ်ခမ်းဖူးဖူးလေးတွေ ပြုံးလိုက်ရင်၊ နင့်မေးလေးကို လက်ညှိုးထိတ်လေးနဲ့ ထောက်ပြီး နင်စဉ်း စားဟန်ဆောင်နေရင် ငါဖြင့်ချစ်လိုက်တာဟာ။ နင့်ပါးမှာလေ သိလား မွေးညှင်း နုနုလေးတွေရှိတယ်ဟ။ နေရောင်အောက်မှဆိုလေ ရွှေရောင်လေးကိုလက်လို့ ။ ပြီးတော့ နင့် နှုတ် ခမ်းထောင့်ကလေး နားမှာ ရေးရေးလေးမြင်နေရတဲ့ မည့်သေးသေးလေးရှိတယ်လေဟာ။ ငါလေ နင့်နှုတ်ခမ်း လေးတွေ ကိုသိပ်မြတ်နိုး တာပဲ။


နင့်ပါးနဲ့ ငါ့ပါးလေးကို အပ်ပြီး ခုန်ခဲ့ဖူးတဲ ရင်ခုန်သံတွေကိုလေ တကယ်ပဲဟာ ငါမေ့လို့ ကိုမရဘူး။ နင်မှတ်မိလား ငါမိခိုင်နဲ့ ရုပ်ရှင်လိုက်ကြည့်တဲ့ နေ့ က နင် ငါ့ကိုပြဿနာရှာတာလေ။ မိခိုင်က ငါ့ငယ်သူငယ်ချင်းအရင်းကြီး ဟာ။ သူ ဂျီကျတာနဲ့ လိုက်ပြရတာ။ သူ့ ကောင်ကို စိတ်ကောက်ပြီး နှိပ်စက်လို့ ရတဲ့ ငါ့ကို သက်သက်ခေါ်သွား တာ။ နင်ကလေ သိရဲ့ သားနဲ့ ငါနင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ။ ပြီးတော့ မိခိုင်နဲ့ အောင်ထွန်း အကြောင်း လဲနင်သိတာပဲဟာ။ ငါဖြင့် အဲဒီတုန်းက သေပြီအောက်မေ့တာ။ ဟိုကောင် တိုးနိုင်ကတောင်ပြောသေးတယ် ငါ ကနေမှ မတတ်တာတဲ့ ခံပေါ့တဲ့ ။


ငါ့မှာ နင့်ကိုဘယ်လို မှရှင်းပြလိုမရလို့ မိခိုင်နဲ့ အောင်ထွန်း နှစ်ယောက်လုံးခေါ်ပြီး နင့်ကို တောင်းပန်ခဲ့ ရတာ လေ။ ဟား…..ငါ့လေ အဲတုန်းကနင်ပြုံး လိုက်တော့ ပတ်တူးအောင်တုန်းကထက်တောင် ပျော်သေးတယ်။ ငါနင့် ကို ပွေ့ လိုက်တော့ နင်ငါ့ရင်ဘတ်ကို လက်နဲ့ ထုသေးတယ်လေ။ “မိုးက စိတ်မဆိုး တော့ဘူးတဲ့ ကွလို့ ” ငါထ အော် တော့ အောင်ထွန်းတောင်င့ါကို တော် တော်ရူးတဲ့ ကောင်လို့ များပြောနေသေးလား မသိဘူး။ ငါ့လောက် မရူး တဲ့ အဲကောင် အောင်ထွန်းတောင် ခု မိခိုင် နဲ့ ကလေးနှစ်ယောက်ရနေပြီ မိုးရေ။


ငါ လေနင့်ကို ရင်ထဲမှာ ပွေ့ ဖက်ထားပြီး နင့်ဆံပင်တွေကို နမ်းရတာ၊ နင့်ရဲ့ အရှည်မထားတတ်တဲ့ လက်သည်းညီညီ လှလှလေးတွေနဲ့ နင့်လက်ကလေးကို ငါ့ပါးပေါ်တင်လို့ တင်၊ ခဏနေတော့ နမ်းလိုက် သွားထိတ် ကလေး နဲ့ အသာ လေးကိုက်လိုက်၊ နင်ကနာတယ်နော် မကိုက်နဲ့ လိုပြောရင် နင့်ပါးကို အတင်း နမ်းရတာ တွေ ကို ဘယ်လိုမှ မေ့ မရ ဘူးဟာ။ နင်သာ ငါနဲ့ အတူ ရှိနေရင်လေ ငါ့ကမ္ဘာကြီးမှာ ဘာမှ၊ ဘာကိုမှ ငါမလိုတော့ တာပါ မိုးရယ်။


နင်နေကြာစိပဲဖြစ်ဖြစ် ကွာစိပဲဖြစ်ဖြစ် စားပြီးစာဖတ်ချင်ရင် ငါကခွာပေး နင်က အလျင်မမှီအောင် စားပစ်။ ငါ့ကို နင်စာ မေးလို့ မှမရ ရင် နင် ငါ့နဖူးကို လက် သီးကလေးနဲ့ ဖွဖွထု၊စာတွေကို ရှင်းပြ။ ငါလေ နင်ရှင်းပြတဲ့ စာတွေဆို အကုန်အလွတ်ကိုရတာ။ ပြန်လည်းဖတ်စရာမလိုဘူး။ ဘယ်အချိန်မေးမေး ဒေါက်ကနဲ့ ဒေါက်ကနဲ ပြောပြနိုင် တယ်သိလားမိုး။


ခုတော့လည်း နင်နဲ့ ငါနဲ့  စားပွဲတစ်ခုတည်းထိုင်ပြီး မိုင်ပေါင်းများစွာ ဝေးကွာနေလို့ ပါလားမိုးရာ။ နင့်လည်တိုင် ကျော့ရှင်းရှင်းက အရင်ကလိုပဲ ဒီခန်းမရဲ့  ရွှေရောင်အောက်မှာ ဝင်းဝင်းတောက်နေတုန်းပဲနော်။ ငါ နင့်လည်ပင်း ကအရစ်ကလေး သုံးရစ်ကို စိတ်ကူးနဲ့ ပုံဖော်ကြည့်နေမိတယ်။ ငါနင့်ကို သေသေ ချာချာ ကြည့်နေတာမဟုတ်ပါ ဘူး မိုးရယ်။ ငါလေ နင့်ကိုဖျတ်ကနဲ့ ကြည့်လိုက် ငါ့ရင်ထဲမှာ ဖျက်မရအောင်စွဲနေတဲ့ နင့်ပုံရိပ်တွေကို မြင်ယောင် လိုက်နဲ့ ။ ငါစိတ်က တောင်ရောက်မြောက်ရောက်နဲ့ ဟာ။ ထိုင်လို့ လဲမထိသလိုပဲ။ ငါထပြန်ရင် ကောင်းမလားပဲ။


နင်နဲ့ ငါတူတူ ထိုင်ခဲ့တဲ့ အင်းယားကန်နားက သစ်ပင်ကြီးအောက်ကိုလေ နင်ကိုသတိရလို့ မခံစားနိုင်တော့တဲ့ အခါ နင့်အရိပ်လေးတွေ ကျန်နေသေး မလားလို့ အခေါက်ပေါင်းများစွာ သွားကြည့်ခဲ့ သေးတယ်။ နင့်ကို ငါ နောက် ဘယ်အခါမှတွေ့ ရမယ်မှန်းလည်းမသိ။ နင်တကယ်ရှိနေတဲ့ ဒီနေ ရာမှာ နေချင်သေးတယ်။ ငါ့ရင်က နွေးထွေး နေတယ်သိလားမိုး။ နင့်ကို မြင်ရတာ ငါ့ရင်တွေ နာတာကတော့ ပြောစရာ မလိုတော့ဘူး ထင်ပါတယ်မိုးရယ်။


နင်က ပိုက်ဆံတတ်နိုင်တဲ့ မိသားစုကဆိုတော့ အင်္ဂလန်ကိုသွား၊ အမ်အာစီအိုဂျီဘွဲ့ ကြီးယူ၊ နင်သိပ်ဖြစ်ချင်တဲ့  သားဖွားမီးရပ်ပါရဂူကြီးလည်းဖြစ်။ ဟောခုဆို နင့်ဘေးကလူကလည်း အမ်အာစီ တွေထဲက တစ်ယောက် ဖြစ် ချင်ဖြစ်မှာပေါ့နော်။ ငါကတော့ နင်ဖြစ်ချင်လို့ ယူချင်တဲ့ အထူးပြုယူ နင်ဘာဖြစ်ဖြစ် ချစ်တာ ပဲ။ ငါတွေးမိတယ် သိလားမိုး။ နင်ကလေ စာတွေကိုတွတ်တွတ် တွတ်တွတ် ရွတ်နိုင်သလောက် ဘာမှလုပ်တတ်တဲ့ ကောင်မလေး မဟုတ်ဘူး။


ပတ်ဝမ်း(နောက်ဆုံးနှစ် အပိုင်း-က) တုန်းက မော်လမြိုင်ကို ကာကွယ်ရေးနဲ့ လူမှုရေးဆေးပညာ ကွင်းဆင်းလေ့ လာရေးခရီးသွားတော့မှ နင့်အကြောင်း ငါ ကောင်းကောင်းသိတော့တာ။ ဒါပေမယ့် နင်ကြော်ကြွေးတဲ့  ဘဲဥတူး တူး လေးက သိပ်စားလို့ ကောင်းတာပဲ။ အဲဒီတုန်းက ငါကလွဲရင်နင့်ကို အကုန်လုံးက ဝိုင်းပြီးကောင်းချီးပေး ကြ တာလေ။ အဲဒီတုန်းက နေတွေ ပူလို့ နင်လိမ်းဖို့ သနပ်ခါး ငါသွေးပေးခဲ့ တုန်းကငါ နင့်ကို အဲလို အမြဲသွေးပေးနိုင် ဖို့  စိတ်ကူးတွေ ရင် အိပ်မက် တွေမက်နဲ့ ဟာ။ နင်စားချင်တဲ့  ကြက်သားကာ လသားချက်ကို ငါ ကောင်းကောင်း ချက်ပေးဖူးတယ်။ နင်ကလေ အဝတ်တောင် ဖြောင့်အောင် မလျှော်တတ် ဘူး တကယ့် ကောင်မ လေး။ ဒါပေ မယ် နင့်ကို ငါ ပိုတောင်ချစ်သွားသေး တယ်။ အဲတာနင်သိတယ်မလား။


နင့်လက်ကို ငါဖျတ်ကနဲ့ မြင်လိုက်ရတယ်။ ဒါတောင် နင့်လူကို တစ်ရှူးလှမ်းပေးတုန်းခဏလေးပဲ။ နင့်လက်သူ ကြွယ်က လက်စွပ်တစ်ကွင်းက ငါပေးထားတာ မဟုတ်ဘူးဆိုတာ ငါကောင်းကောင်းသိတယ်။ စေ့စပ်လက်စွပ် လား လက်ထက်လက်စွပ်လား မိုးရယ်။ အော် ငါ့နှယ် ခက်တော့တာပါလား။ စေ့စပ်လက်စွပ် ဖြစ်ဦးတော့ ငါဘာ မျှော်လင့်ချင်သေးလို့ လဲ။ ဒီလို ဂုဏ်သိက္ခာရှိတဲ့ ဒေါက်တာ သိဂီ င်္မိုးမြင့်က လူပုံအလည်မှာ စုံတွဲနဲ့  ပွဲတက် လာ မှတော့ ငါ့ဆီဘယ်လိုလုပ် ပြီးပြန် ရောက်လာမှာလဲ ငတုံးရယ်။ ငါလေခုထိ တုံးနေတုန်းပဲ မိုးရ။ ဒါပေမယ် ငါ့ ရဲ့ ခပ်တုံးတုံး စိတ်ကူးစိတ်သန်းတွေကို ဒီနေ့ တော့မှန်လိုက်စေချင်တယ် ဟာ။ နင့်ကို ငါ သိပ်ချစ်တာပဲ မိုးရယ်။


နင်သာ တကယ်အိမ်ထောင်ကျခဲ့ ရင် နင်မချက်တတ်တဲ့ ဟင်းတွေကို မချက်သော်မှ စီမံနေရမယ်နော်။ နင့် ယောက်ျား ရဲ့ အဝတ်အစားတွေကို ငါသိပ်မြတ် နိုးတဲ့ နင်က လျှော်ပေးနေရတော့မယ်နော်။ ဒါတွေကို လုပ်ပေး ရ လို့ နင်ပျော်ချင်ပျော်နေမှာပေါ့။ ငါကတော့ တွေးမိရင် ရင်သိပ်နာတာပဲမိုးရယ်။ အရက်သေ စာကို သိပ်မုန်းတဲ့ နင် က နင့်ခင်ပွန်းသောက်စားလာတဲ့ အခါဘယ်လို ခံစားနေရမလဲ။ သဝန်တိုတတ်တဲ့ နင့်ကို ဘယ်လိုချော့ရမယ်ဆို တာ နင့်ခင်ပွန်းသို့ မဟုတ် နင့်ခင်ပွန်းလောင်းက ဘယ်လိုချော့ရမှန်းသိပါလေစ။


နင်စာဖတ်လို့ ဇက်ကြောတွေသိပ်တက်နေရင် နင့်လည်ဂုတ်လေးကို ငါ့လို နင့်အကြိုက်ခပ်ဖွဖွလေး နှိပ်တတ်ပါ့ မလား။ ခက်တော့တာပါလား မိုးရယ် ရေခဲမုန့် ကလေ ဒီကနေ့ ကျမှ ခါးသက်သက်နဲ့ ဟာ။ ညီလေးအာကာ ကို တော့ အားနာပါတယ်။ ငါ့ကိုက ဖြစ်နေတာပါ။ အင်း မိုးရေ သူတို့ ကတော့ မေတ္တာတွေစုံလို့ သစ္စာတွေပြု ဗိုလ် ပုံလည်မှာ သူတို့ ချစ်ခြင်းကို သက်သေပြကုန်ကြပြီဟာ။ ငါကတော့ ဘာလုပ်ရမှန်းမသိတော့တဲ့ ဘဝကြီးမှာ နင့် ကို တောင့်တလွမ်းမော နေရတာနဲ့ တင်ငါ့ရင်တွေ မောလှပါပြီ။ အသစ်ဆိုတာ ရှာရင်တော့တွေ့ ပေမပေါ့ဟာ။ နင်နဲ့ တော့ဘယ်လိုလုပ် အစားထိုး ရနိုင်မလဲလေ။


“ အစ်ကို ဒါ ကျွန်တော့် ရပ်ဆွေရပ်မျိုးပဲဗျ အစ်ကိုလိုပဲ ဒေါက်တာ နေသွေးတဲ့ ။ အီဒင်ဘာရာက ဆာဂျင်လေ။ ဒီဘက်က အစ်မက အစ်ကိုနေသွေးရဲ့ ဇနီးလောင်း ဒေါက်တာ သိဂီ င်္မိုးမြင့်တဲ့ ၊ အစ်မ ကအိုဂျီလေ ကျွန်တော် တောင်ကြိုပြောထားတယ် အစ်မတာဝန်ပဲလို့ လေ…ဟားဟား….”


အော် ဇနီးလောင်းတဲ့လား။ ငါက ယူပြီးကြပြီ တောင်ထင်တာ။ ငါနင့်ကို မျှော်လင့်နေခဲ့ ပါတယ်။ အဲတာ ငါနင့် ကိုချစ်လွန်းလို့ မိုးရဲ့ ။ ဒါပေမယ့် ဒီလိုအချိန်မှာ နင်ငါ့ရင်ခွင်ကို ပြန်လာခဲမယ်ဆိုရင်တောင်(မဖြစ်နိုင်မှန်းသိလျက် က) ငါ လက်ခံမိ မယ်ထင်တယ်။ ဒါပေမယ့် နင်လည်း ပြန်လာမှာမဟုတ်သလို ငါလည်း နင့်ကိုတွေ့ တာ ဒါ နောက်ဆုံးဖြစ် ကောင်းဖြစ်နိုင်တယ်ဆိုတာငါသိပါတယ် မိုးရာ။


“ကိုနေ ဒါ ကျွန်တော့ ဘောစ့်လိုလည်းပြောလို့ ရတယ် အစ်ကိုလို့ လဲပြောလို့ ရတယ် ဖစ်ဇစ်ရှင် ဒေါက်တာ စိုးထက်အောင် ပါ။”


နင်ကတော့ ရယ်မောနေမှာပေါ့။ ငါ့လို ပေစုတ်စုတ်နဲ့ ကောင်က ဖစ်ဇစ်ရှင် ဖြစ်နေတာကိုးလေ။ အဲတာ နင့် ကြောင့်ပါ နင်ဖြစ်စေချင်ခဲ့ တာလေ။ ခုလဲငါ့ဘဝ ကပေစုတ်စုတ်ပါပဲဟာ။ နင်မှမရှိတာ ငါဘာကောင်ကြီးဖြစ်ဖြစ် ဘာမှ မထူးတော့ပါဘူး မိုးရယ်။ ငါ ဖစ်ဇစ်ရှင်ဖြစ်ဖို့ ကြိုးစားလိုက်ရတာ။ မခံချင်စိတ် လည်းပါ တာပေါ့။ လူဆိုတာ မခံချင်စိတ်တွေ မာနတွေ ပေါ်လာရင် မဖြစ်ဖြစ်အောင် ကြိုးစားတတ်တာပဲလေ။ နင်ငါ့ကို မခံချင်အောင် လုပ် သွား တာတော့ မဟုတ် တန် ရာပါဘူးနော် မိုး။


“အာ…ဟုတ်ကဲ့ တွေ့ ရတာဝမ်းသာပါတယ် ဆရာ။ အိုင်အမ်ဝမ်းကလား တူးကလားမသိဘူး…”


ခင်ဗျားသိချင်ရင် ခင်ဗျားဘေးမှာထိုင်နေတဲ့ ခင်ဗျားရဲ့ ဇနီးလောင်း အလှပဂေးလေးကို မေးကြည့်ပါလား။ ကျုပ် ပြောတာ ထက်တောင် ပို ပြည့်စုံလိမ့်မယ်။ နင်သိလား မိုး အဲဒီ နင့်ခင်ပွန်းလောင်း ဒေါက်တာ ဆိုတဲ့ လူနဲ့ လက် ဆွဲနှုတ်ဆက်လိုက်ရတာ ငါ နင့်ကို သူ့ လက်ထဲ ကျေကျေနပ်နပ်ကြီး ထည့်ပေးလိုက်ရ သလိုပဲ။ ဒီနေရာသာ အာကာ့ မင်္ဂလာပွဲမဟုတ်ခဲ့ ရင် ငါလေ ကျောင်းတုန်းကလိုစိတ်မျိုးနဲ့ သာဆို ၊ စောင့်ကြွားကြွားနဲ့ နင့် လူ ကို ဘုကြည့်ကြည့်ပြီး ပြေး တောင် ထိုးဖြစ်မလားမပြောနိုင်ဘူး။


ဒါပေမယ့် ငါ့ အရှုံးကို အပြုံးမျက်နှာနဲ့ ဖုံးပြီး လူကြီးလူကောင်းဆန်တတ်နေပါပြီ။ ဒါပေမယ့် ငါ့ရင်ထဲမှာကော နင့် စိတ်ထဲမှာပါ ငါက နင့်ရဲ့ အရှုံးသမား(Loser) ဆိုတာ သိနေတယ်မဟုတ်လားမိုးရယ်။ အရှုံးသမားတစ်ယောက် ရဲ့ အပြုံး ဟာ မပြည့်စုံနိုင်သလို အသက်လည်းကင်းမဲ့နေမှာပါ။ ငါ့ သိက္ခာနဲ့ အရှုံးအတွက် ရှက်မိသလို နင့်ကို ချစ်လွန်းလို့  လေးငါး နှစ်လုံး လုံး ငိုကြွေးမြည်တမ်းနေခဲ့ရတဲ့  ငါ့နှလုံးသားကတော့ တစစ်စစ်နဲ့ တောင် နာကျင်လာမိ တယ်ဟာ။ ငါ့ရင် ဘတ်ကြီး ဟာနေလိုက်တာဟာ ပူပူဆာဆာကြီးနဲ့ လေ။


“ကျွန်တော် အိုင်အမ်-ဝမ်း ကပါဆရာ တွေ့ ရတာဝမ်းသာပါတယ်….”


နင့်ဖက်ကို လူမှုရေးအရ လှည့်ပြီးငါပြုံးပြခဲ့ ပါတယ်။ အော် နင့်မှာ နှလုံးသားရှိသေးသားကို။ နင့် မျက်လုံး အောက်က အသားလေးတွေ လှုပ်ခတ်နေ တယ်ဆို တာ ငါတွေ့ ပါတယ်။ နင် စိတ်မကောင်း ဖြစ်ဖော်တော့ ရ သေး သားပဲ။ ငါက မက်ဒီစင် ပြဌာန်းစာအုပ်တွေကိုသာ မကျေခဲ့ ရင်နေမယ် နင့်မျက်နှာလေး အရောင်ဖျတ်ကနဲ ပြောင်းသွားတာတောင် ငါသိတယ် မိုး။ ဒါပေမယ့် နင့်မျက်လုံးတွေထဲမှာ ငါ့ကို တမ်းတတဲ့ အရိပ်အရောင်လေး တစ်စွန်းတစ်စ ကိုတောင်မှ မမြင်လိုက်ရပါလား။ အဲဒီလို အရိပ်လေးအစား နင်နဲ့ ငါချစ်သူဘဝတုန်းက တခြား ယောက်ျားလေး မိတ်ဆွေတစ်ယောက်ကို နင်ပြုံးပြတတ်တဲ့ အပြုံးမျိုးကိုပဲ တွေ့ လိုက်ရပါလား။


နင်သိပ်ဟန်ဆောင်ကောင်းတယ် မိုး။ ဒါမှမဟုတ် နင့်မှာ ငါ့ကိုချစ်ခဲ့ပါတယ်ဆိုတဲ့ အတိတ်ဆိုတာကို မရှိတော့ တာလားမိုးရယ်။ ငါလေ နင်နဲ့ နှစ်ယောက် တည်းသာ ရှိနေရင် ငါငိုတောင် ငိုမိမယ်ထင်တယ်။ ငါ နင့်ခင်ပွန်း လောင်းကို ဆက်ပြီးစကား မပြောနိုင်တော့ဘူး။ ငါအသံတွေ တုန်လာလိမ့်မယ်။ ငါ ခုံပေါ်ကို မနည်းပြန်ထိုင် ချလိုက်ရတယ်။ ဒီနေ့ ကျမှ ငါကော နင်ကော ဘာမှမပြင်ဆင်လိုက်ရပဲဟာ။ နင်အားတော့ရှိပါတယ်နော်။ ငါ နင်ခံနိုင်ရည် မရှိမှာစိုးတယ်။ နင်ငါ့ကို ချစ်နေခဲ့သေးရင်ပေါ့လေ။


နင်သတိထားမိမှာပေါ့။ ငါဝတ်ထားတဲ့  စတိုင်ပင် နဲ့  ရှပ်အကျီ င်္လက်ရှည်ကိုလေ။ ငါ ဆရာဝန်နဲ့ တူပြီလား မိုး။ နင်ငါ့ကို အမြဲပြောတယ်လေ။ နင် ကလေ ဆရာ ဝန်နဲ့ နည်းနည်းမှမတူဘူး ဆိုပြီး။ ဟုတ်မှာပါ ခုနေ ငါကဆရာဝန်ပါ လို့  ကိုယ့်ကို ကိုယ် မိတ်မဆက်ခဲ့ ရင်၊ အာကာ ကသာ သူ့ ဆရာပါလို မပြောခဲ့ ရင်၊ ဘယ်သူ မှငါဆရာဝန်မှန်းသိမှာ မဟုတ်ဘူး။ နင် လူရွေးတော်ပါတယ်။ နင့်လူက တကယ့်ဆာဂျင်ရုပ်ပါ။ အင်္ဂလန်ပြန်တွေကိုးလေ။


ငါ့ကိုတော့ ထင်မှာပဲနော်။ ဒီလူ တော်တော် လူမှုရေးအားနည်းတာပဲလို့ ။ နင့် လူက ငါ့ကို ဘယ်နှစ် ကအောင် တာလဲ လို့ ဆက်မေးတော့မှာ။ ငါက ဆက်ပြီး လျှာရှည်နေရင် ပြီးနေတဲ့ ဇာတ်လမ်းက ရှုတ်ကုန်ဦးမယ်။ ပြီးတော့ အာကာ က ငါ့နာမည်ပြောပြီး မိတ်ဆက်ပေးတာကို နင့်လူမသိဘူးဆိုတော့ စိုးထက် အောင်ဆိုတဲ့ ပေစုတ်စုတ် နဲ့ ဆရာဝန် တစ်ယောက်အကြောင်းကို နင် ပြောပြမထားဘူးဆိုတာ ငါနားလည်လိုက်ပါတယ်။ နင် ကအား လုံးကို ပြည့်ဖုံးကား ချလိုက်တာကိုး။ နင် ကအင်္ဂလန် ကို ထွက်သွားတာမှမဟုတ်ခဲ့ တာ။ ငါ့ ရင်ခွင်နဲ့ ဝေးတဲ့  နေရာကို ထွက်သွားခဲ့ တာကိုး မိုးရာ။ ခုတော့ ငါနားလည်ပါပြီ။


ဒီတော့ ငါနင့်ကို အဖြေရခက်အောင်မလုပ်တော့ဘူး။ နင့်လူက ငါနဲ့ နင် တစ်တန်းတည်းဆိုတာ များသိသွားရင် နင်နဲ့ ငါရဲ့ ဇာတ်ထုတ်ကို နင်ဖြည်ချပြရ တော့ မှာလေ။ ပြီးတော့ စိုးထက်အောင် ဆိုတဲ့ ငါက နင် မြန်မာပြည်က ထွက်သွားကတည်းက နင့်ရင်ထဲမှာ မှ မရှိတော့တာကို မိုးရယ်။ ငါလေ ထိုင်နေရင်းက မွန်းကြပ်ကြပ်ကြီးဟာ။ ငါ အာကာတို့ ကိုလိုက်ရှာနေတာ။ ငါသွားမှဖြစ်တော့မယ်။ နင့်ကို တစ်ခြားလူတစ်ယောက်နဲ့  အတူတူတွေ့ နေရ တာ ငါ့ရင်တွေ ပူလွန်းလို့ ပါဟာ။ ငါ့နှလုံးသားကို ဖျစ်ညှစ်ထားသလို ပဲ။


ကဲသွားပြီမိုးရေ။ ငါမခံစားနိုင်တော့ဘူး။ ဒီခါးသက်နေတဲ့ ရေခဲမုန့် တွေကိုလည်း ငါဆက်မစားနိုင်တော့ဘူး။ ငါ့ရင် ပူတာ နည်းနည်းလေး သက်သာမလားလို့ ရေတစ်ခွက်တော့သောက်လိုက်ပေမယ့် မထူးပါဘူးဟာ။ နင် ငါ့ကို မျက်လုံးလှန်ကြည့်လိုက်တာကို ဟောဒီမျက်လုံးကြီးနှစ်လုံးကလေ မြင်ဖြစ်အောင် မြင် လိုက်သေးတယ်။ နင် နှုတ်ခမ်းထောင့်က အပြုံးကို ငါတွေ့ လိုက်ပါသေးတယ်။ ဒီ ခန်းမထဲကနေ ထွက်သွားရင် ငါနည်းနည်းတော့ အ နေရသက်သာမယ်လို့ ထင်လို့ ပါ။


နင့်အနားက တစ်ဖဝါးမှတောင် မခွာချင်တဲ့ ငါလေ၊ လေးငါးနှစ် မ တွေ့ ရပဲ နင့်ကို ခုလို မထင်မှတ်ပဲ တွေ့ လိုက်ရပေ မယ့် အခြေအနေတွေက ပြောင်းလဲခဲ့ ပြီမို့ ကိုယ့်ဝေဒနာကိုယ်ပိုက်ပြီး အိမ်ပြန်တာပဲကောင်းမယ် ထင်လို့ ပါဟာ။ ဒါပေ မယ့် နင့်အရိပ်ကလေး ရှိရင်တောင် ငါဒီနေရာမှာ ရှိနေချင်သေးတယ်။ ငါ သွားသင့်ပါပြီလေ။ နှုတ်ဆက်ဖို့ တော့သင့်တာ ပေါ့။ ဒါပေမယ့် မလိုတော့ပါဘူးဟာ။ ဟုတ်တယ်မလား မလိုအပ်တဲ့ လောကဝတ် တွေလည်းလုပ် မနေတော့ ပါဘူး။ အရင်တုန်းက နင်ချစ်ခဲ့ တဲ့ ငါကလည်း အဲဒီ လောကဝတ်ဆိုတာတွေ ကိုဘာတစ်ခုမှ မသိခဲတာ ပဲလေ။



ငါအာကာ့ကို နှုတ်ဆက်ပြီး ထွက်လာတော့ ငါ့ရင်ထဲတော်တော်ပေါ့သွားသလိုပဲ။ ငါ့နှလုံးသားက နင့်ဆီမှာကျန် ခဲ့ တာကိုးဟ။ ငါ့ရင်ဘတ် ဟောင်းလောင်း ကြီးနဲ့ လေ။ ငါမှာ အရင်က နင်များပြန်လာခဲ့ ရင်ဆိုတဲ့ အမျှော်လင့်ချက် အမျှင်တန်းလေး တည်းတည်းကလေးရှိသေးတယ်။ ဒီနေ့ တော့ ငါမျှော်လင့်မထားတဲ့ အချိန်၊ မျှော်လင့်မထားတဲ့ နေရာမှာ အဲဒီမျှော်လင့်ချက်လေး ထောက်ခနဲကို ပြတ်သွားတယ်မိုးရယ်။ နင်လည်း ခု နင့်မောင်တော်နဲ့  စိတ်ရှိ တိုင်းရယ်မောလို့ ရပြီပေါ့။ ငါဟန်ဆောင် မကောင်းပါဘူး မိုးရာ။ နင် ငါ့ကိုကြည့်ပြီး ကောင်းကောင်းကြီးကိုမြင် နိုင်ခဲ့မှာပါ ငါတမင် လုပ်ခဲ့တာမဟုတ်ပါဘူး။ နင့်လို ငါဟန်မ ဆောင်နိုင်ခဲ့ ပါဘူးမိုးရယ်။


“မောင်”


နင်ငါ့ကို ဘယ်လို ခေါ်ရင်ကောင်းမလဲလို့  ချစ်သူ ဖြစ်စက စဉ်းစားခဲ့ ကြဖူးတယ်။ စိုးထက်အောင်က ( တစ်လုံး စီ နာမည်ကို အဖျားစွတ် ခေါ်ရလောက် အောင်) နင့်အပေါ် စိုးမိုးနိုင်အောင် မထက်မြက်ဘူးဆိုတာ နင်သိ တယ်လေ။ နင်ငါ့ ကို မောင်လို့ ခေါ်တဲ့ နေက ငါ့ဘဝမှာ အပျော်ဆုံးပဲ။ နင် နမ်းခဲ့တဲ့ အနမ်းတွေ နဲ့ ငါဖြင့် လေထဲကို လွင့်နေအောင်ကို ပျော်ခဲ့ ရတာ။


ခုလည်း နင်ငါ့ကို ခေါ်လိုက်ပြန်ပြီနော်။ နင်ငါ့နောက်မှာ ရပ်နေပေမယ့် ငါချက်ချင်း လှည့်မကြည့်နိုင်ခဲ့ဘူး။ နင်ရဲ့  မောင် ဆိုတာကို ငါပြန်ပြီး စဉ်းစားနေရတာ။ ငါ့မာနတွေ ကငါ့နှလုံးသားရဲ့ တစ်နေရာကနေ လှစ်ကနဲပြူကြည့် တယ်သိလားမိုး။ ဒါပေမယ့် ငါ့နှလုံးသားတစ်ခုလုံး နင့်ကိုချစ်တဲ့ အချစ်တွေနဲ့ ပြည့်နေတော့ သူ့ အစွမ်းတွေ မပြ နိုင်ရှာပါဘူးဟာ။ နင့်ကို ချစ်တဲ့ အချစ်တွေဟာ င့ါတစ်ကိုယ်လုံးမှာ စိမ့်ဝင်ပျံ့ နှံ့ နေတယ်မိုးရယ်။


ငါ ခေါင်းငုံထားမိတယ် ။ နင့် မျက်နှာကို ကြည့်လိုက်မိရင် ငါရှေ့ လျှောက်ရင်ဆိုင်ရမယ့် နင်မရှိတဲ့ ငါဘဝ အတွက် ခွန်အားတွေ ပျောက်ဆုံးကုန်လိမ့်မယ်။ နင် လူများရင် ခေါင်းကိုက်တတ်တယ်ဆိုတာ ငါသိတယ်။ ခု လည်း အဲဒီအကြောင်းပြချက်နဲ့ နင်င့ါနောက် ထလိုက်လာတာမဟုတ်လား။ ငါလေ နင့်ရဲ့  အနားညီညီ ကျနေတဲ့  လုံချည် အောက်နား က နင့်ခြေဖမိုး ဖြူဥဥ ရယ်။ အရောင်စုံပန်းတွေနဲ့ လှနေတဲ့ နင့်ခြေသည်း လှလှတွေရယ် နင်စီးထားတဲ့ ရွှေရောင် ကြိုးသိုင်းဖိနပ်လေးရယ် ကိုပဲကြည့်နေတော့မယ်။


ငါလေ အဲဒီ နင့်ခြေထောက် လေးကိုကိုင်ပြီး နင့်ခြေသည်းလေးတွေ ညှပ်ပေးတုန်းက နင်မေးဖူးတယ်လေ မိုး။ နင်မှတ်မိရဲ့ လား။ “မောင် ..နင် ငါ့ကို ဘာလို့ အဲလောက်ချစ်တာလဲ ဟင် ”လို့ ဆိုပြီးလေ။ မသိဘူးဟာ မိုးရာ။ ငါ နင့်ကို ချစ်တာပဲသိတယ်။ ခုလေ ငါနင့်ခြေသည်းလေးတွေကို ညှပ်ပေးချင်တာတောင် အခွင့်မရတော့ပါဘူးဟာ။ ငါကြည့်ပါရစေနော်။ ငါ… ငါလေ နင့်ကို ချစ်တယ် မိုးရယ်…ချစ်တယ်။


“မောင်.. နင်ငါ့ကိုစိတ်နာနေမယ်ဆိုတာ ငါသိပါတယ်ဟာ။ ဒါပေမယ့်လေ ငါနင့်ကို တောင်းပန်ပါရစေနော်။ ငါ နင့်ကို မောင်လို့ ခေါ်လိုက်လို့ လွန်သွားတယ် ဆိုရင် ငါ့ကိုခွင့်လွှတ်ပါဟာ။ ငါလေ….ငါလည်း နင့်ကို ချစ်ခဲ့ တာပဲ ကိုးမောင်ရယ်….”


တော်စမ်းပါ မိုးရာ။ နင် ရဲ့ အချစ်တွေကို ယူပြီး ဟောဟိုမှာ ရန်ကုန်မြစ်ရှိတယ် သွားလွှင့်ပစ်လိုက်။ ဒါပေမယ့် မိုး နင့်ကို အဲလို နာနာကျင်ကျင် ပြောရလောက် အောင် ကို မမုန်းနိုင်ဘူး။ ငါဘာလုပ်ရမှာလဲ ဒီဟိုတယ် ကားပါကင်း ဘက်သွားတဲ့ စင်္ကြန် လူရှင်းနေတယ် ငါနင့်ကို ပြေးဖက်ပြီး နမ်းလိုက်ရမှာလား။ ငါနင့်ကို ဒီအတိုင်းထားခဲ့ ပြီး ထွက်သွားရမှာလား။ နင့်ကို ငါဘာပြန်ပြောရမှာလဲ။


ငါ့ပြောချင်တဲ့ စကားတွေပြောဖို့  ငါ့နှလုံးသားက စုတ်ပြတ် သတ်နေအောင် ကြေမွနေပြီမိုးရေ။ ငါ့လည်ချောင်း ထဲမှာလည်း ခြောက်ကပ်နေတယ်။ ငါလေ နင့် ခြေထောက် လေးတွေကိုပဲ ကြည့်နေတော့မယ်။ Loser ဆိုတဲ့  အရသာက တော်တော် ခံရခက်ပါလား မိုး။


“ကိုနေက အရမ်းသဝန်တိုတတ်တာ၊ ခုနက ဘာမှမပြောဘဲနေပေးတဲ့ အတွက် မောင်…..နင့်ကို ငါကျေးဇူးတင် ပါတယ်ဟာ။ နင့်စိတ်နဲ့ ငါ့ကို စောင့်နေလိမ့် မယ်လို့ ငါမထင်ခဲ့ မိဘူး။ မိခိုင်ပြောမှ နင်တစ်ယောက်တည်းဆိုတာ ငါသိရယ်….ငါ့ကို ခွင့်လွှတ်ပါလို့ ငါမပြောပါဘူးမောင်…ဒါပေမယ့် ငါနင့်ကို တကယ် တောင်း ပန်ပါတယ် မောင် ရယ်”


ငါက နင့်ကို မစောင့်ဘဲ ဘယ်မိန်းမကို သွားယူရမှာလဲ။ တော်စမ်းပါ မိုးရယ် နင်လုပ်ချင်တာလုပ်ပြီးမှ။ ဒါပေမယ့် ငါနင့်ကို မမုန်းဘူး မုန်းလို့ လည်း မရဘူး။ စိတ်လည်းမနာဘူး။ ငါ့ရင်တွေကသာ နာတာပါဟာ။ ငါရင်တွေက သာ စူးစူးနစ်နစ်နဲ့ ကိုနာနေတာ။ နင့်ကို ငါဒီလောက်ချစ်တာ နင်မသိဘူးလား။ ဟင်း…… သွားတော့မယ် မိုးရယ် ငါနင့်ကို စကားတွေပြောပြီး ရယ်မောပစ်ရလောက်အောင်လဲ ငါအသည်းက မမာဘူး။ နင့် မျက်နှာကို လည်း ငါ မကြည့်ပါရစေနဲ့ တော့။


“စိတ်နာဖို့ မပြောနဲ့ တစ်ရက်မှ မေ့လို့ မရဘူး…………. ငါသွားတော့မယ်…….”


နေခဲ့ ပေတော့ဟာ။ ငါကတော့ နင်မရှိတဲ့ ဘဝမှာ ရောက်ရာပေါက်ရာကို သွားတော့မယ်။ နေတောင်ဝင်သွား ပြီ မိုးရေ။ နင့်အချစ်တွေကလည်း နေဝင်သွား ပြီပဲလေ။ ငါ တက္ကစီပေါ်တက်ထိုင်တော့ ကားသမားနားထောင်နေတဲ့ သီချင်း ဘာဖြစ်မယ်ထင်လဲ။ နင်သိလား။


“…….ငါနဲ့ မင်း…တကယ်ကို အဝေးဆုံး…. ဟိုး…တစ်ချိန်က…
….ချစ်…မင်းပြောဘူးခဲ့ …ချစ်တဲ့ စကားတွေ…ငါမှတ်မိလို့ နေသေး……..
…လွယ်လွယ်မေ့ပစ်လို့ မဖြစ်ဘူး…ငါနဲ့ မင်းက…ဘဝအတူ…..ရင်ခုန်ဘက်လူ…….. ”

တင်ပြီးသားပို့ စ်ပြန်တင်လိုက်တာပါခင်ဗျာ .......ရန်ကုန်သား ဆားချက်တာ မဟုတ်ပါဘူး ။အကြံကုန်သွား တာပါ ..... :D

************
ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူး တင်ပါတယ်..... ကျွန်တာ့်ရဲ့ မတတ် တတတ် နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့ အတိုင်းထက် လွန်ပါပဲဗျာ ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်........
(ရန်ကုန်သား)


14 comments:

Anonymous said...

အရမ်းကို ခံစားရတယ်ဗျာ... ဝတ္တုကောင်းတပူဒ်ပဲ...
စာေ၇းတဲ့သူရဲ့ စွဲဆောင်ခြင်းကြောင့်...
ကျနော် စိုးထက်အောင် ခဏဖြစ်သွားမိတယ်..။

မြတ်နိုး

ကာရံဆူး said...

ကဲ..ကြိုးစားပြီး လာမန့် ကြည့်ပါတယ်...

ကာရံဆူး said...

သြော်..ကိုရန်ကုန်သားရေ...ဒီလောက်ချစ်တတ်တဲ့သူ လောကမှာ ရှိသေးရဲ့လားလို့ တွေးဖြစ်သွားတယ်...ဇာတ်လမ်းလေး ကောင်းပါတယ်...အချစ်ဆိုတာ ချစ်တတ်ရင် အကောင်းဆုံးပေါ့..နော်..

ကြယ်ဖြူစင် said...

နောက်ဆုံးအချိန်အထိ ကောင်မလေးရဲ့ရင်
ရင်ထဲမှာ မောင် ဆိုတဲ့ အခေါ်အဝေါ်လေးရှိနေတုန်း
ဘဲဆိုတော့..အင်း..
တစ်ခါတစ်ခါကျတော့လည်း..အချစ်ထက်အရေး
ကြီးတာတွေကိုဦးစားပေးရတာပေါ့..
နောက်လည်းးဒီလိုကောင်းတဲ့ ဝတ္ထုတွေများများ
ရေးနိုင်ပါစေ..
မမ
ကြယ်ဖြူစင်

rose of sharon said...

ဖတ်လို့ကောင်းလိုက်တာ... စာရေးအရမ်းကောင်းပါတယ်.... ကိုယ်တွေ့ဖြစ်ရပ်များလား?

WWKM said...

ဇာတ်လမ်းလေးကဆွဲခေါ်သွားတယ်.
အရေးအသားလေးတွေက ဆရာကြီးပါပဲ။း)
ဒီအသက်အရွယ်နဲ့ အတဲကွဲဘူးတာ မဆန်းပါဘူးကွယ်.း)))
တကယ်ကောင်းတဲ့ ဇာတ်လမ်းလေးပါ။
အစ်မတို့ များများဖတ်ရအောင် အတဲများများကွဲပါစေ
လို့ ဆုမတောင်းပေးတော့ပါဘူး။း)

မေလေး said...

မမဝါကို လိုက်ရိုက် ။ဘီနဲ့ တူညားသယ်ရင်းကို အတဲကွဲခိုင်းတော့မလို့။ ဟိဟိ
ဇာတ်လမ်းလေး အရမ်းကောင်းတယ် သိလား။
ခိုးဖတ်နေတာတောင် မရပ်နိုင်ဘူး။ ထမင်းမစားဘဲ ပီးအောင် အရင် ဖတ်နေတာလေ။
တခါတလေတော့လဲ အချစ်ထက် အရေးကြီးတာတွေကို ဥိးစားပေးလိုက်ရတာကို။

ဆက်ရေးနော်
အားပေးနေမယ်။
မေလေးကို ကြိုက်သလိုခေါ်နိုင်ပါတယ်။ မေလေးနာမည်အရင်းကမေလေးဘဲမို့ပါ။
အဓိက စီဘောက်တွေမှာတွေ့တိုင်း ဆုံနိုင်ခွင့်ကမေလေးလို့ မထင်စေချင်တာ တစ်ခုပါဘဲ။
ပျော်ရွှင်ပါစေနော်။

အနော် said...

ကဲ ဘယ်လိုလုပ်ရပါ့ ကိုရန်ကုန်သားရေ
အနော်ကလဲ စာဖတ်ရင် ရင်နှစ်ပီးဖတ်နေကျဆိုတော့
စကားလုံးတိုင်းကို ထိရှသွားပီဗျာ
အတွေးတွေနဲ့မျောပီး စိတ်ကူးတွေ ယဉ်သွားတယ်
နေဝင်သွားတဲ့ အချစ်နေရာကနေ ခံစားကြည့်တော့ ဟုတ်ပဗျို့ လတောင် ထွက်လာပီပဲနော်
အချစ်ဟောင်းနဲ့ ထပ်မတွေ့ပါစေနဲ့တော့ဗျို့
ဆုတောင်းပေးသွားပါတယ်နော်
ခင်တဲ့
အနော်

မယ်ကိုး said...

စာကြောင်းတစ်ကြောင်းစီ အားကောင်းတယ်။ စီးဆင်းပုံအရမ်းလှတယ်။ အားပေးနေပါတယ်။

ဇော် said...

အားပါးးးးး
အားပါးး လို့ပဲ အော်လိုက်မိတယ်ဗျ။
ငိုချင်လိုက်တာဆိုတာ ရင်ထဲမှာ .. ဘယ်လိုကြီးမှန်းကိုသိတော့ဘူး။ အိ။ သြော်ခက်ပါ့။ ဒီမျက်ရည်ကလဲ အိကနဲကို ၀ိုင်းရပြန်ပြီ။ =(
ကိုရန်ကုန်ရေ ... ဖောဝက်ဗျ။ သိတယ်ဟုတ်။ ဟဲ။ =]

သားကြီး said...

စားပွဲတစ်ခုတည်းထိုင်ပြီး မိုင်ပေါင်းများစွာ ဝေးကွာနေတယ်တဲ့
အဲဒီအရေးလေးကြိုက်တယ်
ဒီပိုစ်ဟာ ကိုယ်ပိုင်ခံစားချက် ဖြစ်ရပ်မှန်ပဲ
ဖြစ်ရမယ် ဟုတ်တယ်မဟုတ်လား
မညာနဲ့ ဟီးးးးး
“ချစ်တိုင်းလည်းမညားပေါ့နော်” :)

လေပြေ said...

နောက်ဆုံးအချိန်ထိမောင်ဆိုတာမောင်ပါပဲကိုရန်ကုန်သား
ရေ....။ကောင်းတယ်ဗျာ။

Angel Shaper said...

သယ်ရင်းးးးးးး ငါဘာမှမမန့်တော့ဘူး။
ငိုနေတယ်နော်။ အဲဒါနင့်ကြောင့်။။။
ငါကလူသာ ကြမ်းတာ၊ အသည်းနုတယ်လေ။
ရင်ခုန်ဘက်လူ..။ ရင်ခုန်ဘက်လူ။။။
နင့်ပိုစ့်လေးကြောင့် ငါကြေကွဲနေတယ်။ လာချော့ပေတော့။ ဒါပဲ။။။
အီးးးးးးးဟီးးးးးး ဟီးးးးးးးးး အင့်...ဟီးး ရွှတ်
( ငိုနေတာ )

ဆောင်းနှင်းရွက် said...

အရမ်းဖတ်လို့ ကောင်းတယ် ဗျာ ..
ပထမဆုံး ဖတ်ဖူးတဲ့ ဒီအပုဒ်နဲ့တင်
တော်တော် ကြိုက်သွားပြီ ...