Thursday, August 13, 2009

အမေ့သားများသိစေသော်



၂၀၀၅ ခုနှစ်၊ ဂျူလိုင်လ၊ ၁၈ ရက် ။

Labour room (သားဖွားခန်း) ဟုရေးထားသော အခန်းလေးသည် အပြင် ဘက်မှကြည့်ပါ လျှင်အမြဲတစေ တိတ်ဆိတ်ငြိမ် သက်နေတတ်သည်။ သို့ သော် အလူမီနီယံ မှန်တံခါးမကြီး နှစ်ချပ် ကို ဖြတ် ကျော်၍ ဝင်လိုက် မည်ဆိုပါရင် တော့ နာနာကျင်ကျင် ငြီးတွားသံများဖြင့် ညံညံစီလို့ နေပေ လိမ့် မည်။ သူနာ ပြု ဆရာမများ၏ စကား ပြောသံ ရယ်မောသံ များကိုကလည်း တစ်ချက်တစ်ချက် ထိုငြီးတွားသံများ ကြား ထိုးဖောက်ထွက်လာ သည်ကို ကြားရ တတ်သည်။

ကျွန်တော် ဂျူတီကုတ်ကို အသာပြင်ဝတ်ရင်း Labour room ထဲသို့ ဝင်ခဲ့လိုက်သည်။ အဝင်ဝ အညိုရောင် မှန် တံခါး နောက်တွင် ဖိနပ်ကိုချွတ် သားဖွားခန်းတွင်းစီး ရော်ဘာဖိနပ်ကို လဲလျှက် First stage room ထဲသို့  တံ ခါး ဖွင့်ဝင်လာခဲ့သည်။ Labour room ဝင်ဝင်ချင်း ပိုးသတ်ဆေးနံ နှင့်အတူ liquor(liquor amnii) ရေမွှာရည် နံ့  ကိုပါရလိုက်သည်။ ထိုအ နံ့  သည် သာမန်လူတစ်ယောက် အတွက် ပျို့ ချင်စဖွယ်ဖြစ်သော်လည်း ကျွန်တော် တို့  အတွက်ကတော့  ကိုယ် သုံး နေကျနေရေမွှေးနံ့ လိုပင် ရပါများတော့ ရိုးဆိုသလို ယဉ်ပါးလို့ နေပေပြီ။

ကျွန်တော့်ကို ကိုယ်ဝန်ဆောင်အမျိုးသမီးသုံးယောက်က ဆီးကြိုစောင့်စားလျက်ရှိသည်။ အလုပ်သင် ဆ ရာဝန် ဘဝ သားဖွားမီးယပ်လူနာဆောင်သည် ကျွန်တော်တို့ လို ဆရာဝန်ပေါက်စတွေ မိုးလင်း ပေါက်ထိုင်ရ စောင့်ရ ကလေးမွေးရတတ်သော လူနာဆောင် ဖြစ်သည်။ အချိန်ဆိုတာလည်း မရှိ အခါဆိုတာ လည်း မရှိ မိုးရွာရွာ နေပူပူ မီးလာလာ မလာလာ မွေးလူနာကတော့ အမြဲရှိ၏

“ ကဲ စစ္စတာကြီးရေ … ဒီညတော့ ကျွန်တော်တို့ မင်းသမီးတွေ ကဘာတွေလဲဗျာ ……”

အသားဖြူဖြူ ခပ်ဖိုင့်ဖိုင့်နဲ့ အမြဲပြုံးနေတတ်သော ကရင် အမျိုးသမီး သူနာပြုဆရာမကြီးက ကျွန်တော့်ကို ပြုံးရွှင် သောမျက်နှာဖြင့် ကြိုဆိုသည်။ စစ္စတာကြီး မျက်နှာမျိုးက အသစ်စက်စက် သားသည်အမေများ အတွက် အား ပေးရန် နှစ်သိမ့်ရန် ရည်ရွယ်ကာ ပြုလုပ်ထားသောမျက်နှာမျိုးဟု ဆိုရမည်။ သူမသည် အမြဲတစေ ပြုံးရွှင်နေ တတ်ပါသည်။

“ဆရာရေ …. ဒီနေ့ တော့ G-3 ကတစ်ယောက် G-5 ကတစ်ယောက် G-1 ကတစ်ယောက် … ဟင်းဟင်း ဆရာ တော့ ဒီည ကျွန်မစကားပြောဖော်ဖြစ်ပြီ ထင်တယ် …… ဟားဟား …..G-1 က ခုမှ ရောက်တာ ဆိုတော့ သေ ချာ သွားပြီ ဆရာလက်ဖက်ရည်တိုက်ရမယ်နော် …..”

ဆရာမကြီးက သဘောကျစွာရယ်သည်။ G ( Gravida လက်ရှိကိုယ်ဝန် အပါ အဝင် ကိုယ်ဝန်ဆောင်ကြိမ်ရေ) သုံးခါမြောက်က တစ်ယောက် ငါးကြိမ်မြောက်က တစ်ယောက် ယခုမှစတင် ကိုယ်ဝန်ဆောင်သော အမျိုးသမီး ကတစ်ယောက်။ G-3, G-5 ကသိပ်ပြဿနာ မရှိပေမယ့် G-1(သားဦး) ကတော့ ဒီညတစ်ညလုံး သေချာပေါက် စောင့် ရပေတော့မည်။

“ဆရာ ….. အမယ်လေး နာလိုက်တာ ဆရာရယ် ကယ်ပါဦး အား ….. အင်းဟင်း ကျွတ်ကျွတ် ….. ”

ကျွန်တော် လူနာမှတ်တမ်းတွေကို လှန်လှောဖတ်နေတုန်း ကျွန်တော့ ရှေ့ က သားဦး ကိုယ်ဝန်ဆောင် မျိုးသမီး က ကျွန်တော့်ကို တိုင်တယ်ပြီး အော်ငြီးသည်။ သူမ ၏နာကျင်မှုဝေဒနာသည် သူမ မျက်နှာထက်တွင် အထင်း သားပေါ်နေသည်။ နဖူးကြောတွေထောင် ၊ ခပ်မြမြလေး အေးနေသော ဤအခန်းထဲတွင် ချွေးတွေက ဘူးသီး လုံးလောက် ထွက်၊ နှုတ်ခမ်းတွေက ခြောက်ကပ် လက်တစ်ဖက် က ဗိုက်ကလေးကို ကိုင် တခြားတစ်ဖက်က ခေါင်းရင်းကုတင်သံတိုင်ကို ကိုင်ကာ နာကျင်မှုကို အံကြိတ်ကာ ခံနေသည်။

“အေး သမီး နာတယ်…. နာတယ် ……နာတာပေါ့ ဟုတ်တယ် ဟုတ်တယ် သည်းခံ သည်းခံ အော်လိုက် နာရင် အော်ချလိုက် အော်ချလိုက်တော့ သက်သာတာပေါ့ ….. အေးဟုတ်ပြီ မွေးမှာ မွေးမှာ ဟလား …… ”

ကျွန်တော် သူမ၏ chart (လူနာမှတ်တမ်း) ကို ကြည့်နေတုန်း လှည့်ပြီးအားပေးလိုက်သည်။ အခြားသော ဆေးရုံများတွင်တော့ မသိ ကျွန်တော် တို့ ဆေးရုံတွင်တော့ first stage room ထဲရောက်လာ သမျှ ကိုယ်ဝန်ဆောင်တွေကို ကြီးကြီး ငယ်ငယ် ရွယ်ရွယ်လတ်လတ် သမီးလို့ သာခေါ်တတ်သည်။ သူတို့ နာ မည်တွေ ခေါ်ခြင်းထက် သမီးဟု ခေါ် လိုက်ခြင်းသည်လည်း အားပေးခြင်းတစ်မျိုးဖြစ်သည် ဟုကျွန်တော် ယူ ဆ မိသည်။

ထို သားဦးကိုယ်ဝန်ဆောင် အမျိုးသမီးတွင် သွေးတိုးရောဂါလည်းမရှိ သွေးအားလည်း ကောင်းသည်။ အသည်း ရောင်ရောဂါ ဘီစီ စတဲ့ ကူးစက်ရောဂါ ကာလသားရော ဂါမရှိ။ တခြားသော associated diseases လည်း မရှိ အရပ်ကလည်း ငါးပေ နှစ်လက်မဆိုတော့ အချိန်ကြာကြာ ဗိုက်နာနေသည်မှ လွဲ၍သူမ လျှောလျှောရှူရှူ မွေး မည် ဟု ယူဆရသည်။ သို့ သော် No labour is normal ဆိုသည့်အတိုင်း ဘယ်ကိုဝန်ဆောင်သည်ကိုမှ အကုန် ကောင်းပါသည် ဟုဆိုကာ ပစ်ထား၍ မရ အ ချိန်တိုင်းမှာ abnormal ဖြစ်သွားနိုင်သည်။ အကြမ်းဖျင်းတော့ သူ မ အားလုံးအိုကေသည်။ သူမ လိုအပ်သည်မှာ uterine contraction လာချိန် နာကျင်လွန်းချိန်တွင် သူမ ဘေး၌ အားပေးမည့်သူ သူမလက်ကို ဆုပ်ကိုင်လျှက် နာကူပေးမည့်သူ သာဖြစ်သည်။

ကျွန်တော်တို့ နိုင်ငံ တွင် သားဖွားခန်းအတွင်း အမျိုးသားဝင်လို့ မရ ခြင်းသည် ကိုယ်ဝန်ဆောင်သည် များ အ တွက် တအားယုတ် စရာဖြစ်သည်။ မီးဖွားခန်းထဲ ဝင်ရင် ဘုန်းနိမ့်သတဲ့ ဗျာ …. သို့ ဆိုလျှင် အမေ့မွေး လမ်း ကြောင်းက ထွက်လာကတည်းက ဘုန်းကနိမ့်ပြီးသားဖြစ်ပေမည်။ မီးဖွား သောအမေတစ်ယောက် ၏နာကျင်မှု သည် မည် ကဲ့သို့ သောနာကျင်မှုမျိုးနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်။ နာသည် အလွန်နာသည် ထက် ပိုနာစေပါသည်။ ဘေးနား တွင် သူတို့ ယောက်ျားများသာ ရှိနေလျှင် နာစေဦးတော့ တစ်အားရှိသည်ပေါ့။ ခုတော့ သူတို့ အား ကိုး စရာ ဟူ၍ ကျွန်တော်တို့ ဆရာဝန်တွေသာရှိသည်။ “ Honey , I’m here ……. Baby, push push …….! ” ဟု ပြောပေး မည့် ခင်ပွန်းသည်တွေ မြန်မာနိုင်ငံရှိ သားဖွားခန်းများ အတွင်းသို့ ဘယ်အချိန် ရောက်လေမည်နည်း။

ကျွန်တော့ အမျိုးသမီးများ မီးဖွားရင် မရရ အောင်ကို မွေးခန်းထဲလိုက်ဝင်လိုက်ချင်သေးသည်။ နိမ့်စရာ “ဘုန်း” လည်း မရှိတော့ပြီ။ မိန်းမကိုတော့ အားပေးချင်သည်။ သူတစ်ယောက်တည်း ကိုးလလုံးလုံး လွယ်ထားခဲ့ ပြီးပြီ။ မွေးခါနီးလေးတော့ လက်ကလေးကိုင် နဖူးလေး နမ်းပြီး အားပေးဖို့ သင့်သည်ဟု ကျွန်တော်မြင်သည်။ ပြောသာပြောရသည် ဆရာဝန်လောက မှာလဲ ဆွေးမျိုးတွေ ဇနီးမယားနဲ့ သားသမီးတွေ မွေးရဖွားရ ခွဲရစိတ်ရ ချိန်တွင် ဆွေမျိုးဆရာဝန်ကို အနားမလာစေချင်ကြ။ ခက်ခက် ခဲခဲ တွေ ဖြစ်ကုန်တတ်ကြသည် ဟုဆို၏။ ဖြစ်ခဲ့ ဖူးတဲ့ သာဓကတွေ ရှိခဲ့သည်ဆို၏။ ဒီ “အယူ”တွေကို ကျွန်တော် တော့ ငယ်သေးလို့ လားမသိ သိပ်လက် မခံ ချင်။ ဥပါဒါန်ကြောင့် ဥပဒ် ရောက်ရတာမျိုး သာဖြစ်မည်ဟု တွေးနေမိသည်။ သို့ သော် ရှေးထုံးလည်း မပယ်နဲ့  ဈေးသုံးလည်း မလွယ်နဲ့ ဆိုသည့်အတိုင်း ကျွန်တော် မစမ်းရဲပါ။ စမ်းခွင့်လည်း ပြုကြမည် မဟုတ်ပါ။

G-3, G-5 ကိုယ်ဝန်ဆောင် အမျိုးသမီးနှစ်ယောက်ကတော့ အလယ်ခေါင် ကုတင်၌ လူးကာလိမ့်ကာ အော်နေ သော အတွေ့ အကြုံ မရှိသေးသည့် အမျိုးသမီးငယ်ကို ကြည့်ကာ ပြုံးနေကြသည်။ uterine contraction (သားအိမ်မှ ကလေးအား အောက်သို့ ညှစ်ချခြင်း)လာ ချိန် တွင်တောင်မှ သူမတို့ က ခါးလေး အသာထောက်ပြီး ကျွတ်ကျွတ် ကျွတ်ကျွတ်ဟု စုတ် နှစ်ခါသုံးခါ အ သာ သတ်ရုံ လောက်သာ ဟန်ပျက်သည်။ ပြီးလျှင် စစ္စတာကြီးနှင့်စကား တွေပြောလို့ တစ်ခါတစ်ခါ ရယ်များပင် ရယ် လို့ ။ သူတို့ နှင့်ဆွေမျိုးမတော်သော်လည်း ဘဝတူချင်းမို့  သားဦး မိခင်လောင်းများကို အားပေးနှစ်သိမ့် နေသည် များ တွေ့ ရတတ်သည်။

OG specialist ပါရဂူ အစ်မ Round ပြီးတော့ ကျွန်တော် ထမင်းစားသည်။ ထမင်းစားပြီး Labour room ထဲ ပြန် ရာက်တော့ အသက်အကြီးဆုံး ကလေး အရေအတွက်အများဆုံး G-5 ဒေါ်တင်မေက ကောင်းကောင်းကြီး အော်နေပေပြီ။ သူမ မကြာခင်မွေးတော့မည်။ စစ္စတာကြီးက ကော်ဖီ တစ်ခွက်ယူလာပေးသည်။

“ဆရာ သောက်လိုက်ဦး ကျွန်မ ဒေါ်တင်မေကို စင်ပေါ်တင်လိုက်မယ် အေးအေးဆေးဆေးသောက် ပြီးမှ ဆရာ ဝင်လာခဲ့တော့နော် …..”

ကျွန်တော်က သားဦးကိုယ်ဝန်ဆောင် အမျိုးသမီး မသင်းသင်း ကို (contraction) pain note (သားအိမ်ညှစ်၍ ဗိုက်နာခြင်းသည် မည်မျှကြာအောင်နာသနည်း။ နာကျင်ခြင်းတစ်ခု နှင့်တစ်ခု မည်မျှ ကြာအောင် ခြားသနည်း ဆိုသည်ကို မှတ်သားခြင်း)ယူ၍ အတွင်း ဘက် ကိုစမ်းနေခိုက် စစ္စတာကြီးက ဒေါ်တင်မေကို မွေးစင်ပေါ်တင် ဖို့ ပြင်ဆင်သည်။ ကလေးများစွာမွေးထားသော မိခင်များသည် မွေးရတာလွယ်သလို မြန်မြန်ကြီးလည်းထွက် တတ်သည်။ သို့ ကြောင့် အင်မတန် သတိထားရသည်။

“ကဲ သမီး လိုသေးတယ် သားအိမ်ခေါင်းက ကောင်းကောင်း မပွင့်သေးဘူး နော် ကဲရေလေးနည်းနည်းသောက် နှုတ်ခမ်းတွေလည်း ခြောက်လှပြီ …… ” မသင်းသင်းဘေးနားက ထမည်ပြင်တော့ …..

“ဆရာ ဘယ်သွားမှာလဲ မသွားပါနဲ့  အရမ်းနာတယ် …. ဆေးထိုးပေးပါလား ဟင် နာတယ် ကျွန်မ မခံနိုင်တော့ ဘူး ….. ခွဲပစ်ရင်လဲ ခွဲပစ်ပါတော့ နော် မသွားပါနဲ့ ဆရာရယ် …. အင်း…. ကျွတ်ကျွတ်…… ”

သူမ မျက်နှာက ဇီးရွက်လောက်သာ ရှိတော့သည်။ ကျွန်တော့လက်ကို အတင်းဆုတ်ထားသည်။ သူမ နဖူး ပေါ် တွင်လည်း ချွေးသီးတွေခိုလို့ ။ ကျွန်တော် ပြန်ထိုင်ချလိုက်မိသည်။

“ခွဲတယ်ဆိုတာ လိုမှကောင်းတာ ဘာမှအားမငယ်နဲ့ ဟိုမှာ ဒေါ်တင်မေကြီး မွေးတော့မှာ ကျွန်တော် သွားကူ လိုက်ဦးမယ်နော် ကြည့်စမ်းပါဦး သမီးက ခံနိုင်ရည်ရှိပါတယ် ဟောမြန်မြန်မွေးအောင် ဆေးလေးတွေလည်း သွင်းထားပေးတယ်လေ …. ဟုတ်ပြီလား ….. ပြီးတော့ပြန်လာခဲ့မယ် ….. စစ္စတာကြီးတစ်ယောက်တည်း ဖြစ် နေမယ်နော် ဟုတ်လား ….. ကဲကဲ မလှရီ ဒီမှာ အဖော်လုပ်ပေးလိုက်ဦး နော် …… ကျွန်တော် ပြန်လာမယ် ဟုတ်လား …..ခဏပဲ ခဏပဲ မကြာဘူး …..”

G-3 မလှရီကို အကူညီလှည့်တောင်းရင်း စစ္စတာကြီးတိုက်သော ကော်ဖီကို တစ်ငုံငုံလျှက် မွေးခန်း ဘက် လှည့်ထွက်လာခဲ့တယ်။ မသင်းသင်း တစ်ယောက်ကတော့ အမယ်လေး အဘလေးနဲ့ သနားစဖွယ် အော်ကျန် ခဲ့ရှာသည်။ ဂျူတီကုတ်ကို ချွတ် မွေးခန်းဝတ်စုံကို ဝတ် လည်ရှည်ဖိနပ်ပြောင်းစီးလိုက်သည်။ စစ္စတာကြီးက မွေးခန်း တံခါးမှာခေါင်းလေး ပြူပြီး “ဆရာ ရယ်ဒီပဲ လက်ဆေးနေပြီလား ” လို့ သတိပေးတယ်။

ကျွန်တော်လည်း လက်ကိုအသေအချာဆေးပြီး မွေးခန်း မှန်တံခါးကို ပုခုံးနဲ့ အသာတွန်း လက်ကလေး နှစ် ဖက် မြောက်ပြီးဝင်သွားခဲ့သည်။ ဒေါ်တင်မေကတော့ အားကောင်းကောင်းနဲ့ ကို ညှစ်နေသည်။ လူက ခပ်သေးသေး ပေမယ့် သူ့ မှာ အားတွေက အပြည့်ပဲ။ အော်သံကလည်း အောင်တယ်။ မွေးခန်းတစ်ခန်းလုံး ကိုညံလို့ ။ လက် အိတ် တွေဘာတွေ ဝတ်ပြီး ဒေါ်တင်မေ့ ရှေ့ ရောက်တော့ သားအိမ်ခေါင်းက ကောင်းကောင်း ပွင့်လို့  မောင်မင်း ကြီး သားလေးခေါင်းတောင် မြင်နေရပြီ။ ဒေါ်တင်မေက သားမှန်းတောင် အာထရာစောင်းနဲ့ သိနှင့်ပြီး ဖြစ်၍ မ မွေး ခင် ကတည်းက သား လေး သားလေး နဲ့ ပြောနေတာကို ပြန်ကြားယောင်မိတယ်။

“ စစ္စတာကြီး crown(ကလေးငယ်၏ ခေါင်း မွေးလမ်းကြောင်းဝတွင်ပေါ်နေခြင်း) ပြီ EP (Episiotomy- မွေးလမ်း ကြောင်းချဲ့ ခြင်း) တော့လိုမယ်မထင်ဘူး ဒီမှာ အချောင်ကြီး ပဲ Liquid paraffin (lubricant) လေးနဲ့ မွေးရအောင် နော် ….. ကဲသမီး ညှစ်ညှစ် ….. ဟုတ်ပြီ အင်း ပြန်ကျ သွား ပလား ….. အေး ဟုတ်ပြီ ခဏနားနော် နာရင် ကောင်း ကောင်းညှစ်စမ်း … ဟုတ်တယ် တော်တယ် တော် တယ် ညှစ်ညှစ် …….”

စစ္စတာကြီးက Liquid paraffin ပုလင်းလေး လောင်းပေးသည်။ ကလေးက ကောင်းကောင်းဆင်းသည်။ အမေ ကလည်း ညှစ်တတ်တော့ မွေးရတာ အတော်လွယ်သည်။ တချို့ ဆို အောက်ဖက်ကို ညှစ်မချတတ်ပဲ လည်ပင်းကြီးအစ်အစ်ပြီး ညှစ်နေလို့  ကလေးက ကောင်းကောင်း မဆင်း။ မွေးစင်တစ်ခုလုံးလည်း ပြောင်းဆန် နေ အောင် လူးလိမ့်နေလို့ ကတော့ EP ကိုက် ထားရင်တောင် မွေးရတဲ့ ဆရာဝန်နဖူးကချွေး ခြေမ ကျအောင် ပြန်ချုပ်ပေတော့ပဲ။ ဒေါ်တင်မေက တော့ နာလို့  အော်ကာ ဟစ်ကာ မျက်စိစုံမှိတ်ကာ ညှစ်နေသော်လည်း အလွန် ငြိမ်သည်။

“ကဲ ညှစ်လိုက်စမ်း ဟုတ်တယ် မှန်တယ် ထွက်လာပြီ ဟုတယ် ညှစ်စမ်း မလျှော့နဲ့ တော့ မလျှော့နဲ့ တော့  မှန်တယ် မှန်တယ် တော်တယ် ဟေ့ ဟုတ်ပြီ ဟုတ်ပြီ ညှစ်ညှစ် ….. ညှစ်ချလိုက် ညှစ်ချလိုက် ……. ညှစ် ညှစ် ညှစ်……. ”

စစ္စတာကြီး၏ ဒေါ်တင်မေ့အော်သံနှင့်အပြိုင် အားပေးသံတွေနဲ့ အတူ ကျွန်တော် လက်ထဲသို့ ဖွံ့ ဖွံ့ ထွားထွား မောင်မင်းကြီးသားလေးက ချောဆီအရှိန်နဲ့ ချောကနဲ ကျလာသည်။ ချက်ကြိုးကို ခပ်သွက်သွက်ကလေး ဖြတ် လျှက် ကလေးကို စစ္စတာကြီးလက်ထဲသို့ ထည့်ပြီး အချင်းချဖို့ ကျွန်တော်စောင့်နေလိုက်သည်။ မွေးခန်းထဲ မတော့ အုဝဲ အုဝဲ ဟူသော ကလေးငိုသံ စာစာလေးနဲ့ ညံညံ စီလို့ နေသည်။ ကလေး တွေမွေးရလွန်းလို့  ပျော့ ဖတ် နေသော ဒေါ်တင်မေ့သားအိမ်ကြီး ပြောင်းပြန်လန်ကျလာမည်ကို စိုးရိမ်နေမိသည်။ ဆီးခုံအထက်မှ ဘယ် လက်နှင့် သားအိမ်ကို အပေါ်သို့ အသာတွန်းရင်း ချက်ကြိုးကို clump လုပ်ထားသော clump forcep ကို တင်း ရုံလေး အသာဆွဲထားလိုက်သည်။ ဒေါ်တင်မေကံကောင်း သလို ကျွန်တော်လည်း ကံကောင်း သည် ဟုပြော ရမည် အချင်းလည်း ချောချောမွေ့ မွေ့ ပင်ကျလာသည်။ သားအိမ်ကျုံ့ ဆေး (syntocinon) လေးဝင် သွားတာနဲ့  ဒေါ် တင် မေ့ သားအိမ်က မာမာလုံးလုံးလေး ဖြစ်သွားပြီ။ ခုမှပဲ ကျွန်တော်လည်း ဟင်းချနိုင်တော့ သည်။

“အောင်မယ်လေး ဒေါ်တင်မေ ရှင့်ကလေးကြီးက ခုနှစ်ပေါင်ခွဲတောင် မှတ်ထားနော် ကိုးနာရီ ဆယ်နှစ်မိနစ် ကြည့်စမ်းပါဦး ဖြူဖြူဖွေးဖွေးကြီး ဟင်းဟင်း …… ဒီမှာ အင်္ဂါလည်းစုံတယ် ကျန်းလည်းကျန်းမာတယ်……”

စစ္စတာကြီးက ကလေးကို ပေါင်ချိန်သုတ်သင်ပြီး ဒေါ်တင်မေ့ကိုလာပြသည်။ ကျွန်တော်က ဒေါ်တင်မေ့ မွေး လမ်း ကြောင်းအတွင်း သုတ်သင်ရှင်းလင်းပေးရင်း ဒေါ်တင်မေ့မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သွေး အနည်းငယ်ထွက် ထား၍ သူမမျက်နှာက မဆိုသလောက်လေး ဖွေးသွားသည်။ ကျန်ခဲ့သော မိနစ်အ နည်းငယ်က နာကျင်မှုဝေဒနာ တွေကို ပြင်းစွာ ခံစားနေရသော ဒေါ်တင်မေ့ မျက်နှာသည် ချွေးများဖြင့် စိုပြေ ဝင်း လက် နေ သည်။ သူမ သားလေးကို မြင်လိုက်ရသော အခါ သူမ မျက်လုံးတွေက မေတ္တာရောင်တွေသမ်း လို့  သူမ အပြုံး တွေက ရှေးမစွက နာကျင်မှုတွေ မရှိခဲ့သလို ကျေနပ်ပီတိတွေနဲ့ ။

“သားတို့ ရုပ်ရည် သီတာမည်သား

ရေကြည်ချမ်းမြ တစ်ပေါက်ကျက

မိဘတို့ ဝမ်း ငြိမ်းစတမ်း …….. ”ဟူသော လင်္ကာလေးကို စိတ်ထဲမှ ပင် တစ်လုံးချင်းစီရွတ်လိုက်မိသည်။

အမေ့ ကို ဖျတ်ကနဲ့ သတိ ရလိုက်သည်။ အမေလည်း ကျွန်တော့ကို မွေးတုန်းက ဒီလိုပဲ နာကျင်ခဲ့ ရမည်ပဲ။ ကျွန်တော်နီတာရဲလေးကို မြင်တော့ အမေ လည်း ဒီလို ပြုံးခဲ့မှာပဲ။ သူတို့ ရဲ့ ခွန်အားတွေဟာ မွေးလာမယ့် သား သမီးလေး အတွက် မေတ္တာနဲ့ မွေးယူ ခဲ့ခြင်းဖြစ်သည်ဆိုတာကို ကျွန်တော် ပို၍ခံစား နားလည်လိုက်ရသည်။ သြော် …. မိခင်စိတ်ဟာ ဘယ်အရာကို မဆို တွန်းလှန်ကျော်ဖြတ်နိုင် လောက်အောင် ခွန်အားတွေ ကြီးမားလှ ချီလား ……

“ဒေါ်တင်မေ ရှင့် အရင်ကလေးတွေက မိန်းကလေးချည်းပဲမဟုတ်လား ခုသားရပြီဆိုတော့ အိုကေပေါ့ …. နောက် ယောက်ျားလေးတစ်ယောက် ထပ်လိုချင်သေးလား ……..”

စစ္စတာကြီးကို ကလေးကို အနှီးသေချာထုတ်ရင်းလှမ်းမေးသည်။ ဒေါ်တင်မေက

“သားဆိုရင်တော့ ရရင်လိုချင်သေးတယ် …..ဟင်းဟင်း …… စောင့်လာတာ ခုမှပဲ သားရတော့တယ် ….. ပထ မတော့ မရတော့ဘူး အောက်မေ့တာ။ အသက်ကလည်း ရလာပြီလေ။ ခုရသွားတော့လည်း သားလေး ဆို တော့ ဟန်ကျသွားတယ် …”

“ဒါဆို ရှင်က ထပ်လို ချင်သေးတယ်ပေါ့ ယောက်ျားလေး ဆိုရင် ……ဟင်းဟင်း ”

စစ္စတာကြီး အမေးကို ဒေါ်တင်မေ ပြန်မဖြေပါ။ နောက်တစ်ခါ ကိုယ်ဝန်ရှိခဲ့ ရင် သားလေး သာမွေးပါက ယူဦး မည့်ပုံပေါ်သည်။ အမေတွေ သားကို ဒီလောက်တောင် တောင့်တကြပါလား ……

“ဒါဆို ခင်ဗျား သားကြော မဖြတ်သေးဘူးပေါ့ ခြောက်ရောက် မြောက်လိုချင်သေးလို့ လား ….” ကျွန်တော် ကဖြတ်ပြီး ဝင်မေးလိုက်သည်။

“ယောက်ျားက ဒီတစ်ခါ သားမွေးရင်တော့ မယူနဲ့ တော့လို့ ပြောတယ်။ ခုသားမွေးတော့သူလည်း ပျော်မှာပါ သားလေးဆို လိုချင်ပေမယ့် သိတဲ့အတိုင်း ဒီခေတ်ထဲ မလွယ်ဘူးလေ။ ကျွေးနိုင်ရင်တော့ မွေးလိုက်ချင်သေး တယ်။ ခုတစ်ခေါက် ယောက်ျားလေး ရပြီဆိုတော့ ယူဖြစ်မယ်မထင်တော့ပါဘူး ကျွန်မလည်း ဆေးသောက် ပါတယ် ဆရာ …. အမျိုးသားက လရှည်ခရီး ထွက်နေတော့ သူ ခရီး ထွက် နေတုန်းမှာ ဆေးမသောက်ဘဲ နေ လိုက်တာ သူက ရုတ်တရက် အိမ်ပြန်လာနဲ့  အဲတာ ….. ကျွန်မ လဲ မရှိ လောက်ဘူးဆိုပြီး ဒီတိုင်းပဲနေလိုက်တာ နောက်တော့ရသွားရော …… ”

“ဟဟ ဟုတ်ပါပြီ ဗျာ အဲလိုဖြစ်တတ်ရင် အရေးပေါ်ဆေးသောက် နည်းလေးတွေ ဆေးရုံမဆင်းခင် ပြောပြလိုက် မယ် သေချာမှတ်ထားပေါ့ အဲဒီအခါ။ ဒါမှမဟုတ် သားကြောမဖြတ်ဖြစ်သေးလဲ သားအိမ်ထဲထည့်တဲ့  ပစ္စည်း လေး ထည့် ထားပါလား စိတ်ချ ရတာပေါ့ဗျ ကလေး လိုချင်ရင်လဲ ထုတ်ပစ်လိုက်ရတာပဲ …. ဈေးလည်း မကြီး ဘူး ဝန်လည်း မလေးပါဘူး ….”

“ဟင့်အင်း ဆေးပဲသောက်ချင်တယ် ဆရာရယ် နောက်နှစ်လောက်ကျ သားကြောဖြတ်မယ်စိတ်ကူးတယ် ပစ္စည်းတော့ထည့်ရပါဘူး ဆရာရယ် ….. ကျွန်မကြောက်တယ် ……”

“အင်း အဲတာက စိတ်ချရတာ ဒေါ်တင်မေရဲ့ ကဲပါလေ ခဏနား ဟုတ်ပြီလား ပြီးပြီ ……”

“ကျေးဇူးတင်ပါတယ်ဆရာရယ် ဆေးသောက် နည်းလေး ပြောဦးနော် ဆရာ …..”

“ ကောင်းပါပြီဗျာ …… ပြောပါ့မယ် ကဲသွားမယ် နော် …..”

ဒေါ်တင်မေ့နားကထွက်လာပြီး မွေးခန်းဝတ်စုံချွတ် လက်ဆေးရင်း သူတို့ ဘဝတွေ အကြောင်းစဉ်းစားနေမိ သည်။ မိခင်စိတ်နဲ့ သာ ကလေးကို ချစ်နေပေမယ့် ဒီကလေး လူလားမြောက်ဖို့  သူတို့ တွေဘယ်လောက် ရုန်း ရ ကန်ရဦးမယ် မသိ။ ကျွန်တော့်ကို လူလားမြောက်အောင် မွေးပြီး ပညာတတ်အောင် သင်ပေးခဲ့ တဲ့  အဖေနဲ့  အမေရဲ့  ကျေးဇူးတွေကတော့ ကျွန်တော် တွေးမိတိုင်းဆပ်မကုန်နိုင်ဘူးလို့ ထင်မိတယ်။ အထူး သဖြင့်အမေ့ကို ပေါ့ …… အမေဟာ ကျွန်တော့်ကို မွေးဖို့ ဘယ်လောက်တောင် နာကျင်ခဲ့ လိုက်မလဲနော် ….. ကိုယ်ဝန်ဆောင် ချိန်မှာ အမေတွေဟာ သချို င်္င်းကုန်းကို တစ်နေ့ သုံးခါမျက်စောင်းထိုးတယ်လို့ ပြောကြတယ် …. ဒီမွေးခန်းထဲ မှာတော့ သေမင်းလက်ထဲက နေ သူတို့ လည်း ရုန်း ဆရာဝန်သူနာပြုတွေကလည်း အတင်းကူဆွဲ ရသည် ပင်ဖြစ် သည်။

Post delivery note (မွေးဖွားခြင်းမှတ်တမ်း) ရေးဖို့ first stage room ဘက်သို့ ကျွန်တော် ပြန်လှည့် လာခဲ့သည်။ တစ်ယောက်တော့ လျှောလျှောရှူရှူ ပြီးသွားပြီ နှစ်ယောက် တော့ကျန်သေးသည် G-1 နဲ့ မသင်း သင်းကတော့ မနက်လင်းအား ကြီးမှမွေးလောက်မည်ဟု ကျွန်တော် ခန့် မှန်းလိုက်သည် ……စစ္စတာကြီး၏ ကော်ဖီက အေး၍ပင်နေပြီ ထို ကော် ဖီလေး နှင့် post delivery note လေးကို ပြီးအောင် ဆက်ရေးလိုက်သည်။ မနက် နိုက်ဂျူတီ အထွက် အိမ်ပြန်တဲ့ အခါ အမေ့ကို မေးစရာတွေ ပြောစရာတွေ ကျွန်တော့်ရင်ထဲ စုပုံလာ ပြန်လေသည်………

ဆက်ပါဦးမည် …………….ရန်ကုန်သား

ဤဝတ္တုတွင်ပါဝင်သော ဇာတ်ကောင်များသည် ကျွန်တော် ၏ဖန်တီးထားသော ဇာတ်ကောင်များသာ ဖြစ်ပါ သည်။ ထို့ ပြင် ဤဝတ္တုတို တွင်းရေးသားထားသော ဆေးပညာဆိုင်ရာ ဝေါဟာရများ၊ အသုံးအနှုန်းများ၊ အယူအဆများ၊ နည်းစနစ်များ တစ်စုံတစ်ရာ မှားယွင်းခဲ့ ပါလျှင် ကျွန်တော်၏ အားနည်းချက်သာလျှင်ဖြစ် ပါသည်။ ဖတ်ရှုအားပေးတဲ့ အတွက် အထူးပင် ကျေးဇူးဥပကာယ တင်ရှိပါတယ် ခင်ဗျာ ………..

မကြီးဝါ ၏အမှာစာ …. http://warwarkhaingmin.blogspot.com/

ဒီပိုစ့်လေးကို ဖတ်ပြီး နှစ်သက်မိပါတယ်။ ဒီပိုစ့်လေးမှာ သားဖွားတဲ့  မိခင်တွေ အပေါ်ထားရှိတဲ့ ဆရာဝန်တစ် ယောက်ရဲ့ စေတနာတွေကို အထင်းသား မြင်လိုက်ရပါတယ် ဆရာဝန်တစ်ယောက် အတွက် ဒီလို ပိုစ့်လေးရေး တာဟာ လုံးဝ အထူးအဆန်း မဟုတ်ပေမယ့် အိမ်ထောင်သားမွေး မပြုဖူးတဲ့  မိန်းကလေးတွေ အတွက်တော့ ဒီပိုစ့်လေးကို ဖတ်ပြီး အထူး အဆန်းလေး ဖြစ်စေနိုင်တာမို့  တချို့ နေရာလေးတွေကို ဖြုတ်ပေးဘို့  စာရေးသူကို အကြံပေးခဲ့ရပါတယ်။ တကယ်တော့ စာရေးသူက သူတို့ ရဲ့ ရိုးနေပြီဖြစ်တဲ့  အတွေ့ အကြုံလေးကို စာဖတ်သူ တွေ ရှင်းရှင်းလင်းလင်း မြင်ကြရလေအောင် အသေးစိတ်ရေးသားထားခဲ့ပါတယ်။ တကယ်လည်း ဖတ်သင့်တဲ့ ပိုစ့်ကောင်းလေး တစ်ခုဖြစ်ပါတယ်။ မိန်းမတစ်ဦး ကလေး မွေးရင် ခံစားရတဲ့ဒုက္ခတွေကို အမျိုးသား ယောက်ျား လေးတွေ သိစေအောင် စေတနာနဲ့  ရေးပြထားခြင်းဖြစ်ပါတယ်။

စာရေးသူရဲ့ စိတ်ဓါတ် လေးတစ်ခုကို ပိုပြီးသဘောကျ သွားမိတာကတော့ အမျိုးသမီးတွေ ကလေးမွေးရင် ဘေး နားမှာ ကိုယ့်အမျိုးသား ကို ရှိစေချင်တာ မိန်းမတိုင်းရဲ့  တောင့်တာမှုတစ်ခုပဲဖြစ်မှာပါ…. အဲဒီအချက်ကလေးကို ပေါ်လွင်အောင်ထည့်ရေးသွားခဲ့လို့  စာရေးသူ ဆရာ့ရဲ့ စိတ်ဓါတ်ကို ချီးကျူးမိပါတယ်။ ကျွန်မကလည်း ကိုယ် တိုင် ကလေးတစ်ဦးမွေးဖွား ဖူးသူမို့  ကိုယ်ဗိုက်နာနေချိန် ကိုယ်ခံစားနေရချိန်မှာ ကိုယ်အမျိုးသားကို ဘေးနား မှာ ကိုယ့်လက်ကိုတွဲထားပြီး ရှိစေချင်ခဲ့တာပါ။ ဂျပန်မှာ ကလေးမွေးရင် ကိုယ့်အမျိုးသားက ဘေးကနေ လက် ကိုင်ထားပြီး အားပေးလို့ ရပါတယ်။ ကျွန်မတို့ မြန်မာပြည်မှာလည်း ဒီလို အခွင့်အရေးလေးတွေရနိုင်ရင်တော့ အလွန်ကောင်းမှာ ဖြစ်ပါတယ် စာ တစ်ပုဒ်လုံး ဗဟုသုတတွေရရှိစေပါတယ် ဒီလိုဆေးပညာနဲ့ ပတ်သက်တဲ့ စာ ပေတွေ များများ ဆက်လက် ရေးသားနိုင်ပါစေ ……..

ခင်မင်စွာနဲ့ 

ဝါဝါခိုင်မင်း http://warwarkhaingmin.blogspot.com/

(မကြီး အရမ်းကျေးဇူးတင်တယ်နော်....... )

*************
ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ်တ တတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

17 comments:

Angel Shaper said...

1111111111111111111111111111111111
၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁
တစ် တစ် တစ် တစ် တစ် တစ် တစ် တစ် တစ်
ငါ ကွ တစ် ရတာ။
တစ် ရတာ ငါ ပါဟ။
ဟဲဟဲ။။။။။။။။။

ဖြူ said...

စာအရေးအသားက လန်ထွက်နေတယ်ဗျာ ဖတ်ရင်းနဲ့ ကလီစာတောင်ပြောင်းပြန်ဖြစ်တော့မယ် အသည်းယားလို့.. မသိတာတွေသိရလို့ကျေးဇူးတင်ပါတယ်..
အမှန်အတိုင်းဝန်ခံရရင် ပို့စ်ကိုပြီးအောင်ဖတ်နေရင်း မေမေ့ကိုသတိရတယ်။ မိဘကျေးဇူး၊ မေမေ့ရဲ့ကျေးဇူးကို ပိုပြီးသိလာမိပါတယ်.. ဒုတိယမိ ကျေးဇူးတင်ပါတယ်နော်..

Angel Shaper said...

သယ်ရင်းးးးးးးး
ပါးစပ် အဟောင်းသားနဲ့ မျက်လုံးလေးပြူးပြီး အမေ့ကို မြင်ယောင်မိသွားတယ်။ မ၀ါဝါပြောသလိုပါပဲ မိခင်တွေအပေါ်မှာ ထားတဲ့ ဆရာဝန်၊ ဆရာမ တွေရဲ့ ဖြူစင်တဲ့ စေတနာ မေတ္တာတရားတွေကို မြင်လိုက်ရတော့ ပိုလို့ တောင် ကျေးဇူးတင်လေးစားမိပါတယ်။ ဒီပိုစ့်လေးကနေ မသိဖူးတဲ့၊ မကြားဖူးတဲ့ ဗဟုသုတတွေရော၊ မိခင်တွေရဲ့ ပေးဆပ်မှု၊ လိုအပ်မှုတွေ မြင်လိုက်ရတယ်။
မဟေသီလေး မွေးရင် ရအောင် လိုက်အားပေးမတဲ့လား။ ဒါလဲ လိုအပ်နေတဲ့ အားဆေးတစ်ခွက်ပါပဲနော်။
သယ်ရင်းရေ... ဒီပိုစ့်လေးအတွက် ကျေးဇူးတင်ရင်း ပိုပြီး လေးစားခင်မင်မိပါတယ်ဟာ။။။။
ဆက်ရေးပါ စောင့်မျှော်နေတယ်နော်။။။။။။
အမေများအားလုံးချမ်းမြေ့ပါစေ။။။။

Yu Ya said...

ကိုရန်ကုန်သားရေ... သေသေချာချာကြီးကို ဖတ်သွားပါတယ်ဗျာ..အသက်ရှုဖို့တောင် မေ့နေတဲ့အထိပဲ...။

yu ya

မယ့်ကိုး said...

အနုစိတ်ရေးထားလို့  ဇာတ်ပိုကြွလာပါတယ်။
အထူးအားပေးလျက် ဆက်ရန်မျော်နေပါတယ်။

သားကြီး said...

စေတနာပါပါနဲ့ရေးထားတဲ့ပိုစ်တစ်ခုအဖြစ်မြင်မိပါ
တယ်။ နောက်ပြီး မိခင်တစ်ယောက်ရဲ့ ဆင်းရဲဒုက္ခဟာ ဘယ်လောက်ခက်ခဲပင်ပန်းကြောင်း ထပ်သိရတယ် အဲလိုသိရခြင်းနဲ့အတူ ကျနော့်ကို
မွေးပေးခဲ့တဲ့ ကျနော့်မေမေကို တမ်းတပြီး
ဦးနှိမ်ချမိတယ် ဒီပိုစ်လေးမှာဆွေးနွေးသွားတဲ့
အယူအဆလေးတစ်ခုကိုလည်းသဘောကျမိတယ်
“မီးဖွားခန်းထဲဝင်လို့ဘုန်းနိမ့်ရတယ်ဆိုရင် မွေးလာခဲ့ကတည်းက အော်တိုမက်တစ်ဘုန်းနိမ့်နေတော့မှာပဲ”ဆိုတဲ့အတွေး
ပါ။ ကျနော်တို့ဆီမှာတစ်လွဲဆံပင်တွေကောင်းနေကြသေးတယ်
ထင်ပါတယ် ဝေဒနာကိုအနာကျင်ဆုံးခံစားနေရချိန်မှာ ကိုယ့်ခင်ပွန်းသည်ရဲ့လက်ကိုရဲရဲကြီးဆုပ်ပြီး
အားပေးနှစ်သိမ့်စကားတွေ အထပ်ထပ်ကြားနေရရင် ဘယ်အမျိုးသမီးဖြစ်ဖြစ် ဝေဒနာတစ်ဝက်လျှော့မယ်ထင်ပါတယ်
ဒါကအမျိုးသမီးတွေဘက်တွေးတဲ့အတွေးပေါ့လေ
လေးစားပါတယ်ဗျာ အတွေ့အကြုံကို အသေးစိတ်ရေးခြယ်ထားတာ
ဆက်ရန်ဆိုလည်း ကျနော်တို့ဘက်က မျှော်ရန်ပေါ့ခင်ဗျာ... :)

ဧရာဝတီသား said...

ကွန်းမန့် ပေးဖို့ click လုပ်လိုက်တဲ့ အခါ လက်ခုပ်သံတွေ ညံနေတာ ကြားလိုက်ရတယ် အစ်ကိုရေ။ ကျွန်တော်ဘာမှ ပြောဖို့ မလိုတော့ ဘူးနော်၊ အားလုံး အားပေးနေကြပြီ။ နောက်အပိုင်းတွေ မျှော်နေပါ့မယ် အစ်ကိုရေ၊ အရေးအသားကတော့ ဒေါက်တာစိုးလွင်ရဲ့ စာလေးတွေ သတိရသွားတယ်။
လေးစားမှုဖြင့်

WWKM said...

ဟ.. အမှာစာကြီး တကယ်ထည့်တာပေါ့.း))
အစ်မ အမြန်ရေးပေးလိုက်လို့ စာလုံးပေါင်း တချို့မှား
သွားသေးတယ်.း)
ဒီပို့စ်လေးကို ဖတ်ဖြစ်တဲ့ သူတိုင်းဟာ အစ်မအပါအ၀င် သားသမီးတွေဖြစ်ကြတာမို့ မိဘတွေရဲ့ကျေးဇူးတွေကို
ပိုပြီးသိရှိခံစားရသလိုပဲ ၊ Labour room ထဲက အမျိုး
သမီးတစ်ဦးရဲ့ခံစားမှုဒုက္ခတွေကို Labour room အပြင်ဘက်မှာရှိကြတဲ့ အမျိုးသားတွေ သိရှိကြရလေ
အောင် မျှဝေပညာပေးတဲ့ ပို့စ်လေးအတွက် ကျေးဇူးတင်
မိပါတယ် ရန်ကုန်သားရေ.
တန်ဘိုးရှိတဲ့ စာတွေ အများကြီး ဆက်လက်ရေးသား
နိုင်ပါစေ။

မကြီးဝါ

မိုးခါး said...

အမေတွေ ဘယ်လိုခက်ခဲစွာနဲ့ ကိုယ့်ကို မွေးဖွားလာလဲ ခံစားသိရှိရပါတယ်
ကမ္ဘာပေါ်က အမေတွေအကုန် ကျန်းမာချမ်းသာကြပါစေ

အနော် said...

အကိုရေ စာအရေးကောင်းတော့ ဇာတ်တစ်ခုလုံးကြွလာတာ ကိုယ်ပါ ခွဲခန်းထဲ ဝင်ပီး ဘေးနားက ရပ်ကြည့်နေရသလိုကို ခံစားရပါတယ်
မိခင်တွေရဲ့သတ္တိကို တကယ့်ကိုလေးစားပါတယ်
ဗိုက်ကြီးကြီးကို မရှက်မကြောက် ၉ လတိတိ လွယ်ပိုးထားကတည်းကိုက တကယ့်ကို ချီးကျူးနေမိတာပါ.
ကြုံလို့ ရယ်စရာပြောပြချင်တယ်ရှင့်
အကိုရဲ့ “ Honey , I’m here ……. Baby, push push …….! ” ဒီစာလေးထဲက push push ဆိုတာမျိုးပေါ့ ဟိဟိ
အနော်တို့ အင်္ဂလိပ်စာသင်တန်းတက်တုန်းကပါ
မမေ့နိုင်တဲ့အတွေ့အကြုံအကြောင်း ပြောပြရတော့
အတူတူတက်နေတဲ့ ဆရာဝန်အကိုက သူ ဟောက်ဆာဂျင်ဆင်းတော့ အထဲမှာကတည်းက သေနေပီး ပုပ်နေပီဖြစ်တဲ့ ကလေးလေးကို မွေးတော့ အရှင်ကလေးမွေးရသလိုပဲ မွေးနေတုန်း ခေါင်းပွင့်ပီး ဦးနှောက်တွေထွက်ကျလာလို့ သူ ဘယ်တော့မှ မေ့လို့မရတဲ့အကြောင်းပြောရင်းနဲ့ ညှစ် ညှစ်လို့ ကိုယ်ဝန်သည်အမျိုးသမီးကို အားပေးတာကို ပြောနေရင်းနဲ့ အင်္ဂလိပ်လို စကားလုံး ရုတ်တရက် ရှာမရတော့ squeeze squeeze ဆိုတော့ ရယ်လိုက်ရတာလေ နားထောင်တုန်းက သနားနေရင်း သူက လက်နဲ့ပါညှစ်ပြတာဗျို့ :P

Anonymous said...

သူငယ်ချင်းရေ အောက်မေ့တသစွာဖတ်သွားပါတယ် ။ ငါအလိုချင်ဆုံးဘဝလေးကိုပြန်လွမ်းသွားတယ် ။
ဆက်ရန်မျှော်နေပါမယ်

mysterysnow said...

ရန်ကုန်သားရေ
အရမ်းကောင်းတဲ့ ပို့စ်လေးပါ...
ဒီဘလော့လေးက စာတွေကို သတိထားပြီး လာဖတ်နေတာ ကြာပီ..
အမြဲတမ်းစာလာဖတ်ဖြစ်ပေမယ့် ကောမန့်မရေးဖြစ်ခဲ့ဘူး...
ဆက်ရန်လေးကို စောင့်နေမယ်နော်.....

Anonymous said...

မောင်ခြေခြင်းဂျိတ်ရာ..

အင်း... ဖြစ်ရမယ်.. ဒီ အိုဂျီမမ မဟုတ်တဲ့ အိုဂျီကိုကိုနှစ်ယောက်ကတော့. မှားပါတယ်။ :P

ရန်ကုန်သားရေ..

လက်ခုတ်သံတွေ အများကြီးပဲ မြန်မြန်ဗျို့..ဒုတိယပိုင်း။

မကြီးဝါ

Anonymous said...

ဟုတ်တယ်နော် ဒီပိုစ့်လေးကို ဖတ်ရတာ တန်ဘိုးရှိပါတယ် မောင်လေးရေ။ မိခင်တစ်ယောက်ရဲ့ ဘ၀ကို သိမြင်သွားပါတယ်။

ဇော် said...

ဟဲဟဲ
ကျနော်ကတော့ နောက်ဆုံးမှ အားရပါးရတီးတဲ့လက်ခုပ်နော။ သိတယ်ဟုတ်။ ဒျူတီအစ်စ်သယ် ဖတ်စ်စ်စ်စ်စ်
( အောင်မငီးး။ တံတွေးတောင် စင်တယ်။ ဟိဟိ။ )
အတော်ပဲ။ ကျနော့်အကို ဆရာဝန်ရှိနေတာ မေ့နေတယ်။ ခုထဲက ကို့ကို ဗိုက်အပ်မယ်သိလား။ ဟိဟိ။ ကျနော်ကမွေးဘူး။ သူမွေးလိမ့်မယ်။ ခိခိ။

pandora said...

ရသတင်မက ဗဟုသုတ မှတ်သားစရာတွေပါ ပေးနိုင်တဲ့ ၀တ္ထုလေးအတွက် ကျေးဇူးတင်ပါတယ်။

အခုမှ ပထမဆုံး လာလည်ဖူးတာပါ။ နောင်ကိုလည်း လာဖတ်ပါဦးမယ်။

ကာရံဆူး said...

ကာရံလည်း မန့် ချင်နေလို့ ပါ..