Tuesday, August 11, 2009

ကျွန်တော် နှင့် ခုတလောများ


တွေးမိနေတာက
တွေးတာတွေ များလွန်းလွန်းလို့ ဘာပြောရမှန်းမသိတာ အမှန်ပဲ အထူးသဖြင့်တော့ ရေးလက်စ ဝတ္တု တစ်ပုဒ် အကြောင်းပါ ……

ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိတာက
ကြိုးစားမှုမှာ အခုံမင်သေးဘူး မျောနေတုန်းပဲ …..
ဆုံးဖြတ်ချက် ခိုင်ကြည်ပြတ်သားမှု မရှိဘူး တွေဝေတယ်။ ……….. ချစ်ရမှာကြောက်တယ် :D

ကျန်းမာရေး
ဖြစ်နိုင်ရင် စာဖတ်ဖို့ မျက်လုံးတစ်စုံလောက် ငှားချင်တယ် အမြင်တွေဝေဝါးပြီး အတွေးတွေက ထွေပြားနေလို ပါ။ ကျန်တာတော့ ဘာမှ မဖြစ်ဘူး ဘောဇန သပ္ပာယ တွေမျှတလွန်းလို့ စားလိုက်တာလဲ ပြောတောင် မပြော ချင် ပါဘူး (ရှက်လို့ )။ ဟိုတစ်နေ့ က သူငယ်ချင်းလုပ်တဲ့ကောင် ပုစွန်ကို အခွံမခွာပဲ ခေါင်းတွေ အမြီးတွေ ပဉ္စ ငါးပါးအကုန်လုံး ချက်လိုက်တာ ကောင်းလိုက်သည့်ဖြစ်ခြင်း ….. ဂဏန်းဟင်းစားချင်နေတာနဲ့ … မျက်လုံးလေး အသာမှိတ် ဂဏန်း ကောင်ကြီး မျက်လုံးထဲမြင် နားထဲက ကြွပ်ကနဲ့ အသံကြားရင် ဂဏန်းဝမ်းဘက်က အသား တွေစားရတယ် စားရ တယ် ဆိုပြီး မှတ်မှတ်စားလိုက်တာ ထမင်းအိုးထဲ မီချောင်းပေါ်လို့ မနည်း ထွက်ပြေးခဲ့ရ သေးတယ်။

ဖတ်ဖြစ်တဲ့ စာအုပ်တွေက
ပါမေက္ခ ဒေါက်တာသန်းထွန်းရဲ့ “သမိုင်းနဲ့ စကားပြောခြင်း”ပါ။ ဆရာကြီးရဲ့ လေသံတွေ သဘောကျလွန်းလို့  အတု ယူ နေတာ….. ပညာရှိများ စကားအရာမှာ အင်မတန် သန်မာလှတယ်။ ဖျတ်လတ်တယ်။ ထိမိတယ်။ ကျွန်တော် သေသေချာချာကို အရသာခံဖတ်နေတာ။ နောက် ဘလော့တွေလိုက်မွှေတယ်။ လည်တယ် ပတ် တယ် စာတွေ အတုယူတယ် မှတ်သားတယ်။ အားကျစရာတွေ ချည်းပဲ။ အိမ်ပြန်လာရင် တနင့်တပိုးနဲ့ ။ တစ် ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို သူ့ ဟန် သူ့ မာန်နဲ့  ရေးနေလိုက်ကြတာ အားရစရာ ကောင်း လိုက်တာဗျာ …… အဲ အထူးအားဖြင့်ပေါ့ ကျွန်တော် မပြောပဲ မချီးကျူးပဲ မနေနိုင်တာက တော့ အစ်မ မယ်ကိုး ပါ ……. ကျွန် တော် သူ့ စာတွေကို ဖတ်ရတာ ငြိမ်သက်ပြီး လွင့်မျောနေသလို ခံစားရတယ်။ ကဗျာဥာဏ် အာ ဘော် ကလော် တိုင်းကလည်း ထွက် အတွေးလေးတွေကလည်း ကောင်း ဘယ်လိုပြောရမလဲ ကျွန်တော် မချီး ကျူးဝံ့ဘူး …. ကျွန်တော့် ကြောင့် အစ်မ မယ်ကိုးရဲ့ စာတွေ ပေါ့သွားမှာစိုးတယ် ………

ရောက်ဖြစ်နေတာက
ဟဟ ….. ကွန်ပျူတာသာ ကောင်မလေးဆို ကျွန်တော်နဲ့  ညားတာကြာပေါ့ …… တစ်နေ့ တစ်နေ့ သူ့ မျက်နှာ လေးကြည့်ကြည့်ပြီး ကျေနပ်နေရတာ …….. :D မကြီး ဝါဆီကိုတော့ နေ့ တိုင်းရောက်ပါတယ် သာဓုခေါ်ပြီး ပဲပြန်ပြန်လာရတာ …… (ဘာမှလည်း မကျွေးဘူး …… :P)

ရေးဖြစ်နေတာက
ခု ကျွန်တော် ဘာသာပြန်ပြီးလက်ဆော့ထားတာ တစ်ခုကို အချောသတ်ရင်းနဲ့  “အမေ့သားများသိစေသော်” ဆို တဲ့  နှစ်ပိုင်းသုံးပိုင်းလောက်ရ
ှိမယ့် ဝတ္ထုတိုလေး တစ်ပုဒ်ရေးနေပါတယ် ……

နားထောင်ဖြစ်တာက
ပြောရတာလည်း မကောင်းပါဘူး။ ကလောင်နာမည် ယူထားတာက ရန်ကုန်သား၊ တကယ်တော့ ကျွန်တော် က ရန်ကုန်မှာနေတဲ့ တောသားဗျ (တခါတလေ သူငယ်ချင်းချင်းပြောခံရလို့ ပါ) …… ကျွန်တော် မြန်မာသံတွေ ကို ကြိုက်တယ် မြန်မာဂီတကို နားမှာ ယဉ် တယ်။ မော့ဆာ့ရထ် တို့ ချာရီကော့်ဖစကီးတို့ လက်သံဘယ်လောက် ကောင်းကောင်း မြန်မာဆိုင်းဝိုင်းက ပတ်မ သံကြားလိုက်ရင် ကြက်သီးတွေ ဖျန်းဖျန်းထ ကျောတစ်ခုလုံး ဖျင်းက နဲ ဖျင်းကနဲ့ ဖြစ်ပြီး ရင်ထဲ မှာတောင် ပတ်မ သံနဲ့ အညီလိုက်လိုက်ခုန် နေရတာ ……. သူတို့ ဖာသာ သူတို့  ငန်း တို့  ပျော်ရာရေကန်သာပဲ ဖြစ်ဖြစ် ငန်းတို့  မပျော် တဲ့ ရေကန်သာပဲဖြစ်ဖြစ် နားထဲမဝင်ဘူး ခဏနေပျောက်သွား တယ် …… နောက် ဂီတနဲ့ ပတ်သက် လို့  ကျွန်တော်က open-minded မဖြစ်ပေမယ့် ရော့ခ် သီချင်းတွေ ပေါပ့် သီချင်း တွေကိုလည်း နားထောင်ဖြစ် ပါ တယ်။ ယေဘုယျတော့ သိပ်မဆူညံဘူး၊ သီချင်းဆိုတာလား စကား ပြောတာလား မသဲကွဲတဲ့ သီချင်းတွေ မဖြစ်ဘူး ၊ဆိုရင် နားထောင်ပါတယ် ……….

ရွတ်နေမိတာက
အချစ် …. အချစ်….. ချစ်တိုင်း ချစ်၍…..
ချစ်လေ ချစ်လေ……. ချစ်မပြေ တည်း
ဆားငန် ရေနောက် …….. ငတ်တိုင်း သောက်က
သောက်လေ သောက်လေ ……..ငတ်မပြေသို့ 
ပေမအရာ တဏှာဖွဲ့ ယစ်……. ထိုအချစ်လည်း
အပြစ်မမြင် မဆင်ခြင်ဘဲ…….
ချစ်လျှင် ပျော်နိုး ……….ချစ်စ ပျိုးသည်
ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း ………..( http://ko-thitsar.blogspot.com/)
သူငယ်ချင်းတစ်ယောက် custom message မှာတွေ့ ကတည်းက သဘောကျနေတာ မင်္ဂလာရှိသော ယောက်ျား အဆုံးသတ်ခါနီး ခေါင်းထဲပေါ်လာတာနဲ့  အွန်လိုင်းမှာ လိုက်ရှာရင်း အထက်ပါ ဘလော့ ကိုတွေ့  ပါတယ် ……. ခွင့်တောင်းပြီးယူသုံးထားတာပါ …. အရှင်ဇနကာဘိဝံသ ရဲ့ ကိုယ်ရေး အတ္ထုပ္ပတိမှာတော့ ရှေး စာဆိုတစ်ဦး ရေးစပ်သီကုံးထားတာဖြစ်သည်ဟု မိန့် ထားတယ်လို့  သူငယ်ချင်းကပြောပါတယ် ( ကျွန်တော် မသိပါ :D ) ။ ဒီကဗျာလေး ရွတ်ရွတ်ပြီး အချစ်မှိုင်းတွေမိ ချစ်လှိုင်းတွေထိပြီး အချစ်ကို တောင့်တမိလို့  လွမ်းတ သသ ရှိနေပါကြောင်း …..:D (ချစ်ရမှာ ကြောက်တာက တစ်ပိုင်းပေါ့ ….. ဟဟ)

ဖြစ်ချင်နေတာက
ကိုယ့်ခန္ဓာကိုယ်ထဲက Gene တစ်ခုခု Mutate ဖြစ်ပြီး Jumper ဖြစ်ချင်နေပါတယ် …….

စားဖြစ်နေတာက
ထမင်းပါပဲ ကျန်တာ ဝယ်မစားနိုင်လို့  …… :D

သနားနေမိတာက
ကိုယ့်ဘဝ ကိုယ်မပိုင်တဲ့ သူတွေ …….

လွမ်းနေမိတာက
မြန်မာပြည်

မေ့လျော့ပစ်နေမိတာက
ဆယ်နှစ်တာ ရင်းနှီးခဲ့တဲ့ ကောင်မလေးတစ်ယောက် ရဲ့ မွေးနေ့ 

ခါးသက်နေမိတာက
ဘဝ ( ဘဝဟာ လူတိုင်းအတွက် တစ်ချိန်ချိန်မှာတော့ ခါးသက်နေမှာပဲလေ …..)

တမ်းတနေမိတာက
အမေ့အိမ်က ငပိရည် ဂျီကျတတ်တဲ့ ကောင်မလေး ….. :D …..လက်ဖက်ရည် ကျရည်ပေါ့ ချို့ စိမ့် ။ဟာသတွေ ပြောပြီး ရယ်စေတတ်တဲ့ သူငယ်ချင်းတွေ ၊ နိမ့်ပါးချိန်မှာ အားပေးတတ်တဲ့ အပြုံးတွေ …..

ကြိတ်ပြီးချီးကျူးနေမိတာက
အမြဲတစေ ကြိုးစားအားသစ်နေ သူတွေ …….

ကြိတ်ပြီး အထင်သေးနေမိတာက
ကိုယ့်ကိုကိုယ်ပေါ့ ဗျာ ……….

ဆန္ဒမရှိတဲ့ နေရာ
မြန်မာပြည်ပြင်ပ ဘယ်နေရာမှ ဆန္ဒမရှိ မသွားလို မနေလို ….

ဆန္ဒရှိတဲ့ နေတဲ့ ကိစ္စ
ကိုယ့် အသက်မွေးမှုအလုပ်ကို ခဏလေး ရပ်ထားပြီး စာတွေ မရပ်မနားရေးချင်နေတာပဲဗျာ ………

မုန်းတီးနေမိတာက
သေလောက်အောင် မုန်းတာဆိုလို့ မရှိပါဘူး ….

ချစ်နေတာက
ချစ်နေတာက ကျွန်တော့်မိသားစုပေါ့ ဟို….. ကောင်မလေးလည်း ပါတယ် ….. ဟဟ ….:D

စိတ်ပျက်နေမိတာက
အသစ်ပြန်စရမှာကိုပါ ………

စွဲလန်းနေမိတာက
စာရေးချင်နေတာပဲ ……… ရပ်လို့ မရဘူး (တက်ဂ်ပို့ စ် ကချွင်းချက် …. :D ….ဟဟ )

တောင်းနေမိတဲ့ ဆု
အမေနဲ့ အဖေ အသက် ရှည်ပါစေ ………….

ထပ်ပြန်တလဲလဲ အော်ဟစ်နေမိတာက
အသံထွက်ရမှာတောင် ပျင်းတာ အော်ဖို့ တော့ ဝေးပါတယ် ဗျာ ………..

ဝန်ခံချင်တာက
ကိုယ်ပိုင်ဖန်တီး နိုင်တဲ့ စွမ်းအားတွေ မရှိသေးလို့  စုဆောင်းခြင်း အတုယူခြင်းဖြင့် စာရေးလျှက် ရှိပါကြောင်း….. “အဆီတုံးဒေဝီ ”ဆိုတာ ကျွန်တော့ စကားမဟုတ်ပါဘူး …… ဆရာမကြီး မစန္ဒာရဲ့  “အဖိုးကြီး နှစ်ယောက် ရှိ သည်” ဟူသော ဝတ္တုတိုထဲမှနေ ကြိုက်လွန်းလွန်းလို့ သုံးမိတာပါ ……… အထူးအားဖြင့် ကိုတလနွန်ကို ဝန်ခံပါရစေ ………….
ညီဇော်ရေ ဘလော့ လောက အကြိုအဖြစ် မမဝါ ဆီမှ ဆုနဲ့ ဆူးအပြီး ညီရဲ့  ခုတလော ကို အကြွေးဆပ်ပါ တယ် ….. ညီ့ကို မပြောပဲ “ဇော်” ဆိုတဲ့ နာမည်ကို ယူသုံးတဲ့ အတွက် ဒီခုတလောပို့ စ်နဲ့  ပဲ ကျေနပ်ပါလို့  အနူး ညွတ်တောင်း ပန်ပါကြောင်း ……. :D
ကျေးဇူးတင်လျှက် ….

**********

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ် တတတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

9 comments:

WWKM said...

လာဖတ်သွားပြီဗျို့..
သာဓုခေါ်ပြီးပြန်ရတာ ကုသိုလ်ရတာပေါ့ကွယ်.
မုန့်တော့ နောက်ကြုံမှကျွေးတာပေါ့.အကြွေးမှတ်ထား။

ကျုပ်ကို မျက်မှန်တပ်ရအောင်လုပ်ထားတယ်.ဟုတ်လား.
ပို့စ်အရှည်ကြီး တည်းဖြတ်ပေးမယ်. အားမကိုးနဲ့နော်.အစ်မတည်းဖြတ်ရင် ပျက်ရော..း)))

ချစ်ရမှာကြောက်လို့သာပဲကောင်မလေးအကြောင်းက
လည်း ပါးစပ်ကမချဘူး။
တော်တယ်. ဆက်သာရေး.
လာအားပေးသွားပြီ.

မကြီးဝါ

Yu Ya said...

ကိုရန်ကုန်သားရေ... Jumper ရုပ်ရှင်ကားကြည့်ပြီး Jumper ဖြစ်ချက်နေပြီနဲ့တူတယ်။ ဘဏ်ထဲက ပိုက်ဆံတွေ ယူသွားတဲ့ အခန်းလေး သဘောကျတယ်ဗျာ။

ကိုရန်ကုန်သား အဲဒီလို သွားယူရင်လည်း ကျွန်တော်ကို ပြောအုန်းဗျ။ အဟီး။

yu ya

အနော် said...

ကွန်ပျူတာသုံးနေရင်း ဆေးတံကြီးခဲလို့ပါလား
တကယ်ရော အပြင်မှာ ဆေးတံသောက်တာလားဟင်
မတိလို့ မေးကြည့်ဒါဘာ ဟိဟိ
ခုတလောကို အခုလေးတင် လာဖတ်ကြည့်တယ်
မေ့လျော့ပစ်နေတဲ့ မွေးနေ့လေး ပြောပြကြည့်
တကယ်လို့ အကို မေ့သွားရင် လာလာသတိပေးမယ်လေ ဟိဟိ မမေ့အောင်လို့
မမေ့ကောင်းတဲ့ အရာတွေက ဘယ်လောက်ပဲ မေ့လျော့ပစ်ပါစေ မေ့လို့မရဘူးနော်
ကိုယ်တွေ့ ကိုယ်တွေ့ :P

မယ်ကိုး said...

ကိုရန်ကုန်သားရဲ့ ခုတလောမှာ စွဲလန်းနေတာက စာရေးချင်တာ ဆိုတာ သဘောကျလိုက်တာ။
စာတွေများများရေးပါ ကောင်းလို့ ...
အားပေးနေပါတယ်။

Angel Shaper said...

ကိုရန်ကုန်သားရေ....
ကလေးမြို့ သူလေး လာလည်သွားတယ်နော်။
ခုတလောလေးဖတ်ပြီး အားကျသွားတယ်။
စာများများဖတ်ပြီး ဗဟုသုတ စုဆောင်းနေတယ်ဆိုတာ လှစ်ခနဲ မြင်လိုက်တယ်။ စာများများရေးနိုင်ပါစေ။ တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ။ အောင်မြင်ပျော်ရွှင်ပါစေနော်။

ဇော် said...

အာ ကိုရန်ကုန်ရာ .. ကျနော်က မေးလ်ရထဲက ဖတ်ပြီးနေပြီ။ ဒါပေမယ့် မန့်မို့ဟာကို ကျနော် လယ်တောထဲ ရောက်နေတာနဲ့ မေ့သွားတယ်။ ဟိ။ ကျနော့်လယ်ထဲမှာ ကောက်ရိတ်ချိန်လေ။ အဲ့ဒါနဲ့ပဲ အရာအားလုံးမေ့သွားရော ဖြစ်ရော။ ခု အိပ်ယာနိုးလာမှ သတိရတယ် မမန့်ရသေးမှန်း။ ဟီး။

ချစ်ရမှာ ကြောက်တယ်ဆိုပြီး အချစ်အကြောင်းချည်းပဲ တွေးနေတယ်နဲ့တူတယ်။ ဟိဟိ။
ကျေးဇူးဗျာနော်။ ကိုရန်ကုန်ရဲ့ ခုတလောလေး သိခွင့်ရလို့ ပျော်တယ်ဗျိုးးးးး။ =)

မိုးခါး said...

ချစ်ကလဲ မချစ်ရဲ
ချစ်ကလဲ ချစ်ချင်
ခက်သေး၏ :P

poemflower said...

Sorry, နော် ရန်ကုန်သား မသိလို့ပါ ပို့စ်စာမျက်နှာမှာ အဲဒါမပေါ်လို့ ရေးပြီးသားမှန်းမသိလို့ပါ ထင်တဲ့အတိုင်းပဲ ရေးတာတွေ ညက်မှ ညက်ပဲ :P

Moe Myint Oo(LTG) said...

GOOD SHORT STORY,SO SO GOOD