Saturday, August 8, 2009

စောဝေ (ဇာတ်သိမ်းပိုင်း)


စောဝေက အပျိုပေါက်စ ရန်ကုန်တစ်ဖက်ကမ်းမှာလာ၍ ဈေးရောင်း။ သံချောင်း ကဆိုက္ကားနင်းကာစ ဈေးပို့  ဈေး ကြို ရင်းတွေ့ ကြသည်။ ခုစောဝေလိုတော့ ခါးတုတ်တုတ် မျက်နှာပြဲပြဲဘယ်ဟုတ်လိမ့်မလဲ။ သနပ်ခါးကို ခြေဆုံး ခေါင်း ဆုံး လိမ်းထားတဲ့ စောဝက သူ့ အသား ဝါဝါနဲ့ ဆိုတော့ သံချောင်းမျက်လုံးထဲ အင်မတန်လှသည်။

တောပန်းလေးပန်ထားတဲ့ စောဝေက သံချောင်းဆိုက္ကားနဲ့ ကမ်းနားကနေ ဈေးကို အမြဲသွားသည်။ သံချောင်း က လည်း စောဝေတို့ လှေဆိုက်ချိန်ဆို ရောက်နှင့်နေပြီ။ နံနက် ဝေလီဝေလင်းမှာ စောဝေ ခေါင်းက တောပန်းနံ့  နဲ့ သနပ်ခါးနံ့ တွေ ဟာ ဆိုက္ကားနင်းတဲ့ သံချောင်းကို မောရကောင်းမှန်းမသိအောင် ကြည်နူးမှုတွေပေးသည်။ စော ဝေ ဈေးမထွက် သောနေ့ တွင်ဖြင့် သံချောင်းတစ်နေ့ လုံးဆိုက္ကားလည်းနင်းလို့ မကောင်း နေရတာလဲ တစ်ခု ခုလို နေသလို။ အသက် ချင်းကလည်း မတိမ်းမရိမ်း။ သံချောင်းက စကားလေးလည်း တတ်ပြန်တော့ ရန်ကုန် တဖက် ကမ်း သူ စောဝေကအကျကြီး ကျခဲ့ သည်ပေါ့။

လှေပေါ်ကဆင်းလို့ ပုဆိုးတိုတိုဝတ်ထားတဲ့ သံချောင်းကို မြင်လိုက်ရရင် စောဝေ ရင်တွေကခုန်။ ဈေးဗန်းလေး ကူ သယ် ပေးပြီးဆိုက္ကားပေါ်မ မတင်ရုံတမယ် လုပ်တတ်တဲ့ သံချောင်းကို စောဝေရင်ခုန်မိသည်ပဲလေ။ သူ့ နင်း တဲ့ ဆိုက္ကားစီးရတာ စောဝေဖြင့် လေးဘီးကားနဲ့ ပင်မလဲနိုင်။ ဆိုက္ကားနင်းရင်း စောဝေကိုစောင်းငဲ့ကြည့်တတ် သော သံချောင်းနဲ့  မျက်လုံးချင်းဆုံရရင် စောဝေရင်တွေကဖိုလို့ ။

စိတ်ကူးယဉ်မှု နည်းပါးလှတဲ့ တစ်နေ့ လုပ်မှတစ်နေ့ စားရတဲ့ လက်လုပ် လက်စားဘဝ ပေမယ့် စောဝေနဲ့ သံ ချောင်းတို့ နှစ်ယောက်၊ နှစ်လွှာပေါင်းလို့ တစ်ရွက်ဖြစ်ခဲ့ ကြရသည်။ ထွန်းအောင်လေးမွေးတော့ စောဝေနဲ့ သံ ချောင်းတို့ နှစ်ယောက် မူးစုပဲစုနဲ့  စုဆောင်းထားတာလေးတွေ ထုခွဲပြီး မြို့ ပေါ်တက်ကာ အဖီလေးထိုးထားတဲ့ သူ များအိမ်ဘေးမှာ လင်နဲ့ မယား ကျောတစ်နေရာစာချဖို့ ရနည်းလား ဆိုပြီးငှားနေကြသည်။

အဲနောက်တော့ သံချောင်းမိဘတွေက ရှေ့ ဆင့်နောက်ဆင့် ဆုံးတာနဲ့ မိဘအိမ်ပေါ် သံချောင်းတို့  လင်မယား ရောက်ရပြန်သည်။ အိမ်ဆိုပေမယ့် အိမ်ကြီးခရိုင်တော့ ဘယ်ဟုတ်လိမ့်မလဲ။ သံချောင်းအဖေက လည်း သံ ချောင်းလို ဆိုက္ကားသမားပဲလေ။ ဆယ်ပေ၊ပေအစိတ်သုံးဆယ်လောက်ရှိတဲ့ သွပ်မိုးထရံကာအိမ်လေးဆိုတော့ သူ များ အိမ်ဘေးအဖီထိုးထားတဲ့ တဲမှာနေရတာထက်တော့ အများကြီးကောင်းတာပေါ့။ ဈေးနဲ့ ကလည်း မ နီးမ ဝေး ဆိုတော့ ရောင်းရေး ဝယ်ရေးလေးကလည်း အဆင်ပြောတာပေါ့။

ဒီလိုနဲ့ ကလေးကတစ်ယောက်ပြီးတစ်ယောက်မွေး သံချောင်းကလည်း ကိုသံချောင်းဖြစ်လာ၊ စောဝေကလည်း ဈေးထဲတွင်ခုနှစ်သံချီတက်၍ ရန်ဖြစ်ရမှာကို မရှက်မကြောက်တော့သော၊သားသမီးများကို စိန်ဗိုတင့်လို လက် သံပြောင်ပြောင်နဲ့ တီးတက်သော ငါးသည်တစ်ဖြစ်လဲ သားသည်အမေဖြစ်လာခဲ့ကြသည်။ ကိုသံချောင်းဖြစ် လာ တဲ့ သံချောင်းကလည်း တစ်နေ့ တစ်နေ့ နေပူကျဲတဲမှာ ကျောကော့ ခြေတိုအောင်ဆိုက္ကားနင်းလို့ ပင်ပင်ပန်း ပန်း ရှိချိန်မှာ အိမ်အပြန်တစ်ပက်မော့နှစ်ပက်မော့ကနေ မျက်နှာဖောသွပ်သွပ်နဲ့ ဗိုက်ပူပူ အရက်သမားဆိုက္ကားဆ ရာ ကြီးဖြစ်လာခဲ့ သည်။

အိမ်ထောင်သက်ကြာတော့လည်း လင်ရယ်မယားရယ် တကျက်ကျက်ပေါ့။ စောဝေရဲ့ အသံစာစာ အငယ်ဆုံး က လေးမလေးရဲ့ ငိုသံ၊ သားတွေသမီးတွေကို လက်သံပြောင်ပြောင်နဲ့ တီးရင်း ဗျစ်တောက်ဗျစ်တောက်ပြောနေ တဲ့  စောဝေရဲ့ အသံနဲ့ သူတို့ အိမ်လေးက အမြဲဆူဆူညံညံရှိနေတတ်တော့သည်။

နေ့ လည်စာထမင်းစားပြီး ၍ ကိုသံချောင်းကဆိုက္ကားတစ်ခါပြန်ထွက်သွားသည်။ စောဝေကတော့ မနက်အစော ကြီး ထ ရသူမို့ ထမင်းစားပြီးတာနဲ့ ခြေလေးလက်လေးဆန့် ရင်းထမင်းလုံးစီနေကျဖြစ်သည်။ သမီးငယ်လေး ကို နို့ တိုက် ရင်း စောဝေအိပ်တော့မှ ခင်လှဝေလည်းမနက်ကဝတ္တုလေးဆက်နိုင်၊ အောင်ကျော်တို့ ညီအစ်ကို လည်း အပြင်ထွက် နိုင်တော့သည်။ စောဝေအိပ်တော့မှ နားငြီးမှာကြောက်သော ထွန်းအောင်က ခြေဖျားလေး ထောက် ပြီး အိမ်ပေါ်တက် လာ တတ်သည်။ အမေနဲ့ တွေ့ လျှင် ကျောကော့မှာကြောက်တာကတစ်မျိုး ဇယ်ဝိုင်း လေးက ကောင်းနေတာက တစ် မျိုးနဲ့ အမြဲလိုလို ဒီအချိန်ကျမှ သူထမင်းစားနေကျဖြစ်သည်။ဒီမနက်တော့ ထွန်း အောင် အိပ်ထဲ တစ်ထောင် တန်နှစ် ရွက် လောက်ပါလာသည်။ မနက်က အဖေ့ ဆီက ယူထားတဲ့ ငါးရာပင် ပြန် ပေးပြီး ပြီ။

အမေက သူမပေးရလျှင်ပြီးရော ထွန်းအောင်အိပ်ထဲပါလာတဲ့ ပိုက်ဆံကိုတော့ ဘယ်ကရလာတာလဲ လို့ လည်းမ မေးတတ်။ တောင်းလည်းမတောင်းတတ်။ အိမ်မှာ ထွန်းအောင်ကို ဂရုစိုက်တာဆို လို့ ခင်လှဝေတစ်ယောက် သာ ရှိသည်။ ထွန်းအောင်အိမ်ပေါ်တက်လာတော့ ခင်လှဝေက ဖတ်လက်စဝတ္တုကိုအသာချပြီး အစ်ကိုလုပ်သူ ကို ထ မင်းခူးကျွေးသည်။ အမေနိုး မည်စိုး၍ မောင်နှမနှစ်ယောက် လေသံနဲ့ သာစကားပြောပြီး ကြိတ်ရယ်နေကြ သည်။ ထွန်းအောင်က သူ နိုင်လာသော ပိုက်ဆံထဲက ငါးရာတန်တစ်ရွက်ကိုခင်လှဝေကို ပေးလိုက်သည်။

ခင်လှဝေမလည်း အမေ့ကို ခေါင်းစီးကြိုးလေးတွေ၊ဖဲပြားလေးတွေ၊ကလစ်လေးတွေ ဝယ်ဖို့ ပိုက်ဆံမတောင်းရဲ။ အမေကတော့ တစ်ခါတစ်ခါ ဝယ်ဝယ်လာတတ်သည်။ ဒါပေမယ့် သူလည်းအပျိုပေါက်လေးဆိုတော့ စောဝေ ဝယ်လာတာတွေတော့ဘယ်ကြိုက်တတ်ပါ့မလဲ။ အမေ ဝယ်ပေးလို့ သာမကြိုက်ဘူးဟု မပြောသာခြင်းဖြစ်သည်။ ထွန်းအောင်ဇယ်နိုင်၍ ပိုက်ဆံကလေး ရရလာရင် နှမလုပ်သူကို သာ မုန့် ဖိုးပေးတတ်သည်။ ဆယ်ကွေ့ တစ်ကွေ့  သူ ခွက်ခွက်လန်အောင်ရှုံးရင်တော့ ခင်လှဝေဆီ ကပြန်ပြန်ချေးတတ်သည်။

ဒါလည်းစောဝေမသိသည်မဟုတ်။ သူမွေထားတဲ့ သားသမီးဘယ်ပုံ၊ဘယ်အချိုးရှိသည်ကို စောဝေသိသည်ပေါ့။ ပြဿနာ ကြီးကြီးမားမား မဖြစ်လို့ သာဘာမှမပြောပဲ အသာ မသိချင်ယောင်ဆောင်နေခြင်းသာဖြစ်သည်။ ထွန်း အောင်ကိုလည်းစောဝေသတိပေးပြီးသား။ ရုံးရောက် ဂတ်ရောက်လို့ ကတော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ခံဆိုပြီး။ ဒါ တောင်တစ်ခါ ရပ်ကွက်ရုံးလိုက်ရသေးသည်။ ဇယ်ကစားရင်း ထွန်းအောင်ကအရပ်ထဲက လူငယ်တစ် ယောက် ကို ထိုးလိုက်သဖြင့် ကွဲသွားရာ သုံးချက်ချုပ်လိုက်ရသည်။ ဆေးဖိုးလည်းကုန် တစ်ဖက်မိဘ ကိုလည်း ခြေသလုံး ဖက် မတတ်တောင်းပန်ခဲ့ရသည်။

အိမ်ရောက်တော့ဘာပြောကောင်းမလဲ ထွန်းအောင်ခင်ဗျာ စောဝေလက်သံ ကောင်းကောင်းခံရတော့သည်။သုံး လေးရက်အပြင်ပင်မထွက်ရဲအောင် အညိုအမည်းစွဲအောင် စောဝေ ကောင်းကောင်းဆုံးမပစ်လိုက်သည်။ကိုသံ ချောင်းကတော့စောဝေဘေးမှာ အသက်မရှိတဲ့ သစ်ငုတ်တိုကြီးလိုသာမိန့် မိန့် ကြီးထိုင်နေသည်။ ဘာတစ်ခွန်းမှ ဝင်မပြော။သားသမီးတွေကိုလည်း ရိုက်ဖို့ နေနေသာသာ လေသံမာမာနဲ့ ပင်ပြောတတ်သူမဟုတ်။ ကိုသံချောင်း ကအရက်ကလေးဝင်မှ ရုပ်ရှင်မင်းသားမြတ်လေးတို့ ၊ကျော်ဟိန်းတို့ လို အာဝစ္စန်းရွှင်သူဖြစ်သည်။ သာမန် အ ချိန် ဆိုရင်တော့ သံချောင်းကို ရှိသည်လို့ ပင်မသိရပေ။

နေစောင်းလို့ တစ်ရေးနိုးတော့ ခင်လှဝေက ထမင်းအိုးတည်ထားပြီဖြစ်သည်။ စောဝေသည် အိပ်ပျော် နေ သော အငယ်မလေးကို အသာထားခဲ့ ပြီး ရေနွေးသောက်ရန် အိမ်ရှေ့ သို့ ထွက်လာခဲ့ သည်။ အိမ်က အ ရှေ့ ဘက်မျက် နှာလှည့်ထားသည်မို့ ညနေစောင်းဆို ခြောက်သွေ့ နေသောရေကပျဉ်မှာ အေးအေးမြမြဖြင့် ထိုင် လို့ ကောင်း သည်။ ခင်လှဝေက မောင်တွေညီမတွေရဲ့ အဝတ်လေးတွေစိမ်ရင်း ထမင်းအိုးကြည့်နေသည်။

အိမ်ရှေ့ မျက်စောင်းထိုးကမြေကွက်လပ်တွင် အောင်ကျော်တို့ ညီအစ်ကိုတစ်တွေ အရပ်ထဲမှ ကလေးများနှင့် ဘောလုံးကန်နေကြသည်။ စောဝေအတွက်ကတော့များများစားစားတွေးစရာမရှိ။ စုမိဆောင်းမိတာလေးနဲ့  တီဗီ အဟောင်းလေးဝယ်ဖို့ သာသူဆန္ဒရှိသည်။ တောသူပီပီ ရုပ်ရှင်ဗီဒီယိုတော့ကြိုက်သည်။ ကိုးနဝင်းဘုရားပွဲဆို ရင် တော့ကလေးတွေတသီကြီးနဲ့ ပွဲကို မိုးလင်းအောင်သွားကြည့်တတ်သေးသည်။ ဒီလိုညနေစောင်းအားချိန် လေး မှာ တီဗီလေးကြည့်နေရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ကလေးတွေလည်းအိမ်မြဲ။ သူများအိမ် ခွေး က တက်မှာ သွားသွားကြည့်ရတဲ့  ဒုက္ခကလည်း လွတ်မည်။ သူများအငြိုငြင်လည်းမခံရတော့။

နေဝင်တော့ ကလေးတွေ အော်ဟစ်ခေါ်ပြီး ရေအချိုးခိုင်းသည်။ ညနေစောင်းတွင်တော့ အောင်ကျော့်ကို ရေအ ခပ်မခိုင်းတော့။ စောဝေလည်း အမေထဲက အမေပဲလေ။ ကိုယ့်သားလေး ပင်ပင်ပန်ပန်းရေခတ်ရတာ ဘယ် ကြည့်ရက်နိုင်ပါ့မလဲ။ ဒီညနေ ခင်းမတော့ ကလေးတွေ ကိုရေကန်မှာပဲ ရေသွားချိုးပေးလိုက်သည်။

“ဟဲခင်လှဝေ ဟင်းနွေးဖို့ မမေ့နဲ့ နော်။ နင် ဟို ဘူးသီးဟင်းခါးက မလောက်ရင်ရေလေးရောလိုက်။ ဟင်းချို မှုန့် လေး ဆားလေး ထပ်ထည့် ဟို ပန်းကန်စင်အောက်မှာ ငရုတ်ကောင်းဘူးက။ ဆူတော့ခပ်လိုက် သိပ်အများ ကြီး မထည့်နဲ့ နော်အဲဒီငရုတ်ကောင်းကစပ်တယ် ………..”

ပြောရင်းဆိုရင်း ကလေးခါးထစ်ခွင်ကာ ရေချိုးဆင်းသွားသော စောဝေအသံဝေးဝေးသွားသည်။ ခင်လှဝေ လည်း ဟင်းအိုးလေးနွေး၊ ဟင်းခါးအိုးလေးရေရောပြီး အမေ့ အတွက်သနပ်ခါးသွေးထားရသည်။ ပြန်လာ၍ သနပ်ခါး သွေး မထားရင် ခေါင်းခေါက်ခံရဦးမည်။ ခေါင်းခေါက်တာကို ခင်လှဝေ မကြောက်ပါ။ ခုနှစ်အိမ်ကြား ရှစ်အိမ် ကြားအမေအော်မှာကိုသာကြောက်သည်။ အပျိုဖော်ဝင်လာပြီဖြစ်သော ခင်လှဝေသည် ရှက်တတ် လာပေပြီ။ သို့ တိုင် အမေ က ဒေါသထွက်ရင် လေသံကို မလျှော့သေး။

ကိုသံချောင်းကတော့ ညဆိုမိုးချုပ်မှ အိပ်ပြန်ရောက်တတ်သည်။ စောဝေ ကနေ့ လည်စာ ကိုသာ လင်ဖြစ် သူ အိမ်ရောက် အောင်စောင့်ပြီးမှစာတတ်သည်။ ညစာတော့ဘယ်တော့မှမစောင့်။ မူးလာသောလင်ကိုလည်း ဘယ် တော့မှထမင်းခူးမကျွေးတတ်။ ခင်လှဝေသာ အဖေ့ ကိုသံချောင်းကို အမြဲထမင်းခူးခူးကျွေးရသည်။ စောဝေ ထ မင်း ခူးမကျွေးတာလဲခပ်ကောင်းကောင်းရယ်ပါ။ စောဝေက ဗျစ်တောက်ဗျစ်တောက် ကိုသံချောင်းက စကား များ များနဲ့ ခင်လှဝေတို့ တော်တော်နဲ့ အိပ်ရမည်မဟုတ်။

ကိုသံချောင်းနဲ့ ထွန်းအောင်တို့ အတွက် ထမင်းဟင်းဖယ်ပြီး သူတို့ သားအမိတစ်တွေစားကြသောက်ကြသည်။ တစ်ခါတစ်လေ ထွန်းအောင်က ညစာအမှီရောက်လာပြီးတစ်ခါတည်းဝင်စားတတ်သည်။ စောဝေ ကရုပ်ရှင် ကြိုက် တတ်သည်မို့ ညဘက် ကိုးရီးယားကားပဲဖြစ်ဖြစ်၊ ကိုးနာရီ နောက်ပိုင်းလာ တဲ့ ဇာတ်ကား တစ်ခုခုပဲ ဖြစ် ဖြစ်၊ ဦး ကြွက်နီတို့ အိမ်တွင်သွားသွားကြည့်တတ်သည်။ ခင်လှဝေကတော့ စာဖတ်ရင်းပဲ ဖြစ်ဖြစ်၊ အိမ်စောင့် ရင်း ပဲဖြစ် ဖြစ်ကျန်ရစ်ခဲ့ သည်ကများသည်။ ကျောင်းပိတ်ရက်တွေဆိုရင်တော့ အိမ်တံခါးပင် သော့ခတ်၍ ခင်လှဝေ ပါ လိုက်သွားတတ်သည်။

တီဗီဇာတ်လမ်းတွေပြီးလို့ စောဝေတို့ သားအမိတတွေအိမ်ပြန်ရောက်တော ညဆယ့်တစ်နာရီခွဲ ဆယ့်နှစ်နာရီ ရှိ နေတတ်ပြီ။ ကိုသံချောင်းကတော့ ဒီလိုအချိန်မျိုးကျမှ ဆိုက္ကားကို လမ်းတစ်ခုလုံးပြည့်အောင်နင်းကာပြန်လာ တတ်မြဲဖြစ်သည်။ တစ်ခါတစ်ရံ သားအဖနှစ်ယောက်ဘယ်အရပ်တွင်တွေ့ ခဲ့ သည်မသိ သားကဆိုက္ကားနင်း ဖ အေလုပ်သူက ဘဝဒဿနတွေပြောကာ ဆိုက္ကားပေါ်တွင်အခန့် သားပါလာတတ်သည်။

ဒီကနေ့ တော့ ကိုသံချောင်းကိုယ်တိုင် ဆိုက္ကားနင်းလာသည်။ ကိုသံချောင်းဆိုက္ကား ဘဲလ်သံကို စောဝေ အ လွတ် ရနေပြီ။ လမ်းမမှ သူတို့ နေရာလမ်းကျဉ်းလေးထဲသို့ ကွေ့ လိုက်တာနှင့် ကိုသံချောင်းက ဘဲလ်ကို အဆက် မပြတ် များတီးလာလျှင် ပို ၍ပင်သေချာသွားသည်။

“ဟဲ့ ခင်လှဝေ ညည်းအဖေကို သည်းဟာညည်း ထမ်းခူးကျွေးလှည့်၊ ငါကတော့ ခူးမကျွေးနိုင်ဘူး အဲဒီ ငမူး ကို။ ဆိုက္ကားများမလဲ မှောက်ကိုမမှောက်နိုင်ဘူးတော်။ ဒီအရက်သမားများ ဘုန်းကလည်းကြီးပါဘိသနဲ့ ။ သေ မသေ နိုင်ဘူး။”

စောဝေကတော့သူ့ ဝသီအတိုင်း ကျိန်ဆဲမြည်တွန်လျက် အိမ်ခန်းနံရံကိုမှီကာ မုဆိုးထိုင်ထိုင်နေသည်။ စောဝေ အသွင်က ကိုသံချောင်း ဝင်လာရင်ဖြင့် ချက်ချင်းပင်ဓါးနဲ့ ထခုတ်မည့်ပုံစံမို့ ။ ခင်လှဝေ ကဗျာကသီ ထိုင်ရာက ထ လိုက်သည်။ တော်ကြာ ကြားထဲက ငထွားကခါးနာဦးမည်။ အမေနဲ့ အဖေ များရန်ဖြစ်ရင် ကြားထဲ က ခင်လှဝေ တို့ မောင်နှမတွေ အတီးခံရပေါင်းမနည်းတော့။ ကိုသံချောင်းက သီချင်းလေးညည်းလျှက်အိမ်ထဲသို ဒေါင်ချာ စိုင်းပြီး ဝင်လာသည်။ အိမ်ဖိနပ်ချွတ် တွင်ခလုတ်တိုက်လိုက်သေးရာ ကိုသံချောင်း နှုတ်က ခွီးကနဲ့ ဆဲလိုက် သည်။

“သေပါစေတော်” စောဝေ ကျိန်ဆဲသံကခပ်အုပ်အုပ်ထွက်လာသည်။ ကိုသံချောင်းက လဲရာကထရင်း စောဝေ ကို မီးသီးဝါဝါအောက်တွင် သနပ်ခါးအဖွေးသား နှင့်ပုံ့ ပုံ့ ကြီးထိုင်နေသော စောဝေကို မော့ကြည့်သည်။ သူ့  မျက် နှာက မချိုမချဉ်နှင့်မို့ စောဝေမျက်နှာမဲ့ရွဲ့ ပြီးတစ်ဖက်သို့ လှည့်လိုက်သည်။ ပါးစပ်ကလည်း တစ်ခုခုပြော နေ သော်လည်း ခင်လှဝေမကြားလိုက်ရ။

“အိုး….ဟိုးဟိုး……… ငါ့ မိန်းမက ငါ… ပြန်အလာကို မျှော်နေတာကိုး။ ကဲ ငါပြန်လာပြီ။ ဗိုက်ဆာတယ် ကွာ ထမင်းကျွေးတော့… အေ့…..ဟဲဟဲ…ဟဲ….စောဝေ… ဟဲ့စောဝေ ငါပြန်လာပြီလေ”

ကိုသံချောင်းအသံက ရိသဲ့သဲ့။ စောဝေက နဂိုကမှပြောချင်နေသည်မှာ ခုမှအကွက်ဝင်သွားသည်။
“ဟဲ့ ... ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအော်မနေ နဲ့ ဘယ်အချိန်ရှိပြီလဲ။ ဒီအရည်တွေသောက်လာရင် နင့် ပါးစပ်ကို ပိတ်ထားစမ်း။ မျိုစရာရှိ တာမျို ကျက်သရေမရှိမင်္ဂလာမရှိ ပြောချင်ရာတွေပြောမနေနဲ့ …..”

ကိုသံချောင်းအသံထက် နှစ်ဆသုံးဆကျယ်အောင် စောဝေအော်ပစ်လိုက်သည်။ စောဝေအသံကြောင့် သူမ ဘေး တွင်အိပ်ပျော်နေသော အငယ်မလေးပင် တုန်တက်သွားပြီး မျက်လုံးလေး ကလည်ကလည်နှင့် အမေလုပ် သူ ကို ပြူးကြောင်ကြောင် ကလေးကြည့်နေသည်။

“တယ်ဒီမိန်းမ ငါလုပ်လိုက်ရ။ လင်လုပ်တဲ့ သူကတစ်နေ့ လုံးနေပူပူ မိုးရွာရွာဆိုက္ကားနင်းပြီးပြန်လာတာ ထမင်း လေး တောင် ခူးကျွေးဖော်မရဘူး။ နင်တော့လေ ကြာလေ အချိုးမပြေလေပဲ…အေ့…”

သမီးလုပ်သူ ခူးကျွေးသော ထမင်းပန်းကန်ကို ကိုင်ရင်း ကိုသံချောင်းက ပြန်ပက်လိုက်သည်။ ခင်လှဝေက တော့ ဟင်းခါးခွက်လေးအဖေ့ ရှေ့ ချကာ အသာထိုင်နေလိုက်သည်။ စောဝေရဲ့ ဒေါသကအမောက်ထောင်လာ ပြန် သည်။

“နင် ငါ့ဘယ်နှစ်ပြားပေးလို့ ငါကနင့်ထမင်းခူးကျွေးရမှာလဲ။ ရသမျှ ဒီအရည်ပဲသောက်နေ။ နင့် လို မသာ က သေ ကိုမသေနိုင်ဘူး။ နင် နင်းတဲ့ ဆိုက္ကားတောင် ငါဝယ်ပေးထားလို့ နင်းရတယ်အောက်မေ့ ။ နင့်လို့ အရက်သ မားကို ဘယ်အုန်နာမှ မငှားဘူး။ ဒီအရည်ဝင်လာရင် နင့်ပါးစပ်ကိုပိတ်ပြီး မျိုစရာရှိ မျိုစမ်းပါ သံချောင်းရဲ့ ….”

မျိုလက်စ ထမင်းပင် လည်ချောင်းထဲသို့ ကန့် လန့် တိုက်ပြီးဝင်သွားအောင် စောဝေအသံက စူးစူးဝါးဝါး နိုင် သည်။ နေ့ ခင်းကလို ကိုသံချောင်းသာဆိုရင်တော့ အသာငြိမ်နေလိုက်မည်သာ။ သို့ သော် ခုကိုသံချောင်းက တော့ ရဲဆေးတင်ထားလေတော့ ………….

“ အော်…. နင် ကငါ့ကို ထမင်းခူးမကျွေးချင်ရအောင် ဘယ်လင်ငယ်ကို သွားခူးကျွေးနေလို့ တုန်း.. ဟင်… ငါမ ပြောချင်လို့ ကြည့်နေတာ ဟိုအေးမောင် ဆိုတဲ့ အကောင်နဲ့ နင်နဲ့ မနေ့ ကပလူးပလဲလုပ်နေတာ။ဟင်း ငါ့တောင် မမြင်ဘူး။ ကောင်မကို က ငါရှေ့ မှာတောင်ဖောက်ပြန်ချင်နေတာ.. နင့်အချိုးတွေ ပြင်ထားနော်။ နှစ်ယောက်လုံး ရိုက်သတ်ပစ်မယ်ဘာအောက်မေ့လဲ…သံချောင်းကို….”

ပွဲကတော့စပြီ။ ခင်လှဝေ ကိုယ်လေးအသာရို့ ၍ အမေ့ ရှေ့ က အငယ်မလေးကို မချီပြီး အိပ်ခန်းထဲ အပြေး တစ် ပိုင်း ဝင်သွား သည်။ ထမင်းပန်းကန်ပဲပျံလာမလား။ အမေ့ လက်က သနပ်ခါးတုံးပဲပျံလာမလားမသိ။ စော ဝေ က တော့ ဘီလူး ဆိုင်းတီးနေလေပြီ….

“ ဟဲ့ အေးမောင်က ငါ့လို ကလေး ငါးယောက်နဲ့ ကောင်မကို ကြံမလားဟဲ့ နွားရဲ့ ။ အမယ်လေး ဒင်းများင့ါ ကြံ လို့ က နင့်လိုအကောင်ကို ဆယ်ခါပြန်တောင်ထားခဲ့ သေးတယ်။ ဟွန်း.. ဒီကလဲ စောဝေလေ ….တစ် ဝေ တည်းရှိတယ်။ နင်ကပဲသတ်မလား ငါကပဲနင့်ဓါးနဲ့ ပြန်ခုတ်မလားစမ်းကြည့်လေ…...”

“တယ်ဒီမိန်းမ ငါလုပ်လိုက်ရသေတော့မယ်။ တော်တော့ပါးစပ်ပိတ်ထားစမ်း။ ငါလက်မပါချင်ဘူးနော် စောဝေ”

ကိုသံချောင်းက ထိုင်ရာမထ လေပြေလေးနဲ့ ပြောနေသော်လည်း စောဝေကတော့ လက်သီးလက်မောင်း တန်း နေပေပြီ။ အိမ်ပေါ်သို့ တက်လာသော အောင်ကျော် နဲ့ အောင်ထွေးကတော့ အခြေအနေမကောင်းမှန်းသိ၍ အိမ် ရှေ့ အဖေ့ ဆိုက္ကားပေါ်သို့ သွားထိုင်နေကြသည်။ ခင်လှဝေကတော့ အငယ်မလေးကို ဖက်ရင်း အိပ်ခန်း ထဲမှာ အ သာလေးငြိမ်ပြီးလှဲနေသည်။ အငယ်မလေးကလည်း အမေ့ အသံကြောင့် ခင်လှဝေရင်ဘတ်ထဲ တွင် ခေါင်းက လေး ပုနေသည်။

“ ပါရဲ ပါကြည့်ပါလား။ နင်လုပ်စာ စားနေတာမဟုတ်ဘူး။ ကိုယ်မွေးထားတဲ့ သားသမီး နင်မရှိလဲ ငါကျွေးနိုင် တယ် ငမူးရဲ့ ။ လာလေ သတ္တိရှိရင်ငါ့အသားကိုထိကြည့်စမ်း။ ထိကြည့်စမ်း….”

ကိုသံချောင်းက တံမြက်စည်းကြီးကိုင်ပြီး သူ့ ကိုဓါးကြိမ်းကြိမ်းနေသော စောဝေကို တစ်ချက်မော့ကြည့်လိုက် သည်။ မီးရောင်ဝါဝါအောက်တွင် စောဝေပုံက သူ့ ကို စားမတတ်ဝါးမတတ်။ စောဝေ ကတော့ ဒေါသလေးက အ ရှိန်ကောင်း လာပြီမို့ အောင့်အီးထားသမျှ တတွတ်တွတ်ပြောရင်းက အိမ်ပေါ်တွင်ဆွေ့ ဆွေ့ ခုန်နေ သည်။ ကိုသံ ချောင်း ငြိမ်သွား သည်။ သူ ကငြိမ်သွားလေ စောဝေက ဝုန်းတိုင်းကြဲလေ။ တစ်အိမ်လုံးသိမ့်သိမ့်ကို တုန် လို့ ။

“ စောဝေ … ငါပြောနေတယ်နော်… တော်တော့လို့ ….ငါလက်ပါရင်မကောင်းဘူး…”

“အမယ်လေး အရပ်ကတို့ ရေ လင်… ကမယားကို ကြိမ်းနေတာ ကြားကြရဲ့ လား။ လာစမ်း လာစမ်းပါ စမ်းကြည့် လိုက်စောဝေကို…နင်လို ငမူး က…လာလေ….”

“ အမယ်လေး တာဝန်တွေကျေလွန်းတော့ မယားကို ရိုက်ပေါ့။ ဟင်း စောဝေမရှိရင် နင်ထမင်းတောင် နပ်မှန် အောင်စားရမှာမဟုတ်ဘူးေ--နာရဲ့ ။ ငါ့သားသမီးတွေ နင်ရှာကျွေးတာများစားရရင် လျှာပေါ်မြက်ပေါက်မယ်။ နင် ဘာမှားအသုံးကျလို့ လဲ..တစ်နေ့ တစ်နေ့ မူးရူးနေတဲ့ ကောင်က ငါ့ကိုရိုက်ချင်သေးသတဲ့ တော်…ကြားလို့ မှ ကောင်းကြသေးရဲ့ လား။”

အရပ်ကိုတိုင်တည်လျက် အော်ဟစ်ပြောဆိုနေသော စောဝေကတော့ တားမရဆီးမနိုင်ကို ဒေါသတွေ လှိုင်လို့  နေသည်။ ကိုသံ ချောင်းထမင်းစားတဲ့ လက်ကို ဆေးပြီး ပုဆိုးကိုဖြန့် ကာ ပါးစပ် နှင့်လက်ကိုသုတ်ရင်း ယိုင်တိုင် တိုင် နှင့် စော ဝေကိုကြည့်သည်။ ထို့ နောက်ဘာမပြောညာမပြောနှင့်….

“ ကဲဟာ....... ဒီလောက် ပါးစပ်သရမ်းတဲ့ မိန်းမ…....”

စောဝေ၏ “ အမယ်လေးတော်..” ဟူသောအသံက ခပ်အုပ်အုပ်ထွက်ပေါ်လာသည်။ စောဝေတို့ အိမ်ကြီး ရုတ် တရက်ငြိမ်ကျသွားသည်။ စောဝေကတော့တအီးအီးနှင့်ငိုရင်း အိမ်ရှေ့ ကြမ်းပေါ်တွင် ခွေခွေလေးလဲနေသည်။

“ဟာ............. အဖေ............ ဘယ်လို လုပ်လိုက်တာလဲ … အမေ … အမေ….”

ထွန်းအောင် ၏ စိုးရိမ်တကြီးမေးသံက အိမ်ဝမှ ပေါ်လာသည်။ အပြေးအလွှားနှင့်စောဝေဆီသို ထွန်းအောင်ပြေး သွားသည်။ ယမ်းပုံမီးကျ ဒေါပွနေခဲ့ သော စောဝေတစ်ယောက်တော့ မျက်ရည်လည်ရွှဲနဲ့  ကြူကြူပါအောင် ငို နေ သည်။

“ ဟာ အမေ … အမေ … ဘာဖြစ်သွားလဲ … သွေးတွေနဲ့ ထထဆေးခန်းသွားမယ်..ဟာ သွေးတွေအများ ကြီးပဲ အဖေ အမေ့ကိုကြည့်ပါဦး …နှုတ်ခမ်းကသွေးတွေအရမ်းထွက်နေတယ်.. လှဝေ လက်ကိုပုဝါလေး ယူခဲ့ စမ်း မြန်မြန်…အမေ .. အမေ…”

ကြမ်းပြင်ပေါ်တွင် စောဝေသွားနှစ်ချောင်းက အဖွေးသားကျနေသည်ကို ခင်လှဝေတွေ့ လိုက်ရသည်။ အမေ က တော့ တရှုံ့ ရှုံ့  သာငိုနေသည်။ သွေးတွေကော ချွေးတွေကော မျက်ရည်တွေကော…ထွန်းအောင်က စောဝေ၏ ကွဲသွား သော နှုတ်ခမ်းကို လက်ကိုင်ပုဝါဖြင့်အုပ်ကာ အမေလုပ်သူကို ထူလိုက်သည်။ ခင်လှဝေကတော့  သွေး သံရဲ ရဲ မြင် ပြီး ဘာလုပ်ရမယ်မသိ ခြေတွေလက်တွေတုန်လို့ … အငယ်မလေးကလည်းလန့် ဖျပ်ပြီးငို။ ကိုသံ ချောင်း ကတော့ အိမ်အပြင်ဖက်ကိုလှည့်ကာ ခေါင်းကြီးငုံ့ ပြီးထိုင်နေသည်။

“ အောင်ကျော် ဆိုက္ကားလှည့်ထား။ ငါအမေ့ ကိုဆေးခန်းပို့ မလို့ ။ ဟဲ ခင်လှဝေ အမေ့ပိုက်ဆံအိပ်ပေးလေ။ ငါ့မှာ တစ်ထောင်ပဲရှိတယ်။ အမေ့ နှုတ်ခမ်းက ကွဲသွားတာမနည်းဘူး။ ချုပ်ရပြုရဆို လောက်မှမဟုတ်ဘူး..”

ခင်လှဝေ ကတော့ အငယ်မလေးကိုချီပြီး အိမ်ရှေ့ တွင် အောင်ထွေးနဲ့ အတူရပ်ကျန်ရစ်ခဲ့ သည်။ အောင် ကျော် ကတော့ ငိုယိုပြီးထိုင်နေသော သူ့ အမေကိုဖက်ရင်း ထွန်းအောင်နင်းသောဆိုက္ကားနောက်ကပါသွားသည်။ စော ဝေ ၏ ရှိုက်သံက ခင်လှဝေတို့ မောင်နှမတွေ နှင့်ဝေးလို့ ဝေးလို့ သွားသည်။ ကိုသံချောင်းကတော့ အိမ် ရှေ့ ဘု ရား စင်အောက်တွင်ဆန့် ဆန့် ကြီးအိပ်ပျော်နေပြီ။

သူမ ပေါင်ပေါ်တွင်နှစ်နှစ် ခြိုက် ခြိုက်အိပ်ပျော်နေသော ညီမလေးကို ကြည့်ရင်း ခင်လှဝေ တစ်ယောက် ပါးပေါ် သို့ ကျလာသောမျက်ရည်ကို လက်ခုံနှင့် အသာသုတ် လိုက်သည်။ အဖေလုပ်သူကို လှည့် ကြည့်ရင်းက ခင်လှဝေ မျက် လုံးတွေ ဝေဝါးလို့ သွားပြန်သည်။ သူမ၏ရှိုက်သံက ညသန်းခေါင်းယံတွင် ဤအိမ်လေးထဲ၌ ခပ် အုပ်အုပ် က လေး ထွက်ပေါ် လာသည်။ ဟိုးအဝေးဆီက မီးကင်းသံချောင်းခေါက်သံ တစ်ချက် သဲ့ သဲ့ကြား လိုက် ရ သည်။

(မယဉ်ကျေးသော အသုံးအနှုန်းများ အတွက် အထူးတလည် တောင်းပန်ပါရစေ .....ထို စကားလုံးများ အားလုံးကို ဖြုတ် ထားခဲ့ချင် ပေမယ့် ဇာတ်ကောင် စရိုက်လေး မပေါ်လွင်မှာစိုး၍ အနည်း ငယ် ချန်ထား ခဲ့မိပါ သည်။ ခွင့် လွှတ် နားလည်ပေး ဖို့ တောင်းပန် အပ်ပါသည်။)
***********

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ် တတတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

4 comments:

အနော် said...

စေတနာအပြည့်နဲ့ စကားပေမဲ့
ပြောတာ အရမ်းများလွန်းတော့ သူ့စေတနာကနေ ဝေဒနာဖြစ်သွားတာနော်
ဖတ်လို့အရမ်းကောင်းတယ် အကို
အောက်ခြေလူတန်းစားတွေရဲ့ စရိုက်ကို ပီပြင်အောင်ဖွဲ့နိုင်တယ်
နောက်လဲ ဒီထက် စာတွေ ဖတ်ချင်ပါသေးတယ်

မချစ်ရ said...

ဝတ္ထုလေးဖတ်သွားပါတယ်

မယ်ကိုး said...

ဒီလို စရိုက်တွေကို အသေးစိတ်ဖွဲ့ ထားတာ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ အဆုံးသတ်လေးက သနားဖို့ ကောင်းလိုက်တာ... နိုင်ငံတိုင်းမှာ အမျိုးသင်္မီးတိုင်းကို စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုအတွက် အဖွဲ့ အစည်းတွေရှိတယ်။ မြန်မာပြည်က ဟိုအဖွဲ့ အစည်းက တော့ ဘယ်နေရာမှာ ကူညီနေလဲ မသိဘူး။

WWKM said...

အားပေးသွားပြီ မောင်ရန်ကုန်သားရေ.
စာတွေအများကြီး ရေးနိုင်ပါစေ.