Sunday, August 16, 2009

အမေ့သားများသိစေသော်(ဇာတ်သိမ်းပိုင်း)


မွေးပြီးစ အမေများကို သက်ဆိုင်ရာ Ward များသို့ ပြန်လည်ပို့ ဆောင်ပြီး၍ First stage room ထဲတွင် မသင်း သင်းတစ်ယောက်သာ ကျန်တော့သည်။ ကျွန်တော်နှင့် စစ္စတာကြီးက မသင်းသင်းကို တလှည့်စီအားပေးရင် စကားတပြောပြောနှင့် ညကို ကုန်လွန်စေခဲ့လေသည်။ မိုးက တဖြောက်ဖြောက်ကျစဲဖြစ်သည်။ မိုးသံအောက် တွင် သွားဖွားခန်းသည် ငိုက်မြည်းလျက်ရှိ၏။

“ဆရာ ရယ် နာလှပါပြီ မြန်မြန် မွေးအောင်လုပ်ပေးပါလားနော် …. ကျွန်မ မခံနိုင်တော့ဘူး …. ဟင်း …. ”

“အင်းနာတာပေါ့ဗျာ သည်းခံပါဦး မွေးမှာပါ နော် …. အော်လိုက် နာရင် အော်လိုက် အံကြီးကြိတ်မထားနဲ့  အော် လိုက်တော့ တစ်ဝက်သက်သာတာပေါ့ …… ”

ည နာရီပြန် နှစ်ချက်ပင်ထိုးပေပြီ။ မသင်းသင်း၏ သားအိမ်က ကောင်းကောင်းညှစ်သလို သားအိမ်ခေါင်းက လည်း ပုံမှန်ပွင့်သည်။ ကလေးငယ်၏နှလုံးခုန်သံ FHS (fetal heart sound) ကလည်း ကောင်းသည်။ ကျွန် တော်လည်း မျက်ခွံ နည်းနည်းလေးလံလာမိသည်။ သို့ သော် ဂါရဂူအစ်မက အိုတီမှ အဆင်း ရောက်လာသည်။ Ectopic rupture ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပြီ။ အစ်မမျက်နှာက ပင်ပန်း၍နွမ်းနေသော်လည်း ကြည်ကြည် လင်လင် ရှိ သည်။ သားဖွားမီးယပ်ပါရဂူအစ်မများ သည်အခြားသူများထက် ပို၍ အပင်ပန်းခံနိုင်ကြသူများ ဖြစ် သည် ဟုကျွန်တော် ထင်သည်။ အစ်မနှင့်အတူ Assist လိုက်ဝင်သော အလုပ်သင်ဆရာဝန် သူငယ်ချင်း စိုး ထက် တစ် ယောက် လည်း အတူပါ လာသည်။ မသင်းသင်းကတော့ မျက်နှာငယ်လေးနှင့် အစ်မကို ကြည့်နေ သည်။

“ဒေါက်တာရယ် မြန်မြန်မွေးအောင် လုပ်ပေးပါလား နော် ကျွန်မနာ လှပြီ …… ”

အစ်မက မသင်းသင်းကို အား လက်ကလေး ဆုတ်ဖျစ်လျှက် အားပေးသည်။

“ကဲသမီး အားမလျှော့နဲ့ ဦးနော် နီးပြီ နီးပြီ ဟုတ်လား ကဲ ဒေါက်တာ စမ်းပါရစေဦးနော် အေး ဟုတ်တာပေါ့ သမီးရယ် နာတာပေါ့နော် ……. ”

“ဟော ရေမွှာတောင်ပေါက်ပြီး သမီးရဲ့ အင်း ……. ကောင်းပါတယ် သားအိမ်လည်း ကောင်းကောင်း ပွင့်တာ ပဲ နော် … …. အင်းမြန်မြန်မွေးအောင် ဆေးတွေလည်း သွင်းပေးထားတယ် …. အေးအေး”

ကျွန်တော် မသင်းသင်းကို သွေးပေါင်တိုင်းတုန်း အစ်မက FHS နားထောင်သည်။ သွေးပေါင်ကို ကျွန်တော် နှစ် ခါ ပြန်တိုင်းလိုက်ရသည်။ မသင်းသင်းသွေးပေါင်က ပထမတိုင်းတော့ 100/60 mmHg အပေါ်သွေး တစ်ရာ အောက်သွေးခြောက်ဆယ် နောက်တစ်ခါပြန်တိုင်းတော့ 90/60mmHg ကိုးဆယ် ခြောက်ဆယ်ဖြစ်သွားသည်။ ကျွန် တော် အစ်မကို လှမ်းကြည့်လိုက်သည်။ မသင်းသင်းက နေရင်းထိုင်ရင်းက ချောင်း တဟွတ်ဟွတ် ထဆိုး တော့သည်။ သူချောင်းဆိုးပုံကြီးကို ကျွန်တော်မကြိုက်။ သူ မောနေပြီ။ မောပုံက ဗိုက်နာလို့ မောပုံမျိုးနဲ့ လည်း မတူ ….. ဘုရား… ဘုရား….. ။ ဘာများဖြစ်ပြီလဲ ….။

“အဟွတ် အဟွတ် …. အဟွတ် ….. ”

“အစ်မ BP(Blood Pressure) low 90/60 ပဲရှိတယ် ….. ”

အစ်မက ကျွန်တော့ကို ဘာမှပြန်မပြောဘဲ မသင်းသင်း၏ နှလုံး အဆုတ်များကို အသေအချာနားထောင် သည်။အစ်မသည် တည်ငြိမ်လှ၏ ကျွန်တော့် ရင်ထဲတွင်တော့ စိုးရိမ်ပူပန်သွားမိသည်။

“ကျွန်မမောလိုက်တာ ဒေါက်တာရယ် မောလိုက်တာ …. အဟွတ်အဟွတ် …. အဟွတ် ….”

“အေးသမီး အောက်စီဂျင်လေး ရှုလိုက်နော် ….. ကိုစိုးထက် Wall oxygen ဖွင့် hyperbaric (ဖိအား မြှင့်) ပေးမယ် …. သူ Pulmonary odema ရနေပြီ နည်းနည်း ထောင်လိုက် သမီး အေးဟုတ်ပြီး ခပ်လျှောလျှောလေးပေါ့  ဟုတ်တယ် ….. စစ္စတာကြီး Emergency Kit ထုတ် မြန်မြန် ….. ကိုစိုးထက် အိုတီကို ပြေး ပါဦး Alert လုပ်ထား emergency CS (Cesarean Section or C-section ဗိုက်ခွဲမွေးခြင်း/ခွဲစိပ်ကုသခြင်း) တစ်ပွဲအတွက် အဆင်သင့်ပြင်ထားဖို့ ပြော ပြီးတာနဲ့ ဒီကို ပြန်ဆင်းလာ ခဲ့ ဟုတ်ပြီနော် …. ”

ငြိမ်သက်နေသော မွေးခန်းသည် ခဏခြင်း ရှုတ်ယှက်ခတ်သွားသည်။ သူငယ်ချင်းစိုးထက် က နံရံအောက်စီဂျင် ပိုက်လိုင်းကို ဖွင့်ပြီး မသင်းသင်းကို အောက်စီဂျင် mask တပ်ပေးကာ မွေးခန်းတွင်းမှ ခပ်သုတ်သုတ် ထွက်သွား သည်။ အစ်မက မသင်းသင်းအား ထိုးရန် ဆေးမျိုးစုံကို အဆက် မပြတ် ရွတ်ကာ ညွှန်ကြားနေသည်။ သူကိုယ် တိုင် လည်း နားကြပ်ကို မသင်းသင်း ရင်ဘတ်မှ မခွာပဲနားထောင်၊ မသင်းသင်း ဗိုက်တွင် FHS ကို နားထောင် နေ သည်။ မသင်းသင်း၏ သွေးပေါင်က တအား ထိုးကျသွားသည်။ အောက် သွေးကို တိုင်းလို့ မရတော့ အပေါ် သွေး သည် ဆေးတွေထိုးနေရင်းကမှ ခြောက်ဆယ်မပင် မနည်း နား ထောင်ပြီး တိုင်းနေရသည်။

“ဒေါက် …… တာ သား .. …. သား …. -ား … ”

“သမီး အားတင်းထား စိတ်ချ သားဘာမှ မဖြစ်ဘူး နော် အင်းဟုတ်ပြီး ရှူရှူ မရပ်လိုက်နဲ့ ရှူ …… ”

မသင်းသင်း သည် အသက်ကို လုရှူနေရသည့် ကြားက သား … သား ဟု ဝေဝေ ဝါးဝါး အော်နေသည်။ သူမ ခေါင်းထဲတွင် သူ မအသက်ထက် မမြင်ရသော သားကိုသာ စိုးရိမ်ပူပန်နေသည်။ သူမကို ကယ်လို့  မရရင်နေ ပါ စေ သားကို ကယ်ပေးပါလို့ အစ်မကို ပြောနေကြောင်း မပီသသော်လည်း အားလုံး နားလည်နေပါသည်။ မိခင် သည် သားသမီးအား အသက်ထက် ချစ်သည်ဆိုတာ အပြောမဟုတ်ပါ။ မသင်းသင်း၏ မျက်လုံးများ ကဟိုကြည့်သည်ကြည့်ဖြင့် ယောက်ယက်ခတ်နေသည် အသက်ကို ရှူနေသော်လည်း လည်ပင်းကို အညှစ်ခံ ထားရသည့်အသွင်။ သူမ ဝူးဝူးဝါးဝါး သွေးရူးသွေးတမ်းဖြစ်လာသည်။ မငြိမ်မသက် လူးလွန့် လာသည်။ လည်ပင်းကြောတွေက ထောင်လို့  မျက်လုံးအစုံက ဝိုင်းစက်ပြူးကျယ်လို့ ။ ပါးစပ်ကို ဟလျှက် ဟတ်ကနဲ ဟတ် ကနဲ အသက်ကို လုရှူလို့ ။

အစ်မညွှန်ကြားချက်များကို စစ္စတာကြီးနှင့်အတူ ကျွန်တော် အဆက်မပြတ်လိုက်လုပ်နေသော်လည်း ရင်ထဲမှာ ပူလောင်နေသည်။ မသင်းသင်းဘာမှ မဖြစ်ပါစေနဲ့ ဟုလည်း အကြိမ်ကြိမ်ဆုတောင်းနေခဲ့မိသည်။ အကောင်း ကြီးကနေ ထဖောက်တာကလည်း shock ဆိုတော့ ကျွန်တော် တကယ်ကို ခြေမကိုင်မိလက်မကိုင်မိ ဖြစ်မိ သည်။ အစ်မသာ မရှိရင် ကျွန်တော်ဘာမှ လုပ်နိုင်မည်ပင်မထင် ……. ဘာဖြစ်တာလဲဟူသော မေးခွန်းသည် ကျွန်တော့် ရင်ထဲတွင် ပဲ့တင်ထပ်နေသည်။ မသင်းသင်း ကျွန်တော့်ကြောင့်များ ဒီလိုဖြစ်ရတာလား ကျွန်တော် က ဇာတာမကောင်းတဲ့ ဆရာဝန်တစ်ယောက်လား။

လိုအပ်သော ဆေးများကို drip line မှတဆင့် တစ်မျိုးပြီးတစ်မျိုး ထိုးနေရင်းက မသင်းသင်း တစ်ယောက် တခွီး ခွီးနှင့် တစ်ကိုယ်လုံး ဆန့် လိုက်ကျုံ့ လိုက်ဖြင့် တက်ပါလေတော့သည်။ ဦးနှောက်ကိုသွေးကမရောက်တော့ သို့  ကြောင့် Fits (တက်ချင်း) ရခြင်းဖြစ်သည်။ အတက်ကျစေရန် ဆေးများ ထိုးရပြန်သည်။ အတက်ကတော့ ကျ သွား ပါသည် သို့ သော် သူမ မလှုပ်မယှက်ငြိမ်ကျသွားသည်။ လက်ကောက်ဝတ်က သွေးကြော ကိုစမ်း ကြည့် လိုက်သည်။ pulse (သွေးခုန်နှုန်း) မရ။ တံတောင်ဆစ်သွေးကြောကို စမ်းပြန်သည်။ မရပြန်။ လည်ပင်းမှသွေး လွှတ် ကြောကြီးကို စမ်းပြန်သည်။ လုံးဝ သွေးကမတိုး။ သွားပြီ နှလုံးရပ်သွားပြီ………….

Defibrillator (နှလုံး နှိုးစက်) ယူ........ shock ရိုက်မယ်........ ဒေါက်တာတို့ မြန်မြန် ……. ”

အိုတီကို alert လုပ်ပြီးပြန်ဆင်းလာသော သူငယ်ချင်း စိုးထက်နှင့် ကျွန်တော် နှလုံးနှိုးစက်ကိုချက်ချင်းဆွဲယူ၍ မသင်းသင်းကို shock ရိုက်ဖို့ ပြင်သည်။ ကျွန်တော် Electrodes (နှလုံးနှိုးစက်၏ လူနာရင်ဘတ်နှင့်ထိရမည့် အပိုင်း) ကိုလက်ဖြင့် တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။

200 Joule (၂၀၀ ဂျိုးလ်) ….. ရိုက် …. ”

Clear the bed” (shock မရိုက်မီ ကုတင်ကို ဘေးမှလူများ ထိကပ် မနေမိစေရန် နောက်ဆုန်ခိုင်းသည့် သတိ ပေး သောစကား၊ shock ရိုက်သူဆရာဝန် သို့ သူနာပြုမှအော်ပါသည်။ )

ဝုန်းကနဲ့ ဖြစ်သွားပြီး မသင်းသင်း ခန္ဓကိုယ် အနည်းငယ်မြောက်လာသည်။ သို့ သော် နှလုံးကတုတ် တုတ် မ လှုပ်။ သူငယ်ချင်းက လက်ဖြင့် နှလုံးကို ဖိသည် စစ္စတာကြီးက Ambu bag (လက်ဖြင့်ညှစ်ကာ အဆုတ်တွင်းသော လေထိုးထည့်သည့် လေအိတ်) ကို စိုးထက် ရင်ဘတ်သို့ ဖိ ခြင်း နှင့် timing ကိုက်၍ ညှစ်သည်။ ကျွန်တော့် လက်တွေ အနည်းငယ် တုန်လာသည်။ စိတ်ကို တအားတင်းပြီး နောက်တစ်ကြိမ် 360 J ဖြင့်တစ်ခါ ထပ်ရိုက် သည်။ မသင်းသင်း မလှုပ်သေး။ အစ်မက (Adrenalin) အဒရီနယ် လင်ခေါ် နှလုံးညှစ်အားကို ကောင်းစေသော ဆေးကို နှလုံးနေရာသို့ စွပ်ကနဲ တိုက်ရိုက် ထိုးချလိုက်သည်။ ဆေးသည် နှလုံးထဲသို့ တိုက်ရိုက်ဝင်သွားသည်။ စိုးထက်က လက်ဖြင့်ဖိပြီး နှလုံးကို နှိုးသည်။ ကျွန်တော် တို့  ဆရာဝန် သုံး ယောက် စစ္စတာကြီးတစ်ယောက် ဟန်ချက်ညီညီဖြင့် မသင်းသင်း ၏ ရပ်တန့် သွားပြီဖြစ်သော နှလုံးကို နိုးထစေ ရန်ကြိုးစားခဲ့ကြသည်။

“နောက်တစ်ကြိမ်ရိုက် ကလေး ….. လုပ် ဟုတ်ပြီ …. ”

Clear the bed ဆိုတာကို ကျွန်တော် မအော်နိုင်တော့ အစ်မက ဘေးမှ အော်ပေးလိုက်ရ သည်။ ကျွန်တော် တည်ငြိမ်မှုတွေ ရဖို့ ကျွန်တော့ ရှေ့ မှာလူနာတွေ ဘယ်လောက် သေရဦးမှာလဲ။ နောက်ဆုံး အကြိမ်အဖြစ် 360 J တစ်ခါထပ်ရိုက်လိုက်သည်။ တစ်ခန်းလုံးငြိမ်ကျသွားသည်။ ကျွန်တော်သည် လည်းကောင် သူငယ်ချင်း သည် လည်းကောင်း စစ္စတာကြီးသည်လည်းကောင်း ငြိမ်သက်နေကြသည်။ စိုးထက်က ချက်ချင်းပင် လက်ဖြင့် မသင်းသင်းရင်ဘတ်ကို ဆက်ဖိကာ နှလုံးကို ခုန်စေရန်ဖိတွန်းသည်။ အစ်မက မသင်းသင်းလည်ပင်းမှ သွေး လွှတ်ကြော ကိုစမ်းရင်း နှလုံးသံကို နားထောင်သည်။ ထို့ နောက် ကလေး နှလုံးခုန်သံကို နားထောင် သည်။ ကျွန်တော်က တော့ ကြက်သေသေ နေမိသည်။ စိုးထက် ကလည်း တိတ်ဆိတ်လို့ ။

“ကဲ လုပ် stretcher(လက်ဖြင့်မ၍ရသော လူနာထမ်းစင်တစ်မျိုး) ယူ အိုတီတက်မယ် လူကြီးကတော့ မရတော့ ဘူး ကြည့်ရတာ infarct (နှလုံးပုပ်ခြင်း ) နဲ့  လည်း မတူဘူး။ ကလေးကို ထုတ်ရအောင် ကဲ ကိုစိုးထက် မင်းတို့ နှစ်ယောက်ပဲ မလိုက်ကွယ် မြန်မြန် အိုတီ alert လုပ်ပြီးသား…….. မြန်မြန် …… ဟော အတော်ပဲ ညီမလေး လာလာ လူနာရဲ့ ယောက်ျားကို စစ္စတာကြီး ခေါ်ပေးလိမ့်မယ် ညီမလေးက counseling လုပ်ထားပေး သူ့ ကို …….”

သူငယ်ချင်း အလုပ်သင်ဆရာဝန် မလေး စုစုလှိုင်က ward ထဲမှ အပြေးအလွှားရောက်လာသည်။ အစ်မက လူနာ ၏ ခင် ပွန်းကို ဖြစ်ပျက်သွားသော အခြေအနေ အရပ်ရပ်အား ရှင်းပြဖို့ မှာကြားနေသည်။ ကျွန်တော် နှင့်  စိုးထက် က တော့ မသင်းသင်း ကို stretcher ပေါ်တင်မပြီး OT သို့ ပြေးရလေသည်။ မသင်းသင်းရယ်…… သူ့  ရင်ထဲတွင် အောင့်သက် နာကျင်နေသည်။ အာခေါင်တွေခြောက် သွေ့ နေသည်။ သူငယ်ချင်းလုပ်သူကို စကား ပင် ကောင်းကောင်း မပြောနိုင်။

ဤ မျှ တိုတောင်းသောကာလအတွင်း ပြောင်းလဲမှုသည် ကြောက်မယ်ဖွယ်အတိ ဖြစ်သည်။ ကျွန်တော့လက်ကို ကိုင်ပြီး နာလိုက်တာ ဆရာရယ် လို့ ညည်းညူနေသော မသင်းသင်းသည် ယခု တော့ သားလုပ်သူကို ထားကာ လောကကြီးမှ အပြီးတိုင်ထွက်ခွာသွားလေပြီ။ ရုတ်တရက်အဆုတ်ထဲ အရည်တွေ အချွဲတွေ ပြည့်နှက်လာခြင်း ကြောင့် ပင်ပန်းဖုတ်လိုက် မောဟိုက်နေသည့်ကြားက သား ကို မွေးပေးပါလို့  လေသံမဆက်ပဲ ပြောသွား သေး သည်။ မိခင်သည် သေလုမြောပါး ဖြစ်နေသည့်တိုင် သားကို မမေ့ နိုင် သူ့ စိတ် အစဉ်သည် သားကို စွဲလမ်း လျှက် ပူပင်သောကတွေ ရောက် နေသေး သည်။

ကျွန်တော်တို့ နှစ်ယောက် မသင်းသင်းကို မလျှက် အိုတီသို့ တက်ပြီး ချက်ချင်းပင် အိုတီဖွင့်ကာ ကလေးကို ကယ်ခဲ့ကြသည်။ အစ်မ၏ ကျွမ်းကျင်သွက်လက်မှု ကြောင့် ကလေးငယ်သည် တိုတောင်းသော အချိန်အတိုင်း အတာ အတွင်းမှာပင် မွေးဖွားသန့် စင်ပါသည်။ ကလေး ပါရဂူအစ်ကို တစ်ယောက် ၏ သွက်လက်မှန်ကန်သော အသက် ကယ် နည်းစနစ်မျာနှင့်အတူ မသင်းသင်း၏ သားငယ်သည် ဤလူလောကသို့ အောင်မြင်စွာ ဝင် ရောက် လာခဲ့သည်။ ကျွန်တော့် ကြောင့်များလား၊ ကျွန်တော့်ကြောင့်ကေစ့်တွေ ရှုတ်ကုန်တာလား ကျွန် တော် ဒီ အလုပ်ကို ဆက်လုပ်လို့ ဖြစ်ပါတော့မလား။

ကျွန်တော် မသင်းသင်းကို ခွဲစပ်လျှက် ကလေးထုတ်ယူခြင်း တွင် ခွဲစိပ်သူ အစ်မ၏ ဒုတိယ လက်ထောက် နေ ရာ မှသာ နေခဲ့သည်။ စိုးထက်က Ectopic rupture ခွဲစိပ်ကုသမှုကို မလေ့လာ လိုက်ရသော သော ကျွန် တော့် ကို နေရာပေးပါသည်။ သို့  သော် အစ်မ၏ ပထမလက်ထောက် နေရာမှ ဝင်၍ Assist လုပ်ရန် ရှိသင့် သော တည်ငြိမ်မှုတွေ ကျွန်တော့ တွင်မရှိတော့ပါ။ ကျွန် တော် သူငယ်ချင်းကို ကျေးဇူးတင်ကြောင်း ပြောပြီး ငြင်း လိုက်မိသည်။ အစ်မက ကျွန်တော့် ကို အကဲခတ် နေ၏။

ကျွန်တော့၏ ဝမ်းနည်း ကျေကွဲမှုသည် ဟန်ဆောင်မထားနိုင်ပဲ အထင်းသား ပေါ်လွင်နေသည်။ မေ့ဆေး မလို တော့သော ထိုခွဲစိပ်မှုသည် တိတ်ဆိတ် စွာပင် ပြီးဆုံးသွားသည်။ အမြဲတစေ စကားပြောသံ များဖြင့် ဝေဆာ လျှက် ရယ်ကာမောကာ ပျော်ပျော်ပါးပါး ရှိတတ်သော အိုဂျီ OT သည် အနည်းဆုံး သော မဖြစ်မနေ ပြောရ သည့် သတိ ပေးသံ စကားသံ များ မှအပ တစပြင်လို တိတ်ဆိတ်ငြိမ်သက်နေသည်။ ကလေး ငိုသံ ကြားရချိန် တွင် ပျော်ရမည့်အစား မသင်းသင်း ကိုကြည့်လျှက်က ကျွန်တော့်ရင်ထဲ ဆို့ ဆို့ ကြီးဖြစ်နေ သည်။

ကျွန်တော့်စိတ် လူနှင့်မကပ်သလို ခံစားရသည်။ ထုံထုံ ပေပေ ကြီးနှင့် အသိစိတ်ကင်းမဲ့နေသလို ဖြစ်နေသည်။ မသင်းသင်း ကတော့ ခွဲခန်းထဲတွင် အသက်ဝိဥာဉ်ကင်းမဲ့စွာ လဲလျောင်းလျှက်ရှိသည်။ ကျွန်တော် လက်ပင် မ ဆေးနိုင်ပဲ မသင်းသင်းကို ဘေးမှရပ်ကြည့်နေမိသည်။ မသင်းသင်းသည် ပင်ပန်းဆင်းရဲကြီးစွာ နာရီပေါင်း များ စွာ နာကျင်မှု ဝေဒနာကို အောင့်အင်းသည်းခံရင်း သားကို မွေးဖို့ အတွက် ကြိုးပမ်းခဲ့သော်လည်း သားကို မမြင် လိုက်ရရှာပေ။ သားနှင့် သူ့ အသက်ကို အလဲအလှယ်လုပ် လျှက်မိခင်တို့ ၏ မွန်မြတ်လှသော ပေးဆပ်ခြင်း ဖြင့် လောကကို ကျောခိုင်းသွား ပါလေပြီ။ မသင်းသင်း ကိုကြည့်ရင်းက ကျွန်တော့ ရင်ထဲတွင် လှိုက်လှိုက်ပြီးကို ဝမ်း နည်းလာသည်။

ကျွန်တော့ ပခုံးကို နွေးထွေးသော လက်တစ်စုံထိကပ်လာ၍ စောင်းငဲ့ကြည့်လိုက်တော့ အစ်မကိုတွေ့ ရသည်။ အစ်မက ကျွန်တော့်ကို စာနာစွာဖြင့်နှစ်သိမ့်ပါသည်။ လူတွေ သေတတ်ကြတာကို ကျွန်တော်နားလည်ပါသည်။ သဘာဝ ဆိုတာကိုလည်း လက်ခံပါသည်။ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးပါးကိုလည်း သက်ဝင်ယုံကြည် ပါသည်။ သို့ သော် ဘာလို့ များ မေတ္တာစိတ်ဖြင့် ပြည့်လျှံနေတဲ့ မိခင်တစ်ယောက်ကို သေမင်းက ရက်ရက်စက် စက် ခေါ် ဆောင်သွားလေသနည်း။

“အစ်မ ကျွန်တော့်လူနာ …. ကျွန်တော့်ကြောင့်များ …..”

“အို….. ကြံကြံ ဖန်ဖန် မင်းကလဲ ဘယ်သူ့ ကြောင့်မှ မဟုတ်ဘူး ဒီလို အတွေးတွေ မတွေးရဘူး မတွေး ကောင်း ပါဘူး မတွေးရဘူးအဲလို။ ဒါဖြစ်တတ်တယ် ဖြစ်ခဲ့ဖူးတယ် နောင်လည်း ဖြစ်နေဦးမှာပဲ ….. ဒီလိုတွေးရင် အစ်မ လည်း တွေးလို့ ရတာပေါ့ … အစ်မက First On Call လေ …. အစ်မတို့ အကောင်းဆုံး လုပ်ပေးခဲ့ပြီပဲနော် …. အစ်မနားလည်ပါတယ် အရမ်းကြီး စိတ်မကောင်း မဖြစ်နဲ့ ကွာ …. မင်း ရှေ့ လျှောက် ဒါမျိုးတွေ အများကြီး တွေ့  ရ ဦးမယ် ဒီလိုပဲကွယ်….တစ်ခါတစ်လေ အစ်မတို့ တွေ ဘာမှ မတတ်နိုင်တာ အများကြီးရှိတယ် ကံတရားပေါ့ ကွာနော် ဟုတ်လား အဲဒီလို ဘယ်တော့မှ မတွေး ရဘူး မင်း အလုပ်ကို ထိခိုက်လိမ့်မယ်…. အစ်မတို့  ဘာ ကြောင့်ဖြစ်တယ်ဆိုတာ သိမှာပဲ ဟုတ်ပြီလား။ မနက်ကျ အစ်မပါ PM (post mortem examination- သေဆုံးပြီနောက် ရောဂါရှာဖွေခြင်း …..) လိုက်မယ် နော် မင်းကြောင့် လုံးဝ မဟုတ်ဘူး အစ်မလည်းစမ်းတာပဲ အကောင်းကြီးပဲလေ အစ်မသိတယ် …..အစ်မတို့ ကလေးကို ရလိုက်တယ် လေ ဒါ အဆိုးထဲက အကောင်းပဲ နော် …..”

အစ်မက ကျွန်တော့ကို ဖျောင်းဖျသည်။ သို့ သော် ကျွန်တော့်ရင်ထဲတွင် ပူပူနွေးနွေးချည်းရှိသေးသော မသင်း သင်းကို ကြည့်လျှက်က မချိနိုင်ဘူးဖြစ်နေသည်။ သူမကို ဒီကနေ့ ညနေမှ တွေ့ ဖူးသော်လည်း သူမသည် ကျွန် တော့လူနာဖြစ်သည်။ ဆရာဝန်တစ်ယောက် အတွက် လူနာတစ်ယောက် ဆုံးရှုံးလိုက်ရခြင်းသည် ကယ်ဆယ် လို့ မရလို့ လက်လျှော့ရသည့်တိုင် ….. ဘယ်မျှစိတ်မကောင်းဖြစ်ရသည်ကို ကျွန်တော် လက်တွေခံစားနေရပါ ပြီ။ သေမင်းသည် ကျွန်တော်တို့ ကို မမြင်ရသော အရပ်ဆီမှ ဟားတိုက်ခါ ရယ်မောနေလောက်ပေပြီ။ အစ်မ က OT ထဲမှကျွန်တော့ကို အတင်းခေါ်ထုတ်သွားသည်။

“အစ်မ ဘာဖြစ်တာလဲ COD (Cause of Death- သေဆုံးရသောအကြောင်းအရင်း)က Sudden Cardiac Arrest (ရုတ်တရက် နှလုံးရပ်ဆိုင်း ခြင်း) ပဲလား ဟင် ….

“အင်းခုထိတော့ အဲလိုပဲပြောရမှာပဲ … အသေအချာကတော့ မနက်မှ PM မှာတွေ့ မှာပေါ့ …. အစ်မကတော့ Shock ကလဲ ဝင်တယ်ဆိုတော့ Amniotic Fluid Embolism လို့ ထင်တယ် ( ရေမွှာရည်များ၊ သန္ဓေသား၏ အ မွှေးများ ဆဲလ်များ မိခင် ၏သွေးကြောတွင်းဝင်ရောက်ခြင်း) ….. သိပ်တော့မသေချာဘူး တအားမြန်တော့ ဖြစ် နိုင်ချေပေါ့ကွာ ….. Mortality (ဆုံးမှုနှုန်း)က critical care (အကောင်းဆုံးကုသမှုပေးနိုင်သော) ပေးနိုင်တဲ့  အမေရိကန်တို့ အင်္ဂလန်တို့ လို အနောက်နိုင်ငံ တွေက Tertiary centre (ဆေးရုံကြီးများ) တွေမှာတောင် 80% လောက် ရှိတယ် …. အမေကို ကယ် လို့ ရရင် တောင် neurological deficits (အာရုံကြောဆိုင်ရာ ချွတ်ယွင်းမှု) တွေ ကျန်နေခဲ့တတ်တယ် …… ကလေးရလိုက်တာပဲ ကံကောင်းလှပါပြီကွာ ….. ဒီလိုကောင်းတဲ့ ဘက် ကို တွေးပြီးဖြေရတာပေါ့ ….. လူနာတစ်ယောက်ဆုံးရှုံးရတာ ကိုယ့်ခန္ဓာကိုယ်က ခြေတွေလက်တွေ ဖြတ်ပေးလိုက် ရသလိုပဲ ဆိုတာ အစ်မနားလည်ပါတယ်။ အစ်မကိုယ်တိုင်လည်း ငယ်ငယ်က နာနာကျင်ကျင် ခံစားခဲ့ရဖူး ပါတယ် တို့ ဘက်က လုပ်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင်လုပ်ပေး ဖို့ သာ ကြိုးစားနိုင်တယ်လေ ………. ”

“စိတ်ထဲ မကောင်းလွန်းလို့ ပါ အစ်မရယ် ….. ”

ဤကဲ့သို့ သော အဖြစ်မျိုးတွေသည် ကိုယ်ဝန်ဆောင် ရှစ်ထောင်နှင့် သုံးသောင်းတွင် တစ်ယောက်နှုန်းဖြစ်နိုင် သော ရောဂါမျိုးကြောင်း၊ မည်သည့် လက္ခဏာမျှလည်း ပြသလေ့မရှိသဖြင့် unpredictable မျှော်လင့်မ ထားသော အခြေအနေတစ်ရပ်ဖြစ်ကြောင်း၊ သေးဆုံးမှုနှုန် မြင့်မားသဖြင့် မိခင်နှင့် ကလေးတို့ အား ကယ်တင် နိုင်ရန် အခွင့်အလမ်းအလွန်နည်းကြောင်း၊ ဘယ်သူတော့ဖြစ်မည် ဖြစ်နိုင်သည် ဟူ၍လည်း ပြောရန် အလွန်ခက် ခဲကြောင်း အစရှိသဖြင့် Amniotic Fluid Embolism နှင့်စပ်လျှင်း၍ အစ်မက ကျွန်တော်၊ စိုးထက်နှင့် စုစုလှိုင်တို့ ကို စာလည်း သင်ရင်း၊ လုပ်နိုင်ခဲ့သော procedure များ အကြောင်း ကိုလည်းအသေးစိတ် ရှင်းပြ ဆွေးနွေးပေးခဲ့ သည်။

မသင်းသင်းတစ်ယောက် ကံဆိုးလိုက်လေခြင်း။ ဒီလောက်ရှားပါးတဲ့ အဖြစ်မျိုးနှင့်မှ တေ့တေ့ဆိုင်ဆိုင် ကြုံရ ရှာ လေသည်။ မသင်းသင်းကို ရင်ခွဲရုံသို့ များမကြာမီ ပို့ ဆောင်လိုက်ကြသည်။ ကျွန်တော်ကတော့ မွေခန်း ဒေါင့် တစ် နေရာတွင် သာ ထိုင်နေမိတော့သည်။ ထိုညတွင် မသင်းသင်း၏သားလေးသည် နောက်ဆုံးမွေးဖွားသော ကလေးငယ်ဖြစ်၍ မိုးလင်းပေါက်ငုတ်တုတ်ထိုင်ရင်း မသင်းသင်းကို သာ မြင်ယောင်နေမိခဲ့လေသည်။ “နာလိုက် တာ ဆရာရယ်…… ” ဆိုတဲ့ အသံတွေ၊ ……. “ဒေါက်တာ သား သား …” ဟု မပီပသ ဝိုးတဝါးအော်သံတွေ ကျွန်တော့် နား ထဲက ပျောက်ကွယ်သွားအောင် ဘယ်လောက်အချိန်ယူရဦးမည် မသိပါချေ။

နောက် တစ်နေ့ နံနက် မိုးလင်းချိန်တွင် အစ်မနှင့်အတူ ကျွန်တော် PM examination အတွက် ရင်ခွဲရုံသို့  သွား ကြည့် ခဲ့ ကြသည်။ အစ်မထင်သည့် အတိုင်းပင် မသင်းသင်း သေဆုံးရသော အကြောင်းအရင်းမှာ Amniotic Fluid Embolism ဖြစ်နေလေသည်။

“ကဲ စိတ်ရှင်းတော့ နော် မင်းကြောင့်မဟုတ်ဘူး အဲဒီအစွဲကြီး ချွတ်ပစ်စမ်းကွာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရ တယ် နောက်ရှေ့ လျှောက် မင်းဒီလိုတွေးနေရင် ဘယ်လို ဆေးကုမလဲ ဟုတ်လား … စိတ်ထဲ သက်သာအောင် ဖြေရတယ် နားတော့ အိမ်ရောက်ရင် ရေမိုးချိုး စားသောက်ပြီး အိပ်လိုက် …. ဟုတ်လား ”

အစ်မက ကျွန်တော့ ပုခုံးကို ပုတ်ပြီးနှစ်သိမ့်သည်။အမေ …. ကျွန်တော် အမေ့ကို တမ်းတမိသည်။ ဆေးရုံမှ အိမ် အပြန်ခရီးတွင် စိတ်အစဉ်သည် အမေ့ဆီကိုသာ ရောက်နေလေသည်။ ဒီလိုအဖြစ်မျိုး အမေကံကောင်း ၍ မကြုံ ခဲ့ရခြင်းဖြစ်သည်။ အမေ့ကို လူ့ လောကထဲ မရောက်ခင် ကတည်းက ဝေဒနာတွေ ပေးခဲ့ပြီးပါပြီ အမေ … ကျွန် တော့် ကြောင့်အမေ ဘယ်တော့မှ မနာကြင်စေရဘူး … စိတ်မဆင်းရဲစေရဘူး ….. အမေက ကျွန်တော့်ကို ချစ် သလို ကျွန်တော်လည်း အမေ့ကို အသက်လို ပဲချစ်တယ် …… အမေ …….

ဤစာဖြင့် ကျွန်တော့ အသက်သခင် မွေးသမိခင်၏ ခြေအစုံကို ဦးခိုက်လျှက် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏


ဤဝတ္တုတွင်ပါဝင်သော ဇာတ်ကောင်များသည် ကျွန်တော် ၏ဖန်တီးထားသော ဇာတ်ကောင်များသာ ဖြစ်ပါ သည်။ ထို့ ပြင် ဤဝတ္တုတို တွင်းရေးသားထားသော ဆေးပညာဆိုင်ရာ ဝေါဟာရများ၊ အသုံးအနှုန်းများ၊ အယူ အဆများ၊ နည်းစနစ်များ တစ်စုံတစ်ရာ မှားယွင်းခဲ့ ပါလျှင် ကျွန်တော်၏ အားနည်းချက်သာလျှင်ဖြစ် ပါသည်။ ဖတ်ရှု အား ပေးတဲ့ အတွက် အထူးပင် ကျေးဇူး တင်ရှိပါတယ် ခင်ဗျာ ………..

**********
ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူး တင်ပါတယ်....ကျွန်တော့်ရဲ့ မတတ် တတတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင် တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

17 comments:

မိုးခါး said...

တကယ်လားလို့တောင်ထင်မိတာ
တော်တော်ခံစားလိုက်ရတယ်
ဒီလိုအဖြစ်ဆိုးမျိုး မိခင်တိုင်း ကင်းဝေးနိုင်ပါစေ

Yu Ya said...

ဖတ်လို့ကောင်းလိုက်တာ ကိုရန်ကုန်သားရေ.. အခုနိုးနိုးချင်းပဲ ဖတ်လိုက်တာ မျက်နှာတောင် မသစ်ရသေးဘူး။ ဖတ်ပြီး ရင်ဘတ်ထဲတောင် တစ်စို့စို့ ဖြစ်သွားမိတယ်။ မိခင်တွေရဲ့ မေတ္တာဆိုတာ ခေတ်အဆက်ဆက် မော်ကွန်းထိုးလို့မလောက်တဲ့ အရာတွေပါဗျာ။

စကားမစပ် မဟေသီက မျက်နှာသစ်ဖို့ခေါ်နေပြီး အဟီး..။ဘိုင်..။

yu ya

သားကြီး said...

ဖတ်နေရင်းနဲ့ရင်ထဲနင့်သွားတယ်
ဟုတ်တယ် ကျနော်တို့လူလောကထဲစတင်
ခဲ့ကတည်းက အမေကိုအနာကျင်ဆုံးဝေဒနာ
ပေးခဲ့ကြတယ်
နောက်ထပ်ဘယ်တော့မှ မနာကျင်စေရဘူးး

အနော် said...

အကိုရေ ဘဝတစ်ခုရဲ့အပြောင်းအလဲဟာ တကယ့်ကို ခနလေးပဲနော်
ဖတ်ရင်း စိတ်ထဲ မကောင်းလိုက်တာ
သူ့ခမျာ သားကလေးမျက်နှာတောင် မတွေ့သွားရရှာဘူး
အဲ့တာကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေဟာ သချိုင်းကို တစ်နေ့ သုံးခါ မျက်စောင်းထိုးနေရတယ်လို့ ပြောတာပေါ့နော်
ကိုယ့်ကို အသက်နဲ့လဲပီး လူ့ဘဝထဲရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ အမေ့ကို ပိုပီးတော့ လွမ်းဆွတ်မိတယ် အကိုရေ

sin dan lar said...

ဖတ်သွားပါပြီ...။
အမေတွေကိုရော.. အသက်ကယ်နေကြတဲ့ ဆရာဝန်တွေကိုရော လေးစားပါတယ်။

မယ်ကိုး said...

ကိုရန်ကုန်သားအရေးကောင်းတော့ ရင်ထဲစူးနစ်ကျန်ခဲ့တယ်။
ဒီလိုစာကောင်းတွေ အများကြီးရေးနိုင်ပါစေ။

ဇော် said...

စိတ်မကောင်းစရာပဲဗျာ။
ကျနော်က ကလေးသိပ်ချစ်တတ်တဲ့စိတ် ရှိတယ်ဗျ။ ကျနော်က သူများကိုသာ စိတ်မရှည်ချင်နေမယ်။ ကလေးဆိုရင်တော့ ကျနော် သိပ်စိတ်ရှည်တယ်။ ဒါ့ကြောင့် ကျနော့်မှာ လေးဘက်နာနဲ့ နှလုံး ( အဆို့ရှင်ယောင်ရမ်းမှု ) ရောဂါ ရှိခဲ့တာတောင် ကျနော် လက်ထပ်ပြီးရင် ကလေးယူဖို့ ဆန္ဒအရမ်းရှိတယ်။ ကျနော် သိပ်ချစ်တဲ့ ကလေးလေးမွေးပြီး သူ့ကို ကျနော့်အိပ်မက်တွေအတိုင်း ဖြစ်စေဖို့ ကျနော် အစွမ်းကုန် သင်ပေးမယ်။ ကျနော်သင်ယူထားသမျှ ကျနော်သိထားသမျှ သူ့ကို ကျနော် ဝေမျှမယ်။ သူဟာ အတောက်ပဆုံး ပွင့်လန်းတဲ့ ပန်းတစ်ပွင့်ဖြစ်စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ဒါပေမယ့် မသင်းသင်းလို ကျနော် သေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ ကိုရန်ကုန်။ ??

ဧရာဝတီသား said...

အစ်ကိုရေ
ရင်နင့်အောင် ကောင်းတယ်ဗျာ။ စာအရေး အသားကလည်း ကောင်းတော့ ဖတ်ရတာ ရင်ထဲမှာ နင့်နေတာပဲ။
အမေ့ကို လူ့ လောကထဲ မရောက်ခင် ကတည်းက ဝေဒနာတွေ ပေးခဲ့ပြီးပါပြီ အမေ … ကျွန် တော့် ကြောင့်အမေ ဘယ်တော့မှ မနာကြင်စေရဘူး … စိတ်မဆင်းရဲစေရဘူး …
အဲဒီ့ စာကြောင်းလေး အကြိုက်ဆုံးပဲ အစ်ကိုရေ၊ ရင်ထဲမှာလည်း လင်းကနဲ ဖြစ်သွားတယ်။ အခုလို သုတ၊ ရသ အချိုးကျကျ ရောစပ်ထားတဲ့ စာကောင်းလေးတွေ အများကြီးဆက်လက် ရေးသားနိုင်ပါစေဗျာ။
လေးစားမှုဖြင့်

ကြည်ဖြူပိုင် said...

ကိုရန်ကုန်သားရေ..ပထမဦးဆုံးရောက်ဖူးခြင်းပါပဲ..အပိုင်းတစ်နဲ့နှစ်ကိုတော့မဖတ်ခဲ့ရသေးဘူး. အရမ်းညနက်နေပြီမို့ နောက်နေ့မှပဲလာဖတ်ပြစေနော်။ တကယ်လားလို့ထင်ပြိးဖတ်နေရင်းနဲ့ လှိုက်လှိုက်မောမောကြီးခံစားခဲ့ရတယ်။ မတတ်တတတ်နဲ့ရေးလို့သာပါပဲ..တတ်တတ်ကြီးနဲ့ရေးရင်တော့ စာရေးဆရာတွေထိုင်ငိုမှာအသေအချာပါပဲနော်။ မိဘကိုလေးစားမြတ်နိုးဥိးထိပ်ထားတဲ့ကိုရန်ကုန်သားကိုလဲတအားလေးစားသွားပါတယ်။အနော်ကိုယ်တိုင်လဲမိဘကို အရမ်းတန်ဖိုးထားပါတယ်..မိခင်ကိုထားချင်တဲ့ဆန္ဒလေးပြည့်ပါစေလို့လှိုက်လှိုက်လှဲလှဲဆုတောင်းလိုက်ပါတယ်.ပျော်ရွှင်ပါစေ..နောက်နေ့မှလာမယ်နော်

pho said...

သူငယ်ချင်းရေ တကယ်ကိုကောင်းတဲ့ဝတ္ထုလေးတစ်ပုဒ်ပါပဲ
ငါကိုယ်တိုင်တောင် မွေးခန်းထဲကို ရောက်သွားသလို
ခံစားလိုက်ရတယ်။မင်းရဲ့ဝတ္ထုကြောင့် အမေ့ကျေးဇူးကို
ပိုပြီးတော့သိလာတယ်။ကျေးဇူးအများကြီးတင်ပါတယ်
ဒီကြောင်းလေးကိုရေးပေးလို့ပါ။
အမေ့ကျေးဇူးဆပ်ချင်တဲ့ မင်းရဲ့ဆန္ဒတွေ ပြည့်ဝပါစေကွာ.

Angel Shaper said...

ငါပြောမဲ့စကားတွေ ကိုသားကြီးဦးနေတယ် ဒီနေ့ ဘာဖြစ်နေတာလဲဟ။
ရန်ကုန်... နင့်ပိုစ့်ဖတ်ပြီး ငါ အမေ့ကို ဘယ်တော့မှ မနာကျင်မိစေအောင် ကြိုးစားမယ်လို့  ဆုံးဖြတ်ထားတယ်။
ကျေးဇူးတင်တယ်ဟာ။
နင့်ပိုစ့်လေးအတွက် လေးစားပါတယ်။
နင့်ကိုမခေါ်ချင်ပေမယ့် စာကောင်းလေးကလဲ ဖတ်ချင်တော့ လာဖတ်ရသေးတယ်နော်။ ဟွန်းးးးးးးးးးး

စည်သူ said...

အချွဲတွေ ပြည့်နှက်လာခြင်း ကြောင့် ပန်းပင်ဖုတ်လိုက် မောဟိုက်နေသည့်ကြားက

အကိုရေ.. ပင်ပန်း မှတ်လား.. ပြင်ပေးပါနော်..

လူတွေ သေတတ်ကြတာကို ကျွန်တော်နားလည်ပါသည်။ သဘာဝ ဆိုတာကိုလည်း လက်ခံပါသည်။ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးပါးကိုလည်း သက်ဝင်ယုံကြည် ပါသည်။ သို့ သော် ဘာလို့ များ မေတ္တာစိတ်ဖြင့် ပြည့်လျှံနေတဲ့ မိခင်တစ်ယောက်ကို သေမင်းက ရက်ရက်စက် စက် ခေါ် ဆောင်သွားလေသနည်း။ ..

ဟုတ်တယ်ဗျာ.. မပြောပြတတ်လောက်အောင်ပါပဲ..

နောက်ဆုံးတော့မှပဲ သက်ပြင်းလေးချမိတော့တယ်ဗျာ
အတော်လေးကို မောဟိုက်သွားတယ်..

မေကို သိတတ်နားလည်လို့ အတိုင်းအဆမသိ
လေးစားဂုဏ်ယူမိပါတယ်..

ဘယ်အရာနဲ့မှ လဲလို့မရ
ဘယ်အရာနဲ့မှ နှိုင်းလို့မရတဲ့ မိဘကျေးဇေူးကို သိတတ်သူတစ်ယောက်.. ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ..

လေးစားစွာဖြင့်
စည်သူ။

WWKM said...

ဇူလိုင် ၁၈ အတွေ့အကြုံလေးလာဖတ်သွားပါတယ်
ရန်ကုန်သားရေ..စာတွေရေးချင်စိတ်ပေါက်နေတယ်
မဟုတ်လား.. ဆက်သာရေး အရှိန်ကောင်းတုန်း.း)
နောက်မှ အအိပ်ပျက် ၊အစားပျက်ပြီး ကြာလာမှ နည်း
နည်းငြီးငွေ့လာလိမ့်မယ်။း))
ပရိဿတ်တွေရဲ့လက်ခုတ်သံကြောင့် နဂိုကပြုံးဖြီးဖြီး
ဖြစ်နေတဲ့ ရန်ကုန်သားမျက်နှာကြီး ဘယ်လိုဖြစ်နေမလဲ
ဆိုတာကို မတွေးတတ်အောင်ပဲ.း)))))


ပျော်ရွှင်စွာနဲ့ ဘလော့ဂင်နိုင်ပါစေ။

မကြီးဝါ

တလနွန် said...

ဆေးပညာအသုံးအနှုန်းတွေနဲ့ အတူ အချိန်ပေး လေ့လာ ရေးသားထားတာလေးကို ချီးကျူးပါတယ်။
အမေတစ်ယောက်နေရာကနေ ကျနောတို့ ကိုလူလောက
ထဲရောက်အောင် ဘယ်လောက်ထိ ခက်ခဲပင်ပန်းလဲ ဆိုတာကို ဖော်ပြသွားတာလေးကို ရင်နင့်အောင် ခံစားရပါတယ်။
ကိုရန်ကုန်သား ရဲ့ စာတွေကနေ သုတရသအပြည့်ယူဆောင်သွားတယ်ဗျာ

ခင်မင်ခြင်းနှင့်
တလနွန်

WWKM said...

အစ်မက မြန်မာပြည်ရောက်ရင် ကလေးတစ်ယောက်ထပ်ယူဦးမလို့ပဲ.ဒီပို့စ်ဖတ်ပြီး လန့်စ်
သွားပြီ။း)
Amniotic Fluid Embolism ကြီးဖြစ်ရင်ဒုက္ခ။
ကိုယ်သေမှာမကြောက်ပေမယ့် ကလေးကို မိဘမဲ့လေး
ဖြစ်မှာတော့ ကြောက်တယ်လေ။

rose of sharon said...

စိတ်မကောင်းစရာဘဲနော်... စာရေးသူကလဲ သေသေချာချာလေ့လာပြီးမှရေးထားပုံရတယ်... စာရေးကောင်းလိုက်တာ... ကျမနဲ့များကွာပါ့...

ဝက်ဝံလေး said...

ရန်ကုန်သားရေ အခုမှရောက်ဖြစ်တယ်ကွယ် အမေ့သားများ သိစေသော် ကို အစအဆုံးထိုင်ဖတ်သွားတယ် ကောင်းတယ်နော် ဆေးပညာတွေလဲ သိနေပုံထောက်ရင် ဆရာဝန်လားဗျ ရန်ကုန်သားက ဆရာဝန်မဟုတ်ပဲနဲ့တော့ ဒီလောက် သိလိမ့်မယ် မထင်ဘူး ဗဟုသုတ အလို့ငှာ လိုက်စားလဲ အဲလောက်တော့သိလိမ့်မယ်မထင်

ဘာပဲဖြစ်ဖြစ်ပါ ဆက်လက်၍ ရေးသားနိုင်ပါစေ နော် ဘိုင် တာ့တာ