Wednesday, August 19, 2009

ဝသီ ဝသီ မိတင်ကြည်

“ ကို ဆွေလင်း တစ်ယောက်ကလေ ပြောလဲ ပြောပြောပဲ ဘယ်တော့မှ မှတ်တယ် မရှိ ဘူး ဒီပုဆိုးတွေကို ဝရံ တာမှာ မလှမ်းပါနဲ့ ဘယ်နှစ်ခါပြောပြော … ခိုက ချေး ပါ ချ တာ ကတစ်မျိုး အောက်လွင့်ကျလို့ လူကောက် သွားတာ က တစ်မျိုးနဲ့  စိတ် တွေ လည်း ညစ် ပါတယ် …… တကယ်ပဲ …. ပုဆိုးတစ် ကွင်း နည်းတာ မဟုတ် ဘူး …… တော်က …… ….. သိပ်ပေါနေတယ် ပေါ့လေ ……”

ဝရံတာတွင် လှမ်းထားသော ပုဆိုးသုံးထည်ကို ရုပ်ပြီး ထဘီလေး ကို လက်တစ်ဖက်က အသာမလျှက် မတင် ကြည် အိမ်ထဲ ပြန်ဝင်လာသည်။ ဧည့်ခန်းထဲ သတင်းစာ ထိုင်ဖတ်နေသော ကိုဆွေလင်းက မယားလုပ်သူကို တစ်ချက်မော့ကြည့်ပြီး ဖတ်လက်စ သတင်းစားဘက် အာရုံပြန်ရောက်သွားသည်။ လက်ထဲက ကိုင်ထားသော နှင်းဆီ ဆေးပေါ့လိပ်ကို လည်း မီး တရဲရဲ ဖြစ်အောင် ဖွာလိုက်သေး၏။

“ရှင့်ပြောနေတာလေ အမယ် သူ မဟုတ်တဲ့ အတိုင်းပဲ ……. ဟိုမှာ ပြတင်းပေါက်တွေ ရှိတယ် ကြိုးတွေ လည်း တန်းထားပေးရက် နဲ့ ……. ပြောတော့ ကျုပ်အသံလူကြားတယ် ရှင်တို့ ကတော့ သတင်းစာဖတ်တောင် မပျက် ဘူး ကောင်းပါတယ် ဖတ်ပါ ဖတ်ပါ ဖတ်တော် မူပါ ….. ”

ရုံးပိတ်ရက်လေး နာအေးပါးအေး နေရမလား မှတ်သော်လည်း မတင်ကြည် က တစ်ဗျစ်တောက်တောက် ပြော နေ သဖြင့် ကိုဆွေလင်း အနည်းငယ် ကသိကအောင့်ဖြစ်သွားသည်။ မတင်ကြည့်ကို ဧည့်ထောက်ခံ ပြော နေ လို့ လည်း နားပိုငြီးတာပဲ အဖတ်တင်မည် မို့ ဘာမှ မပြောဘဲ သတင်းစာကိုသာ ဆက်ဖတ်နေလိုက်သည်။ လက် ထဲက ဆေးလိပ်ကတော့ ဓါးစာခံဖြစ်လို့ သွားသည်။ ဆေးလိပ်ခွက်ထဲ လိမ်တွန့် ပြားကပ်နေအောင် ထိုး ချေပစ် လိုက်သည်။ လုပ်ရတာချင်းတူတူ ပါးစပ်က ပြောနေသေးသလားလို့ စိတ်ထဲ ကတော့ပြောလိုက်မိသည်။

မတင်ကြည်က မီးဖိုထဲ ရောက်သွားပြန်သည်။ အိမ်တွင် ရှိသည်မှ သည်လင်မယား နှစ်ယောက်တည်း။ မတင် ကြည် ပွစိ ပွစိလုပ်ပုံကြောင့် ကိုဆွေလင်း စိတ်အင်မတန်ညစ်ရသည်။ အိမ်ထောင်သက်ကြာလာလေ ဒီဘုတ်အီး မကြီးက လေ တွေ ဖောင်ဖောင်လာလေ။ မိုးလင်းကတည်းက ပြဿနာကစ …. မိုးချုပ်လည်း ညံညံ ညံညံ။ ဘယ် တော့ မှ ငြိမ်းငြိမ်း ချမ်းချမ်းမရှိဘူး ဟု ကိုဆွေလင်းကမှတ်သည်။

“ စားပြီးလည်း ကူဖော်လောင် ဖက်လေး များရမလားလို့ အခန့် သားနဲ့ အိမ်ဦးခန်းမှာ စည်းစိမ်တွေ တည်နေ လိုက်တာ တင်ကြည်တို့ ကတော့ ကျွန်မကြီး….ကိုး …… အိမ်ရှေ့ နဲ့ နောက်ဖေးကို တစ်နေ့ တစ်နေ့ ဘယ်နှစ်ခါ မှန်း မသိ ခေါက်တုံ့ ခေါက်ပြန်နဲ့ …… ဟွန်း ပြောကို မပြောချင်ဘူး ……”

အိမ်ရှေ့ ပူအိမ့်နောက် မချမ်းသာ ဒီမိန်းမ နားရင်းနှစ်ချက်လောက် ပိတ်ရိုက်ပစ်ဖို့ ကောင်းသည်ဟုလည်း တွေး သည်။ သို့ သော် မတင်ကြည့် ကောင်းကွက်တွေ ကလည်း ရှိ ချစ်စလေးကလည်း ရှိ နေပြန်တော့ တော့ ကိုဆွေ လင်း မှိတ်ပြီးသည်းခံနေခဲ့သည်။ သို့ သော် မတင်ကြည်ကတော့ ခါးကိုထောက်၊ မျက်လုံးကြီးပြူး၊ လက်ညှိုး ငေါက် ငေါက်ထိုးပြီး သူ့ ကိုအမြဲ ရန်တွေ့ တတ်သည်။

“ ကိုဆွေလင်း …. ကို…..ဆွေ… လင်း……ရေ …..”

“ဘာတုန်း မတင်ကြည်ရယ် ….. တိုးတိုးသက်သာလုပ်စမ်းပါ ကွာ ဘယ့်နှယ့်ဖြစ်နေတာလဲ …….”

“ရှင် နာရီလေးဘာလေး လည်းကြည့်ဦး ဘုရားဆွမ်းတော် စွန့် တော့လေ ….. အမယ်လေး ကိုယ့် ဗိုက်ဝပြီးရော ဆိုပြီး ထိုင်နေလိုက်တာ။ ဘုရားလည်း အားနာပါဦး။ နေ့ ဖို့ တွေ ညစာတွေ ဖြစ်ကုန် တော့မယ် ….. စွန့် ပြီး ကျုပ်ဆီ ယူခဲ့ တော်။ တစ်ခါတည်း ဆေး ရအောင် ဆေးလို့ ကြောလို့ လည်း ပြီးမပြီး နိုင်ဘူး။ လက်တွေ လည်း ပဲကြီးရေလိုက်လို့  ရိရွှဲနေပြီ ……. မြန်မြန်လာ ရှင့် စောင့်နေတာ ….”

ကိုဆွေလင်း ဘုရားဆွမ်းတော်ကို စွန့်  မီးဖိုထဲ ဆွမ်းတော် ပန်းကန်လေးကိုင်ပြီး ရောက်တဲ့ အထိ မတင်ကြည် က စကားမဆုံးသေး ….

“ မင်းဘယ် လိုဖြစ်နေတာလဲ မတင်ကြည်… အိမ်မှာ နားရက်ကလေး အေးချမ်းချမ်းနေပါရစေ နားတွေ မချမ်း သာ လိုက်တာ ရာသီက ပူရတဲ့ အထဲ မင်းက တပူပူ တဆာဆာ နဲ့ တကယ့် အိမ်ပူရဆာ ပဲ ”

“အလိုတော် မီးဖိုထဲမှာ ချွေးတလုံးလုံး သံတလုံးလုံး နဲ့  မိုးလင်းကတည်းက တရစပ်လုပ်နေရတာ ကျုပ်ပါ ကို ဆွေလင်းရယ်။ ရှင်က ဘုရားဆွမ်းတော်လေး အစွန့် ခိုင်းတာပဲ နားပူသလေး ကျောပူသလေးနဲ့ ….. ဟုတ်ပါ တယ်တော် ကျုပ်က ပူပါတယ် ဆာပါတယ်။ ရှင်တို့ ကသာ အေးချမ်းတာ ဘာမှ သောက မရှိ ဗျာပါဒ မရှိ။ ကြွပါ ကြွပါ ပိဋကတ်တွေ အိုးကွဲပြီး အဲဒီဂျာနယ်တွေ သတင်းစာတွေကို သွားဖတ်တော်မူပါရှင် ….. ကြွကြွ …..”

အိမ်ရှေ့ ပြန်ထွက်သွားသော ကိုဆွေလင်းကျောကို မေးငေါ့လျှက် နှုတ်ခမ်းတလန် ပန်းတလန်နဲ့ မတင်ကြည် တစ် ယောက် ပေါက်ပေါက်ဖောက်ကျန်ခဲ့ လေသည်။ စိတ်ပေါက်ပေါက်နှင့် မတင်ကြည်တစ်ယောက် နှုတ်ခမ်း ကို အစွမ်းကုန် ဆူထားပစ်လိုက်သည်။ မတင်ကြည်မျက်နှာကြီးက စူတူတူ ရှုံ့ တွတွနှင့်အကြည့်ရဆိုးသွားသည်။

“ဟင်း တွေ့ မယ် တွေ့ မယ် … ငါ့ကိုများ အိမ်ပူရဆာ လေးဘာလေးနဲ့ နဲ့ ဘယ်သူ ပူရမလဲ ဆိုတာ ……”

ဒီတစ်ခါတော့ မတင်ကြည် ခပ်တိုးတိုးသာရေရွတ်လိုက်သည်။ မီးဖိုထဲ ဆေးကြောပြီးပြန်တော့ မနက်ခင်းက ဟင်းအိုးတင်ထားတုန်းလေး ဖွတ်ပြီး လှမ်းထားတဲ့  ကိုဆွေလင်း ရှပ်အကျီ င်္လေးတွေ ၊ သူ့ ရှံသားအကျီ င်္ အပါး လက် ပြတ် လေးတွေရယ်ကို အိမ်ပြတင်းဘေး တန်းထားတဲ့ ကြိုးတန်းကနေ ရုပ်ပြီး မီးပူတိုက်ဖို့ ပြင်ရပြန်သည်။
အိမ်ရှေ့ ဧည့်ခန်းမှာ သင်ဖြူးလေးခင်းပြီး မီးပူတိုက်ဖို့ ပြင်လိုက်သည်။ သက္ကလတ်ဆောင်ပါးလေး ခင်းအပေါ်က ကိုဆွေလင်း ပုဆိုးလေး တွေ တစ်ထပ်ပြီးတစ်ထပ် ခင်းခင်းသည်။ ကိုဆွေလင်း ရှပ်အကျီ င်္လေး အသာချလျက် မီးပူ တိုက်ရန် မီးပူကို ဆွဲမလိုက်သည်နှင့် တစ်ပြုင်နက် မတင်ကြည် စူးကနဲ့ တစ် ချက် ထအော်လိုက်သည်။

“အမယ်လေးတော် ကိုဆွေလင်းရဲ့ ……ငရုတ်သီးတွေ စပ်ကုန်ပါပြီ…… ”

ယောက်ျားလုပ်သူကို တ လျှက် အော်လိုက်ပုံက အလန့် တကြားမို့ ကိုဆွေလင်းပင် ယောင်ရမ်းပြီး ဆတ်ကနဲ တုန်သွားသည်။ မတင်ကြည်၏ အသံပါဝါက အင်မတန်မှ ကောင်းလှပေ၏။

“ဟဲ့ အာ ဘာဖြစ်ပြန်တာလဲ မတင်ကြည်ရယ် ………… မထိပ်သာ မလန့် သာ ရှိလိုက်တာ …..”

“ဘာဖြစ်ရမှာလဲ ဓါတ်လိုက်တာလေ ဓါတ်လိုက်တာ အံမယ်လေး လူ့ တစ်ကိုယ်လုံးကို တုန်သွားတာပဲ … ”

ရင်ဘတ်လေးကို ဖိပြီး စူလက်စ နှုတ်ခမ်းကို ထော်လျှက် မတင်ကြည်က ကိုဆွေလင်းကိုပြောသည်။ ကိုဆွေ လင်းက လည်း အလန့် မပြယ်သေးတာမို့  မျက်မှောင်ကြီးကုတ်လျှက် ရင်တုန်နေသည်။

“အဲဒါကြောင့်ပြောတာပေါ့ ယောက်ျားလုပ်ပြီး ဘာမှ အားမကိုးရဘူး ပိုက်ဆံရှာပေး ပြီးရော ဆိုပြီး ခု ကျုပ်ဓါတ် လိုက်ပြီ အဲတာ ရှင့်ကြောင့် ရော့ပြင်ပေး ခု …… သေမှာပဲ အသက်တိုမယ် ငါတော့ တကယ်ပဲ အမယ်လေး ရင်တွေတောင် တုန်တယ် …… ”

“ဟော ဖြစ်ရပြန်ပြီ မင့်နဲ့ တော့လား ….. ကဲတော်ပါကွာ ပေးပေး ပြောနေလဲ ပြီးမှာ မဟုတ်ဘူး …..”

ကိုဆွေလင်းက ပြတ်နေသော ဝါယာတစ်ချောင်းကို ဆက်ပေးသည်။ မတင်ကြည်ကတော့ အိမ်လှေခါးရုံ ကို မှီပြီး ရင်တုန်ဖြေနေလေ၏။ သို့ သော် မတင်ကြည့်ပါးစပ်က အဆက် မပြတ်ပြောနေသေး၏…….

“နည်းနည်း ပါးပါး လိုက်လက်ကြည့်ပါလား အိမ်မှာ။ ဘာလို လဲ ဘာများပျက်နေလဲ။ နည်းနည်းမှ တစ်စက် က လေးမှ ကြည့်ဖော် မရဘူး ကျုပ်မသေလို့ ပေါ့ သေများသေရင် ခုနေ ဆန့် ဆန့် ကြီးဖြစ်နေပြီ ….. ဒီဂျာနယ် တွေ ဒီသတင်းစာတွေ ပဲ နေ့ ရှိ သရွေ့ ဖတ်နေတာ ဘာတွေများ အသုံးကျလို့ လဲ။ တင်ကြည်က အကုန် ပါရ တယ် ဟိုးအိမ်ရှေ့ ဘုရားစင်က အစ ဟိုးအိမ့်နောက် အဆုံး ….. ”

ကိုဆွေလင်းသည် ပြတ်နေသော ဝါယာကြိုးလေးကို ဆက်ပြီး မတင်ကြည် ရှေ့ နားက ခပ်မြန်မြန်ထသွားသည်။ သူ့ နားတွေ ပူလှပြီ။ လူပျိုတုန်းက မတင်ကြည်စကား ပြောတာလေးက ချစ်စရာ၊ ဖွယ်ဖွယ်ရာရာနဲ့ ။ ရည်းစား သက်လေးရလာတော့ ဂျီကျတာ။ အိမ်ထောင် ကျတဲ့ အခါကျတော့ စကားကို ပတ်တုတ်လို့ မရအောင် ရှာကြံ ပြောတတ် တဲ့ မယား။ ခုတော့ အသက်တွေ လည်း လေးဆယ်နားယွန်း လှပြီ မတင်ကြည်ရဲ့  မြည်တွန် တောက် တီးသံတွေကို ကိုဆွေလင်းဖြင့် တော်ပါပြီ ရပ်ပါတော့လို့ တောင် မပြောချင်တော့ ပေ။

အပြစ်ကလေး တစ်ခုတွေ့ ဇာချဲ့ လို့ မပြီးနိုင်။ ရှိသမျှ ဇာတ်ကြောင်းအကုန်ခင်း အတွင်းစကား ကအစ မြည်သံ တွေ စွဲစွဲပြီးပြောတတ်လွန်းသော မတင်ကြည်။ ထိုင် ထိုင်ပြန်ပြီ ထ ထပြန်ပြီ။ ယုတ်စွအဆုံး အိမ် သာ တက်တာ တောင် အပြင်ကနေလာပြီး တဟောင်ဟောင် တဖွာဖွာပြောသေးသည်။

အိမ်ကို ဧည့်သည်များမလာလိုက်နဲ့  လာလိုက်တာနဲ့ လင့်မကောင်းကြောင်းတွေချည်း ထိုင်ထိုင်ပြောတော့ သည်။ စိတ်ရင်းစေတနာလေးက ကောင်းပါသည်။ ကိုဆွေလင်း ကိုယ်၌လည်း သူ့ မယားမတင်ကြည် စိတ်ရင်း ကောင်းမှန်းလည်း သိပါသည်။ သို့ သော် သူ အကောင်းခံရသူက သူဆီကရတာက တော်တော် သူပြောတာက များများ ဖြင့်နားတွေက ပူ။ မထိတထိ ခပ်ထေ့ထေ့ ကလေးကလည်း ပြောတတ်ပြန်တော့ နာလို့ လည်းမသာ ခံ လို့ လည်း ခက်ကြီးဖြစ်နေသည်။

သို့ သော် မတင်ကြည်၏ ဝသီသည် သေရာပါမည့် အမျိုး သာဖြစ်သည်။ စိတ်ကောင်းလေး ဝင်နေတုန်း “မတင် ကြည်ရယ် ဒါမျိုးမပြောပါနဲ့ ” ဆိုရင်တော့ တဟင်းဟင်းရယ်ပြီး သူမဟုတ်သလို လုပ်နေတတ်သည်။ တကယ် လည်း စိတ်ထဲက ပါလို့ ရယ်မဟုတ။် ဒီလိုပြောရတာကြီးကို သက်သက် ခုံမင်နေသည်ဟု ကိုဆွေလင်း ထင် သည်။ ဧည့်သည်သောင်သည် လာလို့  မျက်နှာရိပ် မျက်နှာကဲလည်း ပြလို့ မရ။ ပြူးပြလဲ မရ ပြဲပြလည်း မရ။ ချောင်းဟန့် ပြ လည်း မရ။ ပြောချင်ရာကို ပျစ်ပျစ် နှစ်နှစ်ကြီးကို ပြောသည်။ ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ ကြီးကိုဆိုသည်။

“ဒေါ်လေး ရယ် ဒေါ်လေးတူကလေ ရော့ဆို လခလေး ပေးပြီးတာနဲ့ သူ့ တာဝန်ကျေတယ် ထင်တာ ….. အိမ်မှာ မီတာဆောင်တော့လည်း ကျွန်မ၊ မီးဖိုထဲလည်း ကျွန်မ၊ ရေမရလို့ ပူရတာလည်း ကျွန်မ၊ ရေတိုင်ကီပေါက်လို့  ပွဲညက် ဝယ် ဖာတော့လည်း ကျွန်မ ….. သူက နေကိုး နေနိုင်တာ။ ပင်ပန်းတယ် ပင်ပန်းတယ်နဲ့ ပြန်လာရင် ဂျာနယ် အထပ်လိုက်ကို တစ်ရွက်ချင်း ဖတ်တော့တာ ……. အဲလို ဒေါ်လေးရေ …. မပြောချင်ပါဘူး ကိုဆွေ လင်း အကြောင်းတော့ …..”

“လေးလေး … ဘယ်နှယ် ကြံကြီးစည်ရာ သူလား လုပ်မှာ အဝတ်တောင် ကျွန်မ နာမှ မကျန်းမှ ဆောင့် အောင့်ဖွတ်တာ အိမ်နောက်ဖေးသွားကြည့် ဓားတွေများ ခုတ်ရတာ လက်မောင်းပြုတ်မတတ်ဘဲ သူကတော့ နေနိုင်ပါတယ် ကိုအဟွာရယ် …. သွေးဖို့ နေနေ မတင်ကြည် ဓားပြတ်ရဲ့ လား လို့ တောင်မေးဖော်မရဘူး တကယ် တကယ် ….. ”

“ အမယ်လေး ကိုဆွေလင်းလား မသောက်တတ်ဘူး။ ဟုတ်ပါတယ် မသောက်ပါဘူး သူရစ်ရင် ရှင်တို့ က မြင်မှ မမြင်ရတာ ကျွန်မအသံပဲလူကြားတာကိုး ….. တကယ်ပါ ….ပြောချင်ပါဘူး တော် ရယ် မိအေးအော်တာပဲ အသံ ကြားပါတယ် ဟင်းဟင်း တင်ကြည်ပေါ့လေ တင်ကြည် အော်တာပဲ အသံကြားတယ် သူ မကောင်းတာတွေ ဘယ် သူမှ မမြင်ဘူး ….. ကြမ်းတိုက်လည်း တင်ကြည်ပဲ ကြပ်ခိုးရှင်းလည်း တင်ကြည်ပဲ။ သူကလေ အဲဟိုခုံ မှာ အခန့် သားထိုင်ပြီး ဘာမင်းစည်းစိမ်လဲတော့မသိဘူး ယူတာ ယူတာ။ ဆေးလိပ်လေးအဖွာတောင် မပျက်ဘူး … …… ကျွန်မ ကတော့ ဖတ်ဖတ်ကို မောလို့ ။……… အိမ်ရှေ့ နဲ့ အိမ်နောက်ဖေး လွန်းထိုးနေရတာ တစ်နေ့ တစ် နေ့  ……. ”

ပြောကောင်းလား မကောင်းလား ပြောသင့်လား မသင့်လားလည်း မသိ။ ကြာတော့ ကိုဆွေလင်း မတင်ကြည် ပါးစပ်ဟရင် ဖင်ကြွပြီး ပြေးဖို့  လောက်သာချောင်းနေမိတော့သည်။ ဧည့်သည်တွေလာလို့ ရှက်ရှက် နဲ့ ရောရော ရယ်ရတာလည်း မျက်နှာကြီး တွေလည်း အန်းလှပြီ။ တော်ပါတော့လို့ လည်းမပြောရဲ။ ပြောကာမှ ပိုဆိုးနေမှ ဖြင့် ခက်မည်။ စကားလမ်းလည်း ပြောင်း လို့ မရ။ ရသမျှ ဆီလို အပေါက်ရှာရှာ ပြီးပြောသည်။ လင့်အကြောင်း မ ကောင်း ပြောတာကုန်တော့ လမ်း ပေါ် က ခွေးနှစ်ကောင်ကိုက်လို့ ၊ ထမင်းကျွေးပြီး သခင်အမည်မခံတဲ့  ခွေး ရှင်နှစ် ယောက် ရန်ဖြစ်တာလည်း ပါသည်။ ဈေးသည်ချင်းဖြစ်တဲ့ ဈေးထဲကရန်ပွဲကို အိမ်ထိယူလာပြီး အာ ဘောင်အာရင်းသန်သန် နှင့်ပြောသည်။ တီဗီလေးဖွင့် သတင်းလေးကြည့် ဇာတ်လမ်းကလေး ကြည့်ပါတယ် သူ့ မှတ်ချက်တွေ ထင်မြင်ချက်တွေကို နားမဆံ့အောင် ခရားရေလွှတ် တတွတ်တွတ် ပြောသည်။

“ကဲ ဘဝရှင် မင်းတရားကြီး ထတော်မူပါ ကျွန်တော်မျိုးမ ထမင်းလည်း ကြော်ပြီးပါပြီ လက်ဖက်ရည်လည်း သွားဝယ်ပြီးပါပြီ …… ချိုးတော်ရေသုံးလို ကလည်း သုံး မျက်နှာတော် သစ်လို ကလည်း သစ်ပါတော် တကတဲ မကြီး မငယ် နေဖင်ထိုးအောင် အိပ်ရသလား ထထ …..”

“အမယ်လေး ရေချိုးနေတာ ပြီးမပြီး နိုင်ဘူး စီးတော်မြင်းကြီးရေချ သလို လုပ်မနေနဲ့ မြန်မြန်လုပ် အအေးတွေ ပတ် တော့မှ ရှူနာရှိုက်ကုန်းနဲ့  မရှိတဲ့ မျက်စိက နောက်စိနားကပ်နေဦးမယ် ….. လုပ်လုပ် မြန်မြန်ဆန်ဆန် ချိုး စမ်းပါ တော် …. ဖြစ်လိုက်ရင် သူများနဲ့ တူတာ မဟုတ်ဘူး ဆေးဖိုးဝါးဖိုးက ကြီးပါဘိနဲ့ ….. ”

“စားစမ်းပါ ကိုဆွေလင်းရယ် ရှင်စားတာကလည်း တို့ ဂဏန်းစိတ်ဂဏန်းနဲ့  အားရပါးရစားစမ်းပါ ချက်ရတဲ့ သူ အကျိုးလေး နပ်အောင် တကတဲ မောင်ကျန် တစ်တို့ လုပ်နေတယ် မကုန်တော့ ကျုပ်က ဘယ်နား သွားပစ်ရ မှာလဲ …. စားစမ်းပါ ….ရော့ထည့် ….. သဘောက်မ လည်ချောင်းများကလည်း ဒီအလောင်းကောင်လေး တွေ မပါရင် မျိုမကျဘူး မဟုတ်လား စားစား ….”

“အမယ်လေး ဒီမင်းသမီးများမလဲ လင်လိုချင်နေလိုက်တာ အရှက်တွေ မရှိလိုက်တာ ကြည့်စမ်းပါဦး မျက်နှာကို က ပြီတီတီနဲ့  ...... ကြာရုပ်။ ကျုပ်သာမင်းသားဆို နှစ်ချက်လောက်ဆောင့်ကန် ပစ်တယ် …. အင်းကြည့်ကြည့် အိနြေ္ဒကို မရှိ ဘူး ကြည့်ဦး ကြည့်ဦး အမယ်လေး ငါ့သမီးသာဆိုလို့ ကတော့ ဒင်းတော့လား …… မိန်းမကိုက ဆပ်စလူးကို ခါ နေတာပဲ ….. ဟွန်း …..”

“သူ့ တို့ အကြောင်းများတော့ ပြောမပြောချင်ပါဘူး တော် ….. ကိုယ့်အိမ်လာတဲ့ ဧည်သည်ကို နှင်ချရတယ် လို့  တကယ်ပါ လူတွေက အိမ်သာလို့ ဧည့်လာတာကို ….. တော်က မသိလို့  အဲဒီ မိန်းမ များလေ ကျုပ်အိမ်ကိုလာ ရင် လက်ဖက် ပန်းကန်လည်း ပြောင်သလင်းခါ ရေနွေးအိုးဆို ဘယ်နှစ်အိုးမှန်းမသိ ပုစွန်ခြောက်ကလေး ပါမှ ပိုအရသာရှိတယ်ဆိုပဲ။ လက်ဖက်ပြီး နောက်ဘာလာမလဲလို့ မျှော်မျှော်ပြီးထိုင်ထိုင်ပြောတာ ခုကျ သူ့  အိမ်လာ တဲ့ ဧည့်သည်ကျတော့ ကြည့်ဦး ကျော်မကောင်းကြားမကောင်း အရပ်ထဲမှာ ….. ခက်တယ် လူတွေ လူတွေ”

ဒီလိုနဲ့ တစ်ခုသော သောကြာနေ့ တစ်နေ့ ညနေစောင်းတွင်ဖြစ်သည်။ မတင်ကြည်နာရီကြည့်လျှက်က လမ်းမ ကို မျှော်လိုက် သည်။ ကိုဆွေလင်း အိမ်အပြန် နောက်မကျ စဖူးနောက်ကျသည်။ ခြောက်နာရီလည်း မလာ ခုနှစ် နာရီလည်း မ လာ မိုးကသာ ချုပ်လာသည် လူကတော့ ပေါ်မလာ။ မတင်ကြည်တစ်ယောက် တိတ်တိတ် ဆိတ်ဆိတ် ကြီးနဲ့  ဤအိမ်ကြီးမှာ ငုတ်တုတ်ကြီးထိုင်ပြီး လင့်အလာ မျှော်သာမောပေမယ့် ကိုဆွေလင်းကတော့ ရောက်မ လာ။ ညစာထမင်းတွေက လေသလပ်ကာ အေးစက် လို့ နေပြီ။ မတင်ကြည် လည်း နှလုံးတွေလေ ဟတ် ပြီး ဖတ်သော ဖတ်သတ် ကြီးဖြစ်နေသည်။

တစ်ညလုံးလုံး ပေါ်မလာလို့ မတင်ကြည်ရင်ထဲ အပူလုံးတွေကြွကြွလို့ လာသည်။ အိပ်ယာထဲလည်း လှဲနေလို့ မ ရ အိမ် ရှေ့ ဧည့်ခန်းထဲမှာ ခေါက်တုံ့ ခေါက်ပြန်လျှောက်ပြီး လင့်အကြောင်းတွေးရင်း ဆွေးကာပူနေမိသည်။ အ ငယ်နောက် များ ပါသွားလေသလား။ လမ်းမှာများ တစ်ခုခု ဖြစ်နေရော့သလား။ သူ့ ကိုအရွဲ့  တိုက်ချင်ဇောနဲ့  မ သောက် တတ်တဲ့ အရက်တွေသောက်ပြီး လမ်းလယ်ခေါင်မှာ မှောက်များနေသလား။ ထိုင်လို့ လည်း မထိ လှဲ လို့  လဲ မနေသာ။ အိမ်နီးနားချင်းပြောရမှာလဲ မိုးကြီးကချုပ်။ မီးကင်းသံချောင်းသာ နှစ်ချက်က သုံးချက်၊ သုံး ချက်က လေးချက်မြည်လာသည် ကိုဆွေလင်းက ပေါ်မလာ။

ရင်တွေလည်း ပူလှပြီ။ ဒေါသတွေလား သောကတွေလား မသိနဲ့  မတင်ကြည်တစ်ယောက် ရင်ထဲမှာ ဖောက် လွှဲ ဖောက်ပြန် ဖြစ်လာသည်။ ကိုဆွေလင်း ပြန်များလာလို့ ကတော့ ပြောလိုက်မယ် ဟု ပြင်ထားသော စကား တွေ ကလည်း နာရီကိုကြည့်လိုက်တိုင်း အမြီး အမောက်တွေ မတည့်တော့အောင် ပျောက်ပျက်ကုန်သည်။ မျက် ရည်တွေကလည်း ကျ အိမ်ဦးခန်း ငုတ်တုတ် ထိုင်လျှက် မတင်ကြည်တစ်ယောက် စွာစွာကျယ်ကျယ် နေခဲ့ သမျှ ခုတော့ ရှိုက်လိုက်ငင်လိုက်နဲ့  မိုးသား လင်း ခဲ့ သည်။ ကိုဆွေလင်းကတော့ အရိပ်တောင် မမြင်ရ။

မိုးလင်းလို့ ထမင်းအိုးလည်း မတည်နိုင်။ လင်စားဖို့ ကြော်နေကျ ထမင်းကြမ်းလေးလည်း မကြော်နိုင် ထိုင်ရာက ထဖို့ အားတွေကလည်း ပျောက်လို့  နောက်နောက်ကျိကျိနဲ့ ရှိနေလေသည်။ ထိုင်ရာက ဝမ်းနည်းလွန်း၍ ပူဆွေး လွန်း၍ တုံးလုံးကြီးလဲပြီး ကြမ်းပြင်နဲ့ ပါးအသာကပ်ခါ မျက်ရည်တွေ တွေတွေကျလို့ လင်ပူမိနေလေ၏။

နေပင်အတော် မြင့်ပြီ ဟုတ်နေပါပြီ။ ဒင်းတော့ အငယ်နောက်ကို ပါသွားပြီထင်ပါရဲ့ ဟုအောက်မေ့လျှက်က ဝမ်း နည်း ရာက ဒေါသ မာန်ဟုန်လေးက ထကြွလာတော့ တုန်တုန်ရီရီ နဲ့ ဒိန်းဒလိန်းနတ်က ဝင်ပူးပြန်လေသည်။ သူ မလာ နေပေ့စေ ငါ ပူဆွေးနေတာကို သိလို့ ဒင်းပျော်နေ ဦးမယ်ဟု ကိုယ့်ကိုကိုယ် အားပေးလျှက်က လှဲ နေ ရာ က အသာထ မျက်နှာလေးသစ်ပြီး သနပ်ခါးလေး ဖို့ ထားလိုက်သည်။ သနပ်ခါးဖို့ ရင်းက ရင်ထဲ လှိုက် လှိုက် လှိုက်လှိုက်နဲ့ ဝမ်းနည်းလာလို့  မျက်ရည်တွေကျလာပြန်သည်။

ပြန်လာပေ့စေ ပြန်လာလို့ ကတော့ ဒင်းကို စီးပြီး ပြောလိုက်မယ်ဟဲ့ လို့ အံကြိတ်ပြီး အိမ်ဧည့်ခန်းထဲ ခပ် တောင့် တောင့်လေး ထိုင်နေလိုက်သည်။ တင်းထားတဲ့ မျက်နှာကြောကလည်း တင်းရင်းက လျော့ ၊ လျော့ရင်းက ပျော့ လျှက် မဲ့ခါမဲ့ ခါနှင့် ငိုမိပြန်သည်။ အသက်ကလေး လေးဆယ်ရှိလို့  အိမ်ထောင်သက်ကလေး နှစ်ဆယ် တောင် မ ပြည့်တတ်ချင်သေးဘူး ဒင်းက ဗွေဖောက်ရန်ကော ဟုတွေးကာ ဒေါသတွေက ထွက်လာပြန်သည်။ အံတင်း တင်းကြိတ်ပြီး မျက်နှာလေးကို ချီကာ အိမ်လှေခါးဝဘက် အသာကြည့်ရင်းထိုင်နေလေသည်။

နေမြင့်ရာက စောင်းလေပြီ။ ကိုဆွေလင်းကတော့ ပေါ်မလာ ထမင်းစားပွဲက မနေ့ ညနေက အတိုင်း ပက်လက် ကြီး။ ထမင်းစားပွဲဘေးထိုင်မိပြန်တော့ စောင့်ကြောင့်လေးထိုင်ထိုင် ထမင်းလွေးတတ်တဲ့ ကိုဆွေလင်းကြီးကို မြင်နေမိ သည်။ နှာခေါင်းထဲမလည်း နှင်းဆီဆေးပေါ့လိပ်နံ့ လေးရသလို၊ နားထဲမှာလဲ သတင်းစာဂျာနယ် အနား စ လေတိုးလို့  တဖျပ်ဖျပ် မြည်သံလေး ကြားနေရသလို။ ကျေဇူးရှင်ကြီးကတော့ မိတင်ကြည်ကို ဘာမပြော ညာ မပြောနဲ့  ထားသွားပြီ။ မိုးမချုပ်ခင် သူ့ မိတ်ဆွေတွေဆီ တယ်လီဖုန်းလေး ဆက်ကြည့်မှဆိုပြီး ထွက်လာပြန် တော့ အရပ်ထဲ လူရိပ်မိမှာ ရှက်သမို့ ဈေးဘက်ထွက်ပြီး၊ သတင်းလေး ရလိုရငြား ဖုန်းလိုက်ဆက်ရပြန် သည်။ သို့ သော် ဘာမှမထူး ………..

မေးစရာလူကလည်း ကုန်ပြီ။ မိုးကလည်း ချုပ်ပြန်ပြီ။ လင်ကလည်း ပြန်မလာပြီ။ မတင်ကြည်ကြီးလည်း မျက် ရေတွေ ခမ်းပြီ။ မတင်ကြည်ရင်ထဲ ဘာမှ မရှိတော့ဟာလာကြီး ဟင်းလင်းကြီး။ အိမ်ကြီးထဲမှ တစ်ယောက် တည်း ငေးငေးငိုင်ငိုင် ငူငူ ငေါင်ငေါင်နဲ့  ပူပူလောင်လောင်လည်း မရှိတော့ပြီ။ ရက်စက်လိုက်လေချင်း အိမ်က မိန်းမကို စက်ရုပ်လို အောက်မေ့တဲ့ ယောက်ျား၊ ခံစားချက် မရှိဘူးများ ထင်နေသလားရယ်မသိ။ နှစ်ရက်တိတိ ဘာသံမှ မကြားရဘဲ ပျောက်သွားလိုက်တာ တယ်လီဖုန်းလေး တောင် ဆက်ဖော်မရပြီ။

နောက်တစ်နေ့ မိုးသောက်အလင်းရောက်ပါပြီ …… မိတင်ကြည်လည်း မျက်တွင်းကြီးဟောက်ပက်နဲ့  ခပ်ရဲ့ ရဲ့  သာရှိတော့သည်။ ဒေါ်လေးက ဈေးထဲ မတွေ့ လို ဆိုပြီး အိမ်လိုက်လာတော့မှ မတင်ကြည်တစ်ယောက် ဖြစ် ထွေကို မျက်ရည်တွေ တတွေတွေ ကျကျပြီး ငိုကာယိုကာ ပြောပါလေတော့သည်။ မကြာလိုက်ပါ လှေခါးရုံက ချောင်း ဟန့် သံကြားလို့  ကဗျာကသီထကြည့်တော့

“အောင်မယ်လေး အောင်မယ်လေး ဘယ့်နှယ့် ဘယ့်နှယ် …… ကိုဆွေလင်း …..ဟင် အဲ …..ဘယ်လို တွေ ဖြစ်လာတာလဲ ဟင် …. ကိုဦးဇင်း အဲ ….”

အိမ်ပေါ်တက်လာသော ဦးဇင်းကိုဆွေလင်းကတော့ ဒေါ်လေးပေးသော သင်ဖြူးပေါ်မှာ အကျအန သီတင်းသုံး တော်မူပါသည်။ မတင်ကြည်ကတော့ အောင်လိုက်မယ် ပြင်ပြီးမှ လင့်မျက်နှာကိုကြည့် ဘုန်းကြီး ဖြစ်နေတဲ့  ချစ် လင် ကြီးကို အော်ဟစ် ပြောဆိုဖို့ ကျပြန်တော့လည်း နှုတ်က မရဲ …. လှေခါး ဝမှာ အသာထိုင်ရင်း ဦးတွေ ချဖို့  လည်း မေ့။ လင် ဘုန်းကြီးကို တွေတွေကြီး ကြည့်ပြီး တဟီးဟီး နဲ့ ငိုနေလေတော့သည်။

“ဘယ်လို လုပ်တာလဲ ဦးဇင်းရဲ့  တပည့်တော်မကတော့ သေများသေပလား။ မယားငယ်နောက်များ ပါသွားလေ ပလား။ မူးပြီးလဲလို့ ဆေးရုံများရောက်နေလား လို့ ပူလိုက်ရတာ ခုတော့ ဦးဇင်းက သင်္ကန်းကြီး ရုံလာတော့ ကျုပ် ဘာပြောရမှာတုန်း ဟီးဟီး ……. ဒေါ်လေးရဲ့ ကြည့်ပါဦး ဒုလ္လဘဝတ်ချင်လဲ မယားကို ပြောပေါ့ ခုတော့ ခုတော့  မိတင်ကြည်မှာ တော့ ပူလိုက်ပင်လိုက်ရတာ ခုကျတော့ သင်္ကန်းရောင်နဲ့  နားလာချလို့  အမယ်လေး ကောင်း ကြသေးရဲ့ လား ဦးဇင်းရဲ့ ….. ဟီးဟီး…..”

“ကဲ တကာမကြီး ငိုမနေနဲ့ တော့ ကျုပ်လည်း နားအေးရအောင် ဒီတစ်လမ်းပဲရှိတယ် နားတွေမချမ်းသာ လို့  စိတ် တွေလည်းဆင်းရဲလွန်းလို့  သင်္ကန်းဆီး လိုက်တာ ဒုလ္လဘ ရယ်မဟုတ်ဘူး စိတ်ပါရင် ကျုပ်လူမထွက် တော့ ဘူး ….”
“အမယ်လေး ဒုလ္လဘ မဟုတ်ဘူးတဲ့ လား ကျုပ်ကို ကျောင်းကြီးဖျက်မ ဖြစ်အောင် လုပ်ဦးမလို့ လား …. ဟီးဟီး နားပူတယ်ဆိုလဲ ပါးသာ ရိုက်သွားလှဲ့ ပါလား ဦးဇင်းရယ် ခုတော့ ကျုပ်ကို အကုသိုလ်တွေပါ ပေးရသလား တော် …. လုပ်ပါဦး ပြောပါဦးဒေါ်လေးရဲ့  ဒေါ်လေးတူ ဘုန်းကြီးကို ဟီးဟီး ….”

“ကဲကဲ ငိုမနေနဲ့ တော့ တကာမ ကျုပ်ဒီအကြောင်းလေး လာပြောတာ ဒီအတောအတွင်းတော့ စုဆောင်းထား တာလေး နဲ့ နေပေါ့ ကျုပ်လူထွက် ဖို့ တော့စဉ်းစားဦးမယ် …. ကျုပ်နားတွေ ပူတာ မခံနိုင်တော့ဘူး တကာမ ရဲ့ ….. ကဲကဲ ကျုပ်ပြန်ကြွမယ် …. ”

“နားပူတာနဲ့ ပဲ ဘုန်းကြီးဝတ်ရတော့သလား အမယ်လေး ဦးဇင်းရဲ့ လူထွက်ခိုင်းပြန်ရင်လည်း မိတင်ကြည် ကျောင်းကြီးဖျက်မ ဖြစ်မယ် ဆက်ဝတ်ပါလို့ ပြောရင်လည်း ဟီးဟီး ….ဒီအိမ်ကြီးမှာ တစ်ယောက်တည်း ဘယ် လို နေရပါ့မလဲ …. သနားတော်မူပါဦး ဦးဇင်းကိုဆွေလင်း ရဲ့ …ဟီး … မိတင်ကြည်အမိုက်မ နားမပူ ရအောင် နေဆိုနေပါ့မယ် သနားသဖြင့်တော့ …. ဘယ်လိုတွေ ပြောရမှန်းတောင် မသိတော့ပါဘူး ……. လူသာ ပြန်ထွက် လာခဲ့ ပါတော့ နားအေးပါ့စေမယ် ဦးဇင်းရဲ့ … ဟီးဟီး….. ဘုရားဖြစ်မယ့် အုပ်နီခဲကြီး မယားဆူလို့  ဘုန်းကြီး ဝတ်သတဲ့ တော် …. ဟီးဟီး ”

ဒေါ်လေးက တော့ ချုပ်ထားရလို့ လည်ပင်းကြီးအင့်ပြီး ရယ်လို့ လည်းမထွက် မတင်ကြည်ကိုလည်း စကား မ ပြော နိုင်ပဲ ငိုအားထက် ရယ်အားသန်နေလေ၏။ ဦးပဉ္ဇင်းကတော့ နီညိုရောင် ယပ်တောင်လေးနဲ့  နားကိုအ သာ ကာရင်း လှေခါးကနေ တစ်လှမ်းခြင်းဆင်းကာ ပြန်ကြွသွားလေသည်။မတင်ကြည်ကတော့ ပါးစပ်ကြီးကို ဖြဲဖြဲ ပြီး တအီးအီး တဟီးဟီး သာအော်ငိုရင်းကျန်ခဲ့ လေ၏ …….……

ရန်ကုန်သား
**************

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ်တ တတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

24 comments:

စည်သူ said...

လာတယ်နော်...........ဟဲဟဲ

အရင်ဆုံးပါ..။

pho said...

ဟာ...
ဒီတစ်ခါတော့ဦးဦးဖျားဖျားပါလား
အရမ်းကောင်းတယ်လို့ပြောစရာမလိုဘူးထင်တယ်နော်
(ပြောစရာမလိုအောင်ကောင်းနေလို့)

Yu Ya said...

မတင်ကြည်ပုံ မြင်ယောင်မိရင်း သဘောကျသွားတယ် ကိုရန်ကုန်သားရေ..

yu ya

WWKM said...

အင်း..ဒါမျိုးလည်းရေးတတ်ပါ့.
တို့တော့နားပူအောင်မပြောတတ်ပါဘူးကွယ်..ဒါကြောင့်
ဘုန်းကြီးမ၀တ်မှာတော့ သေခြာတယ်.း))

ဧရာဝတီသား said...

အရေး အသားတွေကလည်း ကောင်းပါ့အစ်ကို ရယ်၊ မျက်စိထဲ ကွင်းကွင်းကွက်ကွက် မြင်လာအောင် ရေးနိုင်ပါ့။ ဟာသ ဇာတ်လမ်း ဆိုလည်း ဟုတ်တယ်၊ လူမှုပြုပြင်ရေး ဇာတ်လမ်း တစ်ပုဒ်လည်း ဟုတ်တယ်။

မတင်ကြည် အော်အော် ငိုတာကို မြင်ယောင်ပြီး၊ အော်အော် ရယ်မိတယ် အစ်ကိုရေ။

မြစ်ကျိုးအင်း said...

ရေးထားတာကောင်းလွန်းတော့ ဇာတ်ကအစကနေ
အဆုံးအထိ ကြွနေတယ်...။
စာဖတ်သူတယောက်အနေနဲ့ပြောရရင် ဒီလက်ရည်က မဂ္ဂဇင်းတွေကို စာမူပို့လို့ရတဲ့လက်ရည်မျိုးပါပဲ...။
အမှန်အတိုင်းပြောခြင်းဖြစ်ပါတယ်..။

ဝက်ဝံလေး said...

ရွေ အရေးအသားတွေ ကောင်းလှချည်တကား အဆုံးထိကို ဆွဲခေါ်သွားတယ် ကောင်းပါ့ကွယ်

ကြယ်ဖြူစင် said...

ဖတ်လို့အရမ်းကောင်းတယ်..
ဝသီကတော့ဘယ်လိုမှဖျောက်လို့မရကြဘူးနော်
ပတ်ဝန်းကျင်မှာမတင်ကြည်လိုလူတွေများ
ကြီးမြင်ဘူးတယ်...မမလည်းနားမပူတော့ဘူး..
ဘုန်းကြီးဝတ်သွားမှာကြောက်လို့.. :P
ခင်တဲ့ မမ
ကြယ်ဖြူစင်

မယ်ကိုး said...

=)
လူ့စရိုက် သိပ်ပီသတာပဲ။စာရေးကောင်းပရှင်။

အနော် said...

ဟားးးးးးးးး ရယ်လိုက်ရတာ အကိုရန်ကုန်သားရေ
ဟုတ်တယ်နော် လူ့စရိုက်ကတော့ ဖျောက်ဖို့ခက်သားဗျ
အဲ့လို ပြောတဲ့သူ အနော်မြင်ဖူးတယ်
သူကလဲ ပြောချင်လို့ကိုပြောတာ စိတ်ရင်းကတော့ ကောင်းသားပဲ
သနားတော့ သနားပါတယ် အဲ့လိုလူမျိုးတွေလေ
အနော်နဲ့တော့ ဖြစ်တယ်
သူ ကျွေးတာစားပီး သူပြောတာ နားထောင် ဟိဟိ
အနော့်သူငယ်ချင်းရဲ့အဒေါ်တစ်ယောက်လေ
သူ အနော့်ကို တကယ်ချစ်တာဗျိုး သူနဲ့တည့်တာဆိုလို့ အနော်ပဲရှိသတဲ့ ဟိဟိ အဲ့လို အကျိုးပေးကောင်းတယ်:P
ဘုန်းကြီးဝတ်သွားတဲ့သူကိုလဲ သဘောကျတယ် ဟိဟိ
ဟိုနားလေး တအားသဘောကျတယ် သိလား
'နားပူတယ်ဆိုလဲ ပါးသာ ရိုက်သွားလှဲ့ ပါလား ဦးဇင်းရယ် ' အဲ့နားလေး တအားကို ရယ်သွားတယ်
စာအရေး အရမ်းကောင်းတယ် အကိုရေ
အနော်တို့ မောင်နှမတွေ တယောက်က ရယ်စရာလုပ်လိုက် တယောက်က ငိုအောင် လုပ်လိုက်နဲ့ ဟုတ်နေတာပဲနော် ဟိဟိ

သားကြီး said...

အဲလိုဗျစ်တောက်ဗျစ်တောက်ပြောတတ်တဲ့
အမျိုးသမီးတွေက လင်ကိုတော့ချစ်ရှာကြသားဗျ
သူတို့နှုတ်က ဝသီပါလို့ကိုအဲလိုဖြစ်နေတာ
နောက်ဆုံး မယားစကားများတဲ့ဒဏ်ကိုမခံနိုင်လို့
ဘုန်းကြီးဝတ်သွားတာနဲ့ဇာတ်သိမ်းလိုက်တာ
တော်တော်ရယ်ရတယ် ...
နောက်ဆုံးတော့လည်း မတင်ကြည်ကို သနားသလိုပဲ..။

Angel Shaper said...

သယ်ရင်းရေ....
ရေးတတ်လိုက်တာ။ တော်လိုက်တာ ဆိုတာက လွဲလို့ ငါဘာမှ ပြောစရာမရှိတော့ဘူး။ အဟုတ်။။
ဆွဲခေါ်သွားလိုက်တာများ ၀ါရင့် စာရေးဆရာကြီးတွေ အတိုင်းပဲဟ။ ဇာတ်သိမ်းလေးရောက်မှ မတင်ကြည်ကို သနားမိတယ်။ ဦးဇင်းကြီး လူထွက်မထွက် လာပြောဦးနော်။ သိချင်တယ်။ဟဲဟဲ။
ဆက်ရေးးး ဆက်ရေးး အားပေးနေမယ်နော်။

ကြည်ဖြူပိုင် said...

ဟားးးးးးးးးးးးး ကောင်းလိုက်တာ ပြောမနေနဲ့ ဇာတ်လမ်းစဆုံး အချိတ်အဆက်မိမိနဲ့ကို ပရိသတ်ကို ဆွဲခေါ်သွားနိုင်တယ်...တော်လှချီလား စာရေးဆရာလုပ်ပါလား။။ပရိသတ်တွေတန်းစီပြီး
နာမည်ကိုကြီးသွားမှာ...တကယ်ကိုကောင်းလိုက်တာ
အဲလိုမျိုးရေးတတ်ချင်တယ်တကယ်
အပြင်လူနေမှုဘ၀တွေနဲ့ချွတ်စွပ်ပဲ

ကာရံဆူး said...

သြော်...ကိုရန်ကုန်သားရယ်...ရေးတတ်ပါ့...မတင်ကြည်တော့ သနားပါတယ်..၀သီဆိုတာလည်း ပြောရခက်သားလား...ယူပြီးမှတော့ သည်းခံတော့ပေါ့...ရည်းစားဘ၀ကတော့ နားထောင်လို့ ကောင်း ချစ်မ၀ဘူးတဲ့..ဒီအသံလေးကို...အခုတော့ နားပူတယ်တဲ့...ယောကျာ်းတွေက အဲ့လို ပြောင်းလဲတတ်သလား...မသိလို့ နော်...:P

sweety said...

ကိုရန်ကုန်သားရေ..အရေးအသားကအရမ်းကောင်းတာပဲ..သဘာဝကျကျနဲ့ မျက်စိထဲမှာ မြင်အောင်ကိုရေးနိုင်တယ်ဗျာ..တကယ်သဘောကျတယ်..မတင်ကြည်ခမျာ မချစ်တာလဲမဟုတ် စေတနာမရှိတာလည်းမဟုတ်ပဲနဲ့ နှုတ်ဝစီကြောင့် ဒုက္ခရောက်ရတာကိုရေးထားတာ မိန်းကလေးတွေကို ဗျစ်တောက်ဗျစ်တောက်မလုပ်ကြဖို့ သတိပေးလိုက်သလိုပဲ..

Andy said...

တကယ်သဘာဝကျတာပဲဗျာ..
(ဒါပဲပြောတတ်တော့တယ်)

poemflower said...

စာရေးဆရာလုပ်တော့ ရန်ကုန်သားရေ :)

myatnoe said...

မျက်စိထဲမယ် ကွက်ကွက်ကွင်းကွင်း မြင်တယိ..
တကယ်ကောင်းတယ်..

seng said...

အိမ်ကတစ်ယောက်တော့
ကိုယ့်ကို စကားများတယ်တဲ့..
ဒါပေမဲ့ ကိုယ်ငြိမ်နေပြန်တော့လည်း
သူကမနေတတ်ပြန်ဘူး..
ကဲ မခက်ပေဘူးလား :D

seng said...

စာတွေဖတ်လို့အရမ်းကောင်းတယ်...
အမြဲရောက်ပေမဲ့ မမန့်ဖြစ်ခဲ့ဘူး...
ရွှေအမြုတေ ကစာတွေဖတ်ရတဲ့
အတိုင်းပဲ ခံစားရတယ်...

ပျော်ရွှင်ပါစေ

ဖိုးစိန် said...

ဝသီ ဝသီ


ကျနော်လဲ နားပူမခံနိုင်ဘူး

ဘုန်းကြီးတော့ မဝတ်ဘူး

အဟိ


စာရေးကောင်းတယ်ဗျုာ....


အရေးအသားတွေ ကြွတယ်...


ချစ်ခင်စွာဖြင့်

ဖိုးစိန်

ကိုလူထွေး said...

ရန်ကုန်သားလည်း နားပူလို့ဆိုပြီး ဘယ်အချိန် ဘုန်းကြီးဝတ်သွားမလဲ မသိဘူး...

းဝ)

ရွှေပြည်သူ said...

အရေးအသား တကယ်ကောင်းတယ် မောင်လေး ရန်ကုန်သားရေ... တကယ်ကို ငိုအားထက် ရယ်အားသန် အဖြစ်ပါပဲ... စာကောင်းပေမွန်တွေ အများကြီး ဆက်ရေးနိုင်ပါစေ...

ဇော် said...

အောင်မြတ်လေး နားကို ညည်းသွားတာပဲ။
ကျနော့်အကို ကိုရန်ကုန်ကိုတော့ ဒီလို မိန်းမမျိုးနဲ့ မရအောင် ခုထဲက သေချာ ဆုံးမထားမှ ဖြစ်တော့မယ်။ ဟီးဟီး။ =P