Thursday, August 6, 2009

ဆု နဲ့ ဆူး ....



ရန်ကုန်သားတို့ ငယ်ငယ်က တက်ခဲ့တဲ့ မူလတန်းကျောင်း လေးက စမ်းချောင်းရှမ်းလမ်း(ဗဟိုလမ်း)ပေါ်ကပါ။ အမက (၉) က တချို့ အဖြစ်အပျက်တွေကတော့ မမှတ်မိတော့ပါဘူး။ အသေအချာမှတ်မိတာကတော့ နှစ်တန်း ကျောင်းသားဘဝ က ကျောင်းဆင်းပြီး အိမ်မပြန်ပဲ စာသင်ခုန်တွေပေါ် ပြေးပြေးဆော့တုန်း အတန်းပိုင်ဆရာမ နဲ့ မိလို့  အရိုက်ခံရတာပါ။ ကျောင်းသားကို ဆရာမ ရိုက်တာ တော့ မဆန်းပါဘူးလေ။ ဒါပေမယ့် ကျွန်တော့် အ တွက် ကတော့ဆန်း တယ်။ ဆရာမရိုက်တဲ့ တုတ်က ကျွန်တော် လက်ဆောင် ပေးထားတာလေ။ အဖေ့ ရဲ့  အ ဖေ အဘိုးက ပိတောက်သား နီနီလေးကို ချောမွေ့ နေအောင် ရွေပေါ်ထိုး ကော်ပတ်စားပြီး ပေတံ အဖြစ်နဲ့  လက် ဆောင် ပေးတယ်။ အဲတာကို ကျွန်တော် ကမနေနိုင် မထိုင်နိုင် ဆရာမကို မျက်နှာလုပ်ပြီး လက်ဆောင် သွား ပေးတာ ပထမဆုံးအရိုက်ခံရတာ ကျွန်တော်ဖြစ်သွားရော။


ကြွားပြောတာတော့ မဟုတ်ပါဘူး (ဒီခေါင်းစဉ်လေးရဲ့  အောက်မှာ ကျွန်တော့်ညီအစ်ကို မောင်နှမတွေ အမှန် တွေကို ပြောသွားတဲ့ အတိုင်း) ဖြစ်ခဲ့ တာလေးတွေ ပြောပါရစေ။ ကျွန်တော် တစ်ခါမှ စာမရလို့ အရိုက်မခံရဖူး ပါဘူး။ အမေက စာနဲ့ ပတ်သက်ရင် သိပ်တင်းကြပ်တာ ကြောင့်ပါ။ ကျွန်တော် ကအဆော့ မက်တယ်လေ စာမရ ရင် မဆော့ရတော့၊ အမေ့ရှေ့ မှာ စာတွေအံ စာတွေလုပ်ပြီးမှ ဆော့ရမှာမို့ အမေ့ကို ကြောက်လို့  ကျက်ခဲ့ရ တာပါ။ အဲ မူလတန်းမှာ ကျွန်တော် နာမည်တစ်ခု ရလိုက်ပါတယ် ဦးရှန်းကြီးတဲ့ …. စာပြီးပြီး ရော ဘယ်တော့ မှ ပြန်မစစ်တတ် တဲ့ ကျွန်တော်ဟာ ရှန်းရှန်းပြီး စာမေးပွဲတွေမှာ အမှတ်တွေ လျော့တတ်လွန်းလို့ ပါ။ ပထမ အ စမ်း ဒုတိယ အစမ်း စာမေးပွဲတွေမှာ အမှတ်ပြည့်မရရင် အမေက ဦးရှန်းကြီးလို့ ခေါ်ပါတယ်။ ကျွန်တော့ အန်တီ က အဲဒီ ကျောင်းလေးက ဆရာမဆိုတော့ ကျွန်တော် ရှန်းသမျှတွေ အကုန်ပြန်ပြန် ကြားရပါတယ်။


“ကလေးက ဥာဏ်ကောင်းတယ် … နားကားလေးပဲ တော်တာပေါ့ …. ဦးခေါင်းကလည်း ကြည့်ဦးလေ ခေါင်းကြီး လေးတဲ့ …” အဲလို အဲလို တော့ ကျွန်တော့်ကို ချီးမွမ်းကြတာပဲ။ ကျွန်တော်ကတော့ သိပါဘူး ခေါင်းကြီးသလား နားကားသလား။ စာမရလို့ အမေ ဆူမှာပဲကြောက်တာ။ (အသက်ကလေး ရတာတော့ အမေ ဆူမှာထက် အ မေ့ မျက်နှာညိုမှာ ပိုကြောက်လာခဲ့ ပါတယ်။) ကျွန်တော်ငယ်ငယ် က အမေတော်လို့ ဆုတွေရခဲ့ တာပါ။ အမေ က စာမေးပွဲရှိတဲ့ အခါ ကျွန်တော်နဲ့ စာတူတူ လိုက်ကျက်ပေးတယ်။ ကျွန်တော့်ကို စာတော်စေချင်သလို သူ့  သား လေး ဆုပေးပွဲ တက်ရတဲ့ အခါ တစ်ယောက်ယောက်ကများ ဘာဆုရလဲလို့ မေးရင် အမေလည်း “ပထမ” ရတယ်လို့  ဖြေချင် မှာပဲလေ။


လေးတန်းရောက်တော့ အဒေါ်လုပ်တဲ့ သူက သူ့ အတန်းကို အချိန်ပိုခေါ်သင်တုန်း သူ့ တူကျွန်တော့်ကိုပါ ခေါ် ပါတယ်။ ကျွန်တော် ကလည်း ကျောင်းဆင်းတာနဲ့  အိမ်ကိုအပြေးကလေးပြန်၊ အိမ်ရောက်တာနဲ့ လွယ်အိတ်ကို ဗုန်းကနဲ ပြစ်ပြီး ပြေးဆော့ချင်တာ လေ။ အဲဒီတော့ အန်တီ့ အချိန်ပိုတန်းကို ပတ်ပတ်ပြီးပြေးတာပေါ့။ ကျွန် တော့်  အတန်းပိုင်ဆရာမ ကကျွန်တော့ကို ကျူရှင်အပ်တာ လက်မခံဘူး။ အမေတို့  ပြောသံကြား ရတာတော့ ဆရာမ က“ကျူရှင်က တော်တဲ့ ကလေးတွေ အတွက်မဟုတ်ပါဘူး” ပြောသတဲ့ ။ ကျွန်တော်က တော့ ကျိတ်ပြီး ပျော်နေ တာ။ ကျူရှင်မတက်ရတော့ ၊ အမေ ရုံးကပြန်မရောက်ခင်ထိဆော့လို့ ရတယ်လေ။


ဒီလိုနဲ့ ထမင်းစားချိန် ပြေးလွှားဆော့ လွန်းလို့ အရိုက်ခံရ၊ အတန်းထဲမှာ စကားများလို့ အရိုက်ခံလိုက်ရနဲ့  အဲဒီ မူလတန်းကျောင်းသားလေး ကျွန်တော် စတုတ္တတန်းမှာ တစ်ကျောင်းလုံး ပထမရခဲ့ပါတယ်။ ကျွန်တော့်ကို အထင်တွေ မကြီးလိုက်ပါနဲ့  အစိုးရစစ် စစ်တဲ့ အတန်းကို ကျွန်တော် ရောက်တိုင်း(ကံကောင်းထောက်မစွာ) အစိုးရစစ် နဲ့  လွဲခဲ့ရလို့  ကြက်ကန်းလေး ဆန်အိုးတိုးသွားတာပါ။ ဆယ်တန်းကလွဲရင် အစိုးရစစ် မဖြေဖူးပါဘူး ဗျာ။


ကျွန်တော် အလယ်တန်းရောက်ပါပြီ။ စမ်းချောင်း အလက(၃) က အဲဒီအချိန်တုန်းက အင်မတန် နာမည်ကြီး ပါ တယ်။ ပတ္တမြား(၃) လို့ တောင် တင်တင်စားစားလေး ခေါ်ရလောက်အောင်ပါ။ ဒါကလဲ ကျွန်တော် ပြောသ လို အစိုးရစစ်မှာ အောင်ချက်တွေကောင်းခဲ့ တဲ့ ကျောင်းလေးရဲ့ ရာဇဝင်ကြောင့်ပါ။ ကျွန်းတောလမ်းပေါ်က အဲဒီ ကျောင်း လေးဟာ တရုတ်သူဌေးမိသားစုရဲ့ အိမ်ဖြစ်ခဲ့ပါတယ်။ အိမ် တစ်လုံးအနေနဲ့  ကြီးမားခဲ့ပေမယ့် ကျွန် တော် တို့  ကျောင်းလေးဟာ အလယ်တန်းကျောင်းလေး တစ် ကျောင်း အတွက်တော့ အလွန်တရာ သေးငယ် နေ ပါတယ်။ တစ်ကျောင်းလုံးပေါင်းမှ စာသင်ခန်းလေးခန်းပဲရှိလို့ ပါ။


ကျွန်တော့်ကို ဆရာမတွေ ကချစ်ကြတယ်။ ဘာဖြစ်လို့ လဲတော့ ကျွန်တော်မပြောတော့ပါဘူး။ တော်ကြာ ခေါင်း စဉ်နဲ့ တဖြည်းဖြည်း ဝေးဝေးသွားမှာစိုးလို့ ပါ။ ငါးတန်းမှာ ကျွန်တော် စာစီစာကုံးပြိုင်ပွဲတွေ အများကြီး ဝင်ပြိုင်ခဲ့  ရပါတယ်။ တစ်ခါလားပဲ မြို့ နယ်အဆင့် နှစ်သိမ့်ဆု ရဖူးပါတယ်။ ဒါပေမယ့် အဲဒီကျောင်းလေးက ကျွန်တော် ဆိုတဲ့ ရန်ကုန်သား ကို ရုပ်လုံပေါ်အောင် ထုဆစ်ပေးခဲ့ တယ်ဆိုမမှားပါဘူး။


ကျွန်တော့် မှာ လူမကြောက်တဲ့ ရောဂါရှိပါတယ်( လူကြောက်တဲ့ ရောဂါလိုပေါ့) လူမကြောက်တော့ ဆရာ ရှေ့  လည်း ပြောချင်တာရှိ ဒိုးဒိုးဒေါက်ဒေါက်နဲ့ ကောက်ပြောတတ်ပါတယ်။ အခန့် မသင့်ရင်လည်း အလိုက်မသိ မှု ကြောင့် ဆရာတွေ ရိုက်တာ ခံရသလို အကွက်ဝင်သွားရင်တော့ ဆရာတွေရဲ့  ချစ်ခင်မှုကို ရရှိခဲ့ပါတယ်။ အဲဒီ ရလဒ်ကတော့ ကျွန်တော် ကျပန်းစကားပြောတွေ ဝင်ပြိုင်ရတော့တာပါ။ မှတ်မှတ်ရရ ကျွန်တော် ခုနှစ်တန်းမှာ စမ်းချောင်းမြို့ နယ်တစ်ခုလုံးမှာ “မိုင်းပွန်စော်ဘွားကြီး ဦးအောင်မြတ်” ခေါင်းစဉ်နဲ့ ပထမရခဲ့ ပါတယ်။ အဲဒီ က ဆက်တက်ပြီး မြို့ နယ်အဆင့်ပြိုင်တော့ “ အနော်ရထာမင်း၏ သာသနာတော်တည်တန့် ပြန့် ပွါးစေရန်ဆောင် ရွက်ချက်များ” ခေါင်းစဉ်နဲ့  ပြိုင်ပွဲရဲ့ ပထမဆုံး ကျောင်းအဖြစ်ယှဉ်ပြိုင်အပြီး ဖုတ်ကနဲ့ ပြုတ်ကာ အိမ်ပြန် လာခဲ့  ရပါ တယ်။


ကျွန်တော့်အကြောင်းက စာတော်တာထက် ဟိုစပ်စပ် သည်စပ်စပ် လျှောက်လုပ်တာတွေ ကပိုများပါတယ်။ ဘာမှ လည်း ဟုတ်တိပတ်တိ ဖြစ်လာတယ် မရှိပါဘူး။ ကျောင်းမှာလုပ်တဲ့ လှုပ်ရှားမှုတွေ လူမှုရေးကိစ္စတွေ ကို မ လွတ်တမ်း ပါဝင်ခဲ့ ပြီး ကထိန်လှည့်လို့ ဒိုးပတ်တီးတဲ့ အခါ ကိုးယို့ ကားယားနဲ့ ကွေးနေအောင်တောင် လိုက် ကလိုက်ပါသေးတယ်။ သူငယ်ချင်းတွေဘောလုံးကန် တော့လိုက်ကန်၊ ကောင်းကောင်း မကန်တတ်လို့  နောက် ဂိုး ဖမ်း၊ ဒါလည်းအဆင်မပြေပြန်၊ နောက်ဆုံးတော့ ကျွန်တော် ဒိုင်လူကြီးဖြစ်ရော။ အဲလို ဘောလုံး နဲ့  အကျိုး ပေး တာခဲ့ တာပါ။ အားကစားဆို ဘာမှ မယ်မယ် ရရ မတတ်ခဲ့ ပါ။


တစ်ခါတစ်လေ ယာဉ်စီးကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး စာမေးပွဲတွေမှာ မော်တော်ပီကယ်ဖြစ်ခဲ့ သလို၊ မူးရစ်ဆေးဝါး နဲ့ ပတ်သက်တဲ့ စာစီစာကုံးပြိုင်ပွဲတွေနဲ့  ဘိန်းပညာရှိဖြစ်ခဲ့ပါတယ်။ တီဗွီဂိမ်းတွေ ခေတ်စားလာ ပြန် တော့လည်း ကျွန်တော် လိုက်ယောင်ပြန်ပါရော၊ ဂိမ်းဆိုင်က အထွက်မှာ အတန်းပိုင်ဆရာမနဲ့ တွေ့ လို့  အတန်း ထဲမှာ အဆင့်တွေ ကျ တာ ဂိမ်းဆော့လို့ ဆိုပြီး အိမ်ကို အတိုင်ခံရပါတယ်။ အစ်မေက ကျွန်တော့်ကို ဆူပါတယ် ဒါနဲ့ ကျွန်တော့်ကို အဖွားက သူ့ အိမ်ခေါ်ပြီး ကျွန်တော့်ထက် အသက်များစွာကြီးသော စာအုပ်စင်ကြီးကို အမွေ ပေးပါတယ်။ ခုနှစ် တန်း မတက်ခင်ကစပြီး စာဆိုတာ ဖတ်ရကောင်းမှန်း သိလာရပါတယ်။


ကျွန်တော်တို့ အလယ်တန်းကျောင်းလေးက စိန့် ဖလိုမီနာဆိုတဲ့  (အထက-၂ စမ်းချောင်း) ယနေ့ ခေတ်မှာ အင် မတန် နာမည်ကြီးတဲ့  မိန်းကလေးကျောင်းနဲ့ အတော် နီးပါတယ်။ နှစ်မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပါ တယ်။ ခု နှစ်တန်းရောက် တော့ ကျောင်းဆင်းရင် အိမ်တန်းမပြန်ဘဲ အဲဒီကျောင်းဘက် အငမ်းထွက်တတ် လာ ပါတယ်။ မှတ်မှတ်ရရ ကတော့ ဥပုသ်နေ့ ကျောင်းပိတ်ရက် တစ်ရက်မှာ ကျွန်တော့်ကို ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်စိုး (နောင်အခါ စိန့် ပေါလ်ကျောင်းအုပ်ကြီး)က စိန့် ဖလို မှာ စာစီစာကုံး ပြိုင်ဖို့ ပြောထားပါတယ်။ ကျွန် တော် အဲဒီ မနက်က သူငယ်ချင်းတွေနဲ့  လက် ဖက် ရည်ဆိုင် ထိုင် ရင်း အချိန်ဖြုန်းနေခဲ့ တာ စာစီစာကုံး သွား မပြိုင် ဖြစ်ခဲ့ ပါဘူး။


ဒါပေမယ့် စာစီစာကုံး အပြိုင် လာမယ့် ကောင်မ လေး တွေသွား ငမ်းကြမယ်ဆိုပြီး သူငယ်ချင်းတွေ စက်ဘီး ကိုယ်စီနဲ့  စိန့် ဖလို ကို သွားကြ ပါ တယ် အဲဒီမှာ အ ပြင် ဘက်ထွက် ဆေးလိပ်သောက်နေတဲ့  ကျွန်တော်တို့  ကျောင်းအုပ်ဆရာကြီးနဲ့  ပက်ပင်း တိုးပါလေရော။ ဆရာကြီး ရှေ့ ကဒရောသောပါး စက်ဘီးနင်းပြီး ပြေးထွက် လာပေမယ့် ကျွန်တော့ကိုတော့ ဆရာကြီးကတွေ့ လိုက် ပါတယ်။ နောက်နေ့ မနက် ဆရာကြီးရုံးကို မျက်နှာ ကလေး အောက်ချပြီး ကျွန်တော် တက်ခဲ့ ရပါတယ်။ အမေ့ကို ပြောမပြခဲ့လို့ ခုထိ အမေမသိပါဘူး။ အဲဒီအ ချိန် ကျွန်တော် ရှစ်တန်းရောက်နေပါပြီ။


နောက်တစ်ခု အမှတ်ရတာက ငမိုးရိပ်ချောင်း ကူးပြီး ကျွန်တော်တို့ သူငယ်ချင်းတတွေ ဓနိရည် သွားသောက်ကြ တာပါ။ ကျွန်တော့အထင် ဆောင်းတွင်းဖြစ်မယ် ထင်ပါတယ်။ မနက်စောစော ကျူရှင် ကပြန်တော့ ရှစ်နာရီ မရှိ တရှိလောက် ရှိမယ်။ မြူလေးကလည်း မကွဲချင်သေးတဲ့ အချိန်ပေါ့(တချိန်တုန်းက ရန်ကုန်က သိပ်လှတာပဲ) မြောက်ဥက္ကလာသား ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ဓနိရည်သောက် မယ့် အစီအ စဉ် ကို ပြောတာနဲ့  သူငယ်ချင်း လေးယောက်သား ရထားစီးပြီး လစ်ခဲ့ ကြပါတယ်။ ရထားကလဲ သိတဲ့ အတိုင်း ရန်ကုန်သား ကျွန် တော် သိတတ်မှ အဲဒီတစ်ခေါက်ပဲ စီးဘူးတာဆိုတော့ (ရန်ကုန်မြို့ မယ်ပြောပါတယ်) ပျော်လိုက်သည့်ဖြစ်ခြင်း။ မြောက်ဥက္ကလာ တံတားလေး ဘူတာ (တံတားလေး လား တံတားဖြူလားဆိုတာ ကောင်းစွာ မမှတ်မိတော့ပါ) ထိသွား၊ မယ်လမုဘုရားကို ဖြတ်သွားရတော့ အားနာပါးနာနဲ့ ဘုရားဝင်ဖူးရင်း လိပ်ဥအတူး ထွက် ခဲ့ ကြပါတယ်။ လှေခ ငါးကျပ်ဗျ ကျွန်တော်မှတ်မိတယ်။ လှေလေးနဲ့ ငမိုးရိပ်ချောင်း တစ်ဖက် ကမ်း ကူးပြီး အဲဟို တစ်ဖက်ကမ်း ဓနိတောမှာ တစ်ခါမှမသောက် ဖူးတဲ့ ဓနိရည်သွားသောက် ခဲ့ ကြပါတယ်။ အဲလောက်ထိ အားထည့်တာပါ။


ကြွားရတာလဲ ကျွန်တော့ အိမ်တစ်ခုလုံး (ရှက်လို့ ) နီနေပါပြီ။ ရှစ်တန်းအောင်တော့ ကျောင်းမှာ ပထ မ ဆုရခဲ့  ပါတယ်။ ရှစ်တန်းအောင် တော့ စာရေးဆရာဖြစ်ချင်တယ် ဆိုတဲ့ စိတ်ကလေး ကျွန်တော့်ရင်ထဲ စတင် သန္ဓေ တည်ခဲ့အောင် ပြုလုပ်ပေးခဲ့ တဲ့ ဆရာကတော့ ကျွန်တော့ မြန်မာစာ ဆရာ ဆရာဦးမြင့်သန်း (ငြိမ်း)ဖြစ်ပါတယ်။ စာရေးဖို့ ဝါသနာ ပါသူတိုင်းအတွက် ကျေင်းတော်က စာစီစာကုံးသည် ကလောင်စမ်းရန် များစွာအထောက် အကူ ပြုခဲ့လိမ့်မယ် လို့ ကျွန်တော်ထင်ပါတယ်။

စာစီးစာကုံးရေးရင် စာအုပ်တွေထဲက ကူးကူးချ တတ်တဲ့ ကျွန်တော့ကို ဆရာက ကူးခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် တစ်အုပ်ထဲက မဟုတ်ပါဘူး စာစီစာကုံး စာအုပ် ပေါင်းများ စွာ ထဲကနေကူးပြီး အသစ် တစ်ခု ဖန်တီးစေ ခဲ့တာ ပါ။ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်၊ ဆရာ ဦးတင် ဝင်းသျှင် စတဲ့  ဆရာများ နဲ့  ဂုဏ်ထူးရှင်များရဲ့ စာစီစာကုံး စာ အုပ်တွေကနေ ကူးပြီးတော့ စာစီစာကုံးတွေ ရေး ခဲ့ပါ တယ်။ ရှစ်တန်းစာမေးပွဲ ဖြေရခါ နီး မှာ ဆရာ့ကျေးဇူး နဲ့ စာစီစာကုံးတွေကို ကိုယ်တိုင် ရေးလာ နိုင်ခဲ့ ပါတယ်။ ကူးပါများ တော့ မှတ်မိလာပြီး ဟန်ကိုလည်း သဘော ပေါက်လာခဲ့ တဲ့ သဘောပါ။ ဆရာရဲ့  ညွှန်ပြမှု သင် ပြမှုတွေနဲ့ ကျွန်တော် တစ်ယောက်ကိုယ့်စကားကို စာဖြစ် အောင် ရေးတတ်လာခဲ့ ပါတယ်။ ဆရာ့ကို ဒီနေ့ ထိ သတိရတိုင်း ကန်တော့ မိတုန်းပါ။ ဆရာပေးတဲ့  ဆုတွေ လည်း ခုထိ ကျွန်တော်နဲ့  လက်တကမ်းမှာရှိစဲပါ။


ကိုးတန်းရောက်တော့ အထက(၃) စမ်းချောင်းကို ပြောင်းခဲ့ ရပါတယ်။ ဘယ်ကျောင်းက ပြောင်းလာလာ ဖြူဖြူ မည်းမည်း အခန်းအသစ်ဖွဲ့ ကာထားတတ်တဲ့ ကျောင်းတော်ရဲ့ အစဉ်အလာကြောင့် နဝမတန်း (E) ခန်းကို ကျွန် တော်နှင့် သူငယ်ချင်းတစ်သိုက် ရောက်ခဲ့ ကြပါတယ်။ ထုံးစံအတိုင်း ဆရာမတွေက ကျွန်တော့ကို သိပ်ချစ် သွားကြပါတယ်။ ကျွန်တော်ကလည်း သိပ်ချစ်တဲ့ ကောင်မလေးတစ်ယောက်ကို အဲဒီမှာ စတွေ့ ခဲ့ရပါတယ်။ သူ ကတော့ ကိုးတန်း(B)ခန်းက အလှချောကလေး ပါ။ တွေ့ ကြပုံက ဒီလိုပါ။ ကျွန်တော်တို့ ကိုးတန်းရောက် တော့ အခြေခံပညာ ကျောင်းများမှာ စုံညီပွဲတော်တွေကို ပထမဦးဆုံးစပြီး ကျင်းပတဲ့ နှစ်ပါ။ ကျွန်တော့်တို့ ကို သမိုင်း ပေးခဲ့တဲ့ ဆရာမ ကြီး (ကျွန်တော်တို့ ကအမေ လို့ ချစ်စနိုးခေါ်ပါတယ်) က “ ဟဲ့ သားလေး နင်က မြန်မာ ရုပ်က လေး လာ ငါနဲ့  လိုက်ခဲ့  ကျောင်းကပွဲမှာ ငါနာမည်ပေးခဲ့ ပြီ….” ဆိုပြီး ကျွန်တော့်ကို အတင်း ဆွဲခေါ်သွား ပါတယ်။ ကျွန်တော် လည်း ဘုမသိ ဘမသိနဲ့ အမေ့နောက် ဒရွတ်တိုက်ပါသွားပါလေရော။ အမေ့ ကို ကျေးဇူး တင်လိုက် တာ အမေသာ ကျွန်တော့ကို သတိတရနဲ့  လာမခေါ်ခဲ့ ရင် သူလေးနဲ့ ကျွန်တော် ရင်းနှီးခွင့်ရ မှာ မဟုတ် ဘူးလေ။


တွေ့ ဖူးနေတာကြာပေမယ့် ကျောင်းတော်ကြီးက လှလှချောချော တွေက ကျွန်တော်တို့ စုံစီနဖာ (E) ခန်းက မောင်တွေကို ဘယ်လှည့်ကြည့် ပါ့မလဲလေ။ ကျောင်း ကပွဲက ထူးထူးထွေထွေရယ် မဟုတ်ပါဘူး။ ဇော်ဝင်းထွဋ် ရဲ့  “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် ”ကို သရုပ်ဖော်က ကြရတာပါ။ သူလေးက ကရင်မလေးဆိုတော့ သင် တိုင်း နီနီလေး နဲ့ အင်မတန် လှနေပြီး ချစ်စရာကောင်းနေတာပေါ့။ ကျွန်တော့်သူငယ်ချင်း ကရင်လုပ် ရတဲ့  မောင် က ကျွန်တော့ကို မခံချင်အောင်စ ကျွန်တော် ကမနာလို ဖြစ်၊ ကျွန်တော်နဲ့ တွဲရတဲ့  မြန်မာမလေးက လည်း သူ့ ရည်စားနဲ့ စကားတွေများ ကွဲမယ်ပြဲမယ်ဖြစ်။ သိပ်ကိုပျော်စရာကောင်းတဲ့ နေ့ ရက် အချိန်တွေပါဗျာ။


ကိုးတန်းနှစ် စာစီစာကုံးပြိုင်ပွဲတစ်ခုမှာ ကျွန်တော် ဒုတိယဆု ရခဲ့ပါတယ်။ ဆုပေးပွဲ ဘယ်အချိန်လုပ်မှန်း မသိ ရအောင် စိတ်တွေက ထွေနေလို့ ဆုပေးပွဲမတက်လိုက် ရပါဘူး။ မူလတန်းမှ အလယ်အတန်းအထိ တစ်နှစ် မပျက် ဆုပေးပွဲတက် ခဲ့ ရ တဲ့ အမေက မချိတင်ကဲနဲ့ ဒေါသဖြစ်နေပါသေးတယ်။ ကျွန်တော်ကတော့ စိတ်ထဲ မ ရှိပါ ဘူး သူလေး မတက်ရတဲ့ ဆုပေးပွဲ ကျွန်တော် ဘာသွားလုပ်ရမှာလဲနော့……. ဒီလိုနဲ့ ကျွန်တော် ကိုးတန်း အောင်ပါတယ်။ ပတ္တမြား(၃) ဆိုတဲ့ ကျောင်းငယ်လေးက လာတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ အထက ကျောင်းတော်ကြီးက ဒသမတန်း (A) ခန်းကိုရောက်သွားခဲ့ကြပါတယ်။ ဆယ်တန်းကျောင်းသား ဘဝမှာ စပြီး ကျွန်တော် ဘာလဲဆိုတာ သိခဲ့ရပါတယ် များပြားလှတဲ့ စာတွေ၊ မေးခွန်းဟောင်းတွေ ဟာ တစ်ခါ ကျက်လည်း မမှတ်မိ အခါခါကျက်ပေမယ့်လည်း မေ့ မေ့နိုင်လွန်းတာကြောင့်ပါ။ ဆရာဦးစိုင်းအောင်ဝင်း (အင်္ဂလိပ်စာ) ဆရာ ဦးညီညီ(ဓာတု)၊ ဆရာမ ဒေါ် နီနီထွန်း(ဇီဝ)၊ဆရာဦးချစ်အောင်(ရူပ/သင်္ချာ)စတဲ့ ဆရာတွေဆီမှာ Section တန်းတွေလိုက်တက်ရင်း ကျွန်တော့ ဆယ်တန်းကျောင်းသားဘဝ ခေါင်းမဖော်နိုင်ခဲ့ ပါဘူး။ ကျွန်တော် လုပ်ချင် သမျှ အရာအားလုံးကို မေ့ထားခဲ့ ရပါတယ်။ ရှိသမျှအားတွေကို လည်းစိုက်ထုတ်ခဲ့ရပါတယ်။ ကျွန်တော့် ရင်ထဲ စွဲနေတဲ့ သူလေး နောက်ကို လည်း မလိုက်နိုင်ခဲ့ပါဘူး။ တစ်ပါးသူတစ်ယောက် အတွက် ဆယ်တန်းဟာ လွယ်ကူ ကောင်းလွယ်ကူ နိုင်ခဲ့ပေမယ့် ကျွန်တော့ အတွက်ကတော့ တကယ်ကို ရုန်းခဲ့ရတဲ့ ပွဲပါ။


ဆယ်တန်းဟာ ကျွန်တော် တို့ ဘဝမှာ ဖြေရမယ့် ခက်သည်ထက် ခက်ခဲလှသော စာမေးပွဲများ ၏အကြို အဖြစ် စတင် မြည်း စမ်းစေ လိုက်တာလို့ ကျွန်တော်ထင်ပါတယ်။ ဘဝရဲ့ အကွေ့ ပေါင်းများစွာရဲ့ အစ ပထမ စာမေးပွဲ ကြီးလို့ လည်း ထင်မိပါတယ်။ ကျွန်တော် အကြောင်းအမျိုးမျိုးကြောင့် နာမည်ကြီး ဟယ်လ်ပင်ဝိုင်းကို မတက် နိုင်ခဲ့ ပါဘူး။ စာ မေး ပွဲဖြေခါနီး ဇန်နဝါရီလအထိ ကျောင်းတက်ခဲ့ပါတယ်။ ကျွန်တော့ ကျေးဇူးရှင် ဆရာမများက ကျွန်တော့် ကို တစ်ယောက်တည်း ရှိခဲ့ ပေမယ့် စေတနာ ပရပွနဲ့ စာတွေသင်ပေးခဲ့ ပါတယ်။ မြန်မာစာ ကို ချစ် လို့ မြန်မာစာ ဂုဏ်ထူးကိုရချင်လွန်းခဲ့ ပေမယ့် မရခဲ့ တဲ့အတွက် ကျွန်တော့် ကျေးဇူးရှင် ဆရာတွေဖြစ်တဲ့ ဆ ရာမကြီး ဒေါ်မြင့်မြင့် (ငြိမ်း) နဲ့ ဆရာမ ဒေါ်အေးအေး (ငြိမ်း) တို့ ကို ကျေးဇူး မဆပ် လိုက်နိုင် ခဲ့  ပါဘူး။


ကျွန်တော်တို့ နှစ်က(၂၀၀၀-ခုနှစ်) ရန်ကုန်တိုင်း မြန်မာစာမေးခွန်းမှာ စာစီစာကုံးရေးဖို့  “ စည်းလုံးခြင်း သည် အင် အား” နဲ့  “အိပ်မပျော်သောညတစ်ည” ဆိုတဲ့  ခေါင်းစဉ်နှစ်ပုဒ်မှ တစ်ပုဒ်ရွေးရပါတယ်။ ကျွန်တော် ဘယ် ခေါင်းစဉ် ရွေး လိုက်လဲဆိုတာ ထူးပြီးပြောစရာမလို တော့ပါဘူး။ ကျွန်တော့ ဆရာမက “ဟဲ့ ကောင်လေး နင် ဘာ ရွေးခဲ့  လဲ” လို့ မေးတော့  ကျွန်တော်က အားရဝမ်းသာနဲ့ “အိပ်မပျော်သော ညတစ်ည” လို့ လည်းပြော လိုက်ရော ဆရာမ မျက်နှာ ပျက်သွားပါတယ်။ “ငါထင်တယ် နင်အဲတာ ရွေးမှာစိုးလို့ ခုတော့ …… ဟင်းဟင်း စာ ရေးဆရာ ကြီးရဲ့ ….. ” လို အံလေးခဲပြီး ပြောပါတယ်။ ဆရာမ ပြောတဲ့ အတိုင်း ကျွန်တော် မြန်မာစာ ဂုဏ်ထူး မ ရခဲ့ပဲ ကပ်ပြုတ်ကြီး ဖြစ်သွားရပါတယ်။ အဲလောက်ထိ ကျွန်တော် ရသစာပေ ကို ရေးချင်ခဲ့တာပါ။ ကျွန်တော် လက်ဆော့ပြီး ရေးလိုက်တဲ့  “အိပ်မပျော်သောညတစ်ညက” ကောင်း လွန်းလို့  မြန်မာစာ ဂုဏ်နဲ့  လွဲ သွား ရ တာထင် ပါတယ်။


ဆယ်တန်း မှာ ဂုဏ်ထူးပေါင်းမြောက်မြားစွာနဲ့  အောင်မြင်ခဲ့ သူများ The Whole Burma စာရင်းဝင်ခဲ့ သူများကို ဘယ်သူဘယ်ဝါ တွေတော့ရသွားတယ်ဆိုတာ ကြားမိတိုင်း ယနေ့ အချိန်ထိ ကျွန်တော် ချီးကျူးနေမိပါတယ်။ သူတို့ ဘယ်လို ကြိုးစားခဲ့ ကြသလဲ။ “တော်လိုက်တာနော် ….. ” လို့ လူအများရဲ့ အချီးကျူးခံရဖို့ အတွက် သူတို့ ပေးဆပ်ခဲ့ ရ တဲ့ ခွန်အားတွေ ၊ အချိန်တွေ ၊ဆုံးရှုံးမှုတွေ ဘယ်လောက်တောင် များလိုက်မလဲဆိုတာ ကျွန်တော်တို့ မသိနိုင် ပါဘူး။“ထိုက်တန်တဲ့ ရင်းနှီးမှုရှိရမယ်” ၊ “ တစ်ခုလို ချင်ရင် တစ်ခုကို ပေးဆပ်ရတယ်” ဆို တဲ့ စကားတွေမှန်ပေမယ့် ဘယ်ရွေ့ ဘယ်မျှ ရင်းနှီးခဲ့ရတယ် ပေးဆပ်ခဲ့ ရတယ်ဆိုတာ ချီးကျူးတဲ့ လူတိုင်း တွေး ကောင်းမှ တွေးမိကြမှာပါ။ ကျွန်တော့လို ဘာမှ မဟုတ်တဲ့ သူတောင် ဒီလောက် လုပ်ခဲ့ရရင် သူတို့ လို ပါရမီရှင်များဟာ ဘယ်လောက်ထိ အားထုတ်ခဲ့ရမလဲ ဘယ်လောက်ထိ ရင်းနှီးခဲ့ရမလဲ ဆိုတာ တွေးကြည့်ပြီး အလွန် လေးစား မိပါတယ်။

ကျွန်တော် ဂုဏ်ထူးတွေ အများကြီးလည်း မရခဲ့ ပါဘူး၊ The Whole Burma ဆိုတာတော့ တွေးတောင် မတွေးဖူးတာပါ။ ဒါတောင် ဆယ်တန်းအောင်ဖို့ အတွက် ကျွန်တော်အများကြီး ကြိုးစားခဲ့ ရပါတယ်။ တစ် ခါကျက် လို့ မှတ်မိတဲ့ သူ နှစ်ခါ ပြန်ဖတ်ရင် တစ်သက်လုံး မမေ့တဲ့ သူတွေ ရှိသော်လည်း ကျွန်တော်ကတော့ ဆယ်တန်း စာမေးပွဲအတွက် ဘာသာရပ်တိုင်းကို အကြိမ်ပေါင်းများစွာ ကျက်ခဲ့ မှတ်ခဲ့ ရပေမယ့် ကိုယ့်အိုး နဲ့  ကိုယ့် ဆန် တန်ရုံပဲ ရခဲ့ ပါတယ်။


ကျွန်တော် ဘယ်လို ဦးနှောက်မျိုး ရှိလဲဆိုတာ ဆယ်တန်းစာမေးပွဲက သတိ ပေး လိုက်ပါတယ်။ တစ်သက်လုံး မင်း မကြိုးစားလို့ ကတော့ မြောင်းထဲရောက်ပြီမှတ်ဆိုပြီး အဲဒီ စာမွေးပွဲက ကျွန်တော့်ကို ပညာပြသွားတာပါ။ ရေးရေးလေး ထင်နေတဲ့  မာနလေးဟာ ဆယ်တန်းမှာ ပြန်ပြီး ဖျော့တော့ခဲ့ ရပါ တယ်။ မင်းကြိုးစာမှုတွေ လိုနေ သေးတယ် ဒီလောက်နဲ့ တော့ မရဘူးဆိုတဲ့ စကားကိုလည်း စိတ်ထဲကနေ ထပ်ခါထပ်ခါ ပြောနေ ခဲ့ မိ ပါ တယ်။


အမေက အောင်စာရင်း သွား ကြည့်တဲ့  ညက စိန့် ဂျွန်းကျောင်းကြီးရဲ့ အလယ်မှာ မျက်ရည် ကျခဲ့ ပါ တယ်။ ကျွန်တော့်ကို ကျူရှင် ကောင်း ကောင်း မထားပေးနိုင်လို့ ပါတဲ့ ။ အမေ့တာဝန် ကျေပါတယ်။ တစ်လ မှာ ကျူရှင် လခ နှစ်ထောင် အပြင်ကျွန်တော့ မုန့် ဖိုးပဲဖိုး တွေကို မလစ်ဟင်းရအောင် အမေနဲ့ အဖေက ဖြည့်ဆည်း ပေးခဲ့ ပါပြီ။ ကျွန်တော်လည်း ဝမ်းနည်းတာပေါ့ ဒါပေမယ့် ကျွန်တော်က အမေတို့  ထင်သလို မာစတာ ဘရိမ်းပိုင်ရှင် မဟုတ်ဘူး ဆိုတာ၊ ကြိုးစားမှုတွေ မလုံလောက် သေး ဘူးဆိုတာ (ကိုယ့်ကိုကိုယ်) သိခဲ့ ပြီး ဖြစ် တဲ့ အတွက် အတော် ဖြေသာခဲ့ပါတယ်။


ဟယ်လ်ပင် ဝိုင်းကြီးတက်ပြီး ဘာမှဖြစ်မလာတာနဲ့ စာရင် ခုလိုကမှ ဖြေသာ ပါသေး တယ် လို့ ပြောပြီး အမေ့ကို နှစ်သိမ့်ခဲ့ရပါတယ်။ ကျွန်တော့ အဆင့်က ဒီ လောက် ပဲရှိတာကိုးလေ။ တက္ကသိုလ် ကျောင်းတော်ကြီးကို ရောက် တော့  အရပ်ရပ်အနယ်နယ် ကျောင်း အ သွယ်သွယ်မှ ရွှေထီးဆောင်း ခဲ့ ကြ တဲ့ ကျောင်းသား တွေကို တွေ့ လိုက်ရတဲ့ အခါမှာ ကျွန်တော့် မာနဟာ သုံးစားမရတဲ့  အရာတစ်ခု ဖြစ် တယ်ဆိုတာ ပိုပြီးနား လည် ခဲ့ ရပါတယ်။ သူတို့ ဟာ ဥာဏ်ကောင်းတဲ့ သူတွေ ဖြစ်ဦးတော့ ဝီရိယ အားမ ကောင်းပဲနဲ့ တော့ တော်ကြမှာ မ ဟုတ်ဘူးလို့  မြင်လာမိတယ်။ ဝီရိယဆူးကို ရင်ထဲမှာစိုက် နေပေမယ့် ခုထက်ထိ ဝီရိယတွေက အားနည်းနေစဲ ပါ။


စကားလေး လက်စသိမ်းရမယ် ဆိုရင်တော့ ကျွန်တော် ရန်ကုန်သားဟာ လူအများကြားက လူသား တစ် ယောက် ထက်မပိုတဲ့  သူသာလျှင်ဖြစ်ပါတယ်။ ငယ်ဘဝမှာ ရရှိခဲ့ တဲ့ ဆုတွေ ရှိခဲ့ ပေမယ့်  ဆယ်တန်း အောင် လို့ တက္ကသိုလ်ရောက်တဲ့ အခါ ဝီရိယလိုအပ်ခြင်းဟူသော ဆူးတစ်ချောင်း ကိုရင်ထဲမှာ စိုက်ခဲ့ မိပါ တယ်။ ကျွန်တော်ရခဲ့တဲ့ ဆုတွေဟာ တစ်ခါတစ်ရံ ကိုယ့်ကိုကိုယ်(ယောင်မှားပြီး) အထင်တွေကြီးမိမလို ပင်ဖြစ်ဖြစ်သွား စေခဲ့ ပါ တယ်။ နွားခြေရာခွက် ထဲက ဖားငယ်ပုံပြင်ဟာ ဒီနေရာမှာ အင်မတန် ထိမိလှတဲ့ ပုံပြင်လေးပါ။ ကြိုးစား ရ လွန်းလို့ မောနေပေမယ့် ဆက်ပြီးလည်း ကြိုးစား နေရဦးမှာ ပါလားဆိုတာ ကျွန်တော် နား လည်လာ မိတယ်။ ဆရာ ပါမောက္ခကြီး တစ်ဦးရဲ့ ဆုံးမ စကားတစ်ခွန်းဟာ ကျွန်တော့ရင်ထဲ မှာ မြဲနေအောင် စွဲနေခဲ့မိပါတယ် ….. ဒါပေမယ့် ဒီနေ့ အထိ ဆိုးတတ်တဲ့  ဥာဉ်လေးတွေ ကရှိနေစဲပါ …….



မင်း တို့ခင်မောင်တိုးရဲ့ ကြိုးကြာသံ သီချင်းကို သိကြတယ် မဟုတ် လား။ အေး ဒီလိုပဲ မင်းတို့ ဟာ မိုင် ထောင် ချီ ပျံသန်းနေ တဲ့ ကြိုးကြာငှက်တွေ လိုပဲကွ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ပျံသန်း နေကြတာ။ ငါ ဆိုလိုတာက မင်းတို့  သူတစ်ပါးကို လိုက်ပြီး ပြိုင်နေရမယ်လို့ ပြောတာမဟုတ်ဘူး။ အချိန်တန်လို့  ရောက် ရမယ့် နေရာ ကို၊ ရောက်သင့် ရဲ့  သား နဲ့  မရောက် နိုင်သေးရင် မင်းပဲ ကျန်ရစ်နေတဲ့ သူ ဖြစ်လိမ့်မယ်။ ဒီတော့ ဝီရိယ ထုတ်ပြီး ကြိုးစားကြပါ ပျံသန်းကြပါ….. ရေသာ ခိုမနေကြနဲ့  ဒရွတ်တိုက် လိုက်မနေ ကြနဲ့  …… ကျန်ရစ်အဖြစ် မခံကြနဲ့ ….. မင်းတို့ ဘဝကို မင်းတို့ တောက်ပြောင်အောင် ကြိုးစား ကြပါ……. ”


ကျွန်တော့် ညီအစ်ကို မောင်နှမတစ်တွေလည်း ဝီရယ အားများဖြင့် ရောက်ရှိနေသော နေရာတိုင်း အရပ် တိုင်းမှာ အောင်မြင်မှုတွေ ရနိုင်ကြပါစေ လို့ ဆန္ဒပြုလိုက်ရပါတယ်။



မမဝါ ကျွန်တော်အကြွေးဆပ်ပြီးပါပြီ။ တက်ဂ်ပို့ စ်အတွက် ကျေးဇူးလည်းတင်သလို အနည်းငယ်လည်း လန့် လျှက် ရှိပါသည် နောင် တက်ဂ်ပိုစ့်ထိမှာ ကိုပါ ။ ကျွန်တော့ ပထမဆုံးတက်ဂ်ပို့ စ်ဖြစ်တဲ့ အတွက် အတွေး အခေါ်အယူ အဆ မှားယွင်းခဲ့ပါလျှင် မမကော စာဖတ်သူများပါ ခွင့်လွှတ်ဖို့ အနူးညွတ်တောင်းပန် အပ်ပါသည်။

*********** ********** ********** ********** ********** ********** *****

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူး တင်ပါ တယ်....ကျွန်တော့်ရဲ့ မတတ်တ တတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင် တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)


10 comments:

WWKM said...

ထင်တော့ထင်နေသားပဲ..
တမျှော် တခေါ်ကြီးရေးတော့မယ်ဆိုတာ...
အရှည်ကြီးရေးသွားနိုင်တာ တော်ပါပေ၏
အကြောင်းစုံသိလိုက်ရတာပေါ့...

ဆရာပါမေက္ခကြီးတစ်ဦးရဲ့စကားလေးတွေကို မှတ်သားသွားပါတယ်..

“မင်း တို့ခင်မောင်တိုးရဲ့ ကြိုးကြာသံ သီချင်းကို သိကြတယ် မဟုတ် လား။ အေး ဒီလိုပဲ မင်းတို့ ဟာ မိုင် ထောင် ချီ ပျံသန်းနေ တဲ့ ကြိုးကြာငှက်တွေ လိုပဲကွ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ပျံသန်း နေကြတာ။ ငါ ဆိုလိုတာက မင်းတို့  သူတစ်ပါးကို လိုက်ပြီး ပြိုင်နေရမယ်လို့ ပြောတာမဟုတ်ဘူး။ အချိန်တန်လို့  ရောက် ရမယ့် နေရာ ကို၊ ရောက်သင့် ရဲ့  သား နဲ့  မရောက် နိုင်သေးရင် မင်းပဲ ကျန်ရစ်နေတဲ့ သူ ဖြစ်လိမ့်မယ်။ ဒီတော့ ဝီရိယ ထုတ်ပြီး ကြိုးစားကြပါ ပျံသန်းကြပါ….. ရေသာ ခိုမနေကြနဲ့  ဒရွတ်တိုက် လိုက်မနေ ကြနဲ့  …… ကျန်ရစ်အဖြစ် မခံကြနဲ့ ….. မင်းတို့ ဘဝကို မင်းတို့ တောက်ပြောင်အောင် ကြိုးစား ကြပါ……. ”

ရေးပေးတာကျေးဇူးတင်ပါတယ်..
စာတွေအများကြီးရေးနိုင်ပါစေ.း))

ချစ်ခြင်း ခြေရာ said...

သူငယ်ချင်းရေ ရှည်ရှည်နဲ့တစ်မောကြီးဖတ်သွားတယ် ။ ပထမပိုင်းမှာပြုံးစရာနောက်ပိုင်းမှာ တွေးစရာလေးနဲ့အဆုံးသတ်သွားတယ် ။ ဖတ်လို့အရမ်းကောင်းပါတယ် ။ လောကမှာ ကိုယ်ဘယ်တော့မှမနိုင်တဲ့ပွဲတွေရှိတယ်ဆိုတာ ငါလဲ တော်တော်ကြာမှသိခဲ့ရတယ်ကွာ ။ ဘာမဆိုဖြစ်နိုင်ဆိုပေမယ့်......။

အနော် said...

အနော်ထင်တယ် အကိုက အနော့်ထက်တော့ အသက်ကြီးမယ်လို့ ဟဲဟဲ
အခုတော့ မဟုတ်ဘူးနဲ့တူတယ်
အကိုက ၂၀၀၀ မှာ အောင်တယ်ဆိုတော့ အနော်လဲ ၂၀၀၀ ပဲလေ
အဲ့တုန်းက အနော်ရွေးလိုက်တာက 'စည်းလုံးခြင်းသည် အင်အား' ဆိုတဲ့ စာစီစာကုံးကိုပါ
ဘာလို့ဆိုတော့ အိပ်မပျော်သော ညတစ်ညက အိပ်မပျော်ဘူးဆိုတာ တခါဖူးမှ မရှိခဲ့လို့လေ ဟိဟိ
ရန်ကုန်သူဆိုတဲ့အတိုင်း ကြွားလိုက်ပါဦးမယ် ဟဲဟဲ
အနော် မြန်မာစာဂုဏ်ထူးရတယ် စာစီစာကုံးကြောင့်ပဲ ထင်ပါတယ်
ရေးလို့ကောင်းလိုက်တာ.... ရေးစရာ အချက်အလက်က များလွန်းလို့ စာရွက် ၂ ခါ ထပ်တောင်းရပါတယ် စာစီစာကုံး ရေးဖို့ကိုပဲလေ :P
ဆုံးမစကားလေးကို မှတ်သားသွားပါတယ် အကို

ဧရာဝတီသား said...

"တက္ကသိုလ် ကျောင်းတော်ကြီးကို ရောက် တော့  အရပ်ရပ်အနယ်နယ် ကျောင်း အ သွယ်သွယ်မှာ ရွှေထီးဆောင်း ခဲ့ ကြ တဲ့ ကျောင်းသား တွေကို တွေ့ လိုက်ရတဲ့ အခါမှာ ကျွန်တော့် မာနဟာ သုံးစားမရတဲ့  အရာတစ်ခု ဖြစ် တယ်ဆိုတာ ပိုပြီးနား လည် ခဲ့ ရပါတယ်။"

... ဒီခံစားချက် နဲ့ အတွေးမျိုးက ကျွန်တော်လည်း ထပ်တူခံစားခဲ့ ရဖူးတယ် အစ်ကိုရေ။ ၀ီရိယကိုပဲ အားကိုးရမယ် ဆိုတာနားလည် ထားပေမယ့် အခုထိလည်း ၀ီရိယ နည်းတုန်း။ အစ်ကို့စာ ဖတ်လိုက်ရတာ ကျွန်တော့်ကို ထပ်ပြီးသတိပေးလိုက် သလိုဖြစ်သွားတယ်၊ ကျေးဇူးပါ အစ်ကိုရေ။

ဒါနဲ့ ... စာဖတ်သူတွေ မေ့သွားတယ့် တချက် ဖွလိုက်ဦးမယ်၊ သူလေး နဲ့ ဘာဆက်ဖြစ်လဲ အစ်ကို၊ သူလေး အကြောင်း နောက်ပိုစ့် တခုလောက် ရေးပါဦး လို့ တောင်းဆိုသွားပါတယ်။
ခင်မင်လေးစားမှုဖြင့်

ဖိုးဥာဏ် said...

ငါလည်း ဧရာဝတ်ီသားတောင်းဆိုတာလေးကိုပဲထပ်ပြီးတောင်းဆိုသွားပါတယ်။ကျန်တာ
တွေကတော့ပြောစရာမရှိအောင်ကို ဖတ်လို့ကောင်းပါတယ်။အဲဒီဆုံးမစကား
လေးကိုလည်းအရင်ကလည်းကြားခဲ့ဖူးပါတယ်။ခုလည်းထပ်ပြီးတော့မှတ်သား
မိပါတယ် သူငယ်ချင်း........

yin lay said...

ကောင်းပါတယ်... လူဆိုတာ ရောက်ရာအရပ်မှာ အကောင်းဆုံးကြိုးစားပြီး ပျော်ပျော်နေနိုင်ဖို့ အရေးကြီးပါတယ်။ ဘယ်သူက ဘာဖြစ်နေတယ်ဆိုတာ အရေးမကြီးပါဘူး..

sweety said...

ကိုရန်ကုန်သားရေ..ကျွန်တော်လည်းစမ်းချောင်းသူပါ..အ.ထ.က(၂)စမ်းချောင်း ကပါ..အရေးအသားအရမ်းကောင်းပါတယ်..ငယ်ငယ်တုန်းကအချိန်လေးတွေကိုအရမ်းသတိရတယ်..ဆရာပါမောက္ခကြီးတစ်ဦးရဲ့စကားလေးတွေကတသက်လုံးကိုမှတ်သားထားပါ့မယ်

TnT said...

That's fantastic. What a remembrance! if i saw this post early, i would surely remember you at once. Really miss that MIDDLE SCHOOL!!!

tnazx said...

ကိုရန်ကုန်သားရေ
ကျွန်တော်လည်း စမ်းချောင်း ၃ က ဆယ်တန်းအောင်တာပါ။ googling လုပ်ရင်းနဲ့တွေ့လို့ စာတွေလဲ ဖတ်သွားပါတယ်။ ၁၀ တန်းအောင်တဲ့နှစ်ခြင်းတူရင်တော့ သူငယ်ချင်းတွေဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ကျွန်တော်လည်း ၁၀ တန်းတုန်းက A ခန်းမှာပါပဲ။ အောင်မြင်ပါစေဗျာ။ :)

eugene said...

စမ်းချောင်း အထက (၃) ကျောင်းသား/ကျောင်းသူဟောင်းများ အတွက် Facebook Group ပါ။ူဖန့်ဝေပေးပါ။ http://www.facebook.com/group.php?gid=191911000753