Saturday, August 15, 2009

အမေ့သားများသိစေသော် (၂)


၂၀၀၅ ခုနှစ်၊ ဂျူလိုင်လ ၁၈ ရက်၊ ည ၁၀း ၃၀ နာရီ
ညသည် လေးတွဲ့ လွန်း၏ ။ နာကျင်မှုဝေဒနာကို ခံစားနေရသူများ အဖို့ ည၏လေးလံမှုသည် ကြာညောင်း လွန်း လှသည်။ မိုးကလည်း တဖြိုက်ဖြိုက်ရွာသည်။ First stage room ထဲတွင် မသင်းသင်း၊ မလှရီ မွေးဖွားပြီးစ ဒေါ်တင်မေ တို့ ကို စစ္စတာကြီးနဲ့ ကျွန်တော်က အဖော်လုပ်ရင်း စကားကောင်းနေကြတုန်း ပါရဂူ အစ်မ ရောက် လာသည်။

“ကလေး ……. G-5 အိုကေလား EP ပါသေးလား ”

“ဟုတ်အစ်မ အဆင်ပြေပါတယ် EP မပါဘူး liquid paraffin နဲ့ ပဲထွက်သွားတယ် အိုကေပဲ ….”

wear and tear (မွေးလမ်းကြောင်း ပွန်းပဲ့ခြင်း) မရှိဘူးနော် ……. ”

“ဟုတ်ကဲ့ အစ်မ မရှိဘူး အစ်မ အိုကေတယ် uterus လည်းမာပါတယ် bleeding လဲမရှိပါဘူး . … ဟုတ် ”

အစ်မ၏ သွက်လက်စွာမေးမြန်နေသော မေးခွန်းများကို ကျွန်တော် သတိထား ပြီးဖြေနေရသည်။ ကျွန်တော့ကို မေးရင်း မွေးဖွားပြီးစ ဒေါ်တင်မေကို အစ်မက စမ်းသတ်သည်။ ထို့ နောက် မွေး ဖွားမှတ်တမ်းကို ဖတ်ပြီး လိုအပ်သော ကုသမှုများ ညွှန်ကြားမှုများကို ထပ်မံ၍ ဖြည့်စွက်ခိုင်းသည်။ မသင်းသင်း နှင့် မလှရီကိုလည်း အစ်မက ထပ်မံစမ်းသတ်သည်။

“အိုကေ ဒေါ်တင်မေ ဒေါက်တာလေးက သေချာမွေးပေးထားတာပဲ နော် ကောင်းတယ် ဟလား အေးအေး ဆေးဆေး နားနော် …… ဒီက မလှရီကတော့ မွေးမှာပါ ……သားအိမ်လည်း ကောင်းကောင်းညှစ်တယ် ကလေး နှလုံးခုန်နှုန်းလေးလည်း ကောင်းတယ်နော် ….. မသင်းသင်းကတော့ လိုသေးတယ် သမီးရယ် နော် သည်းခံဦး ဟုတ်လား နာတာပေါ့နော် ….. အေး ဒေါက်တာလာကြည့်မယ် ဟုတ်ပြီလား အားမငယ်နဲ့ ဒီမှာ ဒေါက်တာ လေးက အနီးကပ်စောင့်ပေးနေတယ်နော် …. ”

မသင်းသင်း ကနွမ်းနယ် နေရာက ပြုံးပြရှာသည်။ အစ်မက မသင်းသင်းဘေးတွင်ထိုင်ပြီး ဗိုက်ကလေးကိုင်ကာ အားပေးသွားသည်။ မသင်းသင်းက အစ်မလက်ကို ပြန်လည်ဆုတ်ကိုင်လျှက် သူမ၏ အားငယ်မှုကို အစ်မအား သိစေသည်။ ထို့ နောက် အစ်မက ကျွန်တော့ဘက်လှည့်ပြီး ပြာသည်။

“….. ဒါဆို အစ်မ OT (Operation Theatre) တက် လိုက်ဦးမယ် အတိုးပစ် (Ectopic pregnancy- သားအိမ် ပြင် ပ တွင် ပုံမှန်မဟုတ်ဘဲ သန္ဓေတည်ခြင်း) ရောက်လာလို့  ဒီညတော့ ကံမကောင်းဘူးဝေ……………. သွေးက လည်း တစ်လုံးတစ်လုံး ရဖို့ မလွယ်ပါဘူးကွာ ရန်ဖြစ် နေရတယ် …… patient က တော်တော်လေး ဖြူ နေတယ် ….ဟင်း ”

အစ်မက လူနာအတွက် လိုအပ်သော သွေးပုလင်း အလုံအလောက်မရခြင်း အတွက် စိတ်ပူနေသည်။ လူနာ အတွက် လိုအပ်သော သွေး အလုံအလောက်မရခြင်းသည် သွေးဘဏ်နှင့် ward ထဲမှဆရာဝန်များကြား အမြဲ ဖြစ် လေ့ရှိသော ပြဿနာဖြစ်သည်။ လူနာအတွက်လည်း ပူပင်နေ ကြောင်း အစ်မမျက်နှာပေါ်တွင် အထင်းသား မြင်နေရသည်။Ectopic ဆို၍ ကျွန်တော် စိတ်ဝင်စားသွား သည်။ခွဲ ခန်း လည်း လိုက်ဝင်ချင်ခဲ့မိသည်။

“ အစ်မ ကျွန်တော်လည်း အိုတီတက် ချင်တယ် ….. Ectopic ဆိုတော့ ………”

အစ်မကို နည်းနည်းပူဆာကြည့်လိုက်သည်။ သို့ သော် ကျွန်တော်က မွေးခန်းတာဝန်ကျမို့ မျှော်လင့်ချက်တော့ သိပ်မရှိလှပေ …….

“အင်း နောက်တွေ့ ဦးမှာပါကွာ နောက် တစ်ခါ မင်းက ဦးစားပေးတစ်ပေါ့ ခုတော့ မင်းဒီမှာနေခဲ့ လိုက်ဦး နော် … သွားပြီ ….. လိုတာရှိရင် အစ်မကို inform လုပ် …… အိုကေနော် ကလေး ဒါဆို အစ်မ အိုတီ တက် လိုက်ဦး မယ်”

“ဟုတ်ကဲ့ အစ်မ စိတ်ချ ……..”

အစ်မ ခပ်သုတ်သုတ်ပင် ပြန်ထွက်သွားသည်။ Ectopic pregnancy ကေစ့်က မရှားသော်လည်း အမြဲတမ်း တွေ့ ရသည့်ကေစ့် မျိုးတော့ မဟုတ်။ ကျွန်တော် အိုတီဝင်ပြီး အစ်မကို Assist လုပ်ရင်း Ectopic rupture (သားဥပြွန်တွင် သန္ဓေတည်၍ သန္ဓေသားကြီးထွားလာသောအခါ သားဥပြွန် ကွဲထွက်၍ ဝမ်းဗိုက်တွင်း သွေးများ စီးထွက်ခြင်း) ခွဲစိပ်ကုသမှုကို သင်ယူချင်သော်လည်း မလှရီ နဲ့ မသင်းသင်း ကို ဆက်စောင့်မွေးပေးဖို့  အစ်မက တာဝန်ပေးသွားပြီဖြစ်၍ မွေးခန်းထဲတွင် ဆက်ထိုင် နေခဲ့ သည်။

“ဆရာ ….”

“ပြောလေ မလှရီ ဘာပြောမလို့ လဲ …… မနက်ဖြန်ဘာနေ့ လဲ ဆရာသိလား …… ”

“သိတာပေါ့ မနက်ဖြန်အာဇာနည်နေ့ လေ ….. ဘာဖြစ်လို့ လဲ ….. ”

မလှရီ၏ ညိုဝင်းသော မျက်နှာက အပြုံးတို့ ဖြင့်ဖုံးလွှမ်းလို့ နေသည်။ သူမ ကျွန်တော့ကို တစ်ခုခု ပြောချင်နေ သည်။ မလှရီက အသက် သုံးဆယ်ရှစ်နှစ် သုံးယောက်မြောက်ကလေး ၊သွေလေးက နည်းနည်း တိုးချင်သည်။ မျက်နှာ လေး ခြေလေးလက်လေး အနည်းငယ်အန်းနေသည်။ ကျန်တာတော့ သူမတွင် ထွေထွေ ထူးထူး မရှိ။

“ဟို …. ကျွန်မ မနက်ဖြန်မှ ကလေးကို မွေးချင်တယ် ဆရာ … အာဇာနည်နေ့ မှာ မွေးချင်တာ ….”

ကျွန်တော် အနည်းငယ်အံ့အားသင့်သွားသည်။ မလှရီ ကအာဇာနည်နေ့ တွင် သူ့ သားသို့ သမီးကို မွေးချင် သည် တဲ့ ။ ကျွန်တော် မလှရီ အတွေးကိုစိတ်ဝင်စားသွားမိသည်။ အာဇာနည် နေ့ နှင့်ပတ်သက်၍ သူ့ တွင် ဘယ်လို ခံ စားချက် ရှိသလဲဆိုတာ ကိုလည်း သိချင်သွားမိသည်။ နာရီကို မော့ကြည့်လိုက်တော့ ည ဆယ်နာ ရီ ခွဲ ရှိနေပြီ။ မ လှရီ ကို ကျွန် တော် မေးခွန်းအနည်းငယ် မေးခဲ့မိသည်။ ထို့ နောက် မလှရီဟူသော မိခင် ကို ကျွန် တော် ဒီကနေ့ အ ထိ လေးစားပြီးရင်း လေးစားနေခဲ့မိလေသည်။

“အင်း ဆိုပါဦး မလှရီ ဘာလို့ များ မွေးချင်တာလဲ … အမှတ်တရ ဖြစ်ရုံသက်သက် ပဲလား …. ဗျ”

များသောအားဖြင့် လူနာများသည် ဆရာဝန် အကြီးများအား သူတို့ ခံစားချက်များကို သိပ်မပြောရဲ ကြ သူတို့  စိတ်ထဲတွင် အနည်းငယ် ရှိန်တာလဲ ပါမည်။ ခဏမျှသာ တွေ့ ရသဖြင့် ပြောဖို့ အခြေအနေမပေးတာလည်း ပါပေ မည်။ ကျွန်တော်တို့ ကတော့ လူငယ်လည်း လူငယ်၊ သူတို့ နားတွင်လည်း တချိန်လုံးရှိနေသူများ ဆိုတော့ သူတို့  အနေဖြင့် ရဲရဲတင်းတင်း ပြောဆိုရဲကြသည်။ မလှရီက လှဲနေရာက ကုတင်ပေါ်တွင် သူ့ ဗိုက်ကလေးကို မလျှက် တင်ပျဉ်ခွေထိုင်လိုက်သည်။

“ကျွန်မ သားလေးသာ မွေးခဲ့ရင်တော့ သိပ်ကောင်းမှာပဲ သားလည်းဖြစ် အာဇာနည်နေ့ မှာလဲမွေးတယ်ဆိုရင် ဘယ် လောက် ဂုဏ်ယူဖို့ ကောင်းလိုက်သလဲလို့  ကျွန်မ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ချစ်တယ် လေး လည်း လေး စား တယ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျက်နှာဆိုကြည့်တိုင်း ကျက်သရေရှိနေတာ ….. ကျွန်မ သားလေး လည်း သူ အာဇာနည်နေ့  မှာမွေးတယ်ဆိုတော့ တစ်သက်လုံး ဂုဏ်ယူလို့ ရတာပေါ့ ဆရာရယ် ဟုတ်ဖူးလား …. ဟင်…. ကျွန်မ တုန်းက ရှစ်တန်းထိပဲ ကျောင်းနေခဲ့ရပါတယ် ကျွန်မသားလေးကို လည်း ဆရာတို့ လို ပညာ တတ် ကြီး ဆရာဝန်ကြီး တွေ အင်ဂျင်နီယာကြီးတွေ ဖြစ်စေချင်လိုက်တာ …. အာဇာနည်ဖြစ်ဖို့ ဆိုတာတော့ ဘာ တွေ လို မလဲမသိ ဘူးနော် … ကျွန်မသားလေးကိုလည်း တိုင်းပြည်အတွက် အာဇာနည်ဖြစ်စေချင်တယ် …. ဖြစ်နိုင်ရင် ပေါ့ ဆရာ ရယ် ……. ”

မလှရီ၏ မျက်လုံးများက အရောင်တလက်လက် တောက်ပနေသည်။ ကျွန်တော့်ရင်ထဲတွင် ခံစားချက်တစ်ခု ညင် ညင် သာသာလေး ဝင်ရောက်လာသည်။ မိခင်တစ်ယောက် သည် သားရယ်လို့ မသိခင်ကတည်းက သူတို့  သား အတွက် မျှော်လင့်ချက်တွေ ထားနေပြီ။ အာဇာနည်များဖြစ်နိုင်ရင်ပင် ဖြစ်စေချင်သေးသည်ဟု ဆိုသည်။ မိခင် တွေ သည် သူတို့ ၏သားကို သူတို့ အထင်ကြီးသော လေးစားမြတ်နိုးသော ပုဂ္ဂိုလ်များ ကဲ့ သို့  ဖြစ်စေချင် ကြလေ သည်။ ထိုသည်မှာ သူတို့ ၏အိပ်မက်ဟုဆိုလည်းဆို မျှော်လင့်ချက်ဟုဆိုကလည်း ဆိုနိုင်ပါ သည်။ အတ္တဟုဆိုက လည်း အဖြူရောက် အတ္တများသာဖြစ်ပေလိမ့်မည်။

“ ကျွန်မလည်း တတ်နိုင်သလောက် အောင့်ထားမယ်လေ နော်ဆရာ …ဆရာလည်းကူပေးပါဦးနော် …. ကျွန်မ သားလေး ကို အာဇာနည်နေ့ မှာမွေး ရရင် သူအာဇာနည် မဖြစ်တောင်မှ ကျွန်မသေပျော်ပါပြီ ….. နော်ဆရာ ..”

“အဲ နမိတ်မရှိ နမာ မရှိ ဘယ်နှယ့် ပေါက်ပေါက် ရှာရှာ ဗျာ ……. ကျွန်တော် ကြိုးစားပေးမှာပေါ့ ဟုတ်လား ဒါပေ မယ့် ကံသေ ကံမတော့ ဘယ်ပြောနိုင်မလဲ …. ခင်ဗျားပြောသလို ကလေးက အောင့်ထား လို့ ရတာမှမဟုတ် တာ ….. အမေတွေများနော် သားမျက်နှာ မမြင်ရသေးဘူး အကောင်းတွေချည်း ဖြစ်စေ ချင်နေတော့ တာ။ ကြိုးစား ကြည့် တာပေါ့ လောလော ဆယ် ခုန ကျွန်တော် စမ်းပြီးသလောက်တော့ လိုပါသေး တယ် နောက်နှစ် နာရီ လောက် တော့ ကောင်းကောင်းစောင့်လို့ ရပါတယ် ဟုတ်လား စိတ်မပူနဲ့ ….. သွေးတွေ လည်း တက်လာ ဦးမယ် …. စိတ်တွေ သိပ် လှုပ်ရှားတာ မကောင်းဘူး ….. ”

စစ္စတာကြီးက ပြုံးပြီး မလှရီကို ကြည့်နေသည်။ အတော်ထူးတဲ့ အမေတစ်ယောက်မို့ ထင်ပါသည်။ ကျွန်တော် ပြော သာ ပြောရသည်။ အာမတကယ် မခံဝံ့ ကလေးထွက်လာ လျှင်လည်း ခဏ နေပါဦးဟု တားထားလို့  ရသည့် အရာမျိုးမဟုတ်။ သို့  ကြောင့် ကျွန်တော်တို့ တစ်ဖဝါးမှ မခွာပဲစောင့်နေရခြင်းဖြစ်သည်။စစ္စတာကြီးက မလှရီ ကို မေးသည် …..

“ အရင်ကလေးတွေ ကကော ဘာလေးတွေလဲ ….. ယောက်ျးလေးတွေလား ……. ”

“ဟင့်အင်းဆရာမ ….. မိန်းကလေးချည်းနှစ်ယောက် အစ်မ ဒေါ်တင်မေလို ပဲ ….. အဲတာကြောင့် ကျွန်မ သားရူး ရူးနေရတာ …… အာထရာစောင်းရိုက်တုန်းက မမြင်ရလို့ မသိလိုက်ရတာ….. နောက်တစ်ခေါက် လည်း ပြန်မ ရိုက်ဖြစ်ပါဘူး ….. ”

မသင်းသင်းတစ်ယောက် နာတယ်နာတယ် ဟု ထအော်လိုက် မလှရီနဲ့  ကျွန်တော်တို့ စကားတွေပြတ်သွား လိုက် ၊ မသင်းသင်းကို ချော့လိုက် အားပေးလိုက် စကားတွေပြန်ပြောလိုက်နှင့် ဆယ့်တစ်နာရီ ပင်ထိုးသွား သည်။ ကျွန်တော်နည်းနည်း အိပ်ချင်လာတာနဲ့  စစ္စတာကြီး ကအလိုက်တသိ ကော်ဖီဖျော်တိုက်သည်။ မသင်း သင်း ဘေး ဝင်ထိုင်လိုက်ကာမှ အတင်းဆွဲထားသဖြင့် ကျွန်တော်လည်း ဗိုက်ပေါ်လက်တင်ပြီး သူနာတိုင်း အ သာပွတ် ပေးရင်း အားပေးနေလိုက်ရသည်။

“ ဆရာ ကျွန်မ အရင် သမီးနှစ်ယောက်မွေးတုန်းက အတော်မြန်တယ် အနာစိတ်လာရင် မွေးတော့တာပဲ နှစ်ခါ စလုံး ဒီကုတင်ပေါ်မှာပဲ မွေးတာ …… ဆယ့်တစ်နာရီတော့ထိုးပြီဆရာ နာရီကျော်ပါ့မလားမသိဘူးနော် …..”

အဲတာမှ ပြဿနာ …. မလှရီ ရေမွှာပေါက်လို့ ကတော့ ခဏနေ မွေးတော့မယ်ထင်သည်။ သူ ကမြန်တတ်သည် ဆိုတော့ ကျွန်တော် လည်းနည်းနည်း စိတ်ပူသွားသည်။ သူ့ ဆန္ဒလေး ဖြစ်သွားစေချင်သည်။ မတတ်နိုင် ……… ခုထိတော့ ရေမွှာလည်း မပေါက်သေးဆိုတော့ အသာထားလိုက်ဦးမည်။ ဆယ်နှစ်နာရီ မကျော်ခင် မမွေးဖို့ သာ ဆုတောင်းရုံရှိသည်။

မသင်းသင်း ၏နာကျင်မှုဝေဒနာကြောင့် တစ်ချက်တစ်ချက် အော်သံနှင့် ကျွန်တော်အပါ အဝင် စစ္စတာကြီး၊ မလှရီ တို့ စကားသံမှအပ မွေးခန်းလေးသည် ညဆယ်တစ်နာရီ ထိုးသည် အထိ ငြိမ်ငြိမ်သက်သက် ရှိနေခဲ့ သည်။ လုပ်ဖော်ကိုင်ဖက် တွေချင်းပြောနေကြစကား ရှိသည်။ ယနေ့ တာဝန်ကျသော First On Call ဟု ခေါ် သည့် ပါရဂူ အစ်မသည် လည်းကောင်း၊ သွားဖွားခန်းတာဝန်ကျသည့် အလုပ်သင်ဆရာဝန် ကျွန်တော်သည် လည်း ကောင်း၊ ကေ့စ်လိုက်သည် ကျွန်တော်တို့ နေ့ ဆို ကေစ့်ရှုတ်ရှုတ်ထွေးထွေးတွေ လာတတ်သည်ဟု ပြော ကြ ခြင်း ဖြစ်သည်။ တိုက်ဆိုင်တာလား တကယ်ပဲလားတော့မသိ ဒီကနေ ညတာဝန်ကျသူများထဲတွင် အဓိက အကျ ဆုံး အစ်မအိုဂျီကတော့ Ectopic rupture ဖြင့်အိုတီဝင်နေပေပြီ။ ထိုကေ့စ်သည် နေ့ တိုင်းမလာ အပတ် တိုင်းမ လာ တစ်ခါတစ်လေ သုံးလေးလ နေတောင် တစ်ယောက် လာချင်မှလာတတ်သည်။ ဒါဆို ကေ့စ်လိုက်တတ် တာ အစ်မ ဖြစ်မည်။

နောက် သွားဖွားဆောင်ဘက်တွင် အထူးအားဖြင့် သူနာပြုဆရာများ ၏အယူအဆရှိသေးသည်။ သားဖွားခန်း အ တွင်း အကျီ င်္ အနီ လုံချည်အနီ မဝတ်ရ၊ ပလာတာ ယူဆောင်၍မလာရ၊ ခုံမခေါက်ရ(ဆေးရုံတိုင်း Ward တိုင်း လိုလိုပင်) ဟူ သော အယူများဖြစ်သည်။ ခုံမခေါက်ရဆိုသည်ကို လက်ခံချင်သော်လည်း အနီမဝတ်ရ တို့ ၊ပလာ တာ မစားရ၊ ယူ မလာရတို့ ဆိုတာကျတော့ ရယ်စရာလည်းကောင်း သလို ယုံရခက်ကြီးဖြစ်သည်။ မွေးခန်း တာ ဝန်ကျ သူနာပြု အဆင့်အမျိုးမျိုးကတော့ ရောတာနှင့် မွေးခန်းတွင်းဝတ်စုံ ကောက် ဝတ်တတ် ကြ သည်။ အနီ ဝတ် သူနာပြု ဆရာ မ ဆိုလျှင်တော့ဒုက္ခ။ လုံချည်အနီကြီးနဲ့ ဆို ဆရာဝန်ကို ကူရမလို မွေးခန်းထဲ ကပဲ ထွက်ပြေး ရမလို ဖြစ်ဦးမည်။ နောက် စစ္စတာကြီးတွေ၏ အကျင့်တစ်ခု ရှိသေးသည် လူနာများများ မလာ အောင် ညဘက် အိပ်လို့ ရအောင် မွေးခန်း တံခါးဝ၊ လူနာ Ward တံခါးဝများတွင် တံမြက်စည်းကို ပြောင်းပြန် ထောင်ထား တတ် ကြခြင်းဖြစ်သည်။ ဘာဓါတ်လည်းတော့ မသိ။ သွားဖွားကကိုလည်း မွေးလူနာတွေ လာမြဲ ဖြစ် သလို OTကလည်း အခါအားလျှော် စွာဖွင့်ရမြဲဖြစ်သည်။ (Private Clinic များတွင် တော့ တစ်မျိုးဖြစ်ကောင်း ဖြစ်နေပေလိမ့် မည်)

ပြင်ပလူနာ ဆောင်နှင့် သားဖွားဆောင်မှာ ကပ်လျှက်တည်ရှိ၍ လှမ်းအော်လျှင်ပင်ကြားရသည်။ ပြင်ပလူနာ တာ ဝန်ကျ စစ္စတာကြီးက မွေးခန်းဝတွင် ခေါင်းပြူလာသည်။

“ဆရာ မွေးလူနာရောက်လာတယ် G-2 နဲ့ ကျွန်မ ကြည့်လိုက်တာတော့ Crwon(ကလေး ခေါင်းအား မွေးလမ်း ဝ တွင်မြင်နေရခြင်း) နေပြီ …… ”

“အဲ …..လုပ်လေ သွင်းလိုက် သွင်းလိုက် စစ္စတာကြီး စင်ပေါ် တခါတည်းတင်ရအောင် ….. ကဲမသင်းသင်း ခဏ နေဦးနော် မလှရီ လာလာ ခင်ဗျားကို ကျွန်တော်စမ်းဦးမယ် မှန်းလို့ ရအောင် ……စစ္စတာကြီးခဏနေ ကျွန်တော် လာ ကြည့်မယ် AN (Antenatal) card ပဲဖြစ်ဖြစ် ပြဦးနော် …… ”

ကျွန်တော် လူနာအမျိုးသမီး နှစ်ယောက်နှင့် စစ္စတာကြီး ကိုလှည့်ပတ်ပြောလိုက်ရလို့  မျက်လုံးနည်းနည်း ကျယ် သွားသလို ခေါင်းတောင် မူးသွားသလို ရှိသည်။ မလှရီကို တစ်ခေါက်စမ်းတော့ မဆိုးသေးဘူး တစ်နာရီ အတွင်း မွေးမည့်ပုံမပေါ်သေး။ စစ္စတာကြီးကတော့ မွေးခန်းဘက် ခုန်ပျံ၍ထွက်သွားသည်။ ကျွန်တော် ကတော့ မလှရီ ကိုစမ်းပြီး မွေးခန်းဘက် အပြေးကလေး ထွက်လာခဲ့သည်။ မလှရီနှင့် မသင်းသင်းကိုတော့ Midwife ဆရာမ လေး တစ်ယောက်နှင့် အဖော်လုပ်ထားခဲ့ရသည်။ စိတ်ထဲက တော့ ငါ တကယ် ကေစ့်လိုက် ပါလား …. ဟု ယုံရမ လိုကြီးခံစားလိုက်ရသည်

ရောက်လာသည့် လူနာက အသက် သုံးဆယ့်နှစ်နှစ် G-2 နှင့် အမျိုးသမီးဖြစ်သည်။ AN card ကိုကြည့် လိုက် တော့ ဘာ complication မှလဲ မရှိ ကျန်းမာသော ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် သာဖြစ်သည်။ လက် ဆေးပြီး မွေးခန်းထဲ ဝင်လိုက်သည်နှင့် အနံ့ ပြင်းပြင်းတစ်ခုက ကျွန်တော့ကို ဆီးကြိုသည်။ ခုမှရောက်တဲ့ လူနာ ဘယ်ဝမ်းချူအားမလဲလေ ….. ဆရာဝန် အလုပ်မလဲ ရွံတတ်ရှာတတ်လို့ ကတော့ မလွယ်။ အခြေအနေ ကြည့် တော့ အမျိုးသမီးက အတော်အားကောင်းကောင်းနှင့်ညှစ်နေ သည်။ ကျွန်တော် စမ်းကြည့် လိုက်တော့ EP လို မည်ဟု ဆုံးဖြတ်ပြီး ထုံးဆေးထိုးကာ အချိန်ကိုက် EP ကိုက်ချလိုက်သည်။



ကလေးက ချောချောရှူရှူပဲ ထွက်လာပါသည်။ ဒီတစ်ခါတော့ မိန်းကလေးဖြစ်သည်။ ကျွန်တော် EP ကိုခပ်သွက် သွက် ချုပ်နေမိသည်။ မလှရီ၏ အာဇာနည်လေးအတွက် သာစိတ်စောနေသည်။ မွေးလူနာက အပြင်အရေ ပြား ရောက်တော့ နည်းနည်းနာ၍ အော်ရှာသည်။ EP ပြန်ချုပ်ရာတွင် အင်မတန် သတိထားရသည်။ မွေးလမ်း အ တွင်း ဘက်တွင် အလွှာလိုက်စနစ်တကျ ပြန်ချုပ်ဖို့ လိုသလို အဖုအထစ်မကျန်ရစ်ဖို့ လည်း အရေးကြီသည်။ သွေး ယိုထွက်နေသော နေရာများကို လည်းသေချာ ချုပ်ရပြန်သည်။ သို့ မဟုတ်ပါက EP ချုပ်ထားသောနေရာ တွင် EP Wound Hematoma (မွေးလမ်းကြောင်းချဲ့ ဒဏ်ရာ သွေးစုခဲခြင်း) ဖြစ်တတ်သည်။ သို့ ဆိုလျှင် ခွဲခန်း တွင်း၌ မေ့ဆေး ပေးပြီး သွေးခဲကို ထုတ်၍ ပြန်ချုပ်ရတတ်သဖြင့် လူနာအတွက်မကောင်းပေ။

EP Wound ကိုပြန်ချုပ်ပြီး အသေအချာသန့် ရှင်းရေးလုပ် အကိုက်အခဲသက်သာစေရန် diclofenac suppository (ဂျိုတုသဏ္ဌာန် စအိုတွင်းထည့်ဆေးတောင့်) လေးထည့်ပေးကာ ကျွန်တော် မွေးခန်းထဲမှ ထွက် လာခဲ့ သည်။ မွေးခန်းထဲက မထွက်မီ နာရီကြည့်လိုက်တော့ ဆယ်နှစ်ရာရီထိုးဖို့ ငါးမိနစ် …ရှိပေပြီ။ မလှရီ အ တွက်တော့ သိပ် စိတ်ပူစရာမလို တော့ပြီ။ သို့ သော် ကျွန်တော့်ကို ကအေးအေးဆေးဆေး မဖြစ်တတ် လို့ လား ရယ်မသိ မလှရီ နားစောင့်နေသော သားဖွားဆရာမလေးက ကျွန်တော့်ကို လှမ်းခေါ်သည်။

“ဆရာရေ လာပါဦး ဒီမှာ မလှရီ မွေးတော့မယ် ……”

ကျွန်တော် ကေ့စ်လိုက်တယ် ဆိုသည်မှာ မှန်တော့ နေပါပြီ …..ကျွန်တော် ဖိနပ်ပင် ပြောင်းမစီးအားပဲ First stage room သို့ ကဆုန်ပေါက်ကာ ပြေးသွားလိုက်ရသည်။ ပါးစပ်ကလည်း မွေးခန်းထဲက စစ္စတာကြီးကို လှမ်းအော်ခေါ်ရသည်။ မလှရီက ကျွန်တော်ကို တွေ့ တော့

“ဆရာ ရေမွှာပေါက်ပြီး ကျွန်မ အောင့်ထားလို့ မရတော့ဘူး လုပ်ပါဦး ….. ဆယ်နှစ်နာရီမထိုးသေးဘူး ….. အား …အင်း…….
မလှရီစကားကြောင့် ကျွန်တော် အနည်းငယ် ခေါင်းကြီးသွားသည်။ ကလေးက လိုအပ်သည်ထက် ခပ်မြန်မြန် ကြီး ဆင်းလာခြင်းသည်လည်း ပြဿနာဖြစ်တတ်သဖြင့် စိတ်ပူသွားသည်။ ကလေးက မလှရီပြောသလို ပင် မြန်မြန် ကြီးကို တိုးထွက်လာသည်။ ကျွန်တော်လည်း မွေးလမ်းကြောင်း tear ရသွားမည်စိုး၍ မွေးလမ်းအောက် ဖက် မှ လက်တစ်ဖက်ဖြင့် အသာဖေးမရင်း liquid paraffin ဖြင့်မွေးမှ ဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

စစ္စတာကြီးကို လှမ်းအော်မည် ကြံကာရှိသေးသည် စစ္စတာကြီးက liquid paraffin ပုလင်းလေး ကိုင်ပြီး ကျွန် တော့ နောက်တွင် ရပ်နေသည်။ Midwife ဆရာမလေးကလည်း လိုအပ်သော Surgical tray လေး ယူ လာပြီး ဖြစ်သည်။ အတွေ့ အကြုံ ရင့်ကျက်လှသော သူနာပြုဆရာမကြီးများသည် ဆရာဝန် လုပ်သူ တစ်ယောက် အ တွက် မရှိမဖြစ်လို အပ်လှပေသည်။

အာဇာနည်လေး ဖွားမြင်ပါပြီ။ ကလေးက ယောက်ျားလေး ဖြစ်လို့ ကျွန်တော်ပင် မလှရီ အစား အရင် ပျော်သွား မိသည်။ စစ္စတာကြီးက ကလေး ထွက်ထွက်ချင်း

“မလှရီရေ ယောက်ျားလေးဟေ့ သုည သုည သုည သုံး (၀၀:၀၃) နာရီ” ဟုဝမ်းသာအားရအော်လိုက်သံ နှင့်အ တူ ကလေး ငယ်၏ ဝါးကနဲငိုသံက သာယာနာ ပျော် ဖွယ် ကောင်းသော ဂီတ သံနှယ်။ ကျွန်တော် တို့ အားလုံး ပျော်သွားသည်။ မလှရီက နာကျင်မှုကို မေ့လျော့ နေသည့် အလား အားရပါးရကို ပြုံးနေရှာသည်။ ဗိုက်နာ လွန်း ၍ နွမ်းလျနေသော မသင်းသင်း မွေးပြီးကာစ မို့ နားနေသော ဒေါ် တင်မေတို့ ကလည်း ခေါင်းလေး တွေထောင် ပြီး ကြည့်ကာ အပျော်တွေ ကူးစက်နေကြသည်။ ကလေးက ခြောက်ပေါင်ခွဲရှိသည်။ ကျန်းကျန်း မာမာ နှင့် ခြေ လက် အင်္ဂါစုံသည်။ အသံလေးက လည်းစာသည်။ OG ward သည် ညမအိပ်ရဆုံးသော ward တစ်ခုဖြစ် သော် လည်း ဒီလိုပျော်စရာများဖြင့် ကြည်နူးရသော နေရာမျိုး လည်းဖြစ်သည်။



“ကျေးဇူးတင်လိုက်တာ ဆရာရယ်……….. ကျွန်မသားလေး အာဇာနည်နေ့ မှာမွေးတာပေါ့နော် ဟုတ်တယ် မ လား ဆရာ .. ”

“ဟုတ်ပါတယ်ဗျား …. ခင်ဗျားသားလေး အာဇာနည်နေ့ မှာမွေးပါတယ် ကဲ စိတ်ချမ်းသာတော့ နော် …… ကျွန် တော်က ကူရုံတင် ကူရတာပါ ကလေးက ကိုက ဒီနေ့ မွေးရမယ့်ကံပါတာကိုး မလှရီရဲ့  …….. ”

မလှရီပြုံးနေရာက မျက်ရည်တွေ တွေတွေ ကျလို့ ဝမ်းသာလုံးတွေ ဆို့နေသည်။ သူမ တန်ဖိုးထားလေးစား သော အာဇာနည်နေ့ တွင် ကလေးမွေးခဲ့ရသည့်အပြင် သားလေးကလည်း ဖြစ်သည်ဆိုတော့ သူမ အလွန် ဝမ်းသာသွား ဟန်တူပါသည်။ ပင်ပန်း နွမ်းနယ်မှုတွေကို မေ့လျော့ လျှက် မလှရီ တစ်ယောက် ပြုံးတစ် ဝက် ငိုတစ်ဝက်ဖြင့် ကျေ နပ်ပီတိတွေ ဖြစ်နေလေသည်။

ရုတ်ရုတ်သည်းသည်း ဖြစ်သွားသော သွားဖွားခန်းလေးသည် ပြန်လည် ငြိမ်သက်သွားသည်။ သွားဖွားခန်း တွင်း ရှိ ကုတင်လေးလုံးတွင် သုံးလုံး ကမွေးပြီးစ မိခင်သုံးယောက်နှင့် အမွေးနိုင်သေးသော မသင်းသင်း တစ်ယောက် သာ ရှိသည်။ မသင်းသင်း တစ်ယောက် နာလွန်း၍ နွမ်းနယ် နေပေပြီ။

“ဆရာရယ် နာလှပါပြီ မမွေးသေးဘူးလား ဟင် … အင်း … ကျွတ်ကျွတ်……. အမလေး နာလိုက်တာ ….. အင်း”

“ မွေးမှာပေါ့…….. မွေးမှာ မွေးမှာ …. နာတာပေါ့ နော် …. အားတင်းထား အားတင်းထား …… နော် …. ”

မသင်းသင်းက ကျွန်တော့်လက်ကို အတင်းဆုတ်ဖျစ်ထားလေသည်။ labour hour (ဗိုက်နာချိန်)ကြာလာ သည် နှင့်အမျှ မိခင်များသည် ပန်းပင်ဖုတ်လိုက်နှင့် အားပျော့၍လာသည်။ သို့ သော် သူတို့ သည် အံကြိတ်ကာ ညည်း ညူ နေသော်လည်း ဘယ်တောမှ အားမလျှော့။ ဇွဲနပဲ အင်မတန်ကြီးကြရှာသည် မေတ္တာဖြင့် မွေးသော အားများ သည် တု၍ ယှဉ် ၍ မမီတော့လေပြီ။ သိုပေကြောင့်လည်း ဘယ်ပန်းချီမှ ရေးရယ်လို့ မမှီလေခြင်းဖြစ် ပေမည် …….

ဇာတ်သိမ်းပိုင်းမျှော် …………

ဤဝတ္တုတွင်ပါဝင်သော ဇာတ်ကောင်များသည် ကျွန်တော် ၏ဖန်တီးထားသော ဇာတ်ကောင်များသာ ဖြစ်ပါ သည်။ ထို့ ပြင် ဤဝတ္တုတို တွင်းရေးသားထားသော ဆေးပညာဆိုင်ရာ ဝေါဟာရများ၊ အသုံးအနှုန်းများ၊ အယူ အဆများ၊ နည်းစနစ်များ တစ်စုံတစ်ရာ မှားယွင်းခဲ့ ပါလျှင် ကျွန်တော်၏ အားနည်းချက်သာလျှင်ဖြစ် ပါသည်။ ဖတ်ရှု အား ပေးတဲ့ အတွက် အထူးပင် ကျေးဇူး တင်ရှိပါတယ် ခင်ဗျာ ………..

**************

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ်တ တတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

9 comments:

Yu Ya said...

ဇာတ်သိမ်းပိုင်းကိုလည်း ရင်တမမနဲ့ စောင့်မျှော်နေပါတယ် ကိုရန်ကုန်သားရေ...

yu ya

WWKM said...

လာဖတ်သွားပြီ ရန်ကုန်သားရေ ။ ဆက်လုပ်.း)

ဇော် said...

ဟဲဟဲ
တတိယ လိုက်ပါတယ်ခင်ဗျာ။ ဟဲဟဲ။

အိပ်ယာနိုးနိုးချင်း အသစ်ဆိုတာ မြင်လိုက်ရလို့ တန်းခနဲ ပြေးလာတာ မျက်နှာတောင် သစ်ရတေးဝူး။ ခိခိ။ ကိုရန်ကုန် ညီညစ်ပတ်တယ်လို့ မအော်နဲ့။ အဲ့ဒါ ခင်ညားလုပ်တာ။ ဘာလို့ ဒီလောက် ဖတ်ချင်အောင် လုပ်နေလဲဗျ။ ဟွင်း။ ( ဟိဟိ။ ဘလိုင်းကြီး ချဲသွားသည်။ )

ကျနော်က အာဇာနည်ပြီး ၃ရက်မှာမွေးတာဗျ။ အမေကလဲနော်။ အောင့်တာများသွားပုံရတယ်။ ခွိးခွီး။

ဒီလူကြီးလဲ မနေ့တစ်နေ့ကမှ အိမ်ဆောက်ပြီး ဒေါ်လေးနင်း ( နှင်းနဲ့မာယာ )တို့ကိုများ အားကျနေလားမသိဘူး။ ဆက်ရန် ဆက်ရန်နဲ့ သူများတွေကို အတော်ဒုက္ခပေးနေပြီပေါ့လေ။ ဟွန်း။ တွေ့မယ်။ လက်ဖက်ရည်တိုက်ရင် သူ့ခွက်ထဲ နို့ဆီအများကြီး ခိုးထည့်ပလိုက်မယ်။ ဒါမှ သူမှတ်မှာ။ ဟိဟိ။

ချစ်ရိုချယာ။ ချိတ်ချိုးရ၀ူးနော်။ ဒီညီလေးကို။ ခိခိ။ =P

အနော် said...

သားဖွားခန်းတွင်း အတွေ့အကြုံတွေက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ အကိုရေ
ခွန်အားတွေ သတ္တိတွေ စာနာမှုတွေ အကြင်နာတွေနဲ့ ရှေးရိုးစွဲအယူတွေအကြောင်းကို သေသေချာချာကို ဖတ်သွားပါတယ်
လောဘတကြီးနဲ့ပဲ ရှေ့ဆက်ရန်ကို မျှော်နေပါတယ်ရှင့်

စည်သူ said...

ကိုရန်ကုန်သားရေ..

ဖတ်ရင်းဖတ်ရင်း.. ဖခင်မဖြစ်ပဲ
မိခင်တစ်ရောက် ဖြစ်သွားတယ်ဗျာ

တော်တော်ဆိုးတဲ့ ကိုရန်ကုန်သား..းP

ဟုတ်ပါတယ်ဗျာ.. အင်မတန်မှကို ကြီးမားတဲ့
မေတ္တာရှင်တွေပါ.. ဘယ်အရာနဲ့မှ နှိုင်းလို့ မရပါဘူးဗျာ

ဘုရားရှင်တောင်မှ.. ငါဘုရားကို မကန်တော့ရင် နေပါ
မွေးမိခင်နဲ့ ဖခင်ကို ကန်တော့ခြင်းဟာ ငါဘုရားကို ကန်တော့ ခြင်းထက် အဆပေါင်းများစွာ မွန်မြတ်ပါတယ် လို့ ကြားဖူးပါတယ်....

လိုအင်ဆန္ဒ တစ်လုံးတစ်ဝ ပြည့်စုံပါစေဗျာ
ခင်မင်စွာဖြင့်
စည်သူ။

Angel Shaper said...

ဘာမှ မပြောတော့ပဲ လှည့်ပြန်သွားပြီနော်။
သဘောပေါက်တယ် ဟုတ်။

သားကြီး said...

အယ်....ကျနော်ကဖြစ်ရပ်မှန်လို့ထင်နေတယ်ဗျ
ဒါပေမယ့်လည်း မိခင်တွေရဲ့ ရင်ထဲကမေတ္တာကို
ပီပီပြင်ပြင်ဖေါ်ကြူးနိုင်လို့ဖတ်ရတာလွတ်ကောင်းပဲ
မလှရီဆိုတဲ့ဇာတ်ကောင်ဟာ ကိုရန်ကုန်သားဖေါ်ကြူးထားတဲ့ဇာတ်ကောင်ပဲဆိုရင်
ဖေါ်ကြူးတဲ့ ကိုရန်ကုန်သားကို လေးစားပါတယ်
သားလေးကိုအာဇာနည်နေ့မှာမွေးချင်တဲ့စိတ်
အာဇာနည်ခေါင်းဆောင်တွေကို ချစ်ကြည်ညိုတတ်တဲ့စိတ်တွေကိုပေါ့လေ
ဇာတ်သိမ်းပိုင်းကိုမျှော်နေမယ်ဗျာ....

ဧရာဝတီသား said...

ကဲ အစ်ကိုရေ၊ ရင်တမမ နဲ့ မျှော်နေကြပြီ။ သုတတွေရော၊ ရသ တွေရော အချိုးကျကျ ရောစပ်လို့ တကယ့်ကို ကောင်းပါတယ် အစ်ကိုရေ။
အဲ ... ဖတ်ရင်းနဲ့ labour room နံ့ ရလာလို့ပြေးပြီ ( ကွန့်မန့် ရှည်ရှည် မရေးတော့ဘူးနော်)၊ အမြန်ပေးမှ။ :P

ဖိုးစိန် said...

အမေ့မေတ္တာ ရင်ထဲမှာ စမ်းချောင်းအလားးး

မေတ္တာတို့က တသွင်သွင်..
အားလုံး အမေ့မေတ္တာကို ရရှိကြပါစေ


ချစ်ခင်စွာဖြင့်

ဖိုးစိန်