Monday, August 24, 2009

ငှက်ငယ်လေးရဲ့ ပဟေဠိ

ငှက်ငယ်လေး (ငှက်ငယ်လေးရဲ့ ဒိုင်ယာရီ) က ပဟေဠိမေးခွန်းလေးတွေ မေးပေးဖို့ တက်ဂ်တဲ့ အတွက် ဒီပိုစ့်လေး
ကိုတင်ဖြစ်သွားတာပါ ... ငှက်ငယ်လေးကို လည်း ကျေးဇူးတင်ပါတယ် မေးခွန်းလေးတွေက သိပ်မခက်ပါဘူး ... ကျွန်တော်ကိုယ်တိုင်ကလည်း ဒီလိုမျိုးဥာဏ်သုံးရတာမျိုးလေးတွေဆို အရမ်းတော်လို့  အလွယ်ဆုံးလေးတွေကို ရွေးပြီး မေးလိုက်ပါတယ် ငှက်ငယ်လေးလည်း ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်ဗျာ...... :D

မေးခွန်းနံပါတ်(၁)



လူသုံးယောက် ရှိပါတယ် ဦးဝါ ရယ် ဦးစိမ်းရယ် ဦးညိုရယ်

သူတို့ သုံးယောက်က အဝါရယ် အစိမ်းရယ် အညိုရယ် necktie တွေကို စည်းထားပါတယ်

ဦးဝါကပြောပါတယ် …. “ကျွန်တော်တို့ ဝတ်ထားတဲ့  necktie အရောင်တွေက ကျွန်တော်တို့ နာမည်တွေနဲ့ လွဲနေတာ ခင်ဗျား တို့ သတိထားမကြလား …. ”

အဲဒီအခါ အစိမ်းရောင် necktie စည်းထားတဲ့  လူက ဒီလိုပြောပါတယ်
“ ဟုတ်တယ် ခင်ဗျားပြောတာ မှန်ပါတယ် ”

သည်လိုဆိုရင် ဘယ်သူက ဘယ်အရောင် necktie စည်းထား ပါသလဲ ….

အဖြေလေးကို ဒီနေရာမှာ “ ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ကြည့်နိုင်ပါတယ် ဝတ္တုလေးကို ယောင်ပြီး ဖတ်ပေးသွား လဲ စိတ်မဆိုးဘူးဗျ ...

မေးခွန်းနံပါတ် (၂)



Jimmie နဲ့  Dean တို့ ကျွန်းတစ်ကျွန်းကို အလည်သွားခဲ့ပါတယ်။ အဲဒီကျွန်းပေါ်မှာ လူမျိုးစု နှစ်ခုနေထိုင်ပါတယ်။ ကျွန်းအရှေ့ ခြမ်းက ကျွန်းသားတွေက အမြဲလိမ်ပြောတတ်ပါတယ်။ အနောက်ဘက်က ကျွန်းသားတွေကတော့ အမြဲ အမှန်တွေပဲပြောတတ်ပါတယ်။

Jimmie Dean က သူတို့ နားက ဖြတ်သွားတဲ့ လူတစ်ယောကိုတွေ့ ပါတယ်။ သူတို့ က ပါလာတဲ့  ဧည့်လမ်းညွှန်ကို ဒီလူ(သူတို့ နားကဖြတ်သွားတဲ့ ) ဘယ်မှာနေသလဲလို့  မေးပါတယ်။ အဲဒီအခါ ဧည့်လမ်းညွှန်လည်း အဲဒီလူကို သွားမေးပြီးပြန်ဖြေလိုက်ပါတယ် ….. အဲဒီလူက အနောက်ဘက်မှာ နေပါတယ်တဲ့ 

ဒီတော့ မေးခွန်းလေးက ……. အဲဒီ ဧည့်လမ်းညွှန်ဟာ Jimmie နဲ့  Dean ကို အမှန်အတိုင်းပြောလိုက် တာလား လိမ်ပြောလိုက်တာလား ဆိုတာပါ ……

အဖြေလေးကို ဒီနေရာမှာ“ဆေးရုံ” ကြည့်နိုင်ပါတယ် ဝတ္တုလေးကို ယောင်ပြီးဖတ်ပေးသွားလဲ စိတ်မဆိုးဘူးဗျ ...


နောက်ဆုံးမေးခွန်းလေးကတော့



ကျွန်တော်မှာ မြင်းတစ်ကောင်ရှိပါတယ်။ သူဘာအရောင်လည်း ခင်ဗျားတို့ သိကြရဲ့ လား

Allan က “အနက်လို့ ထင်တယ်ဗျာ….” လို့ ဖြေပါတယ်။

Brian က “ အညိုဖြစ်ချင်ဖြစ် မဟုတ်ရင်တော့ မီးခိုးရောင်ပဲ ဖြစ်ရမယ် ” လို ပြောပါတယ်။

Charlie ကတော့ “ အညိုပါဗျာ ကျုပ်သိပါတယ် ….” လို့ ပြောပါတယ်။

အဲတော့ ကျွန်တော်က “ အနည်းဆုံးတော့ ခင်ဗျားတို့ ထဲက တစ်ယောက်တော့ မှန်မယ် တစ်ယောက်တော့မှား မယ် …….. ခင်ဗျားတို့ ပြောခဲ့တဲ့  အရောင်တွေ ထဲကတစ်ခုဟာ အဖြေမှန်ဖြစ်မယ် ဆိုရင် တကယ့် ကျုပ်မြင်း ရဲ့ အရောင် အမှန်က ဘာလဲ …..” လို့ မေးလိုက်ပါတယ်။
အဖြေလေးကို ဒီနေရာမှာ “အတွေ့ နှင့်အားပြိုင်ခြင်း” ကြည့်နိုင်ပါတယ် ဝတ္တုလေးကို ယောင်ပြီးဖတ်ပေးသွားလဲ စိတ်မဆိုးဘူးဗျ ...

ပဟေဠိလေးတွေကို ဒီက ယူပါတယ်။

*******************

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ်တ တတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

6 comments:

ငှက်ငယ်လေး said...

နာ ၁ ကွ( အရင်ဆုံးလာလို့ ပြောတာ )

ကဲ ဒီတစ်ခါတော့ အရင်ဆုံးဖြေမယ်ဆိုပြီးပြေးလာတာ..
အဖြေက ပေးပီးတားကြီးဂျာ ရက်စက်ပါပေ့

အဖြေမကြည့်ပဲဖြေတာကတော့ အပေါ် ၂ ထုပဲမှန်တယ်ဂျာ အောက်က တစ်ခုကတော့စဉ်းစားလို့ ကိုမရတာ

tag ရေးပေးတဲ့အတွက် ကျေးဇူးးးးးးးးးးးးးးးးးးးးးးးးးးးး

ဝက်ဝံလေး said...

ရန်ကုန်သားရေ အိုင်ဒီယာလေး ကောင်းတယ်ဗျိုးးးးးးးး အဟားးးးးးးး ဒါပေမယ့် အဖြေပေးထားတော့ အဲဒါပဲ သွားဖတ်ဖြစ်တယ် ဗျိုးးးးး ဟိဟိ ဇာတ်လမ်းနောက်လဲ ကောက်ကောက်ပါသွားသေးဗျ ခင်ဗျား လူဆိုးဗျာ မကောင်းဘူး စာရေးကလဲ ကောင်းပါ့ ဒါကြောင့် ငှက်ငယ်လေးက နံပါတ် ၁ ယူသွားတာ မဟုတ်ရင် ကျုပ် နံပါတ် ၁ ရမှာ ထုတော့ ဗျာ ခင်ဗျား ဇာတ်လမ်းဖတ်နေရတာနဲ့တင် လာရင်းကိစ္စ မေ့သွားတယ် ဟွင်းးးးးး

မယ့်ကိုး said...

အိုင်ဒီယာက ရှယ်ပဲ။ =)
ပို.စ်အဟောင်းလေးတွေ ပြန်ဖတ်သွားပါတယ်။
စာရေးကောင်းသလို စာရေးအားလည်း ကောင်းလိုက်တာ =)

Anonymous said...

ဘာတွေမှန်းမစဉ်းစားနိုင်သေးဘူးဗျာ ခေါင်းကိုက်နေလို့ (ငါးခေါင်းကိုက်နေတာကိုပြောတာပါ) ဒီတော့ အဖြေပဲပြောပါတော့ဗျာ

ဇော် said...

သိပ်တော့ နားမလည်လိုက်ဘူးဗျ။ အဲ့လောက်ကြီး လိုက်မမှီဘူး ကိုရန်ကုန်ရ။ ဟီး။ =]

Angel Shaper said...

ကဲ ဖတ်သွားတယ်နော်။
ဘာမှ မပြောသေးဘူး။
ခေါင်းကိုက်တယ်။ ဒါပဲ။