Wednesday, August 12, 2009

သားကောင်

ကျွန်တော် တစ်ခါမှ ဘာသာပြန်မရေးဖူးပါဘူး။ တစ်နေ့  blogger tools bar က Next blog ဆိုတာလေး အမှတ် မထင် နှိပ်မိခဲ့ ရာက Kim ဆိုတဲ့ အမေရိကန် အမျိုးသမီးတစ်ဦးရဲ့ Thinking out loud ဟူသော blog တစ်ခုကို တွေ့ လိုက်မိပါတယ်။ ကျွန်တော်လည်း နာမည် လေး စိတ်ဝင်စားတာနဲ့ ဆက်ဖတ်ကြည့်တော့ The suitcase ဆိုတဲ့ဇာတ်လမ်း လေးတစ်ပုဒ် ကိုတွေ့ ပါတယ်။ စာရေးချင်ပေမယ့် အဲဒီအချိန်က ခေါင်းထဲ ရေးစရာ ဘာကုန်ကြမ်းမှ မရှိတာနဲ့  ရေးဖြစ်သွား တာပါ။ ဆားချက်လို့ ဆိုလည်း ဆိုနိုင်ပါတယ်။ :D ဘာ သာသာ ပြန် ချင် တာ ကျွန်တော့ အင်္ဂလိပ်စာ ကလည်း ခနော်နီခနော်နဲ့  မြန်မာလို ကျပြန်တော့လည်း ချောမော အောင် မရေး တတ် ပါဘူး။ :D

အဲတာကြောင့် ကျွန်တော် ဖြုတ်ထားခဲ့တာ ထပ်ဖြည့်ထားခဲ့တာတွေ အများကြီး ပါဝင်နေ ပါတယ်။ ပထမ ဆုံး ဘာသာပြန် ရေးကြည့်တာဖြစ်လို့  မတော်တာများ ပါခဲ့ရင် စာဖတ်သူများ Blogger ညီအစ်ကို မောင်နှမများ အနေနဲ့  ဆုံးမဝေဖန်ပေးကြပါဦးဗျာ …… အစဉ်လေးစားလျှက် (ရန်ကုန်သား)



လူတိုင်းအသည်းကွဲဖူး ကြမယ်ထင်ပါတယ်လေ။ တခြား မိန်းမတစ်ယောက် အသည်းတွေ တစစီကွဲကြေပျက် စီး ခဲ့လို့ ခံစားရတဲ့ နာကျင်မှုဝေဒနာထက် ကျွန်မ ခံ စားရတာက ပိုပါတယ်လို့  မပြောချင်ပါဘူး ….. ဒါပေ မယ့် ကျွန် မ ဘယ်လောက်ထိ ထိခိုက်ခံစားခဲ့ ရတယ်ဆိုတာကို ကျွန်မပဲသိပါတယ်လေ။

ရှည်လျားလှတဲ့ ကျွန်မနဲ့ သူ့ ရဲ့  ဇာတ်လမ်းကို ခပ်တိုတို ပဲပြောကြပါစို့ လေ။ ကျွန်မ သူ ကို အရူးအမူးနဲ့ ကို ချစ်ခဲ့ မိပါတယ်။ သူ က ကျွန်မရဲ့  သူငယ်ချင်းလေ။ သူနဲ့ ကျွန်မရင်းနှီးခဲ့တာ ခုလို ကျွန်မရင်ကွဲပက်လက် ခံစား ခဲ့ရ တဲ့  အဖြစ်အပျက် မတိုင်မီ နှစ်နှစ် လောက်ကတည်းကပါ။ ကျွန်မတို့ စကား တွေ အများကြီး ပြောခဲ့ ကြတယ်။ တစ် ယောက်နဲ့  တစ် ယောက် စာတွေအများကြီးရေးပြီး တော့လည်း ဆက်သွယ် ခဲ့ ကြတယ်။ အဲလို နှစ်နှစ် အတော အတွင်းမှာ သူနဲ့  ကျွန်မဟာ အပျော်သဘောထက်ပိုတဲ့ မခွဲနိုင်မခွာရက် ချစ်ကြတဲ့ ချစ်သူတွေ လို ချစ်ခဲ့ကြတာပါ။

ကျွန်မတို့ စကားတွေပြော စာတွေရေး ပြီးတွေ့ ရင်းနှီးခဲ့ ရုံမကပါဘူး လူချင်းလည်း တွေ့ ဖြစ်ခဲ့ ကြပါတယ်။ သူ့ နဲ့  ကျွန် မ ချစ်သူတွေ အဖြစ်နဲ့ တစ်ယောက်ကို တစ်ယောက်( ကျွန်မအထင်ပေါ့လေ) ရူးသွပ်စွာ နင့်နင့် သည်း သည်း ကို ချစ်ခဲ့ ကြတာပေါ့။ အဲလိုနဲ့  သူနဲ့ ကျွန်မ သိပ်ချစ်တဲ့ ချစ်သူတွေ ဖြစ်ပြီး လအနည်းငယ်အကြာ မှာ သူနေ တဲ့ မြို့ ကို ကျွန်မ ပြောင်း ရွေ့ နေထိုင်ဖို နှစ်ဦးသဘောတူ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်မ တို့ နေဖို့  နှစ် ယောက် သား အကြိုက် အဖြစ်မယ့် နေရာလေးတွေကို လိုက်ရှာကြည့်ခဲ့ ကြတယ်။ ကျွန်မ နဲ့ သူ့ ရဲ့  အိပ်မက် ကမ္ဘာကို တည် ဆောက် ဖို့  အစီအစဉ်တွေ ဆွဲခဲ့ ကြတယ်။ သူနဲ့ ကျွန်မ အချစ်မှိုင်းတွေ မိခဲ့  ကြတယ် ထင်ပါ ရဲ့ လေ။

ကျွန်မနဲ့ သူ့ ရဲ့ အိပ်မက်ကမ္ဘာကနေ ကျွန်မစောစီးစွာပဲနိုးထလာခဲ့ ရပါတယ်။ ကျွန်မသူနဲ့ အတူမက်ခဲ့ တဲ့  အင်မ တန် လှပတဲ့ အိပ်မက်ဟာ အိပ်မက်ဆိုးတစ်ခုအဖြစ် ရုတ်တရက်ပြောင်းလဲသွားခဲ့ တယ်။ ဘယ်လိုမှ မျှော်လင့်မ ထား တဲ့ အ ဖြစ်အပျက်တစ်ခုဟာ နားသယ်ကို အားပြင်းပြင်းနဲ့ အရိုက်ခံလိုက် ရသလို ကျွန်မကို မူးဝေ ခြောက် ခြားသွားစေခဲ့ ပါ တယ်။ ကျွန်မ လောက်နုံအတဲ့ မိန်းမ ရှိပါ့မလား။ ချစ်တယ်ဆိုတဲ့ သာယာမှုတစ်ခု တည်းနဲ့  ယောက်ျားတစ်ယောက်ကို မျက်စိစုံမိတ်ပြီး ယုံခဲ့ မိတယ်။

ကျွန်မနဲ့ သူ သူငယ်ချင်းတွေ အဖြစ်နဲ့ စာတွေ အပြန်အလှန်ရေး၊ စကားတွေ ဖောင်ဖွဲ့ အောင်ပြော၊ ကျွန်မတို့ အတူ နေဖို့ ပလန်တွေ ချနေခဲ့ တဲ့ အချိန်တလျှောက်လုံးမှာ သူဟာ တခြားမိန်းမ တစ်ယောက်နဲ့ အတူ နေထိုင် နေခဲ့  တယ်ဆိုတာကို ကျွန်မ သိလိုက်ရတာပါပဲ။ ကျွန်မ သိလိုက်ရရချင်းမှာ ကျွန်မရဲ့ စိတ်ဟာ ခန္ဓာ ကိုယ်ကနေ တခဏ ကင်းကွာသွားသလို ကျွန်မ ဘေးမှာရှိနေတဲ့ ပတ်ဝန်းကျင်ကြီးဟာ အိုးထိန်းစက်နှယ် ခြာခြာလည်သွား သလို၊ ကျွန်မ နားတွေ အူနေခဲ့ တယ်။ တစ်ကိုယ်လုံးလည်း ချိနဲ့ ခွေယိုင်ပြီး ကျွန်မရင်ထဲက အားတွေ စုပ်အယူခံ လိုက် ရသလို ခံစားခဲ့ ရပါတယ်။

သူ့ ရဲ့ လျှို့ ဝှက်ချက်ကြီး ပေါက်ကြားသွားတယ်။ ကျွန်မကို သူ လုံးဝအဆက်အသွယ်မလုပ်တော့ဘူး။ သူကလေ ကျွန်မဆိုတဲ့ မိန်းမကို ဘယ်တုန်းကမှ မသိကျွမ်းဘူးတဲ့  လူတစ်ယောက် လိုလုပ်သွားခဲ့ တာ။ ကျွန်မတို့ လမ်းခွဲ ခဲ့တုန်း က ဝမ်းနည်းကြေကွဲမှုဆိုလို့ တစ်ချက်ကလေး မှတောင် သူမပြခဲ့ ဘူး။ သူရဲ့ ခွင့်လွှတ်ပါ ဆိုတဲ့ စကား လေး တစ်ခွန်းတောင် ကျွန်မ ကြားခွင့်မရခဲ့ ဘူး။ ကျွန်မ တွေးမိတိုင်း ရင်ထဲကနာတယ်။ ရှက်လည်း ရှက်တယ်။ သူဟာ ကျွန်မရဲ့ ဘဝ၊ ကျွန်မကိုယ် ကျွန်မယုံကြည်မှုတွေ အားလုံးကို ချိုးနှက် ဖျက်စီးခဲ့ ပါတယ်။

ယောက်ျားတစ်ယောက်ဟာ သူတို့ ထက် အားနွဲ့ တဲ့ မိန်းမတစ်ယောက်ကို ဒီလောက်ထိ ရက်စက်နိုင်သလား။ ကျွန်မလေ သူနဲ့ အတူ ရှိနေခဲ့ တဲ့ ကာလတစ်လျှောက်လုံးမှာ သူ့ ကိုအချစ်တွေ အကြင်နာတွေ ပဲပေးခဲ့ တာပါ။ နာကျင်မှုဆိုတာ ဝေလာဝေး ။ သူ့ ကိုလေ ဟန်ဆောင်ပြီးတော့တောင် စိတ်မကောက်ရက်ခဲ့ ဘူး။ သူ ကျွန်မ ကြောင့် ဘာမှ မနာကျင်ခဲ့ ရပါဘူးလေ။ သူကသာ ကျွန်မကို တစ်ဘဝလုံး စုတ်ပြတ်သတ်နေအောင်ကို နာကျင် မှုတွေ ပေးသွားခဲ့ တာပါ။

ဘာဖြစ်လို့ သူအဲလို လုပ်ရတာလဲ။ ဘာလို့ ကျွန်မကို သူ့ ဘဝထဲ ဆွဲသွင်းခဲ့ ရတာလဲ။ တခြား မိန်းမတစ် ယောက်နဲ့  အတူ နေနေရဲ့ သားနဲ့  ကျွန်မနဲ့ အတူနေဖို့ ဘာလို့ သူကြိုးစားခဲ့ ရတာလဲ။ သူ့ ရဲ့ မဟာ အကြံ အ စည်ကြီး အောင် မြင်ဖို့  ကျွန်မကို ဘာလို့ အသုံးချခဲ့ ရတာလဲ။ ဘုရားပေးပေး ကျမ်းပေးပေး ကျွန်မလေ တကယ့်ကို မသိ ခဲ့ တာ ပါ။ ကျွန်မ ဘာလို့ များသိပ်တုံးခဲ့ ရတာပါလိမ့်။ သံသယ ဖြစ်စရာ ကောင်းတဲ့  သူ့ ရဲ့  ဘယ်လိုစကား မျိုး တွေ ဘယ်လို အမူ အရာတွေကို ကျွန်မသတိမထား အကဲမခတ်မိခဲ့ သလဲ။ သူ ဘာလို့ ကျွန်မအပေါ် ဒီ လောက် ထိ ရက်စက်ခဲ့ ရတာလဲ။

ကျွန်မ အဲဒီမေးခွန်းတွေရဲ့ အဖြေကို သိပ်သိချင်နေခဲ့ မိပါတယ်။ ဒါပေမယ့် အဖြေကတော့ ယနေ့ ထက်ထိ မရခဲ့  ပါဘူး။ ဖြေရှင်းချက် တစ်စုံတစ်ရာ မရှိဘဲ ဒီအဖြစ်အပျက်ဟာ သူနဲ့ ကျွန်မနဲ့ ကြားမှာ ဘာလို များ ဖြစ်ပျက်ခဲ့  ရ တာလဲဆိုတာ ကျွန်မနားလည်ချင်လိုက်တာ။

ခုဆို ဒါတွေ ဖြစ်ပျက်ခဲ့ တာ တစ်နှစ်လောက် ရှိနေပါပြီ။ ကျွန်မလေ အဲဒီအချိန်က ကျွန်မကို တောင်ကမ်းပါးယံ တစ်ခု ကနေ တွန်းချခံလိုက်ရသလို ခံစားခဲ့ ရတယ်။ ကျွန်မ အတားအဆီးမရှိကို ကျဆင်းနေတာ။ ဘယ်အချိန် များ အဲဒီ တောင်ကမ်းပါးယံ ရဲ့ အောက်ခြေနဲ့ ရိုက်ခတ်မိမလဲ ဆိုတာကို သေလုမြောပါး ကြောက်လန့် နေရင်းနဲ့  ကို ဆက်ပြီး ကျ ဆင်းနေခဲ့ ရတာ။ အဲလို အသက်ထွက်မတတ် ကြောက်လန့် နေခဲ့ ရပေမယ့် သေချင်လည်း သေ သွားပါစေ အောက် ခြေနဲ့ သာ မြန်မြန်ထိလိုက်ပါတော့လို့ ဆုတောင်းနေခဲ့ ပေမယ့် ကျွန်မဟာ အဲဒီ ကြောက် လန့် ခြင်းတွေနဲ့ အတူး ဆက်လက် ကျဆင်းနေခဲ့ ရပါတယ်။

ကျွန်မ အဲဒီမြို့ ငယ်လေးကို နောက်ဆုံးအနေနဲ့ သူနဲ့ အတူသွားပြီး ပြန်အလာမှာ ကျွန်မနဲ့ အတူယူသွားခဲ့တဲ့  ခရီး ဆောင်အိတ်ငယ် ကို ကျွန်မအခန်း ရဲ့ ဒေါင့်တစ်နေရာမှာ ပစ်ထားခဲ့ မိတယ်။ ကျွန်မပြန်လည်း မကြည့်ဖြစ် ချင် တော့ ဘူး။ အဲဒီအိတ်ကို မြင်လည်း မမြင်ချင်တော့ဘူး။ အဲဒီအိတ်ကိုပြန်ဖွင့်မိရင် ခံစားရမယ့် ဝေဒနာကို ကျွန် မ ခံစားနိုင်မှာ မဟုတ်ဘူး။

အဲဒီတုန်းက သူနဲ့ အတူ သိပ်ကိုပျော်စရာကောင်းမယ့် ခရီးလေးတစ်ခု ဖြစ်လိမ့်လို့ စိတ်ကူးတွေရင်လျှက်က ကျွန်မရဲ့ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းတွေကို ကြည့်ပြီး ထုပ်ပိုးနေခဲ့ မိတယ်။ ကျွန်မ ဟာ သူ့ ရဲ့ ဘီလူး ခေါင်းကြီးကို မင်းသားအမှတ်နဲ့  ချစ်နေခဲ့ တုန်းက သူနဲ့ အတူ ဝယ်ခဲ့ မိတဲ့ အမှတ်တရ ပစ္စည်းလေးတွေ ဟင့် အင်းကျွန်မ မခံစား နိုင်တော့ဘူး။ ဒါပေမယ့် အဲဒီအိတ်ကို အဲဒီနေရာမှာ အချိန်တိုင်း ခြောက်လှန့် စေနိုင်ဖို့ ကျွန် မခွင့်ပြုထားခဲ့ မိတယ်။ ကျွန်မရဲ့ အသုံးအဆောင်ပစ္စည်းတွေအားလုံးကို အစားထိုးပစ်ခဲ့ တယ်။ အဲဒီအိတ်ကို ကျွန်မ ပြန်ကို မဖွင့်ချင်တော့တာ။ နေ့ တွေလတွေသာ ကုန်ဆုံးသွားတယ် အဲဒီထဲက ပစ္စည်းတွေကို သတိ လည်း မရဘူး လိုလည်းမလိုအပ်ခဲ့ ဘူး။

ဒါပေမယ့် လွန်ခဲ့ တဲ့ တစ်ပတ်လောက်က ကျွန်မတိုက်ခန်းအသစ်တစ်ခုကို ပြောင်းရွှေ့ နေထိုင်ခဲ့ တယ်။ ကျွန်မ အိမ် ဟောင်း ကပစ္စည်တွေ အကုန်လုံးသိမ်းဆည်း အပြီးမှာ ကျွန်မ အခန်းထောင့် အဝတ်ပုံတွေ အောက်မှာ အဲဒီ ခရီး ဆောင်အိတ်လေးကို ကျွန်မခရီးကပြန်ရောက်ကာစက ထားခဲ့ တဲ့နေရာမှာ အဲဒီအတိုင်းတွေ့ လိုက်ရတယ်။ အဲဒီပြန် ရောက်တဲ့ ညက ခံစားခဲ့ရတဲ့ ဝေဒနာကို ပြန်လည်သတိရကာ ကျွန်မရင်တွေ နာကျင်လာ ခဲ့ ရတယ်။

ကျွန်မ အဲဒီအိတ်ကို ကြည့်ပြီး အမိုက်ပုံးထဲ ပစ်လိုက်ဖို့ တွေးလိုက်မိတယ်။ ဒါပေမယ့် အဲဒီအိပ်ထဲမှာ ကျွန်မ သိပ် မြတ် နိုးတဲ့  အသုံးအဆောင် ပစ္စည်းတချို့ ရှိနေသေးတယ် ဆိုတာ သတိရလာမိတယ်။ ကျွန်မ ပြင်သစ်က ပြန် လာတုန်းက ဝယ်ခဲ့ တဲ့ ဖိနပ်လေးရယ်၊ ကျွန်မသိပ်ကြိုက်လွန်းလို့ ငွေတွေ အများကြီးပေးဝယ်ထားရတဲ့  အကျီ င်္၊ (ကျွန်မ အဲဒီအကျီ င်္ဝတ်လိုက်ရင် ပိုလှတယ်လို့ ကျွန်မကိုယ်ကျွန်မ ထင်မိတယ် ဆွဲဆောင်မှု ပိုရှိသွား တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။)၊ သူနဲ့ ခင်မင်ရင်းနှီး စ သူနဲ့ (လူချင်း)မတွေ့ ခင်အချိန်လေးမှာ ဝယ်ဖတ်ခဲ့ တဲ့  စာအုပ်တစ် အုပ်။ နေပါစေ ဒါတွေ မဝတ်ရလဲ ဘာမှ မဖြစ်ဘူး။ ကျွန်မ အဲလို ဆုံးဖြတ်ပြီး ကျွန်မကား ရဲ့ နောက်ဖုံး ဖွင့်ပြီး သွားထည့် ထားလိုက်တယ်။

ဒီလိုနဲ့ လေးငါးည ကြာသွားခဲ့တယ်။ နောက်ဆုံးတော့ ကျွန်မ အဲဒီအိတ်ကို ဖွင့်ဖို့  အားတွေ မွေးလိုက်နိုင်ခဲ့ ပါ တယ်။ အဲဒီအိတ်ကို ဖွင့်ဖွင့်ချင်း ကျွန်မကို ဦးဆုံးနှုတ်ဆက်လိုက်တာက ကျွန်မသုံးနေကျ (သူ နဲ့ ကျွန်မ ခွဲခွာ ခဲ့ ကတည်းက မသုံးဖြစ်တော့တဲ့ ) ရေမွှေးနံ့ ပါပဲ။ ကျွန်မ မငိုမိဖို့ ဆုံးဖြတ်ပြီး စိတ်ကို တင်းထားခဲ့တယ်။ ဒါပေ မယ့် ကိုယ့်ကိုကိုယ် မ ထိန်းသိမ်းနိုင်ခင်မှာ ကျွန်မ ငိုနေမိခဲ့တယ်။ တခဏတော့ အဲဒီအိတ်ကို ပြန် ပိတ်ပြီး လွှတ် ပစ်ဖို့  တွေးလိုက်မိပြန်တယ်။

ဒါပေမယ့် ကျွန်မအားတင်းပြီး အိတ်ကို ဆက်ဖွင့်လိုက်မိပါတယ်။ ကျွန်မ မျက်လုံးထဲမယ် သူ့ မျက်နှာက အိတ် ထဲ ကနေထွက်လာပြီး ကျွန်မကို ခြောက်လှန့် နေခဲ့ ပါတယ်။ ကျွန်မရဲ့ ဖိနပ်ကလေး၊ ပြီးတော့ သိပ်လှတဲ့  အကျီ င်္လေး ၊ ပြီးတော့ ကျွန်မသိပ်ကြိုက်တဲ့ စာအုပ်၊ မေ့ မလိုတောင်ဖြစ်နေတဲ့ ကျွန်မ သိပ် ကြိုက်တဲ့  လက်ဝတ် ရတနာ အ နည်း ငယ် ကျွန်မရဲ့ ခရီးသွားရင်းမှတ်သားတတ်တဲ့ မှတ်စုစာအုပ်၊ သူနဲ့ အတူ ဝယ်ဖြစ်ခဲ့ တဲ့  လက် ဆောင် ပစ္စည်းတချို့ ။ ကျွန်မအဲတာတွေကို တစ်ခုချင်းဆွဲထုတ်နေမိတယ်။ ပစ္စည်းတွေဘေး ပတ်လည်မှာ ချပြီး ကျွန်မ လေ အရူးတစ် ယောက်လို ငိုကြွေးနေခဲ့ မိပါတယ်။

အဲဒီ အိတ်ထဲက ပစ္စည်းတွေကို ထုတ်ပြီး ကျွန်မထားနေကျ နေရာတွေမှာ အသီးသီး ပြန်ထားခဲ့တယ်။ အလုပ် သွားရင် ကျွန်မ သိပ်ကြိုက်တဲ့ ဖိနပ်လေးကို စီးတယ်။ မသုံးတာကြာမြင့်နေပြီးဖြစ်တဲ့ ကျွန်မအသည်းစွဲ ရေမွှေး ကို ပြန်သုံး တယ်။ အဝတ်တွေကို အားလုံးပြန်လျှော်ပြီး ဘီဒိုထဲ ပြန်ထည့်ထားလိုက်တယ်။ ကျွန်မလက်ဝတ် ရတ နာတွေကို မှန် တင် ခုံအောက်က အံဆွဲထဲ၊ စာအုပ်တွေကို စာကြည့်စားပွဲအောက် အံဆွဲထဲကို ပြန်ထည့်ထား လိုက်တယ်။ အိတ်က လေး ကို လည်းသေချာ လျှော်ဖွတ် နေပြ ပရုပ်လုံးတွေထည့်ပြီး သိမ်းထားလိုက်တယ်။

အဲဒီ ခရီးဆောင် အိတ်ထဲက ပစ္စည်းတွေ သူ့ နေရာသူ ပြန်ထား လိုက်တာကို ကျွန်မ ဘယ်လိုမှ မခံစားရပေ မယ့် အဲဒီအိတ်က ကျွန်မကို မြင်မိတိုင်း နာကျင်မှုတွေကို အမှတ်ရနေစေပါတယ်။ ကျွန်မ အဲဒီအိတ်ကို ကားနောက် ဖုံးဖွင့်ပြီး တစ်ခါ ပြန်ထားလိုက်ပြန်ပါတယ်။ဒီအိတ်ကို မြင်လိုက်တိုင်း သူ့ ကိုသတိရတယ် ရင်ထဲမှာ လည်း စူးနက် နေအောင်နာ တယ်။ အိတ်ကို ဖွင့်တဲ့ အခါ အဲဒီနာကျင်မှုတွေ သက် သာမလား ရယ်လို့  မျှော်လင့် ပြီး နေခဲ့တာ အချိန်တွေသာ ကုန်လာတယ် ခံစားမှုဝေဒနာတွေက အသစ်အတိုင်း ပဲ။ လျော့ ကိုမသွားဘူး။ ကျွန် မစိတ် တွေ ဆင်းရဲလှပါပြီ။ မော လည်း မောလှပါပြီ။ ပင်လည်း ပင်ပန်းလှပါပြီ။

တစ်နေ့  ကလေးတစ်ယောက် ချီပြီး ပလပ်စတစ်အိတ် တို့ လို့ တွဲလောင်းနဲ့  ပိုက်ဆံလိုက်တောင်းနေတဲ့  မိန်း မတစ် ယောက်ကို စူပါမားကက် တစ်ခုက အတွက်မှာ ကျွန်မ တွေ့ လိုက်ရတယ်။ ကျွန်မကားဆီးကို အပြေး တစ် ပိုင်း လျှောက် သွားပြီး ကျွန်မကို အမြဲတစေ နာကျင်မှုတွေ ပြန်လည် ခံစားရစေတဲ့  ကျွန်မရဲ့ ခရီးဆောင်အိတ်ကို ဆွဲထုတ် လိုက်တယ်။ ပိုက်ဆံတောင်းနေတဲ့ နွမ်းဖတ် ပိန်လှီနေတဲ့ မိန်းမလက်ထဲ အဲဒီအိတ်ကို ကျွန်မပေးပစ်ခဲ့  တယ်။

ကျွန်မ အဲဒီကထွက်လာတော့ နာကျင်မှုတွေမှ လွန်မြောက်ပြီး လုံခြုံစိတ်ချရတဲ့ ဘဝ အသစ်တစ်ခုကို စတင် တော့ မယ့် မိန်းမတစ်ယောက် အဖြစ် ကျွန်မကိုယ် ကျွန်မ မြင်လာမိတယ်။ နောက် ကျွန်မ အိတ်ကိုပေးပစ် ခဲ့ တဲ့ အမျိုးသမီး ဟာလည်း သူ့ ရဲ့ ဖရိုဖရဲဖြစ်နေတဲ့ ပစ္စည်းတွေကို အဲဒီအိတ်ထဲ ထည့်ပြီး လုံခြုံစိတ် ချရမှု ခံစား နေရ မှာပါ။ သူမ ပျော် ရွှင် ကောင်းလည်း ပျော်ရွှင်နေမှာပါ။ ဒါကျွန်မ အနည်းဆုံးမျှော်လင့်မိတာပါပဲ။ ကျွန်မ ရင်ထဲ က ဝေဒနာတွေ နာကျင်မှု တွေ ပျောက်ကွယ်သွား သလို ခံစားရတယ်။

သူနဲ့ အတူ ချစ်နေခဲ့ တဲ့ အချိန်တစ်လျှောက်လုံးမှာ ကျွန်မ အရင့်အရင်ကထက် ပိုလှပနေသလို၊ ကျွန်မ ဘဝ တစ် ခုလုံး မှာ ခံစားခဲ့ ရတဲ့ ပျော်ရွှင်ကျေနပ်မှုတွေ ထက် ပိုတဲ့ ကြည်နူး သာယာမှုတွေကို ရရှိနေခဲ့ သလို ခံစား ခဲ့ ရ တယ်။ ဒါပေမယ့် သူ့ ရဲ့ သစ္စာမဲ့ တဲ့ လုပ်ရပ်ဟာ အဲဒီလို လှပတဲ့ ကျွန်မဘဝရဲ့ မမေ့နိုင်တဲ့ ခံစားမှုတွေကို ရစရာ မရှိအောင် ဖျက်ဆီးပစ်လိုက်တယ်။

ကျွန်မဟာ အဲလောက် မိုက်မဲတဲ့ မိန်းမတစ်ယောက် မဟုတ်ပါဘူး။ ချစ်စိတ်မွှန်နေတဲ့ ဘာကိုမှ မမြင်နိုင်အောင် ဖြစ်နေ တဲ့  မိန်းမလည်း မဟုတ်ခဲ့ ပါဘူး။ သူ့ သစ္စာမဲ့ ခြင်းကိုသာ ခံစားရတဲ့  သားကောင် သာဖြစ်ခဲ့ပါတယ်။ ကျွန် မ သူ့ ကို ချစ်ခဲ့ တဲ့ အချစ်တွေ၊ ရင်ခုန်လှိုက်မောမှုတွေ၊ ပျော်ရွှင်မှုတွေဟာ တကယ့်အစစ်အမှန်တွေပါ။ အဲဒီ လှ ပသော ထိုက် တန်သော ယုံကြည်ခဲ့ ရသော ခံစားမှုများကြောင့် ကျွန်မရဲ့ ခံစား မှုအချစ်တွေဟာ စစ် မှန်ခြင်း ရှိ ကို ရှိရမယ်။ ဒီအရာ တွေ အားလုံးဟာ သူ့ ကြောင့် သူ့ ရဲ့ ယုတ်မာ ရက်စက်မှုကြောင့် နှမချင်း မစာနာ မှုကြောင့် ဖြစ်ခဲ့ရတာ။ ကျွန်မက သက်သက် နားလှည့်ပြီး ပါးရိုက်ခံလိုက်ရတာပါ။

ဒီတော့ ကျွန်မ ကိုယ့်ကိုကိုယ် ခွင့်လွှတ်လိုက်တယ်။ အဲဒီခံစားချက်တွေ ကနေရုန်းထွက်နိုင်ခဲ့ တယ်။ ကျွန်မ ကိုယ် ကျွန်မ အပြစ်ပေးနေတာတွေကို ရပ်တန့် ပစ်ခဲ့ တယ်။ ဒါပေမယ့် ဒီလိုမျိုး ကျွန်မဟာ ပူဆွေးမှုတွေ ကင်းစင်တဲ့ မိန်းမ တစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့ရ နာကျင်ခဲ့ ရတာ အဆုံးမရှိ အောင်ရှည်လျားတဲ့  အိပ် မက်ဆိုးကြီး မက်ခဲ့ ရသလို ပါပဲလေ။

ကျွန်မ တွေးမိတယ်။ ကျွန်မအိမ်ထဲက ဒီခရီးဆောင်အိတ်ဟာ မမြင်မိအောင် ဖုံးထား ဝှက်ထား ရက်က သူ အ နား မှာရှိနေသလို ခံစားခဲ့ ရတယ်။ ရယ်စရာတော့ ကောင်းပါတယ်လေ။ အိတ်ကို ဖွင့်၊ အထဲက ရှိသမျှ ပစ္စည်း တွေ ကို ထုတ် ပစ်လိုက်ရတာ ကျွန်မရဲ့ အကောင်းဆုံး အမြတ်နိုးဆုံးတွေကို ထုတ်ပစ်လိုက်ရသလို ပါပဲ။ နောက် သူ့ ရဲ့ လွှမ်းမိုး မှုအောက်က လွတ်မြောက်သွားစေနိုင်မယ့် (ကျွန်မကိုယ်တိုင်) အကျိုှးရှိ မယ့် အလုပ် တစ်ခု ကို ကျွန်မ လုပ်နိုင်ခဲ့တယ်။

ကျွန်မဇာတ်လမ်းကြီးက ဝတ္ထုဆန်ဆန် ပြဇာတ် ဆန် ဆန် ကြီးပါ။ ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ပါဘူးလေ။ ဒါပေ မယ့် ကျွန်မအတွက် ကတော့ သိပ်အဓိပ္ပါယ်ရှိတယ်။ ဒါတွေကို ပြောပြနိုင်ဖို့ ကိုပဲ ကျွန်မမှာ တစ်နှစ် လောက် အချိန်ယူ ခဲ့ရပါတယ်လေ။ မူရင်း The suitcase : Thinking out loud

**********

ကျွန်တော့်ရဲ့  “ရင်ခွင်တစ်ခု ဖန်ဆင်းခြင်း” ဘလော့လေးကို လာလည်တဲ့ အတွက် အရမ်း ကျေးဇူးတင်ပါတယ်....ကျွန်တော့်ရဲ့ မတတ်တ တတ်နဲ့ ရေးထားတဲ့ စာလေးတွေကို ဝေဖန်ပေး သွားရင်တော့....အတိုင်းထက်လွန်ပါပဲဗျာ....ပြောမပြနိုင်အောင်ပဲ ကျေးဇူးတင်ပါတယ်.....
(ရန်ကုန်သား)

9 comments:

ဇော် said...

ဟုတ်ကဲ့
စိတ်တော့မကောင်းပါဘူး။ ကျနော် ၁ ပါတယ်ခင်ဗျာ။ ဟဲဟဲဟဲ။
( စာအရင် မဖတ်ရသေးဘူး။ အဲ့လို လောဘက တက်တာ။ ခိခိ။ )

Angel Shaper said...

ှုငဇော်စုတ် လက်ဦးသွားဒယ်။
ဟွန်းးးးးးးးးးးးးးးးးးး
ဒီိပိုစ့်ထဲကကောင်မလေးကို တကယ်လေးစားတယ်။
ခံစားချက်နွံတွေထဲက ရုန်းထွက်နိုင်ဖို့  မိန်းမသားတစ်ယောက်အနေနဲ့  ကြိုးစားရတာ တော်တော်ခက်ခဲမယ်ဆိုတာ မိန်းမချင်းမှ နားလည်ပေးလို့ ရလိမ့်မယ်ထင်တယ်။
နည်းတဲ့ သတ္တိ၊ အရည်အချင်းမျိုးတော့ မဟုတ်ဘူးနော်။
ဒီလိုပါပဲ... အရူးအမူးဖြစ်ခဲ့တုန်းကတော့ ဖြစ်ခဲ့တာပဲပေါ့။ ပြီးသွားတော့လဲ ပြီးသွားတာပါပဲ။။။
သယ်ရင်းရေ.... နင်မတတ်ပဲပြန်လိုက်တဲ့ ဘာသာပြန်ကြီး ငါ့ရင်ကိုထိတယ်။ အဟုတ်။
အရမ်းကောင်းးးးးးးး
မူရင်းထက်ပိုဖတ်လို့ ကောင်းမယ်ထင်တယ်။ ဂယ်
ကိုယ့်သူငယ်ချင်းမို့ မြှောက်ပြောတာမဟုတ်ဘူးနော်။။။
ဆက်လုပ်ရဲဘော်။။။ အားပေးနေတယ်နော်။

ဂျူ said...

သနားပါတယ်။ နောက်ဝမ်းသာတယ်။ သူ့မှာ ဒါလေးကိုပြောဖို့ တစ်နှစ်တိတိ စောင့်လိုက်ရတယ် ဆိုတာ ယုံတယ်။
နောက်ထပ် လက်ရာလေးတွေ မျှော်နေမယ် မောင်လေးရေ။
ခင်မင်လျှက်
ဂျူ

သားကြီး said...

ဘာသာပြန်လေးကကောင်းပါတယ်ဗျ
မူရင်းကိုမဖတ်ရပေမယ့် မူရင်းရဲ့အနှစ်ကိုအကုန်ယူနိုင်တယ်လို့ထင်တာပဲ
ဆက်လုပ်ဗျာ အားပေးမယ်
ဘလော့ဆိုက်ဘားမှာအမေပုံတင်ထားတာတွေ့
ကတည်းကလေးစားပါတယ် အမေကိုချစ်တဲ့သားလိမ္မာတစ်ယောက်အနေနဲ့
အမေ့အတွက်ဖြည့်ဆည်းပေးချင်တဲ့ဆန္ဒများ
အမြန်ဆုံးပြည့်ဝနိုင်ပါစေဗျာ

မယ့်ကိုး said...

online ရဲ့ မရိုးနိုင်တဲ့ အသဲကွဲဇာတ်လမ်းပေါ့နော်။
ဘာသာပြန်ပုံလေး ကောင်းလိုက်တာ။
အားပေးနေပါတယ်။

အနော် said...

အကိုရေ ဘာသာပြန်ဇာတ်လမ်းလေးဆိုပေမဲ့
အပြင်အပမှာလဲ ဒီလိုဇာတ်လမ်းမျိုးလေးတွေ အများကြီးရှိနိုင်မယ်ထင်ရဲ့
စာအရေးအသားကောင်းလွန်းတယ်ရှင့်

WWKM said...

ဒီလို ဇာတ်လမ်းလေး အပြင်မှာ တကယ်ရှိပါတယ်
ရန်ကုန်သားရေ..
အစ်မလည်း ရေးဖြစ်ခဲ့ပါတယ်.. မောင်ငယ်တွေက အစ်မကိုပြောကြလို့လေ.. ညီမလေးတွေကိုတော့ ဆုံးမ
စာရေးပြီး သူတို့အတွက်တော့ မရေးဘူးပြောလာကြလို့ အဲဒီလို အစ်မသိထားတဲ့ ဇာတ်လမ်းလေးတွေနဲ့ ပို့စ်လေးတစ်ခု သူတို့ အတွက်ရေးဖြစ်ခဲ့ပါတယ်. ဒါပေမယ့် အကြောင်းကြောင်းကြောင့် မတင်ဖြစ်သေးတာပါ။

နောက်မှ တည်ဖြတ်ပြီး တင်ဘို့ စိတ်ကူးထားပါတယ်။

ဒီဇာတ်လမ်းလေးထဲကအတိုင်းပဲ ညီမလေးတစ်ယောက်
က အွန်လိုင်မှာတွေ့ကြတဲ့ ယောကျာင်္းလေးတစ်ယောက်
ကို အရမ်းချစ်သွားခဲ့တယ်. အရမ်းချစ်သွားပြီဆိုတော့
မိန်းကလေးဘက်က လက်ထပ်စေချင်ခဲ့တယ်.ဒါပေမယ့်
အဲဒီိတော့မှသိလိုက်ရတာက ယောကျာင်္းလေးဘက်မှာ
မိန်းမ နဲ့ ကလေးနဲ့တဲ့လေ. အဲဒီညီမလေးက မြန်မာ
ယောကျာင်္းလေးတွေကို စိတ်နာတယ်ဆိုပြီးတော့ နိုင်ငံ
ခြားသားကို လက်ထပ်ယူသွားခဲ့ပါတယ်..
ဘယ်သူ့အမှားလဲ ဘယ်ဘက်ကမှန်နေသလဲ .
အစ်မကိုလည်း သိရင်ပြောပြပါဦး.... ပို့စ်ဆက်ရေးရဦး
မယ်လေ.း)

ဘာသာပြန်လေး ဖတ်လို့ အရမ်းကောင်းပါတယ်.
တော်ကြပါပေတယ်.

ဇော် said...

ဒါပါနဲ့ဆို ၂ခါရှိပြီ။ တော်တော်ေးလကို ကောင်းတယ်။ =)

နေ့အိပ်မက် said...

ချောလိုက်တဲ့ ဘာသာပြန်ပါလား.... တကယ်.. တကယ်...